Friday, February 19, 2010

ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရ

/ 2/19/2010 10:59:00 AM /
ရေးသားသူ - ပါးရယ်

မြန်မာစစ်အစိုးရတပ်များသည် ကရင်နီပြည် ရှားတောမြို့နယ်ရှိ ဒေါတခူးကျေးရွာအား မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ထားသောကြာင့် ယခု ဆိုလျှင် ဒေသခံရွာသားများက ကြောက်ရွံ့၍ အခြားကျေးရွာများသို့ ထွက်ပြေးနေထိုင်ကြသည်ဟု သိရသည်။
ဒေါတခူးကျေးရွာတွင် ဒေသခံရွာသူရွာသား အိမ်ထောင်စု ၂၁ စု နေထိုင်လျက်ရှိသည်။ သို့သော် စစ်အစိုးရတပ်များ၏ ခြိမ်းခြောက်ထား မှုကြောင့် ၈ အိမ်ထောင်စုသည် ၎င်းတို့ ကျေးရွာမှ စွန့်ခွာပြီး အခြားကျေးရွာများ ဖြစ်သော ၀ါကော၊ ဒေါတနောနှင့် ဒေါမူးလဲသို့ ပြောင်းရွှေ့ နေထိုင်ကြကြောင်း ဆိုသည်။

“ရွာထဲမှာ တအားရှုပ်နေတယ်လို့ ပြောတယ်။ ရွာသူရွာသားတွေ ထွက်ပြေးကုန်ကြတယ်။ ဒါပေမဲ့ ဘယ်နှစ်ယောက်လောက် ထွက်ပြေး ပြီလဲဆိုတာ မသိရဘူး။ ရွာထဲက လူတွေက ဖရိုဖရဲ ထွက်ပြေးကုန်ကြပြီလေ” ဟု ကရင်နီသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခူဒယ်နီ ယာက ပြောပါသည်။

ဗိုလ်မှူးကြီး ကျော်ဆန်းနှင့် ဗိုလ်မှူးကြီး ဇော်ဇော် ဦးဆောင်သော စစ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည့် ခမရ ၉၉ နှင့် ၁၃၂ တို့သည် ယခင်လအတွင်းက လက်နက်ကိုင် တော်လှန်ရေး ကရင်နီတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့၍ ဒေသခံကျေးရွာအပေါ် လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်အစိုးရတပ်များသည် ဒေသခံကျေးရွာ ဖြစ်သော ဒေါတခူးရွာသားဖြစ်သူ အသက် ၁၉ နှစ်ရှိ ဘူးရယ် အား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ကို သတင်းပေးပို့သည့် စွပ်စွဲမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကာ ညှင်းပမ်းနှိပ်စက်ခဲ့သည်။

ခူဒယ်နီယာက “သူ့ကို ဖမ်းဆီးပြီး တကယ်နှိပ်စက်တယ်တဲ့။ သူ့ကို ရိုက်နှက်တယ်။ မီးနဲ့ ရှုံးဖို့ နှိပ်စက်တာတို့လည်း လုပ်နေတယ်လို့ ပြောတယ်။ မီးအပူနဲ့ နှိပ်စက် တယ်ပေါ့။ ဒါပေမဲ့ ညအချိန်မှာ သူက ပြန်ထွက်ပြေးလွတ်မြောက်လာတာ” ဟု ပြောသည်။
စစ်အစိုးရတပ်များသည် ဘူးရယ် ထွက်ပြေးလွတ်မြောက်လာသည်နှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကာ သူ့ကို ရှာမတွေ့ပါက နောက် တခေါက် ကျေးရွာသို့ ပြန်ရောက်လာလျှင် ကျေးရွာအား မီးရှို့ပစ်လိုက်မည်ဟု ရွာသားများအား ခြိမ်ခြောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်အစိုးရတပ်များသည် ကျေးရွာအတွင်းရှိ ဆိုင်ကို ဖောက်၍ ဆိုင်တွင်းရှိ ဘီယာ၊ ခေါင်ရည်နှင့် အရက်များကို ယူသောက်ခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သော ၀က် ၃ကောင်နှင့် ကြက် ၅ ကောင်ကို သတ်စားခြင်းနှင့် ရွာသား၏ မြင်း ၄ ကောင် ဖမ်းဆွဲသွားခြင်း စသည့်များကို လက်လွတ်စပယ် ပြုလုပ်ခဲ့သည်။
အလားတူ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း၌ အခြေစိုက်သည့် ခလရ ၁၂သည် ရွာသားများကို လုပ်အားပေးများ ခိုင်းစေပြီး သတင်းပေါက်ကြားပါက ကျေးရွာများအား မီးရှို့ပစ်မည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။

“သူတို့ လာနေတဲ့ တပ်အားလုံးလိုလိုက ခြိမ်းခြောက်ပြီး ပြောတာပဲ။ တပ်တွင်း လုံခြုံရေး တစုံတရာ ထိခိုက်လာမယ်ဆိုရင် ခင်ဗျားတို့ရွာ မီးလောင်စေရမယ်။ ရွာမရှိစေရဘူး” ဟု ဒေါတမကြီးကျေးရွာအုပ်စုမှ ဒေသခံရွာသားတဦးက ပြောပါသည်။
ခလရ ၁၂သည် ဒီးမော့ဆိုမြို့နယ်အတွင်း၌ တပ်စွဲထားသော ခလရ ၂၉၅နှင့် ယခုနှစ်အတွင်းတွင် အစားထိုး ရောက်ရှိလာသည့် တပ်ရင်း ဖြစ်ပြီး ရွာသူရွာသားများကို သစ်၊ ၀ါးများ ခုတ်ခိုင်းခြင်း၊ ထင်းပို့ခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်း၊ တပ်ခြံစည်းရိုး ကာခိုင်းခြင်း၊ ဆက်သွယ် ရေးမြောက် တူးခိုင်းခြင်း စသည့် လုပ်အားပေးများကို ခိုင်းစေလေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

မိုင်းကြောင့် တောတောင်ထဲ မသွားရန် ရွာသားများ တားမြစ်ခံရ

Submitted by Karen Information Center on Wednesday, 17 February 2010No Commentဖေဖော်ဝါရီလ ၁၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် မိုင်းဗုံးကြောင့် တောတောင်ထဲ သွား ရောက်ခြင်းမပြုရန် ဒေသခံ ရွာသူရွာသားများကို ယခင်လကတည်းက တားမြစ်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းသို့ တောထဲမသွားရန် ပိတ်ပင်ထားခံရသည့် ရွာများမှာ ဒွယ့်လိုးမြို့နယ်အတွင်းရှိ ၀င်းမောင်း(၀ါမူ)၊ ကျွန်းပင်ဝင်း(ဖို့ခဲထာ့)၊ မိချောင်းဝင်း(ကွီးတမာ့)၊ သရက်ပင်ဆိပ်(ညာ့ဆာ့ဂေါ်ထာ့)၊ မဲပူ(မဲ့ပူထာ့)၊ ဝေါ်လေ၊ ပဒါဒေါင်၊ ခေါ်ကလား စသည့်ကျေးရွာများ ဖြစ်သည်။

ဒီကေဘီအေ (၃၃၃)နှင့် (၉၉၉)တပ်မဟာ လက်အောက်ခံ တပ်ရင်းများသည် တောထဲ မသွားရန် ယင်းသို့ အမိန့်ထုတ်လိုက်ပြီး နောက်ပိုင်း ၀င်းမောင်းဂွင်အတွင်းရှိ ရွာသူရွာသားများမှာ လုပ်ကိုင်စားသောက်ရန် အခက်ကြုံရသည်ဟု ၀င်းမောင်းရွာသားတ ဦးက ကေအိုင်စီကို ပြောသည်။

၎င်းက “သူတို့(ဒီကေဘီအေ)ကတော့ မိုင်းဗုံးထောင်ထားတဲ့အတွက် ၀င်းမောင်းကျေးရွာအုပ်စုထဲက မဲကလယ်ချောင်းကနေ ကျွန်းပင်ဝင်း အနောက်ကစပြီး သွားခွင့်မပေးဘူး။ တောတောင်ထဲမှာ သွားနေတဲ့ ရွာသားတွေဆို ရွာထဲကို အားလုံး ပြန်လာ ကုန်ပြီ။ တောထဲမှာ ကျန်တဲ့ ဆန်၊ စပါး စတဲ့ ရိက္ခာတွေကို သွားပြန်ယူ မရဲကြတော့ဘူး။ အခုအခြေအနေက အရင်ထက် ပိုဆိုး နေတယ်”ဟု ဆိုသည်။

ကျွန်းပင်ဝင်းရွာသားတဦးက “အခု တောင်ယာခုတ်ရမယ့်အချိန်မှာ မခုတ်ရဘူး။ ထင်းသွားခွေလည်း မရဘူး။ သစ်၊ ၀ါးခုတ်လို့ လည်း မရဘူး။ ဒီအတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင် တောင်ယာနဲ့ လုပ်ကိုင်စားသောက်တဲ့သူတွေတော့ တော်တော် ဒုက္ခရောက် တော့မယ်။ အခုတောင် မိုးတွင်းအတွက် ကျနော် ထင်းတချောင်းမှ မရှာရသေးဘူး”ဟု ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကေအိုင်စီက ဒီကေဘီအေတပ်ဖွဲ့ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း အခက်အခဲရှိနေသည်။

ကေအဲန်ယူ ဖာပွန်ခရိုင်မှ တာဝန်ခံတဦးဖြစ်သူ စောထာ့ကညောက “သူတို့က အဲဒီဒေသခံ ပြည်သူတွေကို ကာကွယ်ဖို့၊ ကျေး ရွာဖွံ့ဖြိုးတိုးတက်ဖို့ လာလုပ်တာ မဟုတ်ဘူး။ သူတို့ကိုယ်ကျိုးအတွက် ရွှေလာတူးပြီး သူတို့ရဲ့ လုံခြုံရေးအတွက် မိုင်းဗုံးတွေ လည်း ထောင်တယ်။ ပြီးတော့ တောထဲ မသွားဖို့ တားမြစ်တယ်။ ပြည်သူကတော့ ခံရသက်သက်ပေါ့”ဟု ဆိုသည်။

အဆိုပါကျေးရွာများသည် ၁၉၉၇ခုနှစ်က တောင်ပြိုကျမှုကြောင့် လယ်ဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးနောက် ၎င်း ဒေသခံ အများစုမှာ တောင်ယာလုပ်ငန်းကို ပိုမိုအားထားကာ လုပ်ကိုင်စားသောက်လာရသည်။

အင်အား ၆၀၀ခန့်ရှိ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်မဟာ (၉၉၉)၊ (၃၃၃)နှင့် (၆၆၆) လက်အောက်ခံ တပ်ရင်းများသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ ရွှေတူးဖော်ရန်နှင့် သစ်ထုတ်လုပ်ရန်အတွက် ဖာပွန်ခရိုင်၊ ဒွယ့်လိုးမြို့နယ်အတွင်းသို့ ရောက်ရှိလာပြီး လေးလအကြာတွင် ယခုလို တောထဲမသွားရန် ပထမဆုံး အမိန့်ထုတ် လိုက်ခြင်းဖြစ်သည်။

KNU နဲ့ အစိုးရ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ဘန်ကီမွန်း တောင်းဆို

18 February 2010


မကြာခင်က ကရင်အရပ်သားတွေ နေထိုင်တဲ့ ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက စစ်အင်အားသုံး တိုက်ခိုက်ဖျက်ဆီးခဲ့တာတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က စိုးရိမ်မကင်း ဖြစ်ကြောင်း၊ အခုလို ထိုးနှက်မှုတွေကို ရပ်တန်းက ရပ်ဖို့ကိုလည်း တိုက်တွန်းလိုက်တဲ့ အကြောင်းနဲ့ အဲဒီ့အပေါ် ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲဆိုတာကို နော်ရှိုးက တင်ပြပေးထားပါတယ်။

၂၀၁၀ နှစ်သစ်အ၀င်ကစလို့ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့မှာရှိတဲ့ ကရင်ရွာတွေကို မြန်မာစစ်အစိုးရ တပ်တွေက တိုးမြှင့်တိုက်ခိုက် နှိမ်နင်းမှုတွေ ရှိနေတဲ့ အပေါ်မှာ စိုးရိမ်မကင်း ဖြစ်ကြောင်းနဲ့ အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန်းက ရပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာစစ်အစိုးရကို တိုက်တွန်းခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ မစ်စ် မာရီး အိုကာဘဲ (Ms. Marie Okabe) ကလည်း မနေ့က ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောခဲ့ပါတယ်။

“မကြာခင်က ကရင်တိုင်းရင်းသားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ အကြောင်းကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် သိရှိပြီး ဖြစ်ပါတယ်။ ဆက်ပြီး တိုက်ခိုက်ခံနေရတဲ့ အပြစ်မဲ့တဲ့ ကရင်အရပ်သားတွေရဲ့ အနာဂတ်အတွက် အတွင်းရေးမှူးချုပ်က စိုးရိမ်မကင်း ဖြစ်နေပါတယ်။ သက်ဆိုင်တဲ့သူတွေ တာဝန်ရှိရှိ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့လည်း ပြောခဲ့ပါတယ်။ သူအကြိမ်ကြိမ် ပြောခဲ့သလိုပဲ အဲဒီလို ထိုးနှက်မှုတွေကို ချက်ချင်း ရပ်တန်းက ရပ်ဖို့နဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို သူသွားခဲ့တုန်းကလည်း အဲဒီလို ပြောခဲ့ပါသေးတယ်။”

အခုလို ကရင်တိုင်းရင်းသား ရွာတွေအပေါ် စစ်အစိုးရဘက်က တိုးမြှင့်တိုက်ခိုက်လာတဲ့ အကြောင်းကို စစ်အစိုးရနဲ့ အပစ်အခတ် မယူသေးတဲ့ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ဂျာမဏီနိုင်ငံ အခြေစိုက် ကိုယ်စားလှယ် မန်းအောင်လွင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“လောလောဆယ် နအဖကနေပြီး ၂၀၁၀ ရွေးကောက်ပွဲ နီးတဲ့အခါမှာ အတိုက်အခံ ခေါင်းဆောင်တွေကို နည်းမျိုးစုံနဲ့ အကြောင်းရှာပြီး ဖမ်းဆီး ထောင်ချနေတယ်။ ပြီးတော့ နယ်စပ်ဒေသတွေမှာ၊ ဥပမာ KNU လိုမျိုးပေါ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်အတွက် မားမားမတ်မတ် ရပ်တည်တဲ့ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ တွေ့ရတယ်။ ဒါပေမဲ့ ထူးဆန်းတာက ဒီတခေါက်က တကယ်ပဲ အပြစ်မဲ့တဲ့ ကရင်ရွာသူ ရွာသားများကို တိုက်ခိုက်တာ တွေ့ရပါတယ်။

“ဥပမာ တွယ်လွယ်ထူး၊ ညောင်လေးပင်၊ မူထရော၊ ဖာပွန်၊ ကျောက်ကြီး အစရှိတဲ့ ဒေသမှာရှိတဲ့ ကရင်ရွာတွေကို နအဖက တိုက်ခိုက်တဲ့နေရာမှာ အဲဒီမှာ လက်နက်ကိုင် ကရင်အဖွဲ့အစည်းတွေ မရှိပါဘူး။ တကယ်ပဲ ရိုးသားဖြူစင်ပြီး အေးအေးဆေးဆေး ငြိမ်းချမ်းစွာ နေထိုင်တဲ့ ကရင် ရွာသူရွာသားတွေ ဖြစ်ပါတယ်။ အဲဒီမှာ ရွာတွေကို မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်၊ ပစ္စည်းတွေကို လုယက်တာ တွေ့ရပါတယ်။

“အဲဒါ ဘာကိုတွေ့ရလဲဆိုတော့ နအဖက လာမယ့်ရွေးကောက်ပွဲမှာ ဒီနယ် ဒီဒေသတွေက တချိန်တခါက NLD အတိုက်အခံကို မဲထည့်တဲ့ နေရာတွေ ဖြစ်တယ်။ ဒါကြောင့် မဲမပေးနိုင်အောင် တနည်းအားဖြင့် ရွေးကောက်ပွဲမတိုင်မီ သူတို့ကို မောင်းထုတ်တဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။ နောက်တချက်က တနင်္သာရီဘက်မှာလည်း ဒီအတိုင်းပါပဲ။”

ဆက်လက်ပြီး မန်းအောင်လွင်က မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုဟာ အရေးကြီးသလို တချိန်တည်းမှာပဲ ပြည်တွင်းက တိုင်းရင်းသား အားလုံးကလည်း တာဝန်သိသိ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။

“တကယ်တော့ နိုင်ငံတကာ ဖိအားပေးမှုဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒါပေမဲ့ လောလောဆယ် ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကရင်ရွာသူ ရွာသားတွေကို နအဖက အခုလို ရက်စက်ယုတ်မာစွာ သတ်ဖြတ်နေတာကို ရပ်တန်းကရပ်အောင် လုပ်ဖို့ကတော့ ပြည်တွင်းမှာရှိသော ကရင်တမျိုးသားလုံးနဲ့ တခြား တိုင်းရင်းသား အားလုံးတို့ရဲ့ သမိုင်းပေးတာဝန်တခု ဖြစ်ပါတယ်။ နအဖက ကရင်လူမျိုးတွေကို ငွေအားဖြင့် လည်းကောင်း၊ ရာထူးအားဖြင့် လည်းကောင်း၊ ဘာသာရေးအားဖြင့် လည်းကောင်း သွေးခွဲပြီး အိုးမည်းသုတ် အချင်းချင်း တိုက်ခိုက်ခိုင်းနေတာကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်။

“ဒီတော့ ဒီအချိန်မှာ ကရင်လူမျိုး အားလုံးဟာ သွေးစည်းညီညွတ်ရမယ့်အချိန် ဖြစ်ပါတယ်။ လောလောဆယ် ဗမာပြည်မှာ ဖြစ်နေတဲ့ ပြဿနာက ၆၂ ခုနှစ်ကစပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်ရဲ့ အာဏာကို မတရားသိမ်းယူပြီး စစ်တပ်က စစ်သားအလုပ် မဟုတ်တဲ့ နိုင်ငံအုပ်ချုပ်ရေးနဲ့ အခြားသော နိုင်ငံရေးရာ ကိစ္စတွေမှာ ၀င်ရောက်ချယ်လှယ်တဲ့ အတွက် ဗမာပြည်ကြီးဟာ သယံဇာတပစ္စည်း ပေါကြွယ်ဝရဲ့သားနဲ့ အခုဆိုရင် ကမ္ဘာမှာ အဆင်းရဲဆုံးစာရင်း ၀င်ခဲ့ရခြင်း ဖြစ်ပါတယ်။

“ဒီတော့ ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အပေါင်းအပါ တစုကို လူထုဟာ ငြိမ်းချမ်းသောနည်းနဲ့ အနာဂတ်မှာ တိုက်ပွဲဝင် ဆန္ဒပြတဲ့အခါ ပြည်သူကို ချစ်မြတ်နိုးသော စစ်တပ်မှ အရာရှိ ခေါင်းဆောင်များနဲ့ ရဲဘော်များဟာ ပြည်သူနဲ့အတူ လက်တွဲပြီး ပြည်သူချစ်တဲ့ တပ်မတော်တခု ပေါ်ပေါက်ဖို့နဲ့ ပြည်သူနဲ့အတူ၊ တိုင်းရင်းသား အားလုံးတို့နဲ့အတူ ဗမာပြည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို လက်တွေ့ လုပ်ဆောင်ရမယ့်အချိန် ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစေရမယ်လို့ ပြောနေပေမဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေကို ဆက်လက်ဖမ်းဆီး အကျဉ်းချမှုတွေ ရှိနေသလို အရပ်သားတွေ နေထိုင်ရာ ဒေသတွေမှာလည်း စစ်အင်အားသုံးပြီး ထိုးနှက်မှုတွေ ရှိနေတာပါ။ အဲဒါကြောင့်လည်း တနေ့က Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား ကျေးရွာတွေအပေါ် အင်အားသုံး နှိမ်နင်းမှုတွေကို ရပ်တန်းကရပ်ဖို့ အစီရင်ခံစာတရပ် ထုတ်ပြန်ပြီး တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

The Last Letter from Karen refugees in Nong Bua and Usu Tha by Cross-border News

2010 February 18
Cross Border News Agency
To the Thai people, via Cross-border News Agency,

Since 24/01/10 that the Cross-border News Agency started to circulate information relating to the coerced repatriation of Karen refugees in Nong Bua and Usu Tha temporary shelter on the Thai-Burma border to the Thai public, our stories have been discussed more in Thai media. From news and reports being monitored, we found that in fact, the Thai PM and authorities including Thai military have the very same stand with us; that is ‘refugees will be allowed in Thailand when there are still threats in their homeland. When the situation is better, they must go back.’

We definitely agreed. We only asked to take refuge in Thailand temporarily. We do not wish to continue living in Thailand when the threats are gone. Our intention is to go back home as soon as possible.

However, we and you may understand or see ‘the proper situation that is safe for return’ differently. In addition, we may understand the term ‘voluntary return’ differently from the Thai military that insisted some of us have returned to our homeland voluntarily.

Therefore, we would like to explain a few points via CBNA to Thai decision makers and public as follow;

About us

1. Although the refugees in Nong Bua and Usu Tha came to Thailand at the same time during lMay- June 2009, they are from different villages, with different past and current conditions and situations. Ler Por Hur is in KNU controlled area while others are in DKBA’s or in between. A decision from a person in a village regarding the possibility and readiness to return home cannot be interpreted to be decisions of all.

2. It is not the first time for numbers of people in this group to take refuge in Thailand. Every time we came, we went back quickly as soon as possible. The example is in December 2001 when Ler Por Hur was burnt down. We returned to build our new village within one month, when the Burmese and DKBA’s army went back. Yet this time the situation is different. Therefore we cannot go back home easily and quickly as in the past.

3. As refugees, we do not wish Thailand to bear the burden alone. We seek for international protection and responsibilities. Currently, assistances are from foreign humanitarian groups, and the UNHCR is ready to perform protection role if the Thai government allow it to do. Regarding ’safe condition for return’

1. For us, the safe condition is not only when the fighting ends by one party wins, and cannot be measured by the fact that one can stand in the area for a moment and is still alive. Safe condition for return means the conditions that we can go back to live normal lives safely. Our life-threatening danger include land mines, forced labors, forced portering and forced soldiers recruitment including the recruitment of child soldiers,

2. For the LPH villagers who lived close by the KNLA or the army of the KNU, land mine is the most dangerous threat. The Thai military’s notice that the villagers must have been familiar living with land mines is partly true, as we have been living in conflict area. But during the fighting in mid 2009, both conflict army have added a lot more land mines around and on the path to LPH,

3. The land mine threat in LPH also affected food security and daily lives. It will be a risk to farm, look for food in the forests, and even look for woods to replace our house and children’s bordering house poles, which were pulled out by DKBA in order to sell in Thailand. The Thai military’s comment that local people still travel between Thai and Burma side is true, as the Thai-Karen occasionally went to their tobacco garden and find food. However, they went only to some spot being known to be safe for a short time; and this is different from going to live there.

4. For refugees from other villages, land mine is not a big threat. Yet, many of us do not have confidence to go living under control of the DKBA, known to be an alliance of Burmese army. It is true as Thai military’s comment, that many of us had lived with DKBA before. Some people want to go home so much that they agree to bear forced labor and plan to flee back to Thailand if it becomes more threatening like forced portering or soldiers,

5. The most serious concern of refugees from these villages is the food scarcity. The refugees did not have a chance to work on their field for the past 7 months of refuge, while their stocks were taken or destroyed, therefore, there will be no food. To receive assistance from Thai side, they must stay in LPH, which is not safe as being mentioned. Moreover, part of the food will probably be taken by DKBA.

6. There is no certain and firm agreement between the KNLA and DKBA to ensure that we can be back safely with dignity. Before this, we lived with the agreement of the local agreement that both side will not harm each other. However, KNLA now might not be able to balance the agreement. Most importantly, we understand that to clear KNLA land mines in LPH without the presence of KNLA would not be possible as no one know where they are.

Regarding the voluntary return.

1. If refugees have to involuntarily return to their homeland, before the proper time, there will not be only losses for us but the fact will contribute to unsustainable return. They will come back to Thailand via other channels. The case of the 1995 forced repatriated Mon refugees who return to be migrant workers in Thailand is a good example,

2. For us, voluntary return must be based on the chance to freely exchanged information, the chance to have choices – although not varied, and the chance to freely decide with no pressure. Right now, those who decided to return did not go voluntarily; but being pressure to ‘choose’ so,

3. We did not have freedom to receive information about issues of concern. The trip led by Thai soldiers that brought some of us to see only inside LPH village, where houses are but not around them, was not enough to ensure that the place was safe; we had to follow the soldiers who walked only on certain tracks with fear of land mines. Moreover, communication between refugees and outsiders are restricted. For instance, the head villager of …. village that gave information to outsiders consequently was threatened by soldiers until he fled to somewhere else, and there was an incident on February the 5th that the soldiers took away a cellphone of a teacher in Nong Bua,

4. We did not given information that we had choices at all. We were told only that we would not be able to continue to stay. The UNHCR that once came to interview whether we wanted to move to Mae La camp or go home was stop by the Thai soldiers with an explanation that the existing refugee camp was not a choice for us.

5. The villagers felt pressured from being asked everyday when they would go back, by being informed that they had to go back no matter what and that there would be no further food assistance, and on Saturday Feb 13th, by being acknowledged that they would be taken to a far away refugee camp in Umpang district and that they should not repair their roof and toilet because they would have to leave soon. Due to these facts, a number of people agreed to go back home, thinking that it could be better than staying unaccepted. Many went back with a plan to come back to Thailand, and many who have left actually went to stay with relatives in other villages in Thailand.

We would like to thank Thailand that provide us a place fore taking refuge during our hard times. We do not wish the Thai government to treat us specially, but only according to humanitarian basis and the universal principle of voluntary return with safety and dignity. Therefore, we would like to request, as follow;

1. that the Thai government and military to understand the complicated situation as we have explained, and stop all pressures while canceling the name list of those who ‘agreed’ to return being compiled by Thai soldiers and allow UNHCR freely conduct interview process, with participation of the Thai authorities and which can be openly monitored by Thai civil society and media,

2. that after the interviews were done, let UNHCR, humanitarian NGOs and Thai authorities facilitated the safe return for those who wish to go back home, with proper assistance. The process should be opened for Thai civil society and media monitoring,

3. For those who will definitely return but not now, allow UNHCR and NGOs to facilitate the plan and possible conditions, including timeframe, for return. Before the return, allow them to continue staying in the current place temporarily. The standard of treatment must be equal to the refugees in the camp and there shall be regular assessment of the conditions with participation of refugees and concerned parties,

4. For the refugees who cannot go back home within a short time ;possibly some people from LPH, they should be allowed to live in Mae La refugee camp under administration of MOI.

We are hoping DKBA and KNLA will reach an agreement that benefits the people soon, especially about land mine clearance. We also hope that the Thai people will understand that as long as there are persecutions and civil war in Burma, our return, although voluntarily, might not be fully sustained as the violence might spread back to this area any time.

With respect,

A group of refugees from Nong Bua and Usu Tha

**** This letter was typed and edited by Tiwa Phromsupa to the Cross Border News Agency. The contents are from her refugee friends who want to communicate to Thai society.
No country for Karen
2010 February 18

uwan Kolaihiran, Cross Border News Agency
‘They say we go, we have to go. They say we stay, we have to stay, whether here, in Loepohoe or in Mae La (refugee camp).’ This is what Nomaele told me last September.

Nomaele is a plump woman, aged beyond her years by hard work. Every time we met I mistakenly called her ‘auntie’ although she is only 35. Her family and 2 others, 12 people in all, were sent across the Moei River to her home in Loepohoe at 8 in the morning of 5 February.

‘We don’t think this was set up by the UN because in the morning, when the first group were being sent back, the second group were packing their things ready when the UN officials came and the soldiers who were sending them back suddenly changed their attitude.

‘From loading them onto vehicles to take them to the ferry, they switched to asking them where they were going,’ an aged friend of Nomaele told me, a smile creasing the corner of his mouth.

We sat and chatted in a bamboo house whose walls had been dismantled ready to move. The owner, missing both legs after stepping on a mine in the last rainy season, sat listening. I was there on the night of 4 February. The soldiers withdrew, leaving just one volunteer. Out-of-uniform soldiers milling about did not appear to be checking passes as strictly as they had been doing in the past 3 months, when not even a chicken could get through.

For many people, living in crumbling bamboo houses covered with torn sheeting is better than being sent back to the big strong houses they built with their own hands in Burma. ‘When the soldiers led us back to look at our homes, I had to be careful to step into the footprints of the person in front. We didn’t dare stray from the path,’ an old woman told me, clasping to her chest an orphaned grandchild who was sick.

‘Sometimes you can see the mounds of earth piled up.’ Those mark the mines you can see. But what about the ones you can’t see, I thought.

‘I wasn’t so lucky. My old house, which my son built with his own hands, with posts so big it took 6 strong men to lift them, has been dismantled to make soldiers’ quarters. But some are worse off then me. Their houses were burned to the ground.

‘I daren’t go back. I’m worried about my grandchild. He’s beginning to toddle. If we do have to go back, I daren’t let him out of the house to walk around because 10 kilos is enough to set off a mine if you step on it.

‘If we go back now, the yellow-headdress soldiers themselves (the Democratic Karen Buddhist Army (DKBA) wear a yellow headdress) don’t dare guarantee our safety. At the meeting they clearly said they could only promise not to force us to be porters for the military. But can we believe them? Maybe at first, but later, I’m not sure.’

The old woman’s husband spoke up after sitting in silence for a while. ‘If we go back, after a while, they’ll make up rules and they’ll use them to punish people who break them. Punishment is forced labour, right? When a new military leader comes in there has to be a feast which has to come from the villagers. I’ve been there, I know.

‘Now it’s even harder. Our house was dismantled. The wood was taken away to build a military camp. We would have to build a new house and now there are mines all around. Don’t say we can just go out and cut timber or forage for vegetables or fish. We don’t know if we can do that. How do they expect us to live? Living like this, in a rotting house, we can survive until they chase us out. It’s safer.

‘They don’t call it expulsion, but they come asking every day, 2-3 times a day. They check the names of everyone coming and going all the time. If they check and I’m not here, they straightaway cross my name off the food register. They don’t expel you, but you are expelled. In a while they come and say that if you stay, the farangs won’t feed you.

‘My relative with 2 legs missing right now does not have his name on the list for food rations. The soldier’s list has very few refugees. In the first months after he stepped on mines and was in hospital, his name was crossed, and he hasn’t been eligible for food ration for over 5 months already. Others have to share food with him. What’s worse, his small daughter who used to get food couldn’t get any last time because there wasn’t enough.’

Hearing all this, I thought again about the report that said ‘Going back, we would be under the control of the DBKA, but that may be better than being under the control of the Thai military. Who will dare to stay, when you are expelled everyday?’ Many people think there is no alternative except to go home and die.

As the sun went down, I, looking over the other side of the river, wondered how Nomaele and the 11 others in her group would spend the night at their homes where they had not been ready to return.

They would have to survive as best they could. And one way is to sneak back into Thailand.

Wednesday, February 17, 2010

ဦးသုဇန ရောဂါ ရိုးသားမှု့ရှိရဲ့လား?

Written by Admin
Tuesday, 16 February 2010 08:19
ဆရာတော်ဦးသုဇန ဆေးရုံ တက်ရတယ်လို့ သတင်းကြားတော့ ကျွန်တော် စိတ်ထဲမှာ မတင်မကျ တစ်ခုဖြစ်သွားခဲ့တယ်။

ဒီကေဘီအေမှာ အသက် ၆ဝ ကျော်တဲ့ လူတွေအကုန်လုံးကို ပင်စင်ပေးပြီး နအဖ က အနားပေးဖို့ တောင်းဆိုလာတဲ့အခါ

မှာ ဆရာတော် ဦးသုဇနကလည်း ပြန်လည်ပြီး နအဖ စစ်တပ်ထဲမှာ အသက် ၆၀ ကျော်တဲ့သူတွေ အကုန် ပင်စင်ပေးခဲ့ရင်

သူဦးဆောင်တဲ့ ဒီကေဘီအေ ထဲက အသက် ၆ဝ ကျော်တဲ့သူတွေ အကုန်လုံး လက်နက်ဖြုတ်ပြီး အနားယူ ခိုင်းမယ်လို့

ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါကို နအဖ က လုံးဝ ဘဝင်မကျ ခဲ့ပါဘူး။ သူတို့လုပ်ခြင်တိုင်းလုပ်မရသေးဘူးဆိုတာ ကို

သိသွားခဲ့တယ် ဒါကြောင့် အခုလို ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေက ရိုးသားမှု့ရှိရဲ့လားဆိုတာ ကို ကျွန်တော်

သံသယ ဝင်ခဲ့ပါတယ်။ နောင်တစ်ချိန် ဦးသုဇန မရှိတဲ့ အချိန်မှာ စည်းစိမ်တွေနဲ့ မိန်းမောနေတဲ့ ကရင်လူမျိုးများရဲ့ အကျိုးစီးပွား

ကို မကြည့်တတ်တဲ့ ဒီကေဘီအေ အရာရှိအချို့ကို နအဖ ကောင်းကောင်းကြိုးကိုင်လို့ရတယ်ဆိုတာကို သိနေပုံရှိတယ်။ ဥပမာ - ချစ်သူလိုငတုန်းမျိုးပေါ့

တချိန်က နိုင်ငံခြားမှာ သွားပြီး နိုင်ငံရေး ခိုလုံနေတဲ့ ကရင် အမျိုးသား တစ်ယောက်ကို အဆိတ်ခတ်ခဲ့တာ သာဓကရှိခဲ့ဖူးပါတယ်။ နအဖ

ခတ်တဲ့ အဆိတ်ဟာ ချက်ခြင်းမသေဘဲ ၄ လ၊ ၅ လ လောက်နေမှ ဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့် ဆရာတော်ရဲ့ ကျန်းမာရေး

အခြေအနေဟာ ရိုးသားမှု့ရှိရဲ့လားဆိုတာ နီးစပ်သူများ ဆရာဝန်များနှင့် ညှိနှိုင်း စစ်ဆေး သင့်ပါစေလိုပါတယ်။ နောက်တစ်ခုက

ဆရာတော်ဦးသုဇနကို ဘာကြောင့် နအဖ အနေနှင့် မြန်မာနိုင်ငံ မှ ခေတ်မှီ ဆေးရုံတွေမှာ မကုစေဘဲ ဘာကြောင့် ထိုင်းနိုင်ငံမှာ

ကုခိုင်းပါသလဲ။ စဉ်းစားစရာတွေရှိတယ်လို့ ကျွန်တော်အမြင်ကို ဖော်ပြအပ်ပါတယ်။

ဒီကေဘီအေအပေါ် ပဒိုမန်းရှာလားဖန်း ထားရှိခဲ့သည့် သဘောထား


၁။ ကေအဲန်ယူကို မဆန့်ကျင်ရ။

၂။ ကရင်ပြည်သူကို ဖိနှိမ့်အနိုင်မကျင့်ရ။

၃။ နအဖခိုင်းတာကို မလုပ်ရ။

၎။ မူးယစ်ဆေးဝါးမလုပ်ရ။


အထက်ပါအချက်လေးချက်ကို ဒီကေဘီအေမှ လိုက်နာလျှင် ကေအဲန်ယူနှင့် ပြန်လည် ပေါင်းထုတ်နိုင်သည်ဟု ၆ကြိမ်မြောက် ကရင်စည်းလုံး ညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် စာရေးသူ မေးသည့်မေးခွန်းကို ပုံပါအတိုင်း ပဒိုမန်းရှာလားဖန်းက ပြန်လည်ဖြေကြားခဲ့သည့် အချက်များ ဖြစ်သည်။

ကျက်သရေရှိသော ငါတို့အလံ


ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၃

မင်းဟန် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၀၄ မိနစ်

(၁၉ဝ)

၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်။
မဲသရောထာ…။
၁၉၉၅ ခုနှစ် မာနယ်ပလောကျဆုံးခဲ့ပြီးသည့်နောက် ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုနှင့် တပ်ပေါင်းစုသည် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ‘ထီးခယ်ဖလှယ်’ နှင့် ‘စခန်းသစ်’ သို့ရွှေ့၏။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြက ‘ထီးခယ်ဖလှယ်’ တွင် နေ၍ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ပဒိုမန်းရှာလားဖန်က ‘စခန်းသစ်’ တွင် ရှိ၏။ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းများဖြင့် အချိန်ပြည့်ပင် အလုပ်များ၍ နေကြသည်။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှစ၍ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲတရပ်အား KNU မှ ကမကထပြု၍ ‘မဲသရောထာ’ တွင် ပြုလုပ်၏။ မဲသရောထာက KNU တပ်မဟာ ၆ စစ်ဒေသအတွင်းရှိပြီး KNU တို့ စိုးမိုးထားသည့် နေရာဖြစ်သည်။ အဇင်းရွာကြီးနှင့် နီး၏။ မဲသရောထာချောင်းဘေးတွင် ရှိသည့် KNU ၏ အခြေခံဒေသတခု….။

တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့နှင့် ပုဂ္ဂလိက လူမျိုးစုကိုယ်စားလှယ်များ စုစုပေါင်း ၁၁၁ ဦး တက်ရောက်နှီးနှောကြသည့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ဖြစ်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကယန်းပြည်သစ်ပါတီ KNLP စသည့် နအဖနှင့် အပစ်အခတ်ရပ်စဲထားကြသည့် ‘ငြိမ်း’ အဖွဲ့များလည်း တက်ရောက်ကြ၏။ မာနယ်ပလောလွန်ကာလ၏ အကြီးမားဆုံးသော တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးဟု ဆိုရမည်။ ၈ ရက်ကြာ… နှီးနှောဖလှယ်ပွဲကြီးက… အဆုံး၌ …. ရလဒ်ကောင်းများအား ထုပ်ပိုးနိုင်ခဲ့ကြ၏။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ‘မဲသရောထာ’ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်သည်။ ထုတ်ပြန်ကြေညာချက်တွင်က … ဆုံးဖြတ်ချက် ၇ ချက်နှင့် သဘောတူညီချက် ၁ဝ ချက်တို့အား ဖော်ပြထား၏။ သဘောတူညီချက်များအား ချုပ်ကြည့်လျှင်…..

“ - စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်၊
- ဒီမိုကရေစီစနစ် နိုင်ငံရေးတည်ဆောက်ရန်၊
- လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊
- ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်…ဟူ၍ ဖြစ်သည်။” ပြီးလျှင်…

“လက်ရှိ နဝတဦးစီးကျင်းပနေသော အတုအယောင် အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး လုံးဝရနိုင်မည် မဟုတ်သည့်အတွက် ၎င်း နဝတအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက ‘လုံးဝ’ အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြမည်”

တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ….“ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်”

“အာဆီယံနှင့်ပတ်သက်၍မူ …..“နဝတ အုပ်ချုပ်နေသော ကာလအတွင်း၊ မြန်မာပြည်သား အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် အာဆီယံသို့ ပန်ကြားလွှာ ပေးပို့သွားမည်”

အဆုံးတွင်မူ …..“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စစ်အာဏာရှင်ကြီးစိုးမှု ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေး လူထုတိုက်ပွဲကို လေးနက်စွာ ထောက်ခံသည်”

သဘောတူညီချက်များအား လူမျိုးစုတိုင်းရင်းသားခေါင်းဆောင် အသီးသီးက လက်မှတ်ရေးထိုးကြ၍ ထုတ်ပြန်ခြင်း ဖြစ်၏။ KIO မှ ဗိုလ်မှူးကြီး ဇော်ဆိုင်း၊ KNU မှ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ KNPP မှ ဗိုလ်ချုပ်အောင်သန်းလေးတို့ကိုယ်တိုင် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးကြ၏။

မဲသရောထာ နှီးနှောဖလှယ်ပွဲသတင်းအား BBC, VOA, DVB သတင်းဌာနများက ပြည့်ပြည့်စုံစုံပင် ထုတ်လွှင့်ပေးကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. မဲသရောထာ တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ်ပွဲသတင်းအား လှိုင်းတိုလေဒီယိုလေးမှတဆင့် သိရ၏။ သတင်းနားထောင်ရင်း…. ဒေါ်အောင်ဆန်းစုကြည်၏ ရင်အတွင်း၌မူ ….. နွေးထွေးကြည်မောစွာနှင့် လှုပ်လှုပ်ခတ်ခတ်….။ ပြည်ထောင်စုသစ်ဆီသို့ ချီရာခရီးလမ်းက တလမ်းတည်းဖြစ်၍ သွားလေပြီ။

(၁၉၁)

ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဘဝအတွင်း နိုင်ငံရေးအလုပ်များဖြင့် ပြည့်သိပ်၍ နေသကဲ့သို့…. သတင်းစာဆရာများ၊ စာရေးဆရာများအား လက်ခံတွေ့ဆုံ၍ မေးသမျှကို ဖြေပေးနေရသည်မှာလည်း အလုပ်တခုပင် ဖြစ်၍နေသည်။ အမေရိကန်သတင်းစာဆရာ …စာရေးဆရာ မစ္စတာ Alan Clement က သူရေးမည့် “Aung San Suu Kyi Winner of the 1991 Nobel Prize The Voice of Hope ” စာအုပ်အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် ပြန်လွတ်ခဲ့ပြီးသည့်နောက် … အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အကြိမ်ကြိမ်လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းနေခဲ့သည့် သတင်းစာဆရာ၊ စာရေးဆရာ ဖြစ်သည်။ သူ၏ The Voice of Hope အား ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်နိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း မစ္စတာ Alan Clement က ဒေါ်အောင်ဆန်းစုကြည်အား ရှင်းပြ၏။

နှစ် ၅ဝ ပြည့် …ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်နေသည့်အကြားမှပင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ Alan Clement အား အချိန်ဖဲ့ပေး၍ လက်ခံတွေ့ဆုံလိုက်သည်။

မစ္စတာ Alan Clement က တောင်အာဖရိကမှ သမ္မတ နယ်ဆင်မင်ဒဲလား၏ ‘ လွတ်မြောက်ရေးသို့ ခရီးရှည်’ စာအုပ်မှ …. “၁၉၆၁ မှာ အကြမ်းမဖက်၊ နှလုံးရည်လှုပ်ရှားမှုရဲ့ နေ့ရက်များဟာ ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ ကျနော်တို့မှာ အကြမ်းဖက်တိုက်ပွဲကလွဲလို့ …..တခြားရွေးချယ်စရာလမ်း မရှိတော့ဘူး…” ဟူသည့် စာပိုဒ်အား ကောက်နုတ်၍ ထောက်ပြပြီး…

“မယ်ဒဲလ်လားက အတိုက်အခံလုပ်ဖို့ ကျနော် တကယ့်ကို ယုံကြည်တာဖြစ်တယ်။ အကြမ်းမဖက်လှုပ်ရှားမှုဟာ အမှန်တကယ် အလုပ်မဖြစ်တော့တဲ့အခါမှာ စွန့်ပယ်သင့်တဲ့ နည်းဗျူဟာတခုဖြစ်ပြီး ကျွန်ုပ်တို့ ပြည်သူလူထုကို တခြားနည်းလမ်းများ မညွှန်ပြဘဲနဲ့ အစိုးရရဲ့ လက်နက်နဲ့ တိုက်ခိုက်နှိမ်နင်းမှုကို ခံရစေခြင်းဟာ မှားယွင်းပြီး ယုတ်မာကောက်ကျစ်တာ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားအမြင်မှာ ကျနော့်အထင် မှန်ခဲ့ရင်ပေါ့လေ၊ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုများဟာ ကိုယ်ကျင့်တရားနဲ့ ဝိဥာဉ်ဆိုင်ရာ အခြေခံမူများဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာတရပ် မဟုတ်ဘူးလို့ ခင်ဗျား မြင်နေပါသလား”….ဟူ၍ မစ္စတာ Alan Clement က… ပထဆုံးမေးခွန်း မေး၏။

မစ္စတာ Alan Clement ၏ စကားဆုံးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပင် ပြန်၍ဖြေသည်။

“မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာတရပ်ပဲ ဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုများဟာ အကြမ်းဖက်မှုများနဲ့ အခြေအနေတွေကို ပြောင်းလဲကြတာ ဖြစ်တယ်။ ကျမကတော့ ဒါမျိုးကို အားမပေးချင်ဘူး။ အကြမ်းဖက်မှုနဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်တဲ့ ဒီလိုအစဉ်အလာမျိုးကို မကျူးလွန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမစိုးရိမ်တာက ကျမတို့ဟာ ဒီလိုနည်းမျိုးနဲ့ ဒီမိုကရေစီကို တည်ဆောက်ခဲ့ရင် အကြမ်းဖက်တဲ့နည်းနဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေကို အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးကို ကျမတို့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီနည်းလမ်းက ကျမတို့ကို အချိန်တိုင်း ခြောက်လှန့်နေလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို သဘောမကျတဲ့သူတွေလည်း ရှိနေကြတာပဲ။ တကယ်လို့ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီကို ကျမတို့ တည်ဆောက်ခဲ့မယ်ဆိုရင် သူတို့ဟာ အကြမ်းဖက်တဲ့ နည်းနဲ့ စနစ်တခုကို ပြောင်းလဲသွားတာပဲ၊ ငါတို့သာ သူတို့ကို အပေါ်စီးရနိုင်တဲ့ အကြမ်းဖက် နည်းမျိုးကို ပိုပြီးကောင်းအောင် လုပ်နိုင်ခဲ့ရင် ငါတို့ပြန်ပြီး အာဏာရမှာပဲ…လို့ တွေးမိတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမြဲတစေ ဆန့်ကျင်နေတဲ့ သဘောထားတင်းမာသူများ ရှိလာလိမ့်မယ်။ ဒါဆိုရင် ကျမတို့အားလုံးဟာ မကောင်းကျိုး၊ ကြမ္မာဆိုး သံသရာဝဲသြဂထဲမှာ တဝဲလည်လည်ဖြစ်နေရဦးမှာ ဖြစ်တယ်။ ကျမအတွက်တော့ အကြမ်းဖက်မှုဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတဲ့ အချက်က ဝိဥာဉ်ပိုင်းဆိုင်ရာ ယုံကြည်မှုဖြစ်သလို နိုင်ငံရေးနည်းဗျူဟာလည်း ဖြစ်ပါတယ်။”

ဧည့်ခန်းသည် တိတ်ဆိတ်၍နေသည်။ မစ္စတာ Alan Clement က သူ၏ Note Book အတွင်း တစုံတရာ ရေးခြစ်၍နေ၏။ နှင်းငွေ့ကင်းသည့်လေသည် ခန်းဆီးစအား ပွတ်တိုက်ကျော်ဖြတ်ရင်း ဧည့်ခန်းအတွင်းသို့ တိုးဝင်လာ၏။ ခရီးနှင်လာသည့် လေနှင့်အတူ ရီဝေဝေငုပန်းရနံ့က ကပ်၍ပါလာ၏။

သတင်းစာဆရာက ဒေါ်အောင်ဆန်းစုကြည်အား ထပ်ဆင့်၍ မေးခွန်းထုတ်ပြန်သည်။ မစ္စတာ Alan Clement က သူလိုချင်သည့် အဖြေတခုကို မရမက လှည့်ပတ်၍ မေးမည့်ဟန်နှင့်…..။

“ဒါပေမဲ့ အကြမ်းမဖက် လှုပ်ရှားမှုနည်းလမ်းဟာ အကျိုးမဖြစ်ထွန်းတော့ဘူးလို့ ခင်ဗျား သိမြင်လာတဲ့အခါမှာ ခေါင်းဆောင်တယောက်အနေနဲ့ ခင်ဗျားရဲ့ နှလုံးရည်တိုက်ပွဲနည်းနာကို ပြောင်းဖို့ ခင်ဗျားမှာ တာဝန်ရှိတယ် မဟုတ်လား။ ဒါမှမဟုတ် ဘာပဲဖြစ်လာလာ ကိုယ်ကျင့်တရားဆိုင်ရာ စွဲလမ်းမှုကြောင့် အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲကို ထိန်းသိမ်းသွားမယ့် သဘောထားကိုပဲ ချမှတ်သွားမှာလား”

မစ္စတာ Alan Clement ၏ အမေးအား ဒေါ်အောင်ဆန်းစုကြည်သည် တလုံးချင်း ဖြည်းဖြည်းမှန်မှန်ပင် ပြန်၍ဖြေ၏။
“ကျမတို့ဟာ အမြဲတမ်း စုပေါင်းဆုံးဖြတ်ကြတယ်ဆိုတာ ရှင်သိပါတယ်။ ကျမဟာ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေသ၍ ဆုံးဖြတ်ချက်များကို လိုက်နာမှာပါ”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အဖြေစကားအား ခေတ္တခဏမျှ ရပ်နားလိုက်၏။ ပြီးလျှင် …. ပိုမို၍ လေးနက်တည်ငြိမ်စွာနှင့်…

“အကြမ်းဖက်တိုက်ပွဲဝင်မှုကို အကောင်အထည်ဖော်နေတဲ့ ကျောင်းသားများနဲ့ အခြားသူများကို ကျမနဲ့ မဆိုင်ဘူးရယ်လို့ ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဘူးဆိုတာ ကျမ အမြဲပြောခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်များဟာ ကျမတို့နဲ့ တထပ်တည်းဖြစ်ကြောင်း ကျမတို့ သိပါတယ်။ သူတို့ဟာ ဒီမိုကရေစီကို လိုချင်တယ်။ အဲဒါရဖို့ အကောင်းဆုံးနည်းလမ်းက လက်နက်ကိုင်လမ်းစဉ်ဖြစ်တယ်လို့ သူတို့ ထင်မြင်ကြတယ်။ ကျမတို့လိုချင်တာကို တည်ဆောက်တဲ့ မှန်ကန်တဲ့နည်းလမ်းကို ကျမတို့ လက်ဝါးကြီးအုပ်ထားမယ်လို့ ကျမတို့ မပြောပါဘူး။ အလားတူပဲ ကျမတို့က သူတို့ရဲ့ လုံခြုံမှုကို အာမမခံနိုင်ပါဘူး။ အကြမ်းမဖက် လှုပ်ရှားမှုလမ်းကြောင်းမှာ ကျမတို့နောက်က လိုက်ပါ။ မင်းတို့ အကာအကွယ် ရပါလိမ့်မယ်လို့ ဒါမှမဟုတ် ငါတို့မှာ ဆုံးရှုံးမှုမရှိဘဲ အောင်မြင်ပါလိမ့်မယ်လို့ ကျမတို့ မပြောနိုင်ပါဘူး။ ဒါဟာ ကျမတို့ ဆောင်ကြဉ်းမပေးနိုင်တဲ့ ကတိစကားတွေပါ။ ကျမတို့ဟာ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ လက်နက်ကို အသုံးမပြုဘဲ အပြောင်းအလဲများကို ဆောင်ကြဉ်းနိုင်မယ့် အရာကို တည်ဆောက်ဖို့ရာ အကြွင်းမဲ့ နှလုံးရည်တိုက်ပွဲနည်းနာဟာ ရေရှည်မှာ တိုင်းပြည်အတွက် နိုင်ငံရေးအရ ပိုမိုသင့်တော်မယ်လို့ ကျမတို့ ယူဆလို့ပါပဲ။ အစဦးကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေဟာ ရှင်းရှင်းလင်းလင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ကျမတို့ဟာ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အနည်းငယ်မျှ မစဉ်းစားပါဘူး။ ဒီအသိတရားမှာတော့ အကြမ်းမဖက်တဲ့ နည်းလမ်းမဟုတ်တဲ့ လှုပ်ရှားမှုအားလုံးကို ပြစ်တင်ရှုတ်ချကောင်း ရှုတ်ချလိမ့်မယ်ဖြစ်တဲ့ မဟတ္တဂန္ဒီနဲ့တော့ ကျမတို့ ထပ်တူထပ်မျှ ရှိချင်မှ ရှိပေလိမ့်မယ်။ ကျမကတော့ မသေချာဘူး။ ဒါပေမဲ့ တချိန်မှာ သူက အကယ်၍ အကြမ်းမဖက်မှုနဲ့ သူရဲဘောကြောင်မှု နှစ်ခုအနက် တခုခုကို ရွေးရမယ်ဆိုရင် အကြမ်းဖက်မှုကို ရွေးမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းရဲ့ မဟာရှေ့ဆောင် ပုဂ္ဂိုလ်ကြီးအဖြစ် ယူဆခံရတဲ့ ဂန္ဒီတောင်မှ မည်သည့် ခြွင်းချက်ကိုမှ မထားဘဲ လုပ်ဆောင်ခဲ့သူတယောက် မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ ယနေ့အခြေအနေ ဖြစ်ပျက်မှုတွေထဲမှာတော့ အကြမ်းမဲ့ နှလုံးရည်တိုက်ပွဲဟာ ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေရေးအတွက် အမှန်ကန်ဆုံး နည်းလမ်းလို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ တရားတဲ့ တိုက်ပွဲကို ဆင်နွှဲနေသူများကိုတော့ ကျမ တကယ့်ကို အပြစ်မတင်ပါဘူး။ မရှုတ်ချပါဘူး။ ကျမ ဖေဖေကိုယ်၌လည်း တိုက်ပွဲဝင်ခဲ့တာပါ။ ဒီအတွက်လည်း ကျမ ဖေဖေ့ကို ချီးကျူးအားကျမိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ရှည်လျားသည့် အဖြေစကားအဆုံးတွင်မူ မစ္စတာ Alan Clement သည် မေးခွန်းဆက်၍ မထုတ်တော့…။

(၁၉၂)

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း၊
၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။
ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ပြည့်ခဲ့ပြီ။ နှစ် ၅ဝ မြောက် ရွှေရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းမှာပင် ပြုလုပ်၏။ ဗိုလ်မှူးအောင်၊ သခင်ချန်ထွန်း၊ သခင်သိန်းဖေ…. စသည့် လွတ်လပ်ရေးကြိုပမ်းမှု တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးများလည်း တက်ရောက်ကြသည်။ အာဏာပိုင်များ၏ တင်းကျပ်သော စောင့်ကြည့်မှုများ ကြားမှပင် …ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ အဖွဲ့ချုပ်အဖွဲ့ဝင် ၇ဝဝ ခန့် တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနား၌ မိန့်ခွန်းစကားဆို၏။

“ဒီနေ့ဆိုလို့ရှိရင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ အနှစ် ၅ဝ တင်းတင်းပြည့်ပါပြီ။ ဒီစာချုပ်ကို သဘောတူပြီး ချုပ်ဆိုခဲ့တဲ့ ကျမတို့ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများရဲ့ စာချုပ်ဟာ စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာချုပ်မျှသာ မဟုတ်ပါဘူး။ ပြည်ထောင်စုကို လိုလားယုံကြည်တဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးက သွေးစည်းညီညွှတ်မှုကို ယုံကြည်ပါတယ်ဆိုပြီးတော့ နှလုံးသားပေါ်မှာ ထိုးထားတဲ့ ကတိကဝတ် ဖြစ်ပါတယ်”

မဏ္ဍပ်ကြီးအတွင်း၌ အားလုံးသည် ငြိမ်သက်စွာနှင့် နားထောင်၍နေကြသည်။ နေအိမ်ခြံဝင်း၏ အဝင်ဝရှိ လုံခြုံရေးတပ်သားနှင့် တက္ကသိုလ်ရိပ်သာလမ်း၏ ဝဲယာတလျှောက် နေရာယူထားကြသည့် တပ်သားများက အသံချဲ့စက်မှတဆင့် ထွက်ပေါ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားအား နာယူ၍နေကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ စကားသံက အသဲချဲ့စက်မှတဆင့် ကြည်ကြည့်လင်လင်၊ ပီပီသသ…။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကြား ပြည့်ဝတဲ့ ယုံကြည်မှု ဖြစ်ပေါ်လာနိုင်အောင်လို့ စေတနာသန့်သန့်နဲ့ ကြိုးစားသွားမယ်ဆိုတာ ကျမကတော့ ကတိကဝတ် ပြုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လက်ခုပ်သြဘာသံများက ခန်းမအတွင်း ဝေစီ၍သွား၏။

ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်သံများစဲသွားသည်အထိ စောင့်ပြီးစကားအား ဆက်သည်။

“ပြီးခဲ့တဲ့… ဇန်နဝါရီလ ၇ ရက်နေ့ကနေပြီးတော့ ၁၄ ရက်နေ့အထိ မဲသရောထာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၁၅ ဖွဲ့နဲ့ အခြားတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နှီးနှောဖလှယ်ပွဲကြီးက ကြေညာချက်စာတမ်းတခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းမှာ ဘာလဲဆိုတော့…. မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ပင်လုံစာချုပ်တွင် ဖော်ပြထားသည့် နိုင်ငံသားတိုင်း လူမျိုးရေးသာ တူညီမျှရှိရမည်ဟူသော အချက်ကို အာဏာလက်ကိုင်ထားသူ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားလူမျိုးများအား ရက်စက်စွာ စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းများကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် သမိုင်းတွင် မကြုံစဖူးအောင် အတိဒုက္ခရောက်ခဲ့ရကြောင်း … ဆိုပြီးတော့ ပါပါတယ်။

ဒီလို တိုင်းရင်းသားလူမျိုးများရဲ့ ခါးသီးလှတဲ့ ခံစားမှုတွေကြောင့် ကျမတို့ ပြည်ထောင်စုအပေါ်မှာ အယုံအကြည် ကင်းမဲ့လာတယ်ဆိုတာ အင်မတန်မှ ဝမ်းနည်းစရာကိစ္စတခု ဖြစ်ပါတယ်။ ဒီအတိတ်က အမှားတွေကို ပြန်ပြီးပြုပြင်ဖို့ ဆိုတာကလည်း ကျမတို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အားလုံးဆိုတာ ကျမတို့ တိုင်းရင်းသားအားလုံး အပါအဝင် ကျမတို့ လူမျိုးစုဖြစ်တဲ့ ဗမာများရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးများရဲ့ မျှော်မှန်းချက်တွေကို ကျမတို့ ကြည့်ရမယ်။

ဒီမျှော်မှန်းချက်တွေဟာ ဘာလဲဆိုလို့ရှိရင် မဲသရောထာ နှီးနှောပွဲက သဘောတူညီချက် စာတမ်းထဲမှာ ပါတာကတော့….

(က) စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်၊
(ခ) ဒီမိုကရေစီနိုင်ငံရေးစနစ် ကျင့်သုံးရန်
(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏စကားအား ရပ်၍ ခန်းမအတွင်းရှိသူများကို ကြည့်လိုက်၏။ အားလုံးက စိတ်ဝင်စားစွာနှင့် နားထောင်၍နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကား ဆက်ပြန်၏။

“မဲသရောထာ နှီးနှောဖလှယ်ပွဲရဲ့ သဘောတူညီချက်မှာ ဘယ်လိုရေးထားသလဲဆိုတော့….

- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများနှင့် တန်းတူရည်တူလက်တွဲ၍ အမျိုးသား အခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီ အခွင့်အရေးအတွက်လည်းကောင်း တပြိုင်နက်တည်း စည်းလုံးညီညွှတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွှတ်တည်း သဘောတူလိုက်ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများ အားလုံးတို့ရဲ့ တန်းတူညီတူရေးကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံတော်တခု ပေါ်ပေါက်ဖို့ရာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ ကျမတို့ အင်းအားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ခိုင်ခိုင်မာမာ၊ ကျစ်ကျစ်လစ်လစ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။

အခု အနှစ် ၅ဝ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်တရပ်အနေနဲ့ အနာဂတ်မှာ ဖော်ထုတ်ရမယ့် ပင်လုံစိတ်ဓာတ်ကို ပြန်လည်ရှင်သန်စေပြီး ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုမယ့် ညီလာခံကြီးရဲ့ အကြိုနှီးနှောဖလှယ်ပွဲတခုအနေနဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အတူဆောင်ရွက်ကြဖို့၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံရေး အခြေခံရှိသူများ၊ တရားဝင် ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းများနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများ အားလုံးကို ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။

တကယ့်ကို ပြည်သူလူထုအားလုံးကို ကိုယ်စာပြုမယ့် ညီလာခံကြီးရဲ့ အကြိုနှီးနှောဖလှယ်ပွဲအနေနဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး ကျမတို့နဲ့ လာပြီးတော့ ဆွေးနွေးပွဲတခု ကျင်းပကြပါလို့ ကျမ လေးလေးနက်နက် ဖိတ်ခေါ်လိုက်ပါတယ်။

ပင်လုံစိတ်ဓာတ် ရှင်သန်နိုင်ပါစေ။
စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ထွန်းနိုင်ပါစေ။”
ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားက ….အနာဂတ်အတွက် ရွှေရောင်လွှမ်းလျက်…..။

ကိုးကား ……

- ရွှေခမောက်မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ပေးစာ အတွဲ - ၁
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- (နဝတ) ၏ ထုတ်ပြန်ကြေညာချက် ဥပဒေအမှတ် ၅/၉၆
- ၂ဝဝ၃ ခုနှစ် ဒီပဲယင်း အစီရင်ခံစာ (NCUB+BLC)
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိပ်ခွေများ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားလူမျိုးများအရေးနှင့် စပ်လျဉ်း၍ ထားရှိသော သဘောထားများ
- Mr Alan Clement ၏ ‘The Voice of Hope’

ချစ်သမီးသို့



လွန်ခဲ့သော (၁၄-၂-၂၀၀၈) နှစ် ညနေ (၄)နာရီ (၂၀) မိနစ်ဝန်းကျင်မှာ မသာမာသူ လူတစုရဲ့လက်ချက်ကြောင့် ကျနော်တို့  ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်း ဟာ သူရဲ့နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ပဒိုမန်းရှာလားဖန်း ရုတ်တရက် ကွယ်လွန်သွားခြင်းဟာ ကရင့်တော်လှန်ရေးနဲ့ ကရင်တမျိုးသားလုံးအတွက် ကြီးမားတဲ့ဆုံးရှူံးမှုတရပ်ဖြစ်သလို၊ တနည်းအားဖြင့် ပြောရမယ်ဆိုရင် စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဗမာပြည် အဖိနိုပ်ခံတိုင်းရင်းသား လူမျိုးစုံပြည်သူတရပ်လုံးရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ဖြစ်ပါတယ်။ ယခု ကျရောက်လာမည့် နှစ်ပါတ်လည် ဖေဖေါ်ဝါရီ(၁၄)ရက်နေ့ မှာ သူ့ ကို ဂုဏ်ပြုသောအားဖြင့် သူရေးစပ်ထားခဲ့တဲ့ ကဗျာတပုဒ်အား အမှတ်တရ အနေနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

အာဇာနည်သူရဲကောင်းတို့ ဟာ သေရိုးထုံးစံမရှိပါ။ သူတို့ ရဲ့ယုံကြည်ချက်များဟာ ကျနော်တို့ မျိုးဆက်သစ်များအပေါ် ဆက်လက်ရှင်သန်နေပါဦးမည်။


ချစ်သမီးသို့

သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊

သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။

ရေဆန်(ဗဒိုမန်းရှာလာဖန်း)

INVITATION MAE TAO CLINIC 19.FEBRUARY 21.ANNIVERSARY

INVITATION MAE TAO CLINIC 19.FEBRUARY 21.ANNIVERSARY

Thai’s polices killed 9 of Karen people In Tak province.But already found only 8 people.One of female was lost.Hername is “Naw Ka Lot” 23years old.

Thai’s polices killed 9 of Karen people In Tak province.But already found only 8 people.One of female was lost.Her name is “Naw Ka Lot” 23years old.

New Attacks on Karen Require International Response by KNU



New Attacks on Karen Require International Response
16 Feb 2010

The Karen National Union (KNU) calls upon the international community to demand an immediate end to a new major military offensive against innocent Karen civilians.
Even though Senior General Than Shwe continues making promises to hold free and fair elections, his soldiers are attacking Karen villages, looting and burning them to the ground, arresting and killing innocent Karen civilians, raping women and children and use them as slave labour.
Currently, major new attacks are taking place in Kler Lwee Htoo (Nyaunglaybin) and Mutraw (Papun) Districts in Kathoolei (Karen State). On February 7, 2010, the troops of the Burmese Army entered two Karen villages in Ler Doh (Kyaukkyi) Township, Kler Lwee Htoo District and burned them down. As a consequence, seventy-four houses were destroyed. People in eleven villages have been forced to flee for their lives. Around 2,500 people are now hiding in the jungle, in desperate need of aid.
We, the KNU, call upon the United Nations Security Council (UNSC) to firmly demand that the State Peace and Development Council (SPDC) immediately cease its attacks on innocent civilians, which are against international law. Simultaneously, we, the KNU, call upon the UNSC to take necessary measures to ensure that aid reaches those displaced by the attacks.
We, the KNU, also call upon the international community to pay attention to what is really happening on the ground in Burma rather than focus on the sham elections scheduled to be held later this year. A dictatorship genuinely committed to a transition to democracy does not send its troops to attack innocent civilians, to burn down their homes, to torture and execute them. The international community should judge the generals by their actions, not their words which have proved to be false time and again.
The international community must not follow the agenda of the dictatorship, which is only interested in solidifying its grip on power. The only thing the 2008 constitution and sham elections guarantee is that they will prolong the longstanding political problems of Burma.
The United Nations has repeatedly stated that tri-partite dialogue should take place among the SPDC, the National League for Democracy (NLD) and genuine ethnic representatives. And as thousands of civilians flee new military attacks, there should not be excuses for further delay. In point of fact, it is high time that the UNSC took necessary measures to enforce its 2007 demand that the SPDC immediately enter into tri-partite dialogue with all those concerned.
The KNU is a democratic organisation, working for peace and human rights, the restoration of democracy, and the establishment of a federal union in Burma. Unlike the SPDC, we, the KNU, are keen to comply with the UN calls for dialogue. We are ready to enter into genuine tri-partite dialogue at any time.