Thousands face food shortage in Phapun, Karen State
အသင်ဟာ ကရင်လူမျိုးလား...အသင်ဟာ ကရင်လူမျိုးဖြစ်ခဲ့ရင် အသင့်လူမျိုးကို စနစ်တကျဖျက်ဆီး ဖျောက်ဖျက် ညှင်းပမ်းနိုပ်စက်တဲ့ ခွေးမသား အစိုးရနဲ့ သူတို့ စစ်တပ်ကို ဒီလိုပဲ လက်ပိုက်ကြည့်နေမလား...????????
မိတ်ဆွေကောင်းနှင့် လောကခရီး အတူ သွားရဖို့ လိုအပ်ကြောင်း ဘားရခ် အိုဘားမား သိသည်။ အမေရိကန်အတွက် မိတ်ဆွေစစ်က ဗြိတိန် ဖြစ်သည်။ အမေရိကန် သမ္မတ ဘာလုပ်လုပ် နောက်က အမြဲ ထောက်ခံပေးနေမည်။
အခု အိုဘားမားရဲ့ လန်ဒန် နှစ်ရက် ခရီးက နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မြဲနေမှုကို ဖော်ပြသည်။ ထူးခြားတဲ့ ဖြစ်ရပ်တွေ မရှိဘူး ဆိုရင်တောင်မှ ဓာတ်ပုံတွေကို ကြည့်ရင် အရင်းရှင် နိုင်ငံကြီး နှစ်နိုင်ငံ သိပ်ချစ် သိပ်အလွမ်းသင့် နေကြတာကို ဖော်ပြသည်။
အထက်ပုံတွင် မေ ၂၄ ရက်နေ့ ဘခ်ကင်ဟမ် နန်းတော် ဥယာဉ်ကြီးအတွင်း အိုဘားမားကို ဂုဏ်ပြုတပ်ဖွဲဖြင့် ခမ်းခမ်းနားနား ကြိုဆိုနေခြင်း ဖြစ်သည်။
ဘုရင်မကြီး အဲလိဇဘက်သ် နှင့် ကြင်ယာတော် ဖိလစ် မင်းသားကြီးတို့က အိုဘားမားတို့ ဇနီးမောင်နှံ ခေတ္တတည်းမည့် ဘခ်ကင်ဟမ် နန်းတော်တွင် ကြိုဆိုနေကြစဉ်။
ဘားရခ်နှင့် မစ်ရှေးလ် အိုဘားမားတို့ မေ ၂၄ ရက်နေ့က မင်းသား ၀ီလျံနှင့် ဇနီး ကက်သရင်း တို့ကို နန်းတော်ထဲတွင် တွေ့ဆုံကြစဉ်။
အိုးဘားမားတို့ နှစ်ဦးကို မေ ၂၃ ရက်နေ့က ဘုရင်မကြီးနှင့် ကြင်ယာတော်က နန်းတော်တွင်းရှိ portrait Gallery ကို လိုက်လံပြသစဉ်။
မေ ၂၄ ရက်နေ့က ၀က်စ်မင်စတာ ဘုရားကျောင်းအတွင်းရှိ အမည်မသိ စစ်သားရဲ့ အုပ်ဂူကို အိုဘားမား လွမ်းသူပန်းခွေ ချနေစဉ်။
ဝက်စ်မင်စတာ ဘုရားကျောင်းအတွင်း ဧည့်မှတ်တမ်းစာအုပ်တွင် အိုဘားမား က ခုနှစ် မှားယွင်းစွာ လက်မှတ် ရေးထိုးထားခဲ့သည်။ ဘာကြောင့်မှန်း မသိ။ စာမှာ “ကျွန်ုပ်တို့ရဲ့ တူညီတဲ့ အမွေအနှစ်၊ တူညီတဲ့ စွန့်လွှတ်အနစ်နာခံမှုများကို ဂုဏ်ပြုဖို့ ကြီးမားတဲ့ အထူးအခွင့်အရေး ရရှိမှုပါပဲ” ဟု ရေးထားသည်။
ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနှင့် ဇနီးက အိုဘားမား စုံတွဲကို အမှတ် (၁၀) ဒေါင်းနင်းလမ်း ၀န်ကြီးချုပ် ရုံးနှင့် နေအိမ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။
အိုဘားမားနှင့် ကင်မရွန်း က ဘတ်ဂျက် ခြိုးခြံလျော့ပေါ့ရေး မူဝါဒနှင့် လစ်ဗျား ကိစ္စတို့အပေါ်တွင် သဘောကွဲလွဲမှုများ ရှိခဲ့သည်။ သို့သော် လန်ဒန်ရှိ Globe Academy မူလတန်းကျောင်းရှိ စားပွဲတင် တင်းနစ်ခုံပေါ်တွင် နှစ်ဦး အတူကစားရင် အူတက်နေခဲ့ကြသည်။
အိုဘားမားနှင့် ကင်မရွန်း Globe Academy ကျောင်း သိပ္ပံအတန်းတွင်း ၀င်ကြည့်နေကြစဉ်။ ယနေ့ခေတ် နိုင်ငံခေါင်းဆောင်တိုင်း စာသင်ခန်းတွေထဲ ၀င်ကြည့်ကြလေ့ ရှိသည်။
ဘုရင်မကြီး တည်ခင်းတဲ့ နန်းတော်တွင်း နိုင်ငံတော် ညစာစားပွဲ မစခင် ဓာတ်ပုံ ရိုက်ထားစဉ်။
အိုဘားမား ကို ညစာစားပွဲရဲ့ အထူးဧည့်သည်ဖြစ်ကြောင်း ပြသသည့်အနေဖြင့် ဘုရင်မကြီး နံဘေး ထိုင်ခုံတွင် နေရာချထားပေးခြင်းက ထင်ရှားစေသည်။ ဘုရင်မကြီးဘေး ထိုင်ခွင့်ရလို့ အိုဘားမား မြူးနေသည်။
မေ ၂၄ ရက် ညစာစားပွဲတွင် အိုဘားမားက ဘုရင်မကြီးကို အရိုအသေပေးစဉ် ဧည့်သည်အားလုံး ထရပ်ခဲ့သည်။ ‘God Save the Queen’ သီးချင်း တီးဝိုင်းမှ စတီးစဉ် အိုဘားမားမှ မှားယွင်းပြီး အမျှင်မပြတ် စကားပြောနေခဲ့မိသည်။
ခရီးစဉ် ဒုတိယနေ့တွင် အိုဘားမား စုံတွဲက ကင်မရွန်း လင်မယားနှင့်အတူ ဗြိတိသျှ စစ်တပ် မိသားစုများကို ဂုဏ်ပြုပွဲ လုပ်ပေးခဲ့သည်။ ပုံတွင် ဇနီးနှစ်ဦး စစ်သားများကို စားစရာများ ကျွေးမွေး နေကြစဉ်။
ဒေးဗစ်ကင်မရွန်းနှင့် အိုဘားမား မေ ၂၅ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့သည်။ နေတိုး တပ်များရဲ့ လစ်ဗျားစစ်ဆင်ရေးကို ထောက်ခံခဲ့ကြပြီး၊ ကဒါဖီကို အာဏာမှ ဖြုတ်ပစ်မည်ဖြစ်ကြောင်း ဆုံးဖြတ် ပြောဆိုခဲ့သည်။
ခင်ပွန်းနှင့်အပြိုင် မစ်ရှေးလ် အိုဘားမားကလည်း အော့စ်ဖဒ် တက္ကသိုလ် Christ Church တွင် ပညာရေးအကြောင်း မိန့်ခွန်းပေးပြီး ခေသူ မဟုတ်ကြောင်း ပြသခဲ့သည်။
အိုဘားမား က ၀က်စ်မင်စတာ ခန်းမရှိ လွှတ်တော်နှစ်ခုစလုံးကို မိန့်ခွန်းပြောကြားတဲ့ စတုတ္ထမြောက် နိုင်ငံရပ်ခြား ခေါင်းဆောင် ဖြစ်သွားခဲ့သည်။ သူ့အရင် သုံးဦးမှာ ပြင်သစ်သမ္မတ ချားလ်စ် ဒီ ဂေါလ်၊ နယ်လ်ဆင် မင်ဒဲလား၊ ပုပ်ရဟန်းမင်း ဘန်နက်ဒစ် (၁၆) တို့ ဖြစ်သည်။
၂၆ ရက်နေ့တွင် အိုဘားမား ဗြိတိန်မှ ထွက်ခွါပြီး၊ ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် G8 ထိပ်သီး အစည်းအဝေးကို ဦးတည်သွားခဲ့သည်။
မောက္ခ နိုင်ငံတကာသတင်း
Kang Nam 1 သင်္ဘောသည် မြောက်ကိုရီးယားမှ ထွက်ခွာပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်နေရာ သင်္ဘောပေါ်တွင် တားမြစ်ထားသော လက်နက်များ တင်ဆောင်ထားသည်ဟု
သံသယရှိသဖြင့် အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်နေသည်။၂၀၀၉ ဇွန်
မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည်ဟု ယူဆရသည့် Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား သင်္ဘောပေါ်တွင် တားမြစ်ထားသော လက်နက်များ တင်ဆောင်ထားသည်ဟု သံသယ ရှိသဖြင့် အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သည်။ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ထိုသင်္ဘောက တရုတ်ပင်လယ်အတွင်း ၃ ပတ်ကြာ လှည့်လည်သွားလာပြီး မြောက်ကိုရီးယားသို့ ပြန်လှည့်သွားခဲ့သည်။
(၂၀၀၉ မေလတွင် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူခဲ့ရာ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကို မဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။)
၂ဝဝ၇
မြောက်ကိုရီးယား၏ Kang Nam 1 သင်္ဘောသည် မုန်တိုင်းရှောင်ရန် နှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ရန် ဟု ဆိုကာ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် မြန်မာစစ်အစိုးရက ဆိုက်ကပ်ခွင့် ပြုလိုက်သည်။
၂ဝဝ၇ ဧပြီ
မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးသည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် လက်မှတ်ထိုးပွဲကို မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ်၊ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူတို့ တက်ရောက်သည်။
နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးအရလည်း နီးစပ်သော တရုတ်နိုင်ငံက သံအဆက်အသွယ် ပြန်လည် ပြုလုပ်ခြင်းကို ကြိုဆိုလိုက်သည်။ “မြောက်ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံသည် တရုတ်ပြည်၏ ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Jianchao က ပြောသည်။ “နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်” ဟု သူက ဆိုသည်။
၂ဝဝ၆၊ နိုဝင်ဘာ
အမေရိကန်က စောင့်ကြည့်နေသည့် မြောက်ကိုရီးယား သင်္ဘောတစီးသည် ဒုံးကျည်လက်နက်များကို မြန်မာပြည်သို့ သွားရောက် ပို့ဆောင်သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းဌာနက ဆိုသည်။
Bongwhasan အမည်ရှိ သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ လက်နက်များ သွားရောက်ပို့ဆောင်သည်ဟူသော သတင်းကို မြန်မာစစ်အစိုးရက ငြင်းဆိုသည်။ သင်္ဘောသားတို့အတွက် ရိက္ခာ၊ သင်္ဘောအတွက် လောင်စာ ဖြည့်တင်းရန် အရေးပေါ် ကမ်းကပ်ခြင်းသာဖြစ်သည်ဟု ဆိုသည်။
၂ဝဝ၅
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ ဇင်ဘာဘွေ၊ မြန်မာနိုင်ငံတို့ကို အာဏာရှင်တို့၏ ခံကတုတ်နိုင်ငံများ အဖြစ် ဖော်ပြသည်။
၂ဝဝ၃၊ ဇူလိုင်
မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂ဝ ခန့်အထိကို ရန်ကုန်ရှိ ရေတပ်စခန်းတခု နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဧည့်ရိပ်သာတခုတွင် တွေ့ရကြောင်း ဟောင်ကောင်အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာစာစောင် (FEER)က ရေးသားဖော်ပြလိုက်သည်။
ထိုအချိန်မှစပြီး မြောက်ကိုရီးယား ပညာရှင်များကို မြန်မာပြည်အလယ်ပိုင်း နတ်မောက်မြို့အနီးတွင် တွေ့ရသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရေး အစီအစဉ်များလည်း အဆိုပါ ဒေသအနီးတွင် တည်ရှိခြင်းကြောင့် မြောက်ကိုရီးယား ပညာရှင်များလည်း မြန်မာပြည် နျူကလီးယား အစီအစဉ်တွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက်နေသည်ဟု ယူဆလာကြသည်။
၂ဝဝ၁၊ ဇွန်
မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပတ်ကီယွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ သွားရောက်ပြီး ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးသည်။
၂ဝဝဝ၊ နိုဝင်ဘာ
မြောက်ကိုရီးယားတပ်မတော် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းရန် မြန်မာစစ်အစိုးရက ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားသို့ လျှို့ဝှက် စေလွှတ်သည်။
၁၉၉၉
မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာ နှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့သည်။ ထိုခရီးစဉ်ကို တရားဝင် ကြေညာခြင်းမရှိပေ။
မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ 130-millimeter M-46 အမြောက် ၁၂ လက် ဝယ်ယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။
၁၉၈၃၊ အောက်တိုဘာ
ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၄ ဦးအပါအဝင် တောင်ကိုရီးယား အရာရှိ စုစုပေါင်း ၁၇ ဦး သေဆုံးသွားသည်။ သမ္မတမှာ ဗုံးခွဲတိုက်ခိုက်မှုမှ လွတ်မြောက်သွားသည်။
ဗုံးခွဲတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားအစိုးရ၏ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ဗုံးခွဲသူ မြောက်ကိုရီးယား ၃ ဦးအနက် တဦးကို အသေဖမ်းဆီးမိကြောင်း၊ တဦးမှာ သူ့ကိုယ်သူ ဗုံးခွဲ လုပ်ကြံလိုက်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်သည်။ ကျန်တဦးမှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင် မိသားစု (၃၀) ခန့်မှာ အစ္စလာမ်ဘာသာမှ ခရစ်ယာန် ဘာသာသို့ ကူးပြောင်းသွားသော်လည်း အာဏာပိုင်များ၏ ဆက်လက် ဖိနှိပ်မူကို ခံနေရကြောင်း သတင်းများ ရရှိသည်။
အမည် | အဖအမည် | ထောင်နှစ် |
အောင်ကျော်စိုး (ခ) ဖိုးခွား | ဦးရွှေစိုး | ၂၅ နှစ် |
ညီညီထွန်း | ဦးသန်းစိုး | ၁၃ နှစ် |
ဥာဏ်ထွန်းလင်း (ခ) ဥာဏ်ကြီး | ဦးမြသိန်း | ၂၂ နှစ် |
စိုးမိုးထွန်း | ဦးတင်ထွန်း | ၈ နှစ် |
ဇော်နိုင်ထွန်း | ဦးဖေ၀င်း | ၃ နှစ် |
ဝိသုဒ္ဓ (ခ) ၀ဏ္ဏဌေး | ဦးဝင်းဦး | ၅ နှစ် |
ရေ၀တ(ခ)ရဲမင်းချောင် | ဦးစံထွန်း | ၉ နှစ် |
Burma’s president will be joined by top defence officials when he makes his first state visit to China tomorrow, with analysts speculating that difficult questions will be asked of the new leader.
Thein Sein is expected to sign several business agreements in a bid to boost an already strong economic relationship with Beijing. “He’ll probably sign several agreements and maybe visit some industrial sites, as Myanmar’s [Burma] focus now is developing its economy,” Lin Xixing, a Burma expert at Guangzhou’s Jinan University, told Reuters. “China is investing large sums in high-speed rail and road links, as well as pipelines, in Myanmar.”
The trip, which is expected to last three days, is the first bilateral visit he will make since taking office in March. It comes as little surprise that China is the first choice, given the myriad benefits that a strong relationship with the region’s economic and political powerhouse carries.
“The intention behind the visit to China is more than just a traditional procedure – it is to proudly show the international community that Burma is being recognised by powerful international countries such as China,” says Pho Than Chaung, spokesperson for the Burma Communist Party (BCP).
Although outlawed by the Burmese government, the BCP is the oldest political party in Burma, and until the mid-1980s received substantial support from China. This was gradually cut as Beijing developed closer relations with the central government.
China is now the single biggest bilateral investor in Burma, pouring close to $US10 billion into the economy last year alone. That figure almost doubled total investment in Burma in the two decades prior.
Much of the financing has targeted the Shwe dual pipeline project that will carry oil and gas across the breadth of Burma to southern China. The lucrative venture, catalysed with a $US2.4 billion loan from Beijing and which is expected to net the Burmese government some $US30 billion over the coming three decades, is also a potentially vulnerable one, with the pipeline route passing close to rebel-controlled territory in Shan state.
A flare-up between Burmese troops and an ethnic Kokang army in 2009 that pushed more than 30,000 refugees into Yunnan province is still fresh in of minds of Chinese businessmen and policymakers as they eye the security of investments in their southern neighbour.
Thein Sein will be joined in the visit by Defence Minister Hla Min and Burmese army chief Min Aung Hlaing, who earlier this month welcomed the vice chairman of China’s Central Military Commission, Xu Caihou, to Naypyidaw. Their inclusion signals the emphasis Burma is placing on convinving its powerful ally that security is under control.
Pho Than Chaung thinks that China will urge Thein Sein to pacify the volatile frontier regions, as well as ironing out bureaucratic difficulties for Chinese companies working in Burma.
A number of ethnic armies operate close the lengthy China-Burma border: once stable relations between the Burmese government and two of these – the Kachin Independence Army (KIA) and the Shan State Army-North (SSA-North), which recently cemented an allegiance with the opposition Shan State Army – have dramatically soured in recent months as both refused to accede to demands to transform into border militias faithful to Naypyidaw.
Reports emerged last week that the KIA had put its troops on high alert after the Burmese army deployed extra forces close to its territory, while sporadic bursts of heavy fighting between SSA-North troops and the Burmese army have erupted in the past two months.
သောသီခိုမှာတင်နေသော နေပြည်တော်အတွင်းရေးများကို တတ်နိုင်သလောက်လိုက်ဖတ်နေခဲ့ပါတယ်။ ၀ိုင်းတော်သား တစ်ဦးအနေဖြင့် သော်သီခို၏အနစ်နာခံကြိုးပမ်းမှု့ကို သိနေသဖြင့် ဘာမျှပြောစရာမရှိ။ ၄င်းသတင်းဖြင့် စာဖတ်ပုရိတ်သတ်တစ်ချို့တို့၏ မှတ်ချက်ကိုတော့ ကြားမိပါသည်။ ပရိရယ်များသော စစ်အာဏာရှင်တို့၏ လှည့်ကွက်လား၊ ဒီလောက်အရေးကြီးလာသော အခြေနေကို သတင်းဌာနကြီးတွေက မ ဖေါ်ပြသဖြင့် ရုံရခက်သလို တစ်ဖက်လှည့်ပြန်စဉ်းစားလျှင်လည်း ဒီလိုသတင်းမျိုးကို ပုံမှန်ရေးနိုင်ရန် လုပ်ကြံ ဇတ်ခင်းပြီး စာရေးပေးနိုင်သော စာရေးဆရာမရှိနိုင်။ သတင်းဌာနကြီးမှာ မဖေါ်ပြပေးနိုင်သော်လည်းသ်ာသီခို မှတင်ပေးသောနေပြည်တော်အတွင်းရေးများသည်ပြင်ပတွင်ဖြစ်နေသာအရာများနှင့် ဆက်ဆပ်နေကြောင်း ပေါ်လွင်နေပါပြီ။
မေလ ၁၂ ရက် နံနက် ၉း၃၀ တွင် တပ်ချုပ်သန်းရွှေအမိန့်ဖြင့် ဗိုလ်ချုပ်ကိုကို ဦေးဆာင်ပြီး ဗိုလ်ချုပ်မောင်အး နေအိမ်အား အင်အားသုံးစီးနင်းရာတွင် ပစ်ခတ်မှု့များကြောင့် သေဆုံးသူများ တွင် ဗိုလ်ချုပ်မင်းဇော် ပါဝင်ခဲ့ပါသည်။ ဗိုလ်သန်းရွှေကဘဲတော်လို့လား၊ ဘေးလူတွေကဘဲ နုံလို့လား မပြောတတ်၊ ဗိုလ်ချုပ်တစ်ဦးကျဆုံးသည့်တိုင် သတင်းထွက်မလာသဖြင့် စစ်အစိုးရအဖွဲ့ဝင်များကို အံသြမိပါသည်။ ဗိုလ်ချုပ် တင်ဦး သေဆုံးမှု့တွင် သတင်းထိမ်းနိုင်သလို ယခုထိပ်ဆုံးက ကျွဲနှစ်ကောင် ခတ်သံကို မည်မျှထိထိမ်းနိုင်မည်ဆို တာကိုတော့ စောင့်ကြည့်ရအုံးမည်။
မေလ ၁၃ ရက်- ဗိုလ်ချုပ်သန်းရွှေ၏ စိုးရိမ်မှု့ပေါ်လွင်နေပါသည်။ ဗိုလ်ချုပ်မောင်အေး ကိစ္စနှင့်ပတ်သက်ပြီးအောက်ခြေနှင့်ပြင်ပသို့သတင်းပေါက်ကြားမှု့မရှိရန် ကြိုးပမ်းကြသည်။ နေပြည်တော်အတွင်းစည်း လုံခြုံရေး တိုးမြှင့်ချထားလာပါသည်။ စစ်ကောင်စီတွင်း စတင်ပြီး မတည်မငြိမ်ဖြစ်လာပြီးအခြေမနေမကောင်းကြောင်းသတင်းပို့လာပါသည်။ လက်ရှိသမ္မတအစိုးရသစ်၏နိုင်ငံရေးဖွဲ့စည်းပုံဖေါ်ဆောင်ရာတွင်ခက်ခဲပြီး အခြေအနေမ ကောင်းကြောင်းတင်ပြလာပါသည်။ မေလ ၁၅ ရက်- ဖမ်းဆီးခြင်းခံရသော ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်တင်ငွေ၊ ဗိုလ်ချုပ်တင်အေး တို့ကို မနက် ၁၀ နာရီတွင် ဗိုလ်ချုပ်သန်းရွှေက ခေါ်ယူတွေ့ဆုံပြီး ထပ်မံညှိနိုင်းကြသည်။ ဗိုလ်ချုပ်မောင်အေးဖမ်းဆီးမှု့နှင့် ပတ်သက်ပြီး သတင်းပေါက်ကြားမှု့ရှိကြောင်းတင်ပြလာသလို နေပြည်တော်တိုင်းစစ်ဌာနချုပ်အပါအ၀င် ကြည်း ရေ လေ မှ မတည်မငြိမ်ဖြစ်လာပြီး အခြေအနေမကောင်းကြောင်း အထက်ကို တင်ပြလာပါသည်။ တပ်မတော်တွင်း ပြိုကွဲမှု့ဖြစ်နိုင်ကြောင်း ကကကြည်းမှ သတိပေးလာပါသည်။ မေလ ၁၆ ရက်- ဗိုလ်ချုပ်သန်းရွှေ၏ စိုးရိမ်မှု့အထွဋ်အထိပ်လို့ရောက်လာပါသည်။ တပ်မ ၇၇ ၏မကျေနပ်ချက် ပိုပြင်းထန်လာပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပစ်ခတ်မှု့ဖြစ်သည်ထိ ဆိုးဝါးလာသည်။ အရှေ့တောင် တိုင်း စစ်ဌာနချုပ် မော်လမြိုင် မှလည်း ဗိုလ်ချုပ်ခင်ညွန့်ကိုဖမ်းသလိုမျိုး ဗိုလ်ချုပ်မောင်အေး ကို ဖမ်းဆီးပါက တပ်တွင်း အာဏာဖီဆန်မှု များလာနိုင်ကြောင်း နေပြည်တော်ကို သတင်းပို့ပါသည်။ ထို့အတူ အမှတ် ၅၀၃ လေ တပ်စခန်းမှလည်း အင်အားသုံးခုခံလာနိုင်ကြောင်း နေပြည်တော်ကို သတင်းပို့ပါသည်။
နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ်သန်းရွှေ၏ ညွန်ကြားချက်တချို့မှ စိတ်ဝင်စားစရာများမှာ-
၁၊ အတိုက်ခံအင်အားစုနှင့်တိုင်းရင်းသားအဖွဲ့ဆီသို့အာရုံလွှဲရန်
၂၊ သမ္မတ သိန်းစိန်နှင့် ဒုသမ္မတ တင်အောင်မြင့်ဦးတို့အား အကျဉ်းသားကိစ္စဖြင့် နိုင်ငံရေးဖက်သို့အာရုံလွှဲရန် တိတိကျကျ ညွန်ကြားလိုက်ပါသည်။ အကျဉ်းသားကိစ္စ ဖြင့် သမ္မတသိန်းစိန်၏ ဆောင်ရွက်မှု့သည် အောင်မြင်မှု့ ( နေပြည်တော်ရည်ရွယ်ချက်) ရရှိ သည်ဟုဆိုနိုင်ပါသည်။ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပြည်တွင်းပြည်ပ မီဒီယာများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါ သည်။
လက်နက်ကိုင်တိုင်းရင်းသားဖက်သို့မည်သို့မည်ပုံ အာရုံလွှဲမည်ကို အမျိုးမျိုးစဉ်းစားမိပါသည်။ DKBA နှင့် KNU ပူးပေါင်းတပ် ကို တိုက်ခဲ့စဉ်က စစ်အစိုးရဖက်မှ အထိခိုက်ကျဆုံးသည် တပ်ရင်း ၁၀ ရင်းစာ ကျော်၏ (တပ်ရင်း ၁ရင်း လျှင် စစ်သည်အင်အားတစ်ရာဖြင့်တွက်ထား)။ သို့သော်လည်း ၄-၅လ ကျော်သည့်တိုင်စစ်ဆင်ရေးမ အောင်မြင်ခဲ့။ စစ်ဆင်ရေးကို ၂နေရာ ၃ နေရာ တစ်ပြိုင်နက် ဆင်နွဲစဉ် က တစ်နေရာကို တစ်ရက်လျှင် ၁၂၀ မမ အမြှောက်ကျည်အရေအတွက် ၁၀၀ ကျော်ထိပစ်ခဲ့ပါသည်။ ၄င်းကျည်၏ တန်ဖိုးသည် အနည်းဆုံး ထိုင်း ဘတ်ငွေ ၆၀၀၀ ရှိပါသည်။ ထို့ကြောင့် တစ်ရက်လျင် ၁၂၀ မမကျည် ၂၀၀ သုံးခဲ့ပါက ကုန်ကျသည့်ငွေပမာဏ မှ ၂၀၀ x ၆၀၀၀ = ၁ ၂၀၀ ၀၀၀ ဘတ် x ၂၇ ကျပ် = ၃၂ ၄၀၀ ၀၀၀ ကျပ် ဖြစ်ပါသည်။ ၄င်းငွေပမာဏ သိန်း သုံးရာကျော်သည် ၁၂၀ မမ အမြှောက်ကျည်တစ်ခုတည်း၏ တစ်ရက်စာဖြစ်ပါသည်။ အခြားအကုန် အကျများဖြစ်သော လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါးကုသရေး၊ သယ်ယူပို့ဆောင်ရေး၊ စက်ယန္တာယား ပြုပြင်ထိမ်းသိမ်းခ နှင့်ဆုံးရှုံးခြင်းများကို ထည့်တွက်ပြီး ကရင်ပြည်စစ်ဆင်ရေး၏ တစ်လ အကုန်ကျစရိတ်သည် ကြီးမားသော ငွေပမာဏဖြစ်နေပါသည်။ အစိုးရသစ်မတက်ခင်က သူတစ်ကျုံး ငါတစ်ပိုက်ဖြင့် ဗိုလ်သန်းရွှေမိသားစုအပါအ၀င် စစ်ဗိုလ်ချုပ်များ သိမ်းယူခဲ့ သဖြင့် ယခုအစိုးရသစ်တက်ချိန်တွင် နိုင်ငံတော်ပိုင် နိုင်ငံခြားငွေပမာဏမှ ဒေါ်လာ ၈၄ သန်းသာ ကျန်ရှိနေပါ သည်။ ဒီအချိန်တွင် ကရင်ပြည်စစ်ဆင်ရေးကို လက်လျော့ထားဟန်ရှိသည်မှာ ဘဏ္ဍာငွေအခက်ခဲဖြစ်နိုင်သလို အတွင်းရေးမငြိမ်မသက်မှု့နှင့်လည်းဆိုင်နေပါသည်။ ထို့ကြောင့်မြှောက်ပိုင်း စစ်ဆင်ရေးဖြစ်သော ကချင် နှင့် ၀ ကို တိုက်ရန် လက်ရှိအခြေအနေတွင် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။
ကြည်းတပ်စစ်ဆင်ရေးဖြင့် အာရုံပြောင်းရန်မဖြစ်နိုင၊် အင်အားသုံးအာခံလာနိုင်သော လေတပ်ကိုလည်း လေ တပ်စစ်ဆင်ရေးတာဝန်ပေးပြီး အာရုံလွှဲရန် မဖြစ်နိုင်ပါ။ Mig 29၊ F7 စသော တိုက်လေယာဉ်များသည် စစ်ဆင်ရေး အတွေ့အကြုံမရှိသဖြင့် စမ်းသပ်အသုံးပြုလိုသော်လည်း စစ်ဆင်ရေးကုန်ကျစရိတ် ပိုများနိုင်တာ ထက်ကိုယ့်နောက်ကျောမလုံတာကပိုဆိုးဝါးပါသည်။ အဘယ်ကြောင့်ဆိုသော် လေတပ်စစ်ဆင်ရေးကို အမိန့်ပေး လိုက်ပါက လက်နက်တပ်ကျည်ထိုးထားသောတိုက်လေယာဉ် သည် တိုင်းရင်းလက်နက်ကိုင် ပစ်မှတ်ကို သွားဖို့ ထက် နေပြည်တော်ကို ပြန်လှည့်လာဖို့ စိုးရိမ်နေရပါသည်။ တပ်မတော်၏အရေးကြီးနေ့ဖြစ်သော် မတ်လ ၂၇ ရက်နေ့တွင် လုံခြုံရေးယူရသော တိုက်လေယာဉ်များသည် ကျည်ထိုးထားသော်လည်း ပစ်ခတ်၍မရအောင် အင် ဂျင်နီယာများက စစ်ရုံးအမိန့်ဖြင့် အမြဲတမ်း ဆောင်ရွက်နေရပါသည်။ သာမာန်ပြုလုပ်လေ့ရှိသော နေ့စဉ် လေ့ကျင့်ပျံသန်းခြင်းဆို ဝေးစွ လက်နက်တပ်ဆင်ခြင်းလုံးဝမရှိ။
သို့သော်လည်းလက်ရှိမကျေမနပ်ဖြစ်နေသောတပ်များကို အာရုံလွှဲဖို့တစ်ခုခုလုပ်ရမည့်အခြေနေသို့ရောက်နေပါပြီ။နောက်ဆုံးတော့မရိုးနိုင်ဇတ်ပွဲကိုဘဲ ဆက်ကပါတော့သည်။
မေလ ၁၆ ရက်တွင် တိုင်းရင်းသားဖက်သို့ အာရုံလွှဲရန် အမိန့်ပေးပြီး ၁၈ ရက်တွင် နေပြည်တော်နား ရှိဆင်သေ ဘူတာတွင် ခရီးသည်တင်မီးရထားတွဲမှ ဗုံးပေါက်ကွဲသဖြင့် ခရီးသည် ၂ ဦးသေပြီး ၆ ဦး ဒဏ်ရာရခဲ့ ပါသည်။ နောက်တစ်နေ့ မေလ ၁၉ ရက်တွင် မြ၀တီမြို့ရှိ စာတိုက်နှင့်ကြေးနန်းရုံးနားတွင် ဗုံးပေါက်ပြန်သည်။ သို့သော်လည်း လူအသေအပျောက်မရှိ။ နေပြည်တော်နားတွင် ဗုံပေါက်သဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်ရင်းအနည်းနှင့်အများ အလုပ်ရှုပ်မည်ဖြစ်သည်။ ၄င်းဗုံးသည် ညနေ ၄ နာရီတွင်ဗုံးပေါက်သော်လည်း ထိုနေ့ တွင် လုံခြုံရေးနှင့် ပတ်သက်ပြီး နေပြည်တွင် ဆောင်ရွက်မှု့အထွေအထူးမရှိ။ နောက်နေ့ညနေမှစပြီး နေပြည်တော် ရှိလမ်းတစ်ချို့တွင်လုံခြုံရေးချထားပြီး စစ်ဆေးမှု့များပြုလုပ်လာပါသည်။ ၄င်းဗုံးပေါက်မှု့သည် KNU လက်ချက်ဖြစ်ကြောင်း ဗုံးပေါက်သည့် မေလ ၁၈ ရက်တွင်ပင် အာဏာပိုင်မှ AFP သတင်းဌာန ကိုပြောခဲ့ပါ သည်။ မြန်မာစစ်အစိုးရသည် ရှေ့နောက်ညီအောင် ခုထိ ဇတ်မကတတ်သေးပါ။ နေပြည်တော်နားဗုံးပေါက်ကွဲမှု့ ကို KNU ဟုစွတ်ဆွဲလိုပါက ဗုံးပေါက်ပြီးနာရီပိုင်းအတွင်း နေပြည်တော်တွင်လုံခြုံရေး ကိုချက်ခြင်းတိုးချထားရ မည်ဖြစ်သည်။
ဗုံးဖေါက်သည့်တရားခံ ကိုတော့ ကြုံရာလိုက်ဆွဲသည်။ သို့သော် သဘာဝမကျ။ ဗုံးသည် ချိန်ကိုက်ဗုံးဖြစ်ပြီး တရား ခံဟုသံသရရှိသူ ၇ ဦးကိုဖမ်းဆီးထားပါသည်။ ၄င်းဖမ်းခံထားရသူ ၇ ဦးလုံးသည် ဗုံးပေါက်ကွဲသည့် ရထားတွဲ အမှတ် ၃ တွင် ဆီးနှင်းလိုက်ပါလာသောခရီးသည်များဖြစ်ပါသည်။ ဘယ်သူမဆို ကိုယ့်အန္တာရယ်ကို တော့သိတတ်ပါသည်။ ကိုယ်စီးတဲ့အတွဲ ကို ဘယ်ငတုံးမှဗုံးပြန်ခွဲမည်မဟုတ်၊ ထို့ပြင် ချိန်ကိုက်ဗုံးဖြစ်မှတော့ ဗုံးမပေါက်ခင် နီးစပ်ရာဘူတာသို့ ဆင်းနေမှာသေချာပါသည်။ ခုချိန်မှာ စစ်ဘီလူးများ၏ နှိပ်စက်ခြင်းကိုခံနေရ သော ၄င်းခရီးသည် ၇ ဦးကိုသနားမိပါသည်။ မထင်မှတ်ဘဲ စစ်အာရှင်၏သားကောင်ဖြစ်ရခြင်းတွက် ကိုယ်ခြင်း စာမိပါသည်။ နေပြည်တော်နားမှာ ရွေးချယ်ပြီး ဗုံးခွဲခြင်းသည် နေပြည်တော်တွင်ရောက်ရှိနေသော အမေရိကန် ဒုတိယနိုင်ငံ ခြားရေးဝန်ကြီးဂျိုးဇက်ယွန်းနှင့်လည်း ဆက်စပ်မှု့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော ဒီလိုမျိုးဧည့်သည် ကိုနေပြည်တော်မှ လုံးဝလက်ခံခြင်သည်မဟုတ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်မစ္စတာဘန်ကီမွန်းဖုန်းဆက်တာ တောင် ဗိုလ်ချုပ်သန်းရွှေက ဖြေသည်မဟုတ်။ ထို့အတူကုလသမဂ္ဂ ကိုယ်စားလှယ်များ လာပါက ပြည်ဝင်ခွင့် ဗီ ဇာ ကို ခက်ခက်ခဲခဲ ရအောင်တောင်းယူရသည်။ ယခုလည်း အမေရိကန် အစိုးရသည် မြန်မာစိုးရပေါ် ပိတ်ဆို့ အရေးခြင်းကို ၁ နှစ်သက်တမ်းတိုးပြီးမကြာခင်မှာ နေပြည်တော်သို့ရောက်ရှိလာသော အမေရိကန်၏ အဆင့် အမြင့်ဆုံးအရာရှိဖြစ်ခြင်းကြောင့် မျှော်လင့်ခြင်းတစ်ချို့နှင့်အတူ လက်ခံတွေ့ဆုံသော်လည်း ဂျိုးဇက်ယွန်း က မြန်မာအစိုးရသစ်ကို ဒီမိုကရေစီနည်းလမ်းကျကျ ပြုပြင်ပြောင်းလဲမှု့၊ လူ့အခွင့်အရေး၊ အကျဉ်းသားကိစ္စ များသာ ဖိအားပေးသွားပါသည်။ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး နှင့် ဆွေးနွေးမှု့များ အဆင်ပြေခဲ့ပါက အာရုံလွှဲရန်တွက် နေပြည်တော်နားမှာ ဗုံးမဖေါက်ဘဲ အခြားနေရာများတွင်သာဗုံးဖေါက်မှာဖြစ်သည်။
၂၀၀၉ ဖေဖေါ်ဝါရီလတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သော မစ္စတာ သော်မတ်စ်အိုဂျေကင်တားနား ( Mr Tomas Ojea Quintana) မြန်မာပြည်ရောက်ရှိပြီး ကရင်ပြည်နယ်သို့ လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ကွင်းဆင်းလေ့လာ ရန်ဖြစ်သည်။ သူသည် မြန်မာစစ်အစိုးရ၏ မလိုခြင်ဆုံး ဧည့် သည် တစ်ဦးဖြစ်၏။ ကင်တားနား ကရင်ပြည်နယ် ဖားအံမြို့သို့ရောက်ရှိတာနှင့် မြ၀တီမြို့တွင် ပေါက်ကွဲမှု့များ ဖြစ်တော့၏။ ဤပေါက်ကွဲမှု့သည် ဗုံးခွဲခြင်းမျိုးမဟုတ်၊ မြို့ထဲသို့ လက်နက်ကြီးအမြှောက်ဖြင့်ပစ်ခတ်ခြင်းဖြစ်၏။ ထုံးစံအတိုင်း KNU ဟုစွတ်စွဲပြန်သည်။ သို့သော် နအဖ ၏လုပ်ဇတ်သည် ဖင်ပေါ်စမြဲ။ လက်ရှိ KNU တွင်ထိုကဲ့ သို့ လက်နက်ကြီးအမြှောက် မရှိသည်ကို နိုင်ငံတကာ စစ်ရေးကျွမ်းကျင်သူများသိထားပြီးသားဖြစ်သလို လူ့အခွင့်ရေးတွက် တိုက်ပွဲဝင်နေသော KNU သည် မြန်မာပြည်တွင်းစစ်ကို လာရောက် ကူညီဖြေရှင်း ရန် ကမ္ဘာ့ကုလသမဂ္ဂ ကို နှစ်ရှည်လများတောင်ဆိုနေသော အဖွဲ့ဖြစ်သည်။ နောက်ဆုံးတွင် ကင်တာနား သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖားအံမြို့မှ လှည့်ပြန်ပြီး သူသွားခြင်သော ရခိုင်ပြည်နယ်ကိုပါ မရောက်တော့ဘဲ မြန်မာပြည်မှပြန်လည်ထွက်ခွါသွားရပါသည်။
ယခု အာဏာရှင်အစိုးရ၏ ခေါင်ကျွဲ ၂ ကောင်ခတ်ရာတွင် မြေဇာပင်များမှာ ပြည်သူများနှင့် တပ်မတော်သားတ ချို့တို့ဖြစ်နေရပါသည်။ ပြည်သူများ အာဏာရှင်စနစ်ကို မုန်းတီးနေသလို ပြည်သူဖက်ရပ်တည်ပြီး အာဏာရှင် ကို ဖြုတ်ချခြင်သော တပ်မတော်သားများလည်း ရှိနေပါသည်။ ပြည်သူချစ်သော တပ်မတော်သား များ မည်ကဲ့သို့စွန့်လွှတ်စွန့်စားပြီး ပြည်သူများကို ကယ်တင်နိုင်သည်ကို မြန်မာပြည်သူပြည်သားများစောင့်မျှော် လျှက်ရှိနေပါသည်။
မြန်မာပြည်သူပြည်သားများရန်မျိုး ၆ ပါးမှကင်းဝေးကြပါစေ။
ဖူးဒို မေလ ၂၄ ရက်၊ ၂၀၁၁ |
( ကိုယ့်အရှုတ်ထုတ်ကို ပြန်ရှင်းဖို့ပါ)
ဧပြီလကုန်ပိုင်းတွင် တရုတ်က အဆင့်မြှင့်မိုင်းရှင်းကိရိယာသစ်များကို မြန်မာစစ်တပ်သို့ ကုန်တင်ကား ၆ စီးဖြင့် ပေးပို့ခဲ့သည်ဟု နှစ်နိုင်ငံနယ်စပ်သတင်းရပ်ကွက်မှ သိရသည်။
ကချင်ပြည်နယ်အရှေ့တောင်ဘက် မံဝိန်းကြီး တရားမ၀င်နယ်စပ်ဂိတ်မှတဆင့် ၎င်းကိရိယာသစ်များကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု မူဆယ်နယ်စပ် စစ်ရေးလေ့လာသူများ ပြောသည်။
၎င်းမိုင်းရှင်းကိရိယာများသည် မြန်မာစစ်တပ်လက်ရှိအသုံးပြုနေသည့် မိုင်းရှင်းကိရိယာများနှင့်မတူဘဲ မြေမြှုပ်မိုင်းနှင့် အခြားချိန်ကိုက်မိုင်းများရှာဖွေရာတွင် ပိုမိုအဆင့်မြှင့်ကြောင်း ဆက်ဆိုသည်။
ယခုထောက်ပံ့မှုသည် မြန်မာနိုင်ငံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ General Xu Caihou ၏ နှစ်နိုင်ငံစစ်ရေးနှင့် အခြားပူးပေါင်းမှုများလက်မှတ်ရေးထိုးသည့် ၃ ရက်ကြာခရီးစဉ်မတိုင်ခင် ဖြစ်ပွားခဲ့သည်။
တရုတ်-မြန်မာစစ်ရေးပူးပေါင်းမှုသည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို လက်ခံရန် ငြင်းဆန်ခဲ့သည့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ ‘၀’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (United Wa State Army)၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (Kachin Independence Army)၊ ရှမ်းပြည်တပ်မတော် (Shan State Army) ကဲ့သို့သော လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်တပ်များကို ချေမှုန်းရန်ဖြစ်သည်ဟု နယ်စပ် စစ်ရေးလေ့လာသူများက သုံးသပ်သည်။
တရုတ်နိုင်ငံသည် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် မြန်မာအစိုးရသစ်၏ အဓိက မိတ်ဖက်နိုင်ငံဖြစ်ပြီး အဓိက လက်နက်ပံ့ပိုးသူလည်းဖြစ်သည်။ ရုရှား၊ မြောက်ကိုးရီးယား၊ တောင်ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ဆားဗီးယား၊ ယူကရိန်းနှင့် အစ္စရေးနိုင်ငံများသည်လည်း မြန်မာနိုင်ငံအား လက်နက်ထောက်ပံ့သည်။
မေ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ကချင်ပြည်နယ်တွင် KIAတားမြစ်နယ်မြေထဲသို့ ၀င်ရောက်ရန်ကြိုးပမ်းသည့် မြန်မာစစ်တပ်သားများမှာ KIA ၏လုံခြုံရေးမိုင်းကြောင့် ၁၂ ဦးထက်မနည်း ထိခိုက်ခဲ့သည်ဟု KIA အရာရှိများပြောသည်။
ကျင်သတင်းဌာနမှကူးယူဖေါ်ပြသည်။
Statement of Expanded Meeting of the Political Leading Board and Central Executive Committee – United Nationalities Federal Council
The expanded meeting of the United Nationalities Federal Council (UNFC) Political Leading Board and Central Executive Committee was held from May 9 to 12, 2011 successfully in a liberated area in the border region.
The meeting reviewed the domestic as well as the international situations and discussed thoroughly some adjustments necessary for more effective and smooth performance of internal work of the UNFC.
At this meeting, necessary amendments were made to the UNFC Constitution, which was adopted by the Ethnic Nationalities Conference held from February 12 to 16, 2011, in accordance with the provisions of the Constitution. The members of UNFC were selected and the 9-member executive committee was formed by consensus decision and in accordance with the amended Constitution.
The amendments and the undertakings made by the meeting were for the implementation of work for the time being and confirmation is to be obtained at the Conference to be held in the future.
The re-formed Central Executive Committee (CEC) is headed as chairman by Lt. Gen. N-Ban La. The former chairman, Gen. Mutu Say Poe, is to head the Defense Department and function as the Chief of Staff of the Federal Union Army. The goal of the UNFC is to establish the future Federal Union (of Burma) and the Federal Union Army is formed for giving protection to the people of the country.
Under the supervision of the CEC are the Organizing and Information Department, Defense Department, Finance Department, Foreign Affairs Department, Research and Legal Department and Relief and Rehabilitation Department, which will be responsible for carrying out work of the main programs of the UNFC.
The fundamental political problems of the Union of Burma today are the crumbling of national unity and loss of democratic rights due to the denial of national equality and self-determination. Analysis of the root cause shows that disintegration of national unity led to loss of the democratic rights. For that reason, national unity is the basic problem. On several occasions, the ethnic nationalities have tried to find an answer to the problem peacefully, by political means. However, those in power have refused consistently to resolve the problem correctly.
We, the UNFC, are desirous of finding an answer to the problem peacefully, by political means, bearing in mind the suffering of the entire people made up of the various nationalities, due to the civil war.
Accordingly, we call on the current regime in power of Burma to cease military offensive, which has been going on since March 13, 2011 against one of the UNFC member organizations, the Shan State Progressive Party/Shan State Army.
Central Executive Committeeထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်ဆောင်ယန်းမြို့နယ်နှင့် ဖုတ်ဖရမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူ ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းရှိ လူဦးရေစာရင်း အမှန်သိလိုသည့် အ ကြောင်းပြချက်ဖြင့် ယမန်နေ့မှစ၍ အဆိုပါ စခန်းနှစ်ခု၏ လူဦးရေစာရင်းကို စတင်စစ်ဆေးခဲ့သည်။
မယ်လစခန်း ဥက္ကဌ စောထွန်းထွန်းက “စခန်းထဲမှာ လူဦးရေစာရင်းတွေကို NGOs တမျိုး၊ KRC က တမျိုး၊ သူတို့(ထိုင်းအာ ဏာပိုင်)တွေတမျိုး မတူတဲ့အခါကျတော့ ဒီလို စစ်ဆေးမှုတွေ လာလုပ်တာဖြစ်တယ်။ ထိုင်းအစိုးရညွှန်ကြားလို့ မဟုတ်ဘဲ ဒုက္ခသည်စခန်းကို ကိုင်တွယ်နေတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်ရှိသူ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်သာဖြစ်ပါတယ်။ လူဦး ရေလာစစ်တာတခုတည်းနဲ့တော့ ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ နောက် လူစစ်ဆေးစဉ် စခန်းအတွင်းမှာ မရှိဘဲ ခရီးလွန်နေတဲ့သူတွေကို နာမည်စာရင်းမှတ်ထားပါတယ်။ လုံးဝဖျက်လိုက်တာတော့ မရှိဘူး။”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း နှစ်ခုကိုသာ လူဦး ရေစစ်ဆေးမှုများ ပြုလုပ်နေခြင်းသည် သက်ဆိုင်ရာ ဒုက္ခသည်စခန်းများကို တာဝန်ယူပေးနေသည့် ဒေသခံ ထိုင်းအာဏာ ပိုင်များ၏ အပေါ်တွင် မူတည်သည်ဟု သူက ဆက်ပြောသည်။
သို့သော် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း နေထိုင်သည်သည့် လူများကို ယခုလို ထိုင်းအာဏာပိုင်များ၏ လာ ရောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မည်သည့် အကြောင်းကြောင့်ဖြစ်ကြောင်း တပ်အပ် မပြောနိုင်ဟု ကရင်ဒုက္ခသည်များ ကော်မတီ (KRC) က ပြောသည်။
ထို့အပြင် အုန်းဖျန်စခန်း၌ ဒုက္ခသည်ဦးရေ လာစစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များသည် တလအတွင်းပြီးစေရန် မြန် သထက်မြန်အောင် စစ်ဆေးပေးနေသော်လည်း မယ်လစခန်းမှာမူ ၄လသတ်မှတ်ထားပြီး တရက်လျှင် အိမ်ထောင်စု ၅၀ သာ စစ်ပေးမည်ဖြစ်သည်ဟု သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် စာကပ်ထားကြောင်း မယ်လဒုက္ခသည်များက ဆိုသည်။ သို့ သော် လူဦးရေအမြန်စစ်ဆေးပြီးစေရန် လာမည့်ရက်များအတွင်း မယ်လစခန်းတွင် လူစစ်ဆေးခြင်း အစီအစဉ်ပြောင်းလဲ ပေးမည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း မယ်လစခန်း တာဝန်ရှိသူများက ဆိုသည်။
အုန်းဖျန်စခန်း လူမှုရေးတာဝန်ခံ စောထူးကလယ်က “ကျနော်တို့ စခန်းမှာတော့ ရပ်ကွက် ၁၆ခုရှိပြီးတော့ အခုဆိုရင် တရက်ကို ရပ်ကွက် ၂ခု စစ်တယ်။ ဒီနေ့ ရပ်ကွက် ၄ခု ပြီးနေပြီ။”ဟု ရှင်းပြသည်။
မယ်လစခန်း ဇုံအေ ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက “ ကျမတို့ရပ်ကွက်မှာကျတော့ တရက်ကို အိမ် ထောင်စု ၇၄စု သတ်မှတ်ထားပြီးစစ်တယ်။ စစ်တာကတော့ အမြန်နည်းနဲ့ပဲစစ်တယ်။ အိမ်ထောင်စုတစုလုံးကို တခါတည်း စုပြီး ဓါတ်ပုံလိုက်တာပဲ။ ကျမတို့အိမ်ထောင်စုက တယောက်မရှိတော့ စားရင်းကနေ ပယ်ဖျက်ခံရ လိုက်ရတယ်”ဟု ပြော သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက်မှ ၄၅ ကီလိုမီတာ ကွာဝေးသည့် ရပ်ကွက်ပေါင်း (၂၂)ခုရှိ မယ်လဒုက္ခ သည်စခန်းသည် လူဦးရေ ၄ သောင်းကျော် ရှိပြီး မဲဆောက်မြို့တောင်ဘက်မှ ၇၅ ကီလိုမီတာ ကွာဝေးသည့် ရပ်ကွက်(၁၆) ခုရှိ အုန်းဖျန်ဒုက္ခသည် စခန်းသည် လူဦးရေ ၂ သောင်းကျော်ရှိသည်ဟု KRC ၏ လစဉ်အစီရင်ခံစာ ဒုက္ခသည်လူဦးရေ စာရင်းတွင် ဖော်ပြထားသည်။
ကရင်လူမျိုးက နှစ်(၆၀)ကျော် အမျိုးသားလှုပ်ရှားမှု ဆင်နွဲပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ
စကားနဲ့ သီးခြားရပ်တည်နေတာကို မျက်ကွယ်ပြုပြီး ရခိုင်မြန်မာနဲ့ မှားနေတဲ့ သတင်းဌာနတစ်ခုအနေနဲ့ လက်ခံစရာမရှိပါဘူး။အယ်ဒီတာစိန်ဝင်းရဲ့ အရည်အချင်းကို ပြသဖို့ထက် သတင်းကိုသတင်းအမှန်အတိုင်းတင်ပြသင့်ပါတယ်။
ပြည်ပသတင်းဌာနတွေမှာ စစ်အစိုးရလူတွေ နေရာယူထားတာကို စွပ်စွဲဖို့ထက် သတင်းမှန်ကိုပဲ
အရှိကိုအရှိတိုင်း တင်ပြစေချင်တယ်။
မြန်မာလက်အောက်က လွတ်မြောက်ဖို့ကြိုးစားနေသူတွေပါ။ ဦးခိုင်မရဝါ မဟုတ်ပါဘူး။ ဦးခိုင်မြဝါပါ။ မပေါင်းတတ်ရင် ရခိုင်တွေသွားမေးပါအုံး။