Saturday, January 10, 2009
သတိပေးချက်
တတ်နိုင်သမျှ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နအဖရဲ့ media attack က နည်းမျိုးစုံ နဲ့ လာနိုင်ပါတယ်။ http://thebestofmyanmarblogs.blogspot.com/ မှ Most Popular Nominations ၂၀၀၈ ဘလော့အကယ်ဒမီပေးပွဲမှာ မဲပေးတဲ့ နေရာမှာ blog ပိုင်ရှင်နဲ့ အကဲဖြတ်ဒိုင်တွေ ဘယ်သူဆိုတာ ဘယ်သူမှ မသိပါဘူး။ သင် အမှတ်တမဲ့ cbox မှာ blog မှာ သွားရေးမိတဲ့အခါ သင့်ရဲ့ IP address ကို သူတို့  ရရှိသွားနိုင်ပါတယ်။ သင် ဘယ်မှာ နေတယ်။ သင်မည်သူသိ သွားနိုင်ပါတယ်။ ပြည်တွင်းမှရေးရသူ မျိုးချစ်လူငယ်များ အထူးသတိထားပေးပါ။ ထောင်ချောက်လား အစာလား ဘယ်သူမှမသိနိုင်ပါခင်ဗျား။
The IDPs of Eastern Burma rely on cross-border aid and intrepid groups such as the Free Burma Rangers (FBR) and the Back Pack Health Worker Teams Nowh
January 9, 2009 · No Comments
by Irrawaddy.news They are constantly running and hiding from the Burmese army. One 62-year-old Karen man said he believed he had fled in fear more than 100 times in his life. They build makeshift shelters in the jungle wherever they can and plant fields that might never see a harvest. With only the clothes on their backs and a few tools in their hands, they build schoolhouses from bamboo and try to give their children an education. More than anything, the Internally Displaced People (IDPs) of Eastern Burma try desperately to keep a candle of hope burning in their hearts.The IDPs of Eastern Burma rely on cross-border aid and intrepid groups such as the Free Burma Rangers (FBR) and the Back Pack Health Worker Teams to deliver it. The logistics are very difficult and the conditions are hazardous. With the dreaded Burmese army, or tatmadaw, controlling checkpoints on all roads, FBR teams must stick to jungle trails and use mules and porters for transportation.
continue http://www.irrawaddy.org/article.php?art_id=14900
Donations can give to http://www.freeburmarangers.org/
http://www.maetaoclinic.org/
read also RIGHTS-BURMA: Military Accused of Crimes Against Humanity
BANGKOK, Nov 9 (IPS) - An onslaught by Burmese troops in the eastern part of the military-ruled country, running for three years now, is laying the junta open to charge of ‘crimes against humanity’.
This new charge adds to a growing list of human rights violations that the South-east Asian nation’s ruling military regime is being slammed for, including the use of rape as a weapon of war in military campaigns in areas that are home to the country’s ethnic minorities. The country has been under the grip of successive juntas since a 1962 military coup.
Eyewitness accounts from civilians fleeing the territory under attack reveal a grim picture of the ‘tatmadaw’, as the Burmese military is called, targeting unarmed men, women and children in a ‘’widespread and systematic way,’’ say human rights and humanitarian groups.
An increasing number of refugees have been crossing over to northern Thailand from among the Karen ethnic community, the second largest ethnic group in Burma, or Myanmar. Many of them live in the mountainous Karen State, the territory where South-east Asia’s longest –and largely ignored — separatist conflict is being waged between Burmese troops and the armed wing of the Karen National Union (KNU).
‘’Myanmar’s troops are overtly targeting civilians; they are actively avoiding KNU military installations. That is why we are describing the attacks as ‘crimes against humanity’,’’ says Benjamin Zawacki, South-east Asia researcher for Amnesty International (AI), the global rights lobby. ‘’The violations are widespread and systematic.’’
‘’This campaign started in November 2005 and has escalated. They did not even stop during the annual monsoon period (from May to October), which was not the case before,’’ he explained during an IPS interview. ‘’There has been a shift in strategy and intensity. It is no more a dry season offensive.’’continue http://ipsnews.net/news.asp?idnews=44631
Friday, January 9, 2009
မန်းဝင်းမောင်၏အထ္ထုပ္ပတိ(အပိုင်း ၁)
Wednesday, January 7, 2009
ပြည်တွင်းက ပေးပို့လာတဲ့ မိသားစုမှတ်တမ်းတခုကို ပြန်လည်ရိုက်နှိပ်တင်ပြတာ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ တင်မြှောက်ခံရတဲ့ မြန်မာသမ္မတတဦးရဲ့ ရုပ်ပုံလွှာနဲ့ သမိုင်းမှတ်တမ်းအဖြစ် အမှတ်တရ ဖတ်ရှုနိုင်ရန်ဖြစ်ပါတယ်။ လက်ခံရရှိသမျှကို အပိုင်းလိုက်ခွဲ တင်ဆက်ပေးသွားပါ့မယ်။ (မိုးမခ)၁၉၅၇ ခု မတ်လ ၁၃ ရက် နံနက် ၁၁ နာရီအချိန်မှာ အတွင်းဝန်များရုံးဝင်း ပြည်သူ့လွှတ်တော်များ အဆောက်အဦတွင် လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အမတ်များရှေ့မှောက် နှင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ရှေ့မှောက်၌ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကိုကျိန်ဆိုပြီး လက်မှတ်ရေးထိုးပြီးသည့်နောက် ပါပါသည် နိုင်ငံတော် သမ္မတ ဖြစ်သွားပါတယ်။လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကြာသောအချိန်ကို ပြန်လည်ကြည့်လိုက်သောအခါ …ပါပါဟာ ၁၉၁၆ ခု ဧပြီလ ၁၇ ရက် မြန်မာသက္ကရာဇ် ၁၂၇၈ ခု၊ တန်ခူးလပြည့် တနင်္လာနေ့ နံနက် ၆ နာရီ အချိန်၊ အဘ ဦးရွှေရင်၊ အမေ ဒေါ်သာယာမှ လှဲဆိပ်ရွာမှာ မွေးဖွားပါတယ်။ လှဲဆိပ်ရွာဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်မှာဖြစ်ပြီး ပုသိမ်မြစ်နှင့်ဆက်လျက်ရှိသော ဓားကမြစ် ညာဘက်ကမ်းခြေပေါ်မှာ တည်ရှိပါတယ်။ ကျုံပျော်မြို့နှင့် ငါးမိုင်ခန့်ဝေးကွာပါတယ်။ လှဲဆိပ်ရွာဟာ မြစ်ကမ်းပါးတလျှောက် ရွာတန်းရှည်ဖြစ်ပြီး ဗမာပိုင်၊ ကရင်ပိုင်ဟူ၍ ခွဲခြားထားပါတယ်။ရွာတဖက်ကမ်းမှာ ဆန်စက်တလုံး ရှိပါတယ်။ ပုသိမ်မြို့မှ ဂျပန်ဆရာဝန် ဒေါက်တာကီမိုးရာ လာရောက် တည်ထားသော ဆန်စက်ဖြစ်ပါတယ်။ ဆန်ကြိတ်လုပ်ငန်းအပြင် ကြံသကာချက်သော လုပ်ငန်းပါလုပ် ပါတယ်။ ဆန်စက်ကို ဒေါက်တာကီမိုးရာက သူ့ကိုယ်စားလှယ်နှင့်လွှဲထားပြီး နွေဦးပေါက်မှစ၍ မိုးကူး သည်အထိ သူကိုယ်တိုင်လာရောက် နေထိုင်ပါတယ်။ သူ လာရောက်နေထိုင်စဉ်အတွင်း ဆေးကု သရေးလုပ်ငန်းကိုပါ လုပ်ကိုင်ပါတယ်။လှဲဆိပ်ရွာဟာ ပညာတတ်မြောက်တဲ့လူ ခပ်များများ မွေးထုတ်တယ်လို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာဖြစ်သလဲဆိုတော့ ဗြိတိသျှခေတ်ကပင် ဆယ်တန်းအောင်၊ ဘီအေအောင် ဆရာဖြစ်သင်အောင်၊ ဆရာဆရာမများ ဘွဲ့ရဆရာဝန်၊ သူနာပြုဆရာမများ၊ စာရေးစာချီများ အစရှိသည်တို့ကို မွေးထုတ် ခဲ့ပါတယ်။ နောက်သမ္မတဖြစ်လာမယ့် ပါပါကိုလည်း မွေးထုတ်ခဲ့ပါတယ်။ပါပါ့အဖေနှင့် အမေဟာ လယ်သမားသားသမီးများဖြစ်ပါတယ်။ လှဲဆိပ်ရွာဟာ ပါပါအမေရဲ့ဇာတိရွာ ဖြစ်ပါတယ်။ ပါပါအမေရဲ့ ညီအစ်ကို မောင်နှမတွေဟာ လှဲဆိပ်ရွာမှာပဲ စုနေကြပြီး လယ်ယာများ လုပ်ကိုင်ကြပါတယ်။ ပါပါ့အဖေဟာ မူလတန်းဆရာဖြစ်သင် ကျောင်းစာမေးပွဲအောင်ထားတော့ လှဲဆိပ်ရွာနှင့် သိပ်မဝေးသော နော်ဆင်ခေါင်ကြီးရွာမှာ ကျောင်းဆရာလုပ်ရင်း ပါပါအမေနဲ့ အကြောင်း ပါတယ်။ ပါပါ လူ့ပြည်ကိုရောက်လာတဲ့အချိန်မှာ ပါပါ့အဖေဟာ တောကျောင်းဆရာပဲ ဖြစ်နေသေးတယ်။ ပါပါ့မှာညီအစ်ကို မောင်နှမ ၄ ယောက်ရှိပါတယ်။ ယောက်ျား ၂ ယောက်၊ မိန်းမ ၂ ယောက် ဖြစ်ပါတယ်။ အကြီးဆုံးက မိန်းမဖြစ်ပြီး ဒုတိယဟာ ပါပါဖြစ်ပါတယ်။ ပါပါမွေးပြီး နှစ်နှစ်အကြာမှာ ကျုံပျော်မြို့မှာ ပညာအုပ်ရာထူး လစ်လပ်ပါတယ်။ ပါပါ့အဖေဟာ ဆရာဖြစ်လက်မှတ်ရထားတဲ့အပြင် အခြေခံပညာလည်းရှိတဲ့အတွက် ပညာအုပ်ရာထူးကို လျှောက်တော့ရပါတယ်။ ပညာအုပ်လုပ်ဟာ ကျုံပျော်မြို့နယ်ထဲမှာရှိတဲ့ ကျောင်းတွေကို လိုက်လံစစ်ဆေးရတယ်။ပါပါငယ်စဉ်က လှဲဆိပ်ရွာမှာပဲ ကျောင်းနေရပါတယ်။ ပညာအုပ်သား၊ ပညာအုပ်သားဆိုတော့ ထုံးစံအတိုင်း အရေးပေးခဲ့ရပါတယ်။ အရေးပေးခံရလို့ ပါပါက နွဲ့ဆိုး ဆိုးတယ်၊ မဆိုးဘူးဆိုတာတော့ ပါပါသတိမရဘူးလို့ ပြောတယ်။ ပါပါတို့ငယ်ငယ်တုန်းက စာသင်တာ သင်ပုန်းကြီးတန်းမှ ၂ တန်းအထိ ကျောက်သင်ပုန်းနှင့် ကျောက်တံကိုသာ သုံးရမယ်။ ကျောက်တံက တနေ့ တချောင်းလောက်ကျိုးတော့ ပါပါ့အတွက် ပါပါ့အဖေက ကျောက်တံကို ဘူးလိုက်ထားပေးတယ်။ ကျောက်တံ ခဏခဏ လုပ်ချိုး တော့ လုပ်ချိုးရကောင်းလားဆိုပြီး ပါပါ့အမေက ပါပါ့ကို တခါတခါ ရိုက်ပါတယ်။ ပါပါ့အဖေကတော့ ဘာမှ မပြောပါဘူး။ ပါပါမွေးပြီး သူ ပညာအုပ်ဖြစ်လို့ ပါပါဟာ သူ့အတွက် လာဘ်ကောင်းတယ်ဆိုပြီး ပါပါ့ကို အလိုလိုက်ထားပါတယ်။ပါပါ့အဖေနယ်ထွက် ကျောင်းစစ်ဆေးတဲ့အခါ ပါပါကို တခါတခါ ခေါ်သွားပါတယ်။ တရွာမှ တရွာကို ကူးသန်းသွားလာတော့ လမ်းလျှောက်ရတဲ့အခါလည်း ရှိတယ်။ နွားလှည်းနဲ့သွားရတဲ့အခါလည်းရှိတော့ လမ်းလျှောက်ရတဲ့အခါဆိုရင် ပါပါ့အဖေနဲ့အတူ သွားတဲ့လူတွေက တယောက်တလှည့် ပါပါ့ကို ပခုံးပေါ် မှာ ထမ်းသွားကြတယ်။ ပါပါတို့ငယ်ငယ်တုန်းက ဗျောက်အိုး ခေါ်တဲ့ ယမ်းနှင့် ကျောက်ခဲကလေး တွေရောထည့်ထားတဲ့ အအုပ်ရှိတယ်။ အဲဒီဗျောက်အိုးကိုပစ်လိုက်ရင် ထိတဲ့နေရာမှာ ပေါက်ကွဲပြီး အသံမြည်တယ်။ ကျောက်ခဲကလေးတွေကတော့ လွင့်စင်ကုန်တာပေါ့။နောက် မီးအိုး ဆိုပြီး လက်သန်းလောက်အရွယ် ၎င်းထက်ငယ်တဲ့အရွယ် အရှည်က တလက်မ လောက်ရှိမယ်။ ထိပ်မှာ မီးဇာအချောင်းလေး တပ်ထားတယ်။ အဲဒီမီးဇာကို ရှို့လိုက်ရင် မီးအိုးဟာ ပေါက်ကွဲပြီး အသံကြီးမြည် လာတယ်။ ဒီဗျောက်အိုးတို့၊ မီးအိုးတို့ဆိုတာ တရုတ်ပြည်က လာတယ်။ ပါပါငယ်ငယ်တုန်းက မီးအိုးဖောက်၊ ဗျောက်အိုးပစ် ဝါသနာပါတော့ အဖေ့နောက် ကျောင်းစစ်လိုက်တဲ့ အခါ ကျောင်းဆရာတွေက ပါပါ့ကို ဒါတွေပဲ ပေးကြတယ်။ ပါပါအနေနဲ့ မီးအိုး ဖောက်ရမယ်။ ဗျောက်အိုးပစ်ရမယ်ဆိုရင် ထမင်းစားရမှန်းတောင် မသိဘူး၊ အိမ်မှာနေတဲ့အခါ ထမင်းစားချိန်ကြရင် ပါပါ့အမေက ပါပါ မီးအိုး ဗျောက်အိုးတွေကို သိမ်းထားတယ်၊ ထမင်းစားပြီးမှ ပြန်ပေးတယ်။ပါပါ့အဖေဟာ ပညာအုပ်ဖြစ်တော့ ကျုံပျော်မြို့မှာ ရုံးထိုင်ပြီးနေတော့ လှဲဆိပ်ရွာမှာပဲနေတယ်။ မနက် ဆိုရင် သမ္ဗာန်နဲ့ ရုံးတက်ပြီး ညနေဆိုရင် သမ္ဗာန်နဲ့ပြန်လာတယ်။ ပါပါကျောင်း မတက်ရတဲ့နေ့ဆိုလျှင် ပါပါ့အဖေနောက် ပါပါလိုက်သွားလေ့ရှိတယ်။ တနေ့ ပါပါ့အဖေနောက်လိုက်သွားတော့ ကျုံပျော်မြို့ကို ပုသိမ်အရေးပိုင်လာမယ်ဆိုလို့ အစိုးရ အရာထမ်း၊ အမှုထမ်းတွေ ကြိုဆိုဧည့်ခံဖို့ ပြင်ဆင်မှုတွေလုပ် နေကြတယ်။ ဗြိတိသျှအစိုးရ လက်ထက်အုပ်ချုပ်မှုစနစ်ဟာ ဗမာပြည်ကို တိုင်းအဖြစ်ခွဲပြီး တိုင်းမှာ ခရိုင် မြို့နယ် ဆိုပြီး ထပ်မံခွဲလိုက်တယ်။ တိုင်းကိုဦးစီးအုပ်ချုပ်တဲ့အရာရှိကို တိုင်းမင်းကြီးဟူ၍လည်းကောင်း၊ ခရိုင်ကို ဦးစီးအုပ်ချုပ်သောအရာရှိကို အရေးပိုင်ဟူ၍လည်းကောင်း (အရေးပိုင်ဟူသော အမည်ကို ဂျပန်ခေတ် လွတ်လပ်ရေးရပြီးနောက် ခရိုင်ဝန်ဟု ပြောင်းလဲခေါ်ဝေါ်သည်။)မြို့နယ်နှစ်နယ်မှ သုံးနယ်ကို ဦးစီးအုပ်ချုပ်သော အရာရှိကို မြို့ပိုင်၊ သို့မဟုတ် မြို့အုပ်ဟူ၍ လည်းကောင်း ခေါ်ဝေါ်ပါသည်။ အရေးပိုင်ရာထူး ထမ်းဆောင်သူမှာ များသောအားဖြင့် အင်္ဂလိပ်မျက်နှာဖြူများသာဖြစ်ပါသည်။ အင်္ဂလိပ်မျက်နှာဖြူအရေးပိုင် ကျုံပျော်မြို့သို့လာသောနေ့မှာ ပါပါ ကျုံပျော်မြို့မှာ ရှိပါတယ်။ အရေးပိုင် ဟာ ပုသိမ်မြို့မှ ကျုံပျော်မြို့သို့ ပုသိမ်မြစ်မှ ဓားကမြစ်အတိုင်း အစိုးရသင်္ဘောဖြင့် လာပါတယ်။ အရေးပိုင် စီးနင်းလိုက်ပါလာတဲ့ သင်္ဘောဟာ နေအိမ်အဖြစ် စက်မပါဘဲ ဆောက်လုပ်ထားသော သင်္ဘောဖြစ်ပြီး၊ ယင်း နေအိမ်သုံးသင်္ဘောကို စက်ပါသော သင်္ဘောက ဆွဲလာရခြင်း ဖြစ်တယ်။ အင်္ဂလိပ်လို… ? ခေါ်တယ်။ ကျုံပျော်ကမ်းနား သင်္ဘောဆိပ်မှာ ရာဇမတ်ကာ၊ ထုံးဖြူသုတ်၊ အုန်းလက်၊ ငှက်ပျောပင်အစ ရှိသည် တို့နှင့် မွမ်းမံပြင်ဆင်ထားပါတယ်။ ပါပါတို့ အဖော်တစုနဲ့ ခပ်လှမ်းလှမ်းက နေကြည့်ပါတယ်။ အရေးပိုင်သင်္ဘောကပ်ပြီးနောက် နယ်ပိုင်ကသင်္ဘောပေါ် တက်သွားတယ် (ကျုံပျော်မြို့ဟာ မြို့နယ်သုံး နယ်ဖြစ်တဲ့ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် အသုတ်မြို့နယ်၊ များကို အုပ်ချုပ်တဲ့ နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။) ခဏနေ နယ်ပိုင်နှင့်အတူတူ အင်္ဂလိပ်အရေးပိုင် မင်းက ဆင်းလာတယ်၊ နောက် ရာဇမတ် အတွင်းမှာစောင့်နေတဲ့ အရာရှိတွေကိုတဦးစီ လိုက်လံနှုတ်ဆက်တယ်။ ပါပါတို့အဖေက အရာရှိကလေးဆိုတော့ နောက်ဆုံးနားလောက်မှာက နေရတယ်၊ အရေးပိုင်ကို တခမ်းတနား ကြိုဆိုတယ်။ လေးလေးစားစား ဆက်ဆံတာကို ပါပါတွေ့ရတော့ အရေးပိုင် အလုပ်ကို လုပ်ချင်လာတဲ့စိတ် ပါပါ့မှာ ပေါ်လာပါတယ်။ ပါပါရွာပြန်ရောက်တော့ ကျုံပျော်မြို့မှာ အရေးပိုင်ရောက် လာလို့ တခမ်းတနား ကြိုဆိုတဲ့အကြောင်း ပါပါတွေ့ခဲ့ရသမျှကို ရွာက အပေါင်းအသင်း များသာမက ဦးကြီး၊ အရီးများကိုပါ မမောတမ်း ဖောက်သည်ချပြောပြတယ်။ ပြောပြရုံတင်မကဘူး၊ ကြီးလာတော့ ပါပါလည်း အရေးပိုင်လုပ်မယ်လို့ပြောတယ်။အဲဒီကစပြီး ရွာကလူတွေက မင်းကြီး လာရင်ဘာလုပ်မလဲလို့မေးတိုင်း ပါပါ အရေးပိုင်လုပ်မယ် လို့ ပြန်ဖြေတယ်၊ ဒါနဲ့ ရွာကလူတွေ ခပ်များများက ပါပါကို အရေးပိုင်လို့ ခေါ်ကြတယ်။ (၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံးပြီးနောက် ပါပါဝန်ကြီးဖြစ်လာတဲ့အခါ ရွာကို ပြန်လည်ပါတယ်၊ ရွာရောက်တော့လူကြီးတချို့က ပါပါကို ဘာပြောသလဲဆိုတော့ မင်း ငယ်ငယ်တုန်းက ကြီးလာရင် အရေးပိုင်ဖြစ်မယ်ပြောပြီး ဖြစ်မယ့်ဖြစ်တော့ ဝန်ကြီးတောင်ဖြစ်နေပါလား ဆိုပြီး ပါပါကို ပြောကြတယ်။)လှဲဆိပ်ရွာကျောင်းဟာ မြန်မာစာသင်ကျောင်းပဲဖြစ်တယ်။ ဗြိတိသျှခေတ် ပညာရေးစနစ်ဟာ အင်္ဂလိပ် လိုချည်းသင်တဲ့ကျောင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာ သင်သောကျောင်း နှင့် မြန်မာစာသာ သင်သော ကျောင်းဟူ၍ ၃ မျိုး ၃ စား ဖြစ်ပါတယ်။ အင်္ဂလိပ်မြန်မာ ၂ ဘာသာသင်သော ကျောင်းများမှာ ကျောင်းသူကျောင်းသားများ အနေများကြပါတယ်။လှဲဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်အထိသာ ပါပါ့ကို ကျောင်းထားပြီး ၃ တန်းအောင်ပြီးနောက် ပုသိမ်မြို့ကျောင်းမှာ ဆက်လက် ကျောင်းထားဖို့ ပါပါ့အဖေမှာ အစီအစဉ် ရှိတယ်။ မြို့ကျောင်းရောက် တော့ အင်္ဂလိပ်စာသင်ရမှာမို့ အင်္ဂလိပ်စာလိုက်နိုင်အောင်ဆိုပြီး နွေရာသီကျောင်းပိတ်ရက်များမှာ ပါပါ့ကို အင်္ဂလိပ်စာ သင်ခိုင်းတယ်။ ပါပါ့ကို အင်္ဂလိပ်စာ သင်ပေးတဲ့ဆရာမဟာ ရွာထဲကပဲ။ သူလည်း ဆယ်တန်းအောင်ပြီး ပုသိမ်မြို့ အင်္ဂလိပ်မြန်မာစာသင် ကျောင်းမှာ ဆရာမ လုပ်တယ်၊ ကျောင်းပိတ် တုန်း သူ့မိဘထံ ပြန်လာခြင်း ဖြစ်တယ်။ပါပါ လှဲဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်ပြီး ပုသိမ်ကျောင်းကို ပြောင်းရွှေ့စာသင်ရတယ်။ ပါပါနေ တဲ့ကျောင်းဟာ မွန် ကရင် အထက်တန်းကျောင်း ဖြစ်ပါတယ်။ အဲဒီအခါမှာ အစ်မကြီးဟာ မွန်ကရင် အထက်တန်းကျောင်းမှာသွားနေတာ ၂ နှစ်၊ ၃ နှစ်ရှိသွားပြီး မွန် ကရင် အထက်တန်းကျောင်းဟာ ယောက်ျား၊ မိန်းမရောနေသောကျောင်း ဖြစ်ပါတယ်။ ရပ်ဝေးမှလာနေသော ကျောင်းသူကျောင်းသား များအတွက် ယောက်ျား ဘော်ဒါဆောင်၊ မိန်းမဘော်ဒါဆောင် ဟူ၍ ခွဲခြားထားပါတယ်။ ပါပါ ပုသိမ်ကျောင်းသွားနေတဲ့နှစ်ဟာ ပါပါငယ်သေးတဲ့အတွက် အထူးကိစ္စတရပ်အနေနဲ့ ပါပါ့အစ်မကြီးနဲ့ အတူတူ မိန်းကလေး ဘော်ဒါဆောင်မှာ နေခွင့်ရတယ်။ အဲဒီတုန်းက ပါပါက သင်တိုင်းပဲ ဝတ်ပါတယ်။ ပါပါကျောင်းတက်တော့ သင်တိုင်းပဲဝတ်လို့ မင်း မိန်းမ လား၊ ယောက်ျားလားဆိုပြီး ကျောင်းသားကြီးတွေရဲ့ မေးမြန်းခြင်းကိုခံခဲ့ရပါတယ်။ ဘော်ဒါမှာ ကျွေးတဲ့ ထမင်းဟင်းတွေဟာ အိမ်မှာနဲ့စာကြည့်ရင် ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။ နံနက်ပိုင်း ကျောင်းမတက်မီ တကြိမ်နှင့် ညနေပိုင်း ကျောင်းဆင်းချိန်မှာ တကြိမ်၊ တနေ့ ၂ ကြိမ် ကျွေးပါတယ်။ နံနက်ပိုင်းမှာ ထမင်း၊ ငါးပိရည်နှင့် တို့စရာ၊ ညနေပိုင်းကြတော့ ထမင်းနှင့် ပဲဟင်း၊ ဒါပဲ။ ပါပါ အစားအသောက်ဆင်းရဲမှာစိုးလို့ ပါပါ့အဖေက ပါပါ့အတွက် လပေးနဲ့ အပြင်မှာ ဟင်းလျာ မှာပေးတယ်။ နောက် လူကြုံရင် အိမ်ကနေ ငါးကြော်၊ ငါးပိကြော် အစရှိသည်တို့ကို ပို့ပေးတယ်။ပါပါ မွန် ကရင် အထက်တန်းကျောင်းရောက်တဲ့နှစ်မှာ ၃ တန်းမှာ နေရတယ်၊ တောရွာမှာနေစဉ် အင်္ဂလိပ်စာကြိုတင်သင်ကြားထားတဲ့အတွက် ၃ တန်းမှာနေရသော်လည်း ပါပါ့အတွက် အင်္ဂလိပ်စာ အခက်အခဲ မရှိဘူး။ ဟိုစဉ်က အင်္ဂလိပ်စာဆိုလျှင် သင်ပုန်းကြီးတန်းမှနေ သင်ပါတယ်။ ပါပါ ပုသိမ်ကျောင်းရောက်စမှာ အဖေနဲ့အမေကို အောက်မေ့တယ်။ ရွာကိုလည်း အောက်မေ့တယ်၊ နံနက် ၅ နာရီအချိန် ပုသိမ်မှ ဟင်္သာတသို့ထွက်ခွာတဲ့ မီးရထား ဥသြသံကြားရင် ပါပါ ငိုတာပဲ။ ပါပါ ပုသိမ်ကျောင်း စတင်နေသောနှစ်မှာ ပါပါ့အဖေကိုယ်တိုင် ပါပါ့ကို လိုက်ပို့တယ်၊ လှဲဆိပ်ရွာမှ ကျုံပျော်သို့ သမ္ဗာန်စီးရတယ်။ ကျုံပျော်မှ ရေကြည်သို့ ဖွတ်ကား စီးရတယ်။ ဟိုတုန်းက အမေရိကန် ဖို့(ဒ်)ကားပဲ ခေတ်စားပြီး အသုံးများကြတယ်။ ဖို့(ဒ်)ကားကို တောကလူတွေက ဖွတ်ကားလို့ ခေါ်ကြပါတယ်။ ရေကြည်ဟာ ပုသိမ်နဲ့ဟင်္သာတကြား မှာရှိတဲ့ ဘူတာမြို့ပဲ။ ရေကြည်ကနေ ပုသိမ်ကို မီးရထား စီးသွားရပါတယ်။ ကျောင်းပိတ်ပြန်တော့ လည်း ဒီလမ်းအတိုင်းပဲ၊ ကျောင်းဖွင့်တိုင်း အဖေကိုယ်တိုင် ကျောင်းကိုလိုက်ပို့ပြီး ကျောင်းပိတ်တော့ အဖေ မအားလို့မလာနိုင်တဲ့အခါ အမေ လာကြိုပါတယ်။ ပုသိမ်သို့ အဖေလာမကြိုနိုင်သော်လည်း ရေကြည်ဘူတာမှာတော့ အမြဲလာကြိုပါတယ်။ ပုသိမ် မွန် ကရင် အထက်တန်းကျောင်းမှာ တနှစ်နေပြီးနောက် တနှစ်ကျောင်းဖွင့်တော့ ပါပါ မိန်းကလေး ဘော်ဒါဆောင်မှာ နေခွင့်မရတော့ဘူး။ ပါပါ့အစ်မကြီးလည်း တခြား ကျောင်းတကျောင်းမှာ ပဲ နေရတယ်။ သင်တိုင်းလည်း မဝတ်တော့ဘူး။ ကျောင်းမဖွင့်မီ ပါပါ့အဖေက ပါပါ့ကို ကျုံပျော်ခေါ် သွားပြီး ရှပ်အင်္ကျီ ဘောင်းဘီတိုတွေ ချုပ်ပေးတယ်။ နောက်ဖိနပ်ဆိုင်မှာ ဘွတ်ဖိနပ်ခေါ်တဲ့ ဖိနပ် အမြင့်စားကို ချုပ်ပေးတယ်။ ကျောင်းတက်တော့ ဝတ်ဖို့ဖြစ်ပါတယ်။ ပါပါ့အဖေဟာ ပါပါ့ကို ရှပ်အင်္ကျီ၊ ဘောင်းဘီတို၊ ဘွတ်ဖိနပ်တွေချုပ်ပေးသော်လည်း ပါပါ့နာမည်ကိုတော့ ဗမာလိုပဲ ပေးပါတယ်။အဲဒီအချိန်မှာ ပညာတတ်လူတန်းစားတွေဟာ သူတို့ သားသမီးများကို အများအားဖြင့် အင်္ဂလိပ် နာမည်ပေးတဲ့ခေတ်ဖြစ်ပါတယ်။ပါပါဟာ ငယ်ရွယ်စဉ်ကပင် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းနှင့် ထိတွေ့ခဲ့ရပါတယ်။ ပုသိမ်ကျောင်း မှာနေစဉ် နွေရာသီကျောင်းပိတ်ချိန် တချိန်မှာ ရွာပြန်လာတဲ့အခါ အပေါင်းအသင်းများနှင့် ကမ်းနား သစ်ပင်မှ နွယ်ကြိုးကို တယောက်တလဲ တွဲလွဲခိုပြီး၊ ဒန်းအဖြစ် မြစ်ဘက်ကို လွှဲစီးကြတယ်။ ပါပါအလှည့်ရောက်တော့ အဖော်တယောက်နှင့်အတူစီးတော့ မြစ်ဘက်ကို ရောက်သွားတဲ့အခါ နွယ်ကြိုးဟာ ပြတ်သွားပါတယ်။ ဖြစ်ချင်တော့ မြစ်ထဲမှာ ပေါ်ချည်မြုပ်ချည်မြောလာတဲ့ ငါးငုပ်ပေါ်မှာ ပါပါတို့ ကျသွားတယ်။ ပါပါ့အဖော်က ခေါင်းပေါက်ပြီး ပါပါကတော့ မေးစေ့ထိသွားပြီး အရိုးပေါ်သွား တယ်။ ပါပါအဖေနှင့် အမေက ပါပါ့ကို ရွာတဖက်ကမ်းရှိ ဒေါက်တာကီမိုးရာဆီ ခေါ်သွားတယ်။ ဒေါက်တာကီမိုး ရာ က ဆေးထည့်ပြီး ပြန်ချုပ်ပေးတယ်။နောက် ဒီဇင်ဘာခရစ်စမတ် ကျောင်းပိတ်ချိန်တချိန်မှာလည်း ရွာပြန်ရောက်ပြီး ဦးလေးလယ်ထဲကို သွားလည်တယ်။ စပါးရိတ်သိမ်းချိန်ဖြစ်တော့ တလင်းထဲမှာ စပါးနယ်တဲ့လူက နယ်၊ လွှေ့တဲ့လူက လွှေ့နဲ့ အလုပ်များနေကြတယ်။ ပါပါလည်း တလမ်း ထဲလျှောက်ပြေးကစားရင်း ချော်လဲပါတယ်။ ဦးလေး မွေးထားတဲ့ အင်းခွေးကြီးအပေါ်မှာ ချော်လဲမိလို့ အင်းခွေးကြီးက ပါပါ့မျက်နှာကို ထကိုက် တယ်။ ဘေးနားက လူတွေက ပါပါမျက်နှာကို ခွေးကိုက်ထားတာတွေ့တော့ မျက်လုံးကန်းကုန်ပြီလို့ တွက်ကြတယ်။ ခွေးကို မောင်းထုတ်ကြပြီး ပါပါ့ကို လာထူကြတယ်။ ပါပါ့မျက်နှာမှာတော့ သွေးတွေ နဲ့ပေါ့။ ကံကောင်းလို့ ခွေးကိုက်တာ မျက်လုံး မထိဘူး။ မျက်လုံးနားမှာ ကပ်ထိတော့ အနာရွတ် ကျန်ရစ်ခဲ့တယ်။ ပါပါကြီးပြင်းလာတဲ့အခါ ဂျပန်တော်လှန်ရေး မှာ လေထီးနဲ့ဆင်းတော့ ပေါင်ကျိုးခဲ့တယ်။ နံရိုးတချောင်း လည်း ကျိုးခဲ့တယ်။ သမ္မတဖြစ်တဲ့အခါမှာ မြင်းပေါ်မှလိမ့်ကျလို့ ဦးခေါင်းခွံ ကွဲအက်သွားတယ်။၁၉၂၅ (သို့) ၂ဝ ရာစုမှာ ငသိုင်းချောင်း ရေကာတာ ကျိုးတယ်။ အဲဒီအချိန်မှာ ပါပါက ပုသိမ်ကျောင်းမှာ စာသင်နေတယ်။ သီတင်းကျွတ်ကျောင်းပိတ်၊ ပါပါပြန်လာတော့ ရေကြည်နှင့် ကျုံပျော်သွား ကားလမ်း တချို့ပေါ်မှာ ရေမြုပ်နေသေးတာကို တွေ့ရတယ်။ ဒီလိုရေမြုပ်တဲ့နေရာမှာ ကားဖြည်းဖြည်း မောင်းရ တယ်။ ကျုံပျော်ရောက်တော့ ကမ်းနားမှာရှိတဲ့အိမ်တွေ ရေမြုပ်နေသေးတာကို တွေ့ရတယ်။ဓားကချောင်းလည်း ၄ - ၅ ဆ လောက် ကျယ်သွားတယ်။ ရွာကို သမ္ဗာန်နဲ့ပြန်တော့ ရေမြုပ်နေ သေးတဲ့ ရွာနဲ့ဥယျာဉ်ခြံထဲမှာ ခတ်သွားရတယ်။ အိမ်ပြန်ရောက်တော့ အိမ်အောက်မှာ ရေသုံးပေ လောက် ရှိသေးတယ်။ ရေကြီးတုန်းက ပျဉ်ပြားခင်းထားတဲ့အဆင့် ရောက်ဖို့ တထွာလောက်ပဲ လိုတယ်လို့ အဖေနှင့်အမေက ပြောပြတယ်။ ပါပါ့အဖေက ငါးယောက်ဆန့်တဲ့ လှေတစင်း ဝယ်ထားတယ်။ ပါပါလည်း ရွာထဲလျှောက်လည်တော့ လှေနဲ့ပဲ သွားရတယ်။ အဲဒီထဲကစပြီး ပါပါလှေလှော် တတ်တယ်။ တခါ ပါပါ့အမေက ပါပါ့ကို မြစ်ဖြတ်ပြီး တဖက်ကမ်းရောက်အောင် လှေလှော်ပြတယ်။ ပြန်လာတော့ ပါပါ့အဖေကသိလို့ လှေမှောက်သွားရင် ဘယ်နှယ့်လုပ်မလဲဆိုပြီး ပါပါ့အမေကို ဆူတယ်။၁၉၂၇ ခုနှစ်၊ မတ်လမှာ ခါတိုင်းနှစ်များကဲ့သို့ မွန် ကရင် အထက်တန်းကျောင်းဟာ နွေရာသီအတွက် ကျောင်းပိတ်ပါတယ်။ အဲဒီနှစ်မှာ ပါပါက ၅ တန်းစာမေးပွဲဖြေဆိုထားပါတယ်။ ကျောင်းပိတ်ရင် ပါပါ့ အဖေ သို့မဟုတ် အမေ အမြဲတမ်း လာရောက်ကြိုပါတယ်။ အဲဒီနှစ် ပါပါ့အဖေရော အမေပါ မလာကြပါ။ ပါပါ့အဖေက မအားလို့ အမေက သိပ်နေမကောင်းလို့ဆိုပြီး လူကြုံနဲ့ စကားပါးလိုက်ပါတယ်။ အဲဒီနှစ် လူကြုံနဲ့ပဲ ပါပါ ပြန်သွားရပါတယ်။ ရေကြည်ဘူတာကျတော့ အမြဲတမ်းလာကြိုနေတဲ့ ပါပါ့အဖေကို လည်း ပါပါ မတွေ့ဘူး။ ဘာများဖြစ်နေကြသလဲဆိုတာ ပါပါ့စိတ်ထဲမှာ သံသယဝင်လာပါတယ်။ကျုံပျော်မြို့ကို နံနက် ၁ဝ နာရီအချိန်မှာ ရောက်သွားပါတယ်။ ခါတိုင်းဆိုလျှင် ကျုံပျော်မှာ ထမင်း စားသောက်ပြီးမှ ရွာကိုပြန်လေ့ရှိပါတယ်။ ဒီတခါ ပါပါ ထမင်းစားချင်စိတ်မရှိဘူး။ ရွာကိုပဲတန်းပြန်ချင် တဲ့စိတ်ဟာ ပြင်းပြပါတယ်။ ရွာကို နံနက် ၁၁ နာရီအချိန်မှာ ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ပါပါ ဘာကိုတွေ့သလဲဆိုတော့ ပါပါ့အဖေ နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်မှာလဲနေတာ တွေ့ရတယ်။ နေမကောင်းတာ ၂ လ - ၃ လရှိပြီဖြစ်ကြောင်း သိရပါတယ်။ ပါပါ့အမေကတော့ နေကောင်းပါတယ်။ ပါပါ့အဖေရဲ့ရောဂါဟာ ဝမ်းကိုက်ရောဂါ ဖြစ်ပါတယ်။ ကျုံပျော်မြို့က ဆရာလည်း တလ တခါ လာ ရောက်ဆေးထိုး ကုသပေးပါတယ်။သို့သော် သက်သာလာခြင်း မရှိပါ။ ပါပါပြန်ရောက်သွားတဲ့အချိန်မှာ ပါပါ့အဖေဟာ တော်တော်ကလေး ပိန်သွားပါတယ်။ ကျုံပျော်မြို့က ဆရာဝန်နဲ့ကုသတာ မသက်သာတဲ့အတွက် ဗိန္ဓောဆရာနဲ့ ထပ်မံ ကုသတယ်။ အကြောင်းမထူးပါ။ ကျုံပျော်မြို့က ဆရာဝန်ရော၊ ဗိန္ဓောဆရာပါ လက်လျော့လိုက်ကြ ပါတယ်။၁၉၂၇ ခု၊ မေလ ၂၉ ရက် နံနက် ၂ နာရီအချိန်မှာ ပါပါ အိပ်ကောင်းတုန်း ပါပါအမေက ပါပါ့ကို သားကြီး သားကြီး ထထ လို့ နှိုးပါတယ်။ ပါပါနိုးလာတော့ ပါပါ့အမေက ငိုယိုပြီး 'သားကြီးအဖေ ဆုံးသွားပြီ' လို့ ပါပါ့ကို ပြောပါတယ်။ ပါပါ့အဖေရဲ့အလောင်းကို ရေချိုးပေးကြပြီး အဝတ်အစားများ လဲပေးကြပါတယ်။ ပါပါ့အဖေသေဆုံးတဲ့ အချိန်မှာ ပါပါအဖေဟာ အရိုးနှင့်အရေလောက်ပဲ ကျန်ပါတော့တယ်။ ရွာရဲ့ ဓလေ့ထုံးစံအတိုင်း ပါပါ့ အဖေအတွက် ခေါင်းစပ်ကြပါတယ်။ ပါပါ ခေါင်းစပ်တဲ့နေရာကို သွားကြည့်တယ်။ ခေါင်းစပ်တဲ့လူတွေ က ပါပါ့ကိုတွေ့တော့ သူတို့အချင်းချင်း ဒီကလေးလည်း သူ့အဖေဆုံးလို့ ကျောင်း ဆက်နေနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ပါပါ့အဖေကို ရွာသင်္ချိုင်းမှာပဲ မြှုပ်နှံသင်္ဂြိုဟ်ပါတယ်။ လှဲဆိပ်ရွာ သင်္ချိုင်း မှာ ယခုထက်တိုင် ပါပါ့အဖေရဲ့ ဂူဟာ ရှိနေပါတယ်။(ဆက်လက်ဖော်ပြပါမည်)

၇ နှစ်သမီး အဓမ္မကျင့် အသတ်ခံရဟု ကရင်အဖွဲ့ပြော
Thursday, 08 January 2009 19:24 ဧရာဝတီ
အဓမ္မကျင့်ပြီး ပစ်သတ် ခံခဲ့ရသော ပဲခူးတိုင်း အတွင်းမှ အသက် ၇ နှစ်အရွယ် ကရင် မိန်းကလေး တဦး၏ အမှုနှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးရန် ကရင် အမျိုးသမီး အစည်းအရုံး (KWO) က တောင်းဆိုထားသည်။ယခုလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သော KWO ၏ အရေးပေါ် ကြေညာချက်တွင် အဆိုပါအမှုမှာ ကရင် နှစ်သစ်ကူးနေ့ (ဒီဇင်ဘာ ၂၇ ရက်နေ့) က ညောင်လေးပင်မြို့နယ် မအူပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ရေးသားထားသည်။ ထိုရွာအနီး တပ်စွဲထားသည့် အမှတ် ၃၅၀ ခြေမြန်တပ်ရင်းမှ စစ်သားတဦး၏ လက်ချက် ဖြစ်ကြောင်း စွပ်စွဲထားသည်။စစ်အစိုးရ အာဏာပိုင်များက KWO ၏ အဆိုပါ စွပ်စွဲချက်နှင့် ပတ်သက်၍ ယနေ့ အချိန်အထိ တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပေ။ကြေညာချက် ထုတ်ပြန်သည့် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် KWO အဖွဲ့က ဤအမှု အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေသည်။KWO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး နော်ဘလူးမင်းနိုက်ဇန်က “ညနေ ၅ နာရီလောက်မှာ ရဲဘော် တယောက်က သေနတ်နဲ့ ရွာထဲ ဝင်လာတာကို ရွာသားတွေက မြင်လိုက်တယ်တဲ့။ နောက်မကြာခင်မှာပဲ အော်သံ တခုကြားတယ်၊ ရွာက လူတွေကလည်း နားစွင့်နေကြတယ်။ မထွက်ရဲကြဘူး။ နောက်တော့ ကလေးမလေးရဲ့ ဦးလေးက ရွာက လူကြီးတွေကို အကြောင်းကြားတယ်၊ စစ်ဆေး ကြည့်လိုက်တော့ မုဒိန်းကျင့်ထားတာ တွေ့တယ်၊ သေနတ်နဲ့ သုံးချက်ပစ်ထားတာ တွေ့တယ်လို့ ပြောတယ်” ဟု ပြောပြသည်။ရွာသား အချို့က ခမရ ၃၅၀ သို့ သွားရောက်ပြီး တိုင်ကြားခဲ့ရာ လက်ခံ နားထောင်ခြင်း မရှိခဲ့ကြောင်း၊ ယခင်ကလည်း စစ်သားများက ရွာအတွင်းသို့ မကြာခဏ ဝင်ရောက်လာပြီး လုပ်အားပေး ခိုင်းစေခြင်း၊ ရိက္ခာများ တောင်းယူခြင်း၊ အမျိုးသမီးများကို စော်ကားခြင်းများ ပြုလုပ်သည်ဟု သတင်းများ ရရှိထားကြောင်း နော်ဘလူးမင်းနိုက်ဇန်က ပြောသည်။အလားတူပင် နိုဝင်ဘာလ အတွင်းကလည်း တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အမယ် (Amae) ကျေးရွာတွင် အသက် ၁၇ နှစ်အရွယ် မွန်တိုင်းရင်းသူ တဦးကို စစ်သား ၇ ယောက်က အုပ်စုလိုက် မုဒိမ်းကျင့်မှုတခု ဖြစ်ပွားခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မွန်လူ့အခွင့်အရေးအဖွဲ့ HURFOM က ဆိုသည်။HURFOM ၏ ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၇ မှ အရာရှိတဦးနှင့် စစ်သားများက ထိုအမှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ တိုက်ပွဲများ ဖြစ်ပွားရာ နယ်စပ်ဒေသ တလျှောက်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးပြုနေကြောင်း အမျိုးသမီး အဖွဲ့များက ထောက်ပြထားသည်။၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သော KWO ၏ အစီရင်ခံစာ တွင်လည်း ယင်းကဲ့သို့ ဖော်ပြထားပြီး ၁၉၈၈ မှ ၂၀၀၄ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၁၂၅ မှု ဖြစ်ပွားခဲ့သည်ဟု စာရင်းပြုစုထားသည်။ ကျူးလွန်သူ ထက်ဝက်ခန့်သည် တပ်မတော် အရာရှိများ ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်းမှာ အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ကြောင်း၊ ၂၈ ရာခိုင်နှုန်းတွင် ကျူးလွန်ခံရသူ အမျိုးသမီးများ အသက်ဆုံးရှုံး ခဲ့ရကြောင်း ဖော်ပြထားသည်။ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဖလှယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) ၏ “မုဒိန်းကျင့်ခွင့်လိုင်စင်” အမည်ရှိ အစီရင်ခံစာ (၂၀၀၂ ခုနှစ်) တွင် စစ်အစိုးရ တပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့် မတော်မတရား မှုများကို ဖွင့်ချထားသည်။ ၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်း အမျိုးသမီး ၆၂၅ ဦးသည် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

ခရစ်ယာန်ဘာသာဝင်များ နေအိမ်တွင်း ဝတ်ပြုခွင့် ပိတ်ပင်
ကြာသပတေးနေ့၊ ဇန်နဝါရီလ 08 2009 18 :24 - မြန်မာစံတော်ချိန်
နယူးဒေလီ (မဇ္ဈိမ)။ ။ လူနေအိမ်ခန်းများတွင် ဘုရားကျောင်းအဖြစ် သတ်မှတ်ကာ ဝတ်ပြုဆုတောင်းပွဲ မပြုလုပ်ရန် အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး၊ မလိုက်နာပါက ချိပ်ပိတ်ပစ်မည်ဟု တနင်္လာနေ့က ပြောကြားခဲ့သဖြင့် မြို့တော်ဟောင်း ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်များ အပြောအရ သိရသည်။ရန်ကုန်မြို့လယ်ရှိ အဓိကကျသည့် ဘုရားကျောင်းများမှ တရားဟောဆရာများအား ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက တနင်္လာနေ့တွင် သူတို့ရုံးသို့ ဆင့်ခေါ်ပြီး လူနေအိမ်ခန်းများတွင် ဝတ်ပြုဆုတောင်းခြင်း မပြုလုပ်ရန် သတိပေး ပြောကြားခဲ့ရာသည်၊။ "ကျနော်တို့ ဝတ်ပြု ဆုတောင်းတာတွေ ဆက်လုပ်မယ်ဆိုရင် ဘုရားကျောင်းတွေကို ချိပ်ပိတ်သိမ်းဆည်းသွားမယ်လို့ သူတို့ (အာဏာပိုင်) တွေက ကျနော်တို့ကို သတိပေးသွားတယ်" ဟု အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပန်းပဲတန်းမြို့နယ် ဘုရားကျောင်းမှ တရားဟောဆရာတဦးက ပြောသည်။ လက်တုံ့ပြန် အရေးယူခံရမည်ကို ကြောက်ရွံ့၍ အမည်မဖော်လိုသူ တရားဟောဆရာက မဇ္ဈိမကို ပြောကြားရာတွင် ဘုရားကျောင်းလူကြီးနှင့် တရားဟောဆရာ ၅ဝ ခန့် ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဆိုပါ ဝတ်ပြုဆုတောင်းခြင်းများ ရပ်ဆိုင်းပါမည်ဟု ဝန်ခံကတိပြုလွှာ ၅ စောင်ကျော်ကို လက်မှတ်ရေးထိုး ပေးခဲ့ကြရသည်ဟု ဆိုသည်။ "ဒီဝန်ခံချက်တွေမှာ ရေးထားတာက အမိန့်အတိုင်း မလိုက်နာရင် ဘုရားကျောင်းတွေကို ပိတ်မယ်။ ကျနော်တို့ကို အရေးယူအပြစ်ပေးမယ် (ထောင်တောင်ချနိုင်တယ်) စသဖြင့် ရေးထားတာဖြစ်ပါတယ်" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။ ကျောက်တံတားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တနင်္လာနေ့၌ အဆိုပါ အစည်းအဝေး ကျင်းပခဲ့သည်ကို အတည်ပြု ပြောဆိုသော်လည်း၊ စည်းဝေးပွဲတွင် ပြောကြားဆွေးနွေးချက်များကိုမူ အသေးစိတ် ရှင်းလင်းပြောကြားရန် ငြင်းဆိုသည်။သို့သော် တရားဟောဆရာ၏ အပြောအရမူ အများစုမှာ ရန်ကုန်မြို့လယ်တွင် တည်ရှိသော ဘုရားကျောင်း ၁ဝဝ ကျော်မှ ကိုယ်စားလှယ်များအား အာဏာပိုင်များက အစည်းအဝေးတက်ရန် ဖိတ်ကြားခဲ့ပြီး၊ ဤအမိန့်သစ်နှင့် စပ်လျဉ်း၍ အသိပေး ပြောကြားခဲ့သည်ဟု ဆိုသည်။"ကျနော်တို့ အစည်းအဝေးဖိတ်စာကို လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ရပါတယ်။ အခု တနင်္ဂနွေဘုရားကျောင်းမှာ ဝတ်ပြုစည်းဝေး၊ ဆုတောင်းတာတွေနဲ့ ပတ်သက်လို့ ဘာလုပ်ရမယ်ဆိုတာ မသိသေးပါဘူး" ဟု အဆိုပါ တရားဟောဆရာက ပြောသည်။ ဘာသာရေး အဖွဲ့အစည်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများကို မြေဝယ်ယူပိုင်ဆိုင်ခွင့်နှင့် ဘုရားကျောင်း ဆောက်လုပ်ခြင်း ပါမစ်များ ထုတ်ပေးခြင်းကို မြန်မာစစ်အာဏာပိုင်များက ရပ်ဆိုင်းထားသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ဒေသခံဘုရားကျောင်း အတော်များများမှာ ဝတ်ပြုဆုတောင်ခြင်းကို ပုဂ္ဂလိကပိုင်ရှင်များ၏ အမည်ဖြင့် ဝယ်ယူ ငှားရမ်းထားရသော လူနေအိမ်ခန်းများတွင်သာ ကျင်းပ ပြုလုပ်နေရသည်။အဆိုပါ တရားဟောဆရာ အပါအဝင် ဘုရားကျောင်းလူကြီးများ၏ အဆိုအရ ထိုသို့ ရန်ကုန်မြို့လယ် လူနေအိမ်ခန်းများတွင် တည်ရှိသည့် ဘုရားကျောင်းများမှာ အနည်းဆုံး ၁ဝဝ အထိရှိပြီး ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ တာမွေ၊ လှိုင်၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်းနှင့် ဗဟန်းမြို့နယ်များ အပါအဝင် မြို့နယ်အများအပြားတွင် တည်ရှိသည်ဟု ဆိုသည်။ ရန်ကုန်မြို့ရှိ ဘုရားကျောင်းအများစုမှာ ထိုကဲ့သို့ လူနေအိမ်ခန်းများတွင်သာ ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်ရသည့်အတွက် ထိုသို့ ဝတ်ပြုဆုတောင်းခြင်းများကို ပိတ်ပင်လိုက်သည့် အမိန့်သည် ခရစ်ယာန် ဘာသာဝင်များ၏ ဘာသာရေး ဝတ်ပြု ကိုးကွယ်မှုများကို ရပ်တန့် တားဆီးလိုက်သကဲ့သို့ပင် ဖြစ်နေကြောင်းဖြင့် ရန်ကုန်မြို့ရှိ ခရစ်ယာန်ဘာသာဝင် လူငယ်တဦးက မဇ္ဈိမသို့ အီးမေးလ်ဖြင့် ပေးပို့သည့်စာတွင် ရေးသားဖော်ပြထားသည်။"ရန်ကုန်မြို့က ဘုရားကျောင်း ၈ဝ ရာခိုင်နှုန်းက ဒီအမိန့်နဲ့ အကြုံးဝင်နေတယ်။ ဘုရားကျောင်း အနည်းငယ်လောက်ပဲ ကိုယ်ပိုင်မြေရှိတာ။ ဘုရားကျောင်းအများစုက ငှားထားတဲ့ အဆောက်အဦတွေ၊ အိမ်ခန်းတွေ၊ ရုံးခန်းပုံစံအခန်းတွေမှာပဲ လုပ်ထားရတာ၊ ဝတ်ပြုဆုတောင်းတာတွေ လုပ်ရတာ" ဟု အဆိုပါ လူငယ်က ရှင်းလင်းရေးသားထားသည်။ "မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘာသာဝင်တွေအတွက် ခင်ဗျားတို့ ဆုတောင်းပေးကြပါ" ဟုလည်း သူက ရေးသားထားသည်။ စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဤသို့ ဘာသာရေးအရ ဖိနှိပ်ခြင်းနှင့် ဘာသာရေး အခမ်းအနားများကို ပိတ်ပင်တားဆီးခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုထုတ်ပြန်ထားသော အမိန့်သစ်သည် ခရစ်ယာန် ဘာသာဝင်များကို ပုံမှန်တွေ့ဆုံ ဆုတောင်းဝတ်ပြုခြင်းများကို ရပ်တန့်စေရန် ကြိုးပမ်းမှုတရပ် ဖြစ်သည်ဟု အခြား တရားဟောဆရာက ဆိုသည်။သူတို့၏ အုပ်စိုးမှု သက်ဆိုးရှည်ရန်နှင့် ပြည်သူလူထုအား ဖိနှိပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားသည်ကို ပြသသည့်အနေနှင့် မြန်မာစစ်အစိုးရသည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့သည်။ ဤဖြစ်ရပ်ကြောင့် ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံတွင် လူအများ ကြည်ညိုလေးစားရသည့် သံဃာတော် ရာပေါင်းများစွာ သေဆုံးခဲ့ကြရသည်ဟု အတိုက်အခံ သတင်းရပ်ကွက်များက ဆိုသည်။

Land seized and resold at a premium by headman in Karen State
News
Wed 07 Jan 2009, Asah, IMNA
A regime-appointed village headman in Karen State is reselling land after organizing road construction that significantly increased land values. In December, the headman of Thanle village, Hpa-an Township, seized a swath of land to construct a half-mile long new road connecting the village to the Zarthapyin (Zathabyin ) to Myawaddy road. According to villagers, no one raised any opposition because the headman, Nai Kyaw San, lead residents to believe that the road construction was a government-organized project. The construction work was carried out by government employees, who Nai Kyaw San hired away from road repairs on a nearby section of the Myawaddy road. Nai Kyaw San then put 20 parcels of land up for sale on either side of the new road, which offers a shorter, more direct connection to the main road than the existing, circuitous route. Land parcels are being sold for 6 kyat-tha, and descend in value to 5 and then 4 kyat-tha as their distance from the village extends. Kyat-tha are a Burmese measurement used to quantify prices in terms of gold, used by many villages in the area. According to a source in Thanle, 1 kyat-tha is currently equal to 460,000 kyat. According to a woman from the village, six of the land parcels have already been sold. Villagers now know that the project is not based on any official government orders, but say that Nai Kyaw San is promising to use the funds raised from the sale for repairs to the village hospital. Villagers expressed frustration with the headman’s actions, but said they are afraid to complain. Prior to his appointment as village headman in 2006, Nai Kyaw San was the secretary of the Village Peace and Development Council (VPDC). As the VPDC secretary, he frequently assaulted residents during interrogations. As the village headman, he now carries a handgun at all times and a large automatic rifle at night. “We are afraid of him because he is violent,” said a female resident. “He abuses villagers, no matter if they are right or wrong.”

စစ်ရေးအရပါ ဖိအားပေးမယ်ကြားလို့ …
Thursday, January 8, 2009
စစ်ရေးအရပါ ဖိအားပေးမယ်ကြားလို့ …စိုင်းအိမ်မွဲဝန်ကြီးချုပ် ဦးနု တောခိုပြီး ဗိုလ်နေ၀င်းစစ်အစိုးရကို ပြန်တိုက်မယ်ဆိုပြီးလုပ်ခဲ့တာ ၁၉၆၉ ခုနှစ်ကာလက ဖြစ် ပါတယ်။ အခုဆို အနှစ်လေးဆယ်တောင် ရှိပါပြီ။ အဓိကအားဖြင့်တော့ ထိုင်း-မြန်မာနယ်စပ်ကို အခြေခံခဲ့ပါ တယ်။ ကေအန်ယူနဲ့ အများဆုံးလက်တွဲပြီး ဗိုလ်နေ၀င်းစစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း သိမီလိုက်သူ လူကြီးသူ မများ ပြောပြလို့ သိရှိရပါတယ်။အဆိုပါကာလများတုန်းက အရှေ့တောင်အာရှမှာ ဗီယက်နမ်စစ်ပွဲကြီး ဖြစ်နေဆဲပါ။ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများလည်း စစ်မီးတောက်လောင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာ-ထိုင်း နယ်စပ်မျဉ်းကြောင်းအပေါ်ထားရှိတဲ့ ပေါ်လစီက မြန်မာကွန်မြူနစ်၊ လာအိုကွန်မြူနစ်၊ ထိုင်းကွန်မြူနစ်များ လက်ဆက်သလို ချိတ်ဆက်မိမှာကို ဖြတ်တောက်ရေး ဖြစ်ပါတယ်။ ကွန်မြူနစ်တွေကို ဟန့်တားရာရောက်မယ့် ကိစ္စမှန်သမျှ ကြီးငယ်စဉ်လိုက်ကူညီနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ဦးနုက ဗိုလ်နေ၀င်းစစ်တပ်ကို ပြန်တိုက်မယ်ဆိုတော့ အမေရိကန်စီအိုင်အေက တဖက်လှည့်နဲ့ ငွေကြေးအကူ အညီ ပေးခဲ့တယ်လို့ မာတင်စမစ် ရေးခဲ့တဲ့ (မြန်မာပြည် ပုန်ကန်ထကြွခြင်းများနှင့် တိုင်းရင်းသားနိုင်ငံရေး) ဆိုတဲ့စာအုပ်မှာ ပါရှိပါတယ်။ စီအိုင်အေက ဦးနုရဲ့ ပီဒီပီလို့ခေါ်တဲ့ ပါလီမန်ဒီမိုကရေစီပါတီကို ငွေကြေးဘယ် လောက် အကူအညီပေးခဲ့သလဲ ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ခဲ့ပါဖူး။ တချို့ကတော့ ဒေါ်လာ (၁၅) သန်းခန့်တော့ ရမယ်လို့ တွက်ချက်ပါတယ်။ တချို့ကတော့ အဲသလောက် မများနိုင်ဘူး။ ဒေါ်လာနှစ် သန်းလောက်ထက် မပိုနိုင်ဘူးလို့လည်း တွက်ပါတယ်။ ဘယ်လိုပဲပြောပြော လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက ဒေါ်လာတသန်းဟာ အခုခေတ်အနေနဲ့ဆိုရင် ဒေါ်လာသန်း (၂၀ သို့ ၂၅) လောက် ရှိပါတယ်။ ပိုတောင် များ ကောင်းများနိုင်ပါသေးတယ်။ဦးနုရဲ့ ပီဒီပီတပ်မှာ လူအင်အားအနေနဲ့ ခြောက်ထောင်လောက်ရှိကြောင်း မာတင်စမစ်က သူ့ရဲ့စစ်တမ်းများ အရ သူ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကေအန်ယူမှာ လက်နက်အဆင့်အတန်းဟာ ခေတ်နောက်ကျနေသေးတယ်ဆိုပေမယ့် အင်အားက တသောင်းခွဲလောက်ရှိကြောင်းလည်း သိရပါတယ်။ ဗိုလ်နေ၀င်းရဲ့ စစ်တပ်ကတော့ ထိုအချိန်မှာ အင်အား ခုနှစ်သောင်း ပတ်ဝန်းကျင်မှာရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ အဓိကလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဗကပတို့၊ ကချင်တို့၊ ရှမ်းတို့မှာလည်း သူတို့သက်ဆိုင်ရာ နယ် မြေများမှာ စိုးမိုးထားနိုင်တဲ့ အင်အားများ ပိုင်ဆိုင်ကြပါတယ်။ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီတပ်အတွက် စီအိုင်အေက ငွေပေးတာ နည်းသလား များသလားဆိုတဲ့ အပိုင်းကို တွက်ကြည့်ရင် နည်းနိုင်တယ်ဆိုတဲ့ အထောက်အထားများကို တွေ့ရပါတယ်။ ဒေါ်လာ (၁၅) သန်းရခဲ့တယ် ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဥပမာတခုအနေနဲ့ ထုတ်ပြရရင် … ၁၉၇၂ ခုနှစ်မှာ အက်စ်အက်စ် အေ လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်ရဲ့ နိုင်ငံရေးတောင်ပံအသစ်တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ကြာနု (မနှစ်လောက်က ဇင်းမယ်မှာ ကွယ်လွန်) နဲ့ ချောက်ဇန်းယောင်ဝေ (လွန် ခဲ့တဲ့နှစ်အနည်းက ကွယ်လွန်) တို့ ထိုင်းနယ်စပ်မှာ အခြေခံစခန်းတခုတည်ဖို့ ရောက်လာခဲ့ပါတယ်။ ချောက် ဇန်းယောင်ဝေက ဦးနုနဲ့ ဘန်ကောက်မှာ သွားတွေ့ဆုံပါတယ်။ အဲဒီအချိန်မှာ ပီဒီပီဟာ လက်ထဲမှာ ငွေကုန် သလောက် ရှိနေပြီလို့ မာတင်စမစ်က ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီဒီပီအနေနဲ့ အက်စ်အက်စ်အေ ကို HK ၃၃ မောင်းပြန်သေနတ် အလက် (၄၀) လောက်ပဲ ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။တဖက်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီဟာ ဦးနုနဲ့ ထဲထဲဝင်ဝင် လက်တွဲဖို့ အကန့်အသတ်ရှိနေပါတယ်။ အကယ်၍ ဦးနုနဲ့ နီးနီးကပ်ကပ်ပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင် မြန်မာပြည်ကွန်မြူနစ်ပါတီနဲ့ ဗိုလ်နေ၀င်းစစ်တပ် နှစ်ခုစလုံးက အက်စ်အက်စ်အေကို ပြဿနာရှာနိုင်လို့ ဖြစ်ပါတယ်။ ဗကပက အရင်းရှင်ကိုယ်စားလှယ်လို့ သတ်မှတ်ထားတဲ့ ဦးနုနဲ့ ရှမ်းတပ်တွေပေါင်းပြီဆိုရင် ရှမ်းတပ်တွေဟာ ဗကပနဲ့ ထိပ်တိုက်ဖြစ်သွားနိုင်ပါတယ်။ တဖက်မှာလည်း ဗိုလ်နေ၀င်းတပ်တွေက ရှမ်းပြည်ထဲမှာ နဂိုရှိတဲ့ စစ်တပ်တွေထက် ပိုပြီးအင်အားသုံးလာမှာ ကိုလည်း ထည့်တွက်ရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီဟာ ပီဒီပီနဲ့ တိုက်ရိုက်မဟာမိတ် ဖွဲ့ခြင်းကိုရှောင်ပြီး ပီဒီပီလူငယ်အဖွဲ့နဲ့ ပူးတွဲကြေညာချက်တစောင်လောက်သာ မည်ကာမတ္တ ထုတ်ခဲ့ပါတယ်။နောက်တချက်ကလည်း ဦးနုက လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတော့ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ပူးပေါင်းလုပ်ရမယ်ဆိုတာကို သေချာပေါက်တွက်မိပြီးသားပါ။ ဒါ့ကြောင့် ဦးနုကိုယ် စား စီအိုင်အေ အေးဂျင့်ဟောင်းတဦးဖြစ်တဲ့ ၀ီလီယံရောင်က ၀တပ်တွေ၊ လားဟူတပ်တွေကို ဦးနုနဲ့ ပူးပေါင်းဖို့ ရှမ်းပြည်ထဲမှာ လိုက်လံစည်းရုံးခဲ့ပါတယ်။ ၀ီလီယံရောင်ရဲ့ မိသားစုတွေဟာ ခရစ်ယန်မစ်ရှင် နောက်ခံသမိုင်း ရှိသူများဖြစ်ပြီး အဲဒီအချိန်တုန်းက ရှမ်းပြည်ရဲ့ အချို့သောနယ်များမှာ သြဇာအတော်လေး ရှိပါတယ်။ သို့သော် ၀နဲ့ လားဟူတပ်တွေက ဦးနုနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။သို့သော်လည်း ပီဒီပီဟာ တင်္နသာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တွေထဲမှာတော့ ကေအန်ယူတို့၊ မွန်ပြည်သစ် ပါတီတို့ရဲ့ ပူးပေါင်းမှုနဲ့ အောင်မြင်မှုအတော်အတန်ရှိခဲ့တယ်ဆိုတာကိုတော့ မာတင်စမစ်က ထောက်ပြထားပါ တယ်။အခုအကျဉ်းရုံးတင်ပြထားတဲ့ ဖြစ်စဉ်အပေါ်ကနေ သင်ခန်းစာကောက်ချက်အချို့ ဆွဲယူနိုင်ပါတယ်။

၁။ ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့တဲ့ ၀န်ကြီးချုပ်ဦးနုသည်ပင် လက်နက်ကိုင်တော်လှန်ရေး ဆင်း လုပ်တော့ နိုင်ငံခြားအကူအညီ (အထူးသဖြင့် အမေရိကန်ထံမှ) ထင်သလောက် မရခဲ့ခြင်း။
၂။ အဲသလို လိုအပ်သလောက် အကူအညီမရခဲ့လို့ ဦးနုရဲ့ ပီဒီပီတပ်၊ ကေအန်ယူတပ်နဲ့ မွန်ပြည်သစ်တပ်တွေ ဟာ Conventional warfare ဆိုတဲ့ စစ်တပ်ကြီးများနှင့် တိုက်ခိုက်တဲ့ သမရိုးကျစစ်ပွဲအတွင်းမှာ လက်နက် ကိုင်တော်လှန်ရေးကို အောင်မြင်စွာ မဆင်နွှဲနိုင်ခဲ့ပါ။ (ဦးနုရဲ့နောက်မှာ ထိုအချိန်က နာမည်ကြီး စစ်ရေးနိုင်ငံ ရေးခေါင်းဆောင်များဖြစ်သော ဗိုလ်လင်္ကျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ချုပ်စောကြာဒိုး၊ ကျိုက်မရောဦး သွင် အစရှိသူတို့ ပါရှိသော်လည်း …)။
၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြောင်းကြောင်းများကြောင့် ဦးနုရဲ့တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့ကြခြင်း။ယခုလက်ရှိမှာ ကျယ်ပြန့်သော အဝေးရောက် စင်ပြိုင်အစိုးရသစ်ကြီး ဖွဲ့စည်းတော့မယ်ဆိုတာ ကြားရပါတယ်။ စစ်ရေးအရလည်း အာဏာရှင်အစိုးရကို ဖိအားပေးမယ်လို့ တဖက်မှာ ဆိုထားတာကို တွေ့ရပါတယ်။ ဘယ်လို စစ်ရေးမျိုးကို ဆိုလိုသလဲဆိုတာတော့ မရှင်းသေးပါ။
၁။ နိုင်ငံရပ်ခြားမှ စစ်ရေးအတွက် အကူအညီများ လှိမ့်ဝင်လာဖို့ ဒီခေတ်တွင် ဖြစ်နိုင်ခြေမရှိတော့။ ဦးနုခေတ် တုန်းကတောင် အကန့်အသတ်နှင့်သာ ရခဲ့ခြင်းဖြစ်သည်ကို သတိရစေလိုပါတယ်။ မာနယ်ပလော ခေတ်တုန်း ကလည်း နိုင်ငံခြားက စစ်ရေးအရ ကူညီခဲ့တယ်လို့ မကြားမိပါ။ (တချိန်တည်းမှာလည်း နိုင်ငံကြီးများပါ ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်တဲ့ ပြဿနာများနဲ့ ၂၀၀၈ ကတည်းက ရင်ဆိုင်နေရပါတယ်။)
၂။ အစိုးရအသစ်ကို ဦးဆောင်ဖို့ ဦးနုလို ပုဂ္ဂိုလ်တွေရှိရဲ့လား။ ခေါင်းခေါက်ရွေးမယ့် သူတွေနဲ့ ဖွဲ့မှာလား။ နောက်တချက်က အတိုက်ခံများဘက်မှာ သမရိုးကျ စစ်ပွဲများအတွက် ဦးဆောင်နိုင်တဲ့ အဆင့်မြင့်စစ်ခေါင်း ဆောင်များ မရှိသလောက် ရှားပါးသွားခြင်း။
၃။ လက်နက်အင်အား တောင့်တင်းဆဲဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အစိုးရသစ်ကြီး နဲ့ ပူးပေါင်းပါ့မလား။ ဥပမာ - စစ်သားနှစ်သောင်းကျော်ရှိတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ (တဖက်မှာ လည်း စစ်အစိုးရနဲ့ အပစ်ရပ်ထား)၊ ရှမ်းပြည်တောင်ပိုင်းမှာ စစ်အစိုးရကို တိုက်နေဆဲဖြစ်တဲ့ ကာနယ်ယွတ် ဆတ် ခေါင်းဆောင်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်။ ကေအိုင်အေ ခေါ် ကချင်လွတ်မြောက်ရေး တပ်မ တော်ဟာလည်း အင်အားရှိပေမယ့် စစ်အစိုးရနဲ့ စေ့စပ်ထားပါတယ်။ ဒါ့အပြင် ကချင်တွေက ၂၀၁၀ မှာ ရွေး ကောက်ပွဲ ၀င်မလိုလိုတောင် ပြောနေတယ်လို့ ကြားရပါတယ်။ ဒီစာရင်းမှာ အင်အားအရ မပြောပလောက်တဲ့ အခြားအဖွဲ့တွေကို ထဲ့သွင်းတွက်ချက်ခြင်း ပြုမထားပါ။သို့သော် ချွင်းချက်တခုတော့ ရှိနေပါသေးတယ်။စစ်တပ်ကြီးများ မရှိသော်လည်း အိုင်အာအေကဲ့သို့၊ တမီတိုက်ဂါးများကဲ့သို့၊ မွတ်စလင်အစွန်းရောက် အဖွဲ့ များကဲသို့ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ရှိလာရင်တော့ နိုင်ငံရေးလမ်းကြောင်း တမျိုးတမည် ပြောင်းနိုင်ပါ တယ်။ စိတ်ကူးယဉ်တာကတော့ လူတိုင်းယဉ်ခွင့်ရှိတာဆိုတော့ အကျယ်မပြောလိုပါ။ သို့သော်ငြားလည်း မြန် မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ထိုအဖွဲ့များကဲ့သို့ အသေခံဗုံးခွဲတိုက်ခိုက်ခြင်းမျိုး တခါမှမရှိခဲ့တာမို့ သိပ် တော့မထင်ပါကြောင်း …။
စိုင်းအိမ်မွဲ
Posted by ဒေါက်တာလွဏ်းဆွေ
Posted by ဒေါက်တာလွဏ်းဆွေ
Thursday, January 8, 2009
နှစ်သစ်တွင် ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ ဖြစ်ပွားမှုစိပ်လာ
ု(၂)/ဇန်န၀ါရီ ၇၊ ၂၀၀၉
၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၃ ရက်၊ ၄ ရက် အတွင်းတွင် ကရင်နီပြည် တပ်မတော်နှင့် မြန်မာစစ်အစိုးရတပ် တို့သည် တိုက်ပွဲအကြိမ်ပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ ၆ ယောက် ဒဏ်ရာရရှိသည်ဟု ကရင်နီဖက်က သတင်းထုတ်ပြန်ထားသည်။
၂၀၀၈ ခုနှစ် မကုန်ခင် အချိန်မှစ၍ ကရင်နီပြည် တပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြ ဦးဆောင်ပြီး စစ်ကြောင်း ထွက်ခဲ့သည့် ခရီးအပေါ် မြန်မာစစ်အစိုးရတပ်က လိုက်လံပိတ်ဆို့ ပစ်ခတ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွားမှု စိပ်လာခြင်းဖြစ်ကြောင်း ကရင်နီပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။
၎င်းက " ဗမာတွေက ခရီးထွက်နေတဲ့ ဗိုလ်မှူး အောင်မြတို့ကို လိုက်ပြီး ပစ်နေတယ်လေ။ အကယ်၍ သူတို့မလိုက်ဘူး ဆိုရင် ဒီလိုတိုက်ပွဲ ဘယ်များမလဲ။ ဗမာတွေက လှုပ်ရှားမှုများလေလေ တိုက်ပွဲကတော့ များလေလေပဲလေ။ " ဟု ပြောသည်။
ပြီးခဲ့သည့်အပတ် ဇန်န၀ါရီလ (၃) ရက်နေ့ တရက်ထဲတွင် တိုက်ပွဲဖြစ်ပွားမှု နှစ်ခါဖြစ်ခဲ့သည်ဟု ဆိုပါသည်။ မနက် ၁၀ နာရီအချိန်ခန့်တွင် ကွာခီးရွာအ၀င်၌ ကရင်နီတပ်မတော်နှင့် ခလရ (၁၃၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်မှ တပ်ကြပ်ကြီး စောအယ်ဘားဦးနှင့် ဒု-တပ်ကြပ် ဌေးအောင်တို့ တိုက်ပွဲတွင် အသီးသီး ဒါဏ်ရာရရှိခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထို့နောက် ခမရ ၄၂၉ တပ်ရင်းမှ ဗိုလ်အောင်ဇော် ဦးစီးသည့်တပ်ဖွဲ့နှင့် ကရင်နီပြည် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရတပ်မှ တပ်ကြပ် အောင်အေးထွန်းက ဒါဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တဆက်တည်း ၎င်းရက်တွင်းအမှာ ခမရ (၅၇၄) မှ တပ်သား ချမ်းမြေ့အောင်သည် ကောက်ကောက် ဒေသမှ ဟွေပူအနီးတွင် မိုင်းနှင်းမိသဖြင့် ခြေတထောက်ပြတ်သွားခဲ့သည်ဟု သတင်းရရှိပါသည်။
ထို့အပြင် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကွာခီးရွာအနီး ခလရ (၁၃၅) တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အစိုးရတပ်မှ တပ်သား ကိုရဲ ဆိုသူ ကျဆုံးသွားခဲ့ကြောင်း သိရသည်။
တရက်တည်းမှာ ခမရ ၅၇၄ တပ်ဖွဲ့ နှင့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ တပ်ကြပ်ကြီး မောင်ကူးဆိုသူ မိုင်းနှင်းမိသဖြင့် ဘယ်ခြေထောက်ပြတ်သည့်အပြင် မိုင်းကျည်ဆံ ထိမှန်၍ ဒဏ်ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သိရသည်။
ဤကဲ့သို့ စစ်ဆင်ရေးပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားအကြိမ်ပေါင်းများသော်လည်းပဲ ၂၀၀၉ ခု၊ နှစ်ဦးပိုင်း အချိန်ကာလအတွင်း ကရင်နီပြည် တပ်မတော်ဖက်က တစုံတရာ ထိခိုက်ကျဆုံးမှုမရှိသေးကြောင်း သိရသည်။

2748 Karen New Year Celebration, Fort Wayne, IN, USA
Tuesday, January 6, 2009
ဖို့ တ်ဝိန်းမြို့ ကရင်နှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပအမေရိကန်နိုင်ငံ၊ အင်ဒီးယားနားပြည်နယ်ရှိ ဖို့ တ်ဝိန်းမြို့ တွင် (၂၇၄၈) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယခုလ (၄) ရက်နေ့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။ထိုပွဲတော်သို့  ဖို့ တ်ဝိန်းမြို့ မှ မြန်မာနိုင်ငံသားများအပါအ၀င် နိုင်ငံခြားသားများ၊ Wisconsin ပြည်နယ်၊ Chicago, Indianapolis, New York , Logansport နှင့် အခြားမြို့ များမှ ဧည့်သည်တော်များ အားလုံး (၇၀၀) ခန့်  တက်ရောက်အားပေးခဲ့ကြပြီး နေ့ လည် (၁၂) နာရီမှ ည (၉) နာရီအထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။အခမ်းအနားတွင် ကရင်အမျိုးသားအလံတော် အလေးပြုခြင်း၊ ကရင်အမျိုးသားအစည်းအရုံး သ၀ဏ်လွှာဖတ်ကြားခြင်း၊ ကရင့်သမိုင်း၊ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနှင့် အခြားဟောပြောပွဲများ၊ နံရံကပ်ပိုစတာများ၊ ရိုးရာယဉ်ကျေးမှုအဆိုအကများ၊ ခေတ်ပေါ်တေးဂီတ နှင့် ဧည့်ခံကျွေးမွေးရေးအစီအစဉ်များ ပါဝင်သည်။ ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ -
၁) ကရင့်ရိုးရာနှင့် ယဉ်ကျေးမှုများအားဆက်လက်ထိမ်းသိန်းစောင့်ရှောက်၍ မျိုးဆက်သစ်လူငယ်များအား လက်ဆင့်ကမ်းသွားရန်၊
၂) ယူအက်စ် ရောက် ကရင်မိသားစုများ နှစ်စဉ်နှစ်တိုင်းဆုံတွေ့ ရပြီး စည်းလုံးညီညွတ်မှုပိုမိုရရှိလာစေရန်နှင
့်၃) ရှေးအစဉ်အဆက်ရှိခဲ့သော အမျိုးသားဂုဏ်ကို ဆက်လက်မြှင့်တင်လုပ်ဆောင်သွားရန် တို့ ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ ထုတ်ပြန်သည်။ ဖို့ တ်ဝိန်းမြို့ တွင် ကရင်နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိပြီး ယခုနှစ်သည် လူများပြီး အားရဖွယ်ဖြစ်သည်။သတင်းနှင့် ပြန်ကြားရေး
(ဖို့ တ်ဝိန်းမြို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီ)

ပွင့်လင်း မြင်သာမှု ရှိရန် လိုသည်
Friday, 13 July 2007 07:00 မောင်သုတ
ရုရှနိုင်ငံ၏ အကူ အညီ ဖြင့် မြန်မာ နိုင်ငံက နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရန် စီစဉ် နေသည်ဟူသော သတင်းများ ထွက်ပေါ် လာခဲ့သည်။ ဤ အချက်ကြောင့်ပင် ပြည်ပရှိ အတိုက်အခံ ဒီမိုကရေစီ အုပ်စုများအကြား၊ စစ် အစိုးရကို ဝေဖန်နေကြ သူများအကြား၊ နောက်ဆုံး အမေရိကန် အစိုးရ၏ အချို့သော ဌာနများ၊ အရာရှိများ ကြားတွင် ပွက်လော ရိုက်သွားရသည်။ ဆွေးနွေးငြင်းခုန်စရာတွေ ဖြစ်လာခဲ့သည်။နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ ရုရှားနိုင်ငံက မြန်မာနိုင်ငံသို့ ၁၀ မီဂါဝပ် အပူပေးသုတေသနဓာတ်ပေါင်းဖိုတခုနှင့် ၎င်းနှင့် သက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပေးမည်ဖြစ်သည်။ ဤသတင်းထွက်ပေါ်လာပြီးနောက်ပိုင်းမှ စစ်အစိုးရ၏ နျူကလီးယားအစီအစဉ် ရည်ရွယ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ စစ်အစိုးရကိုယ်နှိုက်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆိုးရွားသော လူအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် နေခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်မှုများရှိနေသည့်အပြင် တိုင်းပြည်စီးပွားရေးအရလည်း ကျဆင်းနေသည်။ အနောက်ကမ္ဘာ နှင့်လည်း သင့်လျော်သော နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်နေခြင်း ကြောင့် ကာလကြာရှည် အငြင်းပွားနေရမှုများကြောင့်လည်း ဖြစ်သည်။နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ ကိုယ်စားပြုလက်မှတ်ရေးထိုးခဲ့သူမှာ စစ်အစိုးရထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာရှိသော နောက်လိုက် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းဖြစ်ပြီး ၎င်းက စစ်အစိုးရ၏ ဒုတိယ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် စစ်တက္ကသိုလ်တွင် တတန်းတည်းကျောင်းနေဘက် သူငယ်ချင်းဟောင်းလည်း ဖြစ်သည်။ တဘက်က ရုရှနိုင်ငံ အဏုမြူအေဂျင်စီဝန်ကြီးဌာန လက်အောက်ခံ ကုန်ပစ္စည်း ရောင်းချသောကုမ္မဏီဖြစ်သည့် AtomStory Export က လက်မှတ်ရေးထိုးခဲ့သည်။စစ်အစိုးရက ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပါမည်ဟု ပြောသည့်အပေါ် သံသယရှိသူကမရှား။ ထို့အပြင် အချို့သူများက စစ်အစိုးရက နျူကလီးယားလက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် စိုင်းပြင်းလာနိုင်သည်ဟု လော၍ ကောက်ချက်ချနေကြသည်။ သို့သော်လည်း သံသယရှိနေသူများနှင့် မီးလှန့်သံချောင်းခေါက်နေသူများ သတိမမူမိသည့် နောက်ကွယ်အကြောင်းအရာများလည်း ရှိနေသေးသည်။ ၎င်းမှာ မြန်မာပြည်အနေဖြင့် ကာလကြာရှည်ကပင် အဏုမြူနည်း ပညာပိုင်ဆိုင်ရေးအတွက် ဆန္ဒရှိပြီး ကြိုးပမ်းအားထုတ်ခဲ့ကြသည်ဟူသော နျူကလီးယားနည်းပညာ ရှာပုံတော်ဆိုင်ရာ သမိုင်းဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်ခန့်က ဦးနု၊ ဦးဘဆွေတို့နှင့် သုံးပွင့်ဆိုင် နိုင်ငံအုပ်ချုပ်ရေးတွင် ဦးဆောင်နေသူ တဦးဖြစ်သည့် ဦးကျော်ငြိမ်းသည် လက်တွေ့ကျကျမြင်တက်သော ခေတ်မီရေးဝါဒီတဦးဖြစ်သည်။ သူက မြန်မာ နိုင်ငံ၏ ထွန်းသစ်စ စက်မှုဖွံ့ဖြိုးရေးကို နောက်ကွယ်မှ အဓိကမောင်းနှင်ပေးသူ တဦးလည်း ဖြစ်ခဲ့သည်။ ထိုကာလတွင်ပင် အမေရိကန်နိုင်ငံ လက်နက်သုတေသနဖောင်ဒေးရှင်း (American Armour Research Foundation) နှင့် တွဲဖက်၍စက်မှုဝန်ကြီးဌာနလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့ကို ၁၉၅၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဦးကျော်ငြိမ်းက ကြီးကြပ်လာခဲ့သည်။၁၉၅၅ ခုနှစ်အကုန်ပိုင်းတွင် အဏုမြူစွမ်းအင်ဌာနနှင့် အဏုမြူဆိုင်ရာ တွင်းထွက်သယံဇာတများဌာနကို တည် ထောင်ခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသို့ ထူးချွန်သော လူငယ်ပညာရှင်များနှင့် နည်းပညာရှင်များကို စေလွှတ်ခဲ့ကြသည်။ သင်ကြားရသည့်ဘာသာရပ်များမှာ ဘွဲ့လွန်အဆင့် ကျန်းမာရေး ရူပဗေဒ၊ နျူကလီးယား ရူပဗေဒ၊ သတ္တုဗေဒဆိုင်ရာ နှင့် ဓာတ်သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာပညာရပ်တို့ အပြင် ကရိယာပစ္စည်းများ ထုတ်လုပ်ရာ ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းများတွင် နျူကလီးယားနည်းပညာ အသုံးချမှုဆိုင်ရာ နည်းပညာသင်တန်းများကို လည်း တက်ရောက်စေခဲ့သည်။စာသင်သွားသူအများစုက မြန်မာပြည်သို့ပြန်လာခဲ့ပြီး UBARI ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အသုံးချသုတေသနအဖွဲ့၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး သုတေသနသိပ္ပံများတွင် ၀င်ရောက်အမှုထမ်းခဲ့ကြသည်။ AEC ခေါ် အဏုမြူစွမ်းအင်ဌာနကို ဦးဆောင်သည့် ဦးလှညွှန့်က ရှေ့ဆောင်သင်ပြခဲ့ပြီး ၎င်း၏ လမ်းညွှန်မှုမှုအောက် တွင် နိုင်ငံတော် ပညာတော်သင်အပတ်စဉ်ဆင်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဦးလှညွန့်က လွတ်လပ်ရေး မရမီ ကတည်းက ဂျပန်နိုင်ငံတွင် ပညာဆည်းပူးနေခဲ့သူလည်း ဖြစ်သည်။ ဤသို့သော ပထမအသုတ် ပညာတော်သင် များအနက် ဦးသိန်းဦးဖိုးစောလည်း အပါအ၀င်ဖြစ်ပြီး သူတဦးသာလျှင် လက်ရှိစစ်အစိုးရအောက်တွင် ဆက်လက်၍ အမှုထမ်းနေဆဲ လည်း ဖြစ်သည်။ ဦးသိန်းဦးဖိုးစောက ယခုတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အကြံပေး တဦး ဖြစ်ပြီး ရန်ကုန် စက်မှုတက္ကသိုလ်တွင်လည်း တွဲဖက်ပါမောက္ခတဦးအဖြစ် တာဝန်ယူလျှက်ရှိသည်။၁၉၅၅ ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံသည် ဂျနီဗာ၌ကျင်းပသော အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး နိုင်ငံ တကာညီလာခံကို တက်ရောက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တည်ထောင်သော အခါတွင်လည်း ယင်းအဖွဲ့သို့ ၀င်ရောက်ခဲ့သည်။ များမကြာမီပင် မြန်မာနိုင်ငံ၏ AEC ခေါ် အဏုမြူစွမ်းအင်ဌာနအား “ပြည်ထောင်စုမြန်မာနိုင်ငံ အဏုမြူစွမ်းအင် စင်တာ” (UBAEC) အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။၁၉၅၀ ခုနှစ် နှောင်းပိုင်းကာလများသည် အဏုမြူခေတ်သစ်အတွက် ရောင်ခြည်သန်းနေဆဲကာလဖြစ်သည်။ ဤ ကာလတွင် မြန်မာနိုင်ငံ၏ UBAEC တွင်ဝန်းရံ ဆောင်ရွက်ခဲ့ကြသော မြန်မာနိုင်ငံ၏ နျူကလီးယားပညာရှင် ထိပ်သီး များတွင် မြန်မာ နိုင်ငံကို ခေတ်မီစက်မှုနိုင်ငံတော်သစ်ဆီသို့ မောင်းတင်ပေးနိုင်သည်ကို သံသယလုံးဝ မရှိခဲ့ကြပေ။ စွမ်းအင် ထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းနှင့် ပညာရေးနယ်ပယ်များတွင် အပတ် တကုတ် သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။သို့သော် အကြွားသန်ခဲ့ကြသော “ပြည်တော်သာစီမံကိန်း”၏ ကျရှုံးမှုနှင့်အတူ နှစ်အနည်းငယ်အတွင်း နျူကလီးယား ရည်မှန်းချက်၏ ပထမအဆင့်ကာလသည်လည်း အိပ်မက်ပြိုကွဲ တုန့်ဆိုင်းသွားခဲ့ရသည်။ UBAEC ၏နာယကဖြစ်သူ ဦးကျော်ငြိမ်းလည်း နိုင်ငံရေးဂိုဏ်းဂဏ အကွဲအပြဲများ၊ ဝေဖန်မှုများအောက်တွင် အရှက်ရခဲ့သည်။၁၉၆၂ ခုနှစ် မတ်လတွင် စစ်တပ်က အာဏာသိမ်းပြီး ပါလီမန်ဒီမိုကရေစီစနစ်ကို နိဂုံးချုပ်စေလိုက်သည်။ စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်းတွင် အခြားဦးစားပေးကိစ္စများသို့ ပြောင်းသွားခဲ့သည်။ အဏုမြူအသိပညာ၊ အဏုမြူပါဝါ ရှာပုံတော်ဆီသို့ ဦးမလှည့်နိုင်တော့။ ဤသို့နှင့် တချိန်က လျှမ်းလျှမ်းတောက်ခဲ့သော UBAEC ၏ ကံတောက်ပမှုသည်လည်း ကွယ်ပျောက်ခဲ့ရသည်။စစ်အေးတိုက်ပွဲ ပြင်းထန်လာသည်နှင့်အမျှ ဈေးပေါပေါဖြင့် အဏုမြူပါဝါ ရရှိမည်ဟူသော ကိစ္စများမှာ မဖြစ်နိုင်တော့။ ပို၍ ခက်ခဲလာသည်နှင့်အတူ မြန်မာနိုင်ငံ၏ အဏုမြူရည်မှန်းချက်ကိုလည်း ရင်ထဲသိမ်းထုတ်ထားလိုက်ရတော့သည်။ တိုင်းပြည် တော်တော်များများက နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုများနှင့် နျူကလီးယားစက်ရုံများ တည် ဆောက်နိုင်ခွင့်ရရှိခဲ့ ကြသော်လည်း မြန်မာနိုင်ငံ၏ အတိအကျ ဘက်မလိုက်ကြားနေရေးမူဝါဒကြောင့် အမေရိကန် ပြည်ထောင်စုထံမှရော၊ ရုရှနိုင်ငံ နှစ်နိုင်ငံစလုံးမှပါ နျူကလီးယားဆိုင်ရာ အကူအညီများ ရယူနိုင်ခြင်း မရှိခဲ့ပါ။ ဤအခွင့်အရေးများ လက်လွတ်ဆုံးရှုံး ခဲ့ရပြန်သည်။ နောက်ပိုင်းတွင် ဦးလှညွှန့်သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာ၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) တွင် အကြီးတန်းအရာရှိအဖြစ် ဆက်လက်အလုပ် လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်း ပြည်ပတွင်ပင် သူကွယ်လွန်ခဲ့သည်။သို့သော်ငြားလည်း နိုင်ငံခြားတိုင်းပြည်များတွင် ပညာသင်ကြားခဲ့ကြသော တက္ကသိုလ်ကြီးများတွင် တာဝန်ထမ်းဆောင် နေကြသည့် ပထမနှင့် ဒုတိယမျိုးဆက်၊ လက်တဆုပ်စာ ရူပဗေဒပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အသုံးချသုတေသနသိပ္ပံ (UBARI) တို့သည် အခြေခံ နျူကလီးယားသိပ္ပံ အသုံးချ သုတေသနကို ဆက်လက် သင်ကြားဆဲ၊ လေ့လာဆောင်ရွက်ဆဲ ပြုနေခဲ့သည်။ နျူကလီးယား သုတေသနစင်တာ တခုတည်ဆောက်ရေးအပြင် (IAEA) နှင့် အစိုးရအထောက်အပံ့များဖြင့် နျူကလီးယားသုတေသနဓာတ်ပေါင်းဖိုတခု တည်ဆောက်နိုင်ရေး မျှော်လင့်ချက်ကိုလည်း ဆက်လက်ကိန်းအောင်းနေခဲ့ကြသည်။(IAEA) နှင့်ရင်းနှီးသော အစိုးရများ၏ နည်းပညာအကူအညီများနှင့် ၁၉၆၀ ခုနှစ်အစောပိုင်းကာလများမှစ၍ ရန်ကုန်ဝိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်တွင် ဘွဲ့ကြိုတန်းကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသန ပညာရှင်များ အတွက် နျူကလီးယားဓာတ်ခွဲခန်းတခု တည်ဆောက်လည်ပတ်ထားခဲ့သည်။ ဘွဲ့ကြိုဂုဏ်ထူးတန်း သင်ခန်းစာများတွင် နျူကလီးယား ရူပဗေဒအား မသင်မနေရဘာသာရပ်တခုအဖြစ် သင်ကြားစေခဲ့ပြီး ၁၉၆၄ ခုနှစ်မှစတင် ကျင့်သုံးခဲ့သော အဓိက ဦးစားပေး ဘာသာ “မေဂျာ”ယူရသော ပညာရေးစနစ်သစ်အောက်ရှိ မဟာဘွဲ့များတွက် စိတ်ကြိုက်ရွေးချယ် သင်ကြားနိုင်သော ဘာသာရပ်တခုအဖြစ် သင်ကြားပြသခဲ့ကြသည်။ နောက်နှစ်များတွင် မန္တလေးတက္ကသိုလ်ကလည်း အလားတူ သင်ကြားမှု ပုံစံမျိုး ဆက်လက်ကျင့်သုံးခဲ့ကြသည်။အလားတူပင် (UBARI) ကလည်း ၁၉၅၀ ခုနှစ်များတွင် သုတေသနစာကြည့်တိုက်နှင့် သတင်းအချက်အလက်စင်တာများကို တည်ထောင်ခဲ့ပြီး ထိန်းသိမ်းဖွင့်လှစ်ထားခဲ့သည်။ ကုန်ပစ္စည်းများ ထုတ်လုပ်ရေး၊ ရေဒီယိုအိုင်ဆိုတုပ် အသုံးချ ဘာသာရပ်၊ ကျန်းမာရေးရူပဗေဒဘာသာရပ်၊ ဓာတ်သတ္တိကြွထိန်းချုပ်မှုဘာသာရပ်၊ စက်မှုလုပ်ငန်းအသုံးချ ဘာသာ ရပ်များနှင့် ဓာတ် သတ္တု ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဘာသာရပ် နယ်ပယ်များတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင် ခြင်းနှင့် အခြား ဖြစ်ထွန်းဖွံ့ဖြိုးစေမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ (IAEA) ၏ ရုပ်ဝထ္ထုပစ္စည်း၊ သင်တန်းအထောက်အပံ့နှင့် ကျွမ်းကျင်မှုနည်းပညာအထောက်အပံ့စသော နည်းပညာအကူအညီများ ဆက်လက်ရယူ နေခဲ့သည်။၁၉၆၀ နှောင်းပိုင်းနှစ်များတွင် တော်လှန်ရေးကောင်စီသည် သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ဟု ခေါ်ဝေါ်သောဝန်ကြီးအဆင့် သုတေသနကြီးကြပ်ရေးအဖွဲ့တခုကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများနှင့် ဖွဲ့စည်းလာ ခဲ့သည်။ နောက်ပိုင်းတွင် ၎င်း၏စီမံမှုအောက်တွင် အဏုမြူစွမ်းအင်ကော်မတီကို ဖွဲ့စည်းခွင့် ပြုခဲ့သည်။ ၁၉၇၀ ခုနှစ်များ အတွင်းတွင် ၎င်းကော်မတီက မြန်မာနိုင်ငံ နျူကလီးယားသုတေသနလုပ်ငန်းများ အားလုံးကို ကြီးကြပ်ခဲ့သည်။ နျူကလီးယားဓာတ်ပေါင်းဖို အသေးစားတခုတည်ဆောက်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကိုလည်း ဤကော်မတီတွင် ဆွေးနွေးခဲ့ ကြသည်။အဆင့်နှိမ့်ထားသော သင်တန်း၊ သုတေသနဆိုင်ရာ အိုင်ဆိုတုပ်ထုတ်လုပ်ရေးနှင့် အထွေထွေ အက်တမ်ပိုင်းဆိုင်ရာ အမေရိကန်ပုံစံ အစီအစဉ် American TRIGA (Training, Research Isotope Production, General Atomic) တခုကို ဒေါ်လာ ၅ သိန်းအောက်တန်ဖိုးမျှဖြင့် တည်ဆောက်နိုင်ရေးအတွက် ကမ်းလှမ်းရန် ထိုအချိန်က စဉ်းစားခဲ့ကြသေး သည်။ သို့သော် လက်တွေ့တွင် အကောင်အထည် ပေါ်မလာခဲ့ပေ။ အကြောင်းမှာ နိုင်ငံခြားငွေ မရှိသလောက် ပြတ်တောက်နေ ခြင်းနှင့် တပါတီဆိုရှယ်လစ်အစိုးရ၏ အာဏာအ၀န်းအ၀ိုင်းထဲတွင် ဤအစီအစဉ်အတွက် စည်းရုံးပေးမည့် ဦးကိုင်ဖခင် တဦးမျှ မရှိသောကြောင့် ဖြစ်သည်။ယခုဆိုလျှင် ဦးသောင်းက ဤအဏုမြူအစီအစဉ်အတွက် ဦးကိုင်ဖခင်ဖြစ်လာခဲ့သည်။ စစ်အုပ်စု၏ခေါင်းဆောင် ဗိုလ်ချုပ် မှုးကြီးသန်းရွှေကိုလည်း နားချထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သဘာဝဓာတ်ငွေ့ရောင်းရငွေများမှ နိုင်ငံခြားငွေ အမြောက် အများလည်း လှိမ့်၍ရနေချိန် ဖြစ်သည်။ ၁၉၉၇ ခုနှစ် သူ၏၀န်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သော အဏုမြူစွမ်းအင်ဌာနသည်လည်း ဓာတ်ပေါင်းဖိုကို အခြေခံသော နျူကလီးယားသုနေသန ဌာနတခု တည်ဆောက်ရန်တာဝန်ကို အထမြောက်အောင် ဆောင်ကြဉ်းနိုင်လိမ့်မည်ဟု သူက ယုံကြည်ချက်အပြည့် ရှိနေပုံ ရသည်။ (ဦးသောင်း၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တနှစ်စော၍ ဖွဲ့စည်းခဲ့သည်။) မြန်မာပြည်တွင် နျူကလီးယားသုတေသနလုပ်ငန်းများကို ထိရောက်လုံခြုံစွာ၊ ဘေးကင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိပါ သလားဟု မေးခွန်းမေးလာပါကလည်း မြန်မာနိုင်ငံ၏ ကာလကြာရှည်စွာကတည်းက သန္ဓေတည်လာခဲ့သော နျူကလီးယား သုနေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြရန်ရှိနေသည်။ ၎င်းတို့လုပ်ဆောင်လာခဲ့သည်မှာ နှစ်ပေါင်းငါးဆယ်ကြာ အတွေ့အကြုံရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် နိုင်ငံတွင်း (အဓိကအားဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်များ)နှင့် နိုင်ငံခြားပြည်ပ (ရုရှနိုင်ငံ) များတွင် နျူကလီးယား အတတ်ပညာရှင်များကို လေ့ကျင့် ပေးနေခဲ့သည်မှာ ဆယ်စုနှစ်တခုပင် ရှိတော့မည်ဖြစ်သည်။ ဤအချက်များကို ဦးသောင်းက မလွဲမသွေ ထောက်ပြနိုင် လိမ့်မည် ဖြစ်သည်။သို့သော်လည်း အရေးကြီးလှသောမေးခွန်းမှာ နျူကလီးယားလုပ်ငန်းများကို လုပ်နိုင်စွမ်းမဟုတ်ပါ။ ထို့ထက်ပို၍ အရေးကြီးသည်မှာ ဤအစီအစဉ်၏ ပွင့်လင်းမြင်သာမှုပင် ဖြစ်ပါသည်။ ထို့အပြင် ခက်ခဲပင်ပန်းစွာရထားသော နိုင်ငံခြား ငွေမာများကို မည်သို့မည်ပုံ စီမံသုံးစွဲသနည်းဟူသော သူတို့၏ ချင့်ချိန်စဉ်းစားမှုကိုလည်း မေးရန် ရှိပါသည်။ ဤ အဏုမြူ လုပ်ငန်းများအတွက် နှစ်စဉ်ကုန်ကျစရိတ် ဒေါ်လာ သောင်းဂဏန်း၊ သိန်းဂဏန်းကုန်ကျပါလိမ့်မည်။အမေရိကန် ဒေါ်လာ ဆယ်သန်းမှ သန်း တစ်ရာအထိလည်း ရှိနိုင်ပါသည်။ ဆင်းရဲသော မိမိတို့တိုင်းပြည်တွင် အခြေခံ လိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်နှင့် လျှပ်စစ်မီးမှန်မှန် မပေးနိုင်သေးသောအချိန်၌ ဤကဲ့သို့သော အရေးပေါ် လိုအပ်ချက်များအတွက် နိုင်ငံတော်၏ ငွေမာများကို ပို၍အကျိုးရှိရှိအသုံးချရန် သင့်ပါကြောင်း တင်ပြလိုပေသည်။
မောင်သုတသည် နိုင်ငံရပ်ခြားတွင်နေထိုင်လျှက်ရှိသော မြန်မာပညာရှင်တဦးဖြစ်သည်။
၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ မောင်သုတရေးသားသော Transparency Needed ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

မြန်မာလူထု၏ မိတ်ဆွေများ
Wednesday, 31 December 2008 00:00 ဧရာဝတီ
ဘားနာ့ဒ်ကုချနာလေဘေးသင့် ပြည်သူများ အတွက် နိုင်ငံတကာမှ သယ်ဆောင် လာပေးသော အကူအညီ များကို မြန်မာ စစ်အစိုးရက အကြင်နာ တရားမဲ့စွာ ဟန့်တား ထားစဉ် နိုင်ငံတကာမိသားစုက လက်မှိုင်ချ၊ ဒေါသထွက် နေကြရချိန်၌ အသံတခု ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။
နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များအတွက် နိုင်ငံတကာက ၀င်ရောက်စွက်ဖက် ကူညီရန် တိုက်တွန်းခဲ့သည့် ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး ဘားနာ့ဒ် ကုချနာ (ဓာတ်ပုံ - အေအက်ဖ်ပီ)

နိုင်ငံတနိုင်ငံ၏ အစိုးရက ၎င်း၏ ပြည်သူများကို ကာကွယ်မှုပေးရန် ပျက်ကွက်နေသည့် အခြေအနေမျိုး၌ နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ရန် ခွင့်ပြုသော ကုသလမဂ္ဂ၏ ပြဌာန်းချက်အတိုင်း အရေးယူ ဆောင်ရွက်ရန် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဘားနာ့ဒ်ကုချနာ က ဆော်သြောခဲ့သည်။ သူက "အကာအကွယ်ပေးရန် တာဝန်ရှိမှု" သို့မဟုတ် R2P ဟုအတိုကောက်ခေါ်ဝေါ်ကြသော ကုလသမဂ္ဂ၏ (responsibility to protect) ဟူသည့် တာဝန် ပြဌာန်းချက်ကိုသုံး၍ နိုင်ငံတကာက ၀င်ရောက်သင့်ပြီဟု ဆိုခဲ့သည်။ အစိုးရများက ၎င်းတို့ပြည်သူများအပေါ် လူမျိုးတုန်း သတ်ဖြတ်သုတ်သင်မှုများ၊ စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်တခုလုံးအပေါ် ဆန့်ကျင်ကျူးလွန် သော ပြစ်မှုများမှ အကာအကွယ်မပေးနိုင်ပါက သို့မဟုတ် အကာအကွယ်ပေးလိုသော ဆန္ဒမရှိပါက နိုင်ငံတကာ အသိုင်းအ၀န်းအပေါ်တွင် ထိုတာဝန်ကျရောက်လာ ပြီဖြစ်ကြောင်း ဤပြဌာန်းချက်က ဆိုထားသည်။ (R2P) တာဝန်ကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး မြန်မာနိုင်ငံတွင်းဖြစ်နေသော အကြပ်အတည်းတွင် အသုံးပြုနိုင် သည်ဟု သူက အကြံပြု ပြောဆိုခဲ့သည်။အရေးပေါ် အထောက်အပံ့ပစ္စည်း တန်ပေါင်းများစွာ တင်ဆောင်လာသော စစ်သင်္ဘောတစင်းကို ပြင်သစ်နိုင်ငံက ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်ခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကလည်း ၎င်း ဒေသအတွင်းသို့ သင်္ဘောများ စေလွှတ်လာခဲ့သည်။ သို့သော် အထောက်အပံ့များသည် မြန်မာကမ်းခြေသို့ မရောက်ရှိနိုင်ဘဲ ဖြစ်ခဲ့ ရသည်။ကုချနာက ကြားဝင်စွက်ဖက်ခဲ့ချင်သော်ငြားလည်း မြန်မာပြည်အတွက် R2P တာဝန်အတိုင်း အရေးယူ ဆောင်ရွက်ရန် ကုလသမဂ္ဂ ထံမှ ထောက်ခံမှုမရရှိခဲ့သဖြင့် လက်တွေ့အကောင်အထည်မပေါ်ခဲ့ပါ။ (R2P) ပြဌာန်းချက်သည်လည်း အမှန်တကယ် အသုံးချရန် ဆန္ဒမရှိကြသေးသည့် နိုင်ငံတကာမိသားစုအကြား အရာမရောက် ဖြစ်နေရသည်။
တောမတ်စ် အိုဟေး ကင်တာနာ
မြန်မာစစ်အစိုးရအား ဥပဒေ စည်းမျဉ်းများကို လိုက်နာ ကျင့်သုံးရန် ပြောကြားခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တာနာ (ဓာတ်ပုံ - အေပီ)

ဧပြီလတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး သံကိုယ်စား လှယ်တာဝန်ကို တောမတ်စ် အိုဟေး ကင်တာနာ လွှဲပြောင်းရယူခဲ့သည်။ သူက အရှိကို အရှိအတိုင်း မြင်တတ်သည့် လက်တွေ့သမားဟုလည်း ဆိုရမည်။ "မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်တည်ဆောက်ဖို့ဆိုတာ နေ့ချင်းညချင်း မဖြစ်နိုင်ပါဘူး။ မျိုးဆက်တွေ အများကြီး အချိန် ယူရပါလိမ့်မယ်" ဟု မစ္စတာ ကင်တာနာက သူ့တာဝန်လက်ခံရယူပြီး နောက်တွင် ပြောဆိုခဲ့ သည်။အာဂျင်တီးနားနိုင်ငံသား ကင်တာနာသည် စစ်အာဏာရှင်များ၏ လုပ်ဟန်ကို သိသည်။ သူ၏မိဘများက အာဂျင် တီးနားနိုင်ငံ စစ်အုပ်ချုပ်မှုအောက် ရှိနေစဉ် ကာလအတွင်း နိုင်ငံရေးအကျဉ်းသားများ ဖြစ်ခဲ့ကြဖူးသည်။သြဂုတ်လအတွင်း သူ၏ ပထမဆုံးသော မြန်မာပြည်ခရီးစဉ်က ပြန်လာပြီးနောက် မစ္စတာ ကင်တာနာက “မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ လူ့ အခွင့်အရေး စံသတ်မှတ်ချက်များနဲ့အညီ ပြည်တွင်းဥပဒေများကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့၊ ယုံကြည် မှုကြောင့်အကျဉ်းကျခံနေရတဲ့ အကျဉ်းသားအားလုံးကို မြန်မြန်ဆန်ဆန် ပြန်လွှတ်ပေးဖို့၊ စစ်တပ်ကို ပြန်လည်ပြင်ဆင်ပြီး လူ့အခွင့်အရေး သင်တန်းပေးဖို့၊ တရားဥပဒေစိုးမိုးမှု ရှိစေဖို့နဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ရှိရေးဆိုတဲ့အချက် ၄ ချက်အပေါ် အာရုံစိုက် လုပ်ဆောင်သင့်တယ်” ဟု အကြံပေး ပြောဆိုခဲ့သည်။
ဂျော့ ဒဗလျူ ဘုရှ် နှင့် လော်ရာဘုရှ်
အမေရိကန် သမ္မတ ဂျော့ဘုရှ် နှင့် ပြည်ပအခြေစိုက် ထင်ရှားသည့် မြန်မာ့အရေးလှုပ်ရှားသူများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ ဒဗလျူဘုရှ်က သူ၏တိုင်းပြည်သမိုင်းတွင် လူကြိုက်အနည်းဆုံး သမ္မတတဦးအဖြစ် ၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် တာဝန်မှ အနားယူရတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ သားများ၏ အရေးကို ဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့သောကြောင့် ဒီမိုကရေစီလိုလားသော လှုပ်ရှားတက်ကြွသူ မြန်မာများအကြား သူ့ကို သတိတရ ဖြစ်နေစေဦးတော့မည်။သြဂုတ်လက သမ္မတ ဘုရှ်သည် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ ဘန်ကောက် နေအိမ်တွင် မြန်မာ နိုင်ငံသား လှုပ်ရှားတက်ကြွသူ ၉ ဦးကို နေ့လယ်စာ ဖိတ်ခေါ်ကျွေးမွေး ဧည့်ခံရင်း ယခုကဲ့သို့ “သတ္တိဗျတ္တိ ပြည့်ဝ သူများ” နှင့် အတူတူ ထိုင်ခွင့်ရသည့်အပေါ် နှစ်ထောင်းအားရဖြစ်မိပါကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။သူနောက်ဆုံး လက်မှတ်ရေးထိုးရမည့် မြန်မာပြည်ဆိုင်ရာ မူဝါဒတခုမှာ “၂၀၀၈ခုနှစ် တွမ်လန်းတော့စ် မြန်မာ့ ကျောက်မြတ်ရတနာ ပိတ်ပင်ရေး အက်ဥပဒေ” (Tom Lantos Block Burmese JADE Act 2008) ပင် ဖြစ် သည်။ ထိုဥပဒေအရ အမေရိကန်နိုင်ငံ အတွင်းသို့ မြန်မာ့ ကျောက်မြက်များ တင်သွင်းရောင်းချမှုကို ပိတ်ပင် ထားသည်။ ထို့ပြင် ဘုရှ်သည် ၀ါရှင်တန် အုပ်ချုပ်ရေးအတွင်း အာရှအရေး ထိပ်တန်းအကြံပေးအရာရှိဟောင်း မိုက်ကယ် ဂရင်း ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်နှင့် မူဝါဒဆိုင်ရာအရာရှိချုပ် ရာထူး နှစ်ခုစလုံး အတွက် ပူးတွဲ ခန့်အပ်ခဲ့သည်။
အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ်နှင့် မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင် (ဓာတ်ပုံ - အေပီ)

သမ္မတကတော် လော်ရာဘုရှ်သည်လည်း မြန်မာပြည်
အရေးကို သူ၏ နှလုံးသားအတွင်း ထည့်သွင်း ဆောင်ရွက်ခဲ့သူတဦး ဖြစ်သည်။ သူ့ ကျော်ကြားမှုကို အသုံးချကာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် ယခုအချိန်တွင် အကျယ်ချုပ်သက်တမ်း ခြောက်နှစ် ရှိနေပြီဖြစ်သော နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြစ်ကို ကမ္ဘာကသိလာအောင် ဆောင်ရွက်ပေးခဲ့သည်။ သြဂုတ်လအတွင်း ခင်ပွန်းသည် သမ္မတကြီး၏ ထိုင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါခဲ့သော လောရာဘုရှ်သည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ကာ ဒုက္ခသည်စခန်းကြီး ၉ ခုအနက် အကြီးဆုံးဖြစ်သော မယ်လ ဒုက္ခသည်စခန်းနှင့် ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင် ဖွင့်လှစ်ထားသည့် မဲဆောက်မြို့ မယ်တော် ဆေးပေးခန်းသို့ သွားရောက်လည်ပတ် ကြည့်ရှုအားပေးခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းကြားမှ သူရဲကောင်းများ
Wednesday, 31 December 2008 00:00 ဧရာဝတီ
မြန်မာ နိုင်ငံသား အများ အပြားသည် အနှောင့် အယှက် ပေးခံရခြင်း၊ ဖမ်းဆီး ထောင်ချ ခံရမည့် အရေး ကြားထဲမှ စွန့်စား အရဲကိုးကာ ၂၀၀၈ ခုနှစ် မေလ အတွင်းက နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံရသည့် ဒုက္ခသည် ပြည်သူများအတွက် အထောက်အပံ့များ ကူညီပေးပို့ခဲ့ကြသည်။
နာဂစ် ဆိုင်ကလုန်း ဒုက္ခသည်များကို ကရုဏာ တရားအပြည့်ထား၍ အနီးကပ် ကူညီစောင့်ရှောက်နေသည့် ဆရာတော် အရှင်ဥာဏိဿရ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သဘာဝဘေးဒဏ်ခံ ပြည်သူ ၂ သန်းကျော်အတွက် အစိုးရက အထောက်အပံ့များ အပြည့်အ၀ မပေးခဲ့ရုံမျှမက တရားလက်လွတ် ဥပေက္ခာပြုနေခဲ့သဖြင့် ပိုမို နစ်နာဖွယ်ရှိနေသည့် ပြည်သူများ သက်သာချောင်ချိရေး၊ အသက်ဆက်နိုင်ရေးတွင် ထိုကူညီသူများက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။လေဘေးကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများမှာ အလွှာပေါင်းစုံမှ ပါဝင်ကြခြင်းဖြစ်သည်။ သံဃာတော်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သာမန်ပြည်သူများ၊ အနုပညာရှင်များ၊ ပညာတတ်များ၊ နိုင်ငံရေးအတိုက်အခံများနှင့် ဘာသာရေး အလှူအတန်းပြုသူများ စသဖြင့် ကဏ္ဍပေါင်းစုံမှ ပြည်သူများ ဖြစ်သည်။ သီတဂူဆရာတော်ဟု လူသိများသော ဆရာတော် ရှင်ဥာဏိဿရ က ဦးဆောင်၍ မုန်တိုင်းသင့် မြို့နယ် ၆ ခု အတွင်းရှိ ဘုန်းကြီးကျောင်း ၁,၃၀၀ ကျော်နှင့် ကျေးရွာ ၉၀၀ ကျော် အတွက် နေရာထိုင်ခင်း အကူအညီနှင့် ရွှေ့ပြောင်းဆေးပေးခန်း အပါအ၀င် ကယ်ဆယ်ရေးပစ္စည်းများကို စုစည်း ကူညီပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ လူသိအများဆုံး လူရွှင်တော် ကိုဇာဂနာ သည်လည်း အားကစားအယ်ဒီတား ကိုဇော်သက်ထွေး ၏ ပူးပေါင်းကူညီမှုဖြင့် လေ ဘေးသင့် ဒေသအတွင်း အကူအညီများ ဖြန့်ဝေပေးရန် စေတနာ့ဝန်ထမ်း ၄၀၀ ခန့် ပါဝင်သော အဖွဲ့တဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။ ၎င်းတို့၏ အားထုတ်ချက်များအပေါ် စစ်အစိုးရက မည်သို့မျှ အသိအမှတ် မပြုရုံမက ဖမ်းဆီးခြင်း၊ ထောင်ချခြင်းတို့ဖြင့် တုံ့ပြန်သည်ကိုသာ ကြုံခဲ့ရသည်။ စစ်အစိုးရက မကြာသေးမီက ကိုဇာဂနာကို ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ကိုဇော်သက်ထွေးကိုလည်း ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သည်။အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုံးကြိုင် သည်လည်း ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်းသို့ ကယ်ဆယ်ရေးလုပ်သားတစုဖြင့် ခရီးသွားပြီးအပြန်တွင် အဖမ်းခံခဲ့ရသည်။ သူ၏ လက် ထောက် ဒေါက်တာအေးကြူ က မုန်တိုင်းသင့် ပြည်သူများအတွက် ဆေးကုသပေးခဲ့ပြီး ပြည်ပအခြေစိုက် သတင်းဌာနများသို့ မုန်တိုင်းနောက်ဆက်တွဲ အခြေအနေများကို ပြောပြခဲ့သည်။ တန်ဖိုးမဖြတ်နိုင်သော အကူအညီများပေးခဲ့သည့် အလှူဒါနလုပ်ငန်းများအနက် တခုမှာ အခမဲ့နာရေးကူညီမှု အသင်း ဖြစ်သည်။ ထိုအဖွဲ့သည်လည်း အာဏာပိုင် များ၏ အနှောင့်အယှက်ကို ခံခဲ့ရသည်။ကယ်ဆယ်ရေး အထောက်အပံ့များပေးခွင့်ရရန် ကြိုးပမ်းမှုတွင် နိုင်ငံတကာ၏ ပါဝင်မှု အတိုင်းအတာသည်လည်း အရေးပါသော အချက်ဖြစ်သည်။
နာဂစ် ဒုက္ခသည်များကို အသုံးအဆောင် အစားအသောက်များ ဝေငှပေးနေသော ဗုဒ္ဓဘာသာ သံဃာတပါး (ဓာတ်ပုံ - အေအက်ဖ်ပီ)

နာဂစ်ဆိုင်ကလုန်းတိုက်ခတ်ပြီး ရက်သတ္တပေါင်းများစွာ ကြာသည်
အထိ ကယ်ဆယ်ရေး လုပ်သားများသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် စုရုံးနေခဲ့ကြပြီး မြန်မာနိုင်ငံသို့ ၀င်ခွင့်ရမည့်အရေးကို စောင့်ဆိုင်းနေခဲ့ကြရသည်။ တချို့က အလည်အပတ် ခရီးသွား ဗီဇာဖြင့် တိုင်းပြည်အတွင်းသို့ ၀င်ရောက်၍ ကူညီနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းသင့်ဒေသများဆီသို့ အသွား စစ်ဆေးရေးဂိတ်များမှ မောင်းထုတ်သဖြင့် ပြန်လှည့်လာ ခဲ့ကြရသည်။တချိန်တည်းတွင် တိုင်းပြည်အတွင်း ရှိနေပြီးသားဖြစ်သည့် အနည်းငယ်မျှသော နိုင်ငံတကာအန်ဂျီအို အဖွဲ့အစည်း များကလည်း လက်ရှိလုပ်ကိုင်နေသည့် စီမံကိန်းများ၏ အရင်းအမြစ်များကို အကူအညီ ပိုမို လိုအပ်နေသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ အသက်ရှင်ကျန်ရစ်သူများထံသို့ လွှဲပြောင်းပေးပို့ ခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ နေပြည်တော် ခရီးစဉ် အပြီး မေလကုန်ပိုင်း တွင်မှ စစ်အာဏာပိုင်များက နိုင်ငံခြားမှအကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့်ပေးရန် သဘောတူ ခဲ့ကြသည်။နောက်ဆုံးတွင် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှု အောက်မှတဆင့် ပိုမိုကျယ်ပြန့်သော အကူအညီပေး ရေး လုပ်ငန်းများကို မုန်တိုင်းသင့်ဒေသအတွင်း စတင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို သုံးပွင့်ဆိုင် အုပ်စုတွင် ကုလသမဂ္ဂအဖွဲ့၏ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်များဦးဆောင်ကာ နိုင်ငံတကာ အိုင်အန်ဂျီအိုများမှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။အခြေကျ အောင်မြင်နေပြီးသား နိုင်ငံတကာ အန်ဂျီအို တော်တော်များများသည်လည်း အကူအညီပေးရေး လုပ် ငန်းများတွင် အဓိက အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လုပ်ဆောင်နေဆဲ ဖြစ်သည်။
ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး၊ နယ်စည်းမခြား ဆရာ

ဝန်များအဖွဲ့ (MSF) မှ ဆန်အိတ်များ ဝေငှ နေစဉ်
၁၉၉၂ ခုနှစ်တွင် မြန်မာပြည်၌ စတင်လုပ်ကိုင်နေသော နယ်စည်း
မခြား ဆရာဝန်များအဖွဲ့ (MSF) က ယခုနှစ်ကုန် အထိ မြစ်ဝကျွန်းပေါ်ဒေသအတွင်း ဆက်လက်ရှိနေမည်ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင် အကြီးဆုံး သော နိုင်ငံတကာ အန်ဂျီအိုတခုဖြစ်သည့် Save the Children အဖွဲ့ကလည်း ၎င်း၏ လုပ်ငန်းများ နှစ်ပေါင်းများ စွာ ဆက်လက်လုပ်ဆောင်ရလိမ့်ဦးမည်ဟု ဆိုခဲ့သည်။ဗြိတိန်အခြေစိုက် ဆေးဝါးအလှူရှင်အဖွဲ့တခု ဖြစ်သည့် မာလင်း ကဲ့သို့သော နိုင်ငံတကာ အန်ဂျီအိုများသည် မြန်မာနိုင်ငံအတွက် အသစ် ဖြစ်နေသေးသည်ဟု ဆိုရမည် ဖြစ်သည်။ မြန်မာပြည်အတွင်း ၂၀၀၄ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့သည့် မာလင်း အဖွဲ့၏ ကျန်းမာရေးလုပ်သား ၅၅၀ အနက် ၉၅ ဦးသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည်။
အနုပညာမှသည် ချစ်ခြင်း မေတ္တာသို့
Wednesday, 31 December 2008 00:00 ဧရာဝတီ
Iron Cross Band (IC) — IC ဟု လူသိများသော မြန်မာနိုင်ငံ၏ ထိပ်တန်း ရော့ဂီတ တီးဝိုင်းသည် ၁၇ နှစ်တာ ကြာပြီ ဖြစ်သော်လည်း အောင်ပွဲ ခံနေဆဲပင် ဖြစ်သည်။
ကွယ်လွန်သူ ပြိုင်စံရှား ဂစ်တာကျော်တဦးဖြစ်သည့် ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသား စောဘွဲ့မှူး ဦးဆောင်ခဲ့ပြီး ဂီတပညာရှင် ၅ ဦးဖြင့် ၁၉၉၁ ခုနှစ်တွင် တီးဝိုင်းကို စတင်တည် ထောင်ခဲ့သည်။ ထိုစဉ်က နိုင်ငံခြားသံစဉ် သီချင်းများကို မြန်မာစာသားများ ထည့်သွင်း သီဆိုသော ကော်ပီ သီချင်းများကိုသာ အဓိကထား တီးခတ်ခဲ့သည်။ သို့သော် မောင်မောင်ဇော်လတ်၊ အယ်လ်ဖြူ စသော သီချင်းရေး ဆရာများ က မက်တယ်လစ်ကာ ကဲ့သို့သော လူကြိုက်များသည့် အမေရိကန်တီးဝိုင်း သီချင်းများအပေါ် မှီခိုထားနေရမှုမှ လွတ်မြောက်စေခဲ့သည်။ သူတို့၏ ကိုယ်ပိုင်သံစဉ် သီချင်းများနှင့် လူအများအထင်ကြီး လေးစားမှုကို ရရှိစေခဲ့သည်။
ရန်ကုန်မြို့တွင် နာဂစ် ရန်ပုံငွေ ပွဲဖျော်ဖြေခဲ့သော နာမည်ကြီး အိုင်စီ တေးဂီတအဖွဲ့

IC ကို စတင်တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ကြသူများမှာ လိဒ်ဂစ်တာသမား ကိုချစ်စမ်းမောင်၊ ဘေ့စ်ဂစ်တာ တီးခတ်သူ ကိုခင်မောင်သန့်၊ ကီးဘုတ်တီးသမား ကိုဗညားနိုင်နှင့် ဒရမ်တီးခတ်သူ ကိုခရမ်း တို့ဖြစ်ကြသည်။ နောက်ပိုင်းတွင် တီးဝိုင်းအင်အားကို တိုးချဲ့ခဲ့သည်။ ပင်တိုင်အဆိုရှင် လေးဖြူ ပူးပေါင်းပါဝင် လာခဲ့ပြီးနောက်ပိုင်း အချိန်တိုတိုအတွင်း အောင်မြင်မှုများ တိုး၍ ရရှိလာခဲ့သည်။ သို့သော် ကိုလေးဖြူသည် ၂၀၀၆ ခုနှစ် စင်တင် ဂီတတင်ဆက်မှုအပြီးတွင် စင်မြင့်ဖျော်ဖြေပွဲများမှ ထူးထူးခြားခြား ပျောက်ကွယ်သွားခဲ့ကာ ၂၀၀၈ ခုနှစ် သြဂုတ်လတွင်မှ အိုင်စီ၏ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ရန်ပုံငွေပွဲတွင်မှ ပြန်လည်ပေါ် ထွက်လာခဲ့သည်။ ၂ နှစ်ကြာ သူ၏တိမ်မြုပ်နေမှုနှင့် ပတ်သက်၍ မည်သည့်ဖြေရှင်းချက်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ပေ။ နာဂစ်ရန်ပုံငွေပွဲအတွက် ပြုလုပ်သော သုဝဏ္ဏဘောလုံးကွင်း တေးဂီတတင်ဆက်မှုတွင် လူပေါင်း ငါးသောင်းနီးပါး ခန့် လာရောက်ပြီး ကွင်းတကွင်းလုံး ပြည့်လျှံသွားခဲ့သည်။ မြန်မာနိုင်ငံတွင် တခါမှ မတွေ့ဘူးသော အကြီးဆုံး တင် ဆက်မှု ဖြစ်သည်။ ထိုအစီအစဉ်တွင် လေးဖြူနှင့်အတူ တခြားလူကြိုက်များ ရော့ခ်ဂီတ အဆိုတော်များ ဖြစ်ကြ သော အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့လည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။
သီးလေးသီး နှင့် ဆေးရောင်စုံ
၂၀၀၈ ခု ဇန်န၀ါရီ လအတွင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဖျော်ဖြေပွဲတွင် တွေ့ရသော သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့် (ဓာတ်ပုံ - ဧရာဝတီ)

သီးလေးသီး နှင့် ဆေးရောင်စုံ အငြိမ့်သဘင်အဖွဲ့
သည်လည်း နိုင်ငံတကာခရီးစဉ်များ စီစဉ်ကာ ကမ္ဘာတ၀န်းရှိ မြန်မာလူမျိုးများ၏ အသည်းနှလုံးကို ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့သည်။ သီးလေးသီးအငြိမ့်ကို သဘောကျ နှစ်ခြိုက်သူ နိုင်ငံတော်တော်များများမှ ပရိသတ်များ ရှေ့မှောက်တွင် ဟာသ ပြက်လုံးများ၊ ရိုးရာအကများဖြင့် အသုံးတော် ခံခဲ့ကြသည်။ ဂေါ်ဇီလာ၊ စိန်သီး၊ ပန်းသီး၊ ကြယ်သီးနှင့် ဇီးသီးဟူသော အမျိုးသား လူရွှင်တော် ငါးဦး၊ မြစပယ်ငုံနှင့် ချောစုမျိုး ဟူသော အမျိုးသမီး အကပညာရှင်နှစ်ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအငြိမ့်သည် မြန်မာစစ်အစိုးရကို ပြက်လုံးထုတ် ခဲ့သည့်အပြင် သရော်သည့် ပြကွက်များကြောင့်လည်း အထူးလူသိများလှသည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် သီးလေးသီးအငြိမ့်က ရန်ကုန်မြို့၊ ကန်တော်ကြီးပန်းခြံအတွင်းရှိ မျှော်စင်ကျွန်း၌ ကပြ ဖျော်ဖြေခဲ့သည်။ သူတို့ကို အာဏာပိုင်များက ဇာတ်ခုံပေါ်တွင် နိုင်ငံရေးပြက်လုံးများ မထုတ်ပါဟူ၍ အာမခံချက် လက်မှတ်ရေးထိုးခိုင်းခဲ့သော်လည်း စက်တင်ဘာလ ဆန္ဒပြသံဃာတော်များအပေါ် စစ်အစိုးရ၏ ရက် ရက်စက်စက် ဖြိုခွင်းခဲ့မှုများကို ဖော်ပြအရွှန်းဖောက်ခဲ့သည့် သူတို့၏ ဇ၀နဉာဏ်ကိုတော့ အာဏာပိုင်များကမဟန့် တားနိုင်ခဲ့ပေ။ ထိုပွဲအတွက် ထုတ်လုပ်သော VCD အခွေသည် အလွန်အောင်မြင်ခဲ့ သဖြင့် အာဏာပိုင်များက ချက်ချင်းဆိုသလို တားမြစ်ပိတ်ပင်ခဲ့ရသည်။ အချိန်တိုတိုအတွင်းမှာပင် ယင်း VCD အခွေသည် တိုင်းပြည်၏ နယ်နိမိတ်ကို ကျော်ဖြတ်၍ ပြည်ပသို့ ခြေဆန့်သွား ခဲ့သည်။ သီးလေးသီးနှင့် ဆေးရောင်စုံ အငြိမ့်အဖွဲ့ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံများရှိ မြန်မာအသိုင်းအ၀န်းက သူတို့ရောက်ရှိနေသည့် နိုင်ငံများတွင် လာရောက် ကပြဖျော်ဖြေရန် ဖိတ်ကြားခဲ့ကြသည်။ ၎င်းတို့၏ ပြက်လုံးများသည် မြန်မာနိုင်ငံ၏ လမ်းမများပေါ်တွင် လက်တွေ့ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို အခြေခံထားခြင်း ဖြစ်ပြီး ပြည်သူလူထု၏ စစ်မှန်သော အသံများကို ထပ်ဆင့်ဖေါ်ထုတ်ပေးခြင်း ဖြစ်သည်ဟု အငြိမ့်အဖွဲ့ဝင်များက ဆိုခဲ့သည်။ “လူထုပြောနေတဲ့အသံတွေကို ကျနော်တို့ နားထောင်မယ်။ ပြီးရင် သူတို့ရဲ့ဘ၀တွေကို ကျနော်တို့က ပြန်ပြီး ထင်ဟပ်ပေးမယ်” ဟု ဂေါ်ဇီလာက ပြောခဲ့သည်။
နေတိုး
နာဂစ် ဒုက္ခသည်များကို ငွေကြေးဖြင့် ကူညီပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် နေတိုးရုပ်ဖြောင့်ဖြောင့်၊ ခန္ဓာကိုယ် ပြေပြေပျစ်ပျစ်ရှိပြီး အမျိုးသမီးများအကြား ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသော ရခိုင်အမျိုးသား ရုပ်ရှင်သရုပ်ဆောင် နေတိုးကလည်း သူ၏ နောက်ထပ်ရိုက်မည့် ရုပ်ရှင်ကားကို နာဂစ် မုန်တိုင်းသင့်ပြည်သူများ ရန်ပုံငွေအတွက် ရည်ရွယ်ထားသည်ဟု ဆိုသည်။ "ရောရောရှိ" ဟု အမည်ရသော ထို ရုပ်ရှင်ကားကို မြန်မာ့ရုပ်ရှင်လောက၏ အကျော်အမော် ဒါရိုက်တာတဦး ဖြစ်သူ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးမည် ဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းတိုက်ခိုက်သော အချိန်တွင် နေတိုးတယောက် ရုပ်ရှင်ရိုက်ကူးခြင်းလုပ်ငန်းဖြင့် အလုပ်ရှုပ်နေရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းသင့် ပြည်သူများထံသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်နိုင်ခဲ့သည့်အပေါ် ယခုတိုင် နောင်တရ စိတ်မကောင်းဖြစ်နေသေးသည်ဟု ဆိုသည်။ သို့သော် အကူအညီပေးရေးလုပ်ငန်းများ အတွက် ကျပ်ငွေ ၃၈ သိန်းကို သူ လှူဒါန်းခဲ့သည်။“အဲဒီအချိန်တုန်းက ကျနော် အရမ်းကို စိတ်ထိခိုက်ခဲ့ပါတယ်။ မုန်တိုင်းသင့် ပြည်သူတွေကို ကျနော်အတတ်နိုင် ဆုံး ကူညီချင်တယ်ဗျာ” ဟု သူကပြောခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် သရုပ်ဆောင်နေတိုးက "သရဖီ " နှင့် "ဇော်က ကနေသည်" အမည်ရ ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ကူး ပြီးစီးခဲ့သည်။ အနည်းဆုံး အကယ်ဒမီဆု တဆုတော့ ဆွတ်ခူးရရှိလိမ့်မည်ဟု ပရိသတ်က သူ့ကို မျှော်လင့်နေကြသည်။

နှစ်တနှစ်၏ သြဂုတ်လတိုင်းတွင် မြန်မာပြည်အနှံ့အပြားမှ လူများက မန္တလေးမြို့နှင့် ၁၄ ကီလိုမီတာခန့် ဝေးသည့် တောင်ပြုံးကျေးရွာရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံး နတ်ပွဲသဘင်သို့ သွားရောက် ပျော်ပါးလေ့ ရှိကြသည်။ မြန်မာတို့၏ ရှေးရိုးအစဉ်အလာ ပုံပြင်များတွင်လည်း နတ် သို့မဟုတ် ရှေးဟောင်း ၀ိညာဉ်များဖြင့် ထုံးမွှမ်းနေကြသည်။ အလားတူ မြန်မာများသည် မိရိုးဖလာ ယုံကြည်မှုများဖြင့် ရှေးပဝေသဏီကပင် ကြီးပြင်းလာသော လူမျိုးများဟု ဆိုနိုင်သည်။ တချို့သော မြန်မာအသိုင်းအ၀န်းများကမူ နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံ၏ ဂုဏ်ယူ ဖွယ်ယဉ်ကျေးမှုအမွေ တစိတ်တပိုင်း ဖြစ်သည်ဟုပင် ဆိုနေကြသည်။ ဤနတ်ပွဲတော်အကြောင်းနှင့် မြန်မာနိုင်ငံ၏ လိင်တူချစ်သူများ အကြောင်း ဆွဲဆောင်မှုရှိစွာ ရေးသားထားသည့် ၀တ္ထုတအုပ် ပေါ်ထွက်လာခဲ့သည်။ ၎င်းနတ်တို့နှင့် ထိမ်းမြား ထားကြသည့် လိင်တူစုံမက်သူများ၏ နတ်ပွဲတော် အကြောင်း ချယ်မှုန်းထားသော ၀တ္ထုစာအုပ်အသစ်တအုပ်က မြန်မာအာဏာပိုင်များအဖို့ တမျိုးမြင်ဖွယ်ပင် ဖြစ်သည်။ သူတို့က အမျိုးသားဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု လည်း မြင်လျှင်မြင်ကြလိမ့်မည်။ “အာဏာပိုင်တွေက ဒီဇာတ်လမ်းဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ရော၊ မြန်မာယဉ်ကျေးမှုနဲ့ပါ ဆန့်ကျင်တယ်တဲ့” ဟု "ပြုံး၍လည်း ကန်တော့ခံပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ" စာအုပ်ရေးသားရန် အတွက် သုံးနှစ်ကြာ သုတေသန ပြုခဲ့ရသူ စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုသည်။ “လိင်တူဆက်ဆံတာကို မြန်မာနိုင်ငံမှာ တရားဝင် တားမြစ်ထားပါတယ်” ဟု သူက ပြောပြခဲ့သည်။ လိင်တူချစ်သူ နတ်ကတော်နှင့် မြန်မာလူငယ်တဦးအကြား ချစ်ကြိုးသွယ် ဆက်နွယ်ပုံကို ဖေါ်ကြူးထားသော သူ ၏ ၀ထ္ထုစာအုပ်က ၂၀၀၇ ခုနှစ် အာရှစာပေဆု ရရှိခဲ့သည်။ ထို့အပြင် အင်္ဂလိပ်ဘာသာသို့ပြန်ဆိုကာ Hyperion အမည်ဖြင့် ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ စာရေးဆရာမ နုနုရည်ကို ၁၉၅၇ ခုနှစ်တွင် မန္တလေးမြို့အနီး အင်းဝကျေးရွာတွင် ဖွားမြင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် စာပေလော က အတွင်းသို့ သူ စတင်ချင်းနင်း ၀င်ရောက်လာသည့်အချိန်မှ စ၍ ၀တ္ထုရှည်ပေါင်း ၁၅ အုပ်၊ ၀တ္ထုတိုပေါင်း ၁၀၀ ကျော်နှင့် နာမည်ကြီး မြန်မာမဂ္ဂဇင်းများတွင် ဆောင်းပါး မြောက်များစွာ ရေးသားခဲ့သည်။ ဆရာမနုနုရည်၏ ရေး သားမှုများသည် မြန်မာနိုင်ငံ ကျေးလက်နေ ဆင်းရဲသားများအကြားရှိ ဘ၀များနှင့် လူ့အဖွဲ့အစည်းများမှ အပယ်ခံထားရသူများ၏ အကြောင်းများကို တင်ပြထားချက်များ ဖြစ်ကြသည်။
အသက် ၃၂ နှစ်အရွယ် ဒါရိုက်တာ ကြည်ဖြူသျှင်သည် အမျိုးသားပထ၀ီဝင် အဖွဲ့ကြီး (National Geographic Society) က အမေရိကန် ပြည်ထောင်စုတွင် ပြုလုပ်သော All Roads Film Festival ရုပ်ရှင်ပွဲတော်မှ ချီးမြှင့်သည့် “အတိုဆုံး မှတ်တမ်းရုပ်ရှင် အကောင်းဆုံးဆု” ကို ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် သူ့ကို မြန်မာ့မှတ်တမ်းတင် ရုပ်ရှင်ကို လူသိအောင် ဆောင်ရွက်နိုင်ခဲ့သူ အဖြစ် ၂၀၀၈ ခုနှစ်တွင် မှတ်တမ်းတင်ထားရန် အကြောင်း ရှိလာခဲ့သည်။ ငွေကြေးအကန့်အသတ်၊ ဗွီဒီယို ကင်မရာငယ်တလုံးနှင့် နည်းပညာ အကူအညီ အနည်းငယ်သာ ရရှိခဲ့သော ကြည်ဖြူသျှင်သည် မြန်မာ့ပန်းချီဆရာ ၀သုန်၏ ဘ၀ကို "၀သုန်၏ ကောက်ကြောင်း" အမည်ဖြင့် ၁၄ မိနစ်တာ မှတ်တမ်းဇာတ်ကားတခု ဖန်တီး ရိုက်ကူးခဲ့သည်။ မယ်သီလရှင်တဦး၏ ဘ၀အကြောင်းကို ချယ်မှုန်းထားသည့် "ငြိမ်းချမ်းသောစိတ်" ဟူသော မှတ်တမ်းကား အပြီး တွင် ယခု မှတ်တမ်းတင်ကားသည် ဒုတိယမြောက် ၀င်ရောက်ယှဉ်ပြိုင်သော မှတ်တမ်းကား တကား ဖြစ်သည်။ တတိယမြောက်အနေဖြင့် ရုပ်သေးဆရာတဦး၏ ဘဝနှင့်အနုပညကို တင်ပြရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။နာမည်ကြီး ပန်းချီဆရာတဦးဖြစ်သော ပန်းချီဝသုန် (အမည်ရင်း ဦးခင်လှ) ၏ ကောက်ကြောင်း မှတ် တမ်းတင်ရုပ်ရှင်တွင် ပန်းချီဆရာက သူ့ဘ၀နှင့် အနုပညာဆိုင်ရာ အမြင်များကို ပြောဆိုထားသည်။ ၀ါရှင်တန်ဒီစီ တွင် ကြည်ဖြူသျှင်က ဤဇာတ်ကားအတွက် ဆုလက်ခံအပြီး ရက်သတ္တပတ် အနည်းငယ်အကြာ၊ အောက်တိုဘာ လ ၂၁ ရက်နေ့တွင် ပန်းချီဆရာ ၀သုန် ကွယ်လွန်သွားခဲ့သည်။
ဦးထွန်းလွင်
မြန်မာနိုင်ငံ၏ မိုးလေ၀သနှင့် ပတ်သက်ပြီး နာဂစ် မုန်တိုင်း မတိုင်မီ ကာလအထိ ယုံကြည်အားထားရသူ ဦးထွန်းလွင် (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန အကြီးအကဲဖြစ်သူ ဦးထွန်းလွင်သည် မြန်မာနိုင်ငံတွင် လူသိ အများဆုံးသော မိုးလေ၀သ ကြေညာသူတဦး ဖြစ်ပြီး သူ၏ နောက်ဖြစ်ပေါ်လာနိုင်သော ညစဉ်မိုးလေ၀သ ခန့် မှန်းချက်များကြောင့် ယုံကြည်အားထားမှု ခံရသူတဦးလည်း ဖြစ်သည်။ သို့သော် နာဂစ်ဆိုင်ကလုန်း မတိုက်မီ ကာလအထိပင် သူ့အပေါ် ယုံကြည်ကိုးစား နိုင်ခဲ့ကြသည်။ မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့ သဘာဝကပ်ဘေး အန္တရာယ် ကျရောက်ခါနီး ရက်ပိုင်း၊ နာရီပိုင်းအထိ ဦးထွန်းလွင်၏ အသံလွှင့်ချက်များတွင် မြန်မာနိုင်ငံသို့ အန္တရာယ်ကြီးမားလှသော ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်ခြင်းနှင့် ပတ်သက်သည့် သတိပေးချက် တစုံတရာ မပါရှိခဲ့ပေ။ အိန္ဒိယနှင့် ထိုင်းနိုင်ငံများမှ မိုးလေ၀သပညာများရှင်များက အချိန်နှင့်အမျှ သတိပေးချက်များ ထုတ် ပြန်ခဲ့ကြသော်လည်း မြန်မာ့ရုပ်မြင်သံကြားတွင်၊ မြန်မာ့သတင်းတွင်မူ ကြွင်းကျန်နေခဲ့သည်။မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနနှင့် နီးစပ်သော ယုံကြည်ရသည့် သတင်းများ၏ အဆိုအရ ဦးထွန်းလွင်က ဆိုင် ကလုန်း ၀င်ရောက်လာမည့် သတင်းအချက်အလက်များကို နေပြည်တော်ရှိ အစိုးရထံသို့ ပေးပို့ခဲ့သော်လည်း အခြေခံဥပဒေ ဆန္ဒခံယူပွဲမတိုင်ခင်တွင် မငြိမ်သက်မှုများ ဖြစ်နိုင်သည်ကို စိုးရိမ်သဖြင့် မုန်တိုင်းသတင်းကို ထုတ်ဖော်မပြောဆိုရန် နေပြည်တော်က သူ့ကို ညွှန်ကြားခဲ့သည်ဟု ဆိုကြသည်။ “မုန်တိုင်းအဆိုးရွားဆုံး ခံခဲ့ရတဲ့နေရာတွေမှာ နေထိုင်သူ လူအများစုကို ဆိုင်ကလုန်း ၀င်ရောက်လာမှာနဲ့ ပတ် သက်လို့ ကြိုတင်သတိပေးခဲ့ပါတယ်” ဟု ဦးထွန်းလွင်က ဆိုခဲ့သည်။ “ပြဿနာက ဘာလဲဆိုတော့ ဆိုင်ကလုန်း တိုက်ရင် ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ လူထုအကြားမှာ ဘာမှ ပြည့်ပြည့်၀၀ မသိကြဘူး၊ ဗဟု သုတ မရှိခဲ့ကြဘူး” ဟု သူက ပြောဆိုခဲ့သည်။ သူ၏ မိုးလေ၀သခန့်မှန်းချက်ကို လိုက်နာသောသူ အများစုက အစိုးရသည် ဆိုင်ကလုန်းအန္တရာယ်ကို သိလျှက် နှင့် သဘာဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် အစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြင်ဆင်ခြင်း မပြု ခဲ့ဟု အဓိပ္ပာယ် ကောက်ယူခဲ့ကြသည်။
၂၀၀၈ ခုနှစ်၏ အရေးပါသူများ (၂)
Monday, 05 January 2009 00:00 ဧရာဝတီ
မောင်စူးစမ်းနှင့် သခင်တင်မြ — နိုင်ငံရေး ဆိုင်ရာ အယူအဆ ကွဲပြားမှု၊ တိုက်ပွဲ ပြင်းထန်သော ကာလ များတွင် တဘ၀စာ နှစ်မြုပ် ဖြတ်သန်း ခဲ့မှုတို့က မောင်စူးစမ်းနှင့် သခင်တင်မြကို လက်တွေ့ ဆန်သူများ အဖြစ်သို့ တွန်းပို့ပေးခဲ့ဟန်ရှိသည်။ အသက် ၈၀ ကျော်ကြပြီဖြစ်သော်လည်း နှစ်ဦးလုံးက လတ်တလော ဖြစ်ထွန်းမှုများအပေါ် ထက်ထက်သန်သန် လေ့လာနေကြဆဲ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးအရောင် တခုပြီး တခု ပြောင်းလဲခဲ့သူများဖြစ်ကြသည်။ လာမည့် ၂၀၁၀ ရွေး ကောက်ပွဲသို့ ဦးတည်နေသော စစ်အစိုးရ၏ လမ်းပြမြေပုံသာလျှင် လက်တွေ့ကျသော နည်းလမ်းတခု အဖြစ် ရှုမြင်ကာ ပူးပေါင်းပါဝင်သင့်သည်ဟု ကောက်ချက်ချထားကြသူများလည်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရေးသည် အဆင်တန်ဆာဖြစ်ပြီး အနှစ်သာရမဟုတ်ဟု ပြောဆိုသော စာရေးဆရာ မောင်စူးစမ်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်ထုတ် အပတ်စဉ်ဂျာနယ်များပါ သုံးသပ်ချက်ဆောင်းများတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ရှေ့ဆက်လှမ်းရန်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည်ဟု မောင်စူးစမ်းက ပြောခဲ့သည်။ လူထုအကြားတွင် အခြားအစားထိုးနည်းလမ်းများ ချပြနေခြင်းသည် အချိန်ကုန် လူပင်ပန်းသာဖြစ်မည်ဟု သူက အကြံပြု တိုက်တွန်းခဲ့သည်။ "တွေ့ဆုံဆွေးနွေးရေးသည် တန်ဆာဆင်မှုသာ ဖြစ်သည်။ အနှစ်သာရ မဟုတ်" ဟု သူက ရေးသားခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သူ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူတဦးက စစ်အစိုးရကို ဗြောင်ကျကျ ထောက်ခံလိုက်သည့်အတွက် အံ့အားသင့်ကြရသည်။ အင်တာနက် ဘလော့ စာမျက်နှာများတွင် မောင်စူးစမ်းကို တိုက်ခိုက်ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မောင်စူးစမ်း နာနာကျင်ကျင် ဖြစ်သွားပြီး " ဘလော့ဂါ၏ ဗီဇစိတ်"ဟု ပြန်လည် ရေးသား ချေပခဲ့သည်။ သုံးသပ်ချက်ဆောင်းပါးများ ရေးနေသူ ၀ါရင့်စာရေးဆရာမောင်စူးစမ်းက သူ့အပေါ် ဝေဖန်သူများကို မရိုးမသား စကားလုံးများ၊ အခြေအမြစ်မဲ့ စွပ်စွဲချက်များ၊ အလောတကြီး ကောက်ချက်ချခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ပြုနေမည့်အစား "ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရန်" စိန်ခေါ်ခဲ့သည်။ မောင်စူးစမ်းဘ၀တလျှောက်တွင် ကြမ်းတမ်းသော၊ ကစဥ့်ကလျား နိုင်ငံရေးဘ၀များကို ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်သော ၁၉၃၈ အထွေထွေသပိတ်တွင် ကျောင်းသားငယ်တဦး အဖြစ် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီသို့ တောခိုကာ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မောင်စူစမ်းက အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံ အပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်မြင်စွာ အရွေးချယ်ခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။
၂၀၁၀ ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ် မရှိဟု ဆိုသော နိုင်ငံရေးသမားဟောင်းနှင့် စာရေးဆရာ သခင်တင်မြ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

သခင်တင်မြ၏ လက်တွေ့ကျကျ အမြင်သည်လည်း သူ၏ ဘ၀တသက်တာ အငြင်းပွားဖွယ် နိုင်ငံရေးဖြတ်သန်းမှုများမှ ဖြစ်ထွန်းပေါ်ထွက်လာခြင်း ဖြစ်တန်ရာသည်။ အသက် ၈၄ နှစ်ရှိပြီဖြစ်သော သခင်တင်မြသည် နိုင်ငံရေးဘက်အမျိုးမျိုး၊ အရောင်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၄၆ ပါတီ နှစ်ခြမ်းကွဲသောအခါတွင် အလံနီပါတီဘက်သို့ ရပ်တည်ခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါတွင် အလံဖြူအုပ်စုဘက်သို့ ပြောင်းခဲ့ပြန်သည်။သခင်တင်မြသည် ၁၉၆၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုကို ရန်ကုန်မြို့၌ တာဝန်ခံ လုပ်ဆောင်နေစဉ် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းယူသော ၁၉၆၂ စစ်အာဏာသိမ်းပွဲကို သူက ထောက်ခံခဲ့ပြီး အာဏာရှင်၏ စစ်ကောင်စီကို ထောက်ခံခဲ့ပြန်သည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ခြေစုံပစ် လက်ခံခဲ့ပြန်သည်။ ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးတွင် သူ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲပုံကို တဖန် တွေ့ကြရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တည်ထောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ချုပ်နှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ကျန်းမာရေး အခြေအနေကြောင့် ၃ နှစ်အကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည် ဟူသော မောင်စူးစမ်း၏အမြင်ကို သခင်တင်မြက လက်ခံလိုက်ကာ နှစ်ပေါင်း ၉၀ ၀န်းကျင်ရှိ သူ၏ ဘ၀သက်တမ်းတွင် နောက်ထပ်တဖန် ရပ်တည်ချက် ပြောင်းခဲ့ပြန်သည်။ သခင်တင်မြက "ဘာမှမရှိတာထက်စာရင် တခုခုရှိတာက ပိုကောင်းတာပေါ့" ဟု သတင်းဌာနတခု၏ တွေ့ဆုံမေးမြန်းချက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သတင်းထောက်များနှင့် ဘလော့ဂါများမြန်မာစစ်အစိုးရသည် တိုင်းပြည်အတွင်းနှင့် အပြင် သတင်း စီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် အသည်းအသန် ဖြစ်နေချိန်တွင် ပြည်တွင်း သတင်းထောက်များနှင့် သာမန်ပြည်သူများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ပြင်ပကမ္ဘာမှ သိလာစေရန် အန္တရာယ်ကြားမှ အရဲကိုး ဆောင်ရွက်နေကြခြင်း ကြောင့်လည်း ဆက်လက်ပြီး အဖမ်းဆီးခံနေကြရ၊ ထောင်ချခံရ၊ အနှိပ်စက်ခံနေကြရ ပြန်သည်။
လက်ရှိ စစ်အစိုးရ အကျဉ်းထောင်တွင်း ထောင်ဒဏ် ကျခံနေရသော ဘလော့ဂါ ကိုနေဘုန်းလတ် နှင့် သတင်းထောက် မအိမ့်ခိုင်ဦး (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)

ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အီကိုဗွီးရှင်း (Ecovison) ဂျာနယ် သတင်းထောက်ဖြစ်သူ အသက် ၂၄ နှစ်ရှိ မအိမ့်ခိုင်ဦး ၏ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲသော သတ္တိကြောင့် အာဏာပိုင်များ၏ အမြင်တွင် ဆန့်ကျင်သူ သတင်းထောက်တဦး အဖြစ် အမျက်ရှခဲ့ကြသည်။ ဇွန်လ ၂၀ ရက်နေ့တွင် သူက ရန်ကုန်မြို့ ကုလသမဂ္ဂရုံးတရုံးရှေ့တွင် နာဂစ်မုန်တိုင်းမှ အသက်ရှင်ကျန်ရစ်သူ ၂၀ ခန့်၏ တောင်းဆိုဆန္ဒပြမှု အကြောင်းကို သတင်းရယူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်မှု အစီရင်ခံစာအရ ယခုနှစ် အစောပိုင်းမှစ၍ ထောင်ချခံရသော မြန်မာသတင်းထောက် အရေအတွက်သည် နိုဝင်ဘာလတွင် ၁၀ ဦးရှိခဲ့သည်။ စောင့်ကြည့် (News Watch) အပတ်စဉ်ဂျာနယ်မှ အယ်ဒီတာ ဦခင်မောင်အေး၊ သတင်းထောက် ကိုထွန်းထွန်းသိန်း တို့နှစ်ဦးက နိုင်ငံအတွင်းရှိ တရားရုံးများတွင် ဖြစ်ပျက်နေသည့် ခြစားမှု သတင်းဆောင်းပါးတပုဒ် ဖော်ပြမိခြင်းကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။ ပုံနှိပ်မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ထားရန် ဆက်လက်ကြိုးကိုင်ထားသည့် မတရားဆိုးဝါးသော စာပေ စိစစ်ရေး ဆင်ဆာစနစ်ကို ကျော်လွှားနိုင်ရန်အတွက် အင်တာနက်ကို အသုံးပြု၍ သတင်းရေးသားနေကြသော "နိုင်ငံသား သတင်းထောက်များ" ဟု ခေါ်ကြသည့် လူငယ်များကိုလည်း စစ်အစိုးရက ပစ်မှတ်ထား တိုက်ခိုက်နေပြန်သည်။ မြန်မာ့ဘလော့ လောက၏ ဦးစီးရှေ့ဆောင်တဦး ဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုနေဘုန်းလတ် ကို ၁၉၉၆ ခုနှစ် ကွန်ပျူတာသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ် ခဲ့သည်။ ၎င်းဥပဒေက နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော မည်သို့သော လုပ်ဆောင်ချက်ကိုမဆို ကွန်ပျူတာများ အသုံးပြု၍ ဆောင်ရွက်ခြင်းကို တားမြစ်ထားသည်။ တချိန်တည်းတွင် နိုင်ငံတကာမိသားစုက အေပီ (Associated Press) သတင်းဌာန၏ သတင်းထောက် ဒေါ်အေးအေးဝင်း ကို ဂုဏ်ပြုခဲ့သည်။ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေး ရှင်း (International Women's Media Foundation) ကပေးသည့် ၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်တဦး အဖြစ် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်နေသူ ဒေါ်အေးအေးဝင်းက သူ၏ စာဖြင့်ရေးထားသော ဆုလက်ခံမိန့်ခွန်း၌ မြန်မာပြည်တွင် သတင်းထောက်လုပ်ရခြင်းသည် အန္တရာယ်များသော လုပ်ငန်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများ
ကိုဘိုကြည် (ဓာတ်ပုံ - ဧရာဝတီ) နှင့် ဇိုရာဖန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

အမိမြန်မာပြည်အတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးများ ဖြစ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေကြသော ပြည်ပရောက်တက်
ကြွလှုပ်ရှားသူ ၃ ဦးသည်လည်း ၂၀၀၈ ခုနှစ်အတွင်း သူတို့၏ အားထုတ်မှုများအတွက် နိုင်ငံတကာ၏ ဂုဏ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။ ဆုရရှိခဲ့သူ ထိုသုံးဦးမှာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ၊ မြန်မာနိုင်ငံဆိုင်ရာ အာရှ-ပစိဖိတ် ပြည်သူများကွန်ရက်အဖွဲ့ (Asia Pacific People's Partnership on Burma) ၏ တာဝန်ခံ ဒေါ်ခင်ဥမ္မာ နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) မှ နန်းချမ်တောင်းတို့ဖြစ်သည်။မြန်မာနိုင်ငံတွင် နှစ်ရှည်ထောင်ဒဏ် ၂ ကြိမ်ကျခံခဲ့သူ ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသည်။ ကိုဘိုကြည်သည် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ သူငယ်ချင်းတယောက်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏ လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ် အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤ ဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဆုပေးသည့်အဖွဲ့ က ဖော်ပြခဲ့သည်။ ကိုဘိုကြည်သည် လူ့အခွင့်ရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသော အေအေပီပီအသင်းတွင် ဦးဆောင်နေသူ တဦးဖြစ်သည်။
ဒေါ်ခင်ဥမ္မာနှင့် နန်းချမ်တောင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည်လည်း ၀ါ
ရှင်တန်အခြေစိုက် ကမ္ဘာ့ မိတ်ဖက်ပြုမှုအတွက် အရေးပါသော အသံများ (Vital Voices Global Partnership) အဖွဲ့မှ ပေးအပ်သော ဆု ရရှိခဲ့သည်။ ထိုအဖွဲ့သည် ကမ္ဘာ့တလွှားရှိ အမျိုးသမီး ခေါင်းဆောင်များနှင့် အတူတကွ လက်တွဲလုပ်ကိုင်နေသော စေတနာ့ဝန်ထမ်းအဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့က ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည် သာမန်ပြည်သူများအကြား ဒီမိုကရေစီပြန့်ပွားရေး၊ ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ လုပ်ဆောင်နေကြသူများဖြစ်သည်ဟု ဖော်ပြခဲ့သည်။ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ နန်းချမ်တောင်းသည် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအမျိုးသမီးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်သော အဓမ္မပြုကျင့်မှုများနှင့် အခြားရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားသော "မုဒိမ်းကျင့်ခွင့်လိုင်စင်" အမည်ရ အစီရင်ခံစာတခုကို ထုတ်ဝေခဲ့သူ ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် လှုံ့ဆော်ခဲ့သည့် ပြည်ပရောက် လှုပ်ရှား တက်ကြွသူ အခြားတဦးမှာ အင်္ဂလန်အခြေစိုက် Burma Campaign (UK) ၏ နိုင်ငံတကာ တာဝန်ခံဖြစ်သည့် ကရင်တိုင်းရင်းသူ နန့်ဇိုရာဖန်း ဖြစ်သည်။ ဥရောပတိုင်းပြည်များအနှံ့သို့သွားပြီး မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ကြရန် အစိုးရများကို အကြံပြု လှုံ့ဆော်ခဲ့သည်။ ဖဒိုမန်းရှာ၂၀၀၈ ခုနှစ်တွင် ကရင်တိုင်းရင်းသားများအတွက် သူရဲကောင်းတဦး ဆုံးရှုံးခဲ့ရသည်။ အသက် ၆၄ နှစ်အရွယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဖဒိုမန်းရှာသည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုလူသတ်မှုအတွက် မည်သူ တဦးတယောက်ကမှ တာဝန်ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း မပြုခဲ့သော်လည်း လူအများအပြားက “တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)” ကဲ့သို့သော ကရင်ခွဲထွက်အုပ်စုများအပေါ်တွင် သင်္ကာမကင်း ရှိခဲ့ကြသည်။
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ပါ ဆုံးရှုံးသွားရသည့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ (ဓာတ်ပုံ - ဧရာဝတီ)

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ဖြိုခွင်းချေမှုန်းမှုများအပြီး တောတွင်းသို့ ထွက်ပြေးလာသော ကျောင်းသားများကို မည်ကဲ့သို့ စုစည်းရမည်၊ မည်သို့ ပြောက်ကျားစစ်ပွဲ ဆင်နွှဲရမည်နှင့် ပတ်သက်၍ ဖဒိုမန်းရှာက အဓိက ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့သည်။ ဖဒိုမန်းရှာသည် သတင်းမီဒီယာဌာနများနှင့် အဆင်ပြေ ရင်းနှီး ကျွမ်းဝင်သူ ကရင်ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း KNU၏ အခန်း ကဏ္ဍကို လူသိများလာစေရန် ပြည်ပရောက် မြန်မာရေဒီယိုသတင်းဌာနများ၏ ထုတ်လွှင့်ချက်များမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။ ဖဒိုမန်းရှာသည် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ စဉ်းစားချက်ကို အင်တိုက်အားတိုက် မြှင့်တင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည့်အပြင် မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံ အားပေးခဲ့သည်။ ဒီမိုကရေစီ အတွေးအခေါ်များ မြှင့်တင်ပေးခြင်း၊ လွတ်လပ်သော သတင်းမီဒီယာကို အားပေးခြင်းနှင့် လူထု အခြေပြု အဖွဲ့အစည်းများအကြား လွတ်လပ်သော ဆွေးနွေးငြင်းခုန်မှုများ ဖြစ်ပေါ်လာစေရန်လည်း သူက တွန်းအားပေးခဲ့သည်။သို့သော်ငြားလည်း ဖဒိုမန်းရှာသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတခုလုံး ညီညွှတ်လာစေရန်အတွက် မစွမ်းဆောင်နိုင်ခဲ့ပါ။ တခါတရံတွင် သူ၏ ယုံကြည်မှုအပေါ် အပေးအယူ လုပ်ရခက်သောသူတဦးဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရနှင့် ပတ်သက်လာလျှင် လုံးဝ အလျှော့အတင်း မရှိခဲ့သူဖြစ်သည်။ နိုင်ငံရေး ကိစ္စရပ် များစွာတွင်လည်း သူ၏ ပြင်းထန်သည့် ရပ်တည်ချက်များကြောင့် မကြာခဏဆိုသလို ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
Subscribe to:
Posts (Atom)