- -22
- -13
- -4
- 5
- 14
- 23
- 32
- 41
- 50
- 59
- 68
- 77
- 86
- 95°F
- -22
- -13
- -4
- 5
- 14
- 23
- 32
- 41
- 50
- 59
- 68
- 77
- 86
- 95°F
- 0"
- <.10"
- .10"
- .25"
- .50"
- 1.0"
- 2.0"
- 4.0"
- 5
- 10
- 15
- 20
- 25
- 30
- 35
- 40mph
ထိုင်း ဆေးသိပံ္ပဌာနက နိုင်ငံတ၀န်းက ကုန်တိုက်တွေနဲ့ ဈေးတွေမှာရောင်းချနေတဲ့ ငံပြာရည်နဲ့ ရောထားတဲ့ စားသောက်ကုန်တွေရဲ့ အရည်အသွေးကို စစ်တမ်းကောက်ရာမှာ အခုလို တွေရှိခဲ့တာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကနေ မတ်လအတွင်း ငံပြာရည် ထုတ်လုပ်တဲ့ကုမ္ပဏီ ၁၁၈ ခုက ငံပြာရည် နမူနာ ၄၇၁ မျိုးကို စစ်ဆေးခဲ့တာပါ။
လေ့လာချက်အရ ငံပြာရည်ရဲ့အရည်အသွေးဟာ ဈေးနှုန်းအပေါ် မူတည်နေတာမဟုတ်ဘဲ ဈေးကြီးတဲ့ ငံပြာရည်မှာရော ဈေးပေါတဲ့ ငံပြာရည်မှာပါ ဘေးအန္တရယ်ကင်းရှင်းရေး စံချိန်မမီတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ငံပြာရည် ၆၃ ဒဿမ ၈ ရာခိုင်နှုန်း နဲ့ ငံပြာရည်အရော ၃၇ ဒဿမ ၁ ရာခိုင်နှုန်းကတော့ ဘေးကင်းလုံခြုံ စိတ်ချရတယ်လို့ ဆိုပါတယ်။
အစားအစားနဲ့ ဆေးဝါးထိန်းချုပ်ရေးဌာန တာဝန်ရှိသူတွေကတော့ နိုင်ငံတ၀န်းမှာရှိတဲ့ ငံပြာရည် ထုတ်လုပ်သူတွေကို စစ်ဆေးမှာဖြစ်ပြီး စံမမီတာတွေ့ရင် တရားဥပဒေအရ ချက်ချင်း အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။
မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ် ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်း မရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲလို့ ပြောပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကို ဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
“သတင်းက မှန်လောက်တယ်။ သတင်းအချက်အလက်ယူထားတာက Joint Typhoon Warning Center အမေရိကန်ကပါ။ ကျနော်တို့လည်း ဒါကိုပဲ အားကိုးနေရတာ။ ဒါကသာဆိုရင်တော့ မှန်ကန်ခိုင်လုံတယ်။ သူက ထုတ်ပြန်တာ တိတိကျကျကြီး မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး ၀င်မယ် ပြောထားတယ်။ ကျနော်လည်း ဆိုဒ်ကို ပြန်သွားကြည့်တော့ မုန်တိုင်းနဲ့ ပတ်သက်လို့ တင်ထားတာတွေ့တယ်။ တင်ထားတဲ့အထဲတော့ မေ ၁၄ ရက် အချိန်က ၁၉း၀၀ GMTမှာ မြန်မာပြည်ကို ၀င်မယ်လို့တော့ မပါဘူး။”
“ဒါပေမယ့် သူရေးထားတာတွေကို လေ့လာကြည့်တဲ့အခါ တစ် မုန်တိုင်းဟာ လွန်ခဲ့တဲ့ ၆ နာရီအတွင်းမှာ အရှေ့မြောက်ဘက်ကို ရွေ့ခဲ့တယ်လို့ ဖော်ပြထားတယ်။ ကျနော်တို့ဘက်ပေါ့ ရွေ့နှုန်းက ၁ နာရီ ၅ မိုင်လောက်နှုန်းနဲ့ လာတယ်ပြောတယ်။ နောက် မုန်တိုင်းတည်နေရာပြောတော့ တည်နေရာဟာ အရှေ့တောင်ပိုင်း ဆိုတော့ မြန်မာပြည်ပိုင်နက်နဲ့ နီးတယ်ဆိုတဲ့အချက်တွေ့တယ်။ နောက် မုန်တိုင်းတည်နေရာပြ အကွာအဝေးတွေ၊ ကိုးကားထားတဲ့ ပွိုင့်တွေက အိန္ဒိယနဲ့ပြနေရာက အခု ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကပြတယ်။ စစ်တကောင်းရဲ့ ဘယ်ဘက်၊ ဘယ်နမိုင်အကွာပေါ့။ အဲတော့ အဲ အချက် ၃ ချက်ကိုတွေ့လိုက်တော့ ဒီဟာ ကျနော်တို့ဘက်ကိုလာမယ်ဆိုတာ အများကြီးဖြစ်နိုင်တဲ့ အနေအထားတွေ့လို့ ကျနော့် သတိပေးထုတ်ပြန်မယ့် သတင်းကို နှိုးဆော်အဆင့်တင်လိုက်တယ်။ ကျနော်တို့ဘက်ကို လာမယ်ဆိုတာတော့ အများကြီး ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ ကျနော့်သတင်းကိုတော့ နှိုးဆော်တဲ့အဆင့်ကို တင်လိုက်တယ်။”
ဘယ်နှရက်လောက်ကြိုပြီး အသေအချာ အတိအကျ ပြောနိုင်မလဲ။
“‘ဒီနေ့ကစ ပြောနေပြီပေါ့။ ပြောတာ ဘယ်လောက်မှန်မလဲ ဒါမှမဟုတ် လွဲသွားမလားဆိုတာ တရက်ချင်း လိုက်ကြည့်မှ သိရမှာပေါ့။ ဒါ နေ့တိုင်း ပြောနေမှာပါပဲ။ အခုကတည်းက ကြိုပြောတယ်လို့ ယူဆပါ။”
အများပြည်သူကို ပြောသင့်တာလေး ပြောပေးပါဦး။
\“ကျနော်က သတင်းတွေကို ၃ ဆင့် ထုတ်ပါတယ်။ ပထမ စောင့်ကြည့်အဆင့်၊ နောက်တဆင့် နှိုးဆော်၊ နောက်ဆုံးအဆင့် သိပ်ကို သေချာပေါက်ဆိုရင် warning (သတိပေးချက်) ဆိုပြီး ကျနော် ထုတ်ပါတယ်။ အခုလောလောဆယ်တော့ ဒုတိယအဆင့် နှိုးဆော်အဆင့်ကို တင်ထားပါတယ်။ warning တော့ ကျနော် မပေးသေးပါဘူး။”
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေအတွက် ‘မှီခိုသူပတ်စပို့စ်’ ကို ဒီနေ့ကစပြီး ထုတ်ပေးနေတာပါ။ အသက် ၁၈ နှစ်အောက် မြန်မာကလေးတွေဟာ ဒီစီမံချက်မှာ အကျုံးဝင်ပြီး ထိုင်းအခြေပြု ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထုတ်ပေးနေတယ်လို့ မြန်မာသံရုံး အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကလေးအတွက် ထုတ်ပေးမယ်ဆိုတော့ ထိုင်းဘက်က သာမန်လူကောက်သလို ဘတ် ၁၉၀၀ ကောက်မယ်ပြောတယ်။ အဲကိစ္စကို မြန်မာဘက်ကနေ ပြီးခဲ့တဲ့အစည်းအဝေးမှာ မိဘတွေတောင် ဘတ် ၅၀၀ ပဲဆောင်ရတာလေ။ အလုပ်မလုပ်တဲ့ ကလေးတွေကို ဘတ် ၁၉၀၀ တောင်ကောက်မယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ ညှိပေးပါဆိုတော့ ကတ်ဘိနက်တင်တော့ ကတ်ဘိနက်က ခွင့်ပြုလိုက်တယ်။ ကလေးတွေလည်း ဘတ် ၅၀၀ ပဲပေါ့။ ဒါနဲ့ ကျနော်တို့ဘက်က ကလေးတွေအတွက် သီးသန့်ထုတ်ပေးမယ့် စာအုပ်တွေ ပြီးခဲ့တဲ့ အပတ်က အားလုံးပြီးသွားပြီ။ အဲဒါ ထုတ်ပေးဖို့ ထိုင်းနဲ့ညှိပြီး မြန်မာပြည်ကို ပြန်တင်ပြတယ်။ မြန်မာပြည်ဘက်က ခွင့်ပြုလာပြီဆိုတော့ စခန်းတွေအားလုံးကို ကလေးတွေအတွက် ထုတ်ပေးဖို့ မနေ့က ပြောလိုက်ပြီ။ အလုပ်သမားဝန်ကြီးဌာနကိုလည်း လ၀ကနဲ့ ညှိပြီး ဗီဇာတုံးကို လူကြီးတွေနှုန်းထားအတိုင်းပဲ ဘတ် ၅၀၀ နဲ့ ထုပေးဖို့ အကြမ်းဖျင်း၊ ဒီနေ့ပဲ စလုပ်ကြမယ်။ ”
မှီခိုသူပတ်စပို့စ်ရဖို့ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်း ထုတ်ယူရမှာဖြစ်သလို နေထိုင်ခွင့်ဗီဇာရဖို့ ထိုင်းလ၀ကမှာ ဘတ်ငွေ ၅၀၀ ပေးပြီး သွားလျှောက်ရမှာပါ။ ဗီဇာလျှောက်တဲ့ကလေးတွေဟာ သူတို့မိဘတွေ ရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း ရရှိမယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။
ကလေးအတွက် မှီခိုပတ်စပို့စ်ဟာ အပြာရောင်ဖြစ်ပြီး အောက်မှာ (Dependent-မှီခိုသူ)လို့ စာတမ်းထိုးထားပါတယ်။
ဒီအစီအစဉ်ကြောင့် ထိုင်းရောက် မြန်မာကလေးတွေအတွက် အထောက်အထား ရတဲ့အပြင် တရားဝင် ကျောင်းတက်ခွင့်လည်း ရမှာဖြစ်ပါတယ်။
ဒါပေမယ့် ဒီအစီအစဉ်ဟာ ဒီ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်တဲ့အလုပ်သမားတွေနဲ့သာ အကျုံးဝင်ပြီး မူလပတ်စပို့ ရပြီးသား အလုပ်သမားဟောင်းတွေကတော့ မြန်မာပြည် ကလေးမွေးစာရင်းနဲ့ အတူ ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လျှောက်ထားဖို့ လိုအပ်တယ်လို့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် လျှောက်လွှာ တင်ထားသူ အလုပ်သမား ၃ သိန်းကျော်ရှိပြီး သူတို့ရဲ့ကလေး မှီခိုလျှောက်ထားသူ ၃၀၀၀ လောက်ရှိတယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတွင်းမှာ ထောလော ၃၈ လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမရှိသူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အကြီးတန်းအကြံပေး ဦးထူးချစ်က ပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံနေနဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရေး သက်တမ်းထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို မေ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်