Monday, July 9, 2012
“ပြည်ထောင်စု ငြိမ်းချမ်းရေး” တကယ်ရနိုင်သလား
အပစ်အခတ်ရပ်စဲထားသော် လည်း တောင်ငူတွင် တိုက်ပွဲဖြစ်ပွား
ဇူလိုင်လ ၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့နယ်ရှိ ၀ါးစိုးရွာအနီး ရှဲလိုဒေါခိုတွင် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံတပ်နှင့် မြန်မာအစိုး ရတပ်တို့အကြား ပြီးခဲ့သည့် ဇွန်လ ၂၇ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါဒေသရှိ မြန်မာအစိုးရတပ် တပ်မ(၆၆)လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၁)သည် KNU ထိန်းချုပ်ထားသည့် သတ်မှတ်နယ် မြေအတွင်း ၀င်ရောက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU တောင်ငူခရိုင်မှ ခရိုင်တာဝန်ခံ စောအယ်ဝါးက ကေအိုင်စီသို့ ယခု လို ပြောသည်။
“သူတို့(အစိုးရတပ်)က အပစ်ရပ်ကာလမှာ ကြိုတင်အကြောင်းမကြားဘဲ ကျနော်တို့ သတ်မှတ်နယ်မြေအတွင်းမှာ ၀င်လာတော့ တိုက်ပွဲ ဖြစ်တာပေါ့။ တိုက်ပွဲဖြစ်တာက ကျနော်တို့ရဲ့ တပ်စုတစ်စုပါပဲ။ သူတို့ဘက်က အရင်ပစ်လို့ ဖြစ်တာ။ မိနစ်ပိုင်းလောက်ဖြစ်ပြီး ကျနော်တို့ ဘက်က ပြန်ဆုပ်တယ်။ ထိခိုက်မှုတော့ မရှိဘူး။”ဟု သူက ပြောသည်။
ဇွန်လ ၂၃ရက်နေ့က သံတောင်မြို့နယ်ရှိ ကော်သေးဒဲရွာသို့ ဆန်သွားဝယ်ပြီး ပြန်လာသော ဟီဒေါခေါ်နှင့် သေခိုဒဲရွာသား ၄ဦးကို ပစ်ခတ် ခဲ့ပြီး ထိုတနေ့တည်းမှာပင် တောင်ယာခင်းတွင် စုပေါင်း မြက်ခုတ်ထွင်ရှင်းလင်းနေသော ဟီဒေါခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးအား ပစ်ခတ်ခဲ့သည်။
တစ်ဆက်တည်းပင် မြန်မာအစိုးရတပ်များသည် ဒေသခံရွာသားများ ပစ်ခတ်မှုများရှိသည့်အပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်မှုနှင့် သွားလာမှုများ၌ အခက်အခဲဖြစ်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။
သူက “အပစ်အခတ်ရပ်စဲရေးအချိန်မှာ နည်းနည်းအေးချမ်းမလားလို့။ အခု အရင်အတိုင်းပဲဆိုတော့ စိတ်မကောင်းဘူး။ အခုထိ ကျနော်တို့ ဒေသခံတွေ ကြောက်ကြောက်လန့်လန့်နဲ့ သွားလာအလုပ်လုပ်နေရတယ်။ (ဇွန်လ) ၂၃ရက်နေ့က တောင်ယာမှာ အလုပ်လုပ်တဲ့သူတွေ တောမှာ လိုက်အိပ်ရသေးတယ်။”ဟု ပြောဆိုသည်။
နော်စီဖိုးရာစိန် ဦးဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၂၆ရက်နေ့က မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်မှု လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးကိစ္စများကိုပါ အနည်းငယ် ဆွေးနွေးခဲ့ကြောင်း သိရသည်

Sunday, July 8, 2012
မြန်မာ မှာ ငြိမ်းချမ်းတဲ့နေရာ တနေရာရှိတယ်....
မြန်ပြည်သားတိုင်း အချိန်မရွေး အဖမ်းခံရနိုင်ပါသည်
သတိပေး စရာလေးပါ..မြန်ပြည်မှာ နေသူများ အချိန်မရွေး မြန်ပြည် ဒီမိုကရေစီ က မည်သည့် အချိန်မဆိုဖမ်းဆီးနိုင်ပါသည်..
အပ်တိုတစ်ချောင်းမကိုင်သော ကျောင်းသားများ ကို ဖမ်းနေသလို မြန်ပြည်သား မည်သူမဆို ဖမ်းခွင့်ရှိသည်..
မြန်ပြည်ဒီမိုကရေစီ အာဏာပိုင်
အပ်တိုတစ်ချောင်းမကိုင်သော ကျောင်းသားများ ကို ဖမ်းနေသလို မြန်ပြည်သား မည်သူမဆို ဖမ်းခွင့်ရှိသည်..
မြန်ပြည်ဒီမိုကရေစီ အာဏာပိုင်
ကျောင်းသားခေါင်းဆောင်အချို့ အက်စ်ဘီနှင့်စရဖမှ ခေါ်ဆောင်
ကြားဖြတ်သတင်း၊
ည ၁၀နာရီခွဲ၊ ဇူလိုင် ၆၊ ၂၀၁၂ YPI
ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။
ယင်းသို့ခေါ်ဆောင်သွားသည်အချိန်နှင့်
မရှေးမနှောင်းတွင် ဝေဇယန္တာလမ်းပေါ်ရှိ ၈၈ မျိုးဆက်ကျောင်းသားများ၏
ရုံးခန်းသို့လည်း လုံခြုံရေး အဖွဲ့များ ကားများဖြင့် လာရောက်ကာ
ယခုသတင်းရေးသားချိန်၌ ရုံးတွင်း ၀င်ရောက်သွားသည်ဟု မျက်မြင်သက်သေတဦးက
ပြောသည်။
ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။
မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ည ၁၀နာရီခွဲ၊ ဇူလိုင် ၆၊ ၂၀၁၂ YPI
ကျောင်းသားခေါင်းဆောင် ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် ဖြိုးဖြိုးအောင်တို့ကို ယနေ့ည ၁၀ နာရီဝန်းကျင်က နယ်မြေခံ အက်စ်ဘီ (အထူးသတင်းတပ်ဖွဲ့) နှင့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) တို့က လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက YPI သို့ပြောသည်။
ယင်းသို့ခေါ်ဆောင်သွားသည်အချိန်န
ခေါ်ဆောင်ခံသွားရသူ ကျောင်းသားခေါင်းဆောင်များအား မည်သည့်အကြောင်းကြောင့် ဟု မသိရှိရသော်လည်း မနက်ဖြန်တွင်ကျရောက်မည့် ဇူလိုင် ၇ ရက်အရေးတော်ပုံ နှစ်ပတ်လည် အခမ်းအနား မကျင်းပနိုင်ရန် ခေါ်ဆောင်သွားခြင်း ဖြစ်မည်ဟု ယူဆရသည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူက ပြောသည်။ အနည်းဆုံး မနက်ဖြန် ညအချိန်လောက်ထိ ထိန်းသိမ်းထားနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းပြောဆိုသည်။
မနက်ဖြန်တွင် တော်ဝင်နှင်းဆီ စားသောက်ဆိုင် ခန်းမတွင်ကျင်းပရန် စီစဉ်ထားသည့် ဇူလိုင် ၇ ရက်အထိမ်းအမှတ် အခမ်းအနားကို မကျင်းပရန် သီတင်းတပတ်အလိုခန့်က တားမြစ်ခဲ့သည့်နောက် နှစ်လည်နေ့မတိုင်မီ တရက်အလိုတွင် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဂျပန်ခေတ်ညှင်းပမ်းနှိပ်စက်မှုနည်းမျိုးစုံကို မြန်မာစစ်တပ် ကျင့်သုံးနေဆဲ
ဇူလိုင်လ
(၁) ရက်နေ့တုန်းက အပြစ်မဲ့ ကချင်ပြည်နယ် ယိခူး ရွာသား (၃)ယောက်ကို
အစိုးရစစ်တပ် မတရားဖမ်းဆီးသွားပြီး နှိပ်စက်ထားတာပါ။
ဦးဖငြိမ်း
နှင့် ဦးကျောင်ဖားယင် တို့၂ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်လို့
ခုလိုဓါတ်ပုံရိုက် မှတ်တမ်းတင်ထားနိုင်တာဖြစ်ပါတယ်။
ဦးဂလောင်းလ ဆိုတဲ့
တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ သေလားရှင်လားတောင် မသိရဘူး။
အပြစ်ရှာမတွေ့လို့ ပြန်လွှတ်ပေးလိုက်တဲ့ သူတွေတောင် ဒီလောက်နှိပ်စက်ညှင်းပမ်းထားရင်တော့ မလွှတ်သေးတဲ့သူအနေနဲ့ မတွေးရဲစရာပါပဲ။
မြန်မာစစ်တပ်ဟာ ဂျပန်ခေတ်က နှိပ်စက်မှုနည်းမျိုးစုံတွေကို ခုချိန်ထိ ကျင့်သုံးနေဆဲပဲဆိုတာ ဒီဓါတ်ပုံကို ကြည့်ပြီး ထင်ရှားစေပါတယ်။
တိုင်းရင်သားတွေကို ဒီစစ်ဘီလူးတွေ
ဘယ်လောက်ပဲ ညှင်းပမ်းနှိပ်စက်စေကာမူ တိုင်းရင်းသားတဦးချင်းစီရဲ့
စိတ်ဓါတ်ကို ဘယ်တော့မှ ချိုးနှိမ်လို့မရနိုင်ပါဘူး။
ကချင်နှစ်ခြင်း အသင်းတော် ဦးဆောင်ပြီး လူ ၁၀၀၀ ခန့် မြစ်ကြီးနားတွင် ဆန္ဒပြ (ရုပ်သံ)
ကချင် KBC က သူ့ လူမျိုးအတွက် သူတို့  မားမားမတ်မတ်ရပ်တည်နေတယ်။ ကချင်လူမျိုးတွေမှာ ယုံကြည်ရာ ဘာသာတရားတစ်ခုတည်းကိုပဲ ပုံအပ်အသက်ရှည်နေတာမဟုတ်ပဲ အမျိုးသားရေးအသိ နိုင်ငံရေးအသိ မြင့်မားနေတာကို တွေ့ ရပါသည်။ ကရင် KBC နှင့် တခြား ကရင် အင်္ဂလီကန်၊ ရိုမာန်ကက်သလစ်၊ မက်သဒစ်၊ စနေအသင်းတော်များ အစသဖြင့် ခရစ်ယာန်ဂိုဏ်းတွေက ကချင်လူမျိုးတို့ ၏ အမျိုးသားရေးအသိ နိုင်ငံရေးအသိ နိုးကြားမှုကို အတုယူသင့်ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကြောင့် အိုင်ဒီပီ ဘ၀ရောက်ရပါ၏။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဒုက္ခသည်စခန်းရောက်လာပါ၏။ တတိယနိုင်ငံသို့ ရောက်သွားပါ၏ ဆိုတဲ့ အတွေးလောက်နဲ့ ဂိတ်ဆုံးရင် ကျနော်တို့ ရဲ့ အနာဂတ်တော့ မတွေးဝံ့စရာပါ။
သမိုင်းဝင် နာမည်ကြီး ရွှေဝါရောင်တော်လှန်ရေးတုန်းကလည်း ကရင်ရဟန်းတွေ ငြိမ်နေတာ လည်း ကောင်းတဲ့ လက္ခဏာတစ်ခုမဟုတ်ပါ။
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဒုက္ခသည်များလုံခြုံရေးနှင့် အစိုးရမှ ဖမ်းဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အားလွတ်ပေးရန် လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာတောင်းဆို၍ တန်းစီဆန္ဒဖော်ထုတ်သည့်မြင်ကွင်း
ကချင်နှစ်ခြင်း အသင်းတော် ဦးဆောင်ပြီး လူ ၁၀၀၀ ခန့် မြစ်ကြီးနားတွင် ဆန္ဒပြ - ဆက်လက်ဖတ်ရှုရန်
ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ကချင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာများ ဦးဆောင်၍ ဒုက္ခသည်များလုံခြုံရေးနှင့် အစိုးရမှ ဖမ်းဆီးထားသောဒုက္ခသည် ဦးလထော်ဘရန်ရှောင်အားလွတ်ပေးရန် ယနေ့ မနက် ၉ နာရီမှစ၍ လူ ၁၀၀၀ ခန့် ငြိမ်းချမ်းစွာတောင်းဆို၍ တန်းစီဆန္ဒဖော်ထုတ်နေသည်။
ထိုသို့ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ဦးဘရန်ရှောင်၏ အမျိုးသမီးမှ “ကျွန်မ၏ ခင်ပွန်းဦးဘရန်ရှောင်ကို လွတ်ပေးပါ” ဟူသော စာသားကိုကိုင်ကာ ၎င်းနောက်မှ ဦးဆောင်သူ သိက္ခာတော်ရ ဆရာများ နှင့် ထိုနောက်တွင် ပါဝင်သူများ ကချင်ထဘီနှင့် အကျီဖြူများကို ၀တ်ဆင်ကာ လှည့်လည်ဆန္ဒပြခြင်းဖြစ်သည်။
ဆန္ဒဖေါ်ထုတ်လှည့်လည် ခြင်းကို ဂျန်မိုင်ကောင် ဘုရားကျောင်းမှစပြီး ဒူကထောင်လမ်းဘက်မှ တန်းစီကာ မြို့တော်ခန်းမနှင့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးရုံးလမ်း၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ရုံး(အောက်ရုံး)ရှေ့၊ ခရိုင်အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့ နှင့် ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့တို့တွင် လူအင်အား ၁၀၀၀ ခန့်ဖြင့် လှည့်လည်ဆန္ဒတောင်းဆိုနေကြောင်း ပါဝင်ဦးဆောင်သူ ဆရာအောင်မြတ်ပြောသည်။
“အခုတော့ ဒီအစိုးရပန်းခြံနောက် အံတော်ရှင် ဘုန်းကြီးကျောင်းဘက်မှာရောက်နေပြီ အပြန်ဘက်တော့ ဟုတ်ပြီ” ဟု ဆရာအောင်မြတ်ပြောသည်။
ဆန္ဒပြတောင်းဆိုရာတွင် “ဦးဘရန်ရှောင်ကို ချက်ချင်းလွတ်ပေးပါ၊ IDP များရဲ့ လုံခြုံမှုပေးရေး၊ မတရားဖမ်းဆီးခြင်းမလိုလား၊ ပြည်တွင်းကို ငြိမ်းချမ်းမှုပေးရေး၊ စသည့်အချက် ၄ ချက်ဖြင့် တောင်းဆို ဆန္ဒဖော်ထုတ်တောင်းဆိုနေခြင်းဖြစ်သည်။
ယခုကဲ့သို့ ကချင်ပြည်သူများသည် မိမိဆန္ဒအား ငြိမ်းချမ်းစွာဖော်ထုတ်တောင်းဆိုခြင်းသည် ကချင်ပြည်နယ်မြစ်ကြီးနားတွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး မနက် ၉ နာရီမှ စတင်ပြုလုပ်ကာ ညနေ ၃ နာရီထိ တန်းစီလှည့်လည်သွားမည်ဖြစ်ကြောင်းသိရသည်။
“အစိုးရတို့က ကန့်ကွက်တာတော့မရှိဘူး။ ဟိုတနေ့ကတော့ မလုပ်ခိုင်းသေးဘူးတဲ့။ ဒါပေမဲ့ ဒီနေ့ အခုချိန်ထိတော့ ဘာကန့်ကွက်တာတွေက မရှိသေးဘူး” ဟု ဆန္ဒပြရာတွင်ပါဝင်သက်ရောက်သူတစ်ဦး ပြောသည်။
Subscribe to:
Posts (Atom)