/ 2/11/2010 12:47:00 PM /
ဖေဖော်ဝါရီ ၁၀ရက် ၂၀၁၀ခုနှစ်။
တပ်မဟာ(၂) တောင်ငူခရိုင်။
- ၈.၂.၂၀၁၀နေ့ ၀၉း၅၉အချိန် ဃောတူထိုးအရပ်တွင် KNUရဲဘော်တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦး ဒဏ်ရာရ။
- ၉.၂.၂၀၁၀နေ့ ၁၀း၀၀အချိန် ခူလယ်ဒဲပေါ်ပိုထာ အရပ်တွင် KNUရဲဘော်တို့၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦး ဒဏ်ရာရ။
- ထန်းတပင်ခရိုင် ၉.၂.၂၀၁၀နေ့ပြင်စလိုစခန်းရှိ နအဖတပ် စကခ(၇) ခမရ(၆၂၁)သည် ပြင်စလိုရွာ သားများအား တအိမ်လျှင်ဝါး(၅)ချောင်းနှုန်း၊အရှည်၁၂ပေရှိဝါးများကိုအတင်း အကြပ်ခုတ်ခိုင်း။
အဲဒီတရက်ထဲမှာဘဲကလော်မီးဒဲရှိ စကခ(၇) ခမရ(၄၂၁) တပ်သည်အဆိုပါရွာရှိအမျိုးသား(၃၀)ဦး အားကလော်မီးဒဲစခန်းမှလယ်ကုလားစခန်းသို့သူတို့၏စားစရာများကိုအဓမ္မပို့ဆောင်ခိုင်း။
အဲဒီကလော်မီးဒဲရှိနအဖတပ်သည် ကော်သေးဒဲရွာအနီးသကူလိုအရပ်သို့ အစာသွားဝယ်စားသော ဆောဝါဒဲရွာသား အား ပစ်ခတ်ရာထိုရွာသားမှာထွက်ပြေးလွတ်မြောက်သော်လည်းသူ၏ပစ္စည်းများ အကုန်ကျန်ရစ်ခဲ့။
တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
- ကျောက်ကြီးမြို့နယ်၊ ၇.၂.၂၀၁၀နေ့တွင်နအဖတပ်များသည်ဟီတိုထာနှင့်ကဒီးမူဒဲကျေးရွာ၂ရွာသို့ ဝင်ရောက်ပြီး ဟီတိုထာရွာမှ အိမ်၄၆အိမ်နှင့် ကဒီးမူဒဲရွာမှ အိမ်၂၈အိမ် များကိုမီးရှို့ဖျက်ဆီး။
တပ်မဟာ(၅) ဖာပွန်ခရိုင်။
- ၂၂.၁.၂၀၁၀နေ့တွင်တာဘာအဲလော်အရပ်တွင် KNUရဲဘော်များနှင့် DKBA တို့ရင်ဆိုင်တိုက်ပွဲ ဖြစ် ရာ DKBA ၁ဦးဒဏ်ရာရ။
- ၂၈.၁.၂၀၁၀နေ့ ခေါပုကားလမ်းအနီးဆောစေးဒေးတွင် KNUရဲဘော်တို့၏တိုက်ခိုက်မှုကြောင့် DKBA ၁ဦးဒဏ်ရာရ။
- ၂၉.၁.၂၀၁၀နေ့ တပယ်ဖါးတွင်လှုပ်ရှားသောDKBAအဖွဲ့နှင့်KNU တို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာ DKBA ၁ဦးဒဏ်ရာရ။ အဆိုပါတရက်ထဲမှာဘဲ တပယ်ဖါးရွာအနီးတွက်ဆက်ပြီးတိုက်ခိုက်ရာ DKBA ၁ဦး ဒဏ်ရာရ။
- ၃၁.၂.၂၀၁၀နေ့တပယ်ဖါးနှင့်မယ်မွဲအကြားသစ်လာတင်သော DKBAကားများကို KNU ကတိုက် ထုတ်လိုက်ရာ DKBAကား၁စီးပျက်စီးပြီး DKBA၁၀ဦးနှင့် ယာဉ်မောင်းပါသေ။
- ၂.၂.၂၀၁၀ အထက်ဘက်မှဆင်းလာသောလှေများကို ကျော်ညရှိရန်သူကခေါ်ယူပြီး သဃော်ထာ ရွာသား စောတောနော်အူရဲ့ ဘတ်ငွေ၂၅၀၀ နှင့်ကျပ်ငွေ၂၅၀၀ကိုအတင်းတောင်းယူ။
- ၅.၂.၂၀၁၀နေ့ကျော်ညရှိနအဖတပ်၏ပစ်ခတ်မှုကြောင့်အရပ်သား၂ဦးဒဏ်ရာရ။ ဒဏ်ရာရသော စောလောရာထူးသည် ၇.၂.၂၀၁၀နေ့တွင်ဒဏ်ရာပြင်းထန်သဖြင့်သေဆုံးသွား။
- ၆.၂.၂၀၁၀ ကျော်ညရှိနအဖတပ်သည်သွားလာနေသောအရပ်သားလှေ၁စင်း၂စင်းကိုဆေးလိပ် ကွမ်း ဆန်များတောင်းစားရာမပေးသဖြင့်ပစ်ခတ်။
- ၂၀၁၀ ဇန်နဝါရီလ၊ DKBAလှုပ်ရှားသော ဘူးလိုချောင်းနား ဝေါ်မူမှမလေးလယ်အရပ်တွင် DKBA မိုင်းထောင်ထားသောကြောင်းအဆိုပါရွာသူရွာသားများတောင်ယာအလုပ်ကိုရွာပြင်ထွက်ပြီးမလုပ်ရဲ။ ၃၁.၁.၂၀၁၀နေ့တွင်ဒိုခိုဝါးရွာသားစောဝင်းကြည်၏ကျွဲသည်ထောင်ထားသောမိုင်းကိုတက်နင်း မိ၊အဲဒီတရက်ထဲ၁၄း၀၀ အချိန်တွင် ဆောဖွီးထာရွာသား စောဖားကလို(၄၇)နှစ် သည်DKBA ၏ မိုင်းကြောင့် ခြေဖနှောင့်မှစပြီးဒဏ်ရာရ။
- ၁.၂.၂၀၁၀ DKBA ဗိုလ်ဖားဘီခိုသည်မူထာလမ်းမှ ဒိုခိုဝါးရွာထိသူ၏စား စရာများကို သယ်ဆောင် ခိုင်း။ သွားသယ်ပေးရသောသူများမှာ မောထာရွာမှ ၃ဦး နှင့်ဒိုခိုဝါးရွာမှ၉ဦးဖြစ်သည်။
- ၃.၂.၂၀၁၀ နေ့တွင်DKBA ဗိုလ်ဖားဘီခိုသည် မယ်စေအုပ်စုမှရွာသူကြီးများကို သူ့အား ဖွေးပွာ ရွာ သို့လာရောက်တွေ့ခိုင်း။
- ၃.၂.၂၀၁၀ နေ့တွင်ဘိုနာဒဲအနီးKNN၏တိုက်ခိုက်မှုကြောင့်ရန်သူ၂ဦးသေ၊ အဲဒီတရက်ထဲမှာဘဲ ကလီတူအရပ်တွင်တိုက်ခိုက်မှုကြောင်ရန်သူ၂ဦးဒဏ်ရာရ။
- ၄.၂.၂၀၁၀နေ့ ၁၄း၄၅အချိန် အုဃိုကျိုးအနားတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ၊ တော်ပလာဘ လဲအနီးဆက်လက်တိုက်ခိုက်မှုကြောင့်ရန်သူ၂ဦးသေ ၃ဦးဒဏ်ရာရ။ အဲဒီတရက်ထဲမှာပဲဖလပ်ခိုအ ရပ်ဖားခိုတွင်တကြိမ်ပစ်ခတ်ရာရန်သူ၁ဦးသေ ပေါ်တာ၁ဦးဒဏ်ရာရ။ ကလာဒေးအရပ်တွင်ပစ်ခတ် မှုကြောင့်လည်းရန်သူ၎ဦးဒဏ်ရာရတဲ့အပြင် ခလယ်ပယ်လမ်းခုလတ်၏ထပ်မံတိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးထပ်ပြီးတော့ဒဏ်ရာရ။
- ၅.၂.၂၀၁၀နေ့ ၁၃း၄၅ အချိန်ဘလားဒိုကျိုးအရပ်တွင် KNU၏တိုက်ခိုက်မှုကြောင့် ရန်သူ၁ဦးသေ၊ အဲဒီနေ့ ၀၉း၅၀အချိန် မယ်သီကျိုးတွင်တိုက်ခိုက်မှုကြောင့်လည်း ရန်သူ၃ဦးသေ။ ၁၁း၁၇ အချိန် မယ်သီကျိုးအခြားတ ဘက်တွင် တိုက်ခိုက်မှုကြောင့်ရန်သူ၃ဦးထပ်သေ၊ ၁၇း၀၀ ကလယ်ပူအရပ် တွင်ပစ်ခတ်မှုကြောင့်လည်းရန်သူ၁ဦးသေ၊ ခေါပုစခန်းအနီးလှမ်းပြီးပစ်ခတ်မှုကြောင့်လည်းရန်သူ ၁ဦးဒဏ်ရာရ။
- ၆.၂.၂၀၁၀နေ့ ၁၁း၃၀အချိန် ခလယ်ပယ်ခိုစီဒေးဟော်အရပ်တိုက်ခိုက်မှုကြောင့် ရန်သူ၃ဦးသေ။
အဲဒီတရက်ထဲပဲကဆောဒူလမ်းတွင်လှည့်ကင်းလှည့်နေသောKNUနှင့်ရန်သူတို့ရင်ဆိုင်တိုက်ပွဲဖြစ်ရာရန်သူ၂ဦးဒဏ် ရာရ ၁ဦးသေ။
- ၇.၂.၂၀၁၀နေ့ဒေါ်ဘလာပလဲ(၂)အရပ်တွင်KNUရဲဘော်များတိုက်ခိုက်မှုကြောင့်ရန်သူ၂ဦးဒဏ်ရာရ။ အဲဒီရက်မှာပဲဆက်ပြီးပစ်ခတ်ရာ ရန်သူ၎ဦးဒဏ်ရာထပ်ရပြီးမြင်း၁ကောင်သေ ၁ကောင်ဒဏ်ရာ ရ။
တပ်မဟာ(၆) ဒူပလာယာခရိုင်
- ၃.၂.၂၀၁၀နေ့ ရတခ စဗဟ(၃)မှူးစိန်မြသည်အောက်ပါရွာများအား အင်ဖက်နှင့်ဝါးများကိုအတင်း အကြပ်တောင်းဆိုခဲ့သည်။
ရွာ အင်ဖက် ဝါး
နိုဆို့နဲ ၁၀၀၀ခက် ၁၀၀
ဃောကလား ၅၀၀ ခက် ၁၀၀
မယ်ကြူ ၅၀၀ ခက် ၁၀၀
ထီးလယ်ဘော ၅၀ ခက် ၅၀
ထီးခလယ်နီး ၂၅၀ ခက် ၅၀
တိုဃောဖူ ၂၅၀ ခက် ၅၀
ဝေးခန ၅၀၀ ခက် ၁၀၀ ချောင်း
အသီးသီးတို့ကိုအတင်းအ ဓမ္မတောင်းဆိုခဲ့ကြောင်းသတင်းရရှိ။
- ၇.၂.၂၀၁၀နေ့တွင် DKBA၉၉၉တပ်ရင်း၃ မှ အကြည် ဦးဆောင်သောအုပ်စုသည်အောက်ပါရွာများ အားပေါ်တာ ကြေးအဖြစ်တောင်းဆိုခဲ့သည်။
အောင်ဖဖဒိုရွာ=၁၅၀၀၀၀ကျပ်၊ နိုနယ်ရွာ=၁၅၀၀၀၀ကျပ်၊ နိုရွှေမို=၁၅၀၀၀၀ကျပ်၊ အောဖဖိုး=၁၅၀၀၀၀ကျပ်၊ ရွာတာရှည် နိုတကော=၁၅၀၀၀၀ကျပ်၊ သရက်တန်း=၇၀၀၀၀ကျပ်။
အဆိုပါငွေများကိုသူတို့၏တပ်ရင်းမှူးမြခိုင်ဆီသို့ပြန်ယူသွားရကြောင်းသတင်းရရှိ။
မှတ်ချက်။ အမှားအယွင်းများပါခဲ့လျှင်ပြင်ဆင်ဖတ်ပေးပါရန်။
Friday, February 12, 2010
တပ်မဟာ (၄) လက်စွမ်းပြပြီ
Thursday, 11 February 2010 15:26
ကရင်အမျိုးသားအစည်းအရုံး ၏ တပ်မဟာ (၄) နှင့် နအဖ တပ်၊ ဇန်န၀ါရီလ (၃၀) တွင်တိုက်ပွဲဖြစ်ပွားရာ
ကျဆုံး နအဖ တပ်၏ (၃) ဦးတွင် တပ်ရင်းမှုး ပါဝင်ပြီး (၃) ဦးဒဏ်ရာရ ကြောင်း KNU မြိတ် ထားဝယ်ခရိုင်၊
တပ်ရင်း (၁၀) ၏သတင်းတွင်ဖေါ်ပြထားပါသည်။ ထားဝယ်အောက်၊ ကလိမ်အောင်ရပ် နန်းကြဲ ကားလမ်း
တွင် လုံခြုံရေးယူသော ခမရ ၄၀၈ ကို KNU တပ်ရင်း(၁၀) တပ်ခွဲ ၁ မှ နံနက် ၇း၃၀ ကျော်တွင် စောင့်ပစ်ရာ
နအဖ တပ်မှတပ်ကြပ် (၁) ဦးကျဆုံးပြီး၊ ဒုတပ်ကြပ် (၁) ဦး ဒဏ်ရာ ရခဲ့ပါသည်။ ၄င်း KNU တပ်ရင်း(၁၀)
တပ်ခွဲ ၁ အခြားတစ်ဖွဲ့မှ နအဖ၏ ခလရ ၄၀၉ အား နံနက် (၉) နာရီချိန်ရေပုံး နှင့် နွယ်လေကြားတွင်စောင့်ပစ်
ရာနအဖတပ်မှ တပ်ရင်းမှုး (၁) ဦး၊ တပ်ခွဲမှုး (၁)ဦး သေဆုံးပြီး ဒုတပ်ခွဲမှုး (၁) ဦး နှင့် တပ်သား (၁) ဦး ဒဏ်ရာ
ရကာစစ်ကားတစ်စင်းပျက်ဆီးသွားပါသည်။ KNUသတင်းဖေါ်ပြချက်တွင်၎င်းနအဖတပ်သည် ကလိမ်အောင်
်တွင်နေပြီး လုံခြုံရေးတာဝန်ကျသော အခြားတစ်ဖွဲ့နှင့် တာဝန်အပြောင်းအလဲ လုပ်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
၎င်း တိုက်ပွဲတွင် KNU ဖက်မှ အထိအခိုက်မရှိကြောင်းဖေါ်ပြထားပါသည်။
ကွယ်ကလူသတင်းဌာန ဖေါ်ပြချက်ကို ဘာသာပြန်ထားပါသည်။
( ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် ဒေါ်ကြိုင်ကြိုင် တွက် အသက်ပေးလှုသွားသောတပ်ရင်းမှုး၊
တပ်ခွဲမှုး နှင့် ရဲဘော်များ ကောင်းရာသုဂတိ လားပါစေ.... )
Last Updated ( Thursday, 11 February 2010 16:09 )

ကေအန်ယူ တပ်မဟာ (၃) ဒေသမှ ကျေးရွာများကို နအဖတပ်များ မီးရှို့ဖျက်ဆီး
ကရင်အမျိုးသားအပေါင်းတို့  နအဖ ဗမာ့တပ်မှ ကျနော်တို့ ကရင်လူမျိးများ၏ အိမ်ခြေ (၇၀)ကျော်ကို ထပ်ပြီး မီးရှို့ ဖျက်ဆီးပြန်ပြီ။ ကရင်အပေါင်းတို့ ……ဒီလိုပဲ ထိုင်ကြည့်ကြမှာလား???? မတရားမှုများကို ရာဇ၀င်အရိုင်းခံပြီး ခေါင်းညိတ်ပြီး ငြိမ်နေကြမလား????? ခုချိန်မှာ စဉ်းစားပြီး လုပ်စရာရှိဒါ အမြန်ဆက်လုပ်ကြပါ။
နိုင်ငံတကာသို့ ရောက်ရှိနေတဲ့ ကရင်အမျိုးသားများ ဘာတွေလုပ်နေကြပါသနည်း..ခင်ဗျားတို့ လွတ်မြောက်ရန် မြေရောက်သွားပေမယ့် ခုချိန်မှာ ဗမာပြည်တွင်းမှာ ဗမာ့စစ်ခွေးတွေက ကျနော်တို့ လူမျိုးတွေကို ကြက်ကလေး၊ ငှက်ကလေးတွေလို သတ်ပြီး ရွာတွေမီးရှို့ ဖျက်ဆီးနေဒါ များနေပါပြီ။ ဒါတွေကို ဒီလိုပဲ အဝေးကနေ ဆက်လက်ထိုင်ကြည့်နေကြအုံးမှာလား။ အားလုံးအမျိုးပြုတ်ဖို့ ဦးတည်နေပြီဆိုဒါ နုလုံးသွင်းမှုကြပါ။ ခုချိန်မှာ ကိုယ်ရောက်ရှိတဲ့ နိုင်ငံမှ ဗမာသံရုံးတွေကို ၀င်ရောက်ဆန္ဒပြ စီးနင်းဖို့ သင့်ပြီ။ ဒီနအဖ စစ်အုပ်စုတွေဟာ လူလိမ်တွေမို့  သူတို့ ဘာလုပ်လုပ် သူတို့ လုပ်တယ်လို့ ဘယ်တော့မှ ၀န်ခံမှာမဟုတ်ပါ။ ဒါကြောင့်မို့  နိုင်ငံတကာက ဒီအခြေအနေတွေကို အချိန်နှင့်တပြေးညီသိအောင် ကိုယ်ရောက်ရှိတဲ့ နိုင်ငံအသီးသီးမှ ကရင်အမျိုးသားများစုရုံးပြီး သက်ဆိုင်ရာ နိုင်ငံခြားရေးဌာနများနှင့် နအဖ သံရုံးများသို့ ဦးတည် ချီတက်ပြီး နိုင်ငံတကာရောက်ကရင်များ ကိုယ့်အမျိုးသားအတွက် စစ်မျက်နှာသစ်တစ်ခု ယခုအချိန်မှာ စတင်ဖွင့်ပါတော့လို့ တိုက်တွန်းပါရစေ။ အချိန်သိပ်မရှိပါ။ နအဖ စစ်ခွေးတွေ ကျနော်တို့ လူမျိုးကို သတ်ဖြတ်၊ ရွာမီးရှို့ ၊ မြေလှန် ဆက်တိုက်ဖျက်ဆီးပြီး မကြာမီ အမျိုးပြုတ်ကုန်တော့မည်။ အခုချိန်မှာ ကရင်များ နိုင်ငံရေး အသိ၊ အမျိုးသားရေး အသိ နိုးကြားတက်ကြွရမည့် အချိန်ဖြစ်နေသင့်ပါပြီ။
ထိုင်နေလို့ တော့ဘာမှဖြစ်မလာဘူး…ဆိုဒါမှတ်ထားကြပါ…
ရဲရင့်/ ၁၁ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာစစ်တပ်မှ နယ်မြေစိုးမိုးရေးအတွက် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများမှ အိမ်ခြေ (၇၀) ကျော်ကို မီးရှို့ဖျက်ဆီးလိုက်သည့်အတွက် ရွာသားများ တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအန်ယူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက “တပ်မဟာ (၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ထဲမှာ ဒီလ (၇) ရက်နဲ့ (၉) ရက်က အဲဒီမှာ တာဝန်ကျတဲ့ နအဖတပ်တွေ ဟီဒိုထာရွာက အိမ် (၄၆) လုံးနဲ့ ကတီးမူးရွာက အိမ် (၂၈) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါဖြစ်ရပ်အပြင် ယခုလ (၂) ရက်နေ့က ဖာပွန်ခရိုင် ဗူးသော်မြို့နယ်ရှိ မြန်မာစစ်တပ်စခန်းထိုင်ရာ ကျောက်ညှပ်စခန်းတွင် သံလွင်မြစ်ကြောအတိုင်း သွားလာနေသည့် လှေများကိုလည်း ခြိမ်းခြောက်ရပ်တန့်ခိုင်း၍ ဓားပြဆန်ဆန် ငွေများသိမ်းယူခဲ့ပြီး ရပ်တန့်မပေးသည့်လှေများကို သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ လှေမောင်းသူတဦး ဒဏ်ရာရရှိခဲ့ပြီး ရွာသားတဦးဖြစ်သည့် စောလော်လေထူး သေဆုံးခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ရွာများ မီးရှို့ခံရသဖြင့် စာသင်ကျောင်း (၂) ကျောင်းနှင့် ဆေးခန်း (၁) ခု မီးထဲပါသွားပြီး ကလေးငယ်များအပါအ၀င် ရွာသား (၅၀၀) ကျော်သည် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။
၎င်းက “နအဖတပ်တွေ ကျောက်ကြီးမြို့နယ်ထဲမှာ ဒီနှစ်ဆန်းထဲကနေ စပြီး နယ်မြေစိုးမိုးရေး ထိုးစစ်တွေလုပ်နေတုန်းပဲ။ တပ်စခန်းဆောက်တာတွေ၊ လမ်းပြင်တာတွေ၊ ကြက်ဆူပင်စိုက်တာတွေ ရွာသားတွေကို အတင်းအကျပ်ခိုင်းတယ်။ နွားလှည်းရှိတဲ့ အိမ်ဆိုရင် သူတို့ ကတုတ်ကျင်းဘန်ကာတွေမှာ သဲအိပ်ထားဖို့အတွက် ချောင်းထဲမှာ သဲသွားသယ်ပေးရတယ်” ဟု ပြောသည်။
ယခင်လ (၁၇) နှင့် (၁၉) ရက်နေ့တို့တွင် ကျောက်ကြီးမြို့နယ်အခြေစိုက် မြန်မာစစ်တပ် ခမရ (၃၆၇) တပ်ရင်းက ခဲဒဲကျေးရွာ အုပ်စုအတွင်း လှည့်လည်လှုပ်ရှားနေစဉ် ၎င်းတို့အား အတွေ့မခံဘဲ ပုန်းအောင်းနေရာမှ ပစ္စည်းပြန်လာယူသည့် ခဲဒဲရွာသား စောမြကော်ထူးနှင့် တူဝေါ်စိုးရွာသား စောအဲ့ထူးတို့ကို ရွာထဲတွင် အကြောင်းမဲ့ ပစ်သတ်သည်ဟုလည်း ဒေသတွင်းအခြေစိုက် (Free Burma Ranger –FBR) အဖွဲ့ဝင်တဦးက ပြောသည်။
ယခုနှစ်ဆန်းမှစ၍ ညောင်လေးပင်ခရိုင်အတွင်း စစ်ကွပ်ကဲရေးဌာနချုပ် (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၃၆၇) က ကျောက်ကြီးမြို့နယ်နှင့် ခမရ (၃၆၅)၊ (၃၆၉)၊ (၃၇၀) တပ်ရင်းတို့က မုံးမြို့နယ်တွင်လည်းကောင်း စစ်ရေးလှုပ်ရှားပြုများ ပြုလုပ်နေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၃) မှ တပ်မှူးတဦးက ပြောသည်။

ဗမာ့တပ်မတော်မှ ကရင်ရွာများကို မီးရှို့ ဖျက်ဆီး
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ (၇)ရက်နေ့ တွင် ဗမာ့တပ်မတော်မှ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့ နယ် ဟီဒိုထာ ရွာသို့ ဝင်ရောက်ပြီး အိမ်ခြေပေါင်း (၄၆)အိမ်ကို မီးရို့ ဖျက်ဆီးလိုက်ကြောင်းသိရှိရပါသည်။ သည့်ပြင် ဖေဖေါ်ဝါရီ (၉)ရက်နေ့ တွင်လည်း ဒီးဒီးမူဒဲး ရွာကို ၀င်ရောက်ပစ်ခတ်ပြီး အိမ်ခြေပေါင်း (၂၈)အိမ်ကို ထပ်မံမီးရှို့ ပြန်ပါသည်။ မီးရို့ ခံရမှု အထဲတွင် အလယ်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးပေးခန်း တစ်ခု ပါရှိပါသည်။
ယခုအချိန်တွင် ကျောက်ကြီးမြို့ နယ်၌ ဗမာစစ်တပ်များ ဆက်လက်လှုပ်ရှားနေပြီး ရွာများဖြစ်သော ဒီးဒီးမူဒဲ၊ ဟီဒိုထာ၊ ကဟီးဒေး ရွာတို့ မှ ရွာသား(၅၀၀) ကျော်သည် ယခုအခါတွင် တောတွင်း၌ ထွက်ပြေးပုန်းအောင်းနေရဆဲဖြစ်ပါသည်။ ထွက်မပြေးပါကလည်း ဗမာစစ်တပ်မှ ရွာသားများကို ညှင်းပမ်းနိုပ်ဆက်ပြီး လူမဆန်စွာ ခေါင်းဖြတ်သတ်သည် အထိ ဗမာ့တပ်မတော်မှ ယုတ်မာသောကြောင့် ရွာသားများသည် အတွေ့ မခံပဲ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးပုန်းအောင်း နေရကြောင်းသိရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင်သတင်းများတွင်လည်း နအဖ ဗမာ့တပ်မှ ရွာသားများကို တွေ့ လျှင် သတ်ဖြတ်ခေါင်းဖြတ် စသည်တို့ ကို ပြုလုပ်နေကြောင်း သတင်းများတွင် ပါရှိပြီးဖြစ် ပါသည်။
ကမ္ဘာအရပ်ရပ်ရှိ ကရင်အမျိုးသားအပေါင်းတို့  အခုဖြစ်ပျက်နေဒါတွေဟာ ပုံပြင်မဟုတ်ပါ။ တကယ့်လက်တွေ့  ကရင်အမျိုးသားများအပေါ် ထားရှိတဲ့ ဗမာ့တပ်မတော်ရဲ့ စိတ်ရင်းစေတနာတွေ ဖြစ်ကြောင်း အသိပေးလိုက်ပါတယ်။

Karen Villagers Flee as Burma Army Escalates Attacks
By SAW YAN NAING Thursday, February 11, 2010
Burmese government troops have stepped up their attacks on Karen civilians, burning down dozens of houses and a clinic and forcing schools to close and around 2,000 Karen villagers to flee into the jungle, according to Karen relief groups.
The troops burnt down more than 70 houses in several villages in Kyaukkyi Township in Nyaunglebin District, Pegu Division, as well as one mobile clinic, said the Committee for Internally Displaced Karen People (CIDKP).
Eleven schools—four nursery schools, four primary schools and three middle schools—were forced to close and children are hiding in the jungle due to the military activities, said the relief group.
Saw Steve, a CIDKP team leader, told The Irrawaddy on Thursday: “The villagers cannot return home as long as the government troops are active in the area.”
Troops from Light Infantry Battalions 362 and 367 and Tactical Operation Command 3, under control of Military Operation Command 10, are still patrolling in the affected areas, he added.
The troops separately entered six villages from Feb. 3 -7, burning down 46 houses in the Toe Hta area and 28 houses in the Ka Di Mu Der area, according to the CIDKP. On Feb. 5, a villager, Saw Law Ray Htoo, was shot on the Salween River and later died at a hospital in the Mae La Oo refugee camp on the Thai-Burmese border.
The attacks are the latest in a series of raids targeting civilians in the region. In January, government army troops raided ten villages in Nyaunglebin District, killing four villagers and forcing about 2,000 into hiding in the jungle, according to Aung Din, executive director of the US Campaign for Burma.
“These attacks are further evidence of the urgent need for the United Nations to take effective action to stop war crimes and crimes against humanity in Burma, perpetrated by the regime with impunity,” said Aung Din in a press release on Wednesday.
He said that mobile health clinics are always targeted by the Burmese government troops because they provide life-saving services to Karen and other ethnic minority villagers.
“This is a clear violation of the Geneva Conventions and the principal of medical neutrality, further evidence of the regime's crimes against humanity and war crimes,” said Aung Din.

Thursday, February 11, 2010
မြေခပန်း မနွမ်းပါ
ဖေဖော်ဝါရီလ ၉ရက်။ ခေါင်ဆူလိုင့် (ကေအိုင်စီ)
၂၀၁၀ရဲ့ ဇန်န၀ါရီ (၃၁)ရက်မှာ ဖန်းဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို ကရင်ပြည် နယ်၊ ဖာပွန်ခရိုင်က ကျန်းမာရေးဝန်ထမ်း စောညွှန့်ဝင်းကို ရွေးချယ်ပေးအပ်လိုက်တဲ့ သတင်းထုတ်ပြန်ချက်တခုကို အီးမေးလ် ထဲကနေ ဖတ်လိုက်ရတော့ အတိုင်းမသိ ၀မ်းသာပီတိ ဖြစ်မိပါတယ်။
ဒီဆေးမှူးလေးကို ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်၊ သြဂုတ်လက ကျမရဲ့ ဖာပွန်ခရိုင် ခရီးစဉ်အတွင်း ဒေးပူနိုကျေးရွာမှာ သိကျွမ်းခင်မင်ခဲ့ရ တာပါ။ သူဟာ လူသောမြို့နယ်ထဲက တာအို့ဒဲရွာလေးမှာ လူနာ ၁၀ယောက်ဝန်းကျင်သာ ဆံ့တဲ့ ဆေးပေးခန်းလေးကို ဦးစီးပြီး အဲဒီအနီးဝန်းကျင်ရွာတွေက ရွာသား ၂,၀၀၀နီးပါးရဲ့ ကျန်းမာရေး၊ လူမှုရေးတွေကို လက်အောက်ခံ လုပ်ဖော်ကိုင်ဖက် ဆေးဝန် ထမ်း ၁၂ယောက်နဲ့အတူ ဒိုးတူဘောင်ဖက် လုပ်ဆောင်ပေးနေသူတဦးလည်း ဖြစ်ပါတယ်။
“ကျနော် ငါးတန်းအရွယ်မှာ အိမ်ကနေ ထွက်လာခဲ့တယ်။ အစကတော့ စစ်သားလုပ်ဖို့ပဲ။ ဒါပေမဲ့ ကေအဲန်ယူက လူကြီးတွေက ကျနော့်ကို ဒီနယ်စပ်မှာ ကျောင်းပြန်ထားပေးတယ်။ အဲဒီကနေ ဆယ်တန်းအောင်ပြီးမှ ၀ါသနာပါတဲ့ ဆေးသင်တန်းကို ကျနော် တက်ခဲ့တယ်”လို့ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်၊ မဲ့ပရီရွာသား စောညွန့်ဝင်းက ကျမကို ပြောပြခဲ့ဖူးပါတယ်။
ဖာပွန်ခရိုင် ဘူးသို၊ ဒွယ့်လိုးနဲ့ လူသောမြို့နယ်တွေက လုပ်သက်အနည်းဆုံး ၃နှစ်နဲ့အထက် ကျန်းမာရေးဝန်ထမ်းတွေဟာ ဒေး ပူနိုနဲ့ ၀ါ့မီဒေးရွာတွေမှာ ရွာသူရွာသားတွေကို ကျန်းမာရေးပညာပေး သွားလုပ်တာကို ကျမ အတူလိုက်ပါသွားခဲ့တယ်။ အဲဒီ ဆေးဝန်ထမ်းတွေထဲမှာ အသက် ၁၇နှစ်အရွယ်ကတည်းက လူထုအတွင်း ကျန်းမာရေးလုပ်ငန်း စတင် လုပ်ဆောင်ခဲ့သူတွေ လည်း ပါဝင်နေတယ်။
လူထုကြားမှာနေ၊ လူထုစားသလိုစားပြီး လူထုကျန်းမာရေးကို အခကြေးငွေမရဘဲ လုပ်ဆောင်ပေးနေတဲ့ ဆေးဝန်ထမ်းတွေထဲ မှာ ၂၀၀၀ခုနှစ်ကတည်းက ကျန်းမာရေးလုပ်ငန်းကို တာဝန်အတိအကျနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်လာခဲ့တဲ့ အသက် ၃၂နှစ် အရွယ် စောညွှန့်ဝင်းကို သားသည်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်လေးတွေကအစ ၀ိုင်းဝန်းချစ်ခင်ကြတာကို တွေ့ခဲ့ရတယ်။
ကျန်းမာရေးပညာပေးသင်တန်း လာတက်တဲ့ ၀ါ့မီဒေးရွာသူ ကလေး ၄ယောက်မိခင် နော်ပုလဲဖောက “အဲဒီဆရာက ခင်ဖို့ ကောင်းတယ်။ စိတ်လည်းရှည်တယ်။ ပျော်ပျော်လည်း နေတတ်တယ်။ ဒီလိုလူမျိုးက ဘယ်သွားသွား ထမင်းမငတ်ဘူး”လို့ ပြောပါတယ်။
ဆေးပစ္စည်းအချို့၊ မစုံလင်တဲ့ ကုသရေးကိရိယာတွေနဲ့ အတူ ထည့်ထားတဲ့ ကျောပိုးအိတ်အဟောင်းလေးကို ကျောမှာလွယ်ပြီး တောတောင်၊ မြစ်ချောင်းတွေကို ခြေလျင်လျှောက်သွားနေရတော့ ဒီလမ်းခရီးဒါဏ်နဲ့ စီးထားတဲ့ စစ်ဖိနပ်ဟောင်းလေးအထဲက ပြူထွက်နေတဲ့ သံချောင်းလေးချောင်းကြောင့် နာကျင်နေတဲ့ သူ့ခြေဖ၀ါးကို မမှုဘဲ ခရီးကြမ်းကို အပြုံးမပျက်၊ အပြောမပျက်ဘဲ စောညွှန့်ဝင်း လျှောက်လှမ်းနေခဲ့တယ်။
၂၀၀၉ခုနှစ်၊ သြဂုတ်လ ၂၂ရက်နေ့က ကျမတို့ ရောက်သွားခဲ့တဲ့ ၀ါ့မီဒေးရွာဟာ အိမ်ခြေ ၄၀ကျော်နဲ့ လူဦးရေ ၂၀၀ကျော်ပဲ ရှိပြီး အဲဒီရွာကနေ ၂နာရီခွဲလောက် လမ်းလျှောက်သွားရင် ဖာပွန်မြို့ကို ရောက်ပါတယ်။ ဒါပေမဲ့ ဒီရွာမှာ ဆေးခန်းကလည်း မရှိ၊ မြို့ မှာ ဆေးသွားကုရမယ်ဆိုလည်း ငွေကုန်ကျများတော့ နယ်လှည့်စေတနာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကုသမှုတွေကိုပဲ သူတို့ မှာ အားကိုးနေကြရတယ်။
အဲလို ခရီးထွက်နေရင်းလည်း စောညွှန့်ဝင်းဟာ သူ့ဆေးခန်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စိတ်ပူသလို သူ့ကိုချစ်ခင်ကြတဲ့ အမျိုးသမီးကြီးတွေအကြောင်းလည်း သတိတရနဲ့ အခုလို ပြောပါတယ်။ “တာအို့ဒဲက ကျနော့်ဆေးခန်းကို အခုလို ရက်အတော် ကြာ ထားခဲ့ရတော့ ဆေးလုပ်သားတွေနဲ့ ကျန်ခဲ့တဲ့ဆေးတွေက လောက်ငှပါ့မလား မသိဘူး။ ရွာထဲက အဒေါ်ကြီးတွေလည်း ကျနော်မရှိရင် ခုလောက်ဆို ကျနော့်အကြောင်း ပြောနေလောက်ပြီ”လို့ သံယောဇဉ်ကြီးစွာ ကျမကို ပြောပြရှာတယ်။
အဲဒီဒေသက အစိုးရဆေးရုံ၊ ဆေးပေးခန်းတွေမရှိတဲ့ ကျေးလက်ဒေသတွေဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ် တော်ဆေးခန်း၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့၊ ကော်သူးလေ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အ မျိုးသားကျန်းမာရေးနဲ့ ပညာရေးအဖွဲ့တို့က ပံ့ပိုးကူညီပေးတဲ့ ဆေးဝါး၊ ဆေးပစ္စည်းတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးနေတဲ့ ဆေးခန်းတွေပဲ ရှိတာပါ။ အဲဒီကျန်းမာရေးအဖွဲ့တွေက ဖာပွန်ခရိုင်မှာ ဒေးပူနို့၊ တာအို့ဒဲ၊ ပါဟိုက်၊ ခေးပူ၊ နော်ယိုထာ့၊ ၀ါးခါ့ဒဲ၊ သာသွီးဒဲ၊ ခေါပုတ်၊ ကာနားဒဲ၊ မောခီး၊ ဘောပယ်၊ ဃဲပါ စတဲ့ နေရာတွေအပြင် သံလွင်ကမ်းနားက အီတိုးထာ့ပြည်တွင်း ဒုက္ခ သည်စခန်းနဲ့ ဟို့ကေ့ဂွင် အူးဒါးနဲ့ ပေါ်ကားဒဲ နေရာတွေမှာလည်း မိုဘိုင်းလ်ဆေးခန်းတွေထားပြီး ဒေသခံ ကျေးလက်လူထုတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
တရွာနဲ့တရွာ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး ခက်ခဲလွန်းလှတဲ့ ဒေသမှာ ရွာသူရွာသားတွေဟာ အမျိုးသမီးတွေ၊ ခလေး သူငယ်တွေကအစ တောတောင်၊ မြစ်ချောင်း အသွယ်သွယ်ကို တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်ပမာ သဘော ထားပြီး ရပ်တည်စားသောက်နေရတဲ့ သူတို့ဘ၀လေးတွေက ပင်ပမ်းလွန်းလှပေမဲ့ စိတ်ထားလေးတွေက ဖြူစင်လှပါတယ်။ ကျမတို့လို ခရီးသွားဟန်လွဲ ဧည့်သည်တွေ ခေါင်သီတဲ့ သူတို့ရွာကို အရောက်လာတာကိုပဲ ရွာသူရွာသားတွေဟာ ပျော်ရွှင် လွန်းလို့ အိမ်ရှင်ပီသစွာ ဧည့်ဝတ်ကျေပြွန်ကြရှာတယ်။
ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်ကို သွယ်တန်းနေတဲ့ ယွန်းစလင်းချောင်းဟာ ဖာပွန်ခရိုင်ကိုဖြတ်ပြီး စီးဆင်းနေပါတယ်။ ချောင်းကြောကွေ့ကောက်ပြီး ရေစီးသန်တဲ့အတွက်လည်း ဖြတ်သန်းသွားလာသူတွေအတွက် အသက်အန္တရာယ်လည်း အများ ကြီးရှိလို့ ရေကူးမတတ်တဲ့ ကျမအဖို့ ခြေလျင်တောင်တက်ခရီးသာ အသွားတွင်ကျယ်ခဲ့ပါတယ်။
ဒီဒေသမှာ အဓိက တောင်ယာစပါးအပြင် လယ်စပါး အနည်းငယ်ကိုလည်း စိုက်ပျိုးကြပါတယ်။ မိရိုးဖလာအရ နတ်စားသူတွေ၊ ဗုဒ္ဓဘာသာနဲ့ ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာတွေကို အဲဒီဒေသမှာ မတူကွဲပြားစွာ တွေ့ရှိခဲ့ရတယ်။ အချို့ဆို ရိုမန်ကက် သလစ်ကို ရွာလုံးကျွတ် သက်ဝင်ယုံကြည်ကြတယ်။
ဒါပေမဲ့ လူသောနဲ့ ဘူးသိုမြို့နယ်ထဲက ရွာတွေ အတော်များများဟာ မြန်မာစစ်တပ်တွေကို အတွေ့မခံရဲကြဘူး။ စစ်တပ်လာရင် တောထဲဝင်၊ မမြင်အောင်ပုန်း လုပ်နေကြရင်း မတည်မငြိမ် ရွှေ့ပြောင်းနေထိုင်နေရတာကြောင့် တောင်ယာစပါးလည်း ပုံမှန် မစိုက်ပျိုးနိုင်ဘဲ စားနပ်ရိက္ခာတွေ ပြတ်လပ်လာရတဲ့ အခြေအနေကို ဒေသခံ ၇,၀၀၀လောက်က ရင်ဆိုင်နေကြရတယ်။
ဒီလိုအခြေအနေ၊ ဒီလိုနယ်မြေတွေမှာ မပြေးသော် ကံရာရှိ ရပ်တည်နေရတဲ့ ရွာသူရွာသားတွေဟာ စောညွှန့်ဝင်းတို့လို ကျန်းမာ ရေးဝန်ထမ်းတွေကြောင့် တကိုယ်ရေ သန့်ရှင်းရေး၊ မိသားစုကျန်းမာရေး စီမံကိန်းနဲ့ ရပ်ရွာဖွံ့ဖြိုးမှုတွေကို ယခင်ကထက်စာရင် အများကြီး သိရှိနားလည်လုပ်ဆောင်လာပါတယ်။
ဒီလိုကုသမှုလုပ်ငန်းတွေ၊ ပညာပေးလုပ်ငန်းတွေကြောင့် လူထုကို မျက်စိပွင့် နားပွင့်လုပ်ဆောင်လာခဲ့တဲ့အတွက်လည်း ကျမ ကိုယ်တိုင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖန်းဖောင်ဒေးရှင်းမှာ သူ့ကို အဆိုတင်သွင်းခဲ့ပါတယ်။
ဖန်းဖောင်ဒေးရှင်းကပေးတဲ့ဆုကို ကြေညာလိုက်ချိန်မှာ စောညွှန့်ဝင်းဟာ ကိုယ်တိုင်လည်း ဘာမှ မသိရှိထားသလို သူ တာဝန် ကျရာ ဆေးခန်းမှာတောင် မရှိဘဲ သံလွင်ကမ်းနားတနေရာက ကျန်းမာရေးသင်တန်းတခုကို ရောက်ရှိနေပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီး ဒီဆုဟာ သူ့တယောက်တည်းအတွက်ထက် အများအတွက် ရတာလို့ ခံစားမိကြောင်း အခုလို ပြောပြပါတယ်။
“ဖန်းဖောင်ဒေးရှင်းက ကျနော့်ကို ဂုဏ်ပြုရွေးချယ်တဲ့အတွက် ကျနော် အထူး ၀မ်းသာပါတယ်။ ဒါကလည်း ကျနော့်တယောက် တည်းအတွက် ၀မ်းသာတာ မဟုတ်ပါဘူး။ ကျနော် တာဝန်ယူနေရတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးအရ လိုအပ်မှု တွေက အများကြီးရှိနေသေးတယ်။ ဒီလို လိုအပ်ချက်တွေထဲက တခေါ်တူ့ဘောဆိုတဲ့ ရွာဟာ စာသင်ကျောင်းမရှိတော့ လာမဲ့ နှစ်အတွက် ကျောင်းဆောက်နိုင်ဖို့ ကျနော် ရွာခံတွေနဲ့ သွားဆွေးနွေးခဲ့တယ်။ သူတို့ဖက်မှာလည်း သင်ပေးမဲ့ဆရာတွေကို ထမင်းကျွေးဖို့တောင် ခက်ခဲနေတယ်။ အဲဒီရွာက အိမ်ခြေ ၂၀ကျော်၊ လူဦးရေ ၁၃၃ယောက်ရှိပြီး ထီးမူဒဲကျေးရွာအုပ်စုထဲမှာ ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတော့ ကျောင်းရှိပေမဲ့ ဗမာစစ်တပ်တွေ ၀င်ရောက်လာတော့ ကျောင်းတွေက မရှိတော့ ဘူး။ ကျောင်းရှိတဲ့ ရွာတွေမှာ သွားတက်ဖို့ကလည်း မိုးတွင်းဆို လမ်းက အရမ်းဆိုးတော့ ကလေးတွေအတွက် အခက်အခဲက ရှိပြန်ရော။ ဒါကြောင့် ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကြေးငွေကို အဲဒီမှာတချို့သုံးပြီး အချို့ကို ကျနော်တာဝန်ယူနေရတဲ့ တာအို့ဒဲဆေးခန်းအတွက်လည်း လိုအပ်တာတွေ ဖြည့်ဆည်းပေးရမယ်”လို့ သူ့ရဲ့ခံစားချက်နဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တယ်။
မွေးချင်းမောင်နှမ ၈ယောက်မှာ အကြီးဆုံးဖြစ်တဲ့ စောညွှန့်ဝင်းဟာ မိဘတွေက သူ့ကို မြို့မှာ ကျောင်းထားပေမဲ့ မပျော်ပိုက်တဲ့ အတွက် ဇာတိရွာဖြစ်တဲ့ မဲ့ပရီကနေ တော်လှန်ရေးနယ်မြေထဲကို တယောက်ထဲ ထွက်လာခဲ့တယ်။ အခုဆို သူဟာ ညီမငယ် လေး ၂ယောက်ကို နယ်စပ်မှာ ကျောင်းထားပေးရင်း တဖက်ကလည်း လူထုအကျိုးကို သယ်ပိုးလုပ်ဆောင်နေရတယ်။
ဝါ့မီဒေးရွာမှ ကလေးလူနာအား စမ်းသပ်နေစဉ်(ဓာတ်ပုံ-နန်းဖော့ဂေ) ကိုယ်တိုင် တုပ်ကွေးကူးစပ်ခံရသူ ဆေးဆရာမလေး
“အိမ်ကထွက်လာတုန်းက ကျနော့် အသက်ဟာ ၁၃နှစ်သာသာရှိသေးလို့ ဘယ်သူမှ ကျနော့်ကို စစ်သားလုပ်ဖို့ လက်မခံခဲ့ဘူး။ သူတို့က ၁၈နှစ်ပြည့်မှ လက်ခံကြတာကိုး”လို့ ပြောပြီး နယ်စပ်မှာပဲ ကျောင်းကို မဖြစ်မနေ တက်ခဲ့တဲ့ ကြားကာလအတွင်း လူ ထုကြားမှာ ၀ိုင်းကူလုပ်ပေးခဲ့တာ ပြန်ပြောင်းပြောပြနေခဲ့တယ်။ ၂၀၀၀ခုနှစ်မှာ ရောဂါရှာဖွေရေး(မိုက်ခရိုစကုပ်)သင်တန်းနဲ့ ၂၀၀၂ခုနှစ်က လက်ထောက်ကျန်းမာရေးမှူးသင်တန်းကို မယ်တော်ဆေးခန်းမှာ တနှစ်ခွဲ တက်ရောက်ခဲ့ပြီးနောက် လူထုကြား မှာပဲ သူ့ဘ၀ကို ရှင်သန်ရပ်တည်လာခဲ့တယ်။
လူနာပါးချိန်မှာ ဆေးလိပ်လေးဖွာ၊ ကွမ်းလေးစားရင်း ရေဒီယိုလေးတလုံးနဲ့ သတင်း၊ သီချင်းနားထောင်နေတတ်တဲ့ ၂၀၀၉ခုနှစ်၊ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရှင် တာအို့ဒဲဆေးခန်း တာဝန်ခံ စောညွှန့်ဝင်းတယောက်ကတော့ သူရတဲ့ ဆုငွေတွေကို ရွာ သားတွေအတွက် ဘယ်လိုဖွံ့ဖြိုးမှုလုပ်ငန်းတွေ ထပ်ပြီးဆောင်ရွက်ပေးသင့်သလဲဆိုတာ ခုချိန်မှာ တွေးတောကြံဆနေမှာပါ။
ဖာပွန်ခရိုင် ဆေးတာဝန်ခံ စောဝင်းကျော်က “စောညွှန့်ဝင်း အခုလို ဖန်းဖောင်ဒေးရှင်းက ပေးတဲ့ဆုကိုရတော့ ကျနော်တို့လည်း အတော်ဝမ်းသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စောညွှန့်ဝင်းဟာ သူ့လုပ်ငန်းအပြင် အခြားရပ်ရွာလုပ်ငန်းတွေကိုလည်း လုပ် ပေးချင်တဲ့ ဆန္ဒအပြည့်ပဲ။ ကျနော်တို့ကလည်း လောလောဆယ် ဘာမှမလုပ်ဆောင်ပေးနိုင်ဘူး။ အခုဆို ဒီဆုကရတဲ့ ငွေကြေး နဲ့ သူလုပ်ချင်တာတွေ အတော်များများကို အကောင်အထည်ဖော်နိုင်ပြီပေါ့”လို့ ပြောပါတယ်။
ဒါနဲ့တဆက်တည်း စောဝင်းကျော်က စောညွှန့်ဝင်းဟာ အိမ်ထောင်ရေး၊ အချစ်ရေးတွေထက် လူထုအတွက် လုပ်ပေးစရာ အ များကြီး ရှိသေးတယ်လို့ သူ့ကို ပြောခဲ့ဖူးကြောင်း မဇ္ဈိမသတင်းဌာနကို ပြောပြခဲ့သေးတယ်။ တကယ်တမ်းမှာ သူဟာ အများအ ကျိုးကို အဓိကထား ဦးစားပေးတဲ့အတွက် ချစ်ကံခေခဲ့သူတဦးပါလို့ ကျမကို ရင်းရင်းနှီးနှီး ပြောပြခဲ့ဖူးပါတယ်။
“ကျနော့်မှာ ရည်းစားတယောက်ရှိခဲ့ဖူးတယ် အနော။ ကျနော်တို့က တယောက်ကို တယောက် အတော်ချစ်ကြပါတယ်။ ဒါပေမဲ့ သူနဲ့ ကျနော်က တွေ့ဆုံချိန်မရှိသလောက်ပဲ။ ကွဲကွာဖို့အကြောင်း ဖန်လာတာက သူ့မိသားစု အကူအညီလိုလို့ သူမှာတဲ့အချိန် မှာ ကျနော်က တာဝန်အရမို့ သူ့ဆီ မသွားနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာ အခြားတယောက်နဲ့ အနေနီးပြီး အိမ်ထောင်ကျသွားတယ်။ ကျနော့်ကို သူ စာရေးတောင်းပန်လာတော့ ကျနော်ကလည်း ဖြစ်သမျှအကြောင်းကို ဘယ်လိုမှ အာဃာတမထားချင်တော့ဘူး လေ”လို့ ဒေပူနိုရွာနားက ကွယ်ပလေတောင်တန်းကြီးကို ငေးရင်း ကြေကွဲတမ်းတစွာ ပြောပြခဲ့ရှာတယ်။
ဒီလိုလူထုကြားမှာ တပြေးညီ လှုပ်ရှားရုန်းကန်နေရတဲ့ စောညွှန့်ဝင်းဟာ ပြီးခဲ့နှစ် စက်တင်ဘာလအတွင်းကလည်း သူတာဝန် ကျရာ နယ်မြေတ၀ိုက်က ရွာသူရွာသား ၇၀၀ကျော်ဟာ ရက်ပိုင်းအတွင်း တုပ်ကွေးရောဂါ ပြန့်နှံ့ကူးစက်သွားလို့ သူ့ဆေးဝန် ထမ်းတွေနဲ့အတူ အပြေးအလွှား ကုသပေးခဲ့ရပါသေးတယ်။ သူတို့လို လူငယ်လူရွယ်တွေအတွက် ဖန်းဖောင်ဒေးရှင်းက လူငယ် ခေါင်းဆောင်ဆု ချီးမြှင့်တာဟာ မွန်မြတ်တဲ့အရာတခု ဖြစ်သလို အာဇာနည်ပီသစွာ ကျဆုံးသွားခဲ့ရတဲ့ ပဒိုမန်းရှာလားဖန်းရဲ့ ၀ိညာဉ်ပြန်လည်နိုးထလာသလို ခံစားရပြီး လက်တွေ့လုပ်ဆောင်နေတဲ့ ကရင်လူငယ်မောင်မယ်တွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြင် လုပ်ငန်းပိုင်းမှာလည်း အထောက်အကူ အများကြီး ဖြစ်စေပါတယ်။
“ဒီနှစ်ပေးတဲ့ဆုက အတော်ရွေးရခက်တယ်။ စောညွှန့်ဝင်းနဲ့အတူ ဒူးပလာယာခရိုင်၊ ကေ၀ိုင်အိုက ကရင်လူငယ်တဦး ဆန်ကာ တင် ကျန်ခဲ့တယ်။ ဒါပေမဲ့ စောညွန့်ဝင်းကို ဒီဆုအတွက် ရွေးချယ်ရတဲ့ ထူးခြားချက်က သူ့ကို ကရင်သတင်းဌာန (ကေအိုင်စီ) တခုတည်းအပြင် ကေအဲန်ယူ ဖာပွန်ခရိုင်က ခေါင်းဆောင်တွေကလည်း သူ့ကို အဆိုတင်သွင်းခဲ့တယ်။ နောက်ပြီး သူ့ရဲ့လုပ် ရည်ကိုင်ရည်က တကယ်အနစ်နာခံတဲ့အပြင် လုပ်ငန်းကို ဘယ်လိုတိုးတက်အောင် တီထွင်ကြံဆမယ်ဆိုတဲ့ Creation အပိုင်း မှာလည်း အားကောင်းတယ်လေ”ဟု ဖန်းဖောင်ဒေးရှင်း ဆုရွေးချယ်သူများထဲက စောစေးစေးဖန်းက ရှင်းပြပါတယ်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ခုနှစ်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကရင်အမျိုးသားအစည်း အရုံး (ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနဲ့ ဇနီး နမ့်ကျင်ရွှေတို့ရဲ့ သားသမီးတွေက မိဘ နှစ်ပါးကို ရည်စူးပြီး တည်ထောင်ထားခဲ့တာဖြစ်ပါတယ်။
ပဒိုမန်းရှာရဲ့ သမီးငယ်လည်းဖြစ်၊ (Little Daughter) စာအုပ်ကို ရေးသားသူလည်းဖြစ်၊ Burma Campaign UK ရဲ့ နိုင်ငံတ ကာ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံလည်းဖြစ်၊ ဖန်းဖောင်ဒေးရဲ့ ဒါရိုက်တာဖြစ်သူ နမ့်ဇိုယာဖန်းက “ကျမအဖေဟာ သက်ရှိထင် ရှားစဉ်က လူငယ်တွေရဲ့ တိုးတက်မှုကို အမြဲတမ်း အားပေးခဲ့တယ်။ သူမရှိတော့ပေမဲ့ ကျမတို့မောင်နှမတွေက သူ့ဆန္ဒကို ဆက်လက်ဖြည့်ဆည်းပေးသွားတဲ့အနေနဲ့ လူငယ်တွေကို encourage လုပ်ပေးတာဖြစ်တယ်”လို့ ပြောဆိုခဲ့တယ်။
စောစေးစေးဖန်းက “ကျနော်တို့ ကရင်လူငယ်ထဲမှာ လူထုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသူတွေ အများကြီးရှိနေတဲ့ အနေ အထားအပေါ်မှာ လာမဲ့နှစ်ဆုအတွက်ကိုလည်း ခရိုင်တွေ၊ မြို့နယ်တွေကနေ မမေ့မလျော့ဘဲ အချိန်မှီ အဆိုတင်သွင်းလာစေ ချင်ပါတယ်”လို့ ၂၀၁၀ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုအတွက် ကြိုတင်ဖိတ်ခေါ်ထားလိုက်ပါတယ်။
ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသက ပန်းတနော်မြို့နယ် ဇာတိသားတွေဖြစ်တဲ့ အနောက်ပိုးကရင် အနွယ်ဖွား ပဒိုမန်းရှာတို့ ဇနီးမောင်နှံဟာ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးအစွန်းမရောက်ကြသူများပီပီ ကရင့်တော်လှန်ရေးတာဝန်ကို မောင်တထမ်း၊ မယ်တရွက် ဆောင်ရွက်ခဲ့ကြသလို သူတို့ ရှင်သန်ခဲ့တဲ့ သက်တမ်းတလျှောက်မှာ လူငယ်ဘ၀ကတည်းက မိဘ၊ မြို့ရွာကို စွန့် ခွာပြီး လူထုအကျိုး၊ တော်လှန်ရေးအကျိုးကို သယ်ပိုးခဲ့ကြပါတယ်။
မကြာခင် ရောက်ရှိလာတော့မယ့် ဖေဖော်ဝါရီလ ၁၄ရက်နေ့ဆိုရင် ပဒိုမန်းရှာ ကျဆုံးသွားခဲ့တာ (၂)နှစ်ပြည့်မြောက်ပါပြီ။ ဧရာဝ တီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းရွာမှာ အမိ ဂါ့နမ့်တင်၊ အဖ မန်းဘသော်တို့က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ နှစ်ဦး အနက် ဒုတိယမြောက်သားဖြစ်သူ ပဒိုမန်းရှာဟာ ရဲရင့်ပြတ်သားပြီး ကရင်အမျိုးသားအပေါ် သစ္စာရှိရှိ ရပ်တည်လာခဲ့သူပါ။ အခုတော့ သူရဲ့ ၀ိညာဉ်နှစ်ခုအဖြစ် ၂၀၀၈ခုနှစ်မှာ နော်ဖောကဘလာထူးနဲ့ ၂၀၀၉ခုနှစ်မှာ စောညွှန့်ဝင်းတို့ကို ဖန်းဖောင်ဒေး ရှင်းက မွေးဖွားသန့်စင်ပေးနိုင်ခဲ့ပြီလေ။
ဒါတင်မက ပဒိုမန်းရှာလို ကရင့်တော်လှန်ရေးထိပ်တန်းခေါင်းဆောင်တဦးကို တော်လှန်ရေးအရ၊ နိုင်ငံရေးအရနဲ့ အိမ်ထောင် ဖက်အရပါ ဘ၀တလျှောက်လုံး ဖေးမကူညီပြီး ပါရမီဖြည့်ဆည်းလာခဲ့တဲ့ ကရင့်တော်လှန်ရေးရဲမေ နမ့်ကျင်ရွှေဟာလည်း ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၃၀)ရက်နေ့မှာ ခင်ပွန်းသည်ထက် အရင် ကွယ်လွန်သွားခဲ့ပါပြီ။
ဒါပေမဲ့ သူတို့တွေရဲ့ ၀ိညာဉ်၊ သူတို့တွေရဲ့ ဆန္ဒ၊ သူတို့တွေရဲ့ မျှော်လင့်ချက်ပန်းတိုင်တွေကတော့ ဘယ်တော့မှ မညိုးနွမ်း သေးဘဲ မျက်မှောက်ကာလမှာ ကရင်လူထုအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေတဲ့ ကရင်လူငယ်မောင်မယ်တွေ နဲ့အတူ လန်းဆန်းရှင်သန်သွားနေမှာကို နေရာဒေသ အသီးသီးက ကရင်အမျိုးသားထုတရပ်လုံး ကြား၊ မြင်၊ လက်ခံနေကြလိမ့် မယ်လို့ ကျေနပ်မှုအပြည့်နဲ့ ကျမ အသေအချာ ယုံကြည်နေမိပါတော့တယ်။

ထိုင်းသို့ ပြန်လာသည့် ဒုက္ခသည်မိသားစု (၃) စုနောင်ဘိုးဒုက္ခသည် စခန်းတွင် နေခွင့်မရ
ရဲရင့်/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကာယကံရှင်များ၏ဆန္ဒမပါဘဲ ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ခံရသည့် စစ်ပြေးဒုက္ခသည် မိသားစု (၃) စုသည် ယမန်နေ့က ထိုင်းဘက်သို့ ပြန်လာကြရာ နောင်ဘိုး ယာယီစစ်ပြေး ဒုက္ခသည်စခန်းအာဏာပိုင်များက ၎င်းတို့ကို လက်မခံတော့သဖြင့် စခန်းပြင်ပတွင် နေထိုင်နေရသည်ဟု ပြန်ပို့ခံရသူတဦးက ပြောသည်။
ပြန်ရောက်လာသူ စောဖားမယ်လယ်က “မြန်မာဘက်ရောက်တော့ ဒီကေဘီအေက အပြင်ထွက်ခွင့်မပေးဘူး၊ စိုက်ပျိုးစားဖို့လည်း ခွင့်မပြုဘူး၊ ဟင်းရွက်ထွက်ရှာခွင့်လည်း မပေးဘူး၊ ရွာထဲမှာပဲ နေရမယ်လို့ပြောတယ်။ သူတို့က မိုင်းတွေရှိတယ်၊ အပြင်ထွက်ခွင့် မပေးနိုင်ဘူး၊ နင်တို့ ဒီမှာမနေချင်ရင် ထိုင်းဘက်ကို ပြန်သွားလို့ရတယ်ဆိုလို့ ဒီဘက်ပြန်လာတာ။ ဟိုမှာက မိုင်းတွေကြားထဲမှာ ငါတို့လည်း ကြောက်တာပေါ့။ ဒီပြန်ရောက်တော့ ဒုက္ခသည်စခန်းထဲ ၀င်ခွင့်မရတော့ဘူး၊ အခုစခန်းအပြင်မှာပဲ နေရတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ယခုလ (၅) ရက်နေ့က မြန်မာဘက်သို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည်အရေးဆောင်ရွက်နေသူတဦးက “ဒီလူတွေကို ထိုင်းလုံခြုံရေးတွေက ၀င်ခွင့်မပေးတော့ဘူး။ ဒီလိုပေးဝင်လိုက်ရင် နောက်ထပ်အများကြီး ထပ်လာရင် ဘယ်လိုလုပ်မှာလဲ၊ လုံးဝခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဒီလူတွေအတွက် ရိက္ခာကို စခန်းမှာရှိတဲ့ လူတွေကပဲ ၀ိုင်းပေးကြတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့်ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း ယခုလ (၅) ရက်နေ့က ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များက ထိုင်းအစိုးရထံ မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုသို့ ဒုက္ခသည်များ ပြန့်ပို့ရေးအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

Wednesday, February 10, 2010
Tuesday, February 9, 2010
ဆစ်ဒနီတွင် ကရင့်နေ့ထူး(၃)ခု စုပေါင်းကျင်းပခဲ့
ဖေဖော်ဝါရီလ ၇ရက်။ စောကျော်ခွီး (ကေအိုင်စီ)
ကရင်နေ့ထူးနေ့မြတ် သုံးခုကို အထိမ်းအမှတ် အခမ်းအနားအဖြစ် သြစတြေးလျားရောက် ကရင်တိုင်းရင်းသားများက ဆစ်ဒနီမြို့ Villawood, Senior Citizen’s Hall ၌ ယမန်နေ့ ညနေတွင် ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်ပေါင်း ၂၅၀ကျော် တက် ရောက်ခဲ့ကြသည်။
ဇန်န၀ါရီ ၃၁ရက်တွင် ကျရောက်ခဲ့သည့် ၆၁ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့၊ ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက် သည့် ၆၃ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံးနေ့နှင့် ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ များအတွက် ရည်ရွယ်၍ အများစု ရုံးပိတ်ရက်ဖြစ်သည့် ယမန်နေ့က ညနေ ၃နာရီမှ ည ၇နာရီအထိ စုပေါင်းကျင်းပခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ နေ့ထူးသုံးမျိုး အခမ်းအနားသို့ သြစတြေးလျားရောက် ကရင်လူမျိုးများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ် မြောက်နယ်မြေ) ကိုယ်စားလှယ်များ၊ ဘားမားကမ်ပိန်းဆစ်ဒနီ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသားအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင် ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(သြစတြေးလျ)၊ ဗမာလူမျိုးစုလူမှုရေးအဖွဲ့(ဆစ်ဒနီ)၊ မြန်မာလူငယ်များအဖွဲ့ချုပ်(သြ စတြေးလျား)၊ မြန်မာလူမျိုးစု မြန်မာအသံတို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။
ထိုအခမ်းအနားတွင် ကရင်လူမျိုးတို့၏ အမျိုးသားရေး၊ ကရင့်နိုင်ငံရေး မြစ်ဖျားခံလာချိန်မှစ၍ KNU နေ့ ဖြစ်ပေါ်လာပုံနှင့် ကရင့်သမိုင်းကြောင်း အကျဉ်းကို သြစတြေးလျားနိုင်ငံရောက် KNU ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် စောဝင်းမင်းက တက် ရောက်လာကြသော လူထုပရိတ်သတ်ကို ယခုလို ပြောကြားခဲ့သည်။
“အခု မြန်မာနိုင်ငံလို့ခေါ်တဲ့ နိုင်ငံထဲကို ဘီစီ (၇၃၉)ကတည်းက ကရင်တွေ အစောဆုံး ဝင်ရောက်လာကြတယ်။ ခေတ်အ ဆက်ဆက်မှာ သူတပါး အနိုင်ကျင့်တာကို အမြဲခံခဲ့ရတယ်။ အုပ်စိုးသူတွေဟာ ကရင်လူမျိုးတွေ ထူးချွန်ထက်မြက်သွားမှာ စိုး တဲ့အတွက် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးနဲ့ စီးပွားရေး စတဲ့ ဖိနှိပ်တာကို ခံခဲ့ကြရတယ်။ ဒါကြောင့်မို့ ကရင်တွေ နိုင်ငံရေးအ မြင်ရှိဖို့ ကြိုးစားသင့်တယ်။ နောက်ပြီးတော့ နယ်စပ်ဒုက္ခသည်စခန်းတွေက ရောက်လာတဲ့ကရင်တွေကလည်း အားနည်းချက်၊ အားသာချက်တွေကို နင်ဘဲငါဆ လိုက်ပြောနေကြမဲ့အစား အမှားအယွင်းတွေကို စုပေါင်းပြင်ဆင်ကြဖို့လိုတယ်။ ကရင်တွေ စည်းလုံးညီညွတ်မှုရှိမှ ရန်သူကို ပြိုင်တူဖြိုခွင်းနိုင်မယ်”ဟု စောဝင်းမင်းက ပြောကြားခဲ့သည်။
KWO(သြစတြေးလျဌာနခွဲ)ဥက္ကဌ နန်းမိုးမိုးက “ကျမတို့ ကရင်လူမျိုးတွေဟာ နည်းမျိုးစုံနဲ့ ဖိနှိပ်မှုအောက်က တွန်းလှန်တိုက်ပွဲ ဝင်ခဲ့ကြတယ်။ ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်း တသွေမတိမ်း လျှောက်လှမ်းနေကြတယ်။ ယနေ့လူငယ် တွေဟာ စိတ်ဓါတ်မကျဘဲ ဒီတာဝန်တွေ ဆက်လက်ထမ်းဆောင်သွားရင် ပန်းတိုင်ကို တနေ့ ရောက်ရမှာ မလွဲပါဘူး”ဟု အား ပေးစကား ပြောဆိုခဲ့သည်။
“ဒီလိုကရင့် နေ့ထူးနေ့မြတ်သုံးခုကို စုစည်းကျင်းပတဲ့ပွဲကို ဆင်နွဲခွင့်ရလို့ အရမ်း ၀မ်းသာမိတယ်။ ရှေ့တန်းမှာ ကိုယ်ကျိုးစွန့် ပြီး ဒီနေ့ထိတိုင် ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကရင်ရဲဘော် ညီအစ်ကိုတွေကလည်း ပြည်ပရောက်ကရင်တွေ ကိုယ့်လူမျိုးရဲ့ နေ့ထူးနေ့မြတ်တွေကို မမေ့ဘဲ ကျင်းပပေးတာသိရင် စိတ်ဓာတ်ခွန်အားတွေ နိုးကြားလာနိုင်မယ်လေ”ဟု ပွဲတက်ရောက်ခဲ့သူ စောဝီလျံက ဆိုသည်။
အခမ်းအနားတွင် ရန်ပုံငွေအဖြစ် အစားအစာများ ရောင်းချသည့်အပြင် ကရင်လူငယ်များက တော်လှန်ရေး၊ အမျိုးသားရေး သီချင်းများနှင့် ရိုးရာဒုံးအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ယခုလို ကရင်နေ့ထူးနေ့မြတ်ပွဲ ၂၀၀၅ခုနှစ်ကတည်းက ကျင်းပခဲ့ကြ သည်မှာ ယခုဆိုလျှင် ငါးကြိမ် မြောက်ဖြစ်သည်။

Monday, February 8, 2010
5.02.Still no durable solution for hosting refugees in Tha Song Yang District

Subscribe to:
Posts (Atom)