Friday, June 8, 2012
ဆောင်းပါး ချွေးထုတ် စက်ရုံများ၏ နောက်ကွယ်
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ဆံပင်တု စက်ရုံမှ အလုပ်သမားများ မေလအစောပိုင်းတွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“အညံ့စား ဆန်တပြည် ၈၅၀ ရှိတယ်၊ ကုန်ဈေးနှုန်းတက်တယ်၊ ဒါကြောင့် သမီးတို့ လုပ်ခလစာ တိုးတောင်းရတာပါ” လို့ ဆိုလာသူက အသက် ၁၆ နှစ် အရွယ် လှိုင်သာယာ စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းက တော်ဝင်မြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမ မနွယ်နီထွန်းပါ။
အဆက်မပြတ်ရွာသွန်းနေတဲ့ ရန်ကုန်မိုးအောက်မှာ အလုပ်သမ စုစုပေါင်း ၂၀၀ ကျော်လောက် မနွယ်နီထွန်းနဲ့အတူ ထီးတွေဆောင်းပြီး စက်ရုံ ၀င်ပေါက်ရှေ့မှာ လုပ်ခလစာတိုးမြှင့်ရေး အတွက် ဆန္ဒပြနေကြပါတယ်။
စိုစွတ်နေတဲ့ မိုးရေတွေအကြား ခြေဆင်း ထိုင်သူထိုင်၊ မတ်တပ်ရပ်သူ ရပ်နဲ့ တောင်းဆိုချက် မရမချင်းဆန္ဒပြမယ်လို့လည်း အလုပ်သမ အများစုက ဆိုပါတယ်။
အသက်အရွယ်အားဖြင့် အမျိုးမျိုးကွာခြားပေမယ့် တူညီတဲ့ အချက်ကတော့ လာရောက်ပြီး မေးမြန်တဲ့ မီဒီယာသမားတွေကိုပဲဖြစ်စေ၊ စာနာစိတ်နဲ့ မေးမြန်းတဲ့ သူတွေကိုပဲ ဖြစ်စေ အားလုံးဝိုင်းအုံလို အားတက်သရော၊ တယောက်တပေါက် သူတို့ ရည်ရွယ်ချက်ကို ရှင်းပြကြပါတယ်။
သမီးက ၁၆ နှစ်၊ ၁၉ နှစ်၊ ၂၀ စတဲ့ စကားတွေကို ယဉ်ကျေးစွာ ပြုံးရယ်ပြီး ပေါ့ပေါ့ပါးပါး ဖြေကြားနေပေမယ့်၊ အားလုံးဟာ စာသင်ကျောင်းကို စွန့်ခွာပြီး အိမ်ရဲ့ တာဝန်တွေကို ယူနေရသူတွေပါ။
သူတို့လေးတွေ အများစုကတော့ ဒေသတွင်း အုပ်စုလိုက် ရွှေ့ပြောင်းမှု (Internal Migration) လို့ ဆိုရမယ့် မိမိရပ်ရွာမှာ အလုပ်အကိုင် အဆင်မပြေတဲ့အတွက် အလုပ်အကိုင် ပေါများတဲ့ အရပ်ကို ရွှေ့ပြောင်းလာသူတွေ ဖြစ်ပါတယ်။
မြို့ကြီးပြကြီးဖြစ်တဲ့ ရန်ကုန်မြို့ကို လမ်းကြောင်းသင့်ရာ ဧရာဝတီတိုင်း ပုသိမ်၊ ကျုံမငေး၊ ညောင်တုန်း၊ စက်ကော့၊ဆားမလောက် စတဲ့ ဒေသတွေက အပြင် အညာဒေသကလည်း လာရောက်လို့ လှိုင်သာယာ စက်မှုဇုန်က အထည်ချုပ်နဲ့ တခြား စက်ရုံတွေမှာ သင့်တင့်တဲ့ အလုပ်တွေကို လုပ်ကိုင် နေသူတွေဖြစ်ပါတယ်။
အများစုရဲ့ ၀င်ငွေကတော့ လုပ်ခလစာ ကျပ် ၃ သောင်းခွဲကနေ ၆ သောင်းအထိ ရရှိပြီး ဒီဝင်ငွေနဲ့ အိမ်ငှား၊ အဆောင်ငှား စရိတ်နဲ့ စားစရိတ်ကိုနုတ်၊ ကျန်ငွေကို ဇာတိမှာ ကျန်ခဲ့တဲ့ မိဘမောင်ဘွားတွေကို ထောက်ပံ့ ရတဲ့အတွက် ပိုလျှံမှု မရှိဘူးလို့ သိရတယ်။
ပါးမှာ သနပ်ခါး ပါးကွက်ကြားကွက်လို့ သင့်တင့်လုံခြုံတဲ့ အ၀တ်အစားလေးတွေကို ၀တ်ဆင်ထားပေမယ့် အားလုံးကတော့ ဆင်းရဲနွမ်းပါးတဲ့ အသွင်ကို ဆောင်နေကြပါတယ်။
၁၅ နှစ်အရွယ်သာ ရှိသေးတဲ့ ၉ တန်းကျောင်းသူ မအေးအေးမွန်ကတော့ ကျောင်းပိတ်ချိန် ခဏ အလုပ်ဝင်ရောက် လုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
“သမီးက ကျောင်းပိတ်တုန်း အစ်မနဲ့အတူ အလုပ်ဝင်လုပ်တာ၊ အကူပေါ့၊ တလပဲရှိသေးတယ်။ ၁ သောင်းကျော်တော့ ရပါတယ်၊ အိမ်အတွက်ပေါ့။ အခုတော့ အစ်မတွေလိုပဲ သပိတ်မှောက်လိုက်တယ်” လို့ သူက ပြောပါတယ်။
အလုပ်သမားတွေရဲ့အရေးကို အားတက်သရော လိုက်ပါဆောင်ရွက်နေသူ တိုင်ရီအလုပ်သမားသပိတ် ခေါင်းဆောင် ကိုမျိုးမင်းသိန်း ကတော့ အခုလို အလုပ်သမား သပိတ်တွေ နေရာအနှံ့ ဖြစ်နေရတာဟာ အစိုးရ၀န်ထမ်းတွေ လစာတိုးပေမယ့် ပုဂ္ဂလိက အလုပ်သမားတွေ လစာတိုးမြှင့်မရလို့၊ လစာမတိုးပေမယ့် ကုန်ဈေးနှုန်းက ဒလဟော တက်လာပြီး အဆင်မပြေမှုတွေ များလာတဲ့အတွက်ကြောင့် ဖြစ်တယ် ဆိုတာကို ရှင်းပြတယ်။
ဒါ့အပြင် အလုပ်သမားရပိုင်ခွင့်၊ အပိုအလုပ်ချိန်ကြေး၊ နားနေခွင့်၊ ရက်ပျက်အတွက် ပေးလျှော်ရတဲ့ ဒဏ်ကြေး၊ အလုပ်ခွင် အတွင်း ထိုင်ရာကမထရဆိုတဲ့ အတင်းမဓမ္မ ခိုင်းစေမှု၊ တနေ့ အပေါ့အပါး နှစ်ကြိမ်သာသွားရမယ်လို့ ကန့်သတ်ချုပ်ချယ်မှုတွေ ကြောင့် အခုလို ဆန္ဒ ဖော်ထုတ်ရတာလို့လည်း သူက ဆိုပါတယ်။
လှိုင်သာယာ စက်မှုဇုန်မှာ အလုပ်ရှင် အလုပ်သမားပြဿနာတွေ မကြာခဏဖြစ်ပေါ် နေပေမယ့် အစိုးရ တာဝန်ရှိသူတွေက ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးခြင်း မရှိဘူး၊ ဒါကြောင့်လည်း ဒီလို အလုပ်သမားအရေးတွေ အစိုးရအနေနဲ့ ပြေလည် အောင်ဖြေရှင်းပေးသင့်တယ်လို့ ယူဆတယ် ဆိုတဲ့အကြောင်း သူကပြောပါတယ်။
အလုပ်သမားဆန္ဒပြမှုတွေ မကြာခဏ ဖြစ်ပွားလာတဲ့ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံပိုင်ရှင် အများစုက ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံ အာဏာပိုင်တချို့ကို စည်းရုံးပြီး အလုပ်သမားတွေကို စောင့်ကြည့်နေတာ တွေ့ရပါတယ်။
တော်ဝင်မြန်မာ စက်ရုံမှာဆိုရင် စက်ရုံပေါက်ဝကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြအလုပ်သမ တဦးကို စက်ရုံစောင့် အမျိုးသားတဦးက ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာရခဲ့ပြီး အမှုဖွင့် တိုင်ကြားဖို့ လုပ်ဆောင်နေကြပါတယ်။
အလားတူ မနီးမဝေး လမ်းတလမ်း မှာရှိတဲ့ မြနှင်းဆီ အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမ ၁၀၀ ကျော် ဆန္ဒ ပြနေပြီး သူတို့ရဲ့ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် လစာတိုးမြှင့်ဖို့ တောင်းဆိုတာအပြင် အလုပ်ရှင်နဲ့ အလုပ်သမား အကြား ဆက်ဆံရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ပြေလည်အောင် ဖြေရှင်းချင်တယ်လို့ သိရပါတယ်။
သူတို့အတွက် လုပ်ခလစာကို နောက်ထပ် ၂ သောင်းလောက် တိုးမြှင့်ပေးဖို့ တောင်းဆိုထားပေမယ့်လည်း စက်ရုံကတော့ ကျပ် ၅ထောင်ပဲ တိုးမြှင့်ပေးတဲ့ အကြောင်း၊ ဒါကြောင့် မရမချင်း တောင်းဆိုသွားမှာ ဖြစ်တဲ့အကြောင်း အလုပ်သမတွေက ဆိုပါတယ်။
Hall Mark တံဆိပ်နဲ့ ဂျပန်နိုင်ငံကို အ၀တ်အထည်တင်သွင်းနေတဲ့ မြနှင်းဆီ အထည်ချုပ် စက်ရုံမှာ အလုပ်သမ ၈၅၀ လောက်ဟာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ကိုင် နေပါတယ်။
ဆန္ဒပြ အလုပ်သမတွေကတော့ အလုပ်ခေါ်ယူစဉ်က စက်ရုံနဲ့ သဘောတူညီခဲ့တဲ့ ခံစားခွင့်တချို့ကို မရတဲ့အပြင်၊ အမျိုးသမီး အိမ်သာမှာ ယောက်ျားလေးတွေကို အစောင့်ချထားတာ မျိုးတွေပါ လုပ်လာတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်၊ ဒါကြောင့်လည်း လစာတိုးပေးရေးအပြင် တခြား ထိန်းချုပ်မှုတွေကိုပါ လျှော့စေချင်တယ်လို့ ဆိုပါတယ်။
အပြင်မှာ ဆန္ဒပြမှုတွေဖြစ်နေပေမယ့် မြနှင်းဆီ စက်ရုံထဲမှာတော့ မီးစက်ကြီး တလုံးကို ဆူဆူညံညံ မောင်းနှင်ထားပြီး ဆန္ဒပြမှုမှာ ပါဝင်ခြင်းမရှိတဲ့ အလုပ်သမားတချို့ဟာ မီးချောင်းတွေအောက်မှာ အလုပ်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ဆန္ဒပြရာမှာ မပါဝင်တဲ့ မသွယ်သွယ်မိုးကတော့ အခုရရှိတဲ့ လစာငွေနဲ့ မပိုလျှံပေမယ့် လောက်ငတဲ့အကြောင်း၊ သူ့နံဘေးမှာ ရပ်နေတဲ့ အလုပ်ရုံ အကြီးအကဲ ဒေါ်ရီရီလွင်ရဲ့ စကားလမ်းကြောင်းကိုလိုက်လို့ အေးစက်စက် ပြောပါတယ်။
ဘယ်လိုပင်ဖြစ်စေကာမူ အလုပ်သမားအများစုကတော့ တောင်းဆိုလို့ ရရှိမယ့် အခွင့်အရေးထက် အလုပ်ကနေ ထုတ်ပယ်မခံရရေးက ပိုအရေးကြီးတယ်ဆိုတာ သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ပေါ်လွင်နေပါတယ်။
စက်ရုံပိုင်ရှင် ကိုမိုးပွင့်ကတော့ သူတို့အနေနဲ့ အလုပ်သမားခံစားခွင့်ကို တတ်နိုင်သမျှ လိုက်လျောထားတယ် ဆိုတဲ့ အကြောင်း၊ လူနည်းစုကသာ ဆန္ဒပြနေကြတာ ဆိုတဲ့အကြောင်း၊ သူတို့ကတော့ အလုပ်သမားတွေ တောင်းဆိုတဲ့ အတိုင်း လစာ တိုးမြှင့်ပေးရရင် ရေရှည်မှာ စက်ရုံ ရပ်တည်ရေးအတွက် အခက်အခဲရှိမယ် ဆိုတဲ့အကြောင်း ပြောပါတယ်။
“ကျနော်တို့က အလုပ်သမားတွေကို လစာတိုးမြှင့်ပေးပေမယ့် ကျနော်တို့ရောင်းတဲ့ ကုန်ပစ္စည်းကတော့ ဈေးတက်လို့ မရဘူး။ ဈေးတက်တောင်းရင် အလုပ်ရှင်က ဗီယက်နမ်တို့၊ ဘင်္ဂလားဒေရှ့်တို့ စတဲ့ ဈေးကွက်တွေကို ပြောင်းသွားရင် စက်ရုံပိတ်ရလိမ့် မယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး ပုံမှန်မရရှိတာကလည်း ပြဿနာတရပ်ဖြစ်နေတယ်လို့ သူက ဆက်ပြောတယ်။ လောင်စာဆီ ဒီဇယ်ကို ဝယ်ပြီး မီးစက်မောင်းရတာကြောင့် ကုန်ကျစရိတ် မြင့်တက်လာတယ်၊ အလားတူ သယ်ယူပို့ဆောင်ရေးနဲ့ တခြား အထွေထွေ စရိတ် မြင့်တက်လာတာကြောင့်လည်း အလုပ်သမားတွေ တောင်းဆိုတဲ့ လုပ်ခလစာ တိုးမြင့်ရေးက မဖြစ်နိုင်ဘူးလို့ သူက အကြောင်းပြပါတယ်။
ရှေ့မှာ အလုပ်သမ ၁၀၀ ကျော်ဆန္ဒ ပြနေပေမယ့်လည်း ဆန္ဒမပြတဲ့ အလုပ်သမားတွေက စက်ရုံထဲမှာ အလုပ်လုပ်နေကြ တာပဲလို့ စက်ရုံရဲ့ ဒါရိုက်တာ တဦးဖြစ်တဲ့ ကိုမိုးပွင့်က ဆိုပါတယ်။
ဒါပေမယ့် ရန်ကုန်မြို့က ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကိုယ်စားလှယ် စတိဗ်မာရှယ်ကတော့ အဓမ္မ လုပ်အားပေးခိုင်းစေတဲ့ ကိစ္စနဲ့ ကလေးစစ်သား အရေးကိုသာ ဦးစားပေး လုပ်ဆောင်နေပြီးတော့ အလုပ်သမားအရေးကို မူ လျစ်လျူရှုထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ဝေဖန်နေကြပါတယ်။
အလုပ်သမား ၈၅၀ လောက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမတွေဟာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အလုပ်လုပ်ကြရပေမယ့် အချိန်ပိုလုပ်ခအဖြစ် တနာရီကို ၆၀ ကျပ်သာ ရရှိတယ်လို့ အလုပ်သမားတွေက ပြောကြပါတယ်။
ပြုပြင်ပြောင်းလဲရေး အစပြုကာစ မြန်မာနိုင်ငံရဲ့ လတ်တလော အနေအထားမှာ လျှပ်စစ်မီး ပုံမှန်မရတဲ့အတွက် ဆန္ဒပြမှုတွေ၊ အခြေခံ အလုပ်သမား လစာငွေ တိုးမြှင့်တောင်းဆို ဆန္ဒပြမှုတွေ၊ မြေသိမ်းယာသိမ်း ခံရတဲ့ တောင်သူလယ်သမား တွေရဲ့ ဆန္ဒပြမှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေပါတယ်။
ရန်ကုန်မြို့က နိုင်ငံရေး လေ့လာသူတွေကတော့ ဒီပြဿနာတွေကို အစိုးရအနေနဲ့ သေသေချာချာ ကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ဆိုပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် သပိတ်တွေ ပိုဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။
ဆက်စပ်သတင်းများ
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၃)
နေရာပျောက်နေတဲ့ ရတနာ မုဆိုးများ
စွမ်းအင်နဲ့ နိုင်ငံရေး
ရန်ကုန် သွားရေး လာရေး အဆင်မပြေသေး ...
သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၂)
ရဲ ရိုက်နှက်စစ်ဆေးမှုကြောင့် အပြစ်မဲ့သူတဦး အာရုံကြော ထိခိုက်သွား
THURSDAY, JUNE 7, 2012
ကွန်းချမ်း | ကြာသပတေးနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၅ မိနစ်
စံခလပူရီ (မဇ္ဈိမ) ။ ။ ရဲ၏ ရိုက်နှက် စစ်ဆေးမှု ဒဏ်ချက်များကြောင့် မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ကမာမိုးရွာသား ကိုသက်ပိုင်စိုး အား ဆေးရုံတင် ကုသထားရသည်မှာ ရက် ၂၀ ပြည့်ပြီ ဖြစ်သော်လည်း အာရုံကြော များ ထိခိုက်မှုကြောင့် ကိုယ်လက်အင်္ဂါများ လှုပ်ရှား၍ မရတော့ကြောင်း မိသားစုဝင်နှင့် ကူညီဆောင်ရွက်ပေးနေ သူများက ပြောသည်။
ရိုက်နှက်စစ်ဆေးစဉ်တွင် ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ ပခုံးဆစ်နှင့် လက်နှစ်ဖက်မှာ လှုပ်ရှား၍ မရတော့ကြောင်း၊ ပေါင်ကြားမှ ဒဏ်ရာများလည်း ကောင်းစွာ မကျက်သေးကြောင်း ကူညီ ဆောင်ရွက်ပေးနေသည့် ချောင်းဆုံမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
“မနေ့ကတောင် သူတို့မိသားစုကို ကျနော် ဖုန်းဆက်သေးတယ်။ ဆရာဝန်တွေ ပြောတော့ ပကတိ အခြေအနေကို
ပြန်ရဖို့ ဆိုတာ မလွယ်တော့ဘူးလို့ သူ့အမေက ကျနော့်ကို ပြောတယ်။ အခု ကျနော်လည်း ရန်ကုန် ရောက်ခိုက် ဆိုတော့ မော်လမြိုင်မှာ ကုလို့ မသက်သာရင် ရန်ကုန်ကို တက်လာခဲ့ပါလို့ လှမ်းပြောလိုက်သေးတယ်” ဟု မဇ္ဈိမကို ပြောသည်။
ဧပြီလ ၁၉ ရက်နေ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာ ဘုရားပွဲတွင် လူငယ်ချင်း ခိုက်ရန် ဖြစ်ပွားရာမှ လူတဦး သေဆုံးမှု တွင် ပါဝင်ပတ်သက်သည် ဟူသော သံသယဖြင့် ကိုသက်ပိုင်စိုး အပါအဝင် ကွမ်ရိုက်၊ ကမာမိုး၊ ဒေါင်းဥရွာများမှ လူငယ် ၁၃ ဦးကို ဧပြီလ ၂၀ ရက်နေ့တွင် ချောင်းဆုံ ရဲများက ဖမ်းဆီးစစ်ဆေးခဲ့သည်။ အပြစ်မရှိသူကိုးဦးကို ပြန်လွှတ်
ပေးခဲ့ရာ ကိုသက်ပိုင်စိုးမှာ မေလ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။
သို့သော် ဖမ်းဆီးထားစဉ် တလအတွင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ကြောင့် ကိုသက်ပိုင်စိုးမှာ ထိုနေ့တွင်ပင်
ချောင်းဆုံဆေးရုံသို့ တင်ပို့ခဲ့ရာမှ မေလ ၁၉ ရက်နေ့တွင် မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ထိခိုက်ဒဏ်ရာနှင့် အရိုး အကြောအဆစ် အထူးကုဌာနသို့ ပြောင်းရွှေ့ကုသခဲ့ရသည်။
မေလ ၂၁ ရက်နေ့က ချောင်းဆုံမြို့နယ်သို့ ရောက်ရှိလာသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ရိုက်နှက် စစ်ဆေးသူကို အရေးယူမှု ရှိ/မရှိ မေးမြန်းခဲ့ရာ ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်ကို ခရိုင်သို့ ပြောင်းပို့ထားကြောင်း ချောင်းဆုံရဲစခန်းမှ ဒု-ရဲအုပ်တဦးက ဖြေကြားခဲ့သည်။
သို့သော်လည်း ရိုက်နှက်စစ်ဆေးခဲ့သည့် ဒု-ရဲအုပ် ကျော်စွာခိုင်ကို ခရိုင်သို့ ပြောင်းပို့ထားသည်မှာ မဟုတ်မှန်ဘဲ အရေးယူဆောင်ရွက်ခြင်းလည်း တစုံတရာ မရှိသေးကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
“ကျနော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေလကတည်းက စာတင်ထားတယ်။ ဒါပေမယ့် အဲဒီ ရိုက်တဲ့ ရဲက အခု ရွာထဲမှာ ပေါ်ပေါ်တင်တင်ပဲ သွားလာတာ ကျနော်တို့ တွေ့နေရတုန်းပဲ။ ဘာမှ
ခေါ်ယူစစ်ဆေး မေးမြန်းတာ မရှိဘူး” ဟု သူက ပြောသည်။
လူနာအား ပြည်နယ် ရဲမင်းကြီးမှ ငွေကျပ် တသိန်းခွဲ တကြိမ်၊ နှစ်သိန်း တကြိမ် လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကိုသက်ပိုင်စိုး၏ မိခင်က ပြောသည်။
မိသားစုများအနေနှင့် ရိုက်နှက်စစ်ဆေးသူကို အမှုဖွင့် တိုင်ကြားရန် မဝံ့မရဲဖြစ်နေကြောင်း ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
ကွမ်ရိုက်ရွာ ဘုရားပွဲ ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူငယ် လေးဦးအား မော်လမြိုင် ရဲစခန်းတွင် ဆက်လက် ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ဦးသိန်းစိန် လာရန်ရှိသဖြင့် အာနန္ဒာဘုရား ရှိ ဆိုင်ခန်းများ ပိတ်ခိုင်းထား
THURSDAY, JUNE 7, 2012
အဂ္ဂမဟာ ဒီမိုဖက်တီး
====================================
နိုင်ငံတော်သမတ လာရောက်ရန်ရှိသဖြင့် ပုဂံဒေသ အာနန္ဒာဘုရား အနီးရှိဆိုင်ခန်းများအား သက်ဆိုင်ရာက သုံးရက် ပိတ်ခိုင်းထားကြောင်း ပုဂံဒေသခံများကပြောသည်။ “ ဒီနေ့ (ဇွန်လ ၇ ရက် ) က စပိတ်ရတာ သုံးရက်ပိတ်ခိုင်းတယ်။ သမတ လာလို့ ဆိုင်ပိတ်ရတယ် ဆိုတာ သမတကြီးကို မေးလိုက်ချင်တယ် ဆင်းရဲ မွဲတေမူ ပပြောက်ရေးလားလို့ ” အဆိုပါဘုရားအနီး ဆိုင်ဖွင့်ထားသူတစ်ဦး က ပြောသည်။ သမတဦးသိန်းစိန်သည် ပခုက္ကူတံတားဖွင့်လှစ်ရန်အတွက် ဇွန်လ ၉ရက်နေ့  တွင်ပုဂံဒေသ သို့ လာရောက်ရန်ရှိကြောင်း အာဏာပိုင်နှင့်နီးစပ်သူများက ပြောသည်။ “ ဒီလုပ်ရန်ကြောင့် ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ သမတကို ပြည်သူတွေ မညိုညင်စေချင်ဘူး။ ဒီလို လူကြီးလာမှ အလုပ်လုပ်ပြတဲ့ ခေတ်တွေလည်း ကုန်သင့်ပါပြီ ”ဟု ပုဂံဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက မှတ်ချက်ပြုသည်။
Thursday, June 7, 2012
ကရင်ပြည်နယ်သည် ဒီမိုကရေစီလမ်းစမှာသာ ရှိနေသေးကြောင်း နန်းစေးအွာပြော
Author: ကိုးဒီသွေး
| Posted at: 12:20 AM |
Filed Under:
article
ဖလုံစဝေါ် ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေးအွာ |
မေး။ ပြီးခဲ့သည့်လွှတ်တော် တတိယပုံမှန်အစည်းအဝေးပွဲမှာ ဆရာမအနေနဲ့ ဘာတွေတင်ပြဆွေးနွေးခဲ့ပါသလဲ။
ဖြေ။ ဘားအံသံလွင်တံတားဟာ ကရင်ပြည်နယ်အတွက် အရေးပါ ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်ရောက်နေပြီဖြစ်တဲ့ ကရင်ပြည်နယ်အတွက် အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် သံလွင်တံတားကို ၂၄ နာရီကာလပတ်လုံး ဖွင့်ထားပေးဖို့ သို့မဟုတ် တံတားပိတ်ချိန်ကာလကို လျှော့ပေါ့ ပေးဖို့ဖြစ်တယ်၊ နောက်တစ်ခုက ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပေါ်မှာ တပ်မတော်ယူနီဖောင်းဝတ် စစ်သား တစ်ယောက်၊ နှစ်ယောက်ထဲနှင့် အကောက်ကြေးကောက်တဲ့ ဂိတ်ွ(ဝါးတားဂိတ်)တွေ အများကြီး ရှိပါတယ်။ ကူးသန်းရောင်းဝယ်ရေး လုပ်နေသည့် ပြည်သူတွေအတွက် မလိုလားအပ်ဘဲ ပေးနေရတဲ့ အကောက်ကြေး ဖြစ်တယ်ဆိုတာ တင်ပြခဲ့ပါတယ်။
မေး။ ကရင်ပြည်နယ်အရေးကိစ္စမှာ ဘယ်ကိစ္စဟာ အရေးကြီးဆုံးလို့ သဘောထားပါသလဲ၊ အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းသွားမယ်လို့ ထင်လဲ။
ဖြေ။ ကျွန်မတို့ ပြည်နယ်သူ/သားတွေအတွက် အရေးကြီးဆုံး လိုအပ်နေတာက စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေးပါ၊ ငြိမ်းချမ်းရေး မရသေးသရွေ့ ကျွန်မတို့ ဘာမှလုပ်လို့မရသေးပါဘူး၊ ငြိမ်းချမ်းရေး ရပြီး သွားရင်တော့ မြေမြှုပ်မိုင်းရှင်းလင်းရေးကို ဦးစားပေး လုပ်ဆောင်ရပါမယ်။ ၆၅ နှစ်လုံးလုံး ကျွန်မတို့ ပြည်နယ်သူ/သားတွေ ခြေပြတ် လက်ပြတ် လူစင်မမီတဲ့ဘဝကို ရောက်ခဲ့ရတဲ့သူ မနည်းပါဘူး၊အခု အချိန်ထိလဲ ခံစားနေရတုန်ပါပဲ၊ ပြီးမှသာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးကို လုပ်ရပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအတွက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီနှင့်အတူ ကျွန်မတို့ လက်တွဲပူးပေါင်းဆောင်ရွက်ကြမှာပါ။
မေး။ ဆရာမတို့တက်နေတဲ့ လွှတ်တော်က ကရင်ပြည်နယ်အတွက် တကယ်အရေးပါပြီး တကယ် လိုအပ်တယ်လို့ထင်လား။
ဖြေ။ ကျွန်မတို့ ကရင်ပြည်နယ်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး၊ လမ်းစမှာပဲ ရှိနေသေးတယ်၊ ဒီမိုကရေစီက ဘာလဲ၊ ဒီမိုကရေစီရဲ့ အနှစ်သာရက ဘာလဲ၊ ဒီမိုကရေစီရဲ့ ကျင့်စဉ် က ဘာလဲဆိုတာ ကျွန်မတို့ပြည်သူတွေ တော်တော်များများ နားမလည်ကြသေးဘူး၊ ဒါကြောင့် လွှတ်တော်အစည်းအဝေးပွဲ မတက်ခင် ပြည်သူ့အသံကို နားထောင်ဖို့ ကျွန်မတို့ရွာတွေကို ဆင်းရပါတယ်။ ဒေသပြည်သူတွေရဲ့ လိုအပ်ချက် ဆန္ဒတွေကို ကျွန်မတို့ လွှတ်တော်ကို တင်ပြရပါ တယ်။ လွှတ်တော်က ဆုံးဖြတ်ချက်တွေကို ကျွန်မတို့ပြည်သူကို အသိပေးတဲ့ အနေနဲ့ ရွာတွေဆင်းပြီး၊ ဆွေးနွေးဟောပြောပါတယ်။ ဒီနေရာမှာ တချို့သော အုပ်ချုပ်ရေးဝန်ထမ်းတွေက ကျွန်မတို့ကို ပြည်သူ့ ကိုယ်စားလှယ်အနေဖြင့် မမြင်ဘဲ၊ ပါတီဝင်အနေဖြင့်ပဲ မြင်ကြပါတယ်။ ဒါဟာ ဝမ်းနည်းစရာ ကောင်းပါတယ်။ ဒါပေမယ့် ပြည်သူတွေက သူတို့ရဲ့ဆန္ဒသဘောထားကို သတ္တိရှိရှိနဲ့ ဖော်ပြရဲအောင် အဲဒီဆန္ဒတွေ လိုအပ်ချက်တွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးပြီး ကရင်ပြည်နယ်အတွက် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရအောင်ဆွဲတင်ရမှာက ကျွန်မတို့ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေပဲဖြစ်ပါတယ်။
မေး။ ကရင်ပြည်နယ်ရဲ့ သယံဇာတတွေက ရလာမယ့် ဘဏ္ဍာငွေ တွေကို ပြည်နယ်အစိုးရက ဘယ်လောက်သုံးခွင့်ရှိမလဲလို့ ထင်ပါသလဲ။ အဲဒီအတွက် ဘာတွေတောင်းဆိုဖို့ရှိလဲ သိချင်ပါတယ်။
ဖြေ။ အဲဒါကတော့ ပြည်ထောင်စုအစိုးရရဲ့ ခွဲဝေပေးမှုပေါ်မူတည်ပါတယ်။
မေး။ ဘားအံစက်မှုဇုန်စီမံကိန်းနှင့်ပတ်သက်ပြီး ပြည်နယ်အတွက် ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။
ဖြေ။ ကျွန်မတို့ဒေသခံပြည်သူအများစု သို့မဟုတ် ကရင်ပြည်နယ် ရဲ့ ကျေးရွာတိုင်းမှာရှိတဲ့ အိမ်တစ်အိမ်မှာ အနည်းဆုံး ၂ ဦး၊ ၃ဦး လောက်ဟာ ထိုင်းနိုင်ငံဘက်မှာ သွားလုပ်ရပါတယ်။ ဘယ်သူမှလည်း ကိုယ့်အိမ်ကိုယ့်ရွာ ကိုယ့်နိုင်ငံကို ခွဲခွာပြီးတော့ မသွားချင်ကြပါဘူး။
စားဝတ်နေရေးအဆင်မပြေလို့သာ သူတစ်ပါးဥပဒေ သူတစ်ပါးနိုင်ငံ သူတစ်ပါးလူမျိုးရဲ့ လက်အောက်မှာ အနှိမ်ခံအနိုင်ကျင့်ခံပြီးတော့ ဝမ်းစာ အတွက် သွားကြရတာပဲ၊ တကယ်လို့ စက်မှုဇုန်ကြီးသာ ပြီးသွားပါက ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီး တိုးတက်လာပြီး၊ စီးပွားရေးအရ ကောင်းမွန်လာမယ့် အသွင်သဏ္ဌာန်တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်။
ဒေါ်နန်းစေးအွာသည် ၁၉၉၄ ခုနှစ်တွင် အလယ်တန်းပြ ဆရာမ အဖြစ်မှ အငြိမ်းစားယူခဲ့ပြီး Save the Children(UK) ဌာနတွင် စီမံကိန်းလက်ထောက်အရာရှိ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တွင် တိုင်းရင်းသားရေးရာ အဖွဲ့ခေါင်းဆောင်နှင့် ကရင်စာပေနှင့် ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းတွင် ဘဏ္ဍာရေးမှူး ဒုတိယဥက္ကဋ္ဌတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ မတ်လအတွင်းကလည်း ဗီယက်နမ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရပါသည်
ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်း၌ ဆန္ဒထုတ်ဖေါ်
Author: ကိုးဒီသွေး
| Posted at: 10:03 AM |
Filed Under:
news
လန်ဒန်မှာရှိတဲ့ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ အိမ်ရှေ့မှာ အားလုံးစုပြီးတော့ တညီတညွတ်တည်းနဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေဟာ သမိုင်းတွေကို လိမ်ပြီးတော့ သူတို့တွေဟာ ဗမာနိုင်ငံမှာ မူလ တိုင်းရင်းသားလူမျိုးစု ဖြစ်ပါတယ် ဆိုပီး အရေးဆိုနေတဲ့ကိစ္စကို သူတို့တွေဟာ လိမ်နေတာ ဖြစ်ပါတယ်။ မြန်မာ တိုင်းရင်းသား လူမျိုးစု အမှန်အကန် မဟုတ်ပါဘူး ဆိုတာကို မြန်မာ တိုင်းရင်းသားတွေ အကုန်လုံးက တညီတညွတ်တည်းနဲ့ လာရောက်ပြီးတော့ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ တကွ MP တွေ၊ ကမ္ဘာတ၀ှမ်းက လူတွေ သိရှိအောင်လို့ ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ပြောခွင့်ရ အမျိုးသမီး ဒေါ်မေသက်မွန်က ပြောသည်။
လက်ရှိ အချိန်တွင် နိုင်ငံခြားသား တချို့သည် ရိုဟင်ဂျာများဘက်မှ ထောက်ခံပေးနေခြင်း အပေါ် အခြေအနေမှန်ကို သိစေလို၍လည်း ယခုလို ဆန္ဒဖေါ်ထုတ်ခြင်း ဖြစ်သည်ဟုလည်း သူမက ဆက်ပြောသည်။
“ လက်ရှိ အချိန်မှာ တချို့သော အင်္ဂလိပ်လူမျိုးတွေဟာ ရိုဟင်ဂျာကိစ္စနဲ့ ပါဝင် ပတ်သက်နေတယ်။ သူတို့တွေ ဟာ ရိုဟင်ဂျာပြောတဲ့ စကားတွေကို ယုံကြည်ပြီးတော့ ရိုဟင်ဂျာတွေကို ထောက်ခံပြီး အများကြီးလုပ်ဆောင်နေ ပါတယ်။ ဒီကိစ္စကို ဆန့်ကျင်တဲ့အနေနဲ့ ဗြိတိသျှ ၀န်ကြီးချုပ်အပါအ၀င် ဗြိတိသျှ အမတ်တွေနဲ့ တကမ္ဘာလုံးက လူတွေ သိရှိလာအောင် ကျွန်မတို့ ခုလို လုပ်ရတာ ဖြစ်ပါတယ်။”
၎င်းပြင် တချို့ အင်္ဂလိပ် တချို့သည် ရိုဟင်ဂျာ ကိစ္စကို ဗြိတိသျှ ပါလီမာန်ထိ ယူဆောင်လာကာ ဒေါ်အောင်ဆန်း စုကြည်အား ဖိအားပေးပြိး ရိုဟင်ဂျာကို တိုင်းရင်း လူမျိုး တစ်မျိုး အဖြစ် အသိအမှတ်ပြုအောင် စီစဉ်နေသည်ဟု ဆိုသည်။
“ မကြာခင်မှာ ဒီရိုဟင်ဂျာတွေဟာ ဗြိတိသျှ ပါလီမန်ထဲကိုဝင်ပြီး သူတို့တွေဟာ မြန်မာ နိုင်ငံရဲ့ လူမျိုးစု တခု ဖြစ်တယ်။ ဗမာ အစိုးရကသော်၎င်း၊ ဗမာလူမျိုးတွေကသော်၎င်း၊ ရခိုင်လူမျိုးတွေက သော် ၎င်း၊ သူတို့တွေကို နှိပ်ကွက်နေပါတယ်လို့ တစာစာအော်ပြီးတော့ ဗြိတိသျှ ပါလီမန်မှာ အရေးဆိုဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်း စုကြည် အင်္ဂလန်ကို လာတဲ့အချိန်မှာ ဗြိတိသျှ ၀န်ကြီးချုပ်နဲ့ အမတ်တွေဟာ ဒီကိစ္စကို နားမလည်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးတာတွေ၊ ရိုဟင်ဂျာ တိုင်းရင်းသား အဖြစ် လက်ခံအောင် ပြောမယ့် ကိစ္စတွေ ရှိနေတယ်လို့ သိရတယ်။ ဒါကြောင့် ဒီပြဿနာ အပေါ် အကုန်လုံးက သိရှိ နားလည် သဘောပေါက်လာအောင် ကျွန်မတို့က အသိပေးတဲ့ သဘောလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
ဒီရိုဟင်ဂျာ အရေး ကိစ္စဟာ မြန်မာနိုင်ငံ အတွက် ဘယ်အတိုင်းအတာထိ အရေးကြီးပါသလဲလို့ မေးမြန်းရာ သူမက ယခုလို ပြောသည်။
ဒီကိစ္စဟာ ဘာသာရေးကိစ္စလည်းမဟုတ်ပါ။ လူ့အခွင့်အရေးကိစ္စလည်း မဟုတ်ပါဘူး။ လူဝင်မှု ကြီးကြပ်ရေး ပြဿနာတခု ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ ဒီပြဿနာဟာ အထူး အရေးကြီးတဲ့ အဆင့်ကို ရောက်လာတယ်။ ဘယ်လောက်ထိ အရေးကြီးလဲဆိုရင် နိုင်ငံရဲ့ နယ်နိမိတ်၊ နိုင်ငံရဲ့ အချုပ် အခြာ အာဏာ၊ မိမိနိုင်ငံရဲ့ အမျိုးသားရေးကိုထိ ထိခိုက်လာတဲ့ အခြေအနေဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီရိုဟင်ဂျာတွေဟာ ရခိုင်ပြည်ကို ဗြိတိသျှ ကိုလိုနီခေတ်ကတည်းကပင် သူတို့တွေဟာ လယ်ယာမြေ လုပ်သားတွေအဖြစ် ၀င်ရောက်နေထိုင်တယ်။ ရခိုင်တွေကလည်း သူတို့ကို ဧည့်သည်အဖြစ် လက်ခံထားတယ်။ ဒါပေမယ့် သူတို့ဟာ တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီး ရခိုင်ပြည်ကို သူတို့ပြည်၊ သူတို့ဟာ ရခိုင်တွေထက် ဒီမြေမှာ အယင်ကတည်းကပင် ရောက်နေတဲ့လူတွေ ဖြစ်တယ်ဆိုတဲ့ လိမ်လည်တဲ့ သတင်းတွေကို ထုတ်လွင့်တယ်။ လူတွေကို အယုံသွင်းတယ်။ ဒါကြောင့်မို့လို့ တချို့ မြန်မာ့သမိုင်းကို နား မလည်တဲ့သူတွေက သူတို့ပြောတာကို ဟုတ်လေသယောင်၊ နားယောင်ကြပါတယ်။ သူတို့ဟာ ဧည့်သည်ကို အိမ်ရှင်က စော်ကားတာထက် ပိုဆိုးနေပါတယ်။ အဲဒီလို အခြေအနေကြောင့်မို့ ဒီကိစ္စဟာ ရခိုင်တမျိုးသားလုံးအတွက် အရေးသာမဟုတ်၊ မြန်မာ တစ်နိုင်လုံး အတွက်ပါ အရေးကြီးပါတယ်” ဟု ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ဥပမာအားဖြင့် တရုတ်နွယ်ဖွား မြန်မာ လူမျိုးများ၊ အိန္ဒိယ နွယ်ဖွား မြန်မာ လူမျိုးများ ရှိကြောင်း၊ သူတို့ အနေဖြင့် မြန်မာနိုင်ငံသား အဖြစ်ဖြင့် ပျော်ရွင်စွာ နေထိုင်နေကြကြောင်း၊ ရိုဟင်ဂျာ ဆိုသူများ အနေဖြင့်လည်း သူတို့ကဲ့သို့ နိုင်ငံသားအဖြစ်၊ ဧည့်နိုင်ငံသားအဖြစ် ဘယ်လိုဘဲနေနေ ရခိုင်လူမျိုးများ အနေဖြင့်သော်၎င်း၊ ဗမာလူမျိုးတွေအနေဖြင့်လည်း ကန့်ကွက်စရာ မရှိပါကြောင်း၊ သို့သော်သူတို့မှာ မရှိသည်ကို အရှိလုပ်ပြီး လိမ်လည်ကာ ရခိုင်ပြည်နယ်ကို သူတို့ ပြည်နယ် ဖြစ်ကြောင်း မဟုတ်မတရား သမိုင်းလိမ်များဖြင့် ကမ္ဘာတွင် လိမ်လည်နေ၍ ကန့်ကွက်ရခြင်းသာ ဖြစ်ကြောင်း သူမက ပြောသည်။
ဆန္ဒဖော်ထုတ်ပွဲသို့ မြန်မာ အသိပညာရှင် အတတ်ပညာရှင်များ၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် နိုင်ငံရေး၊ လူမှုရေး အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ အပါ အ၀င် မြန်မာနိုင်ငံ ပြည်ထောင်စု တိုင်းရင်းသားများ ၁၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
၎င်းအပြင် ဆန္ဒဖော်ထုတ်ပွဲတွင် တက်ရောက်လာသူအားလုံးက အချက် ၉ ချက်ပါ လန်ဒန်ကြေငြာစာတမ်း London Declaration 2012 ကို တညီတညွတ်တည်း လက်မှတ်ရေးထိုးခဲ့ကြပြီး ဗြိတိသျှ ၀န်ကြီးချုပ်ထံ ပေးပို့ ခဲ့ကြသည်ဟု သိရသည်။
လန်ဒန်ကြေငြာစာတမ်း
၁-၆-၂၀၁၂
မြန်မာနိုင်ငံ
တိုင်းရင်းသား လူမျိုးများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ အလုပ်သမားများ
နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊လူမှုရေးအသင်းဖွဲ့များ၊
နိုင်ငံရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများပါဝင်သောအစုအဖွဲ့မှ နိုင်ငံ
တော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတော်တွင်းမှီတင်း
နေထိုင်လျှက်ရှိကြကုန် သော တိုင်းရင်း သားလူမျိုးများ၏ ပျံ့နှံ့နေထိုင်မှု၊
နယ်မြေပိုင်ဆိုင်မှု လွတ်လပ်စွာ မှီတင်းနေထိုင် မှုတို့အားကာကွယ်
စောင့်ရှောက်ရန်အလို့ငှာ ပြည်ပမှ ၀င်ရောက် လာသော ဘင်္ဂါလီ (ရိုဟင်ဂျာအမည်ခံ)
တို့နှင့်ပတ်သက်သော အောက်ဖေါ်ပြပါ ကြေငြာချက် ကိုထုတ်ပြန်သည်။
၁။ ဘင်္ဂါလီ(ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံအ တွင်းမူလဘူတ ပြန့်နှံ့ နေထိုင်သော တိုင်းရင်း သားလူမျိုး တစ်မျိုး မဟုတ်ကြောင်းကြေငြာသည်။
၂။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအ မှတ်ပြု သော၊ အမှတ်အသားပြုလက်ခံသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အစိုးရတို့အား ကျွန်ုပ်တို့၏ အမျိုး သားရေး ကိစ္စရပ်များ တွင် ၀င်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်သည်။
၃။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံ ၏ တိုင်းရင်း သားလူမျိုး တစ်မျိုးဖြစ် ကြောင်း ကြိုးပမ်းမှုအား ငွေကြေးထောက်ပံ့ခြင်း၊ လူမှုရေး အရထောက်ပံ့ခြင်း၊ မီဒီယာများဖြင့် ထောက်ခံရေးသားခြင်း၊ သံခင်းတမန်ခင်းအရ လက်ခံခြင်း သည် ကျွန်ုပ် တို့၏ အမျိုးသားရေး ကိစ္စရပ်များတွင် ၀င်ရောက် စွက်ဖက် မှုအဖြစ် သတ်မှတ်သည်။
၎။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့ သုံးစွဲသော ဘာသာစကား နှင့် စာပေတို့သည် မြန်မာ နိုင်ငံ တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကား နှင့် စာပေ မဟုတ်ကြောင်း ကြေငြာသည်။
၅။ မြန်မာပြည်တွင်း နှင့် နိုင်ငံတကာရှိမြန်မာ့အရေးဆောင်ရွက်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုး သားကောင်စီ ( NATIONAL COUNCIL UNION OF BURMA) အပါအ၀င် ဒီမိုကရေစီအရေး နှင့် တိုင်း ရင်း သားလူမျိုး များ၏ အခွင့်အရေး များတောင်းဆို တိုက်ပွဲဝင်နေသော မြန်မာ တိုင်းရင်း သား တပ်ပေါင်းစုများ၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့ အစည်း များတွင် ဘင်္ဂါလီ ( ရိုဟင်ဂျာအမည်ခံ) လူမျိုးများ အား အဖွဲ့ အစည်း တစ်ခုအဖြစ်သော်၎င်း၊ အဖွဲ့ဝင် အဖြစ်သော်၎င်း အသိအမှတ်ပြုလက်ခံဖွဲ့စည်းခြင်း မရှိ ကြောင်း သိစေ အပ်သည်။
၆။ ပညာရှင်ဟု အမည်ခံ၍ တင်ပြလာသူ နိုင်ငံခြားသား များ၏ စာတန်းများ သည် ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) တို့၏ ဖန်တီးထားသော ဖြစ်စဉ် အား စူးစမ်းလေ့လာမှု အဆင့်သာလျှင်ဖြစ်ပြီး။ အကယ်စင်စစ် ထိုပညာ ရှင်များသည် မြန်မာ ပြည် အကြောင်းကို သော်၎င်း မြန်မာပြည်၏ လူမျိုးများပြန်.နှံ့ နေထိုင်မှုကိုသော်၎င်း ရေရာစွာသိရှိသူ များမဟုတ်ကြောင်း ကြေငြာသည်။
၇။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို သိမ်းပိုက်ခဲ့သော အင်္ဂလိပ်လူမျိုးများသည် အိန္နိယမှ အလုပ်သမား များကို မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်သွင်းယူခဲ့၍ ၎င်း အိန္နိယ နှင့် ဘင်္ဂါလီလူမျိုးများသည် မြန်မာ တိုင်းရင်း သား များ မည်သို့မျှ မဟုတ်ခဲ့သည်ကို သမိုင်းစဉ်နှင့် ချီ၍ သေချာစွာသိရှိခဲ့သော်လည်း။ အင်္ဂလန် နိုင်ငံအပါအ၀င် ၎င်း အင်္ဂလိပ် မျိုးနွယ်စု နိုင်ငံများဖြစ်သည့် အမေရိကန်၊ သြစတြေးလျှ နှင့် ကနေဒါ နိုင်ငံများသည် ၎င်းတို့ မြန်မာနိုင်ငံတွင်းသို့ ခေါ်ယူလာ ခဲ့သော နိုင်ငံခြားသားများအား မြန်မာတို့၏ တိုင်းရင်း သားအဖြစ် ကျော ထောက် နောက်ခံပေး နေခြင်းအား ကန့်ကွက်ကြောင်း သိစေအပ်သည်။
၈။ လူကုန်ကူးသူများနှင့် ဒီမိုကရေစီနိုင်ငံကြီးများတွင် အခြေချနေထိုင်လိုသူများ ၏ ပုဂ္ဂိုလ်ရေး ရည်မှန်း ချက် များဖြင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) များအား ဖေါ်ထုတ်တင်ပြသွားမည်။
၉။ ပိုမို၍ ကြီးမားကျယ်ပြန့်သော မြန်မာပြည်သူများ၏ သဘောထား ကိုဆက်လက်ကောက်ခံ၍ အပြည်ပြည် ဆိုင်ရာအသိုင်းအ၀ိုင်း သို့တင်ပြသွားမည်။
.

ဆူးလေဘေးကရုတ်ရုတ်ရုတ်ရုတ်
တောင်ကုပ်မှာအသတ်ခံရတဲ့ပုံတွေနဲ့ ဆူးလေဘုရားဘေးဗလီရှေ့ ဆန္ဒပြတာကိုဝိုင်းကြည့်ပြီးဝေဖန်နေကြတာပါ။
ဆူးလေဘုရားရဲ့အခြားတဖက်မှာရဲတွေရှိနေပေမဲ့လူစုမခွဲခဲ့ပါဖူး။
ကိုမြအေးတို့ရောက်လာပြီးအခြေအနေကိုဝင်ထိန်းခဲ့ပါတယ်။
အာဂသတ္တိ
K N U နဲ့ သိန်း စိန် အ စိုး ရ လုပ်
တဲ့ ငြိမ်း ချမ်း ရေး ကို က ရင် လူ ထု တွေ က K N U နဲ့ က ရင် လူ ထု တွေ အ
လိမ် ခံ ရ မှာ ကို စိုး ရိမ် နေ ကြ ပါ တယ်။ က ရင် လူ ထု တွေ က သိန်း စိန် အ
စိုး ရ ရဲ့ ပ က တိ အ ခြေ အ နေ ကို မ သိ မှာ စိုး ရိမ် သ လို အ ဖက် ဖက် က
စိုး ရိမ် နေ ကြ ပါ တယ်။ ဒါ ပေ မဲ့ က ရင် လူ ထု တွေ သိ ထား ရ မှာ က တော့ ဆ
ရာ မ စီ ပိုး ရာ စိန် ဦး ဆောင် တဲ့ K N U ခေါင်း ဆောင် တွေ ဟာ လက် တွေ့
လုပ် ဆောင် နေ တဲ့ သူ တွေ ဖြစ် သ လို ဒါ တွေ အား လုံး အ ပေါ် မှာ တာ ၀န် ယူ
နေ ရ တဲ့ သူ တွေ ဖြစ် နေ တဲ့ အ တွက် အ ခြေ အ နေ အ ရပ် ရပ် ကို ခြုံ ငုံ
ပြီး ကျွန် တော် တို့ လူ ထု တွေ သိ တာ ထက် ပို မို သိ ထား သ လို ပို မို
စိုး ရိမ် လို့ သ တိ ကြီး စွာ နဲ့ လုပ် ဆောင် နေ ပါ တယ်။ နှစ် ဖက် စ လုံး အ
ခြေ အ နေ ကို ပြော တာ ပါ။ ကျွန် တော် တို့ က ရင် လူ ထု တွေ က တာ တွေ ကို အ
ပျက် ပြော နေ မဲ့ အ စား အ ပြု သ ဘော ဆောင် ပြီး K N U ရဲ့ ငြိမ်း ချမ်း
ရေး ဖေါ် ဆောင် မှု အ ပေါ် ဘယ် လို ပူး ပေါင်း ပါ ၀င် ရ မယ်။ ဘယ် လို ၀ိုင်း
ကူ ညီ နိုင် မယ် ဆို တာ ကို ပြော စေ ချင် ပါ တယ်။လွတ် တော် က ဘတ် ဂျက် မ ချ
ပေး လို့ ငြိမ်း ချမ်း ရေး လုပ် ငန်း အ တွက် ငွေ မ ရှိ လို့ စီး ပွါး ရေး သ
မား တွေ ကို စ ရိတ် ခံ ခိုင်း ရ တယ် လို့ ဦး အောင် မင်း က ပြော ပါ တယ်။
အဲ ဒီ အ တွက် စီး ပွါး ရေး သ မား တွေ က ကျွန် တော် တို့ ခေါင်း ဆောင် တွေ
ကို ရိုင်း ပြ စွာ ဆက် ဆံ ခြင်း ကို ခံ ရ ပါ တယ်။ နိုင် ငံ တော် က လူ သတ်
ဖို့ လက် နက် တွေ ကျည် ဆံ တွေ ၀ယ် ဖို့ ကျ တော့ ပိုက် ဆံ ရှိ ပြီး တော့
ငြိမ်း ချမ်း ရေး လုပ် ဖို့ အ တွက် ငွေ မ ရှိ တာ တော့ အ ဓိ ပ္ပါယ် မဲ့ ပါ
တယ်။ အ ဓိ က က တော့ က ရင် ပြည် နယ် မှာ စီး ပွါး ရေး သ မား တွေ စီး ပွါး
ရေး လုပ် နိုင် ဖို့၊ ကျေး ဇူး စား ကျေး စား ခံ ရှိ ဖို့ အ စိုး ရ က စီး
ပွါး ရေး သ မား ကို သုံး တာ ပါ။ ဒီ တော့ နိုင် ငံ တော် မှာ ငွေ မ ရှိ ရင် K
N U က ငြိမ်း ချမ်း ရေး ဆွေး နွေး ပွဲ ကို ကိုယ် ဘတ် ဂျက် နဲ့ ကိုယ် သွား
မယ်။ ဘယ် စီး ပွါး ရေး သ မား မှ မ ပါ စေ နဲ့။ အဲ ဒီ လို ပဲ အ ကျိုး လို
လို့ ညောင် ရေး လောင် တဲ့ ဘယ် N G O မှ မ ပါ ပါ စေ နဲ့။ ပြည် တွင်း ပြည် ပ
မှာ ရှိ တဲ့ က ရင် လူ မျိုး တွေ တက် ညီ လက် ညီ ၀ိုင်း ၀န်း ဖို့ လို ပါ
တယ်။
နောက် တ ခု က ဆ ရာ မ စူ စဲ နာ
လှ လှ စိုး လဲ ၀ိုင်း ရံ ဖို့ လို ပါ လိမ့် မယ်။ ဒီ လို ကိ စ္စ ကို ရဲ ရဲ
ဝံ့ ၀ံ့ သူ လို ဘယ် က ရင် ခေါင်း ဆောင် က မှ မ ဖေါ် ထုတ် ခဲ့ ဘူး။ ဒီ အ တွက်
သူ ကို ကျွန် တော် တို့ ၀ိုင်း ရံ ထား ဖို့ လို ပါ တယ်။
KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စီးပွားရေး လုပ်ငန်းရှင်တွေက အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ပါင်ခဲ့သူတွေက ပြောလိုက်ပါတယ်။ "ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖော်ဆောင်မှု အတွေ့အကြုံ ဆွေးနွေးပွဲ" ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ကရင် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ KWAG က နော်ဆူဆန်နာ လှလှစိုးက ပြောခဲ့တာပါ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အဆင့်သာ ရှိသေးကြောင်း၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေ အတွင်းမှာ စီးပွားရေး လုပ်ငန်းရှင်တွေက KNU ကိုယ်စားလှယ်တွေကို မခြေမငံ ဆက်ဆံ ပြောဆိုတာတွေ ရှိခဲ့ကြောင်း အဲဒီ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေါ်စုခရီးစဉ်နဲ့ မဲဆောက်ဖက် လက်တစ်ကော်
ဟုတ်ပါတယ် လက်တစ်ကော်ထဲပါ ၊ လက်တစ်နှိုက်စာ နက်နက်နဲနဲ မဟုတ်ပါဘူး ။
လတ်တလော ဒေါ်စု သွားခဲ့တယ်ဆိုတော့ စိတ်ထဲနည်းနည်း ပေါ်လာလို့ပါ ။
အချို့လည်း ဒေါ်စုရဲ့ လုံခြုံရေးကို စိုးရိမ်ကြတယ် ၊ အချို့လည်း ကောလဟာလဆန်ဆန် ဒဏ္ဍာ
ရီဆန်ဆန် ကြားဖူးတာတွေ ရှိတဲ့အပေါ် စိတ်မှန်းနဲ့ ပူပင်ကြတာတွေ ရှိကြလေတော့ အနည်းအကျဉ်း
လောက် ပြောပြချင်လို့ပါ ။
* ဒေါ်စုခရီး
ဘန်ကောက်ကနေ ရွှတ်ကနဲမဲဆောက်ရောက်သွားတဲ့ ဒေါ်စုတစ်ယောက် မဲလခိုလှုံရာစခန်းမှာ
အချို့လူ တွေနဲ့ဆွေးနွေးပြီး မရပ်မနား ဘန်ကောက်ဆီ ခရီးပြန်နှင်သွားတာ လူအများသိပြီးကြပြီလို့
ယူဆပါတယ် ။ ထောက်ပြတယ်ပြောပြော အပြစ်ရှာတယ်ဆိုဆို တစ်ချို့အချက်ကလေးတွေကို မြင်
မိတယ် ။
Ø မဲဆောက်မှာ မျှော်လင့်တကြီး စောင့်နေခဲ့ကြတဲ့သူတွေကို နှုတ်တောင်မဆက်နိုင်ပဲ ထွက်သွား
တယ် ၊
Ø ကျောင်းသားဆေးခန်းလို့ခေါ်တဲ့ ဒေါက်တာစင်သီယာမောင်ဆေးခန်းကို မဝင်ဖြစ်ဖူး ၊
ဒေါ်စုကို မျှော်လင့်တကြီး စောင့်နေခဲ့ကြတဲ့ လမ်းဘေးက ပရိသတ်ကို နှုတ်တောင်ဆက်မသွား
နိုင်ခဲ့တာ ကတော့ လုံခြုံရေးအတွက်လား မပြောတတ်ပါ ။ ကြိုးစားပမ်းစား စောင့်နေရာက အရိပ်
ယောင်လေးတောင် မတွေ့လိုက်ရပဲ ၊ ကားကြီး ဝူးကနဲ ဖြတ်သွားတာလောက် မြင်လိုက်ရသူတွေ
အဖို့ ဘယ်လိုခံစားရမယ်ဆိုတာတော့ သူတို့ကိုပဲ သွားမေးရတော့မှာပဲ ။ ပွန်းကလေးတွေမဟုတ်
လား ၊ သူတို့လည်း ဘာများတတ်နိုင်မှာလည်း ။
နောက်တစ်ခုက ကျောင်းသားဆေးခန်း ။
လေဆိပ်ကလာရင် မဲလစခန်းသွားမယ့်လမ်းခွဲကနေ လေးခွနဲ့ လှမ်းပစ်ရင်တောင် ထိနိုင်တဲ့ ဒီ
ဆေးခန်းကို ရောက်မသွားခဲ့တာတော့ နည်းနည်းရုပ်ဆိုးသလို ခံစားရတယ် ။ ဒီဆေးခန်းကို မဝင်
တာဟာ ကိုကျော်သူတို့ နာရေးအသင်းကို လစ်လျူရှုပြီး ကျော်သွားတာမျိုးနဲ့ ညီမျှပါတယ် ။
ဒီဆေးခန်းလေးဟာ ဆယ်စုနှစ် နှစ်ခုလောက် ကိုယ်ကျိုး မဟုတ်ပဲ လူမျိုးဘာသာအဆင့်တန်း
မခွဲခြား ငွေကြေးမယူပဲ မြန်မာပြည်ကလူတွေကို ကူညီရပ်တည်လာတာဟာ ကမ္ဘာကတောင် သိ
ပါတယ် ။ အလှူငွေ မလောက်ငတာ ၊ ဒေသခံအာဏာပိုင်တွေရဲ့ မောင်းထုတ်ဖို့ကြိုးစားတာတွေကို
ကြံ့ကြံခံပြီး လိုအပ်နေသူတွေကို ဒိုင်ခံကူညီခဲ့တဲ့ နေရာတစ်ခုပါ ။ မြဝတီရော မဲဆောက်တစ်ဝိုက်
မှာ မြန်မာပြည် အနယ်နယ်အရပ်ရပ်က ရောက်လာကြသူတွေ အားထားခဲ့ရတဲ့ တစ်ခုတည်းသော
ကျန်းမာရေးဆိုင်ရာ ခိုလှုံအားကိုးရာ ဆေးပေးခန်းကြီးပါ ။ မရောက်ဖြစ်တာဟာ အခွင့်လမ်းတစ်ရပ်
ဆုံးသွားတယ်လို့ မြင်ပါတယ် ။
ဒီနေရာကို ရောက်ခဲ့မယ်ဆိုရင် ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ၊ ဝမ်းစာရှာသူတွေနဲ့ အောက်
ခြေလူတန်းစားမျိုးစုံရဲ့ လိုအပ်ချက်တွေကို မျက်မြင်လေ့လာနိုင်တဲ့အပြင် ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့
စည်းအတော်များများကို တွေ့လို့ရတဲ့ နေရာပါ ။ ဒါ့ပြင် မဲဆောက်မှာ အလုပ်သမားတွေရဲ့ အခွင့်
ရေးတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးတို့လို ၊ နာရေးကူညီမှု အသင်းတို့လိုတွေနဲ့လည်း ခဏ
တဖြုတ်တွေ့ပြီး အားပေးစကား ပြောသွားနိုင်မယ်ဆိုရင်လည်း တစ်ခါတစ်ရံ အသက်ကို အလောင်း
စားလုပ်ပြီး ရပ်တည်ရတတ်တဲ့ သူတို့လေးတွေအတွက် အားပြည့်စေမှာပါပဲ ။
နောက်ဆုံးတစ်ခုက မဲလစခန်းမှာ ဒေါ်စု မိန့်ခွန်းမပြောဖြစ်တဲ့ကိစ္စ ။
ထိုင်းက စီစဉ်တယ်လို့လည်း ပြောသူက ပြောကြတယ် ။ ဒါပေမယ့် စခန်းထဲကလမ်းမှာ ဖြတ်
လာရင်း ကားပေါ်က စကားပြောတဲ့အခါ အသင့်ပြောနိုင်တဲ့ လက်ကိုင်မိုက်ကရိုဖုန်းလောက်မှ အ
သင့်မရှိတာကလည်း ကြိုတင်ပြင်ဆင်မှု လိုသလားလို့ တွေးစရာပါ ။
* ဖြစ်နိုင်တဲ့ အခက်အခဲတချို့
ဒေါ်စုခရီးစဉ်မှာ အားနည်းချက်တွေ အများကြီးရှိတာကို ဝန်ခံရပါလိမ့်မယ် ။ ဒါပေမယ့် ဒေါ်စုကို
မထိနဲ့လို့ စိတ်ထဲရှိသူတွေနဲ့တော့ ထိပ်တိုက်မငြင်းချင်ပါဘူး ၊ ကိုယ်က အရာရာ အကောင်းမြင်ပေး
ပြီး ဘုန်းတော်ဘွဲ့သီမယ့်သူမှ မဟုတ်ပဲ ၊ အဲဒီလို မြင်ပေးဖြစ်ရင်လည်း မြောင်းထဲကျအောင် ဝိုင်း
တွန်းချပေးသူလိုမျိုး ခံစားမိမှာ အမှန်ပဲ ။ အဲ .. ခရီးစဉ်ထဲ ချွတ်ယွင်းချက်တွေရဲ့ ဖြစ်နေကျနဲ့ ဖြစ်နိုင်
ချေရှိတဲ့ အကြောင်းရင်းတွေကိုပဲ စာရင်းလုပ်ကြည့်ပါ့မယ် ။
Ø ထိုင်းနိုင်ငံ တာဝန်ရှိသူတွေရဲ့ အစီအစဉ်အတိုင်း လိုက်လျှောက်ရလို့ ၊
Ø အချိန်အကန့်အသတ် ၊
Ø အန်အယ်လ်ဒီရဲ့ ဆက်သွယ်ရေးကရိယာပိုင်ဆိုင်မှုနဲ့ သုံးစွဲနိုင်ဖို့ ဓနအင်အား နည်းပါးလို့ ၊
Ø အန်အယ်လ်ဒီက စီစဉ်လုပ်ကိုင်သူတွေရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းမှု ၊ စတာတွေ ဖြစ်နိုင်
ပါတယ် ။
ထိုင်းတာဝန်ရှိသူတွေက လမ်းကြောင်းပေးသလို လိုက်လုပ်ရတဲ့အခါ ချွတ်ချော်မှုတွေ ရှိနိုင်ပါ
တယ် ။ နောက်တစ်ခုက ဒေါ်စုအနေနဲ့ တစ်ရက်ထက် အချိန်ပိုပေးနိုင်ပုံ မပေါ်ပါဘူး ။ လေယာဉ်က
စီးလုံးဌားမဟုတ်ရင် အချိန်အကန့်သတ် ရှိပါတယ် ။ (ဘန်ကောက်ကနေ မဲဆောက်ကို ပန်ကာတပ်
လေယာဉ်နဲ့ တစ်နာရီကျော်လောက် စီးရပါတယ် ) ။ မဲလစခန်းကို လေယာဉ်ကွင်းကနေ ပုံမှန် ၄၀-
-၄၅ မိနစ်လောက် မောင်းရပါတယ် ။ ယာဉ်တန်းနဲ့ ပရိသတ်တွေကို ရှောင်ရတာနဲ့ဆို အချိန်ပိုကုန်
နိုင်ပါတယ် ။
ဒေါ်စုလိုလူတစ်ယောက် ခရီးသွားပြီဆိုရင် ရုံးမှာ ဖုံးနဲ့အင်တာနက် နှစ်လုံးသုံးလုံးစီ ၊ အနားက
လိုက်သူတွေမှာလည်း လက်ပ်တော့ကိုယ်စီ လက်ကိုင်ဖုန်းကိုယ်စီနဲ့ တဂွမ်ဂွမ်ပြောနေရမယ့် ကိစ္စ
ပါ ။ အန်အယ်လ်ဒီအတွက် မြန်မာပြည်နဲ့ နိုင်ငံရပ်ခြားဖုန်းပြောဖို့ ငွေကြေးမှလုံလောက်ရဲ့လားလို့
ကြံကြံဖန်ဖန်တော့ တွေးမိပါရဲ့ ။
နောက်ဆုံးတစ်ချက်ကတော့ စီမံခန့်ခွဲရေးဆိုင်ရာ အားနည်းတာပါပဲ ။ ဒေါ်စုနားမှာ ဒီလိုကျွမ်း
ကျင်သူနဲ့ နိုင်ငံတကာ အတွေ့အကြုံများသူ ဘယ်နှစ်ယောက်ရှိသလဲ ပါသလဲတော့ မပြောတတ်
ပါ ။ မရှိဘူး မပြင်ဘူးဆိုရင်တော့ နောင်ခရီးစဉ်တွေအတွက် စိုးရိမ်စရာပေါ့ ။
မေ့ထားလို့ မရတာကတော့ - ဒေါ်စုခရီးစဉ်ကို အတိုင်းတာတစ်ခုအထိ ချယ်လှယ်ဖို့ ကြိုးစားသူ
တွေ ရှိနိုင်တယ် ဆိုတာပါ ။ ဒါက ထိုင်းအာဏာပိုင်တွေ ဖြစ်နိုင်သလို အန်အယ်လ်ဒီထဲကလည်း
ဖြစ်နိုင်ပါတယ် ။ အထူးသဖြင့် အနီးကပ်လူတွေပေါ့ ။ ပြီးရင် ဒေါ်စုကိုယ်တိုင်ရဲ့ ချိန်ဆဆုံးဖြတ်မှု
ဟာလည်း အရေးပါပါတယ် ။ သူများချည်း အပြစ်တင်လို့တော့ မရပါ ။
ဒီတော့ ခြုံပြောရရင် ဒေါ်စုခရီးစဉ်ဟာ အားရစရာ သိပ်မကောင်းလှတာတော့ အမှန်ပါပဲ ။ ဖြစ်
သင့်တာအချို့ လစ်ဟာသွားခဲ့တယ် ။ ဒါတွေကို အမြန်ပြန်ဖြည့်ဆည်း ဖာထေးနိုင်ရင်တော့ ပို
ကောင်းပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ ဒေါ်စုဟာ အရင်ကလို အကျယ်ချုပ်ဘဝနဲ့ စိတ်ဓါတ်ခိုင်
ကျည်အောင်ထားပြီး အများမေတ္တာကို ခံယူနေရရာက ၊ ခုတော့ လက်တွေ့လုပ်ကိုင်ပြီး ဂုဏ်သိ
က္ခာတည်ဆောက် (သို့) ထိန်းသိမ်းနေရတဲ့ အနေထားကို ရောက်နေပြီမို့ပါ ။ လက်တွေ့မပါတဲ့
မျှော်လင့်ချက်တွေဟာ ရေမရတဲ့အပင်တွေလို မကြာခင်မှာ ညှိုးသွားတတ်ပါတယ် ။
* လုံခြုံရေး
အရေးကြီးတာတော့ အမှန်ပဲ ။ ဒါပေမယ့် ဘယ်လောက်အထိ စိုးရိမ်ရသလဲ ။
မဲဆောက်လို နေရာမျိုးမှာ အဖွဲ့စည်း အမျိုးမျိုးရှိပြီး ထိုင်းရဲ့ သဘောသဘာဝအရ အဆက်စပ်
ကောင်းရင် လက်နက်ရှာလို့ ရပါတယ် ။ ဒီတော့ ဆိုင်ရာဆိုင်ရာတွေရဲ့ မြို့ထဲတင် စာရင်းရှင်းကြ
တာမျိုးလည်း ရှိခဲ့ဖူးပါတယ် ။ ဒါပေမယ့် လက်နက်ကိုင် လုံခြုံရေးအစောင့်တွေရှေ့မှာထွက်ပြီး
လုပ်ကြံရလောက်အောင်တော့ ဘယ်သူမှ မလုပ်ဖူးပါဘူး ။ သူ့နေရာနဲ့သူ ၊ သူ့ပိုင်ရာဆိုင်ရာနဲ့သူ
လုပ်ကြတာမျိုးပဲ ရှိပါတယ် ။ လုံခြုံရေးကြောင့် မဲဆောက်မှာ ဟိုကိုမသွားဘူး ၊ ဒီကိုမသွားဘူးဆို
ရင် အကြောင်းပြချက်တော့ သိပ်မခိုင်လုံပါ ။ ကျောင်းသားဆေးခန်းဆိုရင်လည်း ရပ်ကွက်တစ်
ခုလို ဖြစ်နေပြီး ဘေးမှာက လယ်ကွင်းကျယ်တွေပါ ။ အဝေးကနေ ချောင်းမြောင်းလုပ်ကြံမယ်ဆို
တာမျိုးက မဖြစ်နိုင်ပါ ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
* မြဝတီ
ဘားအံကလာရင် ဒေါနတောင်ခြေနဲ့နီးတဲ့ ကော့ကရိတ် ၊ အဲဒီကမှ ဒေါနတောင်တန်းကြီးကို
ဖြတ်လိုက်ရင် နယ်စပ် မြဝတီကို ရောက်ပါတယ် ။ ဘားအံကနေ မိုင် ၉၀ လို့တော့ ရေးထားတယ် ။
သောင်ရင်းမြစ်ကမ်းပါးမှာ ရှိတယ် ။ ထိုင်းနိုင်ငံက အကုန်ကျခံဆောက်ပေးထားတဲ့ ချစ်ကြည်ရေး
တံတားကို ဖြတ်လိုက်တာနဲ့ ထိုင်းဖက်အခြမ်းကို ရောက်တယ် ၊ တစ်ဖက်ကမ်းကို မယ်တော်လို့
ခေါ်တယ် ။ ရွာနဲ့ ဈေးဆိုင်တန်းတွေရှိတယ် ။ ရွာဆုံးရင် လေယာဉ်ကွင်းရောက်တယ် ။ နည်းနည်း
ဆက်သွားရင် ကျောင်းသားဆေးခန်း ၊ ပြီးတော့ မဲဆောက်မြို့အဝင်ကိုရောက်တယ် ။ ကမ်းနား
ကနေ လိုင်းကားစီးသွားရင် ဆယ်မိနစ်လောက်ပဲကြာတယ် ။
မြဝတီဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ပိုကျယ်လာတယ် ။ အာရှလမ်းအစလည်း ဖောက်နေ
တာမို့ အလားအလာတွေ အများကြီးရှိနေတယ် ။ ကမ်းနားမှာ ထိုင်းဖက်အခြမ်းကို တရားမဝင်ကူး
တဲ့ဂိတ် ၉ ဂိတ်ဝန်းကျင် ရှိတယ် ။ သောင်ရင်းမြစ်ကိုဖြတ်ပြီး ညအချိန် ပစ္စည်းသယ်တတ်တဲ့ ကုန်
သည်တွေလို အချိတ်အဆက်မရှိပဲနဲ့ ညဖက်ဖြတ်ကူးဖို့ မကြိုးစားပါနဲ့ ၊ ဗမာဖက်အခြမ်းက စောင့်
တဲ့လူတွေက သေနတ်ကို မိုးပေါ်ထောင်မပစ်ပါ ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ဝန်းကျင်အထိ ပြည်သူ့
စစ်တွေ အလုပ်ဖြစ်တယ် ။ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးမိုးသီးဆိုရင် စစ်ဘုရင်တစ်ပါးလိုပဲ
အာဏာရှိခဲ့တယ်လို့ ဆိုကြတယ် ။
ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားကြသူတွေရဲ့ ခရီးတစ်ထောက်လည်း ဖြစ်တယ် ။ ခုနောက်ပိုင်း
နည်းသွားပေမယ့် သက္ကရာဇ် ၂၀၀၀ လောက်မှာတော့ ထိုင်းဖက်ကူးတဲ့ ဂိတ်တစ်ခုထဲတင် တစ်ရက်
ကို ဒတ်ဆန်း တိုယိုတာ လူတင်တဲ့ကား အစီး ၂၀-၃၀ စာလောက် လူတွေကူးနေတာ ကိုယ်တိုင်
တွေ့ခဲ့တယ် ။ ကားတစ်စီးမှာ လူ ၂၅-၃၀ လောက်ပါတယ် ။ မြို့နဲ့လှမ်းတဲ့ သောင်ရင်းမြစ်ကမ်း
ပတ်ဝန်းကျင်မှာ ဖြစ်သလို ညအိပ်ရတဲ့ ခရီးသည်တွေရှိသလို ထိုင်းဖက်ခြမ်းကရွာတွေမှာ တည်းခို
လို့ရတဲ့ တဲတွေလည်းရှိတယ် ။ ကမ်းနားမှာ လူအသေအပျောက်တွေ ရှိခဲ့ဖူးတယ် ။
မြို့ပြင် လေးငါးကီလိုလောက်မှာ ဘားအံဖက်ဆင်းမယ့် ကုန်တွေအတွက် ကုန်သွယ်ရေးဂိတ်
ရှိတယ် ။ အမြတ်ခွန် ၊ ရဲ ၊ လ.ဝ.က ၊ စစ်တပ်စသည်ဖြင့် မတရား စီးပွားရှာနေကြတဲ့ အဖွဲ့စည်း
ကြီးတွေရှိတယ် .. အဲ ဘွာတေး .. ကုန်စည်စီးဆင်းရေးနဲ့ လုံခြုံရေး ၊ ဥပဒေစိုးမိုးရေးတွေကို ဖေါ်
ဆောင်နေကြတဲ့ အဖွဲ့စည်းတွေ ရှိတယ် ။ မြဝတီနဲ့ ထိုင်းဖက်ကိုကူးတဲ့ တရားမဝင့်တဝင် ဆိပ်ကမ်း
ဂိတ်တွေမှာ အဖွဲ့စည်းပေါင်းစုံက ကိုယ်စားလှယ်တွေ ရှိကြရာမှာ မြို့နယ် ခရိုင်တွေပါခွဲပြီး ပြည်
ခိုင်ဖြိုးအဖွဲ့ပါ ရှယ်ယာဝင်ထားတာကြောင့် အားလုံးပေါင်း ၁၆ ဖွဲ့အထိ ရှိခဲ့ဖူးပါတယ် ။ ရလာတဲ့
ဂိတ်ကြေးတွေကို တစ်စိတ်တစ်ဝမ်းထဲ ခွဲဝေမျှကြရတာပေါ့ဗျာ ။
* မဲဆောက်
ဘန်ကောက်ကနေ လိုင်းကားနဲ့စီးရင် ၈ နာရီလောက်စီးရတယ် ။
မဲဆောက်မရောက်ခင် မြဝတီဖက်မှာ ဒေါနတောင်တန်းရှိသလိုပဲ သူတို့ဖက်မှာလည်း တောင်
တန်းကြီးတစ်ခုရှိတယ် ။ ဒေါနတောင်တန်းထက်တောင် ပိုပြီး ကြာကြာဖြတ်ရသေးတယ် ။ အဲဒီ
အလယ် တောင်ပေါ်မှာတော့ နာမည်ကြီး ဟွေးယားအူး (ဟွေးယောင်) လို့ခေါ် တဲ့ ရဲဂိတ်တစ်ဂိတ်
ရှိတယ် ။ နာမည်ဆိုးနဲ့ လူသိများတယ် ။
မဲဆောက်မှာ အရင်က မြန်မာပြည်ကနေ အခြေလာချသူတွေ အများကြီးရှိတယ် ။ ဈေးထဲမှာ
ကုန်ဝယ်မလား ၊ ဆေးဝယ်မလား ၊ ဈေးဝယ်မလား ၊ ငွေလဲမလား ဆိုင်ရှင်တွေက မြန်မာပြည်
ပေါက်တွေ အများကြီး ။ ဈေးထဲမှာလည်း ဈေးရောင်းသူ ၊ ဆိုင်အကူလုပ်သူ ၊ ဆိုက္ကားနင်းသူ စ
သည်ဖြင့် မြန်မာပြည်သား အများစုပါ ။
နေမကောင်းလို့ ပိုက်ဆံမရှိရင် ကျောင်းသားဆေးခန်းပြေးပြရပြီး အဲဒီက မနိုင်တဲ့ကိစ္စမျိုးမှာ မဲ
ဆောက်ဆေးရုံ ကြီးဆီကို လွှဲပေးရတတ်တယ် ။ သတင်းစာမှာ တစ်ခါပါဘူးတာအရ မြန်မာပြည်
သူပြည်သားတွေ ဆေးဖိုးဝါးခ မပေးနိုင်လို့ မဲဆောက်ဆေးရုံကြီးမှာ အသုံးစရိတ်လိုငွေ ဘတ် ၅
သန်းကျော် ပြနေပါတယ်တဲ့ ။
မှတ်မှတ်ရရ မဲဆောက်ကို လေယာဉ်နဲ့အလာမှာ ဘေးခုံမှာထိုင်လာတဲ့ အဖြူကောင်တစ်ယောက်
က သူ့ဆီက ခရီးသွားလမ်းညွှန်စာအုပ်ကိုဖွင့်ပြီးပြတယ် ။ lonely planet စာအုပ် ထင်ပါတယ် ၊ မဲ
ဆောက်မြို့လယ် ကျောက်တန်းမှာရှိတဲ့ Siam hotel ဆိုတာကို လက်ညှိုးထိုးပြီး ဒီမှာကြည့်ပါဦးတဲ့ ။
ကြည့်လိုက်တော့ နှစ်ဖက်နိုင်ငံ ထောက်လှမ်းရေးများခြေရှုပ်ရာ မြို့လယ်မှဟိုတယ်ဆိုပြီး ရေးထား
တာတွေ့လို့ ကိုယ်လည်း သွားပဲဖြီးပြလိုက်တော့တယ် ။
တချို့လည်း ဒါတွေတော့ ရှိမှာပါပဲလို့ ပြောမယ် ။ အချို့တွေ မသိဘူးလို့ထင်တာ နည်းနည်းပြော
ပါမယ် ။ တစ်ကြိမ်တုန်းက ဟစ်တိုင်မှာထင်ပါတယ် ၊ လူတစ်ယောက်ကရေးထားတယ် ။ သူ ထောက်
လှမ်းရေး သတင်းပေးလုပ်နေရာက သူ့ညီတစ်ယောက်ကို ဗမာထောက်လှမ်းရေးက မှားဆွဲသွားပြီး
မသေရုံတမယ် ရိုက်လွှတ်လိုက်လို့ ၊ သူအမှားလုပ်ခဲ့မိပါတယ်ဆိုပြီး ဝန်ခံဖေါ်ထုတ်ထားတဲ့ စာတစ်
စောင်ပါ ။ ပြောချင်တာက မြန်မာပြည်သူပြည်သားတွေမှာ မရှိလို့ လာလုပ်စားကာမှ ရဲလည်းကြောက်
ရ ၊ ထိုင်းသူဋ္ဌေးလည်း ကြောက်ရ ၊ နောက်ဆုံး ကိုယ့်နိုင်ငံထောက်လှမ်းရေးကိုတောင် ကြောက်ရတဲ့
ဘဝတွေကိုပါ ။
ခုနေတော့ အစိုးရမဟုတ်တဲ့အဖွဲ့စည်း ၊ ယူအန် ၊ ကိုယ်ထူကိုယ်ထအဖွဲ့စည်းတွေကြောင့် သက်
သာသင့်သလောက်တော့ သက်သာလာပါပြီ ။ အရင်က မြန်မာပြည်သားတစ်ယောက်ဟာ ဘာမှ
တန်ဖိုးမရှိသလောက်ပါပဲ ။ အပြောင်းအလဲကို လွန်ခဲ့တဲ့ ၇-၈ နှစ်လောက်က အဖြစ်ပျက်တစ်ခုမှာ
သိသိသာသာ တွေ့ရပါတယ် ။ မဲဆောက်မြို့ဘေးက မယ်ပ ဆိုတဲ့ရွာမှာ သူကြီးနဲ့သူ့လူတွေက သူ
တို့ကို မခြေမငံပြောတဲ့ စက်ရုံတစ်ရုံက အလုပ်သမား ၄-၅ ယောက်ကို ဖမ်းခေါ်သွားပြီး တာယာတွေ
နဲ့စွပ်မီးရှို့သတ်ခဲ့တဲ့ အမှုပါ ။ နိုင်ငံတကာအန်ဂျီအိုတွေက မျက်နှာဖြူတွေအပါဝင် တရားရုံကိုပုံမှန်
တက်ပြီး စောင့်ကြည့်ပေးသူတွေကြောင့် တရားရုံးကလည်း အရင်လို တစ်ဖက်သတ်ဆုံးဖြတ်လို့ မ
ရတော့ပဲ ၊ ပြစ်မှုလည်းထင်ရှားတာကြောင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချလိုက်တဲ့ အဖြစ်ပါ ။ ခုနေ
မှာနည်းနည်းအဆက်ပြတ်သွားလို့ သိပ်မပြောတတ်ပေမယ့် ၊ လွန်ခဲ့တဲ့ ၆-၇ နှစ်လောက်တုန်းကအ
ထိတစ်နှစ်ကို မြန်မာပြည်ကလူ ၁၀၀ ဝန်းကျင်လောက် မဲဆောက်တဝိုက်မှာ နှစ်စဉ် အသေအပျောက်

ရှိပါတယ် ။
မန်းကိုကို
၀၃ ၊ ၀၆ ၊ ၂၀၁၂
ထိုင်းခရီးစဉ်အပေါ် ဝေဖန်မှုတွေ ဒေါ်စု ပယ်ချ
ဓာတ်ပုံ ASSOCIATED PRESS
ပြီးခဲ့တဲ့သီတင်းပတ်က
သွားရောက်ခဲ့တဲ့ ထိုင်းခရီးစဉ်အပေါ် ကျေနပ်အားရ မိကြောင်းနဲ့ ထိုင်း-မြန်မာ
ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစား သွားချင်ပါတယ်လို့ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က
ပြောလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းခရီးစဉ်ဖျက်လိုက်တာကလည်း
သူ့ရဲ့ခရီးစဉ်နဲ့ သက်ဆိုင်တယ်လို့ မယူဆတဲ့ အကြောင်း ပြောပါတယ်။
အပြည့်အစုံကို ဘန်ကောက်ရုံးကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မေလ ၂၉ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နောက် ဆက်တွဲ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ပတ်သက်လို့ရော မကြာခင်မှာ သွားတော့မယ့် ဥရောပခရီးစဉ်တွေ အပါအ၀င် အကြောင်းအရာ အတော်များများကို ဇွန်လ ၆ ရက်နေ့က NLD ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ဖြေကြားခဲ့တာပါ။
“ထိုင်းခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ကျမအနေနဲ့ကတော့ အင်မတန်မှ ကျေနပ်တယ်လို့ ပြောရမှာပဲ။ ထိုင်းနိုင်ငံသူ၊ နိုင်ငံသားများနဲ့ ထိုင်းအစိုးရက ကျမကို ကြိုဆိုတဲ့နေရာမှာ အင်မတန်မှ နွေးနွေးထွေးထွေး ရှိတယ်။ အားလုံး လိုလေသေးမရှိအောင်လို့ ကျမကို ပြုစုသွားပါတယ်။ သူတို့လုပ်ပေးတဲ့ အစီအစဉ်တွေ ကိုလည်း အားလုံး ကျမ ကျေနပ်ပါတယ်။ အခုဆိုလို့ရှိရင် ဘယ်လိုအစီအစဉ်တွေကို ဘယ် လိုကြောင့် ပြောင်းရတယ်၊ ဘာတယ် ဆိုတာတွေ ပြောနေတဲ့သူတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျမ အနေနဲ့ ထိုင်းအစိုးရက လုပ်ပေးတဲ့အစီအစဉ်ဟာ အင်မတန်မှ အဆင်ပြေတယ်လို့ ထင်ပါတယ်။ အဓိက ကျမ ပြောချင်တာကတော့ ကျမတို့ ထိုင်းနိုင်ငံကို ကျေးဇူးတင်တယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံရေးတွေ ကောင်းသွားအောင်လို့ ကျမအနေနဲ့ ကြိုးစားသွားချင်တယ်။”
ထိုင်းနိုင်ငံခရီးစဉ်ရဲ့ အဓိကအကြောင်းအရာက ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို တက်ရောက် ဖို့ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည်အရေးတွေကိုလည်း ကျေကျေ နပ်နပ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ တာတချို့အပေါ် ဒီရက်ပိုင်း အစိုးရသတင်းစာထဲမှာပါတဲ့ ဆောင်းပါးတွေက သွယ်ဝိုက်ပြီး ဝေဖန်ထား တာတွေကို သူလည်း သတိပြုမိပုံရပါတယ်။
“ကျမကတော့ ကျမတို့နိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကျမမြင်တဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောခဲ့ တယ်။ တချို့ကလည်း ဒါကို သိပ် မကျေနပ်ဘူးလို့ ကျမ ကြားပါတယ်။ ဒါပေမဲ့ ကျမ ပြောခဲ့တဲ့ ကိစ္စတွေ အားလုံးဟာ ကျမမြင်တဲ့အတိုင်း ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အခု ဘယ်လို အနေအထားမှာ ရှိနေပြီလဲဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင် မှ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေကို မှန်မှန်ကန်ကန် ယူနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ကျမမြင်တဲ့အတိုင်းပဲ ပြောခဲ့တာပါ။”
သတင်းစာပါဆောင်းပါးတွေကို တိုက်ရိုက် တုန့်ပြန်ပြောဆိုဖို့တော့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းခဲ့ပါ တယ်။
သမ္မတဦးသိန်းစိန်ကိုယ်တိုင်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ဖို့နဲ့ ထိုင်းနိုင်ငံ ခရီးစဉ်တွေ ရှိခဲ့တာဖြစ်ပေမဲ့ နှစ်ခုလုံးကို ဖျက်ပစ်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာဘာသာနဲ့ ဖြေကြားတာမှာ ခရီးစဉ် ဘာ့ကြောင့်မဖြစ်သလဲ ဆိုတာ သူမသိသလို သမ္မတကိုယ်တိုင် ဖြေရမယ့်မေးခွန်းတွေသာဖြစ်တယ်လို့ ဖြေဆိုခဲ့ပေမဲ့ ထိုင်းသတင်းထောက် တယောက်ရဲ့အမေးကို အင်္ဂလိပ်ဘာသာနဲ့ ပြန်ဖြေကြားတာမှာတော့ -
“မြန်မာနိုင်ငံက တယောက်ယောက် မပျော်မရွှင်ဖြစ်အောင် တခုခုလုပ်ခဲ့တယ်လို့ ကျမ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ လုပ်ခဲ့တာက ရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့တာ၊ အဲဒီကိစ္စအတွက် တာဝန်ရှိတဲ့ ထိုင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီး နှစ်ဘက် အကျိုးရှိစေမယ့်ကိစ္စရပ်တွေကို ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုပဲ မယ်လစခန်းမှာ ဒုက္ခသည်တွေနဲ့ သွားတွေ့ခဲ့တာမှာလည်း အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲတွေ ကျမတို့လုပ်ခဲ့ပါတယ်။ ကျမလုပ်ခဲ့တာတွေဟာ မြန်မာလူထုကို တနည်းနည်း နဲ့ ပြောင်းပြန် အကျိုးသက်ရောက်စေမယ်လို့ ကျမ မထင်ပါဘူး။ ကျမတွေ့ခဲ့ရတာက ထိုင်းတာဝန်ရှိသူတွေ နဲ့ ထိုင်းလူထုက ဘယ်လောက်နားလည်မှုရှိပြီး ဘယ်လောက်ပူးပေါင်းဆောင်ရွက်မှု ရှိတယ် ဆိုတာပါပဲ။”- လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ ရှန်ဂရီလာ လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲမှာ သင့်လျော်တဲ့ အချိန်တခု ရောက်ရင် နိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်း ကဏ္ဍကို လျှော့ချသွားမယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး အဲဒီကိစ္စကို ဆွေးနွေးဖို့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းအနေနဲ့ သူတို့ကို ထမင်းခေါ်ဖိတ်ကျွေးဖို့ ကမ်းလှမ်းပြီးတော့ ကြိုဆိုစကားဆိုခဲ့ပါတယ်။
“ကျမက တပ်မတော်နဲ့အမြဲပဲ လက်တွဲပြီးတော့ လုပ်ချင်တယ်။ ကျမတို့ တပ်မတော်အတွက်ရော၊ ကျမတို့နိုင်ငံအတွက်ရော၊ ကျမတို့ နိုင်ငံရေးသမားတွေ အတွက်ရော သိက္ခာရှိမယ့် ခြေလှမ်းတွေကို အတူတူ လက်တွဲပြီးတော့ လှမ်းချင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၃ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ဆီ ထွက်ခွာပြီး ဥရောပခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ အဲဒီကနေတဆင့် နော်ဝေးနိုင်ငံ၊ အော်စလိုမြို့၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့နဲ့ ဗြိတိန်နိုင်ငံတို့ဆီ ခရီးဆက်မှာဖြစ်ပြီး အသေးစိတ်အစီအစဉ်တွေကို နောက်ပိုင်းမှာ အတိအကျထုတ်ပြန်ပါ့မယ်လို့ ပြောခဲ့ပါတယ်ခင်ဗျား။

မတည်ငြိမ်အောင် လှုံ့ဆော်သူများရှိမည်ကို ဒေါ်စု စိုးရိမ်
ရဲမင်း
|
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၃ မိနစ်
“လှုံ့ဆော်နေတဲ့သူတွေများ ရှိသလား၊ အခြေအနေတွေကို မတည်ငြိမ်အောင် လှုံ့ဆော်နေတဲ့ သူတွေများ ရှိသလား။ တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံ့ဆော်တာ မဟုတ်ဘူး စင်မြင့် ရှိလို့ရှိရင် ထပြီးတော့၊ တက်ပြီး
တော့ အော်ချင်တဲ့လူတွေလည်း ရှိတယ်။ ဒီလို အော်ခြင်း အားဖြင့် ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှုအသိုင်းအဝိုင်း အတွက် အကျိုးရှိလား/မရှိဘူးလား ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲဒါဟာလည်း မလိုအားအပ်ဘဲနဲ့ ပြဿနာတွေကို ပိုပြီး ကြီးထွားနိုင်စေပါတယ်” ဟု NLD ရုံးချုပ်တွင် သတင်းထောက်များကို
ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မေလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရခိုင်အမျိုးသမီးတဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ဒေါသ ထွက်နေသည့် ရခိုင်ဒေသခံများက ခရီးသွား အစ္စလာမ်ဘာသာဝင် ၁၀ ဦးအား တောင်ကုတ်မြို့၌ ဇွန်လ ၃ ရက်နေ့က သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် တင်းမာမှုများ ရှိနေခဲ့သည်။ ဇွန်လ ၅ ရက်နေ့တွင်လည်း ရန်ကုန်မြို့၊ ဆူးလေ ဘုရားအနီးရှိ ဘင်္ဂါလီ ဆွန်နီ ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြမှုတခု ဖြစ်ပွားလာခဲ့သည်။
NLD ဥက္ကဋ္ဌ အနေဖြင့် ဘာသာလူမျိုးအားလုံး အေးချမ်းစွာ နေထိုင်နိုင်ရေးကို ဆန္ဒပြုလိုက်ပြီး ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှု များအတွက် ကျူးလွန်သူများကို အမြန်ဆုံး အရေးယူ ဆောင်ရွက်နိုင်ရေး ကိုလည်း တိုက်တွန်းခဲ့သည်။
ဇွန်လ ၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “သံတွဲမှ ရန်ကုန်သို့ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် မှန်လုံယာဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ” ဟု ခေါင်းစဉ်တပ်၍ သတင်း ရေးသားဖော်ပြခဲ့မှုအပေါ် ဇွန်လ ၆ ရက်နေ့ထုတ် သတင်းစာများတွင် “ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူ” ဟူ၍ “ပြင်ဆင်ဖတ်ရှုပါရန်”
ဖော်ပြပါရှိလာသည်။
ဗဟန်းမြို့နယ် NLD ရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲသို့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်အချို့
ရောက်ရှိလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ခဏတာ တွေ့ဆုံခွင့် ရခဲ့သည်။
“ကျနော်တို့ အခက်အခဲတွေကို တင်ပြချင်တာပါ။ အခုဆိုရင် ကျနော်တို့တွေဟာ ရခိုင်ဘက်ကို သွားလာဘို့ ကြောက်
နေရတယ်။ ဒါကြောင့် ကျနော်တို့ အကူအညီလိုလို့ လာခဲ့တာပါ” ဟု ၎င်းတို့က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မကြာသေးမီက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ခြင်းနှင့် ပက်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပြဿနာများနှင့် ပတ်သက်ကာ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
နံနက် ၁၁ နာရီမှ စတင်၍ တနာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ မီဒီယာ သမားများ တရာကျော် တက်ရောက်ခဲ့ကြသည်။
ရန်ကုန်စည်ပင် လာဘ်စားလိုက်ပုံများ
မဇ္ဈိမသတင်းဌာန
|
တနင်္လာနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်
အယ်ဒီတာရှင့် …
ကျမ မိဘတွေ ဝယ်ထားတဲ့ ကျမတို့ မြောက်ဒဂုံက မြေကွက်ကို နာမည်ပြောင်းဖို့ လိုလာလို့ ရန်ကုန် စည်ပင်ရုံးကို သွားရာမှာ အရင်ဆုံး မြေပုံရာဇဝင်ဆိုတာ ထုတ်ရပါတယ်။ အဲဒါထုတ်ဖို့က ပုံစံဝယ်ရာမှာတင် ငွေက ၂ ထောင်နီးပါး အပိုပေးရပါတယ်။
အဲဒီပုံစံကို ဖြည့်ပြီး တင်ရာမှာ တင်ခကျပြန်တော့ ၃ဝဝဝ ကျပ်ပါတဲ့။ တော်သေးတယ်၊ တချို့ဆို ၅ဝဝဝ ပေးတဲ့ သူတွေတောင် တွေ့ပါရဲ့။
သူတို့က မေးလိုက်သေးတယ်။ အမြန်လား၊ ရိုးရိုးလားတဲ့။ အမြန်ဆိုတာ ၂ ပတ်နေရင် ပြန်ချိန်းတယ်၊ ရိုးရိုးကျ တလကြာတယ်။
ပြီးတော့ သူတို့ရုံးမှာ ပွဲစားမဝင်ရလို့ ရေးထားပါတယ်။ ပွဲစားအလုပ်က သူတို့ဝန်ထမ်းတွေပဲ လုပ်ခွင့်ပေးထားတဲ့ အပေါက်။
ပုံမှန်အတွက် တလ ချိန်းပြီးရင် မြေပုံရမယ်၊ အဲဒီအတွက် သူတို့ဝန်ထမ်းကို ပွဲစားငှားမယ်ဆိုယင် ၃ သောင်းခွဲ
ပေးရမယ်လို့ ဆိုသေးရဲ့။ ဖြစ်ပုံများ ပြောပါတယ်။
ကျမက အချိန်ရှိနေတော့ ကိုယ်တိုင်သွားပါတယ်။ ပုံစံတင်ခ ၃ဝဝဝ ကိုတော့ ပေးလိုက်ပါတယ်။ တလပြည့်လို့ သွားဖို့ပြင်တဲ့အခါ ချက်ချင်းမသွားဘဲ စုံစမ်းပြီးလို့ ရပြီဆိုမှ သွားခဲ့တာပါ။ သူတို့ပွဲစားကို မငှားခဲ့တဲ့အတွက် ကျမကို ပြဿနာ မျိုးစုံရှာပါလေရောလား။
ပြန်သွားတဲ့နေ့က မရသေးဘူး။ တင်ခဲ့တဲ့ပုံစံက မူရင်းမဟုတ်ဘဲ မိတ္တူတွေမို့လို့ဆိုပဲ တကယ်ဆို သူတို့ကိုယ်တိုင်က မိတ္တူတောင်းလို့ မိတ္တူပဲ ပေးခဲ့တာပါရှင်။ တလနဲ့ တပတ်နေပြီးမှ မူရင်းပေးခဲ့တဲ့အခါ နောက်တပတ် ထပ်စောင့်တဲ့။
နောက်ထပ် ၁ဝ ရက်လောက်မှ သွားယူပြန်တော့ ပြဿနာ ရှိနေတယ်၊ သိချင်ရင် အနောက်ရုံးကို သွားပါတဲ့။ အနောက်ရုံးကို ဘယ်လိုသွားရလဲလို့ ပြန်မေးတော့ သိပ်ကို စိတ်ပျက်တဲ့ ပုံစံနဲ့ ပြန်ကြည့်ပြီး မလာဖူးဘူး ထင်တယ်တဲ့။
ကျမလို ရုံးလာသူတယောက်က မနေနိုင်တာနဲ့ သေချာပြောပြလို့ အနောက်ရုံး ရောက်တဲ့အခါ ဖိုင်တွေထားတဲ့
နေရာရောက်တော့ ကျမဖိုင်က ပျောက်နေပါတယ်၊ ဖိုင်ရှာခဆိုပြီး တချို့က ၅ဝဝဝ ပေးတယ်၊ တချို့က ၃ဝဝဝ ပေးရတယ်။ အသိတယောက်က အဲဒီထဲမှာ ရှိနေတော့ တထောင်ပေးပြီး ရှာတော့ ဖိုင်ကိုတော့ တွေ့ပါရဲ့၊
ပြဿနာက မြေကွက်ဝယ်တဲ့သူက အရစ်နဲ့ ဝယ်ထားလို့ ပြန်ပြီးဆပ်ထားတာ မတွေ့ဘူးတဲ့။ ကျမက မြေဂရန်မူရင်း ရှိတယ်လို့ ပြောတော့ အထက်ကို ဆက်ပြီး တင်ပြပေးမယ်လို့ ပြောပါတယ်။
ဒီနေရာမှာ မြေဝယ်တဲ့လူတိုင်း (အထူးသဖြင့် မြောက်ဒဂုံက ဝယ်တဲ့သူတွေ အားလုံးနီးပါး အစိုးရဆီက အရစ်နဲ့ ဝယ်တာဆိုတော့ အကြွေးတော့ တင်နေတာပဲ။ ဒါပေမဲ့ အကြွေးကြေတဲ့ လူကိုပဲ ဂရန်မူရင်းပေးတာပါ။) ဒါကို သူတို့က အခွင့်ကောင်းယူပြီး ပြဿနာရှိတယ်လို့ ဆိုတာပါ။ ဘဏ်ကနေ ငွေကြေကြောင်း ပြန်ယူခိုင်းချင်တယ်။ ယူရမှာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆိုတော့ အတော်မလွယ်တဲ့ ကိစ္စဆိုတော့ သူတိုအတွက် ရိုက်စားခွင်ကြီးတခု
ဖြစ်လာတာပေါ့လေ။ အထက်ကို တင်ပေးမယ်ပြောပြီး အချိန်ထပ်ဆွဲ၊ မစောင့်နိုင်ရင် ငွေပေးပြီး ပြေလည်အောင် လုပ်ပေးမယ်ဆိုတဲ့ သဘောပါ။ တကယ်ဆိုရင် အကြွေးကြေလို့သာ မြေဂရန်ရထားခဲ့တာပါ။
အဲဒီနေ့ တနေ့လုံး လူပေါင်းမြောက်မြားစွာနဲ့ တွေ့ပြီး စကားပြောရာမှာ ဘယ်သူနဲ့ တွေ့တွေ့ နည်းမျိုးစုံနဲ့ အကြောင်းရှာ အချိန်ဆွဲတာပဲ တွေ့ရပါတယ်။ တချို့ ထက်တဲ့လူက အဲဒီစည်ပင်က ဟောခန်းမကြီးထဲက ထိပ်ဆုံးက ထိုင်နေတဲ့ အရာရှိကြီးဆီ သွားပြောပြီး ပြေလည်သွားတာလည်း တွေ့ခဲ့ရတယ်။
မြေတန်ဖိုး၊ အိမ်တန်ဖိုး သိန်းထောင်နဲ့ချီတဲ့ လူတွေကတော့ သောင်းဂဏန်း ပေးဆိုလည်း ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လာဘ်ပေး လာဘ်ယူ ကိစ္စကတော့ စည်ပင်မှာ ဆက်လက်တွင်ကျယ်နေဟန် တူပါရဲ့။
နောက်ဆုံး ခင်တဲ့ ဗိုလ်ကြီးတယောက်ကနေ တဆင့်ပြောခိုင်းတော့မှ ဒီနေ့ ရပါပြီ၊ လာယူခိုင်းလိုက်ပါတဲ့။ မြေပုံကို ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ တလလောက်ကတည်းက သက်ဆိုင်ရာ အရာကြီးတွေက သူ့နေရာနဲ့သူ လက်မှတ်ထိုးပြီးသားပါ။ သက်သက်မဲ့ အချိန်ဆွဲထားလို့ ၂ လကြာမှ ရခဲ့ကြောင်းပါရှင်။

အပျက်ပျက်နဲ့ နှခေါင်းသွေးမထွက်ပါစေနဲ့
ကိုမြအေးက ဆင်ထားတဲ့ ထောင်ချောက် မမိကြဖို့ လူစုလူဝေးကို ပြောဆို
ဓါတ် ပုံ ကို မက် စင် ဂျာ ဖိတ် ဘွတ် က နေ ယူ ပြီး သ တင်း ကို တော့ YIP Facebook က ယူ ထား ပါ တယ်
မွန်းလွဲ ၂ နာရီခွဲ၊ ဇွန်လ ၅ ရက်၊ ၂၀၁၂ခုနှစ် YPI
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင်
စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို
မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ
ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့်
ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။
ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့
ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း
၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။
ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင်
သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့်
အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။
ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂
နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင်လူထုကို အမုန်းတရားအခြေခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိဖို့ရာလည်း ပြောဆိုသွားသည်။
ကိုမြအေးက တရားဥပဒေစိုးမိုးရေး အရေးကြီးကြောင်းလည်း ပြောဆိုသွားပြီး ယနေ့ ထုတ်သတင်းစာ တွင်သုံးနှုန်းထားသည့် မွတ်ဆလင်ကုလား ဆိုသည့် စကားလုံးကိုလည်း ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ပြောဆိုသွားသည်။
ကျောက်နီမော်ကိစ္စတွင်လည်း ကျူးလွန်သူများအား အပြစ်ထင်ရှားလျင် သေဒဏ်အထိချမှတ်ပေးဖို့ တောင်းဆိုသွားသကဲ့သို့ တောင်ကုတ်တွင် ဖြစ်ပျက်သည့် အဖြစ်အပျက်အတွက်လည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုသွားသည်။
ကိုမြအေး က လူစုခွဲပေးရန် မေတ္တာရပ်ခံသော်လည်း လူစုလူဝေးမှာ မွန်းလွဲ ၂ နာရီခွဲတွင် လူ ၁ထောင်ကျော်ထိရှိလာသည်ဟု သတင်းထောက်က သတင်းပေးပို့သည်။
လူထုပိုင်မြေအတွင်း BGF တပ်နေရာထူထောင်ရန် မြန်မာအစိုးရတပ် ညွှန်ကြား
ဇွန်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ
နို့ဖောထီးနှင့် ထီးကဆောမဲကျေးရွာအကြားတွင် ဒေသခံလူထုပိုင် မြေများအတွင်း
နယ်ခြားစောင့်တပ်-BGF အမှတ်(၁၀၁၃)တပ်ရင်းအတွက် တပ်နေရာတည်ဆောက်ရန်
ထိုဒေသရှိ မြန်မာအစိုးရတပ်က ညွှန်ကြားမှုများ ပြုလုပ်ထားသည်ဟု သတင်းရရှိသည်။
မြန်မာအစိုးရတပ်မ(၄၄)၊
နည်းဗျူဟာ(၄၄၂)တပ်ရင်းကို ဦးဆောင်သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ထွန်းက
အမှတ်(၁၀၁၃)တပ်ရင်းအား အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ စတင် အကောင်အထည်ဖော်ရန်
မေလ အစောပိုင်းတွင် ညွှန်ကြားထားခြင်းဖြစ်သည်။
လက်ရှိအခြေအနေအရ အဆိုပါဒေသရှိ
ဒေသခံများ ပိုင်ဆိုင်ရာ ရာဘာခြံ၊ ဥယျာဉ်ခြံ၊ လယ်ကွင်းနှင့် သင်္ချိုံင်း
အပါအ၀င် မြေ ၇၅ဧကအ တွင်း ဂရိတ်ဟိန်းကုမ္ပဏီကို ငှားရမ်းကာ ပြီးခဲ့သည့် မေလ
၂၀ရက်ကတည်းက ချုံရှင်းလင်းမှုများ စတင် လုပ်ဆောင်နေပြီဖြစ်သည်ဟု ဒေသခံများက
ပြောဆိုနေကြသည်။
သို့သော် အဆိုပါမြေများကို
မြန်မာစစ်တပ်က ဒေသခံများထံ မြန်မာငွေကျပ်တန်ဖိုး မည်မျှပေး၍ ၀ယ်ယူမည်ကို
မသိရသေးသော်လည်း လျော့ဈေးဖြင့် ၀ယ်ယူမည်ဖြစ်ပြီး မရောင်းပါက အလကား
သိမ်းယူမည်ဟုလည်း BGF က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။
နယ်ခြားစောင့်တပ်-BGF
(၁၀၁၃)တပ်ရင်းသည် ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သည့်
တပ်ရင်းတစ်ရင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် မိမိတို့တပ် နေရာကို တည်ဆောက်ပေးမည့်
ဂရိတ်ဟိန်းကုမ္ပဏီအတွက် လုံခြုံရေး ယူပေးရမည်ဟုလည်း သိရသည်။
Monday, June 4, 2012
နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို
2012/06/03 22:17
ရန်ကုန်၊ ဇွန် ၃
နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော်၊ Chatrium ဟိုတယ်တွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ပတ်သက်သူများ စုပေါင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ခင်ဗျားတို့ တော်ချင်ချင် မတော်ချင်ချင်ပေါ့ဗျာ။ ကျွန်တော်တို့က မိဘအဖြစ်ပဲ ခံယူပါတယ်။ မိဘဆိုတာဟာ ကိုယ့်ရဲ့သားသမီးတွေကို ထမင်းကျွေးနိုင်ရမယ်။ ပြည်သူလူထုက ကျွန်တော်တို့ သားသမီးတွေပဲ။ သူတို့ကို ထမင်းမကျွေးနိုင်ဘဲ ကျွန်တော်တို့ အစိုးရတက်မလုပ်ဘူး။ ခင်ဗျားတို့ အရေးကိစ္စတွေကို ကျွန်တော်တို့ တောက်လျောက်လုပ်နေတယ်”ဟု ၀န်ကြီး ဦးအောင်မင်းဆိုသည်။
Sunday, June 3, 2012
အဲလိဇဘက်ဘုရင်မကြီး စိန်ရတု
ဗြိတိသျှနိုင်ငံက ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီးရဲ့ နန်းသက် အနှစ် (၆၀) ပြည့် စိန်ရတု အထိမ်းအမှတ် အခမ်းအနားတွေကို ဗြိတိန်နိုင်ငံတဝှမ်းမှာ ကျင်းပနေကြပါတယ်။ ဒီကနေ့ စနေနေ့မှာ Epsom Derby မြင်းပြိုင်ပွဲကို ဘုရင်မကြီး တက်ရောက်ပြီး ၄ ရက်ဆက်တိုက် ကျင်းပမယ့် စိန်ရတုနန်းသက် အခမ်းအနားတွေကို စတင်ခဲ့ပါတယ်။
ဘုရင်မကြီး နန်းတက်ခဲ့ချိန်အတိမှာ လန်ဒန်၊ အီဒင်ဘာ့က်၊ ကားဒစ်ဖ် နဲ့ ဘဲလ်ဖက်စ်တ် မြို့တွေမှာ အမြောက်တွေ ပစ်ဖောက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။
မနက်ဖြန် တနင်္ဂနွေနေ့ကျရင်တော့ ဗြိတိန်နိုင်ငံတဝှမ်းနဲ့ ဒနသဟာရနိုင်ငံတွေက သင်္ဘောပေါင်း ၁,၀၀၀ ကို သိမ်းမြစ်ထဲမှာ အလှပြ ခုတ်မောင်းတဲ့အခါ ဘုရင်မကြီးနဲ့ ကြင်ယာတော် ဖိလစ်မင်းသားကြီးတို့က တော်ဝင် ဖောင်တော်နဲ့ အလယ်ကနေ လိုက်ပါမှာဖြစ်ပါတယ်။
မျိုးချစ်စိတ်ကို ပြသတဲ့အနေနဲ့ လန်ဒန်မြို့လမ်းတွေ ဆိုင်တွေမှာ ဗြိတိန်အလံတွေကို ချိတ်ဆွဲ လွှင့်ထူထားကြပါတယ်။ စိန်ရတု အခမ်းအနားတွေကျင်းပရာ လမ်းဘေး တဘက်တချက်မှာလည်း သက်တော် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးကို နှုတ်ဆက်နိုင်ဖို့ ထောင်ပေါင်းများစွာသော ပြည်သူတွေက စီတန်းစောင့်ကြဖို့ ပြင်ဆင်နေကြပါတယ်။ တနင်္လာနေ့မှာတော့ Buckingham နန်းတော်မှာ နာမည်ကျော် အဆိုတော်တွေ ပါဝင်ဖျော်ဖြေကြမယ့် စိန်ရတု ဖျော်ဖြေပွဲတခုကို ကျင်းပမှာဖြစ်ပါတယ်။
ဘုရင်မကြီးရဲ့ စိန်ရတုနန်းသက် အခမ်းအနား နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့မှာတော့ St Paul’s Cathedral ဘုရားကျောင်းမှာ ဝတ်ပြုပွဲ၊ Westminster ခန်းမမှာ နေ့လည်စာ စားပွဲတွေ ရှိပြီး Buckingham နန်းတော်ဆီကို ဘုရင်မကြီးက မြင်းရထားစီးပြန်မှာ ဖြစ်ပါတယ်။
(Update)မွတ်ဆလင်လူမျိုး ရှစ်ဦးကို ကားပေါ်မှဆွဲချ၍ သတ်ပစ်လိုက်ကြောင်း
2012/06/03 23:12
Ei Mon Khaing တောင်ကုတ်မြို့ခံတွေဆီက အတည်ပြုချက်ရပါပြီ။ ၈ဦးမဟုတ်ပါ။ ၁၀ ဦးဖြစ်ပါသည်။ အလောင်းများကို သံတွဲ၊ တောင်ကုတ်- ရန်ကုန် လမ်းခွဆုံတွင် ထားရှိသည်ဟု သိရပါသည်။ မြို့ခံများ ဆူပူမှုများ လူပင်တိုးမပေါက်ဟု မြို့ခံတစ်ဦးက ဖုန်းဖြင့်ပြောပါသည်။ ရိုးမသစ္စာကားကိုလည်း ထုခွဲဖျက်ဆီးထားကြသည်ဟု သူကပြောပါသည်။ ယနေ့ညနေ ၅ နာရီကျော်အချိန်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ .................................
စင်ကာပူ ကြားဖြတ်ရွေးကောက်ပွဲတွင် အတိုက်အခံတို့ အနိုင်ရ
MONDAY, 28 MAY 2012 00:41
ရွေးကောက်ပွဲအနိုင်ရခဲ့သော Png Eng Huat(လယ်)နှင့် ပါတီတာဝန်ရှိသူများကိုမေလ ၂၆ ရက်တွင် တွေ့ရစဉ်
စင်ကာပူအတိုက်အခံ အလုပ်သမားပါတီမှ အမတ်တစ်ဦးသည် ဖေဖော်ဝါရီလတွင် ပါတီမှ အထုတ်ခံရသဖြင့် လစ်လပ်သွားသောနေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ အတိုက်အခံပါတီကပင် အနိုင်ရခဲ့ကြောင်း သိရသည်။
Hougang ခရိုင်တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အတိုက်အခံပါတီမှ ကိုယ်စားလှယ်လောင်း Png Eng Huat က မဲ ၆၂ ဒသမ ၀၉ ရာခိုင်နှုန်း ရရှိခဲ့ပြီး အာဏာရ People's Action Party (PAP) ပါတီမှ ကိုယ်စားလှယ်လောင်း ဒက်စမွန်ချိုက မဲ ၃၇ ဒသမ ၉၁ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။ စင်ကာပူကျွန်း အရှေ့မြောက်ပိုင်းရှိ ယင်းခရိုင်တွင် အတိုက်အခံတို့က အနှစ် ၂၀ ကျော်ကြာ အခြေအနေကောင်းခဲ့ကြောင်း သိရသည်။
အတိုက်အခံပါတီမှအမတ် Yaw Shin Leong မှာ အိမ်ထောင်ရေး ဖောက်ပြန်မှုစွဲချက်များကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပါတီမှ ထုတ်ပယ်ခြင်း ခံခဲ့ရခြင်းဖြစ်သည်။
ရာစုနှစ်၏ထက်ဝက်ခန့် အာဏာယူလာခဲ့သော စင်ကာပူ အာဏာရပါတီသည် ပြီးခဲ့သော အထွေထွေရွေးကောက်ပွဲတွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရလဒ်ကြုံတွေ့ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ယခုရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လူဝင်ကြီးကြပ်ရေးမူဝါဒ ဖြေလျော့မှု၊ ၀င်ငွေ ကွာဟချက် မြင့်တက်လာမှု၊ အစိုးရ၀န်ကြီးများ၏ လစာမြင့်မားမှုတို့မှာ အာဏာရပါတီအပေါ် ထောက်ခံမှု လျော့ကျစေသည့် အချက်များဖြစ်ကြောင့် လေ့လာသူများက သုံးသပ်ခဲ့သည်။
အစိုးရတပ်များ ကရင်ပြည်နယ်အတွင်း အင်အားဖြည့်တင်းမှုရှိနေ
2012-05-31RFA
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားကြပေမယ့် KNU ထိန်းချုပ် ဒေသအတွင်းမှာ မြန်မာ့ တပ်မတော်ဘက်က စစ်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းနေတာတွေ ဆက်ရှိနေပြီး ဒါတွေဟာ နှစ်ဘက် အပြန်အလှန် ယုံကြည်မှု ရရှိရေးအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ KNU တာဝန်ရှိသူတွေက ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် Free Burma Rangers (FBR) အဖွဲ့က လေ့လာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ
KNU နယ်မြေအတွင်း မြန်မာ စစ်တပ်တွေ အင်အားဖြည့်တာ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေတယ်လို့ ဖော်ပြထားပြီး မြိတ် ထားဝယ်ခရိုင်မှာ အရပ်သားတွေကို အစိုးရတပ်သားက ပစ်ခတ်မှုတွေ ရှိသလို၊ မူထရောနဲ့ တောင်ငူခရိုင် (တော်ဦး) ဒေသမှာ ခြောက်လှန့် ပစ်ခတ်မှုတွေ၊ လက်နက်ခဲယမ်း သယ်ဆောင်မှုတွေ ရှိကြောင်း ဖော်ပြထားပါတယ်။
ဒီသတင်း အချက်အလက်တွေနဲ့ ပတ်သက်ပြီး KNU ကို မေးမြန်းစုံစမ်းရာမှာတော့ ၄၅ ရက်လောက် အတွင်းမှာတော့ တိုက်ပွဲအနေနဲ့ တက်လာတာတော့ မတွေ့သေးကြောင်း၊ ဒါပေမဲ့ တပ်စခန်းချဲ့တာ၊ ရိက္ခာ လက်နက် ဖြည့်နေတာတွေ ရှိနေကြောင်း၊ ဒီလိုလုပ်ရပ်တွေ နည်းပါးသွားရမှာ ဖြစ်သလို အခုလို ဖြစ်ရပ်တွေဟာ တင်းမာမှု လျော့ကျရေးကို အထောက်အကူ မပြုကြောင်း၊ လူထုပြန်လည် လာရောက်နိုင်ရေးအတွက် အခြေအနေများ ဘာမှ ထူးခြားလာခြင်း မရှိသေးကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေ က ပြောပါတယ်။
Free Burma Rangers (FBR) အဖွဲ့ဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ ဒေသတွင်းက ရွာပုန်း ရွာရှောင် ဒေသခံ ပြည်သူတွေအတွက် ဆေးဝါးနဲ့ အခြေခံ လူသုံးပစ္စည်းတွေကို
ကူညီထောက်ပံ့ပေးနေတဲ့ အမေရိကန် အခြေစိုက် အဖွဲ့တစ်ဖွဲ့ ဖြစ်သလို စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်တဲ့နည်းနဲ့ စုံစမ်းဖော်ထုတ်နေတဲ့
အဖွဲ့လည်း ဖြစ်ပါတယ်။

Subscribe to:
Posts (Atom)