Thursday, November 20, 2008

မြန်မာပြည်တွင် ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်မှုများခံစားနေရ

မြန်မာပြည်တွင် ခရစ်ယာန်သာသနာ လုပ်ငန်းလုပ်ဆောင်ရာ၌ မြန်မာစစ်အစိုးရမှ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မပေးဘဲ သာသနာလုပ်ငန်းနှင့် ပတ်သက်၍ ဖိနှိပ်မှုများရှိကြောင်း ကရင်နီပြည်မှ သာသနာ ဆရာများက ပြောသည်။
"မြန်မာအစိုးရကတော့ ခရစ်ယာန်သာသနာကို လုပ်ဖို့ အခွင့်အရေး မပေးပါဘူး၊ ဥပမာ သာသနာနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေပဲဖြစ်ဖြစ်၊ ကလေးတွေ မိဘမဲ့ကလေးတွေကို ပြုစုပျိုးထောင်ချင်တာပဲဖြစ်ဖြစ် အဲတာတွေသူတို့ အခွင့်အရေးမပေးဘူး၊ သူတို့က လုပ်ပိုင်ခွင့် မပေးဘူး၊ သူတို့က ဒီလူမှုဝန်ထမ်း အဖွဲ့ရှိတယ်ပေါ့ အဲဒီအောက်ကနေပဲ လုပ်ကိုင်ရမယ်ဆိုပြီး သူတို့ အဲလိုပြောတယ်၊ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုရင်မရဘူး၊ ၀န်ထမ်းနဲ့ဆက်သွယ်ရင်လည်း ဒီလုပ်ငန်းလုပ်မယ်ဆိုရင် ဘတ်ဂျက်အရင်ပြရတယ်" ဟု တနင်္သာရီတိုင်းတွင် သာသနာပြုခဲ့သည့် သာသနာဆရာဒေးဗစ်က ပြောသည်။
တနင်္သာရီတိုင်း၊ ဓနုဖြူမြို့တွင် သာသနာပြုခဲ့သည့် ဆရာဒေးဗစ်သည် ကရင်နီပြည်မှဖြစ်ပြီး လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ဧ၀ံဂေလိအသင်းတော်တွင် လုပ်ကိုင်ခဲ့စဉ် ၄င်းတို့ သာသနာလုပ်ငန်းအဖြစ် ဖွင့်လှစ်ထားရှိသည့် မိဘမဲ့ကလေး ဘော်ဒါဆောင်ကိုလည်း ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က လုံးဝဖျက်ပစ်လိုက်ရသည်ဟု ဆိုသည်။
အဆိုပါဘော်ဒါဆောင်တွင် ရှားတောခရိုင်အတွင်းရှိ တောင်ပေါ်တောစွန်တောင်ဖျားမှ လာရောက်နေထိုင်သည့် ကလေးများ အနေများပြီး မြို့ပေါ်တွင် ခက်ခက်ခဲခဲ လာရောက်ကျောင်းတက်ကြကြောင်း၊ အစိုးရမှ လာရောက်၍ ကလေးများအား ရွာသို့ပြန်ပို့ခိုင်းပြီး မပို့ပါက ကလေးများအား ပရဟိတကျောင်းတွင် ထားရှိမည်ဟု သူကယခုလိုပြောပြသည်။
"အကြောင်းပြချက်ပေးတာက အဲဒီရပ်ကွက်မှာ ဆူဆူညံညံမလုပ်ရဘူး၊ သဘောက ကလေးတွေရှိတဲ့ အတွက်ကြောင့် ကလေးတွေ သီချင်းတွေဘာတွေဆိုရင် ဆူညံတယ်၊ ဒါကြောင့် ဒီရပ်ကွက်က သူဌေး ရပ်ကွက် ဖြစ်တယ်၊ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တယ် ဒါကြောင့်မို့လို့ ဒီရပ်ကွက်မှာ ဘယ်သူက တရားဝင်ခွင့်ပြုထားတာလည်းလို့ ပြောတယ်၊ ကလေးတွေကို သူတို့ရွာပြန်ပို့လိုက်ပါ။ မပို့ရင် ကလေးတွေအားလုံးကို သူတို့ရဲ့ ပရဟိတကျောင်းထဲကို ထည့်မယ်လို့ပြောတယ်၊ အဲဒါကြောင့်မို့ ကလေးတွေအားလုံးကို နေရာရွေ့ထားရတယ်" ဟု ပြောသည်။
မြန်မာစစ်အစိုးရက မိဘမဲ့ကလေးဘော်ဒါဆောင် ဖွင့်သည်သာမက အခြားသာသနာလုပ်ငန်းနှင့် သက်ဆိုင်သည့် ၃လ၊ ၆လ ကျမ်းစာသင်တန်းများ ဖွင့်ခြင်းကိုလည်း ပိတ်ပင်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၇ခုနှစ်တွင် ရန်ကုန်၊ မြောက်ဥက္ကလာပတွင် ကျမ်းစာသင်တန်းဖွင့်လှစ်ရာ သင်တန်းသူ/သား အယောက်၄၀ အဖမ်းခံခဲ့ရပြီး ၂ပတ် ထောင်ဒဏ်ကျခံခဲ့ရသည်ဟု ဆိုပါသည်။
အလားတူ ရှားတောနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် သာသနာပြုခဲ့သည့် သင်းအုပ်ဆရာစတီဗင်ကလည်း စစ်တပ်မှ ဘုရားကျောင်းကို လာရောက်ဖျက်ဆီးခဲ့ပြီး ၎င်းအားလည်း ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု Christian Freedom International အဖွဲ့အား ပြောဆိုခဲ့ကြောင်း အဖွဲ့၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
"ကျနော်ပထမဆုံး သာသနာပြုခဲ့တဲ့ ဘုရားကျောင်း ဖြစ်တဲ့ ရှားတောနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ လူ ၂၅၀ ကျော်ရှိတယ် ဒါပေမယ့် မြန်မာစစ်တပ်တွေလာပြီးတာ့ ဖျက်ဆီးခဲ့တယ်၊ အဲတာ ၁၉၉၉ ခုနှစ်တုန်းကဖြစ်တာ စစ်တပ်တွေက ရွာသားတွေရဲ့အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်၊ တုတ်တွေ၊ ပုဆိန်တွေနဲ့ လာပြီးတော့ ဖျက်ဆီးခဲ့တယ်၊ စစ်တပ်က ကျနော့်ကို သူတို့စစ်တပ်ရုံးမှာ ခေါ်သွားပြီး ဖမ်းချုပ်ထားတယ်၊ သူတို့က ကျနော့်ကို အခန်းကျဉ်းလေးထဲမှာ လေးလလောက် နေအိမ်အကျယ်ချုပ်အဖြစ် ထားထားတယ်၊ ကျနော့်မိသားစုတွေနဲ့လည်း ကျနော်အဆက် အသွယ်မရခဲ့ဘူး" ဟု ဆရာစတီဗင်က ပြောသည်။
ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်အပြီး ဆရာစတီဗင်သည် ဒေါတလေးရွာသို့ ပြောင်းရွေ့သာသနာပြုခဲ့ကြောင်း ထိုအချိန်တွင် မြန်မာစစ်တပ်မှ မည်သည့်အကြောင်းပြချက်မှမပေးဘဲ တရွာလုံးကို တပတ်အတွင်းပြောင်းရွေ့ခိုင်းပြီး ဘုရားကျောင်းအား မီးရှို့ခဲ့၍ ယခုတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရွာသားများ ရောက်ရှိကုန်ကြခြင်းဖြစ်သည်ဟု သူကပြောသည်။ ဆရာစတီဗင်သည်လည်း သူ့ဘ၀အတွက် လုံခြုံမှုမရှိတော့၍ တနေရာပြီးတနေရာ ပြောင်းရွေ့နေထိုင်ရသည်ဟု ပြောသည်။
ခရစ်ယာန်သာသနာဆရာများ ပြောပြချက်အရ မြန်မာစစ်ခေါင်းဆောင်ပိုင်းတွင် အများအားဖြင့် ခရစ်ယာန် ဘာသာဝင်များမဟုတ်ကြကြောင်း ၎င်းတို့က ခရစ်ယာန်ဘာသာအယူအဆများကို အနောက်တိုင်း ယဉ်ကျေးမှု အယူအဆများသာဖြစ်သည်ဟု မြင်ကြကြောင်း၊ အဆိုပါ အယူအဆများကြောင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးသွားမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"အဖိနှိပ်ခံရတာကတော့ ပြည်နယ်နဲ့တိုင်းအားလုံးပါပဲ ကျနော်တို့ လုပ်ဖော်ဆောင်ဖက် တွေအားလုံးလိုလိုက ပြည်နယ်အနှံ့မှာရှိတယ်၊ ဥပမာ ကျနော့် လုပ်ဖော်ဆောင်ဖက် တယောက်ဆိုရင် ဒီမိုင်းချတ် (ကျိုင်းတုံ)နားမှာ သူလည်းကျနော့်လိုပဲ ကလေးလုပ်ငန်းလုပ်တယ်၊ ဒါပေမယ့်သူလည်း အဲဒီလိုပဲ အစိုးရတွေက လာဖျက်ခိုင်းတာပဲ ဆိုတော့ နေရာအနှံ့မှာကတော့ အတူတူပါပဲ။ ဘုရားကလူတွေကို လွတ်လပ်စွာရွေးချယ်ပိုင် ခွင့်ပေးထားတယ်၊ ဘုရားကလူကို ပေးထားတဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီအခွင့်အရေးတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူတွေကိုခံစားစေချင်တယ်ပေါ့၊ ခက်တာက လက်ရှိကျနော်တို့ အစိုးရက အဲဒါတွေကို နားမလည်ဘူးလေ၊ နားမလည်ပဲနဲ့ သူတို့နည်းနဲ့ပဲ သူတို့လုပ်နေတော့ ပြောရမယ်ဆိုရင်တော့ လူဖြစ်ရတာ ဖြစ်ရကျိုးမနပ်ဘူးပေါ့" ဟု သာသနာဆရာ ဒေးဗစ်က ပြောပါသည်။

Tuesday, November 18, 2008

A Moment of Nothingness by Min Ko Naing
Posted by AdminE on August 24, 2008
Being a dragon - evolving from having been a snake,However there is no dragon crest to raise high.
Having imprinted configurations
On ones’ palms,
Yet there is no sign of luck to be proud of.
Everybody enters the race in the river
through their own preparation,
However, when one meets the waterfull unexpectedly,
Some ‘free-riders’ downstream scream in shock,
And some struggling upstream against the tide finally become helpless.
Numbers are increasing year after year,
However, there is no actual age to show people.
It could be still be called a life
Because we are still living and struggling,
However, there is no actual meaning to express.
Min Ko Naing (wrote in Sittwe Prison)- Smuggled out of jail by another political prisoner.Posted under Literature

လမ်းမပေါ်က ဇရာအိုများ

Monday, 17 November 2008 18:24
အောင်သက်ဝိုင်း

ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုး ဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသောဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။
ရန်ကုန်မြို့ တနေရာတွင် တ၀မ်းတခါးအတွက် တောင်းရမ်း နေရသော အဘိုးအို နှင့် အဘွားအို (ဓာတ်ပုံ - အောင်သက်ဝိုင်း)
ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသောသူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။ သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ“သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ”ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။“အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်”ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။၂၀၀၈ ခုနစ်မေလဆန်းပိုင်း မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။
ယောဂီ တဘက် ၊ ယောဂီ လုံချည် လေးများဖြင့် တောင်းရမ်းနေသော အဘွားအို နှစ်ဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)
“အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်”ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။“ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ”ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။“လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်” ဟု အဆိုပါစာရေးဆရာကဆိုသည်။စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်းရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။“ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစားလက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။“သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ”ဟု အဆိုပါသတင်းစာဆရာကပြောသည်။စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။“အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။“အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်”ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။
ကိုယ့်ဝမ်းပူဆာ မနေသာတော့လည်း လမ်းမပေါ်တွင်ပင် ဈေးတောင်းချ ရောင်းနေရသော ဇရာအို အဘွား တဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)
တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။“တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး” ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။“ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်”ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။“တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလိုကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်”ဟု ထိုသတင်းသမားက ပြောဆိုသည်။ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။“တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်”ဟု ၄င်းကပြောသည်။စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။

Friday, November 14, 2008

Four DKBA soldiers defect to KNU Brigade No.6

Wed 12 Nov 2008,
HURFOM, Duplayar District
Four soldiers from the Democratic Karen Buddhist Army (DKBA) have defected to the Karen National Liberation Army, the armed wing of the Karen National Union (KNU). The soldiers are reported to be upset about discrimination within DKBA ranks, as well as human rights abuses committed by the DKBA during an ongoing conflict with the KNU/KNLA. The soldiers, who are from DKBA Battalion No. 907, surrendered to KNLA Brigade No. 6 at 10 am on November 10th. “As soon as we received their request, we picked them up and brought them to our headquarters,” said a HURFOM source in the KNU. “We have already confirmed that they all are DKBA soldiers, and they also brought weapons and equipment along with them.” The four defectors include an ethnic Karen company sergeant and three privates, who are ethnic Burman. According to the KNU source, the soldiers defected with six guns, over 250 rounds of ammunition, a radio and Thai registered mobile phone According to the company sergeant, DKBA ranks are beset by discrimination. “We decided to defect because the officers treated us very bad. Foods supports are not even enough to survive,” said the soldier. “For soldiers who have family, they only received 20 kilograms of rice and 10,000 kyat per month as stipend. At the same time, high-level officers have good living standards much higher than ours.” The sergeant also lamented Karen-on-Karen human rights abuses perpetuated by the DKBA. “The real terrible thing that made me to leave the Company is the recent clash between two Karen groups in the Karen territories. I still feel pain that the war between us caused people to leave from their native places, some were seriously abused and some killed with no trial. I don't want to be a member of such a terrible group any more. I decided to desert.” The DKBA began preparing to launch an offensive on KNU controlled territory in August, and clashes between the two forces are consistently being reported. According to the Karen Human Rights group, the DKBA has been forcibly conscripting villagers as soldiers, as well as porters and human mine sweepers. All the soldiers said they are tired of fighting, and would like to simply find jobs working in a peaceful place. “Currently they all are doing well in our Bridge No. 6. We are planning to send them to a secure place and let them find jobs there,” said a KNLA official from Brigade No. 6. Desertions from the DKBA and the Burmese army, which became unofficial allies when the DKBA split from the KNU in 1994, are frequently reported by exile news agencies like the Thailand-based Irrawaddy and India-based Mizzima News. KNU officials agree, and say that the recent defections are not isolated incidents. “From July to October of this year, five soldiers from DKBA battalion No. 907 defected to us,” said the Brigade No. 6 official. “This is the third times we received deserters from Battalion No. 907 in the last five months.”

Wednesday, November 12, 2008


ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်

ဒေါ်စုနှင့် ဒေါက်တာ စင်သီယာမောင်ကို စပိန်နိုင်ငံက ဆုချီးမြှင့်အေးလဲ့ နိုဝင်ဘာ ၁၁၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းမြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့အား စပိန်နိုင်ငံရှိ ကတ်တာလိုနီးယားပြည်နယ်အစိုးရက ၎င်းမြို့၏ အမြင့်ဆုံးဂုဏ်ထူးဆောင် နိုင်ငံတကာ ဆုချီးမြှင့်ပွဲကို ယနေ့ကျင်းပမည်ဖြစ်သည်။
ကတ်တာလိုနီးယားဆု ကျောက်ဆစ်ရုပ်ပုံ
အဆိုပါဆုချီးမြှင့်ပွဲကို စပိန်နိုင်ငံမြို့တော်ဖြစ်သည့် ဘာစီလိုနားမြို့တွင် ကျင်းပမည် ဖြစ်ပြီး လက်ရှိနေအိမ် အကျယ်ချူပ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဗြိတိန်နိုင်ငံမြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK မှ တာဝန်ခံတဦး ဖြစ်သူ ဇိုယာဖန်းက လက်ခံရယူမည်ဖြစ်ကြောင်း လည်းသိရသည်။
ဇိုယာဖန်းက “ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီဆုကိုသွားရောက်ယူခွင့်ရတဲ့ အတွက် ကျမဝမ်းသာမိပါတယ်။ ကျမစိတ်မကောင်းမိတာက သူကိုယ်တိုင်သွားရောက်ယူခွင့် မရတာကိုတော့ စိတ်မကောင်းပါဘူး။ ခုလိုဆုပေးတာဟာ ကတ်တာလိုနီးယား ပြည်သူ လူထုတွေရော ကတ်တာလိုနီးယား အစိုးရကပါ မြန်မာပြည် ဒီမိုကရေစီရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့ အတူရပ်တည်နေတယ်ဆိုတာကို သိရတဲ့အတွက် အားတက်မိပါတယ်” ဟုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် ဧပြီလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော်က အရပ်သား များကို ချီးမြှင့်သည့်ဆုများထဲမှအမြင့်ဆုံး ရွှေတံဆိပ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ၎င်းသည် ၁၉၉၀ခုနှစ်က နော်ဝေး နိုင်ငံက ချီးမြှင့်သည့် နိုဘဲလ်ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဆုပေါင်းများစွားကို ရရှိ ထား သူ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု အပြီးမှစတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည်မှာ ၅ နှစ်ပြည့်ပြီဖြစ်သော်လည်း စစ်အစိုးရက မေလတွင် အကျယ်ချူပ် သက်တမ်းတနှစ် ထပ်မံတိုးခဲ့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ယနေ့အထိ နေအိမ်အကျယ် ချုပ် ဘဝဖြင့် နေရချိန်စုစုပေါင်းမှာ ၁၃ နှစ်ရှိပြီဖြစ်သည်။
ယမန်နေ့တွင် ဒေါက်တာစင်သီယာမောင်နှင့် ဇိုယာဖန်းတို့သည် ကတ်တာလိုနီးယားပြည်နယ် အစိုးရ အကြီး အကဲ José Montill နှင့် တွေ့ဆုံခဲ့စဉ်တွင် လက်ရှိမြန်ာနိုင်ငံရေးအခြေအနေများ၊ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နယ်စပ်ဒေသ တွင်ဒုက္ခသည်များ ပိုမိုတိုးများလာသည့်အခြေအနေ စသည့် မြန်မာစစ်အစိုးရ ၏ လူ့အခွင့်အရေးချိုးဖောက်နေမှုများအပေါ် စပိန်အစိုးရအနေနှင့် မြန်မာပြည်အရေးကိုပိုမို ဖိအားပေးပြောဆို ရန် တိုက်တွန်းနိုးဆော်ခဲ့ကြောင်းလည်း ဇိုယာဖန်းက ပြောသည်။
ဒေါက်တာစင်သီယာမောင်တည်ထောင်သည့် မယ်တော်ဆေးခန်းသည် မြန်မာပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ မြန်မာ ပြည်သား များအား မည်သည့်ရောဂါမဆို အခမဲ့ဆေး ကုသပေး နေသည့် တခုတည်းသော ဆေးခန်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာစင်သီယာမောင်သည် ယခုဆု အပါအဝင် နိုင်ငံတကာဆုပေါင်း ၁၃ခု ကိုရရှိထား သူဖြစ်သည်။ ကတ်တာလိုနီးယားပြည်နယ်သည် စပိန်နိုင်ငံမြောက်ပိုင်းတွင်တည်ရှိပြီး ၎င်းပြည်နယ်၏ ဂုဏ်ထူးဆောင်ဆုကို ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး၊ ယဉ်ကျေးမှု ၊ သိပ္ပံပညာရပ်များ ဆိုင်ရာတို့တွင် ဖွံ့ဖြိုးတိုးတက်ရန် ဆောင် ရွက်သူများအား ချီးမြှင့်ကြောင်း လည်းသိရသည်။ ၎င်းဆုတွင် ခရိုနာငွေ ၁သိန်း အပါအ၀င် အထိမ်းအမှတ် သော့ ကျောက်ဆစ်ရုပ်ကိုပါ လက်ခံရရှိမည် ဖြစ်သည်။ [Top]

Tuesday, November 11, 2008

RIGHTS-BURMA: Military Accused of Crimes Against Humanity

RIGHTS-BURMA: Military Accused of Crimes Against Humanity
By Marwaan Macan-Markar
BANGKOK, Nov 9 (IPS) - An onslaught by Burmese troops in the eastern part of the military-ruled country, running for three years now, is laying the junta open to charge of ‘crimes against humanity’.
This new charge adds to a growing list of human rights violations that the South-east Asian nation’s ruling military regime is being slammed for, including the use of rape as a weapon of war in military campaigns in areas that are home to the country’s ethnic minorities. The country has been under the grip of successive juntas since a 1962 military coup. Eyewitness accounts from civilians fleeing the territory under attack reveal a grim picture of the ‘tatmadaw’, as the Burmese military is called, targeting unarmed men, women and children in a ‘’widespread and systematic way,’’ say human rights and humanitarian groups. An increasing number of refugees have been crossing over to northern Thailand from among the Karen ethnic community, the second largest ethnic group in Burma, or Myanmar. Many of them live in the mountainous Karen State, the territory where South-east Asia’s longest --and largely ignored -- separatist conflict is being waged between Burmese troops and the armed wing of the Karen National Union (KNU). ‘’Myanmar’s troops are overtly targeting civilians; they are actively avoiding KNU military installations. That is why we are describing the attacks as ‘crimes against humanity’,’’ says Benjamin Zawacki, South-east Asia researcher for Amnesty International (AI), the global rights lobby. ‘’The violations are widespread and systematic.’’ ‘’This campaign started in November 2005 and has escalated. They did not even stop during the annual monsoon period (from May to October), which was not the case before,’’ he explained during an IPS interview. ‘’There has been a shift in strategy and intensity. It is no more a dry season offensive.’’ The military campaign is the largest and the longest sustained drive in a decade. ‘’The Burmese army is rotating soldiers every six months and they have penetrated areas deep in the Karen area,’’ David Tharckabaw, vice president of the KNU, said in a telephone interview from an undisclosed location. ‘’Nothing is being spared. They are even destroying fruit plantations like mangosteen.’’ The list of abuse document by AI, and corroborated by other humanitarian groups, include villagers being beaten and stabbed to death, being shot by the ‘tatmadaw’ ‘’without any warning’’ and being tortured and subsequently killed. Karen civilians have also reportedly been subjected to forced labour, disappearances and their rice harvest being burned down. ‘’Before the soldiers left the village, they planted landmines, one of them in front of the church. An old man, maybe 70 years-old, stepped on a landmine and was killed,’’ a female rice farmer told an AI researcher of an incident in early 2006, when the ‘tatmadaw’ burned 20 of the 30 houses in her village. ‘’I lost everything -- kitchen, furniture, rice stocks -- not a single piece of paper was left,’’ she added. ‘’The same happened to the other 19 families whose houses were burned.’’ The unrelenting campaign, which has included the Burmese infantry and heavy use of 120 mm and 81mm mortar shells, has shrunk an already limited space for Karen civilians and internally displaced people (IDPs) to escape to. ‘’The more the Burmese military occupies areas in a worsening situation, the less space there is for civilians to escape to,’’ says Duncan McArthur, emergency relief coordinator of the Thailand Burma Border Consortium (TBBC), an alliance of 11 humanitarian groups helping refugees from Burma along the Thai-Burmese border. ‘’Nearly 66,000 people from 38 townships have been forced to flee their homes due to the armed conflict and human rights abuses,’’ he told IPS. ‘’They had to because the violations are being committed in a climate of impunity.’’ Some of the victims have poured into north-west Thailand, where there are already nine camps that house 120,000 refugees who fled intense phases of the conflict going back over a decade. ‘’There are about 20,000 unregistered new arrivals and the natural growth in the camps,’’ added McArthur. ‘’There is no avenue for redress if they were to stay back.’’ That is reflected in Burma’s over half a million IDPs, nearly 451,000 of which live in the rural ethnic areas, according to TBBC. It places Burma in the same league as countries such as Afghanistan, Sri Lanka and Bangladesh, which have internally displaced running into the hundreds of thousands. But what sets Burma apart is the lack of any international agencies to help the victims and serve as neutral observers in the conflict zone. Even the International Committee of the Red Cross (ICRC), which was helping to provide artificial limbs for landmine victims, was hampered by new restrictions to its operations in 2006. In mid-2007, the Geneva-based humanitarian agency broke its famed silence in an unprecedented attack on the junta to explain why it had to end its operations in Burma, including the Karen areas. The ICRC’s denunciation of major and repeated violations in the conflict zones in eastern Burma confirmed what many analysts had said of a region that is cut away from international scrutiny and media exposure. ‘’The repeated abuses committed against men, women and children living along the Thai-Myanmar border violate many provisions of international humanitarian law,’’ the organisation said. The Karens, who account for nearly seven million of Burma’s 57 million people, have their own distinctive culture and language and have Buddhists, Christians and animists among them. The Burmans, who are the majority, are predominantly Buddhist by faith, speak Burmese, and have a culture and history shaped by kings before being subjugated by British colonisation. The Karen fight for independence began in 1949, a year after Burma got independence. And the KNU has refused to sign peace deals with the Burmese regime unlike some of the other separatist rebels from ethnic groups. The latter settled for ceasefire deals over the past two decades, only to learn, subsequently, that the junta’s promises of more political autonomy were hollow. ‘’The Burmese military’s latest strategy is to keep attacking the KNU and Karen civilians in order to drive them to the Thai-Burma border,’’ says Tharekabaw, of the KNU. ‘’Their goal is to control all the land and all the people, which has never been the case before.’’ ‘’If they cannot control, they have to kill the people or to wipe them out,’’ he added. ‘’The regime is a fascist regime. Their ideology is extremism, racism and militarism.’’ (END/2008)
Send your comments to the editor

Wednesday, November 5, 2008

တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသော၅ကြိမ်မြောက်နိုင်ငံတကာအမတ်များသမဂ္ဂညီလာခံသို့သွားရောက်ခဲ့သောဂျပန်အခြေစိုက်တိုင်း ရင်းသားအဖွဲ့များပြန်လည်ရောက်ရှိ

၂၄-၁၀-၂၀၀၈မှ၂၆-၁၀-၂၀၀၈အထိတောင်ကိုရီးယားနိုင်ငံတွင် ကျင်းပသော ၅ ကြိမ်မြောက်
နိုင်ငံတကာအမတ်များသမဂ္ဂညီလာခံ သို့သွားရောက်ခဲ့သောဂျပန်အခြေစိုက်တိုင်းရင်းသားအဖွဲ့
များ ပြန်လည်ရောက်ရှိ

၎င်းညီလာခံတွင်မြောက်ကိုရီးယားအရေးနှင့်အရှေ့တောင်အာရှအပါအဝင်မြန်မာနိုင်ငံအရေးများကိုလည်း
ဆွေးနွေးခဲ့ကြပါသည်၊၊ဂျပန်လွှတ်တော်အမတ်MR. MASAHARU NAKAGAWAနှင့်နီပေါအမတ်တို့မှ
လည်းမြန်မာနိုင်ငံ လူအခွင့်အရေးဆိုင်ရာကိစ္စများကိုဆွေးနွေးခဲ့ကြပါသည်၊၊အဆိုပါညီလာခံ သို့ဂျပန်အခြေစိုက်
တိုင်းရင်းသားအဖွဲ့ များ ကလည်းမြန်မာနိုင်ငံလူ အခွင့်အရေးဆိုင်ရာစာတမ်းများကိုတင်သွင်းခဲ့ပြီးမြန်မာနိုင်ငံ
စစ်အစိုးရ၏လူ့ အခွင့် အရေးချိုးဖေါက်မှုအခြေအနေများကိုကယားတိုင်းရင်းသားလွှတ်တော်အမတ်လည်းဖြစ်
မြန်မာနိုင်ငံလွှတ်တော်အမတ်များသမဂ္ဂ၏ဥက္ကဌလည်းဖြစ်သူဦးတယ်ဒီဘူရီမှဆွေး နွေးတင်ပြခဲ့ပါသည်၊၊ထိုညီ
လာခံသို့လာရောက်ကြ သောနိုင်ငံအသီးသီးမှကိုယ်စားလှယ်များအား၊INCHEON မြို့တော်ဝန်AHN SANG-SOON ၊ GRAND NATIONAL PARTY၏ ဥက္ကဌ PARK HEE-TAE နှင့် IPC ဒုဥက္ကဌ HWANG WOO-YEA
တို့မှအသီးသီးဧည့်ခံကျွေးမွေးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြကြောင်းသတင်းရရှိပါသည်၊၊


KOREA နိုင်ငံသို့ရောက်ရှိစဉ် KYOUNGGI-DO မြို့၌ NLD-LA (KOREA BRANCH ) တွေ့ဆုံခဲ့သည်၊၊

KNL-JAPAN မှစောဘလှသိန်းသည် ကိုရီးယားတွင်ရောက်ရှိနေသောကရင်လူမျိုးများနှင့်တွေ့ဆုံခဲ့ကြသည်၊၊

ဖွဲ့စည်းပုံအခြေခံဥပဒေ မူချောစာအုပ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေ


ဖွဲ့စည်းပုံအခြေခံဥပဒေ မူချောစာအုပ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေ
NEJ/ ၄ နိုဝင်ဘာ ၂၀၀၈
ပြီးခဲ့သည့် မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပြည်သူသိန်းချီသေနေသည့်ကြားမှ စစ်အစိုးရ အဓမ္မ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူချောစာအုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဟု အမည်ပေးကာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် မကြာခင်က ထုတ်ဝေလိုက်သည်။အဆိုပါစာအုပ်ကို သတင်းစာစက္ကူ ရိုးရိုး တအုပ် ၂၀၀၀ ကျပ်၊ စက္ကူဖြူချော တအုပ် ၂၅၀၀ ကျပ်ဖြင့် ယခုလ (၁) ရက်မှစတင်ကာ အစိုးရစာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပြီးပုံနှိပ်မှတ်တမ်းမှာ ၂၀၀၈ စက်တင်ဘာလတွင် အုပ်ရေ (၁၀၀၀၀) ပုံနှိပ်သည်ဟု ဖော်ပြထားသည်။ စုစုပေါင်း မြန်မာဘာသာနှင့် (၁၉၄) မျက်နှာ၊ အင်္ဂလိပ်ဘာသာနှင့် (၁၉၄) မျက်နှာပါဝင်သည်။
ယခုထုတ်ဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စာအုပ်သည် ယခင်မူကြမ်းစာအုပ်အတိုင်း ထုတ်ဝေခြင်းဖြစ်ပြီး ဘာမျှထူးခြားချက် မပါကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
၎င်းက“ အင်္ဂလိပ်ဘာသာနဲ့ တမျှက်နှာစီ မျက်နှာချင်းဆိုင် ဖော်ပြထားတော့ စစ်အစိုးရရဲ့ ဒီအခြေခံဥပဒေဆိုတာကြီးကို နိုင်ငံခြားသားတွေပါ လေ့လာချင် လေ့လာနိုင်တာပေါ့။ ဒါမှ သူတို့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လောက် ဆိုးလည်းဆိုတာကို သိလိမ့်မယ်။ ပြောရရင် ဒီဖွဲ့စည်းပုံဥပဒေဟာ နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို ဘယ်လိုမှ အထောက်အကူ ဖြစ်စေနိုင်မှာ မဟုတ်လို့ လက်မခံနိုင်ပါဘူး၊ ဒီ ဖွဲ့စည်းပုံအရလုပ်မယ့် လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ပါဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မေလတွင် စစ်အစိုးရက အတည်ပြုပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်သည့်အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း တိုင်းပြည်ကို ကယ်တင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူနိုင်သည်အထိ အခွင့်အရေးများ ပေးထားသည်။
နိုင်ငံ၏အကြီးအကဲကို သမ္မတအဖြစ် သတ်မှတ်ထားပြီး သမ္မတရွေးချယ်ရေး နှင့်ပတ်သက်၍ စစ်ဗိုလ်ချုပ်ကြီးများကသာ ယင်းရာထူးကို ရယူနိုင်ရန် ပြဌာန်းထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိဖွဲ့စည်းပုံတွင် သမ္မတရာထူးက အမြင့်ဆုံးဖြစ်ပြီး သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်မည်ဟုသာ ပြဌာန်းထားပြီး အသေးစိတ်ကို ပြဌာန်းမထားကြောင်း၊ စာမျှက်နှာ (၂၀) ပုဒ်မ ၆၀ (စ) တွင် သမ္မတနှင့် ဒု-သမ္မတများ တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြဌာန်းပေးရမည်ဟုသာပါပြီး လက်ရှိစစ်အစိုးရက ပြဌာန်းမလား၊ နောင်ပေါ်ပေါက်လာမည့် လွှတ်တော်က ပြဌာန်းမလားဆိုသည်ကိုမူ သဲသဲကွဲကွဲရေးမထားကြောင်း တရားရုံးချုပ်ရှေ့နေတဦးက သုံးသပ်သည်။
ယခုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကောင်းမွန်ကြောင်း ချီးမွမ်းရေးသားထားသည့် ဆောင်းပါးများကိုမူ ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်တွင် အပတ်စဉ်ဖော်ပြနေပြီး ရေးသားသူမှာ အဆိုပါဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် ဖြစ်ကြောင်း ပြည်တွင်းမှ သတင်းထောက်များက ပြောသည်။

Sunday, November 2, 2008

KNU Appoints Karen Woman General-Secretary

KNU Appoints Karen Woman General-Secretary
By SAW YAN NAING
Monday, October 20, 2008 ,

An ethnic Karen woman, Zipporah Sein, was elected general-secretary of the Karen National Union (KNU) on Friday, according to Karen sources in Mae Sot, Thailand.
Zipporah Sein was named the first woman leader to serve as general-secretary at the 14th KNU Congress held in Karen State in eastern Burma.
She assumes the position of the late KNU General-Secretary Mahn Sha, who was assassinated on February 14, 2008, by two gunmen hired by Karen breakaway rebel groups.
Zipporah Sein also serves as general-secretary of the Karen Women’s Organization (KWO). One of the KWO's missions is to collect data on human rights abuses committed by the junta against ethnic Karen.
In June 2007, she received the Perdita Huston Human Rights Award for her work to aid women’s struggle for freedom, democracy and equality in Burma. She was nominated by an international women’s organization for the Nobel Peace Prize in 2006.
Nang Yain, the general-secretary of the Women’s League of Burma, welcomed the appointment. “It is the acknowledgement that the KNU recognizes the role of women in the political movement,” she said.
At the congress meeting, the KNU elected 11 executive committee members. Gen Tamla Baw was named chairman while David Takapaw was named vice-chairman, according to KNU sources who attended the meeting.
Former Vice-Chairman Gen Tamla Baw served as former head of the KNU’s military wing, the Karen National Liberation Army. He was a close colleague of the late Gen Bo Mya.
Maj Hla Ngwe was appointed joint secretary (1) and Saw Daw Lay Mu was appointed joint secretary (2). Other executive committee members are David Htaw, Roger Khin, Mutu Say Poe, Arr Toe, Lah Say and Kay Hser.
The KNU, one of the oldest surviving rebel groups in Southeast Asia, has been struggling for autonomy since 1949. The KNU has never signed a ceasefire agreement with the Burmese government.
In 1995, the Democratic Karen Buddhist Army split from the KNU and reached a ceasefire agreement with the Burmese military government.
In early 2007, another splinter group known as the KNU/ KNLA Peace Council led by former KNLA Brigade 7 leader Maj-Gen Htain Maung also signed a ceasefire agreement with the Burmese regime.
Since the KNU/ KNLA Peace Council split from the KNU, assassinations between the KNU and its breakaway groups have frequently occurred. In 2004, former KNU chairman Gen Bo Mya visited Rangoon for peace talks with Burma’s former Prime Minister Khin Nyunt. The result was the so-called “gentlemen’s agreement.” However, in early 2006, Burmese troops launched major military offensives against Karen civilians in northern Karen State and forced an estimated 30,000 Karen villagers to flee into the countryside as well as to cross the Thai-Burmese border. In February 2007, the KNU broke off all contact with the Burmese regime when Maj-Gen Htain Maung and some 300 KNU soldiers defected to the Burmese army.

In Candlelight