Thursday, December 4, 2008
ကျေးရွာသို့ ပြန်လည်နေထိုင်ခဲ့သော်လည်း သိမ်းဆည်းခံ လယ်ယာမြေပြန်မရ
Wednesday, 03 December 2008 10:50
မြန်မာစစ်အစိုးရတပ်သည် လွန်ခဲ့သည့် ၁၉၉၆၊ ၉၇ ခုနှစ်တွင် ကျင့်သုံးခဲ့သည့် ဖြတ်လေးဖြတ်စနစ်ကြောင့် ဒေသခံပြည်သူများကို စုစည်းကျေးရွာသို့ အတင်းပြောင်း ရွေ့နေထိုင်ခိုင်းစဉ် စစ်တပ် ရွာသူရွာသားတို့၏ လယ်ယာမြေများကို သိမ်းဆည်းထားပြီး ယခုရွာသားများ ပြန်လည်နေထိုင်ကြသော်လည်း နယ်မြေပြန်မရရှိတော့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်က ဘောလခဲမြို့နယ် စုစည်းကျေးရွာမှ နေ၍ မိမိနေရပ်ကျေးရွာသို့ ပြန်လည်နေထိုင်ခွင့်ရခဲ့သည့် စောလိုနှင့် ဟော်ခါးကျေးရွာတို့သည် ၎င်းတို့၏ လယ်ယာမြေများကို ပြန်လည်မရရှိကြောင်း လယ်ယာမြေသိမ်းဆည်းခံလိုက်ရသည့် ဒေသခံများက ပြောဆိုသည်။ စစ်အစိုးရတပ်များသည် ပြည်သူပိုင် လယ်ယာမြေများကို အဓမ္မသိမ်းဆည်းထားသည့်အပြင် ကျေးရွာတွင် ကျန်ရှိခဲ့သော ကျွဲ၊နွားများကိုလည်း သတ်စား၊ ရောင်းစားခြင်း စသည့်တို့ပြုလုပ်ကြောင်း၊ မိမိကျေးရွာဟောင်းသို့ ပြန်ရောက်ရှိလာကြသည့် ရွာသူ၊သားများသည် ကျွဲ၊ နွားများ မရှိ၍ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် အလွန်ပင် ခက်ခဲသည်ဟု သိရသည်။ စစ်တပ်များ၏ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်ပြီး ရွာသားတဦး၏ ပြောပြချက်က “ ၉၆ မှာ စပြီးတော့ ကျနော်တို့ရွာကို စုစည်းရွာအဖြစ် ဘောလခဲ မြို့တွင်းကို သွားနေခိုင်းတယ်။ ဟိုမှာရောက်တော့လဲ အလုပ်မရှိ အကိုင်မရှိ။ ဒီ ၂၀၀၀ ခုနှစ်မှာ ကျနော်တို့ ရွာကို ပြန်နေထိုင်ခွင့်ပေးတယ်။ ပြန်ရောက်တော့ ကျွဲ၊ နွားမရှိတော့ဘူးကော၊ ဘယ်လို လယ်လုပ်လို့ရမလဲ။ လယ်ကွက်နည်းနည်းပါးပါး ရှိပေမဲ့ ဘယ်လိုမှ လုပ်စားလို့မရဘူး။ အဲဒါကြောင့် ခင်ဗျားတို့ လယ်ယာမြေများကို မလုပ်နိုင်ကြတဲ့အတွက် ကျနော်တို့ လယ်ယာမြေသိမ်းလိုက်မယ်တဲ့။” ဟု ပြောသည်။ စစ်အစိုးရတပ် သိမ်းဆည်းထားသည့် လယ်ယာမြေများသည် တပ်ပိုင်လယ်ယာမြေအဖြစ် သတ်မှတ်ထားပြီး စပါးများ စိုက်ပျိုးနေကြသည်ဟု ဆိုသည်၊။ လွန်ခဲ့သည့် ၁၉၉၆၊ ၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရတပ်က တိုင်းရင်းသား နယ်မြေဒေသ များမှာ ထိုးစစ်ဆင်ခဲ့သော ဖြတ်လေးဖြတ်စနစ်ကြောင့် ဒေသခံကျေးရွာများအား စုစည်း ကျေးရွာသို့ အတင်းပြောင်းရွေ့နေထိုင်ခိုင်းပြီး ဒေသခံပိုင် လယ်မြေများကို တပ်ပိုင်အဖြစ် သိမ်းဆည်းလိုက်သည်။ ၎င်းဒေသတွင် လာရောက်အခြေချနေထိုင်သည့် စစ်အစိုးရ ဗျူဟာတပ်မှ ခမရ ၃၃၀၊ ၃၃၇ နှင့် ၄၂၉ တို့ဖြစ်ပြီး ပြည်သူပိုင် လယ်ယာမြေများကိုလည်း ၎င်းတပ်က သိမ်းဆည်းထား ကြောင်း သိရသည်။

Friday, November 28, 2008
ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု
ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ထိုင်းနိုင်ငံနေ မြန်မာများ၏ လုံခြုံရေးအတွက်လည်း သတိပိုမို ထားရှိသင့်ကြောင်းနှင့် ဆောင်ရန် ရှောင်ရန်များကို လေ့လာသူများက အကြံပြုထားသည်။ ဖြစ်ပေါ်နေသည့် အခြေအနေများသည် ထိုင်းနိုင်ငံရောက် မြန်မာများနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် ထောက်ခံသူများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများ တိုးမြင့်လာနေခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဖြစ်သည်။ "လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တာက အခုက နိုင်ငံရေးအခြေနေက သိပ်ရှုပ်နေတော့ တိုင်းပြည်ကလဲ မင်းမဲ့ပုံစံ နီးနီးဖြစ်သွားတယ်။ အရင်တုန်းက အစိုးရက ကောင်းကောင်း အုပ်ချုပ်နိုင်တုန်းကတောင် ကိုယ့်ကို ပြဿနာရှာတာတွေ ရှိနေတာဆိုတော့ သွားလာတာတွေ စည်းစည်းရုံးရုံးနဲ့ သွားလာကြပေါ့" ဟု ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အနည်းဆုံး မြန်မာ ၂ သန်းခန့်ရှိပြီး လေးပုံတပုံခန့်သာလျှင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားပြီး ဖြစ်သည်။တရားမ၀င် မြန်မာလုပ်သားများကို ဖမ်းဆီးမှုများ ပိုလာဖွယ်ရှိသည်ဟု ဦးခွန်စိုင်းက ပြောသည်။ "အခုက မြန်မာတွေ အနေနဲ့က ကိုယ့်မှာ ပြဿနာ ရှိရှိ မရှိရှိ သူတို့ဖက်က ကိုယ့်ကို အချိန်ပေးနိုင်တဲ့ အခြေနေ မရှိတော့ဘူး။ အဲဒီတော့ ဒေသခံမှာ ရှိတဲ့ လူမိုက်တို့ ဘာတို့က ကိုယ့်ကို ပြဿာနာ ရှာလာနိုင်တယ်။ သိပ်ပြီးတော့ တယောက်ထဲ နှစ်ယောက်ထဲ မသွားနဲ့ပေါ့နော်။ သူများတွေနဲ့လည်း အဆင်ပြေအောင် ဆက်ဆံပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။ထို့အတူ ထိုင်းနိုင်ငံရှိ မြန်မာ အများစု အနေဖြင့် အ၀ါရောင်နှင့် အနီရောင် အင်္ကျီများကို ၀တ်ဆင်ရာတွင် သတိထားသင့်သည့် အခြေအနေများ ဖြစ်နေသည်။ ထိုင်းအစိုးရကို ဆန့်ကျင်သူ ပီအေဒီ များက အ၀ါရောင်ကို ၀တ်ဆင်ကြပြီး အစိုးရ ထောက်ခံသူ ပီပီပီ အဖွဲ့များက အနီရောင်ကို ၀တ်ဆင်ကြသောကြောင့် အဖွဲ့နှစ်ဖွဲ့၏ ပဋိပက္ခကြားတွင် အထင်လွဲမှားမှုများ၏ သားကောင်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ "ထိုင်းနိုင်ငံထဲမှာ နေတဲ့ ဗမာတို့၊ သျှမ်းတို့၊ ကရင်တို့ က အ၀ါရောင်ကို တော်တော်ဝတ်ကြတာ ရှိတယ်။ အဲဒီတော့ တချို့တတွေက သြော် ဒီဥစ္စာကတော့ဖြင့် ပီအေဒီ အဖွဲ့ဆိုပြီး အထင်မှားတာတွေ ဖြစ်လာနိုင်တယ်ပေါ့။ အင်္ကျီနီလည်း ဒီလိုပဲပေါ့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုပြီးတော့ ၀တ်ကြတာကိုး။ အဲဒီမှာ အနီရောင်ဝတ်တဲ့ ပီပီပီ ကို ထောက်ခံတယ်ဆိုပြီး ဖြစ်သွားနိုင်တာပေါ့" ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။ ထို့အတူ မြန်မာများ အနေဖြင့်လည်း ဖြစ်ပွားနေသော ပဋိပက္ခများအကြား ၀င်ရောက် မပါသင့်ကြောင်းကို ဦးခွန်စိုင်းက "တချို့ကျတော့ အလုပ်ထိခိုက်တယ်ဆိုပြီးတော့ စိတ်ဆိုးပြီးတော့ အင်္ကျီဝါတွေဖက်ပါတာ အင်္ကျီနီဖက်တွေ ပါတာတွေ ရှိတာပေါ့နော်။ ကျနော့်အမြင်ကတော့ ဒါတွေ မလုပ်သင့်ဘူး။ ကျနော်တို့က ကျနော်တို့ တိုင်းပြည်မတည်ငြိမ်လို့ သူများ တိုင်းပြည်မှာ လာနေနေရတာ။ သူများ တိုင်းပြည်ပိုပြီး မငြိမ်းချမ်းအောင် လုပ်ပေးသလို ဖြစ်မယ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့ ၂ ဖက်လုံး ကောင်းရာကောင်းကြောင်း ဖြစ်ဖို့ပဲ လုပ်ဖို့ ကောင်းတာပေါ့နော်" ဟု ပြောပြသည်။ ထို့အတူ ထိုင်းဝန်ကြီးချုပ် အပါအ၀င် ထိုင်းအစိုးရ အဖွဲ့အနေဖြင့် လုံခြုံရေးအရ ဘန်ကောက်မှ ချင်းမိုင်သို့ ရောက်ရှိလာပြီးနောက် ချင်းမိုင်မြို့တွင် လုံခြုံရေးများ ပိုမို ချထားလာခြင်းများကြောင့် ချင်းမိုင်မြို့နေ မြန်မာများအတွက် တိုက်ရိုက် သက်ဆိုင်သည် မဟုတ်သော်လည်း အခက်အခဲများ ပိုမို ရှိလာမည် ဖြစ်သည်။ ချင်းမိုင်မြို့နေ မြန်မာသတင်းထောက် တဦးဖြစ်သည့် ကိုအောင်နိုင်က "ချက်ပွိုင့်တွေ ပိုများလာမယ်၊ စစ်တာဆေးတာတွေ များလာမယ် ဆိုရင် တရားမ၀င် နေထိုင်နေတဲ့ မြန်မာတွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ တိုက်ရိုက်ကြီးကတော့ ဗမာတွေကို ဦးတည်ပြီးတော့ အန္တရာယ်ဖြစ်စေမှာတော့ မဟုတ်ဖူးပေါ့" ဟု ပြောသည်။
Wednesday, November 26, 2008
Tuesday, November 25, 2008
Myanmar awards China pipeline rights
Eric Watkins Oil Diplomacy Editor
LOS ANGELES, Nov. 20 -- Myanmar has awarded China the right to manage planned pipelines that will transport crude oil and natural gas from the Bay of Bengal across Myanmar to Kunming in southwestern China. China National Petroleum Corp. will acquire a 50.9% stake in the firm that will build and operate the pipelines, while Myanmar players, including state-run Myanmar Oil & Gas Enterprise, will hold 49.1%.
Under the agreement, Myanmar and China will jointly construct two pipelines, one to transport oil carried by tanker from the Middle East and the other to carry gas obtained from Myanmar's A-1 and A-3 blocks offshore.
A gas collection terminal and a port for oil tankers will be constructed on an island near Kyaukpyu on the Bay of Bengal in western Myanmar.
Mandalay to Kunming The pipelines will extend from Mandalay in central Myanmar; through Lashio in the Myanmar state of Shan and Muse, a town bordering the Chinese province of Yunnan. It will terminate in Kunming.
In addition to Yunnan, analysts said, other areas will benefit from the pipelines: Chongqing municipality, Guangxi Zhuang autonomous region, Sichuan province, and Guizhou province in southwest China.
The source of the gas, offshore Blocks A-1 and A-3 in the bay, will be developed mainly by South Korea's Daewoo Group.
Total estimated project costs amount to $1.5 billion for the oil pipeline and $1.04 billion for the gas pipeline.
Yunnan will start construction in first-half 2009 as part of its plan to spend some $10.55 billion on energy projects next year, according to Mi Dongsheng, head of the province's Provincial Development and Reform Commission.
Malacca Strait bypass The new pipelines will give China better access to Myanmar's resources and will speed deliveries and improve China's energy security by bypassing the congested Malacca Strait, which currently ships most of China's imported crude oil.
The agreement comes amid growing concerns about the safety of shipping through the Malacca Strait, especially following the rise of hijackings and attacks on oil tankers by Somali pirates operating in and around the Gulf of Aden.
"I am sure that a lot of criminals and criminal syndicates in Asia are watching events in Somalia with great interest," said Noel Choong, head of the International Maritime Bureau's piracy reporting center in Kuala Lumpur.
"The Somali pirates are making so much money, and have been facing very low risk, said Choong. "Any time you have an activity that is low risk but with huge rewards, that will encourage criminals."
The Strait of Malacca—located between peninsular Malaysia and the island of Sumatra—is the shortest sea route between Persian Gulf suppliers and the Asian markets, notably China, Japan, South Korea, and the Pacific Rim countries.
According to the US Energy Information Administration, the Strait of Malacca is "the key chokepoint in Asia, with an estimated 15 million b/d flow in 2006." Contact Eric Watkins at hippalus@yahoo.com.

Monday, November 24, 2008
Sunday, November 23, 2008
Thursday, November 20, 2008
မြန်မာပြည်တွင် ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်မှုများခံစားနေရ
မြန်မာပြည်တွင် ခရစ်ယာန်သာသနာ လုပ်ငန်းလုပ်ဆောင်ရာ၌ မြန်မာစစ်အစိုးရမှ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်မပေးဘဲ သာသနာလုပ်ငန်းနှင့် ပတ်သက်၍ ဖိနှိပ်မှုများရှိကြောင်း ကရင်နီပြည်မှ သာသနာ ဆရာများက ပြောသည်။
"မြန်မာအစိုးရကတော့ ခရစ်ယာန်သာသနာကို လုပ်ဖို့ အခွင့်အရေး မပေးပါဘူး၊ ဥပမာ သာသနာနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေပဲဖြစ်ဖြစ်၊ ကလေးတွေ မိဘမဲ့ကလေးတွေကို ပြုစုပျိုးထောင်ချင်တာပဲဖြစ်ဖြစ် အဲတာတွေသူတို့ အခွင့်အရေးမပေးဘူး၊ သူတို့က လုပ်ပိုင်ခွင့် မပေးဘူး၊ သူတို့က ဒီလူမှုဝန်ထမ်း အဖွဲ့ရှိတယ်ပေါ့ အဲဒီအောက်ကနေပဲ လုပ်ကိုင်ရမယ်ဆိုပြီး သူတို့ အဲလိုပြောတယ်၊ ကိုယ့်ဟာကိုယ် လုပ်မယ်ဆိုရင်မရဘူး၊ ၀န်ထမ်းနဲ့ဆက်သွယ်ရင်လည်း ဒီလုပ်ငန်းလုပ်မယ်ဆိုရင် ဘတ်ဂျက်အရင်ပြရတယ်" ဟု တနင်္သာရီတိုင်းတွင် သာသနာပြုခဲ့သည့် သာသနာဆရာဒေးဗစ်က ပြောသည်။
တနင်္သာရီတိုင်း၊ ဓနုဖြူမြို့တွင် သာသနာပြုခဲ့သည့် ဆရာဒေးဗစ်သည် ကရင်နီပြည်မှဖြစ်ပြီး လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ ဧ၀ံဂေလိအသင်းတော်တွင် လုပ်ကိုင်ခဲ့စဉ် ၄င်းတို့ သာသနာလုပ်ငန်းအဖြစ် ဖွင့်လှစ်ထားရှိသည့် မိဘမဲ့ကလေး ဘော်ဒါဆောင်ကိုလည်း ပြီးခဲ့သည့် ၂၀၀၆ခုနှစ်က လုံးဝဖျက်ပစ်လိုက်ရသည်ဟု ဆိုသည်။
အဆိုပါဘော်ဒါဆောင်တွင် ရှားတောခရိုင်အတွင်းရှိ တောင်ပေါ်တောစွန်တောင်ဖျားမှ လာရောက်နေထိုင်သည့် ကလေးများ အနေများပြီး မြို့ပေါ်တွင် ခက်ခက်ခဲခဲ လာရောက်ကျောင်းတက်ကြကြောင်း၊ အစိုးရမှ လာရောက်၍ ကလေးများအား ရွာသို့ပြန်ပို့ခိုင်းပြီး မပို့ပါက ကလေးများအား ပရဟိတကျောင်းတွင် ထားရှိမည်ဟု သူကယခုလိုပြောပြသည်။
"အကြောင်းပြချက်ပေးတာက အဲဒီရပ်ကွက်မှာ ဆူဆူညံညံမလုပ်ရဘူး၊ သဘောက ကလေးတွေရှိတဲ့ အတွက်ကြောင့် ကလေးတွေ သီချင်းတွေဘာတွေဆိုရင် ဆူညံတယ်၊ ဒါကြောင့် ဒီရပ်ကွက်က သူဌေး ရပ်ကွက် ဖြစ်တယ်၊ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တယ် ဒါကြောင့်မို့လို့ ဒီရပ်ကွက်မှာ ဘယ်သူက တရားဝင်ခွင့်ပြုထားတာလည်းလို့ ပြောတယ်၊ ကလေးတွေကို သူတို့ရွာပြန်ပို့လိုက်ပါ။ မပို့ရင် ကလေးတွေအားလုံးကို သူတို့ရဲ့ ပရဟိတကျောင်းထဲကို ထည့်မယ်လို့ပြောတယ်၊ အဲဒါကြောင့်မို့ ကလေးတွေအားလုံးကို နေရာရွေ့ထားရတယ်" ဟု ပြောသည်။
မြန်မာစစ်အစိုးရက မိဘမဲ့ကလေးဘော်ဒါဆောင် ဖွင့်သည်သာမက အခြားသာသနာလုပ်ငန်းနှင့် သက်ဆိုင်သည့် ၃လ၊ ၆လ ကျမ်းစာသင်တန်းများ ဖွင့်ခြင်းကိုလည်း ပိတ်ပင်သည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၇ခုနှစ်တွင် ရန်ကုန်၊ မြောက်ဥက္ကလာပတွင် ကျမ်းစာသင်တန်းဖွင့်လှစ်ရာ သင်တန်းသူ/သား အယောက်၄၀ အဖမ်းခံခဲ့ရပြီး ၂ပတ် ထောင်ဒဏ်ကျခံခဲ့ရသည်ဟု ဆိုပါသည်။
အလားတူ ရှားတောနှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် သာသနာပြုခဲ့သည့် သင်းအုပ်ဆရာစတီဗင်ကလည်း စစ်တပ်မှ ဘုရားကျောင်းကို လာရောက်ဖျက်ဆီးခဲ့ပြီး ၎င်းအားလည်း ဖမ်းဆီးချုပ်နှောင်ခဲ့သည်ဟု Christian Freedom International အဖွဲ့အား ပြောဆိုခဲ့ကြောင်း အဖွဲ့၏ သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
"ကျနော်ပထမဆုံး သာသနာပြုခဲ့တဲ့ ဘုရားကျောင်း ဖြစ်တဲ့ ရှားတောနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှာ လူ ၂၅၀ ကျော်ရှိတယ် ဒါပေမယ့် မြန်မာစစ်တပ်တွေလာပြီးတာ့ ဖျက်ဆီးခဲ့တယ်၊ အဲတာ ၁၉၉၉ ခုနှစ်တုန်းကဖြစ်တာ စစ်တပ်တွေက ရွာသားတွေရဲ့အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်၊ တုတ်တွေ၊ ပုဆိန်တွေနဲ့ လာပြီးတော့ ဖျက်ဆီးခဲ့တယ်၊ စစ်တပ်က ကျနော့်ကို သူတို့စစ်တပ်ရုံးမှာ ခေါ်သွားပြီး ဖမ်းချုပ်ထားတယ်၊ သူတို့က ကျနော့်ကို အခန်းကျဉ်းလေးထဲမှာ လေးလလောက် နေအိမ်အကျယ်ချုပ်အဖြစ် ထားထားတယ်၊ ကျနော့်မိသားစုတွေနဲ့လည်း ကျနော်အဆက် အသွယ်မရခဲ့ဘူး" ဟု ဆရာစတီဗင်က ပြောသည်။
ဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်အပြီး ဆရာစတီဗင်သည် ဒေါတလေးရွာသို့ ပြောင်းရွေ့သာသနာပြုခဲ့ကြောင်း ထိုအချိန်တွင် မြန်မာစစ်တပ်မှ မည်သည့်အကြောင်းပြချက်မှမပေးဘဲ တရွာလုံးကို တပတ်အတွင်းပြောင်းရွေ့ခိုင်းပြီး ဘုရားကျောင်းအား မီးရှို့ခဲ့၍ ယခုတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရွာသားများ ရောက်ရှိကုန်ကြခြင်းဖြစ်သည်ဟု သူကပြောသည်။ ဆရာစတီဗင်သည်လည်း သူ့ဘ၀အတွက် လုံခြုံမှုမရှိတော့၍ တနေရာပြီးတနေရာ ပြောင်းရွေ့နေထိုင်ရသည်ဟု ပြောသည်။
ခရစ်ယာန်သာသနာဆရာများ ပြောပြချက်အရ မြန်မာစစ်ခေါင်းဆောင်ပိုင်းတွင် အများအားဖြင့် ခရစ်ယာန် ဘာသာဝင်များမဟုတ်ကြကြောင်း ၎င်းတို့က ခရစ်ယာန်ဘာသာအယူအဆများကို အနောက်တိုင်း ယဉ်ကျေးမှု အယူအဆများသာဖြစ်သည်ဟု မြင်ကြကြောင်း၊ အဆိုပါ အယူအဆများကြောင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးသွားမည်ကို စိုးရိမ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"အဖိနှိပ်ခံရတာကတော့ ပြည်နယ်နဲ့တိုင်းအားလုံးပါပဲ ကျနော်တို့ လုပ်ဖော်ဆောင်ဖက် တွေအားလုံးလိုလိုက ပြည်နယ်အနှံ့မှာရှိတယ်၊ ဥပမာ ကျနော့် လုပ်ဖော်ဆောင်ဖက် တယောက်ဆိုရင် ဒီမိုင်းချတ် (ကျိုင်းတုံ)နားမှာ သူလည်းကျနော့်လိုပဲ ကလေးလုပ်ငန်းလုပ်တယ်၊ ဒါပေမယ့်သူလည်း အဲဒီလိုပဲ အစိုးရတွေက လာဖျက်ခိုင်းတာပဲ ဆိုတော့ နေရာအနှံ့မှာကတော့ အတူတူပါပဲ။ ဘုရားကလူတွေကို လွတ်လပ်စွာရွေးချယ်ပိုင် ခွင့်ပေးထားတယ်၊ ဘုရားကလူကို ပေးထားတဲ့ အခွင့်အရေးဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီအခွင့်အရေးတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူတွေကိုခံစားစေချင်တယ်ပေါ့၊ ခက်တာက လက်ရှိကျနော်တို့ အစိုးရက အဲဒါတွေကို နားမလည်ဘူးလေ၊ နားမလည်ပဲနဲ့ သူတို့နည်းနဲ့ပဲ သူတို့လုပ်နေတော့ ပြောရမယ်ဆိုရင်တော့ လူဖြစ်ရတာ ဖြစ်ရကျိုးမနပ်ဘူးပေါ့" ဟု သာသနာဆရာ ဒေးဗစ်က ပြောပါသည်။

Wednesday, November 19, 2008
Tuesday, November 18, 2008
A Moment of Nothingness by Min Ko Naing
Posted by AdminE on August 24, 2008
Being a dragon - evolving from having been a snake,However there is no dragon crest to raise high.
Having imprinted configurations
On ones’ palms,
Yet there is no sign of luck to be proud of.
Everybody enters the race in the river
through their own preparation,
However, when one meets the waterfull unexpectedly,
Some ‘free-riders’ downstream scream in shock,
And some struggling upstream against the tide finally become helpless.
Numbers are increasing year after year,
However, there is no actual age to show people.
It could be still be called a life
Because we are still living and struggling,
However, there is no actual meaning to express.
Min Ko Naing (wrote in Sittwe Prison)- Smuggled out of jail by another political prisoner.Posted under Literature

လမ်းမပေါ်က ဇရာအိုများ
Monday, 17 November 2008 18:24
အောင်သက်ဝိုင်း
ရန်ကုန်မြို့၏ တရုတ်တန်းဟု အများက သတ်မှတ် ခေါ်ဆိုကြသည့် လသာမြို့နယ် မဟာဗန္ဓုလ ကားလမ်းမကြီး ဘေးတလျှောက်တွင် ညနေခင်းအချိန် ဖြစ်သောကြောင့် ကြေးအိုး ဆီချက် ခေါက်ဆွဲဆိုင်များ၊လမ်းဘေး မုန့်ဆိုင် များ၊ အထည်ဆိုင်လေးများ၊ ရာပေါင်းများစွာသောဈေးသည်များ၊ လာရောက်စားသောက်ကြသူများနှင့် ဈေးဝယ် သူ များပြည့်နှက်နေသည်။

ရန်ကုန်မြို့ တနေရာတွင် တ၀မ်းတခါးအတွက် တောင်းရမ်း နေရသော အဘိုးအို နှင့် အဘွားအို (ဓာတ်ပုံ - အောင်သက်ဝိုင်း)ရှုပ်ယှက်ခတ်နေသည့်လူအုပ်ထဲတွင် ရွှေပေါက္ကံမြို့နယ် ဆင်ဖုံကျေးရွာမှအသက်၇၈ နှစ်အရွယ် ဒေါ်အုန်းမြင့် ဆိုသည့်အမယ်အိုကြီး တဦးလည်းအပါအ၀င်ဖြစ်ပြီး သူမသည် တုန်တုန်ယင်ယင်နှင့် တလှမ်းချင်း လျှောက်လှမ်း နေသည်။ အမယ်အိုသည်ညစ်ထေးစုတ်ပြတ်နေသည့် အ၀တ်အစားကိုဝတ်ဆင်ထားပြီး သေးကွေးကြုံလှီလှသောသူမ၏ကိုယ်ခန္ဓာမှာ လူအများကြားတွင် တရွေ့ရွေ့ ရွေ့လျားနေသည်။ သူမ၏လက်တဘက်တွင်ကား သေးငယ် လှသည့် နှီးဖာစုတ်လေးတခုကို ကိုင်ရင်းနှုတ်ကလည်း တစုံတခုကို တတွတ်တွတ်ရွတ်ဆိုလျက်ရှိသည်။အမယ်အို၏နှုတ်ခမ်းဆီက တိုးတိုးသဲ့သဲ့ တုန်ရီစွာထွက်ပေါ်လာသည့်အသံမှာ“သားလေးတို့ သမီးလေးတို့ရယ် ထမင်းဖိုးလေး၊ ဟင်းဖိုးလေးများ သနားပါ”ဆိုသည့်အသံပင်။ သူမ၏ နှီးဖာစုတ်လေးထဲတွင် ဟောင်းနွမ်း စုတ် ပြတ်နေသည့် ၁၀ တန်၊၂၀ တန် နှင့် ၅၀ ကျပ်တန်ငွေအကြွေ စက္ကူလေးများက ဖရိုဖရဲ။“အဘွားနေတဲ့အိမ်ကလေးက လေတွေတိုက်တုန်းက ပြိုသွားတယ်၊ အဘွားကတကောင်ကြွက်၊ အရင်တုန်း က ဈေးရောင်းတယ်၊ အသက်ကြီးလာတော့ ဈေးမရောင်းနိုင်တော့ဘူး၊ လေတိုက်လို့ပြိုသွားတဲ့အိမ်က ပြန်မဆောက် နိုင်တော့ သူများအိမ်မှာ ကပ်နေရတယ်”ဟု အမယ်အိုကလေသံအေးအေးနှင့်ရှင်းပြသည်။၂၀၀၈ ခုနစ်မေလဆန်းပိုင်း မြန်မာနိုင်ငံတွင်ဝင်ရောက်တိုက်ခတ်သည့် နာဂစ်မုန်တိုင်းကြောင့်နေအိမ်ပျက်စီး သွားပြီး ကယ်ကူသူမဲ့မုန်တိုင်းသင့်ဒုက္ခသည်တဦးဖြစ်နေရသော ဒေါ်အုန်းမြင့်မှာဆွေမျိုးအထောက်အပံ့မရှိ ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အို အမယ်အိုကြီးတဦး ဆိုလျှင်လည်းမမှားနိုင်ပေ။ဒေါ်အုန်းမြင့်ကဲ့သို့ ကယ်သူမရှိ ခိုကိုးရာမဲ့ ဖြစ်နေသည့် သက်ကြီးရွယ်အိုအမြောက်အမြား ရန်ကုန်မြို့တော်၏ လမ်းမကြီးများပေါ်တွင်သာမကတခြားမြို့ပြဒေသကြီးများတွင်လည်း အရေအတွက်များစွာဖြင့် ရှိလာပါသည်။မြန်မာ့ရိုးရာထုံးတမ်းစဉ်လာအရ မိဘဘိုးဘွားများ အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့်လာသောအခါ သားသမီး မြေးမြစ်များကပြန်လည်ပြုစုစောင့်ရှောက်ကြလေ့ရှိပြီး သားသမီးဆွေမျိုးအထောက်အပံ့မရှိခဲ့ပါက ရပ်ရွာလူ့ အဖွဲ့ အစည်းက အဘိုးအဘွားနှင့် သက်ကြီးရွယ်အိုများကိုစားဝတ်နေရေးလိုလေသေးမရှိ ထောက်ပံ့ ကူညီကြလေ့ ရှိခြင်းသည် ယဉ်ကျေးပျူငှာသောမြန်မာ့ဓလေ့စရိုက်အဖြစ် နှစ်ပေါင်းများစွာတည်တံ့နေလာခဲ့သည်။သို့ရာတွင် စီးပွာရေးကြပ်တည်းပြီး အလုပ်အကိုင်ရှားပါးကာ စားဝတ်နေရေးအတွက် ကြုံရာကျပန်း ရုန်းကန် လုပ်ကိုင် စားသောက်ရသည့် စစ်အစိုးရလက်ထက်တွင်မူ ထိုယဉ်ကျေးပျူငှာသော မြန်မာ့ဓလေ့များကွယ်ပျောက် ကာ သက်ကြီးရွယ်အိုဘိုးဘွားများမှာလည်း ထောက်ပံ့ကျွေးမွေးပြုစုစောင့်ရှောက်မည့်သူမရှိကြုံရာကျပန်း အလုပ် ကြမ်းများ လုပ်ကိုင်စားသောက်ရင်း လမ်းမများပေါ်တွင်လေလွင့်တောင်းရမ်းစား သောက်ရသည့် အခြေ အနေသို့ ဆိုက်ရောက်သွားတော့သည်။ပူပြင်းလှသည့် နေ့လယ်အချိန် ရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ကတ္တရာလမ်းမကြီးပေါ်တွင် သက်ကြီးရွယ်အို ဘိုးဘွားစုံတွဲတတွဲ အမိုးအကာမရှိငုတ်တုတ်ထိုင်နေသည်။အမယ်အိုနှင့် အဘိုးအိုမှာ အပူရှိန်ကြောင့် ပင်ပန်းနွမ်းနေသည့်အပြင် သူတို့၏အရိုးပေါ်အရေတင် ပုံစံက ဇရာကြောင့် ပိန်လှီခြင်းထက် အာဟာရမပြည့်ဝခြင်းကြောင့် ပိန်လှီနေသည့်ပုံစံပေါက်နေသည်။သူတို့၏အရှေ့တွင် အညိုရောင် ယောဂီ အ၀တ်ခေါက်လေး တခုရှိနေပြီးအဆိုပါအ၀တ်ခေါက်ပုံလေးပေါ်တွင် ငွေစက္ကူလေးများက တွန့်ကြေလိမ်ခေါက်စွာရှိနေသည်။ အမယ်အိုနှင့် အဘိုးအိုကား ဒေါ်အုန်းမြင့်ကဲ့သို့ပင် တောင်းရမ်းစားသောက်နေရသူများပင် ဖြစ်သည်။
ယောဂီ တဘက် ၊ ယောဂီ လုံချည် လေးများဖြင့် တောင်းရမ်းနေသော အဘွားအို နှစ်ဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)“အမေတို့မှာသား ၂ ယောက်ရှိတယ်၊ ၂ ယောက်စလုံး ဆုံးသွားပြီ၊ သားအငယ်က စစ်သား၊ ၈၈ မတိုင်မီ အသက် ၂၀ အရွယ် မိုင်းဆတ်မှာ တိုက်ပွဲကျတယ်။ သားအကြီးကလည်း စက်ရုံဝန်ထမ်း စက်ညပ်ပြီး ဆုံးတယ်”ဟု ဒေါ်မြစိန် ဆိုသည့် အသက် ၇၀ ကျော်အရွယ် အမယ်အိုကပြောသည်။ဒေါ်မြစိန်၏ခင်ပွန်းဖြစ်သူ အဘိုးအိုမှာ လေသင်တုန်းဖြတ်မှုကြောင့် ကိုယ်ခန္ဓာလှုပ်ရှားမှုနှေးကွေးနေပြီး စကား လည်း မပြောနိုင်တော့ကြောင်း အမယ်အိုက ရှင်းပြသည်။“ဆွေမျိုးတွေရှိပေမယ့် ကိုယ်လိုသူလို မရှိဆင်းရဲသားဆိုတော့ တယောက်ကိုတယောက်မကူညီနိုင်ကြဘူး၊ နေတာက အင်းစိန်မှာ”ဟု ဒေါ်မြစိန်ကသူတို့၏ဘ၀အကြောင်း ခပ်တိုတိုပြောပြသည်။မြန်မာနိုင်ငံ၏လမ်းမကြီးများပေါ်တွင် ရောက်ရှိ တောင်းရမ်းစားသောက်နေရသည့် သက်ကြီးရွယ်အိုများတွင် မျက်စိကွယ်နေသူများ၊ လေဖြတ်နေသူများနှင့် ကျန်းမာရေးမကောင်းသော အဘိုးအို၊ အဘွားအိုများပါဝင်ပြီး ဘ၀၏နောက်ဆုံး နေ၀င်ချိန်များကိုလမ်းများပေါ်တွင် ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေရကြောင်း ပြည်တွင်း လူမှုရေးဆိုင်ရာNGO တခုမှ နာမည်ကြီး စာရေးဆရာတဦးကပြောသည်။“လမ်းမတွေမှာ အလှူခံလှည့်လည်နေတဲ့ ဂီလာနသက်ကြီးရွယ်အို အဘိုးအဘွားတွေ များလာတာကို သတိ ထား မိတယ်၊ သိရသလောက် အများစုကတော့ စီးပွားရေးမပြေလည်လို့ဒီလိုဖြစ်လာကြတာ၊ တချို့ဆိုရင် သားသမီး ရှိပင်သော်ငြား စီးပွားရေးက လုံးဝအဆင်မပြေတော့ မိဘကိုတောင် မကျွေးမွေးနိုင်ဘူး၊ အဲဒီတော့ သက်ကြီး ရွယ်အိုတွေလည်း လမ်းပေါ်ရောက်လာကြရတယ်” ဟု အဆိုပါစာရေးဆရာကဆိုသည်။စစ်အစိုးရလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် ဘိုးဘွားဦးရေ ၄.၇ သန်းရှိကြောင်းသိရသည်။မြန်မာနိုင်ငံ၌ လမ်းမများတွင်တောင်းရမ်း စားသောက်နေရသည့် ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ ဆင်းရဲမှုကြောင့် ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရသော ဇရာအရွယ် ဘိုးဘွားများ သောင်းဂဏန်းများစွာရှိနိုင်ကြောင်းလည်းရန်ကုန်မြို့ခံများ၏အဆိုအရ သိရှိရသည်။“ဈေးတွေမှာ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အဘွားအိုတွေ၊ အမှိုက်သိမ်းတဲ့ အဘွားကြီးတွေ တော်တော်များများ ရှိလာတယ်၊ လမ်းတွေပေါ်မှာ ခေါင်းရွက်ဗျပ်ထိုးရောင်းနေတဲ့ ဈေးသည် အဘွားအိုတွေ နေရာတော်တော် များများမှာ တွေ့လာရတယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကပြောကြားသည်။လမ်းမပေါ်ရောက်သက်ကြီးရွယ်အိုများနှင့် ဆင်းရဲပင်ပန်းစွာလုပ်ကိုင်စားသောက်နေရသော ဇရာ အရွယ်အို နိုင်ငံသားများကို ပြုစုစောင့်ရှောက်ရန် တာဝန်အပြည့်အ၀ရှိသူမှာ အုပ်ချူပ်သူအစိုးရပင် ဖြစ်လင့်ကစားလက်ရှိမြန်မာနိုင်ငံကို အုပ်ချူပ်နေသော စစ်အစိုးရမှာ ထိုတာဝန်များကို ပျက်ကွက်နေကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။“သက်ကြီးရွယ်အိုတွေဆိုတာ Senior Citizen တွေပဲ၊ ဒီ လူတွေကိုပြုစုစောင့်ရှောက်ဖို့ တာဝန်အရှိဆုံးသူဟာ နိုင်ငံအုပ်ချူပ်တဲ့ အစိုးရပဲ၊ Senior Citizen တွေ လမ်းပေါ်ရောက်ကုန်တယ်၊ ပင်ပင်ပန်းပန်းနဲ့ နေ၀င်ချိန်ကို ကုန်ဆုံးရတယ်ဆိုရင် တာဝန်အရှိဆုံးသူက အစိုးရပဲ”ဟု အဆိုပါသတင်းစာဆရာကပြောသည်။စစ်အစိုးရအနေဖြင့် သာမန်အရပ်သား သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်မှု မပေးနိုင်ရုံမက အစိုးရ၀န်ထမ်း အငြိမ်းစားသက်ကြီးရွယ်အိုများ၏နောက်ဆုံးဘ၀နေ၀င်ချိန်များကိုပင် အာမခံချက် မပေးနိုင်ဘဲ ခက်ခဲပင်ပန်း ဆင်းရဲစွာကုန်ဆုံးစေသည့်အခြေအနေတွင် ရှိကြောင်း အငြိမ်းစားဝန်ထမ်းများ ကပြောသည်။“အဘက စက်မှု ၁ အထည်အလိပ်စက်ရုံမှာလုပ်ခဲ့တာ၊ ၁၉၉၂ ခုနစ်မှာဆေးလက်မှတ်နဲ့ အငြိမ်းစားယူတယ်၊ အဘအခု တလကို ပင်စင်လစာ တလ ၇၆၈ ကျပ်ရတယ်”ဟု လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတခုတွင် ညစောင့် လုံခြုံရေးဝင်ရောက်လုပ်ကိုင်နေသည့် အသက် ၇၀ ကျော်အရွယ် အဘိုးအိုတဦးကပြောပြသည်။တပ်မတော်လေတွင် အရာခံဗိုလ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၆၃ နှစ်အရွယ် အငြိမ်းစားအရာရှိ တဦးကလည်း သာမန်အောက်ခြေအဆင့် အစိုးရ၀န်ထမ်းများ သက်ပြည့်အငြိမ်းစားယူရသောအခါ စားဝတ် နေရေးအလွန်ကြပ်တည်းပြီး အေးချမ်းစွာအနားမယူနိုင်ဘဲ ရရာအလုပ်လုပ်ကိုင်ရလေ့ရှိကြောင်း ပြောပြသည်။“အောက်ခြေအစိုးရ၀န်ထမ်းတွေက တာဝန်ထမ်းဆောင်ချိန်တုန်းကလည်း စားဝတ်နေရေး အရမ်းကြပ်တည်း ခဲ့တယ်၊ ဒါပေမယ့် ၀န်ထမ်းဖြစ်နေတုန်းကတော့လိုတဲ့ငွေ ဟိုကလှည့်၊ ဒီကလှည့်နဲ့ အဆင်ပြေအောင် ဖန်တီး လို့ရသေးတယ်၊ အငြိမ်းစားယူတဲ့ အချိန်ကျတော့ ငွေဝင်ပေါက်မရှိတော့ မဖြစ်မနေ အလုပ်ထွက်လုပ်ကိုလုပ်ရ တယ်”ဟုအဆိုပါ အငြိမ်းစားအရာရှိကပြောသည်။
ကိုယ့်ဝမ်းပူဆာ မနေသာတော့လည်း လမ်းမပေါ်တွင်ပင် ဈေးတောင်းချ ရောင်းနေရသော ဇရာအို အဘွား တဦး (ဓာတ်ပုံ - အောင်သက်ဝိုင်း)တပ်မတော်တွင် နှစ်ပေါင်း ၆၀ နီးပါးတာဝန်ထမ်းဆောင်ပြီး အရာခံဗိုလ်ဖြစ်ခဲ့သည့် တိုင်အောင် အငြိမ်းစားယူ သောအခါ ပင်စင်လစာ တလ ၇၀၀၀ ကျပ် သာရရှိကြောင်း ၄င်းကဆိုပါသည်။“တလ ၇၀၀၀ ဘယ်လိုမှမလောက်ဘူး၊ ၇၀၀၀ ဆိုတဲ့ ငွေက ဒီခေတ်မှာ ဘာဆိုဘာမှ မဟုတ်တော့ဘူး” ဟု ထိုတပ်မတော်အငြိမ်းစားအရာရှိက ညည်းတွားသည်။စစ်အစိုးရအနေဖြင့် သာမန်အရပ်သားသက်ကြီးရွယ်အိုများနှင့် အစိုးရ၀န်ထမ်း အငြိမ်းစားဇရာအရွယ်ရောက် အဘိုးအဘွားများကိုအမှန်တကယ် ပြုစုစောင့်ရှောက်ရန် ပျက်ကွက်နေသော်ငြား အဘိုးအဘွားများ အရေး ဆောင်ရွက်နေကြောင်း နှုတ်ကတိပေး ဟန်လုပ်ပြောကြားမှု ရှိနေပါသည်။လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်က မြန်မာတနိုင်ငံလုံးရှိ အဘိုးအဘွားများကို အိမ်တိုင်ရာရောက်ပြုစုရှောက်ပြီး ကူညီ မည်ဖြစ်ကြောင်း၊ ထိုသို့ကူညီခြင်းကို ကုလသမဂ္ဂနှင့်အတူ ရေရှည်စီမံကိန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။“ဘိုးဘွားတွေထဲမှာ ဆင်းရဲတဲ့သူတွေ၊ အထီးကျန်တဲ့သူတွေ၊ ၀င်ငွေပုံမှန်မရှိတဲ့သူတွေ စတဲ့သက်ကြီးရွယ်အိုတွေ ကို အဓိကဦးစားပေးအနေနဲ့ ကူညီစောင့်ရှောက်သွားမှာဖြစ်တယ်”ဟု ဦးအောင်ထွန်းခိုင်က ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ်တခုတွင်ပြောကြားသည်။အစိုးရ၏ပျက်ကွက်နေသော သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများကို မြန်မာပြည်သူလူထု တရပ်လုံးအနေနှင့် တာဝန်ယူပူးပေါင်းဆောင်ရွက်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းထောက် တဦးက သုံးသပ်သည်။“တာဝန်အရှိဆုံးအစိုးရတောင် ဘာမှမလုပ်ဘူး၊ ကျူပ်တို့ပြည်သူက ဘာအရေးစိုက်စရာလိုသလဲဆိုပြီး အဘိုး အဘွား တွေကို ပစ်ထားလိုက်မယ်ဆိုရင် ဒီဘိုးဘွားတွေရဲ့ဘ၀ဆည်းဆာချိန်တွေက လမ်းတွေပေါ်မှာဖြစ်သလိုကုန်ဆုံးသွားမှာပါ၊ ပြည်သူတဦးချင်းစီကအစ အားလုံးဝိုင်း လုပ်ကြဖို့အရေးကြီးတယ်”ဟု ထိုသတင်းသမားက ပြောဆိုသည်။ပြည်တွင်းNGO တခုမှ စာရေးဆရာမတဦးကမူ ပြည်သူများအချင်းချင်းစုပေါင်းစနစ်ဖြင့် တနိုင်တပိုင် ဘိုးဘွား ရိပ်သာလေးများ ထူထောင်သင့်ကြောင်း အကြံပြုသည်။“တတ်နိုင်သလောက် ရှိတဲ့အင်အားလေးနဲ့ ၀ိုင်းလုပ်ကြမယ်ဆိုရင် ဘိုးဘွားတွေအတွက် အများကြီးကောင်း လာမယ်”ဟု ၄င်းကပြောသည်။စစ်အစိုးရ လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုးချူပ် ဦးအောင်ထွန်းခိုင်၏အဆိုအရ မြန်မာ တနိုင်ငံလုံးတွင် ဘိုးဘွားရိပ်သာ ၅၉ ခုရှိပြီး ထိုဘိုးဘွားရိပ်သာများတွင် ပြုစုစောင့်ရှောက်ထားသည့် အဘိုးအဘွားအရေအတွက်မှာ ၂၀၀၀ ကျော်သာရှိကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)