သမိုင်းသုတေသီပညာရှင် စောအောင်လှ ရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် (စကောကရင်ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)မှ ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။
ကုရင်လူမျိုးတို့ သည် "အူကရိုအဲလ်တက်" ကနေစ၍ ဆင်းလာရာ တဆင့်ပြီးတဆင့် ဗမာပြည်သို့ ရောက်ရှိလာကြသည်အထိ ၎င်းတို့ နှင့် အတူ နှစ်လိုဖွယ်ရာကောင်းသည့် ထုံးတမ်းဓလေ့များကိုပါ ယူဆောင်လာခဲ့ကြသည်။ ပထမဦးဆုံး ၎င်းတို့ သည် မွန်ဂိုလီးယားနိုင်ငံတွင် နေထိုင်ခဲ့ကြသည်။ ထိုနေရာမှာ ဧရာဝတီမြစ်ဖျား၏ အထက်ပိုင်းအရပ်တွင် ရှိလေသည်။ ထိုနေရာမှစပြီး အချို့ ကုရင်များမှာ ဧရာဝတီမြစ် အတိုင်း ဆင်းလာကြပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည်။ အချို့ မှာ ဧရာဝတီမြစ်ဝအထိရောက်ရှိကာ မြေပြန့် ဒေသတွင် နေထိုင်ခဲ့ကြသည်။ တနည်းအားဖြင့် BC ၁၁၃၄ နှင့် BC ၁၁၂၂ အကြားရှိနှစ်များအတွင်း ဗမာပြည်အတွင်းသို့ ဝင်ရောက်လာသောအခါ ၎င်းတို့ သည် အုပ်စုများအဖြစ် ဖွဲ့ ပြီးလူစုခွဲကြလေသည်။ အုပ်စုတစ်စုအတွင်းတွင် အဖွဲ့ တစ်ဖွဲ့ စီမကရှိပြီး ဤအဖွဲ့ မှာ အခြေချနေထိုင်နိုင် ရေးအတွက် နေရာကောင်းများကိုရှာဖွေရန် တာဝန်ယူကြရသည်။ ၎င်းတို့ သည် အကွက်အကွင်း
ကောင်းသည့်နေရာများကို ရွေးချယ်ကြ ပြီး အိုးအိမ်များဆောက်ကာ ရပ်ရွာများတည်ကြလေသည်။ ဤသို့ အားဖြင့် တစ်ရွာပြီးတစ်ရွာတည်ကြလေသည်။ ရွာတစ်ရွာတည်ပြီးလျှင် ဤရွာတွင် လုပ်ကိုင်စားသောက်
နိုင်ရန်အတွက် ရွာနီးပတ်ဝန်းကျင်ရှိ မြေများကို ယူထားကြလေသည်။ ဤသည်မှာ တည်ဆောက်လိုက် သည့်ရွာတိုင်းအတွက် ပြုလုပ်ခြင်းဖြစ်သည်။အိမ်များကိုဆောက်လုပ်ရာတွင် တိုင်များအဖြစ်သစ်ပင်ပျိုးများကို အသုံးပြုသည်။ အချို့ မှာ "၀ါးပိုး" ၀ါးများကို အသုံးပြုသည်လည်း ရှိသည်။ ထိုနည်းတူစွာ အခင်းများကို တင်ရန်အတွက် ဆင့်များကိုလည်း အချို့ က သစ်ပင်ပျိုများ (သို့ ) ၀ါးပိုးဝါးများကိုသာ အသုံးပြုကြ သည်။ အမိုးအတွက်ကိုမူ အချို့ ကသက်ငယ်ကိုသုံးပြီး အချို့ ကအင်ဖက်ကို အသုံးပြုကြလေသည်။ ဓနိရွက်ကိုလည်း သုံးကြပါသည်။ ၀ါး ခြမ်းဖြင့်အိမ်ကို မိုးသည်များလည်းရှိသည်။ ၎င်းတို့ နေထိုင်သည့်အရပ်တွင် မည်သည့်ပစ္စည်းက ပေါနေသည့်အပေါ်မူတည်ပြီး အသုံးပြု ကြခြင်းဖြစ်သည်။ သက်ငယ်ပေါသည့်အရပ်တွင် အိမ်ကိုသက်ငယ်ဖြင့် မိုးလေသည်။ ဓနိပေါသောနေရာတွင် ဓနိရွက်ကိုအများအားဖြင့် အိမ်မိုးရန် အသုံးပြုကြလေသည်။ အချို့ ရွာများသည် အိမ်ခြေများ၏။ အချို့ ရွာများမှာမူ အိမ်အနည်းငယ်သာ ရှိသည်။ ရွာတိုင်းနာမည်အသီးသီးပေးထားသည်။ ရွာ၏နာမည် များကို ဤရွာထဲတွင် နေထိုင်ခဲ့ကြသည့် ဆွေမျိုးအုပ်စုတို့ ၏အကြီးအကဲနာမည်များကို အမှတ်အသားပြုပြီး မှည့်ပေးလေရှိသည်။ တခါတရံ ရွာအနီးရှိစမ်း
ချောင်းလေး၏နာမည်ကို အမှတ်အသားပြု၍ မှည့်ခေါ်သည်များလည်းရှိသည်။ တခါတရံ သစ်တောအုပ်၏
အမည် ဖြင့်ဖြစ်စေ၊ တွေ့ ရှိရသည့် နေရာတစ်ခုခု၏အမှတ်အသားဖြင့်ဖြစ်စေ၊ ၎င်းတို့ ၏ကျေးရွာများ၏ အမည်များကို မှည့်ခေါ်လေ့ရှိသည်။ ဤကဲ့သို့ အမည်များမှည့်ခေါ်ခြင်းမှာ ၎င်းတို့ ၏ဓလေ့ထုံးစံပင်ဖြစ်သည်။ ရွာ၏ပတ်လည်ကိုလည်း ၀ါးချွန်များ (သို့ ) သစ်တုံးချွန်များအား စိုက်ထူကာရံထားကြလေသည်။ ဤကဲ့သို့ ကာရံထားရုံမက ဤအကာအရံ၏အပြင်ပတ်ပတ်လည်တွင် တခါခြံစည်းရိုးတလျှောက် မြောင်း များကိုတူကြသည်။ မြောင်းများမှာ ကျယ်လည်းကျယ်သည်၊ နက်လည်းနက်ပေသည်။ အနည်းဆုံးအကျယ်မှာ "၈" တောင်ရှိသည်။ အနက်မှာမူ "၆" တောင်ရှိသည်။ ရွာ၏အ၀င်အထွက် တံခါးမဂိတ်ပေါက်မှာ နှစ်ပေါက်
သာထားရှိသည်။ ရွာဦးတွင်တစ်ပေါက်နှင့် ရွအနောက်ဖက်တွင် ထွက်ပေါက်တစ်ပေါက်ဟူ၍ပင်ဖြစ်သည်။
ရွာထဲသို့ ဝင်ရန်နှင့်ထွက်ရန်အတွက် လမ်းများမထားရှိချေ။ မြောင်းအား ဖြတ်ကျော်ရန်အတွက် မတ်တင်
နိုင်သည့်တံတားကို ဆောက်လုပ်ထားသည်။ ရန်သူဖြစ်စေ၊ သားရဲတိရစ္ဆာန်များဖြစ်စေ ရောက်ရှိလာပါက ဤတံတားကို ဖယ်ရှားလိုက်ကြသည်။ ဤနည်းဖြင့် ၎င်းတို့ သည် အကာအကွယ်စည်းဝိုင်းအတွင်းလုံခြုံစိတ်ချစွာ ဘေးရန်အပေါင်းမှ ကင်းဝေးအောင် ပြုလုပ်ထားခြင်းဖြစ်သည်။ ရွာတိုင်းတွင် ရွာသူကြီးနှင့်တကွ ရွာသူကြီးကိုကူညီသည့် ရွာလက်ထောက်လူကြီးများ အသီး သီးထားရှိလေသည်။ ဤအကြီးအကဲပုဂ္ဂိုလ်များသည် ရွာသူရွာသားများကို ဘေးရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ကာကွယ်စောင့် ရှောက်ပါမည်ဟု သံဓိဌာန်ချပြီး တာဝန်ကို လက်ခံယူရသည် ဖြစ်သည်။
Friday, December 19, 2008
Thursday, December 18, 2008
ကုရင်လူမျိုးတွင် တိုင်းပြည်ရှိခဲ့ပုံ
သမိုင်းသုတေသီပညာရှင် စောအောင်လှရေးသားထားသော ကရင့်ရာဇ၀င်သမိုင်းစာအုပ် စကောကရင်
ဘာသာမှ မြန်မာဘာသာပြန်ထားသည့်စာအုပ်)မှ ပြန်လည်ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။အောက်ပါ
ကဗျာ (ထား) သည် ရှေးကုရင်လူကြီးများ ကုရင်များတွင် တိုင်းပြည်ရှိခဲ့ပုံအကြောင်းကို ဖွဲ့ ဆိုထားခဲ့ခြင်း ဖြစ်သည်။

အထက်ပါကဗျာ (ထား)မှာ ကုရင်လူမျိုးတွင် တိုင်းပြည်အမှန်တကယ် ရှိခဲ့သလားဟူ၍ မေးထားပြီး၊ မည်သည့်
နေရာတွင် ရှိခဲ့ပုံ အကြောင်းကို ဖြေဆိုထားခြင်းဖြစ်သည်။ မေးခွန်း၏အဖြေမှာ ရှေးလူကြီးသူမများ အပြည့်အ
စုံပြောထားခဲ့ပြီး ဖြစ်သည်။ ဤပြောဆို ခဲ့သည့်စကားများကို တစ်ခေတ်ပြီးတစ်ခေတ်။ နောင်လာနောက်သား
များကို ပြောပြကြရသည်။ ကျွန်ုပ်တို့ လူမျိုးတွင် သာယာဝပြောသည့် တိုင်းပြည်အမှန်ရှိခဲ့ပုံနှင့် မည်သည့်နေ
ရာများတွင် ရှိခဲ့သည်ကို ဖေါ်ပြထားသည်။ ဤတိုင်းပြည်သည် သဲကန္တရရှိပြီး သဲများဖြင့် ရောနှောစီး ဆင်းသည့် ချောင်းများရှိသည်။ ၎င်းကို ကုရင်လို (ထီးဆက်မဲ့ယွာ) ဟုခေါ်သည်။ ဤတိုင်းပြည်ရှိ သဲသောင်လွင်ပြင်နှင့်သဲစီး
သည့် ချောင်းများသည် ရွှေရောင်ကဲ့သို့ ဝင်းဝါလှပသည်ဟု ဆိုထားခြင်းဖြစ်သည်။

အထက်ပါကဗျာ (ထား)တွင် ရှေးယခင်က ကုရင်ပြည်စစ်စ်ပြည်မကြီးတွင် ခေါင်းဆောင် (လူကြီး)လုပ်သူ
၏အမည်ကို မေးထားပြီး ကုရင်တို့ ၏ ပြည်မထဲတွင် ခေါင်းဆောင်လုပ်သူ၏အမည်မှာ ၀က်စွယ်ရှင် (ထော့မဲပါ) ဖြစ်သည်ဟု ဖြေဆိုထားသည်။ ဆက်လက်ပြီး ဤကုရင်ပြည်သည် လူကြီးသူမများက အလွန်သာယာလှပသည်
ဟု ဆိုထားသဖြင့် မည်၍မည်မျှသာယာလှပကြောင်းမေးထားပြီး ဤကုရင်ပြည် (ထီးဆက်မဲ့ယွာ) ထီးဆက်မဲ့
သောတိုင်းပြည် (ရွှေရောင်လွှမ်းသည့် သဲများစီးဆင်းလာသည့် သဲချောင်းရှိသည့် တိုင်းပြည်) ဖြစ်ကာ အလွန်တ
ရာ သာယာလှပသော တိုင်းပြည်ကြီးတစ်ပြည် ဖြစ်သည်ဟု ဖြေဆိုထားခြင်းဖြစ်သည်။
ရွှေရောင်လွှမ်းသည့် ဤ (ထီးဆက်မဲ့ယွာ) တိုင်းပြည်သည် ဘယ်အရပ်တွင် တည်ရှိသနည်းဟု မေးလာပြီး ဤသာယာလှပသည့် ၀က်စွယ်ရှင် (ထော့မဲပါ)၏ တိုင်းပြည်သည် ခုနှစ်စဉ်ကြယ်ရှိရာအရပ်တွင် တည်ရှိပြီး ခုနှစ်စဉ်ကြယ်၏ အောက်တည့်တည့်တွင်ဖြစ်သည်။ ခုနှစ်စဉ်ကြယ်ရှိရာ အရပ်တည့်တည့်သို့ ဦးတည်ပြီး
သွားပါက ထီးဆက်မဲ့ယွာဟု ခေါ်ဆိုသည့် အရပ်ကို ရောက်ရှိသွားသည်။ ခုနှစ်စဉ်ကြယ် အောက်သို့ ရောက်ရှိ
သောအခါ ဤနေရာသည် (ထီးဆက်မဲ့ယွာ) တိုင်းပြည်ဖြစ်ပေသည်။

(ထီးဆက်မဲ့ယွာ)ပြည်သည် မည်ကဲ့သို့ တိုင်းပြည်ဖြစ်သနည်း။
အမေးတွင် တိုင်းပြည်အစစ်အမှန် ထီးဆက်မဲ့ယွာပြည်မကြီးမှာ အဘယ်ကဲ့သို့ သော တိုင်းပြည်ဖြစ်သနည်းဟု ဖေါ်ပြထားပြီး ဤမေးခွန်းကို အထက်ပါကဗျာ(ထား)နှင့် ဖြေဆိုရာတွင် ဤတိုင်းပြည်မှာ ကျယ်ဝန်းလှသည့်
သဲသောင်ပြင် သဲကန္တရအရပ်ဖြစ်ပြီး ရေများစီးဆင်းရာ၌ သဲကိုဖြတ်လာရသဖြင့် သဲနှင့်ရေများရောနှောစီးဆင်း
နေသည်ကို တွေ့ ရကြောင်း၊ ဤအရင်ဒေသသည် သဲကန္တရနယ်မြေ သဲစီးချောင်းနယ်မြေများ ဖြစ်သဖြင့် သွား
လာရေးတွင် အလွန်ခက်ခဲကြောင်း၊ ဤအရာများအား ကြည့်ရှုရာတွင် ပင်လယ်သမုဒ္ဒရာရော၊ ကုန်းမြေပြင်ရော
လွယ်လွယ်နှင့် မသိနိုင်ကြောင်း ဖေါ်ပြထားသည်။

အမေးတွင် ရှေးယခင်က ဤရွှေရောင်သန်းသည့် ထီးဆက်မဲ့ယွာ တိုင်းပြည်ပတ်ပတ်လည်တွင် ဘယ်အရာများ
ရှိသနည်းဟု ဖေါ်ပြထားကာ ဤမေးခွန်းအား အထက်ပါ ကဗျာ(ထား)နှင့် ဖေါ်ပြဖြေဆိုရာ၌ ထီးဆက်မဲ့ယွာ
တိုင်းပြည်၏ သုံးဘက်သုံးတန်မှာ ကုန်းမြေပြင်ဖြစ်ပြီး ကျန်တဘက်မှာ ပင်လယ်ကမ်းခြေဖြစ်သည်။တနည်းအား
ဖြင့် ထီးဆက်မဲ့ယွာတိုင်းပြည်ပတ်ပတ်လည်တွင်၊ အရှေ့၊ အနောက်နှင့် မြောက် အရပ်များမှာကုန်းမြေများဖြင့်
ဝိုင်းရံထားခြင်းဖြစ်ပြီး တောင်ဘက်အရပ်မှာမူ ပင်လယ်ကမ်းခြေဖြစ်သည်ဟု ဖေါ်ပြ ထားသည်။ ရေရှိသည့် အရပ်မျက်နှာဘက်တွင် နောက်ပိုင်း၌ တိုင်းသစ်ပြည်သစ် တစ်ပြည်ဖြစ်ပေါ်လာသည်။ ဤတိုင်းသစ်ပြည်သစ် ပေါ်လာခြင်းမပြုမှီအချိန်တွင် ပင်လယ် သမုဒ္ဒရာထဲ၌လှိုင်းတံပိုးများအမြဲတစေ လှုပ်ရှားရိုက်ခတ်လျက်ရှိသည်။ မြေပုံ (၁) ကိုကြည့်ပါ။
ထီးဆက်မဲ့ယွာ၏ ပတ်ပတ်လည်နယ်နမိတ်ကား အဘယ်သို့ နည်း။

မြေပုံ(၁)ကို ကြည့်ပါ။
ထီးဆက်မဲ့ယွာကမ်းခြေအားရိုက်ခတ်သည့် ပင်လယ်လှိုင်းတံပိုးများသည် ကုန်းမြေအသစ်ကို ပေါ်ပေါက်စေ
သည်။အထက်ပါကဗျာ (ထား)မှာ ယခုလိုဆိုပါသည်။ ထီးဆက်မဲ့ယွာ ကမ်းခြေကို ရိုက်ခတ်လျက်ရှိသည့် ပင်
လယ်လှိုင်းတံပိုးတို့ သည် အလွန်ကြီးမားကာ အစဉ်အမြဲလှုပ်ရှားတက်ကြွနေသည်။ ထို့ ကြောင့် ဤရိုက်ခတ်
လျက်ရှိသည့် လှိုင်းများမှာ စီးဆင်းလာသည့် သဲများအားစုပုံစေသည်။ နောက်ဆုံးတွင် ပင်လယ်ထဲတွင် မြေပုံ
ုကလေးများ စုပုံပေါ်ပေါက်လာစေသည်။ ဤကုန်းမြေပုံများသည် တဖြေးဖြေးကြီးထွားစုပုံလာပြီး ကုန်းမြေအဖြစ် ကြီးထားကျယ်ပြန့် သွားလေတော့သည်။

ဤကဗျာ(ထား)တွင် ယခုလို မေးထားသည်။ ရှေးလူကြီးသူမများက ကုရင်ပြည်သစ်အကြောင်းကို မည်ကဲ့သို့ ပြောဆိုခဲ့သနည်း။ ဤမေးခွန်းအား ဖြေဆိုရာ၌ ဤတိုင်းပြည်သစ်မှာ ပေါ်ပေါက်ခါစတွင် နုံးမြေပုံငယ်ငယ်ကလေးသာဖြစ်ခဲ့သည်။ ကြက်မတ၀ပ်စာမျှသာ အကျယ်အ၀န်းရှိသည်။ သို့ ရာတွင် အလျင်အမြန်ကြီးထွားလျက်ရှိသည်။ ပင်လယ်လှိုင်းများ ရိုက်ပုတ်သဖြင့် ယခုကဲ့သို့ စုပုံဖြစ်ပေါ်လာသည့် နှုံးမြေများမှာ ဤလှိုင်းတံပိုးများကြားထဲတွင် အလျင်အမြန်ကြီးထွားလာသည်။
ပြည်မကြီးက ဂုဏ်အင်္ဂါနှင့် ပြည့်စုံသည့်တိုင်းပြည်သစ် တစ်ပြည်အား မွေးထုတ်ခြင်း

နောက်ဆုံးတွင် ဒီ (၉)ဒီအဖြစ် မြေနေရာ ပြည့်ပြည့်၀၀ပေါ်ပေါက်လာတော့သည်။ ဤဒီ(၉)ဒီအပေါ်၌လည်း တောင်ပေါ်မြေပြန့် ၊ လျှိုမြှောင်၊ မြစ်၊ ချောင်းများပေါ်ပေါက်လာသည်။ ဤသို့ ဖြင့် ကုရင်လူမျိုးအတွက် သာယာလှပသည့် လက္ခဏာအပြည့်အ၀ရှိသော တိုင်းသစ်ပြည်သစ်တစ်ပြည် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ကုရင်ပြည်သစ်တစ်ပြည် ပေါ်ပေါက်တည်ရှိသည့် အကြောင်းပေတည်း။
မြေပုံ (၂)ကို ကြည့်ပါ။

Monday, December 15, 2008
Sunday, December 14, 2008
ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ်ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက်

NEJ/ ၁၄ ဒီဇင်ဘာ ၂၀၀၈
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ (ကွယ်လွန်သူ) ဗိုလ်ချုပ်ကြီးစောဘိုမြ၏သားငယ် ဗိုလ်ကြီးစောနေစိုးမြ ခေါ် မောင် တေးလေး သည် ဒီဇင်ဘာ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့မှတဆင့် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံထွက်ခွာသွားရာ ရန်ကုန်မှတဆင့် နေပြည်တော်သို့ ရောက်ရှိသွားသည်ဟု မိသားစုက ပြောသည်။
ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်သို့ ရောက်ရှိသွားသည့် ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး KNU ၏ တွဲ ဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက "နေပြည်တော်ကို ရောက်သွားတယ်လို့ ကျနော်တို့ သတင်းကြားတယ်။ သူနဲ့အ တူ ပဒိုတူးတူးလေး ပါသွားတယ်လို့ပြောတယ်။ ကျနော်တို့ စုံစမ်းကြည့်တဲ့အခါမှာကျတော့ ပဒိုတူးတူးလေးမပါဘူး။ မောင် တေးလေး တယောက်ပဲ နေပြည်တော်ကို ရောက်သွားတယ်။ သူ့အမေဆီကိုတော့ ဖုန်းပြန်ဆက်တယ်လို့ သိရတယ်။ ဘာ ကြောင့်သွားတယ်၊ ဘယ်သူနဲ့သွားတယ်ဆိုတာကတော့ ကျနော်တို့ အသေးစိပ် စုံစမ်းတုန်းပဲရှိသေးတယ်"ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဗိုလ်ကြီးစောနေစိုးမြသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၂၀၂)၏ တပ်ခွဲမှူးဖြစ်ပြီး ၎င်းတပ်၏တပ်ရင်း မှူးမှာ ဒုတိယဗိုလ်မှူးကြီး စောဒေးဂေဖြစ်သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးစောဘိုမြနှင့် ဇနီးဆရာမနော်လားဖိုး တို့တွင်သား လေးဦး၊ သမီးသုံးဦးရှိပြီး စောနေစိုးမြသည် ခြောက်ဦးမြောက်ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းစောဘိုမြ၏ ဇနီးနော်လားဖိုးသည် လက်ရှိကရင်အမျိုးသမီးအစည်းအရုံး (KWO)အဖွဲ့တွင်ဥက္ကဌဖြစ်သည်။
ညီအစ်ကိုမောင်နှမ ခုနှစ်ဦးရှိသည့်အနက် အစ်ကိုအကြီးဆုံးဖြစ်သူ ယခင်တပ်ရင်း (၂၀၂)၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စောနေကော်မြသည် ယခုနှစ်ဆန်း ပိုင်းက ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသည်။

Saturday, December 13, 2008
KNU အောင်ပွဲသတင်း
Thursday, December 11, 2008
၂၀၀၈ နိုဝင်ဘာ ၁၁ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ လက်အောက်ခံ ရင်း ၈ က ညောင်လေးပင်ခရိုင် မုံးမြို့နယ် စောမီလူကားလမ်းတွင် နအဖတပ် စကခ ၂၁ လက်အောက်ခံစစ်ကြောင်း တကြောင်းကို ပြောက်ကျားပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူ ၁ ဦးသေသွားသည်။ နိုဝင်ဘာ ၂၉ ရက်တွင်လည်း မုံးမြို့နယ် ခလယ်ခိုကားလမ်းပေါ်တွင် ရင်း ၈ က နအဖတပ် ခမရ ၃၅၁ ကို ပြောက် ကျားပစ်ရာ ရန်သူ ၂ ဦးသေသွားသည်။ ၂၀၀၈ ဒီဇင်ဘာ ၂ ရက်မနက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ ရင်း ၁၈ က ကော့ကရိတ်မြို့နယ် မောလော်အီဖိုရှိ DKBA စခန်းကို တိုက်ခိုက်ခဲ့ရာ DKBA တပ်ကြပ်ကြီး ၁၊ တပ်သား ၁ သေပြီး ကြားဖြတ်ဖမ်းစက် ၁၊ ဆက်သွယ်ရေးစက်ကြီး ၁၊ လမ်းလျှောက်စကားပြောစက် ၁၊ တယ်လီဖုံးအထိုင်စက်ကြီး ၁၊ မိုဘိုင်းဖုံး ၁ တို့ကို သိမ်းပိုက်ရမိခဲ့သည်။ ဒီဇင်ဘာ ၄ ရက်ညနေက နအဖတပ် ခမရ ၅၈၃ မှ တပ်ကြပ်စောမြင့်ဦး နှင့် တပ်သားခလယားပေါ် တို့သည် MA-1 တလက်၊ MA-4 တလက်၊ ကျည်ဘောက် ၈ ချပ်၊ ကျည် ၁၉၅ တောင့်၊ M-79 ဗုံးသီး ၁၁ လုံးနှင့်အတူ KNLA တပ်မဟာ ၁ သို့ လက်နက်ချခဲ့သည်။ ဒီဇင်ဘာ ၆ ရက်မနက်က DKBA ဗိုလ်ကျော်သက်တပ်နှင့် နအဖတပ် ခမရ ၅၄၈ ပူးပေါင်းတပ်ကို KNLA တပ်ရင်း ၁၈ မှ မယ်ပလယ်နှင့် ပနွယ်ပူအကြား တိုက်ခိုက်ရာ နအဖတပ်မှ ၃ ဦးသေပြီး ၆ ဦးဒဏ်ရာရသွားသည်။ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သည်။
KNU victory news
On 2008, November 11, Battalion 8 under the command of Karen National Liberation Army (KNLA) Brigade 3 attacked an army column under the command of SPDC MOC 21 on Saw-mi-lu road in Nyaunglaybin District Mone Township, killing one enemy soldier. Also on November 29th, KNLA Battalion 8 made a hit-and-run attack on SPDC LIR 351 on Kha-lekho road in Mone Township, killing two men. On December 2, in the morning, Battalion 18 under the command of KNLA Brigade 6 assaulted a DKBA outpost at Maw-lor-e-pho in Kawkareik Township, killing one DKBA sergeant and one DKBA private. The KNLA troops seized one radio interceptor receiver, one radio transceiver, one walkie-talkie, one telephone exchange switch and one mobile phone from the DKBA camp. On December 4, in the evening, Corporal Saw Myint Oo and Pvt. Khalayarpor of SPDC LIR 583 surrendered to KNLA Brigade 1 in Thaton District, bringing along one MA-1 automatic rifle, one MA-4 automatic rifle coupled with 40 mm grenade launcher, eight magazines, 195 5.56 mm bullet rounds and eleven M-79 grenades. On December 6, in the morning, KNLA Battalion 18 ambushed a joint force of DKBA Bo Kyaw Thet's unit and SPDC LIR 548 between Mae-pleh and Panwehpu, killing three SPDC soldiers and wounding six of which three were in grave condition.

Friday, December 12, 2008
နအဖစစ်တပ်က နို့ စို့ အရွယ်ကလေးငယ်များပါမကျန် သတ်ဖြတ်နေသည်ဟု နအဖစစ်သည်တဦး ထုတ်ဖော်ပြောဆို
Monday, December 8, 2008
နိုဝင်ဘာလ၊၂၀၀၈ခုနှစ်၊
နအဖစစ်တပ်သည် နယ်စပ်ဒေသရှိ ပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိမ့်စက်သည် သာမကပဲ နို့ စို့ အရွယ် လသားကလေးများပါမကျန် ရက်စက်စွာ သတ်ဖြတ်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၁ရက်နေ့ တွင် ကေအဲန်ယူနယ်မြေသို့  ထွက်ပြေးရောက်ရှိလာသည့် စကခ (၁၆) ခမရ (၅၂၂)မှ ဆက်သွယ်ရေးတပ်သား မောင်ဖိုးဇော်က ထုတ်ဖော်ပြောဆိုလိုက်သည်။
၎င်းက၂၀၀၇ မိုးတွင်းတောင်ငူခရိုင် တိပ်ပုဂွင်မှာ ကျနော်တို့ စစ်ဆင်ရေးစတက်တော့ တောထဲမှာ ရွာပုန်းတရွာကို သွားရှင်းတယ်။ အဲဒီအခါမှာ လသားအရွယ် ကလေးနှစ်ယောက်နဲ့ မအေနှစ်ယောက်ကို မိတယ်။ မအေတွေကို နေပြည်တော်ခေါ်သွားပြီးတော့ ကျန်နေတဲ့ ကလေးနှစ်ယောက်ကို တပ်ကြပ်ကြီးကျော်မိုးနဲ့  ဒုဗိုလ်လွမ်းမိုးအောင်က ကျနော့မျက်စိရှေ့ မှာပဲ ဆန်ထောင်းတဲ့ မောင်းဆုံထဲကို ထည့်ပြီးတော့ ထောင်းသတ်ပစ်လိုက်တယ်ဟု ဆိုသည်။

နယ်စပ်ဒေသတွင် ပြည်သူကို ရန်သူသဖွယ်ဆက်ဆံနေသည့် နအဖစစ်ကြောင်းတကြောင်းကို ပေါ်တာများနဲ့ အတူ တွေ့ ရစဉ်။ Photo-FBR
ထိုနှစ်အတွင်းမှာပင် ၄င်းတပ်ဖွဲ့ သည် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင် လူသောမြို့ နယ်၊ ဆောမူပလောနှင့် လယ်မူပလောဂွင်ကို စစ်ကြောင်း ဖြတ်သွားစဉ်တောင်ယာတဲတွင် လှဲနေသည့် အသက် ၁၂သားအရွယ် ယောကျာင်္လေးတယောက်ကို သေနတ်ဖြင့် သတ်ပစ်ခဲ့သည့်အပြင် ဖာပွန်ခရိုင်၊ မူသယ်ဂွင်တွင် ထမင်းချက်နေသည့် အမျိုးသမီးတဦးကို ဖမ်းကာ အုပ်စုလိုက် မုဒိမ်းကျင့်ပြီးနောက် တောင်ယာတဲ့နှင့်အတူ မီးရှို့ သတ်လိုက်သည်ဟုလည်း တပ်သား မောင်ဖိုးဇော်က ဆက်ပြောသည်။
နောက်ပြီးတော့ ၂၀၀၇ခုနှစ် ဖာပွန်ခရိုင် မူသယ်ဂွင်က တောင်ယာတဲထဲမှာ ထမင်းချက်နေတဲ့ ကောင်မလေးတယောက်ကို စစ်ကြောင်းက ၀ိုင်းထားပြီး မေးတာကို ကောင်မလေးက ဘာမှ ပြန်မပြောဘူး။ လက်ပဲခါ၊ ခေါင်းပဲညိတ်တယ်။ အဲဒါကို တပ်ခွဲ ၁က ဗိုလ်ကြီးဗညားဦးကို အပါအ၀င် တပ်သားတွေပါ ၀ိုင်းပြီးဖျက်ဆီးလိုက်တယ်။ ပြီးတော့ မေ့မျောနေတဲ့ ကောင်မလေးကို တဲထဲထည့်ပြီး တခါတည်း မီးရှို့ ပစ်လိုက်တယ်။ ဟု ဖိုးဇော်က ပြောဆိုသည်။
နအဖစစ်တပ်သည် နယ်စွန်နယ်ဖျားရောက်ရှိပါက တွေ့ သမျှပြည်သူကို ရန်သူလို့ သတ်မှတ်ပြီး သုတ်သင်ရှင်းလင်း သတ်ဖြတ်ကြောင်း အောက်ခြေရဲဘော်အနေဖြင့်လည်း အထက်အမိန့် အတိုင်း စပါးကျီဖျက်ဆီး၊သူသတ်စသည့် လုပ်ရပ်များကို လုပ်ချင်စိတ်မရှိပဲ လုပ်နေရကြောင်း၊ မလိုက်နာပါက ထိုးကြိတ်၊ ရိုက်နှက်၊ ညှင်းပန်းနှိမ့်စက်မှုမျိုးစုံ စသည့် တပ်တွင်းအခြေအနေများရှိကြောင်း၊ သိရှိရသည်။
အသက် ၁၈နှစ်သာရှိသည့် တပ်သားမောင်ဖိုးဇော် (ကိုယ်ပိုင်အမှတ် တ/၃၆၉၃၄၁)နှင့်အတူ ကေအဲန်ယူနယ်မြေသို့ ရောက်ရှိလာသူများမှာ ခလရ ၁၉မှ မောင်ကျော်ရဲဌေး၁၉နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၃၇) မောင်ကျော်ထွတ်ဝင်း အသက် ၂၅နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၆၈၁၂) မောင်ကျော်နိုင်စိုး အသက် ၂၃နှစ် (ကိုယ်ပိုင်အမှတ် တ/၃၇၅၂၁၀) ခမရ ၄၃၉မှ မောင်ဝင်းထွန်း အသက် ၂၁နှစ် ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈) နှင့် မောင်လမင်းထွန်း ၃၁နှစ် (ကိုယ်ပိုင်အမှတ်တ/၃၇၇၁၂၇) ခမရ (၄၃၉)တို့ ဖြစ်သည်ဟု သိရှိရသည်။
ကေအဲန်ယူ(ကရင်အမျိုးသားအစည်းအရုံး) မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ပဒိုမန်းငြိမ်းမောင်က ကူးပြောင်းလာတဲ့ နအဖတပ်သားတွေကို ကျနော်တို့ ကေအဲန်ယူစစ်သုံ့ ပန်းပေါ်လစီအတိုင်း သူတို့ ကို နွေးနွေးထွေးထွေးကြိုဆိုတယ်။ လောလောဆယ်သူတို့ ကို ကျနော်တို့ နယ်မြေထဲမှာပဲ ကောင်းကောင်းမွန်မွန် ကူညီစောင့်ရှောက်ထားတယ်။ နောက်မှ သူတို့ ဆနအတိုင်း သူတို့ ဘ၀အာမခံရှိရေးအတွက် နေရာချပေးသွားဖို့ စီစဉ်ထားတယ် ဟု ကရင်သတင်းစဉ်ကို ပြောသည်။
ကရင့်သတင်းစဉ်(KIC)

Wednesday, December 10, 2008
Madeleine K. Albright Grant ဆုကို WLB ရရှိ
Written by သန်းထိုက်ဦး
Tuesday, 09 December 2008 17:16
ချင်းမိုင်။ ။ အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုက ယခုနှစ် ပေးအပ်သည့် ဒီမိုကရေစီရေးနှင့် အမျိုးသမီးများ အရေးအတွက် ကြိုးပမ်းသူများဆုကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ ပူးတွဲရရှိသည်။ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများအား အထောက်အကူ ပြုသည့်အနေဖြင့် စတုတ္ထအကြိမ်မြောက် Madeleine K. Albright Grant ဆုကို WLB နှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသို့ The National Democratic Institute (NDI) အဖွဲ့က ချီးမြှင့်ခြင်းဖြစ်သည်။"နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပိုမိုပြီးတော့မှ ပါဝင်နိုင်အောင် ဆိုပြီးတော့ ဒီစွမ်းရည် မြှင့်မားရေး အတွက်ပေါ့နော်၊ အားပေးတဲ့အနေနဲ့ သူတို့က ပေးတာဖြစ်တယ်" ဟု WLB အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင် က မဇ္ဈိကို ပြောသည်။ သူမသည် WLB မှ ထိုင်းနိုင်ငံ၌ ဦးစီးပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေး ၆ လ သင်တန်းကို သင်ကြားပေးနေသည့် တာဝန်ခံတဦးဖြစ်သည်။NDI သည် ကမ္ဘာတ၀ှမ်းရှိ ဒီမိုကရေစီရေးနှင့် အမျိုးသမီးများအရေး ကြိုးပမ်းနေသူများအား ယခုဆုများကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။လက်ရှိ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine K. Albright အား ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံသားဘ၀နှင့် နိုင်ငံရေးတွင် အမျိုးသမီးများအတွက် ကြီးမားစွာ ပံ့ပိုးလုပ်ဆောင်သူများအား ချီးမြှင့်သည့် Madeleine K. Albright Grant ဆုကို လွန်ခဲ့သည့် ၄ နှစ်မှ စတင် ပေးအပ်လာခဲ့သည်။W. Averell Harriman Democracy ဆုမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခံယူချက်ပြင်းပြစွာ ဆောင်ရွက်နေသူများအား ပေးအပ်ခြင်းဖြစ်သည်။အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ ငွေသားနှင့်အတူ ဆုကို WLB က ယခုလ ၁၅ ရက်နေ့တွင် ၀ါရှင်တန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။မသင်းသင်းအောင်က ''သင်တန်း တက်ပြီးတဲ့ အမျိုးသမီးတွေ ကိုယ့်ဒေသတွေကို ပြန်ပြီးတော့ ဒီပညာရပ်တွေကို မျှဝေသွားဖို့အတွက် ဒီဆုကြေးငွေကို အသုံးပြုသွားမှာပါ'' ဟု ပြောဆိုသည်။WLB ကို ၁၉၉၉ ခုနှစ်တွင် ပြည်ပရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင်သွားရန်၊ တိုင်းရင်းသား လူမျိုးများအကြား ပိုမိုနားလည်မှု ရရှိရန်၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုးတက်ရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာအဆင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။WLB နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့ (SWAN) သည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အမေရိကန်အခြေစိုက် Peter Gruber Foundation အဖွဲ့က ပေးအပ်သည့် ၂ဝဝ၅ ခုနှစ် အမျိုးသမီး အခွင့်အရေး ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ရရှိခဲ့သည်။သက်တော် ၇၇ နှစ်အရွယ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် တောင်အာဖရိနိုင်ငံ မြို့တော် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဘုရားရှစ်ခိုးကျောင်းများ ကောင်စီမှ အတွင်းရေးမှူးဖြစ်ဟောင်းကာ၊ ၁၉၈၄ ခုနှစ်တွင် ချီးမြှင့်သည့် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သည်။

Tuesday, December 9, 2008
စည်းရုံးရေးဆင်းသည့် စစ်အစိုးရတပ်ဖွဲ့နှင့် ကေအဲန်ပီပီ တိုက်ပွဲဖြစ်ပွား
Monday, 08 December 2008 17:36
လာမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းလာသည့် မြန်မာစစ် အစိုးရတပ်ဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(ကေအဲန်ပီပီ)တို့ ယနေ့နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်အစိုးရစစ်တပ်မှ တဦး ဒဏ်ရာရရှိသည်ဟု ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ်က ပြောသည်။"ဖြစ်တာကတော့ ဒီမနက်မှ ဖြစ်တာ အဲဒီ မယ်စဲ့မြို့နယ်မှာ။ ဒီမနက် ၈ နာရီ။ (နအဖ) ၄၂၉ က တပ်သားတယောက် ထိခိုက်တယ်လို့တော့ ကြားတယ်။ သူတို့စခန်းဘေးနားမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တယ်လို့ပြောတယ်။ ဆယ်မိနစ်လောက်။" ဟု ကေအဲန်ပီပီ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။မြန်မာစစ်အစိုးရတပ်ဖွဲ့သည် ကယား (ခေါ်) ကရင်နီပြည်နယ် မယ်စဲ့မြို့တွင် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းလာချိန်တွင် ကေအဲန်ပီပီတပ်ဖွဲ့များနှင့် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။"၂၀၁၀ မှာ မဲထည့်ဖို့ပေါ့။ သူတို့က ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ရွာသူရွာသားတွေကို လိုက် စည်းရုံး နေတယ်လေ။ အဲဒီအချိန်မှာ ကျနော်တို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ ဒီမနက်မှာ တပွဲပေါ့။ သုံးရက်နေ့က တပွဲပေါ့ မော်ချီးဘက်မှာ။ "ကေအဲန်ပီပီအနေနှင့် လူထု မဲမထည့်ရန်အတွက် စည်းရုံးဆောင်ရွက်ရန် ပြင်ဆင်နေသည်။ဒီဇင်ဘာလဆန်းအတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ မြန်မာစစ်တပ်မှ တပ်သားတဦး ဒဏ်ရာ ရှိပြီး ကေအဲန်ပီပီ ဘက်မှ ထိခိုက်ဒဏ်ရာရှိခြင်း မရှိဟု သိရသည်။

Saturday, December 6, 2008
Subscribe to:
Posts (Atom)