Thursday, May 7, 2009

တပ်မဟာ ၃နှင့် ၄နယ်မြေတွင် ကေအဲန်ယူနှင့် နအဖ တိုက်ပွဲဖြစ် နအဖအများအပြား သေဆုံးဒဏ်ရာရ


ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းအတွင်း ကေအဲန်ယူ၏ တပ်မဟာ ၃(ညောင်လေး ပင်ခရိုင်)နှင့် တပ်မဟာ ၄(ဘိတ်ထားဝယ် ခရိုင်)၌ နအ ဖတပ်နှင့် ကေအဲန်ယူတပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရာတွင် နအဖအများအပြား ကျဆုံး ဒဏ်ရာရရှိ ခဲ့သည်။

ဧပြီလ၂၆ရက်နေ့တွင် တပ်မဟာ ၄တပ် ဖွဲ့ဝင်တချို့မှ နအဖခြေမြန်တပ်ရင်း ၁၀၄ ကို ခြုံခိုပစ်ခတ်ရာတွင် နအဖ ၁၂ယောက် သေဆုံးပြီး ၁၁ယောက် ထိခိုက်ဒဏ် ရာရရှိသည်ဟု တပ်မဟာ ၄ပြောရေး ဆိုခွင့်၏ ထုတ်ပြန်ပြောဆိုမှုအပေါ် ကိုးကားပြီး ကွယ်ကလူဝက်ဆိုက်က ဖော်ပြထားသည်။ အဆိုပါသေဆုံးသည့်အထဲတွင် အရာရှိ ၂ဦး ပါဝင်ပြီး အခြားအရာရှိတဦးမှာလည်း ပြင်းထန်စွာဒဏ်ရာ ရရှိသည်။

တပ်မဟာ ၃ညောင်လေးပင်ခရိုင်တွင်လည်း အလားတူတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ၈ယောက်သေဆုံးပြီး လက်နက် ၈လက်ကို ရရှိသည်ဟု ညောင်လေးပင်ကေအဲန်ယူ ခရိုင်`၏ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါထုတ်ပြန်ချက်အရ တပ်မဟာ၃စစ်ကြောင်းတကြောင်းမှ နအဖခြေမြန်တပ်ရင်း ၃၃၈တို့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး အခင်းတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်ဖြစ်သည်ဟု သိရှိရသည်။

အလားတူ တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် ပအိုဝ့်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့သည် လွန်ခဲ့သည့် မတ်လ ၃ရက်နေ့က ဆီဆိုင်မြို့နယ်တွင် လူအင်အား ၁၂ပါ နအဖခမရ ၄၂၆စစ်ကြောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ အားလုံးသေဆုံးသွားသည်ဟု မီဒီယာသတင်းများအရ သိရှိရသည်။

သတင်း-အဲခေါင်သောင့်

update/no3fighting by Kwekalu News

update/fightingnews by Kwekalu News


soldierconscript by Kwekalu News

Wednesday, May 6, 2009

အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၀တပ်မတော် မကျေမနပ်ဖြစ်နေ

တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့်အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖစစ်ဘက်အရာရှိများက ဧပြီ (၂၈) တွင် သီးခြားစီတွေ့ဆုံခဲ့ရာ အင်အားအဆမတန်လျှော့ချခံရမည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (ယူဒဗလျူအက်စ်အေ) က မကျေမနပ်ဖြစ်နေသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်က ၀ခေါင်းဆောင်များအား ခေါ်ယူတွေ့ဆုံပြီး ၀ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် အင်အား (၃) ထောင်အထိ လျှော့ချပြီး နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ပြောဆိုမှုအပေါ် ၀ခေါင်းဆောင်များ အနေဖြင့် လက်ခံမည်မဟုတ်ကြောင်း ၀တပ်မှူးတဦးက ပြောသည်၊

၎င်းက “အင်အား (၂) သောင်းကျော် (၃) သောင်းလောက်အထိရှိတဲ့ ဒီတပ်မတော်ကြီးကို သွေးတွေ၊ ချွေးတွေနဲ့ နှစ် (၃၀) ကျော်ကြာ တည်ဆောက်ထားခဲ့တာဗျ။ (၃) ထောင်သာချန်ပြီး ပြည်သူ့စစ်လိုလုပ်မယ့်အပေါ်တော့ လက်မခံနိုင်ဘူး။ ကျနော်တို့ ၀ပြည်နယ် ပြည်သူ့အစိုးရက လက်ခံမှာ မဟုတ်ဘူး။ အခုထိ ကျနော်တို့ ဗဟိုကော်မတီ တွေလည်း အကြောင်းမပြန်သေးပါဘူး” ဟု ၎င်းက ပြောသည်။

ဝတပ်မဟာ (၁၇၁) အခြေစိုက်ရာ ၀ပြည်တောင်ပိုင်းနယ်မြေကိုလည်း ၀ဒေသအတွင်း မထည့်ဘဲ ခွဲထုတ်လိုက်သည့် အပေါ် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က လက်ခံမည်မဟုတ်ကြောင်း အဆိုပါ ၀တပ်မှူးက ပြောသည်။

၎င်းက “အခုက ကျနော်တို့ကို ကေအန်ယူကို သွေးခွဲသလိုမျိုး လုပ်နေတာ။ (၁၇၁) ဆိုတာ ကျနော်တို့တပ်မဟာပဲ။ ဗဟိုတခုတည်း ရှိပါတယ်။ ကျနော်တို့အနေနဲ့ အလံနှစ်လက်ကိုင်ထားတယ်။ ပထမအလံက ငြိမ်းချမ်းရေးပဲ။ ဒုတိယကတော့ ၀ပြည်ကို ကာကွယ်ရေးပဲ။ ကျနော်တို့က သူတို့ကို အရင်စမတိုက်ဘူး။ ဒါပေမယ့် ကိုယ့်နယ်မြေကို ထိပါးလာရင် ခုခံကာကွယ်ပိုင်ခွင့်ဟာ ကျနော်တို့အခွင့်အရေးပဲ” ဟု ဆက်လက်ပြောသည်။

အလားတူ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းအထူးဒေသ (၄)၊ ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော်နှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ များအား ကျိုင်းတုံ၊ တန်ယန်း၊ မြစ်ကြီးနားတို့တွင် စစ်တိုင်မှူးများနှင့် စစ်ဘက်အရာရှိများက ဧပြီ (၂၈) ရက်၌ သီးခြားစီ ခေါ်ယူတွေ့ဆုံပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပြောဆိုခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဥက္ကဋ္ဌ ဦးဇောင်းဟရား ဦးဆောင်သည့်အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းတို့ မေ (၂၈) ရက်၌ မြစ်ကြီးနားတွင် တွေ့ဆုံခဲ့ပြီး ၎င်းတို့အနေဖြင့် မေလကုန်ပိုင်းတွင် မြစ်ကြီးနားသို့ ကိုယ်စားလှယ်လွှတ်ကာ ထပ်မံဆွေးနွေးရန် ရှိကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုပြီး အသေးစိတ်ပြောဆိုရန်ကိုမူ ငြင်းဆိုသည်။

“တပ်မတော်အစိုးရအနေနဲ့ နောင်တက်လာမယ့် အရပ်သားအစိုးရကို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှင်းပြဖို့၊ လိုအပ်တဲ့ဟာ ဆောင်ရွက်ဖို့ သူတို့မှာ တာဝန်ရှိပါတယ်။ ဥပမာ လက်နက်ကိုင်အဖွဲ့တွေကို ဘယ်လိုထားမယ်၊ ဘယ်လိုဖွဲ့စည်းမယ်ဆိုတာကို စဉ်စားဖို့လိုတယ်လို့ ပြောတာပါ။ ဆွေးနွေးတဲ့အဆင့်ထိ မရောက် ပါဘူး။ မေလနောက်ဆုံး၊ မေလမကုန်မီမှာ ဆွေးနွေးတဲ့ခါ ဒါတွေဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့အနေနဲ့ ဒါကို လေးလေးနက်နက် ဆွေးနွေးသွားမှာပါ” ဟု ဗိုလ်မှူးကြီး ဂွမ်မော်က ပြောသည်။

၁၉၈၉ ခု မတ်လတွင် ကိုးကန့်တိုင်းရင်းသားများက ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အပစ်ခတ် ရပ်စဲရေး စတင်ပြုလုပ်ချိန်မှစ၍ တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆက်တိုက် ဆိုသလို စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ကာ ဒေသအတွင်း လက်နက်ကိုင်ဆောင်ပြီး တပ်ဖွဲ့အဖြစ် ရပ်တည်ခွင့်၊ စီးပွားရေးလုပ်ခွင့်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ခွင့် ရရှိခဲ့ကြသည်။

Monday, May 4, 2009

VDO-1 burma by Niknayman

Birth of KNLA fighter

2009 May 3
tags: , , , , , , , ,
by peacerunning
by Daniel Pedersen on May.02, 2009
October, 2000WE travelled in a dugout canoe through the rapids of the Moei River that marks the border of Thailand and Burma.Thick jungle shrouded the banks and all eyes scanned for Burmese troops.In the slow, barely manoeuvreable canoe we were sitting ducks had a soldier decided to take a pot shot at us.And we knew they were out there somewhere.The canoe was laden down with dry food and canned fish.On arrival at a KNLA base camp I spotted a child squatting near a small fire.He was just 10 years old, his name was Pa Law Meh, and two months earlier he had watched, terrified, as Burmese State Peace and Development troops kicked his father to death because he refused to give them one of his chickens.As SPDC troops killed his father in Yaw Bo village, in central Karen state, they screamed at his family members that they were nothing more than animals and deserved to die.Now the Karen child is going to be a soldier and kill Burmese troops.He made his way to a unit of Battalion 202 of the Karen National Liberation Army’s Fifth Brigade.Pa Law Meh hates the Burmese and his childhood has ended.His family does not know where his is, only that he has been gone for more than a month.He says he will not return home, he is not afraid of being shot and that KNLA soldiers are very brave.Pa Law Meh will soon be handed a gun, the newest generation of soldier in a long line of freedom fighters.ENDS

INFORMATION 53 By Karenunited




2009 May 2
tags: , , , , , , ,
by peacerunning
DKBA ကလဲ ဓါးမြဘဲ လမ်းဘေးမှာ တဲထိုးတောင်းစားတာ အားမရဘူး ရွာသားတွေဆီကပါ ထပ်တောင်းတယ် ပြောတော့ လူမျိုးအတွက် လုပ်တော့ ပထွေးအတွက်။ ပြီးတော့ တင်မြင့်ဆိုတဲ့ကောင်နဲ့ သူအဖွဲ့ က ရွာသားတွေဆီက သစ်ကို 1/5/2009 အရောက်ပို့ခိုင်းတာ သူတို့ အခေါင်း သူတို့ ရိုက်မလို့ထင်တယ်။
SATURDAY, MAY 2, 2009


http://www.karenunited.co.cc/

Information 54 by Karenunited


analysis/karenstory by Kwekalu News


Mae La worry by Kwekalu News