Monday, May 18, 2009

Generation Wave





























နအဖကိုတိုက်မယ်ဆိုရင်သိထားသင့်တယ်


Monday, May 18, 2009
မြို့ပြပြောက်ကျား စစ်ဆင်နည်းhttp://www.nguyinpyin.net/articel/Gar-myopha.pdf
UG အတွေ့အကြုံနှင့် သင်ခန်းစာhttp://www.nguyinpyin.net/2006/UG.swf
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင် ရွက်နည်းhttp://www.nguyinpyin.net/2006/Spy.swf
M 16 ဖြုတ်တတ် ပြစ်ခတ်နည်းhttp://www.youtube.com/watch?v=zuJdtIDLsgo
AK 47 Ahttp://www.youtube.com/watch?v=LsH0XE_YKrU&feature=related M1http://www.youtube.com/watch?v=5RFm6h5qBZk&feature=related Bombhttp://www.youtube.com/watch?v=sXJ0kbZU_-U&feature=related Pistolhttp://www.youtube.com/watch?v=q-BUjO-KZD8&feature=related
40 mm or 70 mmhttp://www.youtube.com/watch?v=ikMfXFbMk9I&feature=related
RPJ 5http://www.youtube.com/watch?v=_aedIFyCQ_o&feature=related
Assault Rifles - G3, M16, AK47http://www.youtube.com/watch?v=2v3zCcvOb_E&feature=related
Ultimate colored smoke bombhttp://www.youtube.com/watch?v=qIUp4FCLX9I&feature=relatedhttp://www.youtube.com/watch?v=yuKN7dXIeR0&feature=relatedhttp://www.youtube.com/watch?v=rKYuBZq-wKA&feature=related
ဒါဏ်ရာရ ရဟန်းရှင်လူပြည်သူများအတွက် ရှေးဦးသူနာပြုစုနည်း
အပြင်းအထန် သွေးထွက်ဒါဏ်ယိုဖြစ်လာသောအခါ
ပထမဦးစွာ ဒါဏ်ရာကိုမကိုင်တွယ်မီ
လက်ကိုစင်ကြယ်စွာဆေးကြောပါ ။
ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပါ။
ရောဂါပိုးတတ်နိုင်သလောက်မ၀င်အောင် ဖြစ်ပါတယ် ။
အကယ်လို့ ဒါဏ်ရာဟာ ၀မ်းဗိုက် ၊ ရင်ခေါင်း ပိုင်းတွင်ဖြစ်ပါက သတိရှိရန် ။ ကလီစာများထွက်သည်ထိဒါဏ်ရာပြင်းထန်လျှင် ကလီစာများကို ပြန်ထည့်သွင်းရန်မကြိုးစားပါနှင့် ။
အ၀တ်သန့်သန့်ဖြင့် အုပ်ထားကာထားပေးပါ။
လူနာကို ပက်လက်အနေအထားထားပါ ။
လူနာဧ။် ခေါင်းကို ကိုယ်ပိုင်း ခြေထောက်ပိုင်းထက် အနည်းငယ်နိမ့်ထားပါ ။
ဦးဏှောက်သို့သွေးရောက်မှသာ မေ့မြောသတိလစ်ခြင်းမဖြစ်မှာဖြစ်ပါသည် ။
ဒါဏ်ရာကို ဆေးကြောပါ ။
အသားစများ ၊ ဖုန်များ ၊ ရွှံ့များကို ဖယ်ရှားပစ်ပါ ။
သို့သော် အသားတွင်းနက်ရှိင်းစွာ စိုက်ဝင်နေသော အရာများကို ရုတ်တရက် ဖယ်မပစ်ရပါ ။ သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို ဖိအားဖြင့် ဖိပေးပါ ။
ပတ်တီး ၊ အ၀တ်သန့်သန့်ဖြင့် စည်းပေးပါ ။
မရှိလျှင် လက်ဖြင့်ဖိထားပေးပါ ။
သွေးတိတ်သွားတဲ့ထိ ဖိထားပေးပါ ။
အနည်းဆုံးမိနစ် ၂၀ လောက် အနာသွေးတိတ် မတိတ် မကြည့်ပဲ ဖိထားပေးပါ ။
ပတ်တီးကျပ်ကျပ်စည်းခြင်း ဖြင့် ဖိအားကိုထိန်းထားပေးနိုင်ပါသည် ။
ပတ်တီး ၊ အ၀တ်များ သွေးရွှဲနေလျှင် ဖယ်မပစ်ရ ။
ထိုအပေါ်တွင် သွေးစုပ်နိုင်သည့်အ၀တ် သို့မဟုတ် ပတ်တီးထပ်တင်ပေးနိုင်သည် ။
အထက်ပါအတိုင်းပြုစုပြီး သွေးမတိတ်သေးပါက ။
ဒါဏ်ရာရှိရာနေရာကိုသွေးထောက်ပံ့ပေးသော သွေးကြောမကြီးများကို ဖိပေးရန်လိုအပ်ပါသည် ။ သွေးတိတ်သွားလျှင် ဒါဏ်ရာရ အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ထိန်းထားပြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့သပါ ။
အတွင်းသွေးထွက်ဒါဏ်ရာဟုသံသယရှိလာပါက အရေးပေါ်သို့အမြန်ဆုံးပို့ရန်လိုပါသည် ။
X နား၊နှာခေါင်း ၊ စအို စသည်တို့မှ သွေးယိုခြင်း ။
X သွေးအန် ၊ ချောင်းဆိုး သွေးထွက်ခြင်း ။
X လည်ပင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တို့တွင် သွေးခြေဥခြင်း ။
X ဦးခေါင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တွင် ထိုးသွင်းဒါဏ်ရာရခြင်း။
X အရိုးကျိုးခြင်း ၊ကြေခြင်း
X ရှော့ခ်ဝင်ခြင်း ( လက်ဖျားခြေဖျား အေးခြင်း ၊ ရေငတ်ခြင်း ၊ အားပျော့သွားခြင်း ၊ စိတ်ပူပန်လာခြင်း တို့သည် ရှော့ခ် ဧ။် လက်ခဏာများဖြစ်သည် ) အထက်ပါလက်ခဏာများ ဖြစ်ပေါ်ခဲ့လျှင် အတွင်းသွေးထွက်ဒါဏ်ရာ ရနိုင်သည်ဟု သံသယရှိပါ။http://mr-jade.blogspot.com
Posted by ရဲရင့်(ကနေဒါ)

နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။

ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။

ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။ ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။

မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။

အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။

သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။

အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။

(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။ http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4) ။

ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။

နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။ နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။

ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။

စောစိန်မောင်ဌေးသည် KNU ဟောင်းမဟုတ်



ဖနိဒါ
စနေနေ့၊ မေလ 16 2009 19:21 - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ပြီးခဲ့သည့် မေလ ၁၃ရက်က စောထိန်မောင်နှင့် စောနေစိုးမြတို့ အဖွဲ့များ တည်ရှိရာ ထိုးကော်ထိုး ကျေးရွာသိှု့ ပူးပေါင်းသွားသည် ဆိုသည့် ဗိုလ်ကြီး စောစိန်မောင်ဌေး ဆိုသူမရှိကြောင်း KNU က ပြောဆိုလိုက်သည်။

ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဆိုသူသည် ကေအန်ယူ တပ်ရင်း ၂ဝ၁တွင် မရှိကြောင်း ကေအန်ယူမှ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ပြောသည်။ “ကျနော် ခုဘဲ စစ်ရုံးချုပ်က ဒုတာဝန်မှူးကို ဒီလူတွေနဲ့ ပတ်သက်လို့ ဘာမှ မရှိဘူးလို့ ပြောတာလဲ။ အဲဒီတပ်ရင်း ၂ဝ၁မှာ ဒီစောစိန်မောင်ဌေးဆိုတာ မရှိဘူး။ အဲဒီ တပ်ရင်းထဲက ထွက်တာ ဘယ်သူမှ မရှိဘူး။ ဒီအဖွဲ့တွေကို အတည်ပြုချက် မရှိဘူး”ဟု ပြောသည်။ “တချို့က ကေအန်ယူက ပတ်သက်ရာ ပတ်သက်ကြောင်း နယ်စပ်တလျောက်မှာ အရင် ထွက်သွားတဲ့ လူတွေလို စီးပွားရေးဆန်တဲ့ လူတွေပေါ့နော်။ လက်နက်ကတော့ ဖန်တီးယူလို့ ရတာဘဲ။ ရှင်းရှင်းပြောရရင် ဟိုဘက်ကို ပြမယ်ဆိုလို့ ရှိရင် နီးရာ ရှိရာ ငှားပြီးလုပ်ရင်လည်း ရတာဘဲလေ”ဟု ဆက်ပြောသည်။

လက်ရှိ ကေအန်ယူ၏ တပ်ရင်း ၂ဝ၁တွင် ဒု ဗိုလ်မှူးကြီး ဘူးဖော ထိုင်နေကာ တပ်ရင်း ၆ တွင် ဒု ဗိုလ်မှူးကြီး တင်လှိုင် ခေါ် မန်းတင်လှိုင်တို့ ဦးစီးလျက် ရှိသည်ဟု သိရသည်။ ကေအန်ယူ ဗဟိုတပ်ရင်း ၂ဝ၁မှ ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဦးစီးသည့် တပ်ရင်း ၂ဝ၁နှင့် တပ်ရင်း ၁၆မှ အဖွဲ့အင်အား ၁၄ဦး မိသားစုဝင် ၂၃ဦး စုစုပေါင်း ၃၇ဦး၊ လက်နက်ငယ် ၁ဝလက်နှင့် ခဲယမ်းမျိုးစုံနှင့်အတူ ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က လက်နက်နှင့်အတူ ထို့ကော်ထိုးကျေးရွာသို့ ပူးပေါင်းသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းတွင် ဖော်ပြထားသည်။

၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် အင်အားစုအချို့သည် KNU မှ ခွဲထွက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကော်စီကို ထူထောင်ကာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။ ပြီးခဲ့သည့် မတ်လ ၃ဝရက်နေ့မှ ဧပြီ ၄ရက်နေ့အထိ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီး အဆင့်ရှိ စောနေစိုးမြ ဦးစီးသောအဖွဲ့ ထို့ကော်ကိုး ကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့သည်။

ဗိုလ်ကြီး စောနေစိုးမြသည် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မပူးပေါင်းမီ နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်မင်းက တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော စောနေစိုးမြ ဦးစီးအင်အား ၇၁ ဦး၊ မှီခိုသူ မိသားစုဝင် ၈၈ ဦး စုစုပေါင်းအင်အား ၁၅၉ ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် နေအိမ်များ ဆောက်လုပ် နေရာချထားကြောင်း အစိုးရ၏ ဧပြီလ ၉ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။

“ရှင်းရှင်းပြောရရင် တပ်ကလဲ မဟုတ်ဘဲနဲ့ တပ်က မျက်နှာနဲ့ အဲဒီမှာ နီးစပ်ရာ နီးစပ်ကြောင်း ကေအန်ယူ အကြောင်းပြပြီး နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒီလို အချိန်မှာ အရင်ထွက်သွားတဲ့ လူတွေကလည်း ကေအန်ယူအမည်ခံပြီး လာရင် တပ်စာရင်းထဲမှာ သွင်းမယ်။ ကျနော်က ဘယ်တပ်က မိသားစု ဘယ်လောက်နဲ့ လာပါသည်ဆိုပြီးတော့ အခွင့်ထူးတွေ ယူနေမယ်။ နအဖလဲ ဝါဒဖြန့်ချီရေးလုပ်နေတဲ့အချိန် သူတို့ကလည်း ငွေရတော့ အဲဒီ အကြံကြောင့်ဘဲလို့ ထင်တယ်”ဟု ပဒိုစောလှငွေက ပြောသည်။ “ကျနော်ကတော့ တော်လှန်ရေးမှာလဲ သမားမဟုတ်ဘဲ အယောင်ဆောင်နေတဲ့ တော်လှန်ရေးသမား ပေါင်းလုပ်စားနေသူတွေလည်း ရှိတယ်ဆိုတာကိုဘဲ ခွဲခြား သိမြင်ဖို့ လိုတယ်”ဟု ပြောသည်။

Foreign diplomats shows support to Aung San Suu Kyi

Monday, 18 May 2009 12:35An European diplomat, who along with Ambassadors from the United Kingdom, Italy, Germany, France and Australia tried to enter Insein prison, told Mizzima that they wanted to show support and solidarity for Aung San Suu Kyi but were barred from entering. “I wanted to show my support to Aung San Suu Kyi and her lawyers and the ambassadors wanted to do so as well. I don’t think they would have allowed us inside the prison but we wanted to be outside the prison,” the diplomat, who wished not to be named, told Mizzima.The diplomat said, “The general feeling is that we are disturbed about what is happening and what the consequences of the trial might be,” the diplomat said....................................................................................................
Activists protest in JakartaMonday, 18 May 2009 12:34Jakarta – At least 15 Indonesian activists on Monday staged a demonstration in front of the Burmese embassy in Jakarta, calling on the Burmese junta to immediately release Aung San Suu Kyi, currently facing trial in Rangoon’s Insein prison court.“We urge the Burmese regime to release Aung San Suu Kyi and all political prisoners in Burma,” a protestor called Swan Paru, who is a member of the Indonesian Civil Society for solidarity for Burma, told Mizzima.Demonstrators began protesting at 11 a.m (local time) and held aloft posters reading ‘Free Aung San Suu Kyi and Free Burma’. Paru said they called on the international community to take immediate action against the junta to release the Nobel Peace Laureate Aung San Suu Kyi.Activists around the world have dubbed Monday the “Global Day of Action’ for Burma and are set to hold protests in front of Burmese embassies across the world condemning the junta for the trial of Aung San Suu Kyi.Reporting by John Moe in Jakarta...................................................................................................
Youth distributing ribbons arrestedMonday, 18 May 2009 12:04A youth member of the National League for Democracy (NLD) from Shwe Pyithar Township, who was distributing black ribbons near Insein bazaar was arrested by police on Monday morning....................................................................................................
Foreign envoys barred from entering Insein prisonMonday, 18 May 2009 12:02Ambassadors and diplomats from the Rangoon-based British, French, German, Italian and Australian embassies have been barred from entering Insein prison, where a special court will conduct a trial against Burmese democracy icon Aung San Suu Kyi, reports said....................................................................................................
Telephone lines cut-offMonday, 18 May 2009 12:00Rangoon-based journalists said several telephone lines have been cut-off since Sunday night, and outgoing calls can be made only from a few mobiles phones.As roads to Insein prison remain closed, vehicles coming to Insein township are forced to make a detour from the Minglardon-Pyi Road....................................................................................................
Belgium condemns Burmese juntaMonday, 18 May 2009 11:58The Foreign Minister of Belgium Karel De Gucht has condemned Burma’s ruling military junta for putting pro-democracy leader Aung San Suu Kyi on trial, joining the chorus from the international community in castigating the junta.“Everything makes me think that the regime is looking for a reason to keep her in detention, and far from any elections process,” Mr De Gucht said in a statement on Friday.“It is a compulsory condition to establish a process of National Reconciliation, which is necessary before the elections planned for 2010” the Minister said....................................................................................................
Youths versus pro-junta group membersMonday, 18 May 2009 11:11Despite road blockades several people gathered near the notorious Insein prison and about 30 youths were able to reach near the jail.But about 50 members of the pro-junta civilian group, the Union Solidarity and Development Association (USDA), lay in wait for the youths. Reportedly internet connection in Rangoon was cut earlier this morning...................................................................................................
Aung San Suu Kyi’s lawyers enter Insein prisonMonday, 18 May 2009 10:51Aung San Suu Kyi’s defence counsels Kyi Win, Khin Htay Kywe and Hla Myo Myint were seen entering Insein prison at 8:30 a.m (local time). ..................................................................................................
Yettaw should be sent to “mental hospital” : KNUMonday, 18 May 2009 10:44 Instead of sending John William Yettaw, who intruded into Aung San Suu Kyi’s residence, to a mental hospital, the ruling junta is using him in its machinations to continue detaining the pro-democracy, an armed rebel group said.In a statement on Sunday, the Karen National Union, an ethnic armed group, said the junta must understand that the action of Yettaw, who allegedly swam across Innya lake and broke into Suu Kyi’s home, clearly proves that he is insane and needs medical care. The regime shoul step up security around Aung San Suu Kyi’s house.But the junta’s act of charging the pro-democracy leader and putting her on trial proves that the regime with vengeful and hate-ridden motives is plotting to further extend her detention beyond the 2010 elections that they are preparing to hold, the KNU said.This also proves that the ruling junta “has no desire yet for national reconciliation, peace and justice,” the KNU said...................................................................................................
Roads blocked in Insein ahead of pro-democracy leader's trial Monday, 18 May 2009 10:34 Burmese military junta authorities have put in place tight security along the roads in Rangoon with armed soldiers blocking roads with barricades in a move not to allow crowds to gather ahead of the pro-democracy leader Aung San Suu Kyi's trial on Monday.Burmese military junta authorities have put in place tight security along the roads in Rangoon with armed soldiers blocking roads with barricades in a move not to allow crowds to gather ahead of the pro-democracy leader Aung San Suu Kyi's trial on Monday.Eyewitnesses said, red-ribboned special security forces are swarming everywhere on the main road in front of the notorious Insein jail and lanes nearby.Besides, members of the pro-junta civilian groups – Swan Arrshin – are also seen standing by in light-trucks, ready to act at the slightest indication that may indicate that people are gathering.

Tight security for trial of Myanmar's Aung San Suu Kyi

Posted: 18 May 2009 1129 hrs

Myanmar soldiers man roadblocks in Yangon near the home of Aung San Suu Kyi.

YANGON: Myanmar police set up barbed wire barricades on Monday around a notorious prison where democracy icon Aung San Suu Kyi was set to stand trial on charges that she sheltered a US man who swam to her home.

Police in riot gear and plainclothes security men blocked off all roads leading to the jail near Yangon, while several dozen sympathisers stood at the cordon to show support for the Nobel Peace Prize winner.

The 63-year-old faces up to five years in jail and could be barred from standing in elections next year if convicted of violating her house arrest at the trial, which has been condemned by the international community.

Her lawyer said she would protest her innocence at the hearing to be held behind closed doors inside the sprawling jail compound where Aung San Suu Kyi has been kept since Thursday.

"Daw Aung San Suu Kyi has studied the section of the law under which she was charged and says that she didn't commit any crime," lawyer Kyi Win told AFP. Daw is a term of respect in the Burmese language.

He said that the blame lay with John Yettaw, an eccentric American who crossed a lake to reach her home earlier this month and then spent two nights there, leading to the charges against Aung San Suu Kyi.

"She just felt sorry for this man as he had leg cramps after he swam across the lake. That's why she allowed him to stay," Kyi Win said.

He said Yettaw had also come to the house in 2008, but that the two political assistants who live with Aung San Suu Kyi had asked him to go back, adding that her doctor had informed authorities about the earlier visit at the time.

Aung San Suu Kyi, Yettaw and the two assistants – who have formerly been described as maids – would all appear in court on Monday for the opening of the trial, Kyi Win said.

It was not immediately known how long the trial would take.

Aung San Suu Kyi has spent most of the last 19 years in detention since the junta, headed by reclusive Senior General Than Shwe, refused to let her take power after her party won Myanmar's last democratic elections in 1990.

Her latest six-year period of detention was due to expire on May 27, but
Yettaw's visit has apparently provided the junta with the ammunition it needs to extend her detention past the elections scheduled for 2010.

Critics say the polls are a sham that the junta hopes to use to gain legitimacy, erase the results of the 1990 polls won by her National League for Democracy party and consolidate the military's grip on power.

Under a constitution forced through last year, Aung San Suu Kyi is already barred from becoming president after the elections as she had children with her British husband Michael Aris, an academic who died in 1999.

The constitution also bars those convicted of criminal offences from standing in elections.

But analysts say the junta's determination to keep her locked up shows that they still perceive the soft-spoken activist as a major threat to their iron rule over Myanmar, which has been controlled by the military since 1962.

Several protests were planned in major Asian cities including Bangkok and Hong Kong in support of Aung San Suu Kyi.

US President Barack Obama formally extended sanctions against Myanmar on Friday, despite an official US review of policy on the country, which is also known as Burma.

There has however been no official statement from the Association of Southeast Asian Nations, of which Myanmar is a member, although Indonesia, Thailand, Singapore and the Philippines have issued separate condemnations.

China, one of Myanmar's closest backers, and India have also remained silent while, among other Asian powers, Japan has called for Aung San Suu Kyi's release.

Monday, May 11, 2009

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ

Monday, May 11, 2009
Kaowao မေ ၉၊ ၂၀၀၉။သံဖြူဇရပ်(မေလ-၉)။ ။ စောသမူဟဲ ဦးဆောင်သော ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့KPF ဟောင်သရောအဖွဲ့ကို BGF (Border Guard Force) မြန်မာနယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်း ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားထားပြီ ဖြစ်ကြောင်း အမည်မဖော်လိုသော KPF အရာရှိတစ်ဦး ပြောပြချက်အရ သိရသည်။

လွန်ခဲ့သည့် မတ်လ(၃၀) ရက်နေ့တွင် နေပြည်တော်မှ ထိပ်တန်းမြန်မာအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း တို့နှင့် KPF ခေါင်းဆောင် စောသမူဟဲ(ဥက္ကဌ)၊ စောဒေါဒေါ(ဒု-ဥက္ကဌ)၊ မန်းအောင်တင်မြင့်(အတွင်းရေးမှူး)၊ စောဝါးချဲ့(ဗဟိုကော်မတီဝင်) တပ်ရင်းမှူးများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး စောသြဘာ၊ ဒုတိယဗိုလ်မှူးကြီးစောအယ်ဆေး၊ ဒုတိယဗိုလ်မှူးကြီးစောလေးဝါး၊ တို့အား ရတခတွင် ခေါ်ယူတွေ့ဆုံ စဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF သို့ ပြောင်း လဲရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။အဆိုပါ BGF တပ်ဖွဲ့တွင် အမှတ်(၁)တပ်ရင်းကို တပ်ရင်းမှူး စောအယ်ဆေး ကြာအင်းဆိပ်ကြီးမြို့သစ်ဒေသ၊ အမှတ်(၂)တပ်ရင်းကို တပ်ရင်းမှူး စောသြဘာ ကျိုက်ဒုံဒေသ၊ အမှတ်(၃) တပ်ရင်းကို စောလေးဝါး ဘုရားသုံးဆူ ဒေသတို့တွင် အခြေပြုကြသည်ဟု ဆိုပါသည်။

တပ်ရင်းတစ်ရင်းအတွက် နအဖမှသတ်မှတ်ပေးသော အရေအတွက်မှာ (၃၂၆) ဦးဖြစ်ပြီး တပ်ခွဲ(၄) ခွဲဖြစ်သည်။ တပ်ရင်း(၃) ရင်းဖြစ်သည့်အတွက် BGF နယ်ခြားစောင့်တပ်၏ အင်အားမှာ တစ်ထောင်နီးပါးခန့်ရှိမည်ဟု ခန့်မှန်း ရပါသည်။BGF တပ်ဖွဲ့ဝင်တို့၏ လစာနှင့် ရိက္ခာစစ်လက်နက်ပစ္စည်းတို့ကို နအဖမှ တာဝန်ယူမည်ဖြစ်သည်။ အနိမ့်ဆုံး တပ်သားတစ်ဦး၏ လစာ သုံးသောင်း (၃၀၀၀၀) ကျပ်ဖြစ်ပြီး ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးလစာမှာ ကျပ်တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀ိ) နအဖမှ ထုတ်ပေးမည်ဟု ဆိုပါသည်။

နအဖမှု BGF တပ်ဖွဲ့အတွက် ထောက်ပံ့ဖြည့်ဆည်းပေးသည်မှာ M-16 သေနတ် (၁၀၀) လက်၊ AK-47 သေနတ် (၁၁၀)၊ ကားငယ် (၅) စီး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ စက်ဘီး (၅) စီး ရှိသည်ဟု အဆိုပါ BGF အရာရှိက ထပ်မံ ပြောကြားခဲ့သည်။အဆိုပါအရာရှိက “လက်နက်ချတပ်ဖွဲ့ဖြစ်နေတော့ တပ်ဖွဲ့နာမည်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် မရှိပါဘူး၊ ထိပ်ပိုင်းတွေကတော့ သဘောတူကြရတာပါဘဲ၊ ဒါပေမဲ့ အောက်ခြေ ကရင်တပ်သားတွေအဖို့ ကရင်လူမျိုးကို ကိုယ်စားပြုတဲ့ K တစ်လုံး ပျောက်သွားတာကိုတော့ သိပ်မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

KPFဟောင်သရောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ စောသမူဟဲ မြန်မာစစ်အုပ်စုတွင် လက်နက်ချခဲ့ပြီး ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။နအဖစစ်ဘက် အရာရှိများနှင့် ငြိမ်းအဖွဲ့ခေါင်းဆောင်တချို့ ဧပြီ (၂၈) တွင် သီးခြားစီ တွေ့ဆုံခဲ့ရာတွင် နအဖ ထိပ်တန်းအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် သက်ဆိုင်ရာတိုင်းမှူးများက တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ပြောကြားခဲ့ပြီးဖြစ်သည်။

Sunday, May 10, 2009

DKBAတပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ


တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ တလနီးပါးခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ဝေါလေခီး စခန်းမှ DKBA တပ်များ ပြန်လည်ဆုတ်ခွာနေသည်။

ဝေါလေခီးတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာသားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်နေ သည့် ကေအဲန်အယ်လ်အေရဲဘော်တချို့ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ၊ KNLA တပ်ရင်း ၂၀၁ အခြေစိုက် ဝေါလေခီးစခန်းအား DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါထိုစခန်းမှ DKBA တပ်များ တဖြည်းဖြည်းချင်း ဆုတ်ခွာလျှက်ရှိသည်ဟု DKBA နှင့် နီးစပ်သူ တဦးက ယခုလို ပြောသည်။ “ပြန်ဆုတ်သွားပြီ။ မနေ့ကပဲပြန်ဆုတ်သွားတာ။ အဲဒီစခန်း(ပင်မစခန်း)ထဲမှာတော့ လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် စခန်းနဲ့ အနီးအနားမှာတော့ ရှိနေတာပေါ့။ ရုတ်တရက် ဆုတ်သွား တာတော့ မဟုတ်ဖူးပေါ့။ ဖြည်းဖြည်းဆုတ်သွားတာပေါ့။”

DKBA အနေနှင့် ဝေါလေခီးစခန်းအား သိမ်းပိုက်ပြီးသော်လည်း ဌာနချုပ်မှစားနပ်ရိက္ခာ ထောက်ပန့်မှု အားနည်းခြင်း၊ လူအင်အားမဖြည့်နိုင်ခြင်းတို့ကြောင့် စခန်းထိုင်၍ မရနိုင်ဟု ၎င်းက ဆက်ပြောသည်။“စခန်းထိုင်လို့မရဘူး။ အနောက်လိုက်အင်အားမကောင်းလို့ပြန်ဆုတ်ကုန်ပြီ။ အနောက် လိုက်အင်အား ဆိုတာ ရိက္ခာပို့ဆောင်တဲ့နေရာမှာလျော့နည်းမှု၊ နောက်ပြီး ရွှေ့ပြောင်းလိုတဲ့ အင်အားလျော့နည်းမှု၊ လိုအပ်တာကိုပို့ဖို့ လျော့နည်းမှု၊ နောက်တခုက အခု ကေအင်ယူရဲ့ အဲဒီစခန်းကမြေမြုပ်မိုင်းတွေ ထိပြီး တော့၊ ထိသွားတဲ့ ရဲဘော်တွေရဲ့ အဲဒီလူနာတွေရဲ့ အင်အားတွေကို အခုပြန်လှည်ပြီးတော့ ပြုစုရတဲ့ အတွက်ကြောင့်မို့ အခုဒီစခန်းမှာ ကြာကြာ နေလို့ မဖြစ်တော့ဘူးလေ။”ဝေါလေခီးစခန်းအားမိမိတို့ဖက်မှ ဆုတ်ခွာပေးပြီးနောက် DKBA တပ်များအနေနှင့် ပင်မစခန်းထဲသို့ ၀င်ရောက် နိုင်ခြင်းမရှိသေးပဲ ပင်မစခန်း အနီးဝန်းကျင်၌သာ နေရာယူထား နိုင်ခဲ့သည်ဟု KNLA ၂၀၁ ဒုတပ်ရင်းမှူး ဗိုလ်ကြီး စောဘူးဖောက ယခုလို ပြောသည်။

“လောလောဆယ်တော့ သူတို့စခန်းတွေ ချထားတယ်။ ကျနော်တို့နေတဲ့ စခန်းမှာမဟုတ်ဖူးနော်၊ အတွင်းထဲမှာ မဟုတ်ဖူးပေါ့။ အဲဒီနားတ၀ိုက်မှာတော့ လာနေတယ်။”လောလောဆယ် နှစ်ဘက်ပစ်ခတ်မှုများ မရှိသော်လည်း KNLA တပ်ရင်း၂၀၁ ၏ ရွှေ့ပြောင်းသည့် နေရာသည် ဝေါလေခီး စခန်း၏ အမြင့်ပိုင်းတွင်တည်ရှိနေပြီး ပင်မစခန်းတွင်း၌ လက်ကျန် မြေမြုပ်မိုင်းတချို့ ကျန်ရှိနေသဖြင့် DKBA အနေနှင့် ပင်မစခန်းတွင်း ၀င်ရောက်ရန် ခက်ခဲနိုင်သည်ဟု ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်။“အဲဒီ စခန်းမကြီးထဲကိုသူတို့ ၀င်လာလို့ရှိရင် ဒီက အပေါ်ပိုင်းမှာရှိတဲ့သူတွေက လှမ်းပစ်မှာ ဆိုတော့ ဟိုပြေးဒီပြေးဆို သူတို့ဗုံးကျင်းမှာပဲ နေရာပြေးယူရမှာ။ ဗုံးကိုအေးဆေးရှင်းလို့ ရမယ့်နေရာမျိုးမှ မဟုတ်တာ။ ဗုံးကိုအေးဆေးရှင်းမယ်ဆိုလို့ရှိရင် ညပဲဝင်ဝင်၊ နေ့ပဲဝင်ဝင် ဒီဖက်က အပေါ်ကနေ လှမ်းပစ်ရင် သူဗုံးထိမှာပဲ။

ဒီစခန်းက ကိုယ့်ဟာကိုယ်တောင် ပြန်ဝင် ရှင်းရင် ပြန်ဝင်ထိုင်ရင်တောင်မှ တော်တော် သတိထားရမယ်။”ယမန်နှစ်ဇွန်လကုန်ပိုင်းက ဒီကေဘီအေနှင့် မြန်မာ အစိုးရပူးပေါင်းတပ်တို့ ဝေါလေခီးစခန်း အား ၂ ရက် ကြာမျှသိမ်းပိုက်ထားသည်ကို ကေအဲန်ယူက ပြန်လည်ရယူနိုင်ခဲ့ပြီး ယခင် လကုန်ပိုင်းက ဒုတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတွင်းသို့ အခြေချ နေထိုင်နိုင်ခြင်း မရှိသေးချေ။

Posted by အဲခေါင်သောင့်

Saturday, May 9, 2009

ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးတဦး KNU ထံ ပြန်လည်ရောက်ရှိ


Friday, May 8, 2009

Thursday, 07 May 2009 21:16 ဖြိုးကြီး ဗိုလ်ချုပ်စောထင်မောင်ဦးဆောင်သည့်ကရင်ခွဲထွက်အဖွဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၀၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောလေးမူး မိသားစုဝင်များနှင့်အတူ KNU အဖွဲ့သို့ ပြန်လည်ရောက်ရှိလာသည်။
စစ်အစိုးရ၏ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် ထားရှိသည့် သဘောထားကို မယုံကြည့်ရတော့သည့်အပြင် ၂၀၁၀ နောက်ပိုင်း နယ်ခြားစောင့်တပ်ဖွဲ့ပြီးပါက မိမိလူမျိုးနှင့် ပြည်သူလူထုတရပ်လုံးအတွက် အာမခံချက်မရှိတော့သည့်အတွက် ယခုလ (၄) ရက်နေ့က ကေအန်အဲလ်အေ တပ်မဟာ (၇) သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ငြိမ်းချမ်းရေးကောင်စီမှ KNU သို့ ပြန်လည်ရောက်ရှိလာသည့် ဗိုလ်မှူး စောလေးမူး“ကျနော်တို့ရပ်တည်ဖို့ အာမခံချက်မရှိဘူး၊ သူတို့ခိုင်းတာပဲ အကုန်လုပ်ရမှာ၊ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာက ကိုယ့်အမျိုးသားတွေအတွက် ငြိမ်းချမ်းဖို့လုပ်တာဆိုပြီး အဖိုးထင်မောင်ပြောတာ၊ အခုတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ် ခိုင်းတာလုပ်ရမယ်ဆိုတော့ ကျနော်တို့ရည်ရွယ်ချက်နဲ့ တခြားဖြစ်သွားမယ်၊ အဲဒါကြောင့်မို့ ကျနော်ထွက်လာခဲ့တာ” ဟု ဗိုလ်မှူး စောလေးမူးက ပြောသည်။ပြီးခဲ့သည့်လ (၂၈) ရက်နေ့က ငြိမ်းချမ်းရေးကောင်စီအဖွဲ့များကို နအဖအာဏာပိုင်များက ဖားအံမြို့တွင် ခေါ်ယူကာ အသက်ကြီးသူများကို ပါတီဖွဲ့ ရွေးကောက်ပွဲဝင်ခိုင်းပြီး ကျန်တပ်ဖွဲ့ဝင်များကို အင်းအားလျော့ချကာ နယ်ခြားစောင့်တပ် ပြန်လည်ဖွဲ့စည်းပြီး ကာကွယ်ရေးဦးစီးချုပ်လက်အောက်တွင် ထားရှိမည်ဖြစ်ကြောင်း ပြောဆိုဖိအားပေးခဲ့သည်ဟု ၎င်းက ပြောသည်။
လက်ရှိ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များ အခြေအနေနှင့်ပတ်သက်၍ “၂၀၁၀ ပြီးရင် တပ်တွေကိုပြန်ဖွဲ့စည်းပြီး နယ်ခြားစောင့်တပ်အဖြစ် ထားမယ်၊ နအဖတပ်လို နေရမယ်ဆိုရင်တော့ ကျနော့်လူတွေ တယောက်မှ ရှိတော့မှာမဟုတ်ဘူး၊ ပါတီဖွဲ့ဖို့ကလဲ ငြိမ်းချမ်းရေးအဖွဲ့ထဲမှာ ပါတီဖွဲ့နိုင်လောက်တဲ့သူ တယောက်မှမမြင်ဘူး၊ အဖိုးထိန်မောင်ဆိုရင်လဲ အသက်ကကြီးလာပြီး သူ ပါတီထောင်ပြီး ဘယ်လို ရွေးကောက်ပွဲဝင်နိုင်မလဲ” ဟု ပြောသည်။နအဖစစ်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးအဖွဲ့ဝင်များအပေါ်ထားရှိသည့် သဘောထားနှင့်ပတ်သက်၍လည်း “တစုံလုံအတိုင်းအတာပြောရရင် ကျနော်တို့ လူထုတွေနစ်နာတာပဲရှိတယ်၊ နအဖလုပ်ရပ်သာ အောင်မြင်ရင် တိုင်းသူပြည်သားတွေ ပိုပြီး နစ်နာမှာပါ၊ အားလုံးအခြေအနေက ပရုပ်လုံးလို လုံးပါးပါးသွားမှာပဲ၊ သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာလဲ တိုင်းသူပြည်သားတွေအတွက် ဖြစ်လာမှာမဟုတ်ပါဘူး၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အားလုံးဟာ ၂၀၁၀ ပြီးရင် အားလုံးပျက်သုဉ်းသွားမှာပါ” ဟု ပြောသည်။
နအဖမီဒီယာများက ငြိမ်းချမ်းရေးအဖွဲ့များမှ ပြန်လည်ရောက်ရှိလာသူများကို KNU မှ သတ်ဖြတ်ပစ်ကြောင်း ပြောဆိုနေခြင်းသည် လိမ်လည်မှုများသာဖြစ်ပြီး တကယ်တမ်းလက်တွေ့တွင် နွေးထွေးစွာ ကြိုဆိုဆက်ဆံကြောင်း ၎င်းက ဆက်လက်ပြောသည်။“သူတို့ပြောတာ တခြားစီပါဗျာ၊ သူတို့သတင်းမှားတယ်ဆိုတာ ကျနော်ကိုယ်တိုင် ကြုံနေရပြီ၊ ကျနော် အေးအေးဆေးဆေးပဲ လက်ထိပ်ခတ်တာတောင် မရှိဘူး၊ နွေးထွေးစွာ ကြိုဆိုတယ်၊ စားဖို့သောက်ဖို့ကအစ သူတို့လုပ်ပေးတယ်၊ အခုလိုပြောတာကလဲ ဘယ်သူမှ ဖိအားပေးလို့မဟုတ်ဘူး၊ နအဖမီဒီယာတွေက သတင်းအမှားတွေပဲ ဖြစ်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်” ဟု ပြောသည်။
လက်ရှိ ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း ၉ ရင်းနှင့် အထူးတပ်ရင်း ၁ ရင်း ထားရှိကာ လက်နက်ကိုင်အင်အား ၃၀၀ ဝန်းကျင်သာရှိကြောင်း ၎င်းက ပြောသည်။လက်ရှိ ငြိမ်းချမ်းရေးကောင်စီတွင် ကျန်ရစ်ခဲ့သူများကို ၎င်းအနေဖြင့် “ကျနော့် လုပ်ဖော်ကိုင်ဖက်တွေကို မှာချင်တာက အခြေအနေအရပ်ရပ်ကို အားလုံးသိတဲ့အတွက် ခြေမကျွံခင် ပြန်လာခဲ့ကြပါလို့ မှာချင်တယ်၊ ရှေ့လှမ်းရမှာကလဲ ချောက်ကမ်းပါးပဲဆိုတာကို သိလျှက်နဲ့ ဆက်မမှားစေချင်တော့ဘူး၊ မိခင် KNU ရဲ့ရင်ခွင်ကို ပြန်လာဖို့ ပြောချင်ပါတယ်” ဟု ဗိုလ်မှူး စောလေးမူးက တိုက်တွန်းပြောဆိုသည်။
ဝဗိုလ်မှူးစောလေးမူး မိခင် KNU သို့ ၎င်း၏မိသားစုဝင် ၄ ဦးနှင့်အတူ ပြန်လည်ရောက်ရှိလာသည့်အပေါ် တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက “ဟိုမှာနေလို့ အခြေအနေမကောင်းတော့ဘူး၊ အများအတွက် အမျိုးသားအတွက် အကျိုးမရှိဘူးဆိုတာကို သိလို့ ပြန်လာတာ၊ သူ့မိသားစုတွေရော အရင်ကအတိုင်း အေးအေးဆေးဆေး ပြန်လာနေပါ နွေးထွေးစွာပဲ ကြိုဆိုပါတယ်” ဟု ပြောသည်။

ရိုးမ ၃ မှကူးယူဖေါ်ပြသည်။

ကရင်ခွဲထွက်များ ပျောက်ကွယ်စေရန် နအဖလုပ်ဆောင်ဟု ငြိမ်းချမ်းရေးကောင်စီ ပြောကြေား

Friday, May 8, 2009

NEJ / ၇ မေ ၂၀၀၉
မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ကရင်ခွဲထွက်များအားလုံး အလိုအလျောက် ပျောက်ကွယ် သွားမည့်အစီအစဉ်ကို နအဖမှ စနစ်တကျလုပ်ဆောင်နေသည်ဟု ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသူတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့က ခေါ်ယူကာ အနုနည်းဖြင့် အကြပ်ကိုင်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

ယခုလ (၄) ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်စခန်းသို့ လာရောက်ပူးပေါင်းသည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ တပ်ရင်း (၇၀၄) မှ ဗိုလ်မှူးစောလေးမူးက “အရင်လ (၂၈) ရက်နေ့က ဘားအံမှာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က လူကြီးတွေကို နအဖ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ခေါ်တွေ့ပြီး ဖူးဌေးမောင်ကို အဖွဲ့တွင်းမှာရှိတဲ့ အသက်ကြီးတဲ့လူတွေကို အဖွဲ့ကထွက်ခိုင်းပြီး ကျန်တဲ့လူတွေနဲ့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြောတယ်။

၂၀၁၀ ကျရင် နယ်ခြားစောင့်အဖြစ် အကန့်အသတ်နဲ့ အသွင်ပြောင်းပေးမယ်။ အဲဒီကိစ္စကို စဉ်းစားခိုင်းတယ်” ဟု ပြောသည်။၎င်းဆွေးနွေးပွဲတွင် မြန်မာစရဖအရာရှိများနှင့်အတူ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ စောဌေးမောင် (ဥက္ကဋ္ဌ)၊ ဗိုလ်ချုပ်ကြီး ထော့လေး (ဒုတိယစစ်ဦးစီးချုပ်)၊ နော်ကပေါ်ထူး (အတွင်းရေးမှူး) နှင့် ဗိုလ်မှူးချုပ်ယဉ်နု (စစ်ထောက်ချုပ်) တို့ ပါရှိသည်။ယင်းကိစ္စနှင့်ပတ်သက်၍ စောဌေးမောင်က အဖွဲ့ဝင်များအား ယနေ့ထိ ပြန်လည်ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အပေါ် အဖွဲ့ဝင်များက စိုးရိမ်နေပြီး ၎င်းတို့အားလုံးကို နအဖလက်ထဲ ဝကွက်အပ်မည်ကို စိုးရိမ်နေကြသည်။ကရင်ခွဲထွက်များ၏ အခြေအနေနှင့်ပတ်သက်၍ ရွေးကောက်ပွဲပြီးလျှင် ခွဲထွက်အဖွဲ့အားလုံးကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းပြီး ကာကွယ်ရေးဦးစီးချုပ်၏ အကန့်အသတ်အောက်တွင် ရပ်တည်ရမည်ဖြစ်သောကြောင့် ကရင်ခွဲထွက်အဖွဲ့များအားလုံး အလိုအလျောက် လုံးပါးပါးပြီး ပျောက်ကွယ်သွားမည် ဖြစ်သည်ဟုလည်း စောလေးမူးက ပြောသည်။

၎င်းက “စစ်မှန်တဲ့ငြိမ်းချမ်းရေး ရမယ်ထင်ပြီးလုပ်ခဲ့တာ လက်တွေ့မှာ တခြားစီပဲ။ နအဖလက်အောက်မှာ ဘာနိုင်ငံရေး၊ ဘာငြိမ်းချမ်းရေးမှ လုပ်လို့မရဘူး။ ဒါကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအန်ယူဆီ ပြန်လာတာပါ” ဟု ပြောသည်။ကေအန်ယူခွဲထွက်အဖွဲ့အစည်းများမှာ ဒီကေဘီအေ၊ ကေအန်ယူငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောသမူဟဲ ဟောင်သရောအဖွဲ့၊ သံတောင်အထူးဒေသ တောင်နှင့်မြောက် (၂) ဖွဲ့ နှင့် (၁၀၁) အဖွဲ့တို့ဖြစ်သည်။ငြိမ်းချမ်းရေးကောင်စီတွင် တပ်ရင်း (၁၀) ရင်းရှိပြီး (၁) ရင်းလျှင် (၃၀) ဦးခန့်ရှိကာ ၎င်းတို့လက်ရှိ လက်နက်ကိုင် အင်အားမှာ (၃၀၀) ခန့် ရှိသည်ဟု သိရသည်။လက်နက်ကိုင်အင်အားနည်းပါးရခြင်းမှာ နအဖက လက်နက်ဝယ်ယူစုဆောင်းခွင့်နှင့် တပ်အင်အားတိုးချဲ့ခွင့် မပြုသဖြင့် ဒီကေဘီအေအဖွဲ့ကဲ့သို့ အင်အားတောင့်တင်းမှု မရှိကြောင်း၊ ဒီကေဘီအေအဖွဲ့ လက်နက်လူသူ စုဆောင်းမှုကို နအဖက မသိချင်ယောင်ဆောင်ထားပြီး ဒီကေဘီအေနှင့် ကေအန်ယူ ဖြစ်သည့်တိုက်ပွဲများတွင် လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်နှင့် ရိက္ခာများကို လိုသလောက်ထုတ်ပေးသည်ဟုလည်း မိသားစုဝင် (၄) ဦးနှင့်အတူ ပြန်ဝင်လာသည့် စောလေးမူးက ပြောသည်။

ငြိမ်းချမ်းရေးအဖွဲ့များထံမှ ရရှိသောအချက်အလက်များအရ နအဖ ဖွဲ့စည်းပေးမည့် နယ်ခြားစောင့်တပ်တတပ်တွင် ငြိမ်းချမ်းရေးအဖွဲ့ဘက်မှ အရာရှိ (၁၅) ယောက်အပါအဝင် အင်အား (၂၉၆) ယောက်နှင့် နအဖဘက်မှ အရာရှိ (၃) ဦး အပါအဝင် အင်အား (၃၀)၊ စုစုပေါင်းအင်အား (၃၂၆) ယောက်ပါဝင်မည်ဖြစ်ကာ လစာနှင့် အခြားခံစားခွင့်များကို နအဖမှ ထုတ်ပေးမည်ဖြစ်ပြီး စစ်သင်တန်းကိုလည်း နအဖက ပေးမည်ဟုသိရသည်။

The NEJမှကူးယူဖေါ်ပြသည်။

Thursday, May 7, 2009

တပ်မဟာ ၃နှင့် ၄နယ်မြေတွင် ကေအဲန်ယူနှင့် နအဖ တိုက်ပွဲဖြစ် နအဖအများအပြား သေဆုံးဒဏ်ရာရ


ဧပြီလကုန်ပိုင်းနှင့် မေလဆန်းပိုင်းအတွင်း ကေအဲန်ယူ၏ တပ်မဟာ ၃(ညောင်လေး ပင်ခရိုင်)နှင့် တပ်မဟာ ၄(ဘိတ်ထားဝယ် ခရိုင်)၌ နအ ဖတပ်နှင့် ကေအဲန်ယူတပ်တို့ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားရာတွင် နအဖအများအပြား ကျဆုံး ဒဏ်ရာရရှိ ခဲ့သည်။

ဧပြီလ၂၆ရက်နေ့တွင် တပ်မဟာ ၄တပ် ဖွဲ့ဝင်တချို့မှ နအဖခြေမြန်တပ်ရင်း ၁၀၄ ကို ခြုံခိုပစ်ခတ်ရာတွင် နအဖ ၁၂ယောက် သေဆုံးပြီး ၁၁ယောက် ထိခိုက်ဒဏ် ရာရရှိသည်ဟု တပ်မဟာ ၄ပြောရေး ဆိုခွင့်၏ ထုတ်ပြန်ပြောဆိုမှုအပေါ် ကိုးကားပြီး ကွယ်ကလူဝက်ဆိုက်က ဖော်ပြထားသည်။ အဆိုပါသေဆုံးသည့်အထဲတွင် အရာရှိ ၂ဦး ပါဝင်ပြီး အခြားအရာရှိတဦးမှာလည်း ပြင်းထန်စွာဒဏ်ရာ ရရှိသည်။

တပ်မဟာ ၃ညောင်လေးပင်ခရိုင်တွင်လည်း အလားတူတိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ၈ယောက်သေဆုံးပြီး လက်နက် ၈လက်ကို ရရှိသည်ဟု ညောင်လေးပင်ကေအဲန်ယူ ခရိုင်`၏ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါထုတ်ပြန်ချက်အရ တပ်မဟာ၃စစ်ကြောင်းတကြောင်းမှ နအဖခြေမြန်တပ်ရင်း ၃၃၈တို့ စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခြင်းဖြစ်ပြီး အခင်းတိုက်ပွဲဖြစ်ပွားသည့်နေရာသည် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်ဖြစ်သည်ဟု သိရှိရသည်။

အလားတူ တပ်မဟာ ၃လက်အောက်ခံ တပ်ရင်း ၉နှင့် ပအိုဝ့်လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းအဖွဲ့သည် လွန်ခဲ့သည့် မတ်လ ၃ရက်နေ့က ဆီဆိုင်မြို့နယ်တွင် လူအင်အား ၁၂ပါ နအဖခမရ ၄၂၆စစ်ကြောင်းကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ အားလုံးသေဆုံးသွားသည်ဟု မီဒီယာသတင်းများအရ သိရှိရသည်။

သတင်း-အဲခေါင်သောင့်

update/no3fighting by Kwekalu News

update/fightingnews by Kwekalu News


soldierconscript by Kwekalu News