Friday, May 29, 2009

Solo protestor arrested outside Insein-retired army man




2009 May 28
tags: , , , ,
by peacerunning
The man, said to be in his 50’s, was identified as retired army officer Zaw Nyunt, who is a member of activist group 88 Generation Workers. He held a banner saying ‘Release Mother Suu at once’.An elderly solo protestor demonstrating today outside of the prison courtroom where Burma’s Aung San Suu Kyi is on trial was arrested by plain-clothed security officials and taken away.
Security has tightened outside of Rangoon’s Insein prison where Suu Kyi, her two caretakers and US citizen John Yettaw are on trial.Observers say there is an increase in numbers of both uniformed and plain-clothed security officials, including members of the Swan Arr Shin militia group.The man, said to be in his 50’s, was identified as retired army officer Zaw Nyunt, who is a member of activist group 88 Generation Workers. He held a banner saying ‘Release Mother Suu at once’.“He had about less than a minute to protest and was quickly taken away by government officials nearby,” said an eye witness.“He was seen being taken into Insein market located nearby the prison.”An official on duty at Insein township police station said they heard about the protester but were unable to give out further detail as he didn’t arrive at the station.“We don’t know where he was taken to or who took him,” said the official.
DVB

Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုမတရားထိန်းသိမ်းထားပြီးတော့တရားစွဲဆိုထားတဲ့အပေါ်ဂျပန်အစိုးရနဲ့အတူနိုင်ငံတကာကနေမျက်ကွယ်မပြုဘဲနဲ့တရားနည်းလမ်းကျဆောင်ရွက်ရန်ဆန္ဒပြခြင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတရားထိန်းသိမ်းထားမှုမှ မလွတ်မြောက်မချင်း နည်းမျိုးစုံနှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အင်အား ၅၀၀ ခန့်က ယနေ့ညနေပိုင်းတွင် ROPPONGI ဘူတာအနီးရMIGAWADAပန်းခြံမှစ၍အဆောက်အဦးများရှေ့၊
လူစီကားသောအစိုးရရုံးများရှေ့၊ နိုင်ငံခြားရေးရုံးသို့ လမ်းလျှောက်ချီတက်ကာ Hibiya ပန်းခြံတွင်
ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်။ ဆန္ဒပြတာက ၁၉၉၀ ရွေးကောက်ပွဲ ၁၉ နှစ်မြောက် အထိမ်းအမှတ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ထိန်းသိမ်းထားပြီးတော့ တရားစွဲဆိုထားတဲ့အပေါ် ဂျပန်အစိုးရနဲ့အတူ နိုင်ငံတကာကနေ မျက်ကွယ်မပြုဘဲနဲ့ တရားနည်းလမ်းကျ ဆောင်ရွက်ပေးဖို့ ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြခြင်း ဖြစ်ပါသည်၊၊ ဆန္ဒပြသူများက ၁၉၉၀ ရွေးကောက်ပွဲအား အကောင်အထည်ဖော်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို တိုက်တွန်းပြီး အကောင်အထည်ဖော်ပေးရန် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ဂျပန်ရောက် မြန်မာများ၏ ဆန္ဒပြပွဲကို အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၊ဂျပန်နိုင်ငံရှိဒီမိုကရေစီအရေးနှင့်တိုင်းရင်းသားအရေးလုပ်ရှားနေသော
တိုင်းရင်းသားများ၊ မြန်မာ့ရေးရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ ဂျပန်ဘုန်းတော်ကြီးများအဖွဲ့၊ မြန်မာလွှတ်တော် အမတ်များ သမဂ္ဂနှင့် အလုပ်သမားသမဂ္ဂများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

Saturday, May 23, 2009

ဂျပန်နိုင်ငံတိုကျိုမြို့  UN ရုံးဦးသန့် ခန်းမ၌UNHCR ၊MOFA(ဂျပန်နိင်ငံခြားရေးဝန်ကြီးဌာန)တို့ ဒုက္ခသည်ဆိုင်ရာ၊ဆွေးနွေးပွဲတရပ်ကို၁၅-၅-၂၀၀၉၊ကျင်းပပြုလုပ်



ဂျပန်နိုင်ငံတိုကျိုမြို့  UN ရုံးဦးသန့် ခန်းမ၌ UNHCR MOFA(ဂျပန်နိင်ငံခြားရေးဝန်ကြီးဌာန)တို့ ဒုက္ခသည်ဆိုင်
ရာ၊အထူးဆွေးနွေးပွဲတရပ်ကို ၁၅-၅-၂၀၀၉နေ့ တွင်နေ့ လည်၁း၀၀နာရီညနေ၁၈း၀၀အထိပြုလုပ်။
ထိုအစည်းအဝေး၌့ဒုက္ခသည်များကို ဂျပန်အစိုးရ၏ကာကွယ်မှုပေးသည့် တိုးတက်မှုအခြေအနေ၊
ဆုတ်ယုတ်မှုအခြေအနေ၊၊့ ဒုက္ခသည်များအားကူညီမှုအခြေအနေ၊ ဆိုင်ရာအခြားအခြေအနေများနှင့်ဂျပန်နိုင်ငံမှ ၂၀၁၀ခုနှစ်တွင်စတင်ခေါ်ယူမည့်နယ်စပ်ဒေသမှဒုက္ခသည်များအခြေအနေများကိုအဓိကထား
ဆွေးနွေးခဲ့ပြီး။တက်ရောက်လာသည့် ဧည့် သည်များမှအမေးအဖြေအချိန်တွင်နယ်စပ်မှခေါ်ယူမည့် 
ဒုက္ခသည်များအခြေနေများကိုပိုမိုဆုံလင်စွာ အမေးအဖြေများကိုမေးမြန်းဖြေကြားသည်၊၊
အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းများ၊ရှေ့နေအဖွဲ့ များ၊NGO အဖွဲ့ 
အစည်းများတက်ရောက်ခဲ့ကြသည်၊၊UNHCR နှင့် MOFA တို့ ၏ဖိတ်ကြားချက်အရ ( KNL-JAPAN ) ၏ဥက္ကဌဖြစ်သူ စောဘလှသိန်းမှလည်း MOFA၊ UNHCR တို့ နှင့်အတူဦးဆောင်ဆွေးနွေးခဲ့သည်၊၊
ထိုဆွေးနွေးပွဲသို့  (KNL_JAPAN )နော်လေးဖေါ်မင်းနှင့်နော်ပေါ်လင်း
တို့ မှကိုယ်စားလှယ်အနေဖြင့်တက်ရောက်ကြသည်။



ဗြိတိသျှ ပါလီမန်သို့ ဗြိတိန်ရောက်ကရင်များ သွားရောက် လေ့လာသည့် ဓါတ်ပုံသတင်း


အဆိုပါခရီးစဉ်တွင် ဗြိတိန်ရောက် ကရင်တိုင်းရင်းသား ၂၀သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UKက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ခရီးစဉ်အတွင်း ဗြိတိသျှပါလီမန်အမတ် Alan Beithနှင့် ဆွေးနွေးခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ကရင်ဒေသအတွင်း နအဖစစ်တပ်၏ ထိုးစစ်များ ရပ်တန့်စေရေး ဖိအားပေးရန် တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။ကျနော်၏ တောင်းပန်ပူဆာမှုကြောင့် တဆင့်ခံဓါတ်ပုံပေးပို့လာသူ ကွယ်ကလူဝက်ဆိုက်ဘ် အယ် ဒီတာ စောအယ်နာကို ကျေးဇူးတင်ရှိပါသည်။ ဗြိတိန်ကရင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ၄င်းတို့ ထုတ်ပြန်ချက်များကိုလည်း အောက် တွင် ဆက်လက်ဖတ်ရှူနိုင်ပါသည်။
ပုံကြီးချဲ့ လိုလျှင် တချက်နှိမ့်လိုက်ပါ။

သေနတ်အကြောင်း

သေနတ်အကြောင်း

သေနတ်အကြောင်း

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ်ဒေးဂျုံ ဒေါ်စုအတွက် ဒေါ်လာ ၁၀,၀၀၀ လှူ

22 May 2009
တောင်ကိုရီးယား သမ္မတဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ် ဒေး-ဂျုံ (Kim Dae-jung) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ပေးအပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားတဲ့သက်တမ်း ကုန်ဆုံးခါနီးမှာမှ အခုလို တရားစွဲဆိုခံနေရတဲ့အပေါ်မှာလည်း စိုးရိမ်မိတဲ့ အကြောင်း မစ္စတာကင်မ်ဒေးဂျုံ က ပြောခဲ့ပါသေးတယ်။ သမ္မတဟောင်းနဲ့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဆက်သွယ်မေး မြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မီအောင် လှုပ်ရှားဆောင်ရွက်ကြတဲ့နေရာမှာ အထောက်အပံ့ ဖြစ်စေဖို့ အသုံးပြုပါဆိုပြီး အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို မစ္စတာ ကင်မ်ဒေးဂျုံက ပေးအပ်ခဲ့ပါတယ်။ ဒီကနေ့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်က သူ့ရဲ့နေအိမ်မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့တွေ့ဆုံပြီး အခုလို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကိုရီးယားဌာနခွဲ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇော်မိုးအောင်က လှူဒါန်းငွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
“အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တရားရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ယခင်က သူ ရရှိထားတဲ့ ပိုက်ဆံက နေပြီးတော့ အခုချိန် ဒေါ်အောင်ဆန်းစုကြည် လိုအပ်ရင် သုံးနိုင်ဖို့အတွက် သူ့အနေနဲ့ မြန်မာပြည်သူပြည်သားတွေ အထောက်အကူ ဖြစ်စေရန်အတွက် ဒီနေ့ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို လှူခြင်းဖြစ်ပါတယ်။ အဲဒီ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ဟာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့နေ့ ဆိုတာလေ။ ကျနော်တို့ ဆိုးလ်မှာ တခါ လုပ်သွားတယ်လေ။ အဲဒီက ကျန်တဲ့ပိုက်ဆံတွေ ဘဏ်ထဲမှာ အပ်ထားတယ်ပေါ့၊ အဲဒီ ဘဏ်ထဲက အတိုးတွေနဲ့ ပေါင်းပြီးတော့ အခု ပေးအပ်တာပေါ့။”
လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း မစ္စတာ ကင်မ်ဒေးဂျုံ က သူရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တင်တဲ့အမှုနဲ့ပတ်သက်ပြီးတော့ သူ အရမ်းစိုးရိမ်တယ်။ ပြီးတော့ ဒါက လုပ်ကြံတာဖြစ်လို့မယ်လို့ သူ ယူဆတယ်။ သူ့အနေနဲ့ နိုဘဲလ် ဆုရှင်တယောက်လည်း ဖြစ်တယ်။ မြန်မာပြည်အရေးအတွက်ကိုလည်း အမြဲတမ်း ကူညီပေးနေတဲ့သူ တယောက်ဖြစ်တော့ သူက ဒီအတွက်ကို စိတ်မကောင်းဖြစ်တယ်။”
တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျော်ဝင်းပါ။
မစ္စတာကင်မ်ဒေးဂျုံဟာ တောင်ကိုရီးယားဆိုပြီး လူတွေပိုသိကြတဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံတခုအဖြစ် ကူးပြောင်းဖို့ ကြိုးစားခဲ့ကြတာမှာ အဓိကကျတဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့်ပဲ သူ့ကိုလုပ်ကြံဖို့ ကြိုးစားခံခဲ့ရဖူးသလို နေအိမ်အကျယ်ချုပ်ဘ၀လည်း ကျခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း ၁၉၉၈ ခုနှစ်မှာတော့ သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ၂၀၀၃ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံရဲ့ (၁၅) ဆက်မြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မစ္စတာကင်မ်ဒေးဂျုံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ၂၀၀၀ ပြည့်နှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ တောင်ကိုရီုးယားနိုင်ငံရဲ့ ပထမဆုံးနဲ့ ခုချိန်ထိ တဦးတည်းသော နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ပါ။ သူ့ရဲ့ အာဏာရှင်ဆန့်ရေး ရုန်းကန် တိုက်ပွဲဝင်မှုတွေကြောင့် အာရှတိုက်ရဲ့ နယ်လ်ဆန် မင်ဒဲလားဆိုပြီး တင်စားခေါ်ဝေါ်တာလည်း ခံခဲ့ရပါတယ်။
ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားကြရာမှာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတတ်တာမို့ စိတ်မပျက် အားမလျှော့ဘဲ ဆက်လက်ကြိုးစားသွားကြဖို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး မစ္စတာ ကင်မ်ဒေးဂျုံက အားပေးခဲ့တယ်လို့ ကိုကျော်ဝင်း က ပြန်ပြောပါတယ်။
“တခါတလေကျရင် ကျနော်တို့ စိတ်ဓါတ်ကျတာတွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် သူ ပြောတာက စိတ်ဓါတ်မကျပါနဲ့တဲ့။ ဆက်လုပ်ကြပါတဲ့။ သူတို့တုန်းကလည်း အဲဒီလို ကြုံခဲ့တယ်။ ကျနော်တို့လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်တဲ့။ ဒါပေမယ့် ဆက်လုပ်ဖို့ လိုပါတယ်တဲ့။ နောက်ဆုံး အာဏာရှင် ဆိုတာ ပြုတ်ချရမှာပါတဲ့။ နောက်ဆုံး ကျနော်တို့ကို မှာတဲ့စကားပါ။”
တောင်ကိုရီးယားသမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ကင်မ် ဒေးဂျုံနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ဝင်းပါ။
ဒီကနေ့တွေ့ဆုံကြရာမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးတက်ဒီဘူးရီ နဲ့ ဦးသိန်းဦး တို့လည်းပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးအဆက်အဆံရှိတဲ့ ကုမ္ပဏီတွေရှိသလို မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ မစ္စတာ ကင်မ်ဒေးဂျုံတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတဲ့နိုင်ငံပါ။
ဒီကနေ့လို အလှူငွေပေးအပ်ပြီး ထောက်ခံမှုပြသတာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တတပ်တအား ဖြစ်စေကြောင်း တက်ရောက်သူတွေက ပြောပါတယ်။

Thursday, May 21, 2009

Myanmar TV shows Suu Kyi images

(00:35) Rough Cut
May 20 - Myanmar's opposition leader Aung San Suu Kyi appeared healthy in footage aired on state television on the third day of her trial at Yangon's notorious Insein Prison.

Wednesday, May 20, 2009


နယ်ခြားစောင့်တပ်အဖြစ် စစ်သည်အင်အား ၄၀ဝ၀ဝ ပြည့်အောင် စုဆောင်းသွားရမည်ဟု ဒီကေဘီအေ ပြောဆို

မေလ ၁၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)ကို နယ်ခြားစောင့်တပ်အဖြစ် သတ်မှတ်ထားသည့် စစ်သည်အင် အား ၄၀၀ဝ၀ပြည့်အောင် စုဆောင်းသွားရမည်ဟု မေလ ၁၇ရက်နေ့က ပြီးစီးသွားခဲ့သည့် တပ်မဟာ(၉၉၉)၏ တပ်ရင်းများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်။ကရင်အမျိုးသားအလံတော်နှင့် ဒီကေဘီအေအဖွဲ့အလံကို ကိုင်ဆောင်ထားသည့် ဒီကေဘီအေ အလံကိုင်တပ်ဖွဲ့ပုံ။
မြဝတီမြို့နယ်၊ ရွေကုက္ကိုကျေးရွာ၏ ခမ်းမဆောင်တွင် မေလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသည့် ဒီကေဘီအေ တပ်မ ဟာ(၉၉၉)၏ တပ်ရင်းပေါင်းစုံအစည်းအဝေးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး တပ်ရင်းတရင်းလျှင် စစ်သည် အင်အား ၃၂၆ဦးဖြင့် ဒီကေဘီအေအဖြစ်မှ နယ်ခြားစောင့်တပ်အနေဖြင့် စုစုပေါင်းအင်အား ၄၀ဝ၀ဝအထိ သတ်မှတ်ထားရှိ သွားရမည်ဟု အစည်းအဝေး တွင် ပြောဆိုသွားကြောင်း ဒီကေဘီအေ အရာရှိတဉီးက ပြောသည်။ သူက “ဒီကေဘီအေရဲ့တပ်အင်အားကို ၄၀ဝ၀ဝအထိ ပြည့်အောင်ဖြည့်တင်းရမယ်လို့ သဘာပတိက အစည်းအဝေးမှာ ပြောတယ်။ တပ် ရင်းတရင်းကို ၃၂၆ဦး သတ်မှတ်ထားတယ်။ အဲလိုကောက်ယူစုဆောင်းတဲ့နေရာမှာ ကျေးရွာသူကြီးတွေကလည်း ကိုယ့်ရွာရဲ့လူဉီးရေ အနည်းအများအ လိုက် တာဝန်ယူပေးရမယ်။ အင်အားပြည့်တာနဲ့ နအဖတပ်တွေက နယ်စပ်မှာမနေတော့ဘဲ နောက်တန်းကိုပြန်ဆုတ်သွားမယ်လို့ ပြောတယ်”ဟု အဆို ပါအရာရှိက ကရင်သတင်းစဉ်ကို ပြောသည်။ ထိုအစည်းအဝေးတွင် (၉၉၉)လက်အောက်ခံ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူး၊ တပ်ရေးဗိုလ်၊ ဘဏ္ဍဏ္ဍာရေးမှူးများအ ပြင် ၄င်းတပ်ရင်းများ အခြေစိုက်ရာျျေးရွာပေါင်း ၅၀ကျော်မှ ရွာသူကြီးများလည်း တက်ရောက်ခဲ့ကြရာ ကျေးရွာသူကြီးတဉီးက “ကောင်းမယ်ထင်လို့လုပ်တာဆိုရင် ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး”ဟု အစည်းအဝေးတွင် ပြောကြားသွားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဒီကေဘီအေမှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောကျော်သန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ နေပြည်တော်သို့သွား ရောက်၍ နအဖစစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ရာမှ ယခုလိုညွန်ကြားပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထိုနေ့အစည်းအဝေးတွင် ဗျူဟာမှူး က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ နအဖ၏ ညွန်ကြားချက်များ၌ အသက် ၅၀ကျော်သူများအား တလလျှင် ကျပ် ၃၀ဝ၀နှင့် အငြိမ်းစားပင်စင်ပေးသွားရန်၊ သာမန်စစ်သည်တဦးလျှင် လစာငွေကျပ် ၂၅၀ဝ၀မှ တပ်ရင်းမှူးတဉီးလျှင် ကျပ်ငွေတသိန်းခွဲအထိ ရာထူးအဆင့်လိုက် ပုံမှန်ထောက်ပံ့သွားမည်ဟု သတ်မှတ်ထားသည်။ ထိုအတူပင် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်းလျှင် ဗိုလ်မှူး ၆ဦးသတ်မှတ်ကာ အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်မှူးအဆင့်ထိသာ ထားရှိသွားမည်ဖြစ်သော် လည်း ထိုအခြေအနေကို ဒီကေဘီအေ ဗဟိုအတိုင်းအတာတခုလုံးက လက်မခံနိုင်ကြောင်း နေပြည်တော်သို့ တင်ပြထားသည်ဟု သိရသည်။ ယခု တပ်မဟာအတိုင်းအတာနှင့် အစည်းအဝေးပြီးနောက် တပ်ရင်းတခုစီမှ ၄င်းတို့တာဝန်ကျရာ နယ်မြေများတွင် ရွာသူကြီးများနှင့် ရွာသူ ရွာသားများကို ဒေသဆိုင်ရာတပ်ရင်းများက တပ်အင်အားစုဆောင်းရေးကိစ္တနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြကာ စစ်သည်အင်အားဖြည့်တင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်သူပုံ။ ဖူ့တာမိက် ဘလော့မှ ကူးယူသည်။
(၉၉၉)တပ်ရင်းအခြေစိုက်ရာ လှိုင်းဘွဲမြို့နယ်မှ ဝင်းဖလရွာသူတဉီးက “ကျမတို့ရွာမှာက အိမ်ခြေတရာကျော်လောက်ပဲရှိတယ်။ ရွာသားတွေ က စားဝတ်နေရေးကြပ်တည်းနေရတဲ့အထဲ ဘယ်သူမှ စစ်သားမလုပ်ချင်ကြဘူး။ စစ်သားမပေးနိုင်ရင် သူကြီးတွေကလည်း ရွာသားတွေဆီက ပိုက်ဆံ ကောက်ပြီး လူစားထိုးငှားနေကျဆိုတော့ အခုလည်း အဲလိုပဲလုပ်မယ်ထင်တယ်။ သူတိုပေးမဲ့လခ နှစ်သောင်းခွဲက အခု ကုန်ဈေးနှုန်းနဲ့ဆိုရင် စားလို့မှမ လောက်ပဲ။ ဒီအတိုင်းသာဆိုရင် သိပ်တော့လွယ်မှာမဟုတ်ဘူး”ဟု ကရင်သတင်းစဉ်ကို ပြောသည်။ ဒီကေဘီအေတပ်များသည် အင်အားဖြည့်တင်းပြီးပါက မိမိတိုကိုင်ဆောင်ထားသည့် လက်နက်များကို နအဖထံ ပြန်လည်အပ်နှံကာ ၂၀၁၀ မတိုင်ခင် နအဖတပ်မှ ကိုင်ဆောင်သည့် လက်နက်အမျိုးအစားအတိုင်း ၄င်းတို့အား ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး အစိုးရမသိအောင် လက်နက် ပုန်းများ ကိုင်ဆောင်ခွင့်မရှိဘဲ လျှို့ဝှက်သိမ်းဆည်းထားသည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးသဘာပတိက တဆင့်ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသို့ စစ်သည်အင်အားစာရင်းနှင့် လက်နက်စာရင်းများ တင်ပြကာ လက်နက်ပြောင်းလဲတပ်ဆင်ပြီးမှသာ နယ်ခြားစောင့်တပ်သင်တန်းကို ပို့သွားမည့်အပြင် နယ်ခြားစောင့်တပ်ရင်းများအတွက် နအဖမှ စစ်သုံးကားများနှင့် တပ်ရိက္ခာများလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်အစိုးရသည် ကရင်အပစ်ရပ်အဖွဲ့များအနက် အင်အားအများဆုံးဖြစ်သည့် ဒီကေဘီအေတဖွဲ့တည်းကိုသာ လက်နက်ဝယ်ယူခွင့်ပေးခြင်း၊ လက် နက်ဖြည့်တင်းခွင့်ပေးခြင်း စသည့် (Gun Power) ပေးထားပြီး ကျန်အပစ်ရပ်အဖွဲ့များကို လက်နက်ဝယ်ယူဖြည့်တင်းခွင့်ပေးထားခြင်းမရှိဟု သိရသည်။ ထိုကိစ္တနှင့်ပတ်သက်၍ “ဒီကေဘီအေက ကျနော်တို့ အပစ်ရပ်ကရင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်တယ်။ နောက်တခုက ကေအဲန်ယူကို ပြန်တိုက်နေတဲ့အဖွဲ့လည်းဖြစ်တော့ နအဖက အဲဒီအတွက် သူတို့ကို လက်နက်ဖြည့်ပေးတာရှိတယ်။ နောက်ပြီး သူတို့ငွေတွေနဲ့ သူတို့ဖာ သာ လက်နက်ဝယ်ယူမယ်ဆိုလည်း နအဖက မသိချင်ယောင်ဆောင်နေလိုက်တယ်။ စီးပွားရေးမှာလည်း တခြားအဖွဲ့တွေထက် အခွင့်အလမ်းသာတယ်” ဟု မကြာခင်ကမှ ကေအဲန်ယူသို့ပြန်လည်ရောက်ရှိလာသူ ငြိမ်းချမ်းရေးကောင်စီ (၇၀၄)တပ်ရင်းမှ ဒုရင်းမှူးဗိုလ်မှူးစောလေးမူးက ပြောသည်။၂၀၁၀နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖြစ်သွားမည့် ဒီကေဘီအေ၏ နယ်မြေကို ကရင်ပြည်နယ်တလျှောက် နယ်စွန် တနသာရီတိုင်းမှ ကယားပြည်နယ်အထိ သတ်မှတ်ပေးထားသည်ဟု ယေဘုယျအားဖြင့် သိရသည်။ လက်ရှိအချိန်တွင် လက်အောက်ခံတပ်ရင်း (၇)ရင်းရှိသည့် တပ်မဟာ (၉၉၉)တွင် စစ်သည်ဦးရေ ၂ဝ၀ဝ ၀န်းကျင်ရှိပြီး ကျန်တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၉၉) ဗဟိုလယ်ယာတပ်ဖွဲ့ အပါအဝင် စုစုပေါင်း စစ်သည်အင်အား ၄ဝ၀ဝနီးပါးရှိသည်ဟု သိရသည်။ ဒီကေဘီအေသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းသွားပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ကြီးတခု ဖြစ်သည်။
Posted by အဲခေါင်သောင့်

သွားသတိ၊ လာသတိ ဖြင့် နေထိုင်ရန်လိုအပ်ပြီ

SPDC ဖေါက်ခွဲဖျက်ဆီးရေး သမားများ သည်
၎င်းတို့အကျိုးအတွက်သာကြည့်ပြီး
SPDC မှ ပြည်သူလူထု ဘယ်သူသေသေ လုပ်ဆောင်သွားနိုင်၍ အထူးဂရုစိုက်သွားရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

လောင်ရယ်နိုင်ပါသည်။ ။


စစ်အစိုးရကိုဖခင်မှတ်သော
စစ်အစိုးရ၏
လိမ်ဆင်သတင်းများ ဖြန့် ချီနေသော
ပြည်သူများကိုအကျိုးယုတ်စေမည့် 
နအဖ ( လက်က်ားကိုးအျက်သမား ) ၏လက်ပါးစေ၀က်ဆိုဒ် http://www.myanmarnargis.org/
မျိုးချစ်မြန်မာပြည်သူများသတင်းမှားများတက်ရောက်ကြည့် ရှု လောင်ရယ်နိုင်ပါသည်။ ။

Burmese dissidents in Mae Sot say Burma’s ruling military junta, the State Peace and Development Council, have opened a “gateway” for Karen National U

2009 May 17
tags: , , , , , ,
by peacerunning
SPDC offers KNU an open ‘gate’
by Daniel Pedersen on May.17, 2009,
Mae Sot, ThailandMay 17, 2009Burmese dissidents in Mae Sot say Burma’s ruling military junta, the State Peace and Development Council, have opened a “gateway” for Karen National Union soldiers looking to throw their lot in with the Burma Army.The source, from the Whole Burma United Revolutionary Front, which has claimed responsibility for recent bombings in Rangoon, said the “gateway” was close to the confluence of the Salween and Moei Rivers, to the north of a town known as Dakwin.There is a huge SPDC base camp at Kaukhnyat, to the north of Dakwin.The source said senior Burmese Army sources were feeding him information and the way would remain clear for KNU mutineers until the 2010 election.The area is in the KNLA’s Fifth Brigade region.On Sunday (May 17) the Xinhua News Agency reported that another 37 soldiers from the Karen National Liberation Army’s Sixth Brigade 201 battalion had defected to the SPDC.This battalion recently lost its headquarters, at Wah Lay Kee.The camp was besieged for 16 days before it was abandoned, when the KNLA found itself hopelessly outnumbered.Xinhua said the SPDC mouthpiece, The New Light of Myanmar, reported the defecting soldiers had taken 10 weapons with them and had been settled in Htot Kaw Ko village.Htot Kaw Ko is deep inside Burma, on the other side of the Dawna Mountain Range, and controlled by the militia warlord Htin Maung, who defected from the KNLA in 2006.The former KNLA Brigadier General, Htin Maung, allegedly stole all of KNLA Seventh Brigade’s money when he left, the unit of which he was commander.The soldiers alleged to have defected this weekend were under the command of Colonel Nerdah, who is currently thought to be in the north of Karen State, in Fifth Brigade.He could not be reached by telephone on Sunday for comment.Senior KNU sources said they thought Nerdah’s younger brother, Tay Lay, had probably played some role in the latest defections, if they had in fact occurred.ENDS

KNU Statement on Charges against Daw Aung San Suu Kyi


2009 May 17
tags: , , , , ,
by peacerunning
OFFICE OF THE SUPREME HEADQUARTERSKAREN NATIONAL UNIONKAWTHOOLEIMay 17, 2009
KNU Statement on Charges against Daw Aung San Suu Kyi
1. The US citizen, John W. Yettaw, who swam across Inya Lake and entered Daw Aung San Suu Kyi’s (Daw Suu) residence, is clearly a mentally unbalanced person. He should have been sent to a mental hospital for treatment and the security for Daw Suu should have been enhanced. Instead, the SPDC military dictatorship is accusing Daw Suu of protecting a criminal and preparing to subject her to a criminal trial, in the notorious Insein Jail.
2. For her activism to free the people of Burma from tyrannical and arbitrary rule, for winning the Nobel Peace laureate for her peace effort and for leading her party to win a landslide victory in the 1990 elections, Daw Suu has been unlawfully detained by the dictatorship, time and again, for 13 of the past 19 years. It is clear that the vengeful and hate-laden SPDC dictators are plotting to further extend the detention of her beyond the 2010 elections, they are preparing to hold.
3. Obviously, the SPDC is using the incident as an opportunity to cause even more harm to Daw Suu, similar to the attack on her and her entourage, at Depeyin. It is clear that under influence of the perverted ideology of total control, the SPDC dictators have no sense yet for national reconciliation, peace and justice.
4. We, the KNU, strongly condemn this vengeful and confrontational act by the SPDC dictatorship against the people’s leader, Daw Suu, and call upon it to release her and all the political prisoners immediately.
5. It is our perception that the dictatorship has been emboldened to the extent of committing crimes tantamount to crimes against humanity, time and again, by the policy of appeasement and pseudo-national reconciliation process promoted by some wooly-headed Burma experts, INGOs and opportunist groups.
6. In conclusion, we call upon justice and peace loving leaders of the world to concertedly push the SPDC military dictatorship onto the right tract of meaningful dialogue, with leaders of democratic and ethnic forces, for genuine national reconciliation, lasting peace and progress.
The Executive Committee Karen National Union