hittai
Wednesday, 14 April 2010 01:45
၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး… ဒို့အရေး…ဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ တိုင်းရင်းသား ညီညွတ်ရေး ကိုအမှန် တကယ်လုပ်ဆောင်နေပါသလား….။
၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ဦးမျှပါဝင်ပါသနည်း။
၃။ ယခုစစ်အစိုးရမှထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည်
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအင်အားစုများကိုဦးတည် ကန့်သတ်မှုဖြစ်ပါသလား…။
၎။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီAဖွဲ့ချုပ်နှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများအပေါ်အလွန်ကြောက်ရွံရပါသလဲ။
၅။ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသောလွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ် မှနေရာယူ အကျော ရ ထားပြီး ရိုးသားသောနည်း…တရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အား စုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှဉ်ပြိုင်ဝံ့ပါသလဲ…။
၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်…လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ…။
၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း…။
၈။ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သောလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်ဟူ၍၄င်း၊ အမျိုးမျိုးကတိ ပေး ပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိဟု၎င်း မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်း ဆန်နေခြင်းတို့ သည်
လူကြီးလူကောင်းဆန်သည်ဟုအာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား ။
၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျ…ဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက် လူမိုက်စာရင်းဝင် မြောက် ကိုးရီးယားတို့ကိုအားကိုးဖားယားဆက်ဆံနေရသူများမှာပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။
၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။
၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့် နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော ဗိုလ်ချူပ်ကြီးခင်ညွန့် အစရှိသည့် တိုင်းပြည်ခေါင်းဆောင်(ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး တယောက်မျှအစဉ်အ လာမကောင်းခဲ့ပါ.၊ ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ် ရေးကောင်းမည်ဟုယူဆပါသလား…။
၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။
၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိနေမည်ဟု ယုံကြည် ယူဆပါသလား…။
၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအောင်အာဏာ ကိုဆက်လက်ချုပ် ကိုင် ထားနိုင်မည်ဟုယူဆထားပါသနည်း။
၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့ဖြင့် ကန့်သတ်ချူပ်ချယ်ထား မှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။
၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ- ကျောင်းသား-သတင်းသမား များ ပြုမှုဆက်ဆံနေခြင်းသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား…။
၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍ သန်း ၆၀ နီးပါးသော ရဟန်း၊ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ် အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကို ခံစားနေရ ပါသည်။ ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပါအ၀င် အပေါင်းအပါ စစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟု ထင်မြင်ပါသနည်း…။
၁၈။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာမှပင်မြင်တွေ့လိုသော ကောင်းသော ဆန္ဒ အရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ပါ သနည်း။
၁၉။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀-ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများက အသိ အမှတ်ပြုယုံကြည်မည်ဟု အာဏာရှင်ကြီးယုံကြည်ပါသလား….။
၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……။
Thursday, April 15, 2010
Wednesday, April 14, 2010
ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်နိုးဆော်ခြင်း
၁၈၈၁ တွင်စတင်ဖွဲ့စည်းသော် ဒေါကလူ အဖွဲ့ကြီးမှ ဦးဆောင်၍ ကရင်တစ်မျိုးသား
လုံးနှင့်သက်ဆိုင်သော (၁) ကရင်နှစ်သစ်ကူး (၂) ကရင်အမျိုးသားသီချင်း
(၃) ကရင်အမျိုးသားအလံတော်ကို ၁၉၃၆ ခုနှစ်တွင် သဘာပတိ ဆရာစံဘော်
လက်ထက်တွင် လွှတ်တော်သို့်တင်သွင်းတောင်းဆိုခဲ့ပါသည်။ ၁၉၃၇ တွင် ဥပဒေမူ
ကြမ်းအမှတ် ၂၆၊ ၁၉၃၇ ဖြင့် ၄င်းတောင်းဆိုချက်ကိုအတည်ပြုခဲ့ပြီး ကရင်နှစ်သစ်
ကူးနေ့ကို အများနှင့်သက်ဆိုင်သော အစိုးရ ရုံးပိိတ်ရက်အဖြင့် သတ်မှတ်ခဲ့ပါသည်။
ထို့ကြောင့် ဘိုးဘွားတို့အမွေအနှစ်ပေးခဲ့သော ကရင်နှစ်သစ်ကူး၊ ကရင်အမျိုးသား
သီချင်း နှင့် ကရင်အလံတော် သည် ကရင်တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော တန်
ဖိုးဖြတ်၍ မရသော သမိုင်းဝင်အမွှေအနှစ်ဖြစ်ပါသည်။ တစ်မျိုးသားလုံးနှင့်ဆိုင်သော
၎င်းအမွှေအနှစ်ကို တစ်ဦးတစ်ယောက်၏ဆန္ဒဖြင့်၎င်း၊ အဖွဲ့အစည်းတစ်ခု၏ ဆန္ဒ၊
လုပ်ငန်းအတွက်၎င်း ပြုပြင်ပြောင်းလဲခြင်း၊ ကိုယ်ပိုင်ပြုလုပ်ခြင်း၊ အဖွဲ့စည်းပိုင်ပြုလုပ်
ခြင်းများကို ကရင်တစ်မျိုးသားလုံး၏သဘောတူညီမူ့မရှိဘဲ ဆောင်ရွက်ခွင့်မရှိပါ။
၂၀၁၀ ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်နေသော ကရင်အမျိုးသားအဖွဲ့ချုပ်( UKL)
နှင့် ကရင်အမျိုးသားများပါတီ ( KPP ) တို့သည် ကရင်တစ်မျိုးသားလုံးကို ကိုယ်
စားပြုသော အဖွဲ့များ မဟုတ်ပေ။
ကရင်တစ်မျိုးသားလုံး၏ဆန္ဒ နှင့် သဘောတူညီမူကို ကြိုတင်ရယူခြင်းမရှိဘဲ UKL
မှ ကရင်အမျိုးသားအလံတော် ကို ပါတီအလံဖြင့်မှတ်ပုံတင်ခြင်းသည် လက်ခံနိုင်
စရာအကြောင်းမရှိသလို တရားဝင်အသိအမှတ်ပြု ၍လည်းမရပါ။ ၄င်းမှတ်ပုံတင်
ခြင်းကို ကန့်ကွက်လိုပါက (၇) ရက်အတွင်းကန့်ကွက်ရန် ၂၀၁၀ရွေးကောက်ပွဲကျင်း
ပရေးကော်မရှင်က ဧပြီလ (၁၀) ရက်၊၂၀၁၀ သတင်းစာ( မြန်မာအလင်း နှင့် ကြေးမုံ)
တို့တွင် ကြေငြာထားပြီးဖြစ်ပါသည်။
သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သော ကရင်အလံတော်ကို ကာကွယ်ရန် တစ်မျိုးသား
လုံးတွင်တာဝန်ရှိသလို ၄င်းကိစ္စ ကိုကန့်ကွက်ရန်တာဝန်သည် ကရင်အမျိုးသားတိုင်း
၏ တာဝန်ဖြစ်ပါသည်။ ၄င်းကိစ္စ ကို ကန့်ကွက်ခြင်းမရှိပါက နအဖ သည် ကရင်အလံ
တော်ကို ကရင်အမျိုးသားပါတီအဖွဲ့ချုပ် (UKL) ၏ တရားဝင်အလံဖြင့် သတ်မှတ်
တော့မည်။
Karenunited ၀ိုင်းတော်သားအနေဖြင့်လည်း ဤစာဖြင့် ၁၃/၄/၂၀၁၀ တွင် ကရင်
အလံတော်အား UKL ပါတီအလံဖြင့် မှတ်ပုံတင်ခြင်းကို စတင်ကန့်ကွက်သည်။
ကရင်အမျိုးသားပေါင်းတို့ခင်ဗျား- လွယ်လွယ်တွေး၊ လွယ်လွယ်နေထိုင်မူ့ကို စွန့်လွှတ် လျှက် အမျိုးသားအလံတော်ဆုံးရှုံးခြင်းမှ ၀ိုင်းဝန်းကာကွယ်ရန် နိုးဆော်အပ်ပါတယ်။
ဖဆပလ ခေတ်မှစတင်ပြီး ကရင်စာပေယဉ်ကျေးမူကို စနစ်တကျဖျက်ဆီးနေခဲ့ပြီး
ကရင်အမျိုးသားအလံတော်ကို တရားမ၀င်ဖြစ်ရန်ကြိုးစားခဲ့ဘူးပါသည်။ သို့သော်
လည်း ခေါင်းဆောင်တစ်ချို့၏ ရဲရင့်ပြတ်သားသော ကြိုးစားမူ့ကြောင့် ကရင်အမျိုး
သားအလံတော်ကို ကာကွယ်နိုင်ခဲ့ပြီး စာပေယဉ်ကျေးမူ့များသည် အတိုင်းတာ တစ်
ခုထိပျက်စီးခဲ့ပါပြီ။ န၀တ ခေတ် မှစပြီး ကရင်နှစ်သစ်ကူးကျင်းပခြင်းကို အကြောင်း
အမျိုးမျိုးပြပြီး ကျင်းပခွင့်ပိတ်ပင်ခြင်း၊ ကန့်သတ်မူများဖြင့် ကျင်းပခွင့် ပေးနေခြင်းသည်
ကျွန်တော် တို့၏ တန်ဖိုးရှိသောသမိုင်းဝင်အမွေအနှစ်ကို ဖျက်ဆီးနေခြင်းဖြစ်ပါသည်။
မိမိ၏ကျေးဇူးရှင် မိဘ၊ ဆရာသမား၊ သံဃာတော် များကိုပင် သတ်ဖြတ်ဖျက်ဆီးရန် ၀န်မလေးသောစစ်အစိုးရသည် အနာဂတ်တွင် UKL ပါတီကို တရားမ၀င်အသင်းအ
ဖြင့် ကြေငြာ လိုက်လျှင် ကရင်အမျိုးသားအလံတော်သည် တရားမ၀င် အလံဖြင့်
သို့ရောက်ရှိနိုင်ပါသည်။
ကရင်အမျိုးသားအပေါင်းတို့ခင်ဗျား- ကရင်အမျိုးသားအလံတော်ကိုကာကွယ်ရန်အ
တွက် တစ်ဦးတစ်ယောက်အဖြင့်၎င်း၊ အဖွဲ့အစည်းအနေဖြင့်သော်၎င်း အောက်ပါနေ
ရာ (၃) နေရာသို့ ဧပြီလ (၁၇)၊ ၂၀၁၀ ထက်နောက်မကျစေဘဲ တစ်ပြိုင်နက် ကန့်
ကွက်စာများ ပေးပို့ရန်မေတ္တာရပ်ခံအပ်ပါတယ်။
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
(လိပ်စာအသေးစိတ်ကို သိရှိသောအခါ ဖေါ်ပြသွားပါမည်)
၂။ ပြည်ထောင်စုကရင်အမျိုးသားအဖွဲ့ချုပ် ( United Karen League)
အမှတ် (၁) စောတေလိန်း၊ ဦးလူနီလမ်း၊
ကရင်အမျိုးသားများရပ်ကွက်၊
ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း
၃။ သက်ဆိုင်ရာ မြန်မာနိုင်ငံသံရုံး
မှတ်ချက်။ Kareunited သို့ ပေးပို့လာသော်ကန့်ကွက်စာများကို ၀ိုင်းတော်သားများမှ
ဆက်လက်ပေးပို့ရန် ပြင်ဆင်မူများပြုလုပ်နေပါသည်။
စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆန့်ကျင်တိုက်ဖျက်ရေးအတွက်မြန်မာပြည်သူလူထုတစ်ရပ်လုံး ‘ဘူး’ တစ်လုံးဆောင်ကြပါစို့”
၁။ နအဖ ခိုင်းတဲ့ လုပ်အားပေး လုံးဝမလိုက်ဘူး။
၂။ ရပ်ကွက်တွင်း ကောက်ခံတဲ့ ကင်းကြေး လုံးဝမထည့်ဘူး။
၃။ နအဖ ကောက်ခံတဲ့ အခွန်ငွေ လုံးဝမထည့်ဘူး။
၎။ ဧည့်သည်လာရင် ဧည့်စာရင်း လုံးဝမတိုင်ဘူး။
၅။ ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ထဲ လုံးဝမ၀င်ဘူး၊ မပတ်သက်ဘူး။
၆။ နအဖ စစ်တပ်ထဲ လုံးဝမ၀င်ဘူး။
၇။ နအဖစစ်တပ် ပေါ်တာခေါ်ရင် လုံးဝမလိုက်ဘူး။
၈။ နအဖစစ်အုပ်စုကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဘူး။
၉။ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံဘူး။
၁၀။ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံမတင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။
၁၁။ နအဖ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝမဲသွားမပေးဘူး။
“မတရားတဲ့ အမိန့်အာဏာဟူသမျှကို လုံးဝလက်မခံဘူး”
“ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ”
“စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ”
“အရေးတော်ပုံ အောင်ရမည်”

Tuesday, April 13, 2010
နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက် နအဖက ကရင်အပစ်ရပ်အဖွဲ့ကို ခြိမ်းခြောက်
Written by ရဲရင့်
Saturday, 10 April 2010 06:35
နအဖနှင့်ပူးပေါင်းထားသည့် ကရင်အဖွဲ့များအားလုံး ယခုနှစ်လည်မတိုင်မီ နယ်ခြားစောင့်တပ်အသွင်ပြောင်းမှုကို လက်မခံပါက အခြေအနေဆိုးများနှင့် ရင်ဆိုင်ရမည်ဟု နအဖက ပြောဆိုကြောင်း ကရင်အပစ်ရပ်အဖွဲ့တခု၏ အဆင့်မြင့်ခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “လာမယ့် ဇွန်လကုန်မှာ ကရင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အပြီးအသွင်ပြောင်းမှာ ဖြစ်တယ်။ ဒါကို လုံးဝလက်မခံနိုင်ဘူးလို့ ဗိုလ်ဌေးမောင်ဦးဆောင်တဲ့ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့က တရားဝင် ကြေညာချက် ထုတ်ထားတာနဲ့ပတ်သက်ပြီးတော့ နအဖဘက်က ဒီအဖွဲ့ကို ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ ဗိုလ်ဌေးမောင်က အသာတကြည် လက်မခံလို့ကတော့ ဒီကိစ္စ သွေးမြေကျမှုတွေ အများကြီးဖြစ်ဖို့ရှိတယ်” ဟု ပြောသည်။
နအဖ၏ တပ်မတော်စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗိုလ်ဌေးမောင်ကို ယခုရက်ပိုင်းအတွင်း လာရောက်တွေ့ဆုံရန် ဆင့်ခေါ်သည်ကို ဗိုလ်ဌေးမောင်က လက်မခံဘဲ ကျန်းမာရေး အကြောင်းပြကာ ငြင်းပယ်ခဲ့သည့်အတွက် နအဖဘက်မှ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပြုလုပ်လာခြင်းဖြစ်သည်ဟု အဆိုပါခေါင်းဆောင်က ဆက်ပြောသည်။
နအဖတာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ကိစ္စ ဆက်လက်ဆွေးနွေးရန် ဆန္ဒမရှိတော့သဖြင့် ဗိုလ်ဌေးမောင်သည် ၎င်း၏အဖွဲ့အခြေချရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် မနေတော့ဘဲ ယခင်နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မျဉ်းအနီးရှိ မယ်လစခန်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု သိရသည်။
ဒီကေဘီအေ အပါအ၀င် ကရင်ခွဲထွက်အဖွဲ့ (၆) ဖွဲ့ရှိသည့်အနက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်ကိစ္စကို ဗိုလ်ဌေးမောင်၏ အဖွဲ့တဖွဲ့တည်းကသာ ငြင်းဆန်ခဲ့ပြီး ကျန်အဖွဲ့များက လက်ခံသဘောတူခဲ့ကြသည်။
ယမန်နှစ် နှစ်ကုန်ပိုင်းက နအဖထိပ်တန်းခေါင်းဆောင်များနှင့် ဗိုလ်ဌေးမောင်အဖွဲ့တို့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စ ဆွေးနွေးခဲ့ကြရာ ၎င်းတို့အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီးနောက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ရန် ကရင်ပါတီအဖွဲ့အချို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့်ကိစ္စကိုလည်း ငြင်းပယ်ခဲ့သည့် ဗိုလ်ဌေးမောင်အဖွဲ့၏ ရှေ့အလားအလာများနှင့်ပတ်သက်၍ ကရင်ခွဲထွက်အဖွဲ့များနှင့် ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း အထူးစိတ်ဝင်စားလျက်ရှိသည်။
ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက “ကရင်ခွဲထွက်အဖွဲ့တွေအနေနဲ့ သဘောထားအမှန်နဲ့ ပြန်လာတဲ့ ဘယ်အဖွဲ့ကိုမဆို ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဗိုလ်ဌေးမောင်နှင့်အဖွဲ့သည် ၂၀၀၇ ခုနှစ်က ကေအန်ယူမှခွဲထွက်ပြီး နအဖနှင့်ပူးပေါင်းကာ ကေအန်ယူ၊ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာတွင် အခြေစိုက်နေထိုင်သည်။

ခွေးမြှောက်ပွဲ ဝင်မည့် နအဖ လက်ကိုင်ဒုတ် ကရင်ကြီး များအား ကညီသွံဉ်မှ အမှတ်တရ ဂုဏ်နေပုံ
ခွေးမြှောက်ပွဲ ဝင်မည့် နအဖ လက်ကိုင်ဒုတ် ကရင်ကြီး များအား ကညီသွံဉ်မှ အမှတ်တရ ဂုဏ်နေပုံ
ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချူပ်မှ အမျိုးသားအလံသုံးမယ် ဟု ကြေးမုံ သတင်းစာမှာ ကျေငြာ
ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချူပ်မှ အမျိုးသားအလံသုံးမယ် ဟု ကြေးမုံ သတင်းစာမှာ ကျေငြာ
Written by ကြေမုံသတင်းစာ
Sunday, 11 April 2010 11:48

လူမဆန်မှုသတင်း
/ 4/10/2010 08:26:00 AM /
၁၀.၀၄.၂၀၁၀
သထုံခရိုင်။
- ၇.၄.၂၀၁၀ နေ့၊ DKBAသောမနသည် သူ့လူစောဆာလားအား ပလောဖိုးတိုးရွာသား စောမောင်မြအောင်၏ကျွဲအားခိုးယူခိုင်းပြီး တမိုယာရွာ သို့သွား ရောင်းစားခဲ့သည်။ ကျွဲပိုင်ရှင်သည် DKBA၏လက်ချက်မှန်းသိသဖြင့် သွားပြန်မယူရဲ။
တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ် ၂.၄.၂၀၁၀နေ့ ခမရ(၄၂၇) တပ်သည် ကော်သေးဒဲရွာသား စောမင်း နိုင်(ခ)တော်သူ အားအပြစ်မရှိပဲ ဖမ်းဆီးပြီး စကခ(၇)သို့ပို့ခဲ့သည်။ ရွာလူ ကြီးများ သွား ရောက်အာမခံဖို့အတွက်လုံးဝအခွင့်မပေးခဲ့။
- ထန်းတပင်မြို့နယ်၊ ၇.၄.၂၀၁၀နေ့ ခမရ(၄၂၇) သည် ကော်သေးဒဲရွာသား စောတာအူးအူး အား ပလဲဝတွင်ဖမ်းဆီးပြီး ချုပ်နှောင်နှိပ်စက်၊ ရေထဲထည့်ပြီး ညှင်းဆဲတဲ့ အပြင် ထိုဖမ်းဆီး ထားသော စောမင်းနိုင် နှင့် စောအူးအူး တို့၂ဦး အားနအဖတပ်မှဘာ တွေဆက်ပြီး လုပ်နေ လဲဆိုတာမည်သူမှမသိရှိသေးပါ။
- ထန်းတပင်မြို့နယ်၊ ၃.၄.၂၀၁၀နေ့ ခမရ(၄၂၁) နှင့် ခလရ(၂၅၀) တပ်အ ပြောင်းအလဲ လုပ်ချိန်တွင် မီးများရှို့ခဲ့သဖြင့် ကောစိုးခိုရွာသားများ၏ဖာလာခြံ များမီးလောင်ခံရ။ မီးလောင်ခံရသောဖာလာခြံပိုင်ရှင်များမှာ- စောမဲဘယ် ၏ ဖာလာ၂၀၀ပိသာတခြံ၊ စောမင်း လေး ၏ဖာလာ၁၀၀ပိသာတခြံ၊ စောကြီးဒို ၏ ဖာလာ၁၀၀ပိသာတခြံ၊ နော်မြသိန်း၏ ဖာလာ ၅၀ပိသာတခြံ၊ စောရော့ကက်၏ ဖာလာ၇၀ပိသာတခြံ တို့ဖြစ်သည်။
- ထန်းတပင်မြို့နယ်၊ ၄.၄.၂၀၁၀နေ့ ကလော်မီးဒဲရှိ နအဖတပ်သည်ကလော်မီး ဒဲရွာသား ၁၂ ဦးအား သူတို့၏ပစ္စည်းများကို လယ်ကလားဒဲမှကလော်မီးဒဲသို့ အတင်းသယ်ယူခိုင်း၊ ထိုတရက်ထဲမှာဘဲ သကွီးစိုးအရပ်တွင်လှုပ်ရှားသော နအဖတပ်သည် မီးများ လိုက်ရှို့သော ကြောင့် သကွီးစိုးရွာမီးလောင်ခံထိ။
- ထန်းတပင်မြို့နယ်၊ ၄.၄.၂၀၁၀နေ့ ၀၉း၅၀နာရီ ဃဲဒဲရွာသို့ပစ္စည်းများပြန်လာ ယူသော ရွာ သားများကို နအဖတပ်မှ ထီးဧိုလိုအရပ်တွင်ပစ်ခတ်ခဲ့။
- ၅.၄.၂၀၁၀နေ့ ၁၀း၀၀ နာရီ နအဖ တပ်သည်ဃဲဒဲရွာသားများအားထပ်မံပစ် ခတ်ရာ ရွာ သားများထွက်ပြေးလွတ်မြောက်ခဲ့၊ ဒဏ်ရာရရှိမှုမရှိ။

Subscribe to:
Posts (Atom)