Me and Ywa Hay Lu
Sunday, May 9, 2010
နအဖတပ်၏လူမဆန်မှုသတင်း
တောင်ငူခရိုင်။
- ထန်းတပင်မြို့နယ်၊ ၈.၄.၂၀၁၀နေ့တွင် နအဖတပ် ခမရ(၄၂၁)၏ရှို့မီးကြောင့် ကလောမီးဒဲ ကျေးရွာသူရွာသားများ ၏စိုက်ပျိုးသီးနှံခြံများမီးလောင်ခံခဲ့ရသည်။ (၁)စောအီးတယ်၏ဖာလာတခြံ (၂)စောသန်းဝင်း၏ ဖာလာတခြံ (၃)စော ဖိုးလဲ၏ ဖာလာတခြံ (၄)စောကေးရီး၏ ဖာလာတခြံ (၅) စောမောင်သီးသဲ၏ ဖာလာတခြံ (၆)စောကျောပယ်၏ ဖာ လာတခြံ (၇)စောထူးစီ၏ ဖာလာနှစ်ခြံ (၈)စောပီတိုး၏ ဖာလာနှစ်ခြံ (၉)စောအယ်ဒို၏ ဖာလာတခြံ (၁၀)စောဖား လား၏ ဖာလာတခြံ (၁၁)စောတီးကီးရီး၏ ဖာလာတခြံ (၁၂)စောမောင်တင်မြိုင်၏ ဖာလာတခြံ (၁၃)စောဒေးဒေး၏ ဖာလာတခြံ (၁၄)စောကောင်းမဲ၏ ဖာလာတခြံ (၁၅)စောဟဲနယူ၏ ဖာလာတခြံ (၁၆)စောထွန်းလင်း၏ ဖာလာတခြံ (၁၇)စောတိုးလော်၏ ဖာလာတခြံ (၁၈)စောတူးလူ၏ ဖာလာတခြံ (၁၉)စောလာဒေး၏ ဖာလာတခြံ (၂၀)စောဒူးဒူ၏ ဖာလာတခြံ (၂၁)စောစိုးမင်း၏ ဖာလာတခြံ (၂၂)စောလာကူးကူ၏ကွမ်းခြံတခြံ (၂၃)စောကောင်းကြည်၏ကွမ်းခြံတ ခြံ (၂၄)စောဘေးလေ၏ကွမ်းခြံတခြံ (၂၅)စောဆာဖိုး၏ကွမ်းခြံတခြံ အသီးသီးလောင်ကျွမ်းခံခဲ့ရသည်။
- ၂၃.၃.၂၀၁၀နေ့တွင် ခမရ(၄၂၃)(၄၂၆)သည်ကော်သေးဒဲကျေးရွာသူရွာသားများ၏ဖာလာခြံများကိုဖွီးလိုအရပ်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ (၁)စောကောတူး ၇၅နှစ်၏ ဖာလာတခြံ (၂)စောတာကဲ ၄၅နှစ်၏ ဖာလာတခြံ (၃)စောကိုဖိုး စိန် ၃၅နှစ်၏ ဖာလာတခြံ (၄)စောတာထူး ၃၀နှစ်၏ဖာလာတခြံ (၅)စောကူးကာ ၄၅နှစ်၏ဖာလာတခြံ (၆)နော်ပြန်း တလှ ၇၀နှစ်၏ဖာလာတခြံ (၇)နော်စီးရီရယ် ၆၃နှစ်၏ဖာလာတခြံတို့ဖြစ်သည်။ ထို့အပြင်ကိုးဒေးအရပ်တွင်(၈)စော ချင်လေး ၃၀နှစ်၏ဖာလာ၁၅၀ပိသာရှိတခြံ (၉)စောကြီးပယ် ၂၇နှစ်၏၅၀ပိသာရှိဖာလာတခြံ (၁၀)စောစိဘလု ၄၀နှစ် ၏၂၀၀ပိသာရှိဖာလာတခြံ (၁၁)စောခဲလယ် ၃၁နှစ်၏၃၀ပိသာရှိဖာလာတခြံ အသီးသီးတို့မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထီးနီးလိုအရပ်ရှိ (၁၂)နော်ဆဲလဲ ၃၀နှစ်၏၅၀ပိသာရှိဖာလာတခြံ (၁၃)စောမန်းကျား ၃၀နှစ်၏၁၀၀ပိသာရှိဖာလာတ ခြံ (၁၄)စောပူးတူ ၃၇နှစ်၏ ၅၀ပိသာရှိဖာလာတခြံ (၁၅)စောတာကူးကူ ၄၀နှစ်၏ဖာလာတခြံ (၁၆)စောတောဘူး ၄၀ နှစ်၏ဖာလာတခြံ (၁၇)စောခူးနူ ၅၅နှစ်၏ဖာလာတခြံ (၁၈)နော်မတင်ကြည် ၃၈နှစ်၏ဖာလာတခြံ (၁၉)စောဟဲကွဲ့ ၅၆နှစ်၏၅၀ပိသာရှိဖာလာတခြံ။ မူဒေးအရပ်တွင်(၂၀)စောဂေမူး ၃၉နှစ်၏၆၀ပိသာဖာလာတခြံ (၂၁)နော်ဆဲ ၃၈နှစ် ၏ဖာလာတခြံ (၂၂)နော်တိုးတို ၃၅နှစ်၏ဖာလာတခြံ။
- ဒေါ်ဖခိုကော်ဆာ၊ ၁.၅.၂၀၁၀နေ့တွင် မော်ကိုးဒဲစခန်းရှိ နအဖတပ်သည် မော်ကိုးဒဲရွာသား၁၅ဦးအား မော်ကိုးဒဲမှခ လယ်လာသို့သူတို့၏ဆန်များကိုအတင်းအဓမ္မသယ်ယူခိုင်းခဲ့သည်။
- ၂.၅.၂၀၁၀နေ့ တွင်စကခ(၇)လက်အောက်ခမရ(၄၂၃) မျိုးထွန်းဦးစီးပြီး မော်ကိုးဒဲမှခလယ်လာရွာသို့ရွာသားများကို အတင်းအဓမ္မ ဆန်များကိုသယ်ခိုင်း။ သယ်ပို့ရသောရွာများမှာ နော်သေးဒဲရွာကဆန်၁၀အိတ်၊ မော်ကိုးဒဲရွာကဆန် ၈၀အိတ် နှင့် ဒဲဒိုရွာကဆန်၁၀၀အိတ်၊ ပယ်ကောဒဲရွာကဆန်၂၀၀အိတ် တို့ကိုသယ်ပို့ခဲ့ရသည်။
ဒူပလာယားခရိုင်။
- ၂၈.၄.၂၀၁၀နေ့နအဖတပ်ခလရ(၂၃၁)အောင်စိုးဦး ခေါင်းဆောင်တဲ့အဖွဲ့သည် အောထရောရွာသားများအားရွာမှ မောင်းထုတ်ခဲ့သည်။ မောင်းထုတ်ခံခဲ့ရသောအိမ်များမှာ (၁)စောပန်းငွေ ၄၅နှစ် (၂)တခလေးမယ် ၅၀နှစ် (၃)အေး နိုင် ၄၀နှစ် (၄)ဖိုးသလို့ ၄၅နှစ် (၅)လှမြင့် ၅၀နှစ် (၆)မောင်ငွေ ၆၀နှစ် (၇)ပီတု ၃၅နှစ် (၈)ဒေးမူဒါး ၁၈နှစ် (၉)ဖား ကြည် ၅၁နှစ် (၁၀)ဒေါ်ရင် ၄၁နှစ် (၁၁)မိုလို ၆၂နှစ် (၁၂)ဝါးဝါး ၃၂နှစ် (၁၃)ငြိမ်းချမ်း ၁၉နှစ် (၁၄)တော်တယ် ၅၁နှစ် (၁၅)ခင်ငြိမ်း ၄၃နှစ် (၁၆)လားပွယ် ၅၉နှစ် (၁၇)နော်ကြည် ၆၂နှစ် (၁၈)ဃေးဖတ် ၅၇နှစ် (၁၉)နုရီ ၅၃နှစ် (၂၀)နိုင်ကို ၅၇နှစ် (၂၁) ဖောမူဃား ၃၂နှစ် (၂၂)ကျော်ရေး ၃၅နှစ် (၂၃) ဖားယူဂေါ် ၂၅နှစ် (၂၄)ငွေလူ ၃၀ နှစ် (၂၅)ဖားထု ၂၈နှစ် (၂၆)ကထူး ၄၂နှစ် (၂၇) ပါတာ ၅၅နှစ် (၂၈)လှငွေ ၄၈နှစ် (၂၉)ပီတိုး ၄၉နှစ် (၃၀)ညင်းပေ ၃၉နှစ် တို့သည်မောင်းထုတ်ခံခဲ့ရသည်။
ကညောဖိုး မှပြန်လည်ကူးယူထားသည်။
သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း(၂)
Posted by Karen Dana Association (K.D.A) at 9:55 PM
ဘိုးဘိုးနတ်ကို ကရင်ဘာသာဖြင့် `ဖူ့ပါဒိုး´ ဟုခေါ်ကြသည်။ ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်၊ စကောကရင်များ ကိုးကွယ်ပသကြသည်။ ရုက္ခစိုးနတ် ဟုလည်း ခေါ်ကြသည်။ တစ်နှစ်လျှင်(၃) ကြိမ် ပူဇော်ပသကြသည်။တချို့မှာ သက်သတ်လွတ် အစားအစာဖြင့် ကန်တော့၍ ကြက်၊ ဘဲ၊ ၀က်၊ ဆိတ်၊ အရက်များဖြင့် ပူဇော်ကန်တော့ကြသည်။ ၀က်သားဖြူဖြင့် ကန်တော့၍ မရပါ။ နတ်ကိုးကွယ်မှုများတွင်
စည်းကမ်းလွန်စွာကြီးသည်။ ရိုသေမှု၊ ကိုင်းရှိုင်းမှုရှိရသည်။ တွေ့ရာစကားပြော၍ မရပါ။ ကရင်ပြည်နယ် အနှံ့အပြားတွင် ယခုထက်တိုင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။နတ်စားခြင်းသည် လူတိရိစ္ဆာန်တို့ ရောဂါကင်းဝေး၍ ဆန်ရေစပါးဖြစ်ထွန်းသည်။ စီးပွါးတိုးတက်၍ အန္တရာယ်ကင်းသည်ဟု ယုံကြည်ကြသည်။
(ခ)ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု
ကရင်လူမျိုးများသည် ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။
ကရင်ပြည်နယ်တွင် ပိုးကရင်နှင့် စကောကရင်အချို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသကဲ့သို့ ဧရာဝတီတိုင်းရှိ ပိုးကရင်နှင့် စကောကရင်အချို့တို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။
ကော့ကရိတ်မြို့နယ်၊ဘားအံမြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ ဗုဒ္ဓဘာသာသည် ဦးစွာဝင်ရောက်လာသည်ဟု ယူဆလျှင် မမှားနိုင်ပေ။
ဘိုးတော် အဉ္စနမင်း ဖြိုခွင်းသက္ကရာဇ် ၈၈-ခုနှစ်တွင် ဇယျမြို့ကို တည်ထောင်ခဲ့သည်။ ထိုမြို့ကို တည်ထောင်ခဲ့သည်မှာ မွန်လူမျိုး တိဿသက္ကမင်းဖြစ်သည်။ ထိုမင်းသည် ကရင်အမျိုးသား ဗျညားအိန္ဒာ ဆိုသူကို အိန္ဒာသေနရာဇာဘွဲ့ပေး၍ မင်းမြှောက်ခဲ့သည်။ ဗျညားအိန္ဒာလက်ထက်တွင် ဇယျမြို့ကို ပိုင်သရောင်ဒုံ ´တခါးမြို့` ဟု ပြောင်းလဲမှည့်ခေါ်ခဲ့သည်။ ထိုအချိန်တွင် မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေကြပြီး ဖြစ်သည်။
ကရင်နှင့် မွန်တို့သည် တစ်သွေးတစ်သားတည်း ဖြစ်နေသောအချိန်ဖြစ်၍ ဗုဒ္ဓဘာသာသည် ထိုအချိန်ကပင် အမြစ်တွယ်နေပြီးဖြစ်ကြောင်း မှန်းဆနိုင်ပါသည်။ သို့ရာတွင် ဦးနန္ဒမာလာ ဘွဲ့ခံ ဘုန်းတော်ကြီးသည် ခရစ်နှစ် ၁၇၃၈-ခုတွင် အင်းဝသို့ သွားရောက်၍ ပါဋ္ဌိ ပိဋကတ်တော်များကို သင်ကြားတတ်မြောက်ခဲ့ပြီး အင်းဝရှိ သာသနာပိုင်ထံမှ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့သည်။ဗုဒ္ဓဘာသာစာပေများကိုလည်း ကရင်ဘာသာဖြင့် သင်ကြားပို့ချပေးသည်။ ဆရာတော်အား ကြိုဆိုရာတွင် အသုံးပြုခဲ့သော ဆင်စွယ်(စွယ်စုံ) သည် ယခုအခါ ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်တွင် ပြသထားသည်။ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ယနေ့တိုင် တည်ရှိခဲ့သည်။
(ဂ)ကလကုရသေ့ဂိုဏ်း
ကရင်ပြည်နယ်ရှိ ဘားအံမြို့နယ်၊လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်
အများဆုံးနေထိုင်ကြပြီး တရားတော်နှင့် အကျင့်သိက္ခာကိုအခြေခံ၍ စောင့်ထိန်းကြသည်။ ငါးပါးသီလကို အလေးထားကာ ယနေ့တိုင် ရိုးရာဝတ်စုံများကို ၀တ်ဆင်နေကြဆဲဖြစ်သည်။ ကော့ကရိတ်မြို့နယ် ရှိ ထင်ရှားလှသော ပွဲတော်များတွင် မီးပုံပွဲသည် တစ်ခုအပါအ၀င်ဖြစ်သည်။ တပို့တွဲလပြည့်နေ့တွင် ကျင်းပကြသည်။ ၄င်းပွဲတော်ကို ဦးဆောင်ကျင်းပသည်မှာ ရသေ့ဂိုဏ်းကို ကိုးကွယ်သော ဂိုဏ်းသားများဖြစ်ကြသည်။ ၄င်းရသေ့သည် ငယ်စဉ်ကာလမှစ၍ သက်ဆုံးတိုင် သီလသမာဓိပြည့်စုံအောင် ကျင့်ကြံပြီး ဖန်ရည်စွန်းသောသင်္ကန်းကို သက်ဆုံးတိုင် ၀တ်ဆင်ခဲ့သည်။
(ဃ) ခရစ်ယာန်ဘာသာ
ကရင်လူမျိုးများအနက် ဒေါက်တာဂျက်ဆင်၏ တပည့်ဖြစ်သူ ဦးသာဖြူသည် ၁၈၂၈-ခုနှစ် မေလ(၁၆) ရက်နေ့တွင် ထားဝယ်မြို့၌ ပထမဆုံး နှစ်ခြင်းခံခဲ့ရသော ကရင်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၁၈၂၈-ခုနှစ်မှ ၁၈၇၈-ခုနှစ်အတွင်း မော်လမြိုင်၊ ပုသိမ်ခရိုင်၊ တောင်ငူနယ်များသို့ သွား၍ သာသနာပြုခဲ့သည်။ ကရင်လူမျိုးများအတွင်း ခရစ်ယာန်သာသနာပြု ဂိုဏ်းပေါင်းစုံ ရှိပါသည်။ခရစ်ယာန်ဘာသာဝင် ကရင်လူမျိုးများသည် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ဘားအံမြို့နယ်၊ သံတောင်မြို့နယ်၊ ဖာပွန်မြို့နယ်များတွင် အများဆုံးနေထိုင်ကြသည်။ စကောကရင်အများစုမှာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ ခရစ်ယာန်ဘာသာဝင်တို့သည် နတ်စားခြင်းစသော ကိစ္စရပ်များကို ယုံကြည်ကိုးကွယ်မှုမရှိပါ။
(င)လဲကယ်ဘာသာ
လဲကယ်ဘာသာကို ၁၈၆၁-ခုနှစ်တွင် နှစ်ခြားကျေးရွာ၌ စတင်တည်ထောင်ခဲ့ကြသည်။ လဲကယ်ဘာသာဝင်တို့
သည် ရုပ်တု၊ ရုပ်ပွါး၊ စွယ်တော်များကို ကိုးကွယ်ခြင်းမရှိပါ။ အရိယာဘုရားလောင်းအား ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်သောအလှူပွဲများနှင့် သာရေးနာရေးကိစ္စရပ်များတွင် ၀ိုင်းဝန်းကူညီကြသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် မတူညီသော အချက်မှာ အရိယာဘုရားလောင်းက ဗျာဒိတ်တော် ပိဋကတ်လေးပုံကို ပေးအပ်သွားသည်ဟု ယုံကြည်ကြခြင်းသာ ကွဲပြားမှုရှိပြီး ငါးပါးသီလနှင့် ပါရမီ(၁၀)ပါးကို အထူးလိုက်နာကျင့်သုံးကြသည်။ ၎င်းတို့တွင် ကြက်ယက်စာဖြင့် ရေးသားထားသော ကျမ်းပေါင်း (၂၆) ကျမ်း ရှိသည်။ ယခုအခါ လူအနည်းစုအဖြစ်သာ ကျန်ရစ်ခဲ့သည်။
(စ)ဗြဟ္မစိုရ်ဂိုဏ်း
ဗြဟ္မစိုရ်ဂိုဏ်းမှာ ခရစ်ယာန်တရားတော်၊ ဗုဒ္ဓဘာသာအယူဝါဒနှင့် ကရင့်ရိုးရာဓလေ့များ ပေါင်းစပ်ထားသော အယူဝါဒဂိုဏ်းဖြစ်သည်။ရွှေကျင်နယ်၊ အရှေ့ဖာပွန်ဒေသတွင် ဖိုးပိုက်ဆံမှ စတင်တည်ထောင်ခဲ့ပြီး စောဒါမေဖိုးမင်းက ၎င်း၏သား ဂျွန်ဆင်ဒီဖိုးမင်းနှင့် သောင်ဇင်၏အစ်ကို ဂျွန်ဆင်ဖိုးမင်းက ဆက်လက်ဦးဆောင်သည်။ တောင်ပေါ်ဒေသရှိ ဂဲဘားနှင့် ပဒေါင်လူမျိုး၊ အောက်မြန်မာပြည် စကောကရင်အချို့ ယုံကြည်ကြသည်။မှောဘီတွင် ဂိုဏ်းဌာနချုပ်ရှိသည်။ ဗုဒ္ဓဘာသာတရားတော်နှင့် ခရစ်ယာန်တရားတော်တို့ကို မိရိုးဖလာဓလေ့အပေါ် အရောင်တင်ပြီး တီထွင်ထားသော ဒေသအလိုက် အဖွဲ့ငယ် ဂိုဏ်းဂဏများလည်း မကြာခဏ ပေါ်လာတတ်သည်။
စာပေနှင့် စကားအုပ်စုများ
ကရင်စာပေသည် ယဉ်ကျေးမှုတွင် ကျမ်းတစ်ဆူအနေဖြင့် မှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ပေ။ ကရင်စာပေကို ပထမခေတ်အနေဖြင့် ရှေးပဝေသဏီမှ ၁၈၃၇-ခုနှစ်အထိကာလကို သတ်မှတ်ခဲ့သည်။ ထိုခေတ်သည် ဘာသာစကားနှင့်စာပေကို နှုတ်အားဖြင့်မှတ်တမ်းတင်ခဲ့တာကြောင့် လင်္ကာခေတ်ဟု ခေါ်ဆိုနိုင်သည်။
ဒုတိယခေတ်ကို ၁၈၄၇-ခုနှစ်မှ ၁၉၆၄-ခုနှစ်ကာလကို သတ်မှတ်ရပေမည်။ စက်တင်ပုံနှိပ်သောခေတ်ဖြစ်ပြီး လင်္ကာဖွဲ့ဆို သီကုံးခြင်းထက် စကားပြေအရေးအသားများတွင် လွှမ်းမိုးသောခေတ်ဖြစ်သည်။ တတိယခေတ်ကို ၁၉၆၄-ခုနှစ် စတင်သည်ဟု သတ်မှတ်ရမည်။ အင်းဝနေပြည်တော်၌ ရဟန်းခံ၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းကျောင်း၌ သီတင်းသုံးခဲ့သော ဆရာတော် ဖူ့တာမိုက်(ဦးနန္ဒမာလာ)သည် ၁၇၅၀-ခုနှစ်တွင် မွန်အက္ခရာကိုအခြေခံ၍ ဗျည်းသရ အက္ခရာများကို လိုတိုးပိုလျှော့ဖြင့် တီထွင်ခဲ့ပြီး ဗိန္ဒုတော်ကျမ်းကို ပေပေါ်၌ ရေးသားခဲ့သည်။ပထမခေတ်တွင် စကောကရင်၏ ခရီဖိုး အမည်ရှိ စာပေနည်းစနစ်ရှိသည်ဟု ဆိုသည်။ စာပေ အရေးအသားမရှိဘဲ ရာစုများစွာကို ကျော်ဖြတ်လာသော စာပေနည်းပညာတစ်ရပ်ရှိသည်ကို တိကျခိုင်လုံစွာ ပြောဆိုနိုင်ပေသည်။
ကရင်လူမျိုးတို့၏ ဒဏ္ဍရီတစ်ခုတွင် ဖော်ပြသည်မှာ ရှေးယခင်က ကရင်စာပေ ရှိခဲ့ဖူးသည်။သားရေပေါ်တွင် ရေးသားထားသော စာ ဖြစ်သည်။ စနစ်တကျ သိမ်းဆည်းထားခြင်း မရှိသဖြင့် ပျောက်ကွယ်သွားသည်ဟု ဆို၏။ ယနေ့ ကရင်လူမျိုးတို့၏ စာရေးနည်း (၉) မျိုးထက်မနည်း ရှိသည်။ ၎င်းတို့အနက် မွန်-မြန်မာအက္ခရာကို
မှီး၍ တီထွင်ထားသော ကရင်စာရေးနည်း (၄) မျိုးနှင့် ရောမအက္ခရာဖြင့် တီထွင်ထားသော ဒူးဂဏန်းစာရေးနည်း အပါအ၀င် (၄) မျိုးကို အောက်ပါအတိုင်း ခွဲခြားဖော်ပြနိုင်သည်။
(၁) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသည့် ပိုးကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် စကောကရင်စာပေ၊
(၄) မြိုင်သာယာဆရာတော်ပြုစုသော စကောကရင်စာပေ၊
(၅) ဖာပွန်မြို့နယ် စကောကရင်စာပေ၊
(၆) ဦးဘထွန်း တင်ပြပြုစုသော စကောကရင်စာပေ၊
(၇) ဒူးဂဏန်းနှင့် ပိုးကရင် (လိုက်ဆောင့်ဝှေ့) ကြက်ယက်စာပေ၊
(ဂ) ဗရင်ဂျီဘာသာ သံတောင်မြောက်ပိုင်း ကရင်သင်ပုန်းကြီး၊
(၉) ပအိုဝ့်အမျိုးသားများ၏ သင်ပုန်းကြီး (ယခုအခါ ပအိုဝ့်လူမျိုးများအား ကရင်အမျိုးအနွယ်တွင် ထည့်သွင်းထားခြင်းမရှိပါ။)
ယခုလက်ရှိ သုံးစွဲနေသော ကရင်စာပေများမှာ….
(၁) မွန်အက္ခရာကို အခြေခံသော ပိုး(အရှေ့) ကရင်စာပေ၊
(၂) မြန်မာအက္ခရာကို အခြေခံသော စကောကရင်စာပေ၊
(၃) မြန်မာအက္ခရာကို အခြေခံသည့် ပိုး(အနောက်) ကရင်စာပေ ဟူ၍ ဖြစ်သည်။
(က) မွန်အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေကို အေဒီ ၁၀၅၇ -ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်း သိမ်းပိုက် လိုက်သည်နှင့် နှစ်ပေါင်း ကိုးရာခန့်က စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။(သုတေသနပြုဆဲ)။
အချို့မှာ ၁၇၅၀-ခုနှစ်တွင် ဖူ့တာမိုက် ပြုစုမှုမှ ဖြစ်ပေါ်လာသည်ဟု ကွဲလွဲမှုရှိသည်။
(ခ) စကောကရင်စာပေမှာ ၁၈၃၂-ခုနှစ် ဒေါက်တာ ဂျိုနသန်ဝိတ်၏ ခရစ်ယာန်သာသနာ ပြန့်ပွါးဆောင်ရွက်ရာမှ ပေါ်ပေါက်လာခဲ့သည်။
(ဂ) မြန်မာ အက္ခရာကို အခြေခံသည့် ပိုးကရင်စာပေမှာ ၁၈၅၂-ခုနှစ် ဒေါက်တာ အယ်လ်ဘရေတန်မှ မြန်မာအက္ခရာကို မှီး၍ ရေးသားခဲ့သည်။
ဆက်လက်ဖော်ပြပါဦးမယ်…။
Tuesday, May 4, 2010
၇ တန်းကျောင်းသူလေးအား နအဖရဲဘော်ဟောင်းအုပ်စု မုဒိမ်းကျင့်သတ်ဖြတ်
Monday, 03 May 2010 18:36 မွေခေါဝ်
သျှမ်းပြည်မြောက်ပိုင်းနေ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူလေးတဦးအား နအဖ တပ်ထွက်အဖွဲ့ တစ်ဖွဲ့က မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သျှမ်းပြည်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ လုခိုက်ကျေးရွာအုပ်စု၊ နားယန်း ကျေးရွာနေ အဖစိုင်းတိနှင့် အမိ နန်းလိုင်(နာမည်ရင်းမဟုတ်) တို့၏သမီး နန်းရွက်(အမည်ရင်းမဟုတ်) အား ဧပြီ ၂၄ ရက် (စနေနေ့) က စစ်ထွက်မြင့်ဆွေ ဦးဆောင်သည့် နမ့်လောင်းချောင်း သဲကျုံးရောင်းသည့် ရဲဘော်ဟောင်းအဖွဲ့က မုဒိမ်းပြု သတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
“ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကပေါ့ ရွာနီးချုပ်စပ် သူမ ကျွဲကျောင်းသွားတဲ့အချိန်မှာ မိုင်းရယ်-သီပေါလမ်းမကြီး ဘေး နမ့်လောင်းချောင်းတံတားအပေါ်ဘက် သဲတူးဖို့်လာကြတဲ့ တပ်ရင်း(၆၄)မှစစ်ထွက် လေးယောက်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တယ်” ဟု ရွာသားတစ်ဦးကပြောပါသည်။
ထိုစစ်သားထွက်များမှာ အသက်(၅၀) ရှိ စစ်ထွက်မြင့်ဆွေ၊ အသက်(၄၉) ရှိ စစ်ထွက်ထွန်းသိန်းနှင့် အမည် မသိသေးသော ၎င်းတို့၏တပ်ထွက်အဖော်နှစ်ယောက်ဖြစ်ကြောင်း ရွာသားများကပြောပြပါသည်။
“အလောင်းကို နားယန်းနဲ့ ဖာလုံဝက်အကွာ နမ့်လောင်းချောင်းသဲသောင်ပြင်မှာ ပစ်ထားခဲ့တယ်” ဟု လည်း အဆိုပါရွာသားက သျှမ်းသံတော်ဆင့်သို့ဆက်လက်ပြောပြပါသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ သျှမ်းအမျိုးသမီးရေးရာလှုပ်ရှားမှုကွန်ယက်အဖွဲ့(SWAN) ကလည်း အသေးစိတ် အချက်အလက်များ ဆက်လက်စုံစမ်းနေကြောင်း တာဝန်ရှိသူတဦးကပြောပါသည်။
Karen State Burmese military authorities refuse responsibility for future bombings
.According to a businessman from Karen State’s Kawkareik Township, regional military authorities have responded to recent bomb blasts in Burma by publicly refusing to take responsibility for future such incidents in the area.
A market in Kawkareik Township was bombed on February 15th of this year; according to Mizzima News’s coverage of the event, 3 were injured, and one victim later died from his wounds. The tragedy was followed by a series of bomb blasts across Burma, including one on April 27th in Mon State’s Kyaikmayaw Township.
According to village residents, on May 1st, soldiers from the Burmese Infantry Battalion (IB) No. 81, under the jurisdiction of the Southeast Command (SEC), arrived in Kyone Pae village, Kawkareik Township. According to the businessman IMNA spoke with, the battalion held a meeting that same day, where soldiers informed Kyone Pae villagers that the battalion would refuse all responsibility, legal, investigative, or otherwise, for potential future blasts in Kyone Pae. The announcement reportedly was spurred by rumor of bomb threats within the village.
“The authorities also ordered the villagers to inform them if they receive visitors at their homes, and the villagers will be punished if they do not report [this] to the authorities” he said.
The soldiers also ordered the villagers to watch for blasts from their homes, and to clear garbage from the fronts of their houses, in order to prevent explosives from being planted in the debris, he added.
A second source from Kyone Pae, who asked to only be identified as Mi Non, informed IMNA that residents have been made extremely frightened by IB No. 81’s warnings of future explosions; paranoia about bombs being planted in residential areas is mounting. The battalion is reportedly still stationed in the village.
IB No. 81’s May 1st discussion comes at the heels of similar security meetings held around Mon State; on April 26th, 4 Burmese military battalions called village headmen to their regional bases in Moulmein, Mudon, and Thanphyuzayurt Townships. At the conferences, village headmen were ordered to increase bomb-prevention measures in each of their respective villages, and informed that in the event of an actual explosion within their communities, responsibility for the tragedy would be given to them.
Blogger NayPhoneLatt_PEN.flv
ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို PEN American Center က ၂၀၁၀ ခုနှစ်အတွက် Barbara Goldsmiths Freedom to Write Award ဆုကို ချီးမြှင့်လိုက်ပါတယ်။ ဒီဆုပေးပွဲအခမ်းအနားအကြောင်း ဗီဒီယိုသတင်း တင်ပြထားပါတယ်။
Monday, May 3, 2010
နာဂစ် ၂နှစ်ပြည့် အောက်မေ့ဖွယ်သီချင်း
ဒီသီချင်းထဲမှ မှတ်တမ်းများဟာ နာဂစ်မုန်တိုင်း ဘေးဆိုးရန်ကြောင့် ဒုက္ခရောက်နေသူများအား ကရင်ပြည်နယ် ဖားအံမြို့ရှိ နာမည်ကြီး ဆရာတော် ဦးပညာသာမိ၊ ဖားအံနှစ်ခြင်း အသင်းတော်မှ ဆရာစခင်မောင်သန်း၊ သာသနာပိုင်ချုပ် ဘီးရှော့ဒီဝိုက်ကျင်းနဲ့ ဖားအံရှိ ဗုဒ၊ ခရာဇ်ယာန် ကရင်များ ညီညီညွတ်ညွတ်ဖြင့် လူမျိုး ဘာသာမရွေး သွားရောက်ကူညီခဲ့တဲ့ ပုံရိပ်များဖြစ်ပါတယ်။
တိုင်တည်သစ္စာ
ဒီနေ့မှစပြီး ဒို့တစ်တွေ စည်းစည်းလုံးလုံးနဲ့ ကရင်အမျိုးသားအလံတော်အောက်မှာ ချစ်ချစ်ခင်ခင် လက်တွဲမဖြုတ်နေကြပါစို့
Wednesday, April 21, 2010
ထက်လုံးတစ်ခွင်
တိမ်စင်ဖုံးလျက်
လှပဖြူစင်
အို..... ကောင်းကင်
ရာသီပန်းများ
လန်းဆန်းဝေဆာ
တင့်လှပေတာ
အို..... မြေလွာ
တိုင်တည်ကာထား
ငါ၏သစ္စာ
ကရင်ကမွေး
ကရင်သွေးမို့
ကရင်ဟန်ပန်
ကရင်မာန်နှင့်
စိတ်ထားဖြူစင်
ရိုးဂုဏ်ဆင်၍
အမျိုးကိုချစ်
မေတ္တာစစ်သည်
မြေသားကောင်းကင်
ပုံနှိုင်းတင်၍
တည်ကာမြဲသရွှေ့
ငါစွဲနေမည်
ငယ်ငယ်တုန်းက အရမ်းကြိုက်တဲ့ ကဗျာလေးတစ်ပိုဒ်ပါ။ ရေးတဲ့သူကို မမှတ်မိတော့ပေမယ့် ဆယ်နှစ်ကျော်ကာလအတွင်း ကျွန်တော့်ရဲ့ အကြိုက်ဆုံးကဗျာတွေထဲမှာ သူလဲပါတယ်။
ဖြေမဆည်နိုင်...
Labels: poem -အင်ဖက်မိုးကာ တဲသာသာနှင့်၊
မိုးရွာသောအခါ မလုံပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်…။
-ငါးပိရည်ဆမ်း ထမင်းကြမ်းနှင့်၊
လုပ်ငန်းပြန်လာ စားရပါလည်း၊
သူ့မှာဆင်းရဲ ၀မ်းမနည်း…။
-ခေတ်ပေါ်အထည် အသွယ်သွယ်ကို၊
ကိုယ်ဝယ်အလှ မဆင်ရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။
-ခရီးကွာဝေး သွားမည့်ရေး၌၊
ကားသေးလှလှ မစီးရလည်း၊
သူကဆင်းရဲ ၀မ်းမနည်း…။
-အမျိုးဘာသာ သာသနာနှင့်၊
တစ်ဖြာစကား စာပေများတို့၊
ကြွားကြွားဝင့်ဝင့် ထွန်းတောက်တင့်ရေး၊
အစဉ်တွေးလျက် စိတ်လက်ကိုယ်ပါ၊
မသက်သာသည် ဖြေပါသော်လည်း
ဖြေနိုင်ခဲ…။
နန်းကိုကို(လှိုင်းဘွဲ)
၂၇၄၉-ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကရင့်ကြေးမုံမှ..။
KNLA နှင့် နအဖတို့ တနာရီကြာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံး
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေဂွင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် နအဖစစ်တပ်တို့ ကြား ယနေ့မနက် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

(ကေအဲန်ယူ တပ်ရင်း-၂၀၁ တပ်ဖွဲ့ဝင်များ)
ယနေ့မနက် ၆နာရီတွင် ဝေါ်လေဂွင်ရှိ ကနဲလေးနှင့် မော်ဖိုးကလိုးရွာကြား၌ တပ်အင်အား (၃၀)ခန့်ရှိ နအဖစစ်တပ်မှ ခမရ (၄၀၅)တပ်ရင်းနှင့် KNLA တပ်ရင်း(၂၀၁)တပ်ဖွဲ့တို့ ထိပ်တိုက်တိုးကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KNLA တပ်ရင်း (၂၀၁) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
သူက “ဒီမနက် ၆း၄၀ ကနေ ၇း၄၀အထိ ဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်က အရာခံဗိုလ်တယောက် အသက်ပေးလိုက်ရတယ်။ နအဖဘက်က တယောက်သေတယ်။ ၅ယောက် ဒဏ်ရာပြင်းထန်တယ်”ဟု ပြောသည်။
လက်နက်ကြီးငယ်များဖြင့် အပြန်အလှန်ပစ်ခတ်သောကြောင့် အဆိုပါတိုက်ပွဲမှာ ယနေ့မနက်တွင် ဆူညံသွားကြောင်း ဝေါ်လေ ဂွင်ရှိ ဒီကေဘီအေ တပ်ရင်း(၉၀၇)မှ တပ်မှူးတဦးက ပြောသည်။
အဆိုပါတပ်ရင်းနှစ်ဖက်သည် ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် (၅)မိနစ်ခန့် တိုက်ပွဲ ထပ်မံဖြစ်ပွားရာ နအဖဘက်မှ (၃)ဦး ထိ ခိုက်ဒဏ်ရာရပြီး ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။
မဲဆောက်မြို့တောင်ဘက် (၁၂၀)ကီလိုမီတာ အကွာအဝေးရှိ ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေ
ဝေါ်လေဂွင်တွင် KNLA နှင့် နအဖတပ်ဖွဲ့ဝင်တို့ကြား ယခုနှစ်အတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း ကေအဲန်ယူဘက်မှ ယခု ထိခိုက်သေဆုံးမှုမှာ ပထမဆုံးဖြစ်သည်။
တဆက်တည်းတွင် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကိစ္စကို လက်မခံသည့် ဗိုလ်မှူးကြီး စောလား ပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)ဦးဆောင်သော ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်ရင်း (၉၀၇)တပ်ဖွဲ့ဝင်များသည် ထိုဒေသတွင် စစ် ရေးပြင်ဆင်မှုများလုပ်ဆောင်နေသည်ဟု နီးစပ်သူများက ပြောသည်။
ယင်းစစ်ရေးလှုပ်ရှားမှုများကြောင့် အကြီးအကျယ် ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံရွာသား ၃၀၀ကျော်မှာ ဧပြီလ ၂၇ရက် နေ့ညကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။
ဝေါ်လေဂွင်တွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၅)တပ်ရင်း၊ ဒီကေဘီအေ တပ်မဟာ(၅) လက်အောက်ခံ (၉၀၇)တပ်ရင်းနှင့် ကေအဲန်အယ်လ်အေ (၂၀၁)တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။
နအဖ ခမရ(၄၀၅)တပ်ရင်းသည် ပြီးခဲ့သည့် ဇန်န၀ါရီလကုန်မှစ၍ ယခင်တပ်ရင်း ခမရ(၄၀၉)နှင့် တပ်အပြောင်းအလဲလုပ်ကာ ၀င်ရောက်လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။
လူမဆန်မှုသတင်း
April 2010,
သထုံခရိုင်။
- ဖားအံ့မြို့နယ်၊ ၂၀.၄.၂၀၁၀နေ့ တပ်ပေါစခန်းရှိ ခမရ(၇၀၃)နအဖတပ်သည် ဟတ်တ ရယ်ကျေးရွာအုပ်စု တွင်းရှိ ရွာများမှ တအိမ်လျှင် ဝါး၅ချောင်းနှင့် အင်ဖက်၅ခက်နှုန်းဖြင့် အောက်ပါရွာများကိုမပေးမနေရအတင်းအကျပ်တောင်းဆိုသည်။
(၁) ဟတ်တရယ် (၂) ကျူးစီး (၃) ဖျာဂေါ် (၄) တာသူးခီး (၅) ထီးကျူ (၆) ပို (၇) နိုလော် ပလော (၈) နိုအော်လာတို့ဖြစ်သည်။ ဒီ့အပြင် တပ်ပေါစခန်းသို့ ၂၅.၄.၂၀၁၀နေ့အ ရောက်ပို့ခိုင်းသည်။
- ဖားအံ့မြို့နယ်၊ DKBA မှ ဂူကျိုးနှင့် မိုဒဲဦးဆောင်တဲ့အဖွဲ့သည်ဘောတပြုကျေးရွာသူရွာသား များ၏ငွေများကိုအတင်းအကျပ်တောင်းဆိုခဲ့သည်။
တောင်ငူခရိုင်။
- ဒေါဖခိုမြို့နယ်။ ၁၈.၄.၂၀၁၀နေ့ စကခ(၇)လက်အောက်ခံ ခမရ(၄၂၃) စစ်ကြောင်း မှူး ဝေဖြိုး အောင်ဦးစီးတဲ့အဖွဲ့၏လိုက်လံမီးရှို့မှုကြောင့် ဂါဒဲကျေးရွာအုပ်စုနှင့် ကိုးဒေးကျေးရွာအုပ်စု ရှိရွာသူရွာသားများ၏ပစ္စည်းဥစ္စာလယ်ယာခြံမြေများမီးလောင်ခံရ။ ဒါ့အပြင်ယခုထက်တိုင် မီးမငြိမ်းသေးပါ။
- ၂၃.၄.၂၀၁၀နေ့ သအေးထာစခန်းရှိခမရ(၄၂၃)၏မီးရှို့မှုကြောင့် သအေးထာမှစ၍ကိုဒေး အထိ ဟတ်ထိုးပယ်၊ ဆောဝါဒဲအုပ်စုတွေပါမကျန် ရွာသားများ၏လယ်ယာစိုက်ပျိုးခင်းများ များစွာမီးလောင်ခံရ။
- ဒေါဖခိုမြို့နယ်။ ၂၄.၄.၂၀၁၀နေ့ စကခ(၇)လက်အောက်ခံ ခမရ(၄၂၃) စစ်ကြောင်း မှူးမျိုး ထွန်းဦးဆောင်တဲ့ နအဖတပ်သည် မော်ကိုးဒဲရွာသားများအား ဝါးကြီး ၂၀၀ချောင်း၊ ဝါးငယ် ၁၀၀ချောင်းနှင့် တယ်ဒိုကျေးရွာသားများအား ဝါးကြီး ၁၅၀ချောင်းနှင့် ဝါးငယ်၅၀ချောင်း၊ နော်သေးဒဲရွာအားဝါးကြီး၅၀ချောင်းတို့ကိုအတင်းအဓမ္မခုတ်ခိုင်းသည်။
- ၂၅.၄.၂၀၁၀နေ့ ဘုရားရွာရှိနအဖတပ်သည် တောကူးရွာသား၁ဦးအားအကြောင်းမဲ့က စယ်ဒိုဘက်သို့လျှောက်ခေါ်ဆောင်သွား။
- ထန်းတပင်မြို့နယ်။ ၂၇.၄.၂၀၁၀နေ့ ကစယ်ဒိုရှိနအဖတပ်သည် ရေရှာရွာအားအင်ဖက် ၄၀၀ခက်နှင့်လှည်းတစီး၊ ပြင်ကားရွာအားအင်ဖက်၄၀၀ခက်နှင့်လှည်းတစီး တို့ကိုကစယ် ဒိုစခန်းသို့အတင်းအဓမ္မပို့ဆောင်ခိုင်း။
ဒူးပလာယာခရိုင်။
- ၃.၄.၂၀၁၀နေ့။ လားတကောရဲစခန်းပြန်လည်ဆောက်ဖို့အတွက် ရဲစခန်းမှူးအောင် အောင်ဦး သည် ကော့ဖော၊နိုသလာ၂၀၀၀ခက်၊ ရော်ကဲ၊ဖားကျ၊တမို့ခူးသူတို့ကို ဝါး၊သစ် ၂၀၀၀ခုတ်ခိုင်းပြီး ဧပြီလကုန်အရောက်ပို့ခိုင်း။
- ၂၀.၄.၂၀၁၀နေ့စခန်းမှူးအောင်အောင်ဦးသည် ရွာသူကြီးများခေါ်တွေ့ပြီး ဧပြီလမကုန်ခင် သစ်၊ဝါးများကိုအတင်းအကျပ်ပို့ဆောင်ခိုင်း။