Saturday, August 21, 2010
Japan urges Myanmar to release Suu Kyi
Japan has urged Myanmar to release political prisoners including pro-democracy leader Aung San Suu Kyi and conduct its general election slated for Nov. 7 in an open, free and fair manner, Foreign Minister Katsuya Okada said Friday.
The minister told a press conference that the Japanese government conveyed Thursday its concern over the November poll, which will be held for the first time in two decades, through Myanmar’s ambassador to Japan. ‘‘If Myanmar holds the general election without releasing political prisoners including Ms. Suu Kyi, it would not be a free, fair and open election that the international community has called for and thus would be regrettable,’’ Okada said.
နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkada Katsuya က သြဂုတ်လ ၂၀ ရက်(သောကြာနေ့)က ပြောဆိုလိုက်သည်။
၎င်းက မြန်မာစစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲမကျင်းပမှီ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းများအားလုံးကို လွတ်ပေးဖို့လိုအပ်ကြောင်းနှင့် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောရွေးကောက်ပွဲတခုဖြစ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။
အနှစ်(၂၀)ကြာမှ ပထမဦးအကြိမ်ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကိစ္စနှင့်စပ်လျင်း၍ သြဂုတ်လ ၁၉ ရက်(ကြာသပတေးနေ့)က ဂျပန်နိုင်ငံရှိ နအဖ သံအမတ်ထံသို့ ပေးပို့ခဲ့သော တောင်းဆိုချက်၌ “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးခြင်းမရှိပါက မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲသည် လူတိုင်းပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတမှုရှိမည်မဟုတ်သည့်အတွက် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထောက်ခံမှာမဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများကလည်း ၀မ်းနည်းဖွယ်လုပ်ရက်အဖြစ် သတ်မှတ်ခြင်းခံမည်ဖြစ်ကြောင်း” ရေးသားပေးပို့ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Monday, August 23, 2010
လှိုင်းဘွဲ့ မြို့ ရှိ DKBA တပ်ဖွဲ့ များ နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်း အပိုင်း (၁+၂)
Sunday, August 22, 2010
ရင်နာလို့မဆုံးဘူး။ မင်းတို့လောက် မိုက်လုံးကြီးတာ ဘယ်လိုခွင့်လွှတ်လို့ရနိုင်မှာတဲ့လဲ။
မင်းတို့တွေကို စာနာ နားလည်ခွင့်လွှတ်ပေးခဲ့သမျှ မျက်စိမှိတ်လို့ မိုက်ကန်းကြကုန်ပြီလား။
ခွေးသားတွေ၊ ရွေးထားတဲ့လမ်းက မျိုးပျောက်မဲ့ပြတိုက်လမ်းပါလား။

သထုံခရိုင် ရှိ ဒီကေဘီအေ တပ်များ ကေအဲန်ယူ ဆီ လက်နက်ချ ၀င်ရောက်လာ
သထုံခရိုင်တွင် လုပ်ရှားနေသော ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။
Information - 22 Aug -
Information - 22 Aug -
ဗမာ လူမျိုးကြီးစိတ်မှ ပင်လုံစိတ်သို့
စာဖတ်ပုရိတ်သတ်များအတွက် mizzima သတင်းမှ စိတ်ဝင်စားစရာကောင်းတဲ့ ဆောင်းပါးတပုဒ် ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ်
(၁)
ဘဘ ဦးရွှေအုံးဆုံးသည့် သတင်းရသည့်အချိန် ကျနော် လန်ဒန်မြို့ လယ် မြားနတ်မောင်အဝိုင်းနား ရောက်နေသည်။ ဟိုအနှစ် ၈ဝ အိန္ဒိယနှင့် မြန်မာ ခွဲရေးတွဲရေး ဆွေးနွေးပွဲလုပ်ရာ စိန့်ဂျိမ်းစ် နန်းတော်နားလဲ ဖြစ်သည်။ ထိုပွဲကို စော်ဘွားကြီးများ၊ ကရင်ခေါင်းဆောင်များလဲ တက်ကြရာ ဘိုဆန်ခေတ်မီသည့် သီပေါမောင်နှံ ခန်းမထဲ ဝင်လာပုံပါသည့် သူရိယ သတင်းစာကို ယခုတိုင် မြင်နေမိသည်။ အဓိက ကချင် နိုင်ငံရေးပါတီ တခုကို ဖွဲ့ခွင့်မပေးသေးသည့် လက်ရှိကာလနှင့် နှိုင်းယှဉ်ရင်း သူ့ကျွန်ဘဝ တောင်တန်းပြည်မ ခွဲထားသည့် ခေတ်ကမှ ရှမ်းကရင် တိုင်းရင်းသား ခေါင်းဆောင်များကို လူရာ ပိုသွင်းသေးသည်ဟု အောက်မေ့ပါသည်။ ထို့ပြင် လွတ်လပ်ရေး ရခါနီး မြန်မာနှင့် တိုင်းရင်းသား ခေါင်းဆောင်ငယ်များကို လေ့လာရေး လွှတ်စဉ်က နယူးယော့ အင်ပါယာစတိတ် အဆောက်အဦးပေါ်တွင် စုရိုက်ထားသည့် ပုံလေးကိုလဲ သတိရနေမိပြန်သည်။ သံဝေဂလဲ ရမိပါသည်။ တိုင်းပြည် တည်ထောင်ရေးအတွက် သူများတိုင်းပြည်က နည်းခံရန်သွားသူတွေ ခင်းသွားကြသည့် နိုင်ငံရေးဇာတ်မှာ တိုင်းပြည်ပျက်စီးကြောင်း သင်္ခန်းစာ တခြားနိုင်ငံတွေကို ပေးနေသလို ရှိလှပါသည်။ တဦးတယောက် သြဇာမခံဘဲ ဤတိုင်းပြည်က လူတွေ စုပေါင်း မအုပ်ချုပ်တတ်သေးကြောင်း လွတ်လပ်ပီး သမိုင်းက သက်သေခံနေတော့သည်။
(၂)
အရင် ဆယ်နှစ်ခန့်လောက်က ကျနော့်အဖွားစာရေးစားပွဲပေါ် ညှပ်ထားသည့် လိပ်စာကတ်တခုတွင် ဦးရွှေအုံးဆိုသည့် နာမည်ကိုတွေ့၍ စိတ်ဝင်တစားနှင့် ဖုန်းဆက်ကြည့်မိပါသည်။ မည်သူမည်ဝါပါဟု မိတ်ဆက်သည့်အခါ “ဒေါ်အမာကိုတော့ အကုန်သိကြတာပဲ”ဟု စကားပြန်သည်ကိုသာ မှတ်မိပါသည်။ ဘာတွေဆက်ပြောမိကြသည်မသိတော့ပါ။ ရန်ကုန်ရောက်၍ ဒေါ်တီနှင့်ဂျင်တို့၏ ကောလိပ်အကြိုသင်တန်းရှိရာ သံတမန်ကျောင်းဘက်သွားတိုင်း ဝင်ဆာလမ်းနံဘေးက ခွဲထွက်သွားသည့် ဘုရင်မ ရှင်စောပု အရိုးအိုးစေတီရှိရာ လမ်းပေါ်မှ ကျူးပစ်ဆိုသည့် ဆိုင်းဘုတ်လေးကို တွေ့တိုင်း ဘဘအိမ်ပဲဟု သိသော်လဲ ဝင်တွေ့ရန် ထင့်နေမိပါသည်။ ယခုတော့လဲ ပထမမျိုးဆက် လက်ကျန်တိုင်းရင်းသား ခေါင်းဆောင် တယောက်ကို ဆုံးခဲ့ရပါပီ။ တောင်တန်းပြည်မ သွေးစည်းရေး ပဒေသရာဇ် တိုက်ဖျက်ရေး တန်းတူပြည်ထောင်စု တည်ထောင်ရေးကို ဘဝနှင့်ရင်း ကြိုးပမ်းခဲ့သည့် ပင်လုံမျိုးဆက်တွေ တာဝန်ကို နှောင်းလူတွေက အသိစိတ်ရှိရှိ ခံယူချက်မှန်မှန်နှင့် ဆောင်ရွက်ကြဖို့ပဲ ရှိသည်။
အဘယ့်ကြောင့် ဦးရွှေအုံးကို သိချင်ရပါသနည်း။ တတိယပြည်ထောင်စုတည်ဆောက်ရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် မူတွေကို တသက်လုံးရေးနေပြောနေသည့်သူတယောက်ကို လူမျိုးကြီးစစ်ပဒေသရာဇ်များခေတ်တွင် အလွန့်လူစွမ်းကောင်းဟု ဆိုရပေမည်။ သူ့ထက် ဝါရင့်သည့် ရှမ်းခေါင်းဆောင်ကြီးများပင် နောက်ပိုင်း ဘာမှမပြောကြတော့သည့်အချိန်တွင် သူက အလံမလှဲစတမ်း ခံချနေဆဲ မဟုတ်ပါလား။ နောက်ဆုံး ရွေးကောက်ပွဲဆိုသည့် ထောင်ချောက်ကို မစွံမှန်းသိသော်လဲ လက်နက်လဲမကိုင်နိုင် နော်ဝေးလဲ သွားမနေနိုင်၍ ဝင်ပြိုင်သည်ဟု ဘွင်းဘွင်းပြော၍ ပါတီထောင်ခဲ့သေးသည်။ ဘာပြောပြော အဘတို့အဖွဲ့က ကျန်သည့်ပေါက်ကျော်ရောကျော်တွေထက် လူရိုသေရှင်ရိုသေတော့ ရှိပါသေးသည်။
ဘုရားပွဲတွင် ဗုံးနှင့် တိုက်ခိုက်ခံရခြင်း၊ ရှမ်းခေါင်းဆောင်တချို့ တောခိုသည့်ကိစ္စအတွက် အဖမ်းခံရခြင်းစသည့် လွတ်လပ်ပီးခေတ် ခရီးကြမ်းများကို ပြန်ကြားရသည့်အခါ ပင်လုံအလွန် ရှမ်းသမိုင်းကို ပြန်စောကြောမိပါသည်။ မြန်မာစာပါမောက္ခဦးတင်ဧ (ရွှေနှင်းဆီ)တို့ခေတ်ကထဲက ရှမ်း-ဗမာကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု ထိစပ်နေခဲ့လေပီ။ စစ်တွင်းဒေါက်တာဗမော်ခေတ် ဂျပန်ပညာတော်သင်အဖွဲ့တွင်လဲ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စုံလင်စွာ ပါခဲ့ရုံမက ထိုသူများပင် စစ်ပီးခေတ် ဗမာပြည်ကို အနေနေရာရာက ဦးဆောင်ခဲ့ရပါသည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် လွတ်လပ်စ သောင်းကျန်းမှု နှိမ်နင်းရေးတို့တွင် ဗမာ့တပ်မတော်နှင့် လက်တွဲခဲ့ကြသော စော်ဘွားမျိုးနွယ်များ ဦးစီးသည့် ရှမ်း၊ ကယားတပ်များမှာ ချင်း၊ ကချင်တပ်များနှင့် အပြိုင်းအရိုင်း ရှိခဲ့ပါသည်။ ဖဆပလ၊ ကွန်မြူနစ်ပါတီ၊ လွတ်လပ်ပီးနောက် ပမညတစသည့် ပြည်မလက်ဝဲပါတီများသို့ ရှမ်းလူငယ် ခေါင်းဆောင်များ ဝင်ထွက်နေခဲ့၏။ ယခုတိုင်လဲ အနွယ်အဆက်များ အခင်မပျက် ရှိကြဆဲ ဖြစ်သည်။ လွတ်လပ်ပီးနောက် ပဒေသရာဇ်၊ တရုတ်ဖြူနှင့် စီအိုင်အေ၊ စစ်တပ်စသည့် ဖိနှိပ်အုပ်စိုးသူများအောက်တွင် ဒုက္ခပင်လယ်ဝေကာ ခေတ်နောက်ကျကျန်ရစ်သည့် ပြည်နယ်သားတို့ ရှေ့ ရေးအတွက် အမည်ခံပြည်ထောင်စုကို ဖက်ရယ်ပြည်ထောင်စုအစစ် တည်ဆောက်ရေး ကြိုးပမ်းကြသည့် အခါတွင်ကား မျိုးနွယ်တူ ပဒေသရာဇ်ဟောင်းများနှင့် သူတို့ လက်တွဲခဲ့ရသည်။ ဤသည်ကို ခွဲထွက်ပီး ဆီးတိုးအဖွဲ့ဝင်လိမ့်မည်ဟု ဗမာနိုင်ငံရေးနှင့် သတင်းစာလောကက တံဆိပ်ခတ်ကြရုံမက အာဏာသိမ်းပီးနောက်တွင်လဲ ကာလအရှည်ဆုံး ချုပ်နှောင်ခံကြရလေသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတက်သည့်အခေါက်က ရှမ်းလူကြီးများဆီက သြဝါဒခံကာ ပြည်ထောင်စုအရေး တိုင်ပင်ရသည်မဟုတ်ပါလား။ ထိုလူကြီးများအနွယ်အဆက် ခွန်ထွန်းဦးတို့ပါတီနှင့် တခြားအတိုက်အခံများ ညီညွတ်စွာနှင့် ယခုတိုင် ရွေးကောက်ပွဲလမ်းကြောင်းကို မလိုက်ပဲ ကြံ့ကြံ့ခံလျက် စေ့စပ်ဆွေးနွေးရေးမူကို ကိုင်ထားဆဲ မဟုတ်ပါလား။ ရှမ်းမူမှ သွေဖီပီး ဗိုလ်ချုပ်ကြီးအစိုးရ၏ ပြည်နယ်ဦးစီးအဖွဲ့များတွင် ပါခဲ့သော ပါဝင်ခဲ့ရသော တိုင်းရင်းသားခေါင်းဆောင်အချို့ မဆလနွံထဲနစ်ပီး နိုင်ငံတော်ကောင်စီတွင် ဘားဆုံးခဲ့ရသည့်ထုံးဟောင်းသာဓကများကို ပြည်နယ်အစိုးရ လွှတ်တော်တက်ချင်နေကြသည့် ၂ဝ၁ဝ တိုင်းရင်းသားပါတီများ မမေ့သင့်ဟု ထင်ပါသည်။ သစ္စာဖောက်ဆိုသည့်စကားသည် ဘယ်ခေတ် ဘယ်လူ့အဖွဲ့အစည်းတွင်မဆို မိမိမျိုးနွယ်ဒေသအကျိုးကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားသူဟူသမျှနှင့် အကျုံးဝင်ပါသည်။
(၃)
သူ့ဘဝမှတ်တမ်းကို ဆုံးခါနီးထိ အသံသွင်းသွားသည်ဆိုသော်လဲ ဤမှတ်တမ်း ဘယ်ခါမှ ထွက်လာမည်မသိ၍ မမျှော်လင့်ရဲပါ။ ဟိုအနှစ် ၄ဝကျော်က မဟာသရေစည်သူဦးကြာပု၏ ပြည်ထောင်စုရေးရာစာတမ်း၊ နောက်ပိုင်း ရှမ်းခေါင်းဆောင်ဟောင်းတချို့ မှတ်တမ်းများမှာ ယခုထိ ပြည်တွင်းပြည်ပတွင် ထုတ်ဝေနိုင်ခြင်း မရှိသေးပေ။ ဤသို့နှင့် “ပင်လုံစာချုပ်ဆိုတာ စက္ကူစုတ်ကြီးဖြစ်သွားပါပီ ငါ့မြေးရယ်” ဟု ရီမောပြောနေသည့် စိုင်းစိုင်းခမ်းလှိုင်တို့အဖိုး ပင်လုံဦးခွန်ထီးအသံကိုပဲ အောက်မေ့ရင်း ကတိပျက်ညစ်ပတ်သော ဗမာလူမျိုးကြီးနိုင်ငံရေးသမားစစ်ဗိုလ်တို့ ရှုပ်ခဲ့သမျှဇာတ်ကြောင်းကို တရားမျှတမှုအမြန်ဆုံးရရှိအောင် မျိုးဆက်သစ် ဗမာလူငယ်ပညာတတ် သတင်းသမားများ နိုင်ငံရေးလှုံ့ဆော်သူများတွင် တာဝန်ပိုရှိသည်ဟု ခံယူမိပါသည်။ တိုင်းရင်းသား နိုင်ငံခြားသားမခွဲခြားပဲ မြန်မာနိုင်ငံသားအခွင့်အရေးကို နေထိုင်ခွင့်ရှိသူတိုင်းသို့ တန်းတူညီမျှပေးဖို့၊ လူမျိုးတမျိုးနှင့်တမျိုး ဘာသာတခုနှင့်တခုကြား လွှမ်းမိုးသြဇာညောင်းမှု မဖြစ်ပေါ်စေရန် တတ်နိုင်သရွေ့ သတိပြုဆင်ခြင်ကြဖို့ မီဒီယာနှင့် အုပ်ချုပ်ရေးလောကက စတင်လိုက်နာနှိုးဆော်သင့်ပီဟုလဲ လူမျိုးစုံရောပြွမ်းသည့် နိုင်ငံကြီးများ ဥပမာကိုညွှန်၍ တိုက်တွန်းလိုပါသည်။ ပမာပြရလျှင် အစိုးရမီဒီယာများတွင် ဗုဒ္ဓတရားတော်များ ထုတ်လွှင့်ပေးလျှင် ကျန်သည့်ဘာသာအားလုံးလဲ ရသင့်သည်၊ လွတ်လပ်ရေးနေ့တိုင်း ဘုန်းကြီးများအား ဘွဲ့တံဆိပ်ကပ်လျှင် ဖာသာမာသာများနှင့် မူလာကြီးများ ဗြဟ္မဏဆရာများအားလဲ ချန်လှပ်မထားသင့်၊ သာရေးနာရေး လူမှုအသင်းအဖွဲ့များတွင် ဘာသာစုံလူမျိုးစုံ တန်းတူပါဝင်မှုကို အားပေးသင့်သည်။ စီးပွားရေး လူမှုရေးအကျိုးအမြတ်ရှိသမျှတွင် ဟန်ဆောင် မျိုးချစ် နေပြည်တော်အုပ်စုက အသာစီးယူ နှိုက်ထုတ်နေခြင်းကိုလဲ ပြန်တပ်ဆုတ်စေရမည်။ သို့မှသာ တိုင်းပြည်တွင် ကင်ဆာလိုလှိုက်စားနေသည့် လူမျိုးမတူသူချင်း မသိမသာနှင့် သိသာစွာခွဲခြားဆက်ဆံမှုများ လျော့ကျသွားပေမည်။
အို ဦးရွှေအုံး... ပင်လုံရာပြည့်သဘင်ကို ဗမာနှင့် တိုင်းရင်းသားများ၏ တန်းတူသော ပြည်ထောင်စု စစ်စစ်တွင် ကျင်းပ ပါရစေဟု ကျွန်ုပ် ဆန္ဒပြုပါ၏။ တိုင်းရင်းသားထိပ်သီးတချို့ ကို အရာသွင်းကျောပုတ်ရုံနှင့် ပြည်တွင်းပြည်ပတွင် သန်းနှင့်ချီ၍ ထွက်ပြေး ပုန်းရှောင်နေရသော စစ်ပြေး မျိုးနွယ်စုများ၏ ဒုက္ခက တကွမ်းစားမှ လျော့အံ့မထင်။

ထိုင်းတွင် တရားမ၀င်နေသူ ၂ သိန်း ခန့်ကို အမြဲတမ်းနေခွင့်ပေးရန် စီစဉ်
ဘစောတင် Saturday, August 21, 2010 . ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။
ယင်းအစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့က ပြုလုပ်သော အစည်းအဝေးပြီးသည့်နောက် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး Mr.Thaawil Pliansri က“ထိုင်းနိုင်ငံအတွင်း တရား မ၀င် ရွှေ့ ပြောင်းနေထိုင်နေတဲ့ ၂ သိန်း လောက်ကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ လူတွေ ဟာ အနည်းဆုံး ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကနေ ၃၀ လောက် နေထိုင်ပြီးသားတွေ ဖြစ်တယ်။ သူတို့ မွေးဖွားလာမယ့် သားသမီးတွေကတော့ ထိုင်းနိုင်ငံသား ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ပါရှိသည်။
ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့် လူများ၏ အချက်အလက်များစုဆောင်းကာ စာရင်း ပြုစုထားပြီး ဖြစ် ကြောင်း၊ ထိုလူများကို နေထိုင်ခွင့်ပြုခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု အစိုးရက ယုံကြည် ကြောင်း၊ ထို့အပြင် ၎င်းတို့ထံမှ အခွန်အတုတ်များကိုပါ ကောက်ယူရန်ရှိကြောင်းလည်း သတင်းစာတွင် ပါရှိသည်။
ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်သော ယခု အစီအစဉ်မှာ အသစ်အဆန်းတခု မဟုတ်ကြောင်း၊ ထိုင်း အစိုးရက ယခင်ကပင် ချမှတ်ပြီးသား စီမံကိန်းတခုသာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဒါရိုက်တာ ဒေါက်တာ Naruemon Thabchumpon က ဧရာဝတီသို့ ပြောသည်။
“ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်လာပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ် နေထိုင်ကြတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ် စတဲ့ လူမျိုးတွေကို ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အရင်ကတည်းက ပေးထားပြီးပါပြီ။ ဒါဟာ အသစ်တခုမဟုတ်ပါ ဘူး။ အဲဒီလို နေထိုင်တဲ့သူတွေရဲ့ သားသမီးမြေးမြစ်တွေဟာ အခုဆိုရင် ထိုင်းနိုင်ငံသား ဖြစ်နေကြပြီလေ။ အထင်ရှား ဆုံး ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ရွှေ့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေနဲ့ အင်ဒိုချိုင်းနား စစ်ပွဲအပြီး ရွှေ့ ပြောင်း နေထိုင်တဲ့ ဗီယက်နမ်တွေ၊ ကမ္ဘောဒီးယားတွေပေါ့ ”ဟု ၎င်းက ဆိုသည်။
အမြဲတမ်းနေထိုင်ခွင့် ရရှိမည့်သူအများစုမှာ နယ်စပ်ဒေသများတွင် မိသားစုလိုက် ရွှေ့ ပြောင်းနေထိုင်သူများသာ ဖြစ် မည်ဟု သိရသည်။ နယ်စပ်ဒေသဖြစ်သော ထဥဘွန်းနှင့် နခွန်ခနုန် ဒေသများတွင် နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင် ခဲ့ကြသော ဗီယက်နမ်လူမျိုးများကို သာဓကအနေဖြင့် ကြည့်နိုင်ကြောင်း ဒေါက်တာ Naruemon က ပြောဆိုသည်။
မကြာသေးမီက ချင်းမိုင်ဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ စက္ကူလေယာဉ် ချန်ပီယံ မောင်သောင်းဒီ ၏ သာဓကမှာလည်း ယခု စီမံကိန်းတွင် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံသား အများစုဖြစ်သည်ကို တွေ့ ရ သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော ပြည်နယ်တိုင်းများမှ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိသည်။ စီးပွားရေး ကျတည်းခြင်း။ စစ်ဘေး စစ်ဒဏ်က လွတ်မြောက် ရန် ရှောင်တိမ်းခြင်း၊ အလုပ်လာရောက် လုပ်ကိုင်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံဖြင့် ၀င်ရောက်ကာ ရွှေ့ ပြောင်းနေထိုင်လျက်ရှိကြသည်။
ယခုကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ကြိုဆိုကြောင်း ပြောဆိုသည်။
“ဒီလုပ်ရပ်က ထိုင်းနိုင်ငံကိုလည်း အကျိုးပြုမှာဖြစ်သလို လူသားချင်းစာနာမှုနဲ့ ကူညီရာလည်း ရောက်ပါတယ်။ ထိုင်း အစိုးရအနေဲ့  ကုလသမဂ္ဂ စံချိန် စံညွှန်းတွေနဲ့ ထိန်းညှိပြီး ပြုလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ ဒီလို ခိုလှုံလာကြတဲ့ အထဲမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ မက ၃၀ ကျော်အောင် နေမိလျက်သား ဖြစ်နေသူတွေလည်း ပါတယ်။ ထိုင်းတွေရဲ့ အကျိုးစီးပွားအတွက်ရော အဖိနှိပ်ခံ မြန်မာပြည်သူများဘက်ကိုပါ စာနာတဲ့ နှလုံးသားနဲ့ ကြည့်နိုင်ရင်တော့ ပိုသင့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဘဲပြောပြော ကျေးဇူးတင်ရမှာပါ”ဟု ၎င်းက ဆို သည်။
ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး၏ ယခု ထုတ်ပြန်ချက်တွင် ဒုက္ခသည် တသိန်း ခန့့် အရေးလည်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်း အခြေချနေလိုသူများမဟုတ်ကြဘဲ တတိယ နိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူများသာ ဖြစ်သဖြင့် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်တွင် အကျုံးဝင် မည် မဟုတ်ကြောင်း သိရသည်။

နအဖ စစ်တပ် အချင်းချင်း စားမာန်ခုတ်ပြီး ပစ်ကြ
User Rating: / 3
PoorBest
Written by စိုင်းဇွမ်ဆိုင်း
Friday, 20 August 2010 03:56
မြန်မာ့ ရေပိုင်နက် အတွင်း အစိုးရ တပ်ချင်း ပစ်ခတ်မှုဖြစ်
စိုင်းဇွမ်ဆိုင်း | တနင်္သာရီတိုင်း ထားဝယ်မြို့ အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး သေဆုံးပြီး ပစ်ခတ်သူများကို မြိတ်မြို့တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။
ပင်လယ်ပြင် စိုးမိုးရေးအတွက် ခလရ (၂၆၇)မှ တပ်စု နှစ်စုက လှေတစီးစီဖြင့် လှည့်ကင်းထွက်ကြရာ တရားမဝင် ငါးဖမ်း လှေ တစီးကို တပ်စုတစုက ဖမ်းဆီးပြီး ပစ္စည်းများထိန်းသိမ်းထားချိန်တွင် ကျန်တပ်စုက ပြန်လွှတ်ပေးရန် ပြောဆိုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။
ကော့သောင်း မြို့ခံတဦးက“ဗိုလ်ကြီး အဆင့် ရှိတဲ့ အရာရှိ တယောက် သေသွားတယ်၊ ပစ်တာက တပ်ကြပ် တယောက်နဲ့ ရဲဘော် နှစ်ယောက်၊ ပစ်ပြီးတော့ မီးသွေးလှေနဲ့ ထွက်ပြေးကြတယ်၊ ရနောင်း မရောက်ခင်မှာပဲ ပြန်ဖမ်းမိတယ်၊ အခုတော့ ဘိတ်မှာ ထိန်းသိမ်းထားတယ် ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။
ထားဝယ် အခြေစိုက် ခလရ (၂၆၇)၊ ကော့သောင်း အခြေစိုက် ခလရ (၂၆၂)၊ မြိတ် အခြေစိုက် ခလရ (၂၆၅) တို့မှ ပင်လယ် ပြင် စိုးမိုးရေး အတွက် အလှည့်ကျ တာဝန်ယူရကြောင်း ကော့သောင်း မြို့ခံက ဆက်လက်ပြောဆိုသည်။
ငါးဖမ်း စက်လှေများသည် ထိုင်းနိုင်ငံသားပိုင် စက်လှေများဖြစ်ပြီး မြန်မာ့ရေပိုင်နက်၌ ငါးဖမ်းရန်အတွက် မြန်မာများက နာမည်ခံလေ့ရှိကြောင်း၊ ယင်းကဲ့သို့လှေများကို တရားမဝင် ငါးဖမ်းလှေများဟု ခေါ်ဆိုကြပြီး တရားမဝင် ငါးဖမ်းလှေ (အသေး) တစီး အတွက် တလလျှင် ကျပ်ငွေ တသိန်းနှင့် ဒီဇယ် ၈ ဂါလံ၊ ငါးဖမ်းလှေ (အကြီး) အတွက် တလလျှင် ကျပ် ၇ သိန်း ခန့်နှင့် ဒီဇယ် ၂ ပီပါကို ပင်လယ်ပြင် စိုးမိုးရေး အတွက် တာဝန် ယူထားသော တပ်များကို ပေးဆောင်ကြရကြောင်း သိရှိရသည်။
“လှေကြီးတွေ ငါးဖမ်းထွက်ပြီဆိုရင် ဒီဇယ် ၂ ပီပါကို လှေဦးမှာ တင်သွားကြတယ်၊ စစ်ကြောင်းနဲ့တွေ့ရင် ပေးဖို့အတွက် ဆိုပြီးမှ၊ လှေဦးမှာဆိုတော့ တင်ရ ချရတာ လွယ်တယ်လေ”ဟု ဒေသခံတဦးက ဆိုသည်။
တရားမဝင် ငါးဖမ်းလှေများသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းလှေများ အားလုံးကို ၎င်းတို့ သတ်မှတ် ထားသည့် ငွေနှင့် ဒီဇယ်များကို မပေးနိုင်ကြောင်း၊ စစ်ကြောင်းလှေ သုံးစီးရှိပါက နှစ်စီးကိုသာ ပေးနိုင်ကြောင်း၊ ကျန် စစ်ကြောင်းလှေ တစီးကို တတ်နိုင်သမျှ ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယခင်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိဘူးကြောင်း၊ တရားမဝင်လှေများကို ဖမ်းဆီးမိလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်များထံ ချက်ခြင်း အပ်နှံကြသဖြင့် ပြဿနာ ကြီးထွားမှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

လက်ပစ်ဗုံးကြောင့် ခလရ(၂၉၉) တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိ
/ 8/21/2010 08:27:00 PM /
ကေအိုင်စီ သတင်းမှ........
မြ၀တီမြို့၊ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ယနေ့မနက် စောစောတွင် လက်ပစ်ဗုံးဖြင့် ပစ်ချလိုက်ခြင်းကြောင့် လုံခြုံရေးတာဝန်ယူ ထားသည့် နအဖ တပ်ဖွဲ့ဝင်နှစ်ဦး ခေါင်းနှင့် လက်များတွင် ဒဏ်ရာရရှိသွားခဲ့ကြောင်း မြ၀တီမြို့ခံတစ်ဦးက ပြောပြသည်။
သူက “မနက်က ၂နာရီလောက် မေတ္တာလင်းမြိုင်ရပ်ကွက်မှာ စစ်တပ် လုံခြုံရေးနေရာကို လက်ပစ်ဗုံးနဲ့ လှမ်းပစ်ခံရလို့ ဒဏ်ရာ ရသွားတယ်လို့ သိရတယ်။ ဆေးရုံကို ရောက်လာတာတော့ မနက် ၆နာရီလောက်မှလေ။”ဟု ဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍ မြ၀တီဆေးရုံမှ ဆရာဝန်တစ်ဦးက “ဗုံးထိလူနာတော့ ဒီနေ့ နှစ်ယောက်ရောက်တာတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်မပြင်းပါဘူး။ ရှပ်ထိရုံသဘောမျိုးလောက်ပါပဲ။ ကျမတို့ အရေးပေါ်ဆောင်ကို ပို့လိုက်ပါတယ်။ သိချင်ရင် ကိုယ်တိုင်သွားကြည့်နိုင်ပါတယ်။”ဟု အတည်ပြု ပြောဆိုသည်။
ဒဏ်ရာရသွားသည့် နအဖ တပ်ဖွဲ့ဝင်များမှာ စကခ (၁၉)လက်အောက်ခံ ခလရ(၂၉၉)မှ ဒုဗိုလ်လှိုင်မိုး ၂၈နှစ်နှင့် တပ်သား မျိုးမင်း ၂၃နှစ်တို့ဖြစ်ကြသည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
အဆိုပါ လက်ပစ်ဗုံးမှာ မည်သူ့လက်ချက်မှန်း မသိရသေးဘဲ မေတ္တာလင်းမြိုင်တွင် ယနေ့ပြုလုပ်သည့် ဒီကေဘီအေ (၉၀၇) တပ်ဖွဲ့၏ နယ်ခြားစောင့်တပ်ဖွင့်ပွဲ အတွက် လုံခြုံရေးယူထားသူများကို ထိမှန်သွားခြင်းဖြစ်သည်။
ယခုလ ၆ရက်နေ့ကလည်း မြ၀တီမြို့ ညဈေးတန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ၂ဦး ပွဲချင်းပြီးသေဆုံးကာ ၇ဦး ဒဏ်ရာရရှိခဲ့သော် လည်း တရားခံကို မသိရှိရပေ။

စစ်ခွေးများ၏ လူမဆန်မှုသတင်း
/ 8/20/2010 07:21:00 PM / Comments: (0)
တပ်မဟာ(၃) ညောင်လေးပင် ခရိုင်။
မူကော်ဆာ KNU တပ်ရင်း(၈)နယ်မြေ။
ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ ခလရ(၄၈) တပ်မှ တပ်ခွဲမှူးခင်မောင်ကျော်နှင့်အ ပေါင်းအပါ (၁၂)ယောက်တို့သည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင်မလှဒေါစခန်းမှထွက်ပြီးဒယ်ကွယ်လေခိုရွာသိုဝင်ရောက်ပြီးမလှဒေါရွာသား များကိုနွားတင်းကုပ်တွင်ပုန်းအောင်းနေတာတွေ့သောအခါ လူမဆန်စွာရက်ရက် စက်စက်ပစ်ခတ်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (၁၁)နှစ်ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေ။
တစ်ဆက်တည်းမှာပဲမလှဒေါရွာသိုပြန်ပြီးသေဆုံးသူအလောင်းနှင့်ဒဏ်ရာရသူကိုမလှဒေါရွာသားများအားသွားရောက်သယ်ယူခိုင်းခဲ့သည်။ ဒဏ်ရာသူအား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းခဲ့သည်။
၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည်မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင်ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုခဲ့သည်။
မလှဒေါ၊ကျော်ထား၊ဆောဝါးဒဲ၊သပြေညွန့်တွင်တပ်ခွဲမှူးခင်မောင်ကျော်တို့အုပ်စုသည်(အင်အား၃၀ခန့်မလှဒေါစခန်းထိုင်ပါအပါအဝင်)မလှဒေါရွာသားများအားအစားအသောက်များသယ်ယူစားသောက်ခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါ ကပစ်သတ်မည်ဟု ခြိမ်းခြောက်ကြောင်းသိရှိရသည်။
ကရင်ဘာသာဖြင့်ဖတ်လိုလျှင် http://kanyawkaw.blogspot.com တွင်ဖတ်နိုင်သည်။

RPG 7 နှင့်အတူ ဒီကေဘီအေ တပ်ကြပ် တစ်ဦး ကေအဲန်ယူဆီပြန်လာ( ကြားဖြတ်သတင်း)
/ 8/22/2010 10:13:00 AM / Comments: (0)
တပ်မဟာ(၇) ဖားအံ့ခရိုင်။
၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့  ၂၃ နာရီအချိန် DKBA အထူးတပ်ရင်းမှ တပ်ကြပ် စိန်တင်ဝင်း က KNLA တပ်မဟာ(၇) ထံသို့  RPG 7 တစ်လက်၊ အသီး ၄ လုံး၊ စကားပြောစက်တလုံး နှင့်အတူ ပြန်လာ ပူးပေါင်းလက်တွဲ ကြောင်း သတင်းရရှိပါသည်။
ကရင်နိုင်ငံရေးပါတီ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီစည်းရုံးရေးခရီးဆင်းပြီး
ဆူးပန်း၊ ကောင်းဝါ
ဝါခေါင်လဆန်း ၁၀၊ ၁၃၇၂။ သြဂုတ် ၂၀၊၂၀၁၀။
စစ်အစိုးရက ကျင်းပပြုလုပ်ပေးမည့် အထွေထွေရွေးကောက်ပွဲတွင် ကရင်အမျိုးသားပါတီအသစ်တစ်ခု ဖြစ်သည့် ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီသည် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန် ယခုအခါ စည်းရုံးရေးခရီး စတင်ဆင်းနေပြီးဟု ပါတီဥက္ကဌဖြစ်သူ ဦးစောခင်မောင်မြင့်မှပြောပါသည်။
ပါတီစည်းရုံးရေးခရီးများကို အချိန်တိုတို နှင့်ဆင်းနေရသကဲ့သို့ အချိန်တိုတိုအတွင်းတွင် ပါဝင်အရွေးခံမည့် ကိုယ်စားလှယ်လောင်းစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံတွင် စာရင်းတင်ရ သည့်ဖြစ်စဉ်အပေါ်တွင် အခက်အခဲရှိနေသည်ဟု ပါတီဥက္ကဌဖြစ်သူ စောခင်မောင်မြင့်က ယခုလို ပြောပါ သည်။
“ အဲဒီအတွက်အခု တော်တော်လေးတော့ ကတိကအောက်ဖြစ်တယ်ခင်ဗျာ့။ ဘာဖြစ်လဲဆိုတော့ ပေးလိုက်တဲ့ ကာလအတိုင်းအတာလေးဟာ တော်တော်လေးကိုနဲတယ်။ တကယ်တော့ အဲဒီလောက် အထိတော့ မဖြစ် သင့်ဘူးပေါ့လေ။ ဒါပေမဲ့ သူတို့ပေးတဲ့ကာလမှာ အဖြစ်နိုင်ဆုံးဖြစ်အောင်တော့ လက်ရှိတော့ ကျိုးစားနေတယ်ပေါ့။ ဒီရွေးကောက်ပွဲကိုယ်စားလှယ်တွေကိုလဲဘဲ စိတ်ကြိုက်ရွေးချယ်ဖို့ ဟာ အချိန်မလုံလောက်ဘူး။ အဲဒီတော့ နီးစပ်ရာ ရသလောက်နဲ့ဘဲ တင်ပြရမဲ့သဘောရှိနေပါတယ်။ ပြည်နယ်လွှတ်တော်အဆင့် တစ်မြို့နယ်ကို နှစ်ယောက်၊ နှစ်ယောက်နှုန်းကို အဓိကထားပါတယ်။”
ယခုအချိန်တွင် ပါတီဝင်စည်းရုံးရေး ခရီးစဉ်ကို ဖားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ် ကြီး၊ မြဝတီနှင့် ဖာပွန် စသည့် မြို့နယ်များတွင် ပြုလုပ်ပြီးစီးခဲ့ပြီး သံတောင်မြိုံ့နယ်တစ်ခုသာ ကျန်ရှိနေ သေးသည်ဟု ပြောပါသည်။ လက်ရှိအချိန်တွင် ပါတီအင်အားတစ်သောင်းရှိပြီဟုလည်း ပါတီဥက္ကဌ စောခင်မောင်မြင့်က ပြောပါသည်။ ပါတီစုံရွေးကောက်ပွဲပြုလုပ်သည့်အပေါ်တွင် ကြုံတွေ့ရသည့်အခက်အခဲများကို ဥက္ကဌဖြစ်သူ စောခင်မောင်မြင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလိုပြောပါသည်။
“ ဘဏ္ဍရေးအပိုင်းကတော့ ပါတီအသစ်ထူထောင်တဲ့ပါတီမှန်သမျှကတော့ သိတဲ့အတိုင်းဘဲ အဲဒီအ ခက်အခဲ ရှိကြတာပေါ့။ အန်ကယ်တို့ကတော့ မူတစ်ခုချလိုက်တယ်လေ။ ရွေးကောက်ပွဲဝင်မည့် ပုဂ္ဂိုလ်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထည့်ဝင်ရမဲ့ ထည့်ဝင်ငွေငါးသိန်းကတော့ မိမိအစီ အစဉ်နဲ့ မိမိကျခံရမှာပေါ့။ ကျန်တဲ့အပိုင်းကတော့ ပါတီကလိုအပ်ရင် လိုအပ်သလို ပြန်ပြီးတော့ ပံ့ပိုးပေးမယ်လေ။”
ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် တခြားစစ်အစိုးရနောက်ကြောထောက်ခံထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီများကဲ့သို့ ငွေကြေး အင်အားမပြည့်စုံသည့် အတွက် ပါတီဝင်များနှင့် မိမိပါတီကိုထောက်ခံသည့် ကရင်အမျိုးသားများ၏ ကူညီထောက်ပံ့သည့်ငွေကြေးနှင့်သာ ချို့ချို့တဲ့တဲ့လှုပ်ရှားသွားရမည်ဟု ဦးစောခင်မောင်မြင့်က ပြောပါ သည်။ ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ၏ စည်းရုံးရေးခရီးစဉ်အပေါ် ဒေသခံကရင်လူငယ်အဖွဲ့ဝင်တစ် ဦးဖြစ်သူ စောသိန်းထွန်းက ယခုလို မြင်ပါသည်။
“ ဒီရွေးကောက်ပွဲဟာပေါ့နော်၊ ဖလုံထဝေါ်ပါတီ (ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ) ကလဲ သူတို့ဘယ် လောက်ဘဲစည်းရုံးသည် ဖြစ်ဖြစ်ပေါ့နော် သူတို့မဲတွေ ဘယ်လောက်ဘဲနိုင်နိုင် အာဏာပိုင်တွေကဘဲ သေချာပေါက်နိုင်မှာတော့ သေချာတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့နော် ဒီဖလုံ စဝေါ်ပါတီက သူတို့ဆန္ဒနယ်မြေကနေ အမတ်နေရာ နဲနဲရစေတော့ ကရင်လူထုအတွက်ကောင်း တယ်ထင်တာဘဲ။ ကျန်တဲ့လူတွေကတော့ အဲဒီလောက်အထိ မျှော်လင့်ချက်မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တတွေဟာ အစိုးရရဲ့ ကြောထောက်နောက်ခံပါတီ ဖြစ်တဲ့ကြောင့်မို့ ထောက်ခံအားပေးလဲ မလိုလားပါဘူ့။”
ကရင်ပြည်နယ်အတွင်းတွင် ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ သည် ပါတီ စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိနေပါသည်။
ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ခွင့်ကို ပြီးခဲ့သည့် မေလ (၂၇)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံလျှောက်ထားခဲ့ပြီး ဇွန်လ(၄)ရက်နေ့တွင် မှတ်ပုံတင်အမှတ်(၃ဝ)နှင့် ပါတီတည်ထောင် ခွင့်ရရှိခဲ့သည့် ကရင်အမျိုးသားပါတီ တစ်ခုဖြစ်ပါသည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အကြောင်း တစေ့တစောင်း
“မကြာခင်က ပါတီမှတ်ပုံ တင်ခွင့်ရရှိခဲ့သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီကိုမူ စစ်အာဏာရှင်၏ လက်ရှိ ဗိုလ်ချုပ်အဆင့်ရှိသူ ပြန်ကြားရေးဝန်ကြီးက လာရောက်ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်”
ဟု KIC ကရင်သတင်းစဉ်မှ သြဂုတ်လ ၁၇ ရက်သတင်းတပုဒ်မှာ ဖေါ်ပြထားပါသည်။
ယင်းသတင်းနှင့် စပ်လျဉ်း၍ ဒီကေဘီအေ နှင့်နီးစပ်သော သတင်းတပုဒ်ကို ဖေါ်ပြလိုပါသည်။
အတည်ပြုမရသေးတဲ့ သတင်းအရ ယင်း ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို အောက်ပါအတိုင်းအကြမ်းအားဖြင့် သိရှိရပါသည်။
ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဥက္ကဌ - သာထူးကျော်(လက်ရှိဒီကေဘီအေ ဥက္ကဌ)
အတွင်းရေးမှူး - ကျော်မြသန်း
ဝင်ရောက်အရွေးခံမည့် နေရာများမှာ အောက်ပါအတိုင်းဖြစ်သည်။
မြ၀တီမြို့ နယ် - ဗိုလ်ငွေတင်
လှိုင်းဘွဲ့ မြို့ နယ် -
ကြာအင်းဆိပ်ကြီးမြို့ နယ် - ဗိုလ်ဥဏ်မင်း
ကော့ကရိတ်မြို့ နယ် - ဗိုလ်ဖားခ
ကျူံဒုံး မြို့ နယ် -
ယခုအခါတွင် ဒီကေဘီ တပ်တွင်း တစ်ဦးကို တစ်ဦးမယုံကြည် ကြတဲ့ အခြေအနေ ဖြစ်နေကြောင်း၊ နယ်ခြားစောင့်တပ်ကိစ္စ ဒီကေဘီအေ တပ်သားများ မြိုင်ကြီးငူကို လက်မှတ်သွားထိုးရသည့် အချိန်တွင် သေနတ်ယူဆောင်သွားခွင့် မရကြောင်း၊ လက်ရှိ၌ ဗိုလ်ချစ်သူသည် ရွေကုဏ္ဍိ တွင် မနေထိုင်ရဲတော့ကြောင်း၊ တခြားလှို့ ဝှက်တနေရာတွင် နေထိုင်ပြီး သူ့ ကို သွားတွေ့ လိုသော သူ့ လက်အောက်ငယ်သားများ သွားသည့် အချိန်တိုင် သေနတ်ယူဆောင်သွားခွင့်မရကြောင်း၊ ဗိုလ်ချစ်သူ ကွပ်ကဲသော ၉၉၉ တပ်မဟာလက်အောက်ခံ တပ်မှူး ဒီးဒီ ဟုလူသိများသော စစ်ကြောင်းမှူးတစ်ဦးသည် နယ်ခြားစောင့်တပ်ကိစ္စကို လက်မခံသည့်အတွက် ဗိုလ်ဒီးဒီ၏ လက်အောက်ခံ တပ်ခွဲမှူးများ နေရာများ ကို တခြားမောင်ချစ်သူ စိတ်ချရသော လူများနှင့် ပြောင်းပစ်လိုက်ကြောင်း သတင်းရရှိပါသည်။ ဆက်လက်ပြီး နအဖ စစ်အစိုးရမှ ဗိုလ်ချစ်သူအား မြ၀တီနယ်စား သို့ မဟုတ် မြ၀တီ တိုက်နယ်မှူး ဆိုပြီး အခွင့်ထူး ရာထူး တရပ်ပေးအပ်ထားကြောင်း မြိုင်ကြီးငူ အထူးဒေသမှ ကျော်အဲ သတင်းပေးပို့ လာပါသည်။

ဝါရင့် ရှမ်းခေါင်းဆောင် ဦးရွှေအုံး အသည်း ရောဂါနှင့် ကွယ်လွန်

မြင့်မောင် စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်သူ ဦးရွှေအုံး ယမန်နေ့ ညနေ ၆ နာရီကျော်တွင် အသည်းကင်ဆာဖြင့် ရန်ကုန်မြို့တွင် ၈၉ နှစ်အရွယ်၌ ကွယ်လွန်ကြောင်း သိရသည်။
ဦးရွှေအုံးသည် လွန်ခဲ့သည့် တလကျော်က စ၍ ကျန်းမာရေးအတွက် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ မဟာမိတ်အဖွဲ့ နာယကအဖြစ်မှ အနားယူပြီးနောက် ယနေ့ ညနေ ၆ နာရီ ၁၂မိနစ် တွင် ရန်ကုန်မြို့ အမှတ် ၅ ရှင်စောပုလမ်း စမ်းချောင်း နေအိမ်တွင် ကွယ်လွန်ခဲ့ သည်။
“အဖေ အသည်း ကင်ဆာဖြစ်နေတာ ကုလို့ မရတော့တဲ့ အခြေအနေမှ သိရတာပါ ။ သူ့ကို ဆရာဝန်က တလလောက် အနားယူဖို့ ပြောတယ်။ တဖြေးဖြေးနဲ့ အခြေအနေ ဆိုးလာပြီး ဒီနေ့ ညနေက ဆုံးသွားပါတယ်။ တနင်္ဂနွေနေ့ ညနေ ၃နာရီ ရေဝေး သုသာန်မှာ သင်္ဂြိုဟ်ပါမယ်” ဟု ဦးရွှေအုံး၏ သား ဦးကျော်မင်းက ပြောသည်။
စစ်အာဏာရှင်စနစ် ကြီးစိုးသော မြန်မာနိုင်ငံတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သက်ထက်ဆုံး နှိုးဆော်ခဲ့သူအဖြစ် ဦးရွှေအုံးကို လူသိများခဲ့ကြသည်။
သူငယ်ဘဝ စစ်ကြီးမဖြစ်ခင် ၁၉၃၆ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရှမ်းပြည် ကျောင်းသားများ အသင်း၏ တွဲဖက်အတွင်းရေးမှူး၊ အတွင်းရေးမှူး တာဝန်များ ယူခဲ့သည်။
၁၉၄၅ တွင် အာရှလူငယ်အဖွဲ့၏ ရှမ်းပြည်မြောက်ပိုင်းခရိုင် စည်းရုံးရေး တာဝန်ခံဖြစ်ခဲ့ကာ ၁၉၄၅-၄၆ မြေအောက် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၄၆-၄၇ တွင် ရှမ်းပြည် ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် ဘဏ္ဍာရေးမှူးနှင့် ၁၉၄၇တွင် မြန်မာ့အလင်း သတင်းစာတိုက် ညအယ်ဒီတာ လုပ်ခဲ့သည်။ သတင်းစာ ကိုယ်စားလှယ်အဖြစ် ၁၉၄၆ ပထမပင်လုံညီလာခံ၊ ၁၉၄၇ ဒုတိယ ပင်လုံညီလာခံတို့၌ လွတ်လပ်ရေး တောင်တန်းပြည်မ ပူးပေါင်းရေးတို့တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
၁၉၈၉တွင် ရှမ်းပြည်တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (ရ.တ.ဒ.ဖ)ကို ဥက္ကဋ္ဌအဖြစ် တည်ထောင်ခဲ့ပြီးနောက် ၁၉၉ဝတွင် တသီးပုဂ္ဂလ အမတ် အဖြစ် ရှမ်းပြည်နယ်မှ အရွေးခံခဲ့သည်။
ထိုနောက် ဦးရွှေအုံးသည် စစ်အစိုးရက မတရားအသင်းအဖြစ် ဖျက်သိမ်းခဲ့သည့် တိုင်းရင်းသား ညွန့်ပေါင်းပါတီ တခု ဖြစ်သော စည်းလုံးညီညွတ်သော ဒီမိုကရေစီအဖွဲ့ချုပ် နာယကလည်းဖြစ်ခဲ့သည်။
၁၉၉၃ က “တတိယ ပြည်ထောင်စု ဘယ်သို့ဘယ်ပုံ” အမည်ရှိ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ ထိုနှစ်တွင်ပင် စစ်အစိုးရ အမျိုးသားညီလာခံသို့ ၈ ပြည်နယ် ပြည်ထောင်စု မူ စာတမ်းကို တင်ပြခဲ့သဖြင့် ထောင် တနှစ် ကျခဲ့သည်။
၂ဝဝ၅ က ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင်များအား ဖမ်းဆီး ထိန်းသိမ်းရာတွင် ဦးရွှေအုံး ပါသွားသည်။ သူ့ကို ပြန်လွှတ်ပေးလိုက်သော်လည်း ကျန်ခေါင်းဆောင်များကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ဦးရွှေအုံး ရေးသားခဲ့သည့် “မပြိုကွဲနိုင်သော ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့” စာအုပ်သည် ၃၁၁ မျက်နှာရှိပြီး အခန်းပေါင်း ၁၇ ခန်းနှင့် မြန်မာပြည်တွင် နေထိုင်သော လူမျိုးများ ဆင်းသက်လာပုံ၊ ပုဂံနိုင်ငံတော် ပေါ်ပေါက်လာပုံ၊ သမိုင်းဝင် ပင်လုံစာချုပ်နှင့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေများအပေါ် စာရေးသူ၏ အမြင်ကို ရေးထားသည်။
ထိုစာအုပ်သည် ၂ဝဝ၈ ခုနှစ်အတွင်း နိုင်ငံရေးလှုပ်ရှားသူများအကြား ပျံ့နှံ့ခဲ့ပြီး တရားဝင် ပုံနှိပ်ထုတ်ဝေရန် စာပေစိစစ်ရေးကို တင်ပြခဲ့သော်လည်း ယနေ့ထိ ခွင့်ပြုချက် မရသေးကြောင်း သိရသည်။
ဦးရွှေအုံးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပြည်ထောင်စုနှင့် ဒီမိုကရေစီ စနစ်ကို အခြေခံမည့် “ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့” ကို ပြီးခဲ့သည့် ၂ဝဝ၈ နှစ်ဦးပိုင်းက ဖွဲ့စည်းခဲ့သည်။
ဦးရွှေအုံး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားကြီး ဒေါက်တာလှချို၊ ဦးကျော်မင်း နှင့် မြေး ၅ ယောက် ကျန်ရှိကြောင်း သိရသည်။
ဗမာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ရွာသားတစ်ဦးသေ ကလေးငယ်တဦးဒဏ်ရာရ
Friday, August 20, 2010
ညောင်လေးပင် ခရိုင် မုန်းမြို့ နယ်မြေ ဒေသ၌ လှူပ်ရှားနေသော ဗမာ့တပ်မတော် ခလရ(၄၈) မှ ဒု-ရင်းမှူးထင်ကျော် ဦးစီးတဲ့ တပ်နှင့် တပ်ခွဲမှူးခင်မောင်ကျော်အဖွဲ့ နေရာချိန်းရာတွင် အင်အား (၁၂)ယောက်ရှိ ဗမာ့တပ်များသည် ၁၂.၈.၂၀၁၀နေ့ ညနေ၅နာရီအချိန်ခန့်တွင် မလှဒေါစခန်းမှထွက်ပြီး ဒယ်ကွယ်လေးခိုရွာသို့  အသွားတွင် မလှဒေါရွာသား များအား နွားတဲ၌ တွေ့သောအခါ ပစ်ခတ်ခဲ့ပါသည်။ ထိုပစ်ခတ်မှုကြောင့် စောဘာကူး (၃၅)နှစ်သေဆုံး၊ စောမူးဒါး (အသက် ၁၁ နှစ်)ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့အပြင်နွား၂ကောင်ပါသေခဲ့ရပါသည်။ တစ်ဆက်တည်းမှာပင် စခန်းသို့ ပြန်လာပြီး သေဆုံးသူအလောင်းနှင့် ဒဏ်ရာရသူကို မလှဒေါရွာသားများအား သွားရောက်သယ်ယူခိုင်းပါသည်။ ဒဏ်ရာရသူ ကလေးငယ်အား သပြေညွန့်သို့ပို့ဆောင်စေပြီး သူတို့၏လက်ချက်မဟုတ်ကြောင်းရွာသားများ အားလိမ်လည်ခိုင်းပါသည်။
၁၆.၈.၂၀၁၀နေ့တွင်တပ်ရင်းမှူးထင်ကျော်သည် မလှဒေါရွာသားများကိုမှတ်ပုံ တင်လုပ်ခိုင်းပြီး တဦးလျှင် ငွေ၇၅၀၀ကျပ် အတင်းအကြပ်တောင်းဆိုပါသည်။ ငွေပေးဆောင်ရသော ရွာများမှာ မလှဒေါ၊ ကျော်ထား၊ ဆောဝါးဒဲ၊ သပြေညွန့် စသည်တို့ ဖြစ်သည်။ တပ်ခွဲမှူး ခင်မောင်ကျော်(အင်အား၃၀ခန့် - မလှဒေါစခန်းထိုင်ပါအပါအဝင်) မလှဒေါရွာသားများအား အစားအသောက်များ ရိက္ခာများ သယ်ယူခွင့်ကိုပိတ်ပင်တဲ့အပြင် တွေ့ရှိပါက ပစ်သတ်မည်ဟု ရွာသားများကို ခြိမ်းခြောက်ပြောဆိုကြောင်း သတင်းရရှိပါသည်။
Human_Right_News -

Subscribe to:
Posts (Atom)