Saturday, March 12, 2011

ဂျပန်နိုင်ငံတွင်၈.၈ရှိငလျှင်ကြီးလှုပ်ပြီးဆူနာမီကြီးဝင်ရောက်လာပါတယ်၊ တမူထူးခြားတာကတော့
မြန်မာပြည်ကစစ်သားတွေကလူတွေရဲ့အသက်တွေတန်ဘိုးမထားရက်စက်စွာသတ်ပစ် ပုရွက်ဆိတ်လေး
တကောင်လောက်တောင်တန်ဘိုးမထားဘူး
ဂျပန်ကစစ်သားတွေကတော့ မိမိအသက်ပမာန မထား ဆူနာမီကြားပြည်သူတွေကိုတင်နေတာတွေ
မြင်စေချင်လိုက်တာသူများခိုင်းတာလိုက်လုပ်နေတဲ့ဦနှောက်မရှိမြန်မာစစ်သားများ
မြန်မာပြည်မှာနာဂစ်မန်တိုင်းကြရောက်ချိန် မှာမြန်မာပြည်ကစစ်သားများဘာတွေလုပ်နေလည်း၊တကယ့်လူသားဖြစ်ခဲ့ရင်
ရှက်ဖို့ကောင်းလိုက်တာ

8.9 EARTHQUAKE HITS JAPAN - TSUNAMI ALERT ISSUED FOR PACIFIC OCEAN (Breaking Photos)

Japan has been rocked on Friday 11th March, 2011 by a massive 8.9 Earthquake. A Tsunami alert has been issued for the Pacific Ocean and all Pacific Islands.

ဂျပန်နိုင်ငံတွင်၈.၈ရှိငလျှင်ကြီးလှုပ်ပြီးဆူနာမီကြီးဝင်ရောက်

ဂျပန်နိုင်ငံတွင်၈.၈ရှိငလျှင်ကြီးလှုပ်ပြီးဆူနာမီကြီးဝင်ရောက်လာပါတယ်
ရထားလမ်းများပျက်စီးမှု့တွေရှိခဲ့ပါသည်။
မိမိအိမ်ပြန်ရန်ရထားမရှိ ၊အဌားကားများမရှိသဖြင့်မိမိနေထိုင်အိမ်သို့၅နာရီ၆နာရီကြာလမ်းလျှောက်ပြီအိမ်ပြန်ကြရပါသည်။
ဆူနာမီကြောင့်မိမိအိမ်မရှိသူများ၊ မိသားစုပျောက်နေသူများစွာရှိနေပါတယ်၊
နေစရာပျောက် မီးတွေပျက် အေးလှတဲ့နှင်းတွေကြားမှာ
ပူဆွေးသောကရောက်နေသူများစွာရှိခဲ့သည်၊၊
အခုသတင်းရေးနေချိန်အထိငလျှင်ကအဆက်မပြတ်လှုပ်နေပါတယ်
ရေနံသိုလှောင်တဲ့နေရာတွေမီးလောင်
မီးလှောင်မှု့တွေနေရအနံအပြား ။မီခိုးတွေကများ
မိဘတွေပျောက်၊
ပျောက်ဆုံးနေတဲ့သူများသေသူများဟာ၁၃၀၀ကျော်လာပါပြီ၊၊
အခုအချိန်အထိတော့ဂျပန်ရှိကရင်မောင်နှများအားလုံးဘေးကင်းစွာရှိနေပါတယ်၊၊
ဂျပန်ရောက်ကရင်မောင်နှများအတွက်သတိယပြီး
ဖုန်းနှင့်တမျိုး၊ အီမေးဖြင့်
အဝေးကနေဆုတောင်းပေးနေသူများအားလုံးကို
KAREN NATIONAL LEAGUE (JAPAN)အဖွဲ့မှမောင်နှများကကျေးဇူးတင်ရှိပါတယ်

Friday, March 11, 2011

Progress report of the Special Rapporteur on the situation of human rights in Myanmar, Tomás Ojea Quintana

Thursday, March 10, 2011

Report of the Special Rapporteur -

Wednesday, March 9, 2011

အောင်သိန်းလင်း ကို ဖမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

/ 3/06/2011 10:25:00 PM
နေ့သစ် မှ............

ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်း ကို ဖမ်းဆီးထားတယ်လို့ နေပြည်တော်မှာ သတင်းတွေပြန့်နေပါတယ်။
နောက်ထက်ဆက်လက်ရရှိသောသတင်းအရ အောင်သိန်းလင်း ဟာ လွန်ခဲ့တဲ့တနှစ်က သူမြေးနဲ့ အတူကားတိုက်မှုဖြစ် တုန်းက သူသားနဲ့ချွေးမတို့ဟာ ဒဏ်ရာအပြင်းအထန် ရခဲ့ကြတယ်။ သူတို့ကို စင်္ကာပူမှာ သွားရောက်ဆေးကုသပေးခဲ့ရ စဉ် ရန်ကုန်မြို့မြူနီစပယ် ဖွံ့ဖြိုးမှုကော်မတီ (Yangoon City Development Committee) ပိုင်ငွေ ဒေါ်လာ ၇ သောင်း ကို ယူသုံခဲ့တယ်။ ဒီငွေကိစ္စနဲ့ သူ့ကိုဆွဲထားတာလို့ သိရှိရတယ်။
အောင်သိန်းလင်း ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ သန်းရွှေ အာဏာတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးပန်းပေးခဲ့ရပေ မယ့်လဲ ရွေးကောက်ပွဲပြီးလို့ အာဏာခွဲဝေချိန်မှာတော့ သန်းရွှေက နေရာကောင်းမပေးဘဲ ချောင်ထိုးထားတဲ့အတွက် သန်းရွှေ ကို စိတ်ကောက်ပြီး ကတုံးကတိုက် လုပ်မိခဲ့တာ ပြောမိခဲ့တာတွေ ရှိတယ်။ သန်းရွှေ အတွင်းစည်းကနေ ကန် ထုတ်ခံရတဲ့အတွက် သူက စိတ်နာနေသူ ဖြစ်ပါတယ်။ တင်အေး၊ မြင်အောင့် တို့နဲ့  ၀င်ရိုးတန်းဖွဲ့ မိတယ်လို့ သိရတယ်။ ဒီအတွက် သန်းရွှေ အဖွဲ့ရဲ့စောင့်ကြည့်ခြင်းကို ခံရသူ ဖြစ်လာပါတယ်။

နောက် အကြီးဆုံးအမှားကို သူကျူးလွန်မိတာတခုကတော့ သူဟာ အိန္ဒြာကျော်ဇင် မင်္ဂလာဆောင်မှာ သူနဲ့ သူမိန်းမ လည်း တက်ရောက်ခဲ့တယ်။ ဒါကလည်း သန်းရွှေမိသားစုရဲ့ အမြက်သိုခြင်းကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်ရှင်မင်းသ မီး အိန္ဒကျော်ဇင်ရဲ့ မင်္ဂလာဆောင်ဟာလည်း လူပြောစရာဖြစ်ခဲ့တယ်။ အဓိကကတော့ လူထုတွေငတ်မွတ်ခေါင်းပါးနေ ချိန်မှာ မင်္ဂလာဆောင် ၆ ပွဲကို သန်းရွေသမီးနဲ့အပြိုင်သာအောင် ဂုဏ်တုဂုဏ်ပြိုင်လုပ်ခဲ့တဲ့အတွက် လူအများကဲရဲ့ ပြစ် တင်ခြင်းကို ခံနေရပါတယ်။ ဒီမင်္ဂလာဆောင်မှာ အောင်သိန်းလင်း မိန်းမ ခင်ဆန်းနွယ် ကလည်း စိန်တွေညွတ်အောင် ၀တ်ပြီး တက်ရောက်ချီးမြှင့်ခဲ့တာက သန်းရွှေ အတွင်းစည်းကလူတွေ မျက်စိစပါးမွှေး ဆူးစေခဲ့တယ်လို့ ဆိုပါတယ်။ အဓိ က အချက်အနေနဲ့ တပ်ချုပ်ကြီး မိသားစုက မနာလိုဖြစ်နေတာပါလို့ အောင်သိန်းလင်း မိန်းမ ကလည်း ပြန်လည် ထိုး နက်ပါတယ်။
ဘာပဲဖြစ်ဖြစ် နအဖ ထိပ်သီးအတွင်းမှာ အကျိုးစီးပွားခွဲဝေပုံ မညီမျှမှုတွေက အက်ကွဲကြောင်းရာပေးနေပြီဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေ၊ ခေါ်ယူမေးမြန်းမှုတွေ၊ တာဝန်မှ ရပ်ဆိုင်းတာတွေအားလုံးကို လူထုကိုတရားဝင်အသိပေးမှုမရှိခဲ့ပါ ဘူး။ ခိုင်လုံတဲ့ သတင်းရပ်ကွက်အဆိုအရတော့ အောင်သိန်းလင်းကို နေပြည်တော်မှာ ခေါ်ယူမေးမြန်နေတယ်။ တချို့ က ဖမ်းလိုက်ပြီ၊ သူရဲ့ပိုင်ဆိုင်မှုတွေကို ပြန်လည်သိမ်းဆည်းဖို့ စရင်းပြုစုနေပြီလို့ သတင်းတွေထွက်ပေါ်လျက် ရှိပါတယ်။

Tuesday, March 8, 2011

The Eubank girls singing

Edge of Burma 1982





ကျနော် ဆွဲဖွင့်မိသောတခါးများ (နေဇော်နိုင်)ဒီဗီဘီ

DVB - 06.03.2011 - Nay Zaw Naing

ကေအန်ယူတပ်မဟာ(၂)၊ (၅)၊ (၆) မှ တိုက်ပွဲသတင်း

တပ်မဟာ(၂)၊ တောင်ငူခရိုင်


၀၂-၀၃-၂၀၁၁ နေ့၊ ညနေ (၆း၁၀)အချိန်တွင် KNU တပ်ဖွဲ့သည် ကိုးဒေးနှင့် သအေးထာ့ ကြားမှာရှိသော ရန်သူကို ပြောက်ကျား နည်းဖြင့် သွားရောက် တိုက်ခိုက်ရာ ရန်သူ နအဖဘက်မှ (၁)ယောက် ဒဏ်ရာ ရရှိသွားပါသည်။


၀၃-၀၃-၂၀၁၁နေ့၊ ည(၉) နာရီအချိန်တွင် KNU တပ်မဟာ(၂)နှင့် တပ်မဟာ (၃)တို့ ပူးပေါင်းပြီး ရွှေကျောင်း ကုန်းသစ်စက်အောက်ရှိ ရန်သူကို သွားရောက် တိုက်ခိုက်ရာမှာ ရန်သူ နအဖတပ်များ ကစဥ့်ကလျား ထွက်ပြေး သွားကြပါသည်။ ကျောပိုးအိတ်(၂)လုံး၊ စစ်ယူနီဖေါင်း(၂)စုံနှင့် ကျပ်ငွေ (၂၈၀၀၀)တန်ဖိုးရှိသော ရေဒီယို(၁)လုံးကို KNU ဘက်မှ သိမ်းဆည်းရမိပြီး ရန်သူနအဖဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကိုတော့ မသိရသေးပါ။


ဆက်လက်၍ နအဖ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်မှု သတင်းကို တင်ပြ ရမည်ဆိုလျှင်-
သံတောင်မြို့နယ်၊ ခလန့်ဒဲကား ရွာတွင် လှုပ်ရှားနေသော ရန်သူ ခမရ(၄၂၆)၊ စစ်ကြောင်းသည် ကသွီးဒီး ရွာသားဖြစ်သူ စောအတဲ(၃၅)နှစ်အား အကြောင်းမဲ့ ဖမ်းဆီးသွားပြီး စောအတဲနှင့်အတူ သူ၏ညီလေး(၁)ယောက်နှင့် သမီးလေး တစ်ယောက်ပါ ဖမ်းဆီး ခေါ်ဆောင်သွားသည့် ၂၇-၀၂-၂၀၁၁နေ့ တွင် ပါဝင်ပြီး ခုချိန်ထိ ပြန်မလွှတ်သေးကြောင်း သတင်း ရရှိပါသည်။


၀၄-၀၃-၂၀၁၁နေ့ တွင် ထန်းတပင်မြို့နယ် ဘောဂလိ မှာရှိသော ရန်သူစကခ(၉)၊ ခမရ(၃၃၆)၏ တပ်ရင်းမှူး ကျော်ထင်သည် ဘောဂလိရွာသားများကို အာဏာသုံး၍ ခိုင်းစေ ရုံသာမက ကော့စိုးခို့မှ ရွာသား (၃၄)ယောက်နှင့် ရွာသူ(၉)ယောက်တို့ကို လည်းကောင်း၊ ကော့သေးဒဲရွာမှ အမျိုးသား(၂၀)ယောက်နှင့် အမျိုးသမီး(၆)ယောက် ကိုလည်းကောင်း၊ ဘောဂလိရွာမှ ကိုးဒေးရွာအထိ မိုင်းရှင်းခိုင်းပြီး ကိုးဒေးမှအပြန်တွင် ပစ္စည်းရိက္ခာများ သယ်ဆောင်ထမ်းပို့ခိုင်းခဲ့သည်။


တပ်မဟာ(၅)၊ ဖါပွန်ခရိုင် တိုက်ပွဲသတင်း

KNU တပ်ဖွဲ့နှင့် ရန်သူ နအဖတပ်ဖွဲ့တို့သည် ၀၃-၀၃-၂၀၁၁နေ့တွင် ကားခေါထီးနှင့်ကလော့ဒဲကြားမှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ(၁)ယောက်ဒဏ်ရာ ရရှိသွားခဲ့သည်။


ထိုနေ့မှာပင် နအဖတပ်ဖွဲ့သည် သဒေါ့ဝါး တောင်ကုန်း(ပုဇွန်ဖြူတောင်ကုန်း)ရှိ စခန်းဟောင်းကို လာရောက် စစ်ဆေး ရှင်းလင်း နေချိန်တွင် KNU နှင့်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာ(၁)ယောက် ရရှိသွားပါသည်။ ၄င်းသဒေါ့ဝါး စခန်းကို ညနေ(၅)နာရီအချိန်တွင် တစ်ကြိမ်၊ ည(၇)နာရီအချိန်တွင် တစ်ကြိမ် KNU မှ ထပ်မံ တိုက်ခိုက်ရာ ရန်သူဘက်မှ (၂)ယောက်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။


အခုရက်ပိုင်း အတွင်းတွင် KNUနှင့် နအဖတို့ တိုက်ပွဲ အရှိန်အဟုန် မြင့်မားလာသည်နှင့်အမျှ ၀၄-၀၃-၂၀၁၁နေ့တွင် မယ်ဝေထာ့နှင့် ခူဖါ့လဲကြားမှာ တစ်ကြိမ်၊ ညနေ(၇း၂၅)နာရီမှာ ကစောဝါးလေး ဒေသမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ(၂)ယောက် ထပ်မံ ဒဏ်ရာ ရရှိခဲ့သည်။ ထိုသို့ ဒဏ်ရာရခြင်းသည် နအဖ အနေဖြင့် သေဆုံးခြင်းထက် ပို၍ ခက်ခဲကြောင်းလည်း သိရပါသည်။


တပ်မဟာ(၆)ဒူးပလာယာခရိုင်(နဘူး)တိုက်ပွဲသတင်း

၂၈-၀၂-၂၀၁၁နေ့ ၊ ၀၅း၅၀အချိန်တွင် KNU တပ်ရင်း(၁၈)၊ ခွဲ(၁)နှင့် တပ်ရင်း(၁၇)တို့ ပူးပေါင်းပြီး ရန်သူခမရ (၃၇၁) တပ်ဖွဲ့ ကို ပိုးဟေးနှင့် စိုးထာ့အကြား(ဂွီးလေဝေါ်ဒေသ)တွင် တိုက်ခိုက် ချေမှုန်းရာမှာ ရန်သူနအဖ ကားတစ်စီး တိမ်းမှောက်သွားပြီး (၁)ယောက်သေ၊ (၅)ယောက်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိပါသည်။


၀၁-၀၃-၂၀၁၁နေ့ ၊ညနေ(၆း၁၅)မိနစ် အချိန်တွင် KNU တပ်မဟာ(၆) ဗဟိုဌာနချုပ်မှ စောဟူးလား ဦးစီးဦးဆောင်သော တပ်ဖွဲ့ သည် ရွာသစ် စခန်းရှိ ရန်သူ(၉၇)အဖွဲ့ကို သွားရောက် ပစ်ခတ်ရာ နအဖဘက်မှ စခန်းမှူး ဗိုလ်လေး(၁)ယောက် ကျဆုံးသွားကြောင်း သိရပါသည်။


KNU တပ်ရင်း(၂၀၁)

၀၄-၀၃-၂၀၁၁နေ့ ၊၁၂း၅၀ အချိန် ထို့ကျိုးတွင် ဖြစ်ပွားသော တိုက်ပွဲတွင် ရန်သူဘက်မှ(၁)ယောက် ကျဆုံးသွားပြီး KNUဘက်မှ ထိခိုက် ဒဏ်ရာရရှိခြင်း တစ်စုံတစ်ရာမှ မရှိခဲ့ပါ။ ၄င်းတိုက်ပွဲတွင် KNU ဘက်မှ ကျည်ဆံ(၁)ထောင့်သာ ကုန်ကြောင်းလည်း သတင်းရရှိပါသည်။

Monday, March 7, 2011

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်

Saturday, March 5, 2011
သန်းထိုက်ဦး Saturday, 05 March 2011 17:50

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။


၂၀၁၀ ဇန်နဝါရီလအတွင်းက ဆေးစစ်ဆေး ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် စစ်ပြေးဒုက္ခသည် ကရင် အမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ - AP)

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည် ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။

Sunday, March 6, 2011

တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံတိုကျိုတွင်ရောက်ရှိလာသော နယ်စပ်မှကရင်များလူမျိုးပထမဦးဆုံးအ ကြိမ်အပြေးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

ဂျပန်သို့ရောက်ရှိလာသည့်နယ်စပ်မှကရင်လူမျိုးများတိုကျိုခရိုင်ရှင်ဂျူးကုမြို့နယ်တွင်KARENနှင့်MAELA
အသင်းအဖွဲ့ ၂ ဖွဲ့ခွဲ၍လက်ဆင့်ကမ်းပြေးပွဲတွင်ဝင်ရောက်ယှဉ်ခြင်းအစီအစဉ်ကို
YOUTUBEတွင် ဂျပန်စံတော်ချိန်နံနက် ၉း၃၀တွင် KAREN NATIONAL LEAGUE (JAPAN) မှတိုက်ရိုတ်ပေးပို့ထုတ်လွှင့်သွားပြီး
ဖြစ်သည်၊၊



ထုတ်လွှင့်တာဝန်ခံ စောကျော်ထင်ထူး ( KAREN NATIONAL LEAGUE (JAPAN) )
ထုတ်လွှင့်တာဝန်ခံ စောကစ်စင်ဂျာ ( KAREN NATIONAL LEAGUE (JAPAN) )

Saturday, March 5, 2011

တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံတိုကျိုတွင်ရောက်ရှိလာသော နယ်စပ်မှကရင်များလူမျိုးပထမဦးဆုံးအ ကြိမ်အပြေးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

ဂျပန်သို့ရောက်ရှိလာသည့်နယ်စပ်မှကရင်လူမျိုးများတိုကျိုခရိုင်ရှင်ဂျူးကုမြို့နယ်တွင်KARENနှင့်MAELA
အသင်းအဖွဲ့ ၂ ဖွဲ့ခွဲ၍လက်ဆင့်ကမ်းပြေးပွဲတွင်ဝင်ရောက်ယှဉ်ခြင်းအစီအစဉ်ကို
YOUTUBE(http://www.youtube.com/watch?v=a4lhcyyjDJM&feature=youtube_gdata_player
http://www.youtube.com/watch?v=a4lhcyyjDJM&feature=youtube_gdata_player
http://www.youtube.com/watch?v=D7xryjofTZc)
မှ ဂျပန်စံတော်ချိန်နံနက် ၉း၃၀တွင် KAREN NATIONAL LEAGUE (JAPAN) မှတိုက်ရိုတ်ပေးပို့ထုတ်လွှင့်သွားမည်ဖြစ်သည်၊၊

ထုတ်လွှင့်တာဝန်ခံ စောကျော်ထင်ထူး ( KAREN NATIONAL LEAGUE (JAPAN) )
ထုတ်လွှင့်တာဝန်ခံ စောကစ်စင်ဂျာ ( KAREN NATIONAL LEAGUE (JAPAN) )
တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံတိုကျိုတွင်ရောက်ရှိလာသော နယ်စပ်မှကရင်များလူမျိုးပထမဦးဆုံးအ ကြိမ်အပြေးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

Maung Maung and-FTUB-english

Maung Maung -and-FTUB-english

Friday, March 4, 2011

နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့

မတ်လ ၃ရက်။ (ကေအိုင်စီ)
ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။


ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ (၇) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၂၆)မှ သဘါဖဲ့ရွာသားတစ်ဦးဖြစ်သူ စောမောင်ရွဲ (၄၈)နှစ်ကို ၄င်းတို့ တပ်စခန်း တည်ရှိရာ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့)တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်သည် ဟု ဒေသခံတဦးက ကေအိုင်စီကို ယနေ့တွင် ပြောဆိုသည်

သူက “ဒီဒေသမှာ လှုပ်ရှားတဲ့ နအဖတပ်တွေက ရွာသားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးလိုက်၊ သတ် လိုက်တာပဲ။ ဘာကြောင်းအရာမှ မရှိဘူး။ ရွာသားတွေရဲ ပိုက်ဆံတွေကိုလည်းယူတယ်။ အကုန်ပြောရရင်တော့ ဓါးပြလည်းတိုက်တယ်။ လူလည်းသတ်တယ်ဗျာ။ အရင်ကလည်း အဲလိုမျိုး လုပ်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
သဘါဖဲ့ကျေးရွာသည် သံတောင်ကြီးမြို့ (ဘုရင့်နောင်တပ်မြို့)၏ အရှေ့ဘက်တွင် တည်ရှိပြီး အကွာအဝေးအားဖြင့် ခြေလျှင်နဲ့ သွားလာလျှင် ၂နာရီကျော်သာ လျှောက်ရသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ယခု ၂၀၁၁ခုနှစ်၊ မတ်လ ၃ရက်နေ့အထိ ကရင်ပြည်သူလူထုများ နေထိုင်သည့် သံတောင်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူဒေသများတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်၏ ပစ်သတ်ခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ဒေသခံရွာသား ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တောင်ငူခရိုင်၏ မှတ်တမ်းအရသိရသည်။


အဆိုပါဒေသများတွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် – စကခ (၇)နှင့် (၉) လက်အောက်ခံတပ်ရင်းများအပြင် အခြားတိုင်းတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် ၄င်းတို့ တပ်စခန်းများသို့ ရိက္ခာများ ပို့ဆောင်နေဆဲဖြစ်ပြီး ထို့ရိက္ခာများသွယ်ရန်အတွက် ဒေသခံရွာသူရွာသားများကို နေ့စဉ်လိုလို ခေါ်ယူခိုင်းစေသည့် အပြင် စစ်ကြောင်းများ သွားရာလမ်းများတွင်လည်း မိုင်းရှင်းလင်းရန်အတွက် ရွာသူရွာသားများကို ခေါ်ယူအသုံးပြု လျှက်ရှိကြောင်း တောင်ငူဒေသံများ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲနှင့် လူ့ အခွင့်အရေး ချို့ ဖေါက်မှုသတင်း 2.03.2011

ကရင်ပြည်နယ် သံတောင်မြို့ နယ် ခယ်ဒဲကားရွာ အခြေစိုက် လှုပ်ရှားနေသော ခမရ (၄၂၆) ဒုရင်မှူးမှ သဘားဖယ်ရွာသား စောမော်ယွယ်(၄၈ နှစ်)အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး သံတောင်မြို့ အခြေစိုက် ဘုရင့်နောင်တပ်မြို့ သို့ အရောက်တွင် ၂၆၊ ၂၊ ၂၀၁၁ ရက်နေ့ တွင် သတ်ပစ်လိုက်ကြောင်း သတင်းရရှိပါသည်။

2.03.2011