Tuesday, July 26, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှုအပေါ် မြန်မာသတင်းသမဂ္ဂဥက္ကဋ္ဌနှင့် မေးမြန်းချက်

Published on July 25, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ ဦးသိန်းစိန်အစိုးရရဲ့ ကိုယ်စားလှယ် အလုပ်သမားရေးကြီး ဦးအောင်ကြည်တို့ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်က အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံကြပါတယ်။

ဒါဟာ အစိုးရကိုယ်စားလှယ်အနေနဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၀၇ ခုနှစ် အဆုံးကနေ ဒီနေ့အထိ အကြိမ် ၁၀ မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်၊။

အရင်တုန်းက ထူးခြားတဲ့ နိုင်ငံရေး တိုးတက်မှုတွေ မမြင်ခဲ့ရတဲ့အတွက် ဒီတကြိမ် တွေ့ဆုံမှု အပေါ်မှာလည်း သံသယနဲ့ စောင့်ကြည့်နေကြ တာတွေရော၊ မျှော်လင့်ချက်နဲ့ အကောင်းမြင်တာတွေရော ရှိနေပါတယ်။

ဒီအမြင်တွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေတဲ့ မြန်မာ့သတင်းသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကို မေးမြန်းထားပါတယ်။

ပထမဆုံးမေးချင်တာက ဦးအောင်ကြည်ရဲ့ အခန်းကဏ္ဍပေါ့။ ဦးအောင်ကြည်က ဒီအစိုးရအဖွဲ့ထဲမှာ ဘယ်လောက်ထိများ အရာရောက်တဲ့သူအဖြစ်နဲ့ ကျနော်တို့နားလည်လို့ ရလဲခင်ဗျ။

“ဦးအောင်ကြည်က ဘယ်လောက်အရာရောက်သလဲ ဆိုတော့ သူက Decision maker မဟုတ်တာတော့ သေချာတယ်။ သူက ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။”

နောက်တခုက အခုလို တွေ့ဆုံဆွေးနွေးမယ်ဆိုတာမျိုး သတင်းတွေက ပြောရမယ်ဆိုရင် ဘာလီမှာလုပ်တဲ့ အာဆီယံ အစည်းအဝေးတွေမှာလို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောကြဆိုကြ ပေါ့လေ။ အထူးသဖြင့် အမေရိကန်က ဖိအားပေးနေတဲ့ အခြေအနေနဲ့ တိုက်ဆိုင်တယ်။ ဒါက တမင်သက်သက် တိုက်ဆိုင်မှု သက်သက်လို့ ပြောလို့ရမလား။ ဒါမှမဟုတ်ရင် မတော်တဆ တိုက်ဆိုင်သွားတာလား။

“ဒီကိစ္စက မတော်တဆ တိုက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ဘာလို့လည်း ဆိုတော့ နိုင်ငံတကာဖိအားတွေက တော်တော်လေး များလာတာ တွေ့ရတယ်။ ခုနက အထူးသဖြင့် asean summit မတိုင်ခင်ကတည်းက အထွေထွေ ဖိအားတွေများတယ်။ အချိန်ကာလအားဖြင့် သုံးလ၊ သုံးလခွဲဆိုတဲ့ အချိန်ဟာ အတိုင်းအတာအားဖြင့် နည်းတယ်လို့ ဆိုနိုင်သော်လည်းပဲ၊ စိတ်ကောင်းနှလုံးကောင်း ရှိတာကို ပြမယ်ဆိုရင်တော့ ဒီအတောအတွင်းမှာ မပြနိုင်စရာ အကြောင်း ဘာမှမရှိဘူး။ နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ကိစ္စဆိုတာ ဘာမှခဲရာခဲဆစ် ကိစ္စမဟုတ်ဘူး။ အဲတော့ ဆုံးဖြတ်ချက် ချက်ချင်း မချဘူးဆိုရင်တောင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်ချင်တယ်ဆိုတာ တဖွဖွ ပြောနေတော့ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည်ဘက်က သူတို့ကို စာနဲ့ပေနဲ့လည်းပြောတယ်။ အမြဲတမ်းလိုလို ရေဒီယို အင်တာဗျူးတွေနဲ့လည်း ဒီကိစ္စတွေပြေလည်ချင်တယ်ဆိုရင် တွေ့ဆုံပါဆိုတာကို အမြဲပြောတယ်။ သို့သော်လည်း ရက်တရာအတွင်းမှာ ဘာမှ အရိပ်အယောင်မပြခဲ့ဘူး။ အဲတော့ ဒီကြားထဲမှာမှ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်နေကြတဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကော လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေကော၊ အထွေထွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများက နေပြီးတော့ အများကြီး ဖိအားတွေ ပေးလာတာတွေ့ရတယ်။ တိုင်းရင်းသားဒေသထဲမှာ ဖြစ်နေတဲ့ အထူးသဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့စစ်တွေကို ထောက်ပြတယ်။ အဲတော့ ဒီစစ်တွေကာအတွင်းမှာ ဖြစ်ပျက်နေတဲ့ ဒီစစ်တပ်ရဲ့ မတော်မတရားလုပ်မှုတွေ မိန်းကလေးတွေကို အနိုင်အထက်လုပ်မှုတွေ၊ လု၊ ယက်၊ သတ်ဖြတ်တာတွေ၊ ကျနော်တို့ ဂျနီဗာကွန်ဗန်းရှင်း ၁၉၅၃၊ ဒီစစ်ပွဲအတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူး။ ဒါတွေကို ထောက်ပြပြီး ဖိအားတွေက တော်တော်များလာတာ တွေ့ရတယ်။ ဒီအတောအတွင်းမှာကိုပဲ ခုနက ဘာလီမှာ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်ကနေ အခြားလမ်းရွေးစရာ မရှိဘူး။ တွေ့ဆုံဆွေးနွေးမှ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တွေ့ဆုံဆွေးနွေးရမယ့် အဖွဲ့အစည်းများနဲ့ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ မြန်မာနိုင်ငံရဲ့ အဖြေကို ရှာပါဆိုတာကို ထပ်ပြီးတော့ ပြင်းပြင်းထန်ထန်ဖိအားပေးတယ်။ အကယ်၍ အဲဒီလမ်းကြောင်းမှ မရွေးဘူးဆိုရင် ဒီထက်ဆိုးတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ဘာတွေ ရောက်လာမယ့်ဆိုတဲ့ သဘောပေါ့။ အရိပ်အမြွက် လက္ခဏာပြ ပြောသွားတာရှိတယ်။ နောက်တခါ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်ကလည်း အမြဲတမ်းစောင့်ကြည့်နေတာဆိုတော့ ဒါကို သူတို့သဘောပေါက်ပါလိမ့်မယ်။”

ဟုတ်ကဲ့ ခုနက ဦးဇင်လင်းရှင်းပြသွားတဲ့ နိုင်ငံတကာ ဖိအားတွေပေါ့။ ပြည်တွင်းဖိအားတွေ အကုန်လုံးကို ရှောင်လွှဲချင်လို့ ဆိုတဲ့အခါကျတော့ သူတို့မှာ စစ်မှန်ပြီးတော့မှ တကယ့်ကို နိုင်ငံရေးတိုးတက်စေချင်တဲ့ ဆန္ဒနဲ့ တွေ့ဆုံတာမျိုးကော မျှော်လင့်လို့ မရနိုင်ဘူးလား။ အစိုးရလည်း ပြောင်းသွားပြီဆိုတော့။

“ကျနော်တို့ ဘေးကနေ မြင်တဲ့အမြင်ကတော့ မလိုလားအပ်တဲ့ မာန်မာနတွေ ရှိနေတယ်။ ဒီမာန်မာနတွေက အရင် သူတို့စစ်အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ မာန်မာနတွေပဲ။ သူတို့စိတ်ထဲမှာ အခုလို ကျနော်တို့ အတိုက်အခံများနဲ့ တွေ့ဆုံဆွေးနွေးရမှာကို အလျှော့ပေးရတယ်။ အောက်ကျနောက်ကျ နိုင်တယ်ဆိုတဲ့ဟာမျိုး မြင်နေပုံရတယ်။ အဲဒါအပြင် တကယ်ကို အရေးကြီးတဲ့ ကိစ္စက ဘာလဲဆိုတော့ ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စနဲ့ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စ။ ဒါက ကျနော်မြင်တာ သော့ချက်ပြဿနာပဲ။ ဆိုတော့ ကြည့်ရတာ သူတို့သဘောထားတွေက အရင်တုန်းက အစွဲတွေ မကျွတ်သေးဘူးလို့ ကျနော်တို့ မြင်တယ်။ သူတို့ရိုးရိုးသားသား တိုင်းပြည်အပေါ် စေတနာသန့်သန့်နဲ့ မာနတွေ အာဃာတတွေကို ခ၀ါချပြီးတော့ ဆွေးနွေးပွဲ ထိုင်နိုင်တဲ့ လက္ခဏာ မတွေ့ရဘူး။ အဲဒါပြဿနာပဲ။”

လူတကာကို မလှည့်စားဘူးဆိုရင် အခုလိုဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့ဆီကနေ သူတို့ဘာတွေများ ရနိုင်မယ်လို့ မျှော်လင့်ထားလဲ။ အရင်က လုပ်ခဲ့တဲ့ ဟာတွေလေးမှာ သူတို့ဘာတွေ ရတယ်လို့ ဦးဇင်လင်း သုံးသပ်လဲ။

“နိုင်ငံတကာရဲ့ အားနည်းချက်ကို သူတို့က အမြတ်ထုတ်တာပေါ့။ နိုင်ငံတကာရဲ့ အားနည်းချက်ဆိုတာ ပြောရမယ်ဆိုရင် ဥရောပနိုင်ငံတချို့က ဗမာပြည်ထဲက သယံဇာတတွေကို ၀င်နှိုက်ချင်တာ ရှိတယ်။ ဗမာပြည်ထဲမှာ အတင်းဝင်ပြီး စီးပွားရေးလုပ်ချင်နေတာက ဇက်ကြိုးသတ်လို့ မရပါဘူး။ အဲဒီအခြေအနေ ဖြစ်နေတယ်။ အဲဒါကို သူတို့က အခွင့်ကောင်း ယူတာပဲ။ သူတို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ သဘောထားတွေ မလျှော့တာပါ။ တင်းမာနေတာပါ။ စသည်ဖြင့် ၀ါဒတွေဖြန့်တယ်။ အဲတော့ ဒီလိုပုံစံမျိုးနဲ့ နိုင်ငံတကာ ဖိအားကို လျော့သွားလိုက် တင်းလာလိုက်ဆိုတဲ့ အခြေအနေတွေ ကြားထဲမှာပဲ လူးကာလွန့်ကာနဲ့ သူတို့အကျိုးစီးပွားကို ကာကွယ်ရင်း သွားနေတဲ့ ပုံသဏ္ဌာန် မြင်နေရတာပဲ။”

အရင်ကာလတွေတုန်းက ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်မှာပဲ ရှိနေတဲ့အခါကျတော့ ကျနော်တို့က ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုလည်းပေါ့။ သိခွင့်မရခဲ့ဘူး။ နောက်တခုကလည်း ကျနော်ထင်ပါတယ်။ ထိပ်တန်းဆွေးနွေးပွဲတွေရဲ့ ထုံးစံအတိုင်း လျှို့ဝှက်ထားတာလား ဆိုတဲ့အခြေအနေပေါ့။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်က လွတ်နေတဲ့ အခြေအနေမှာ သူတို့က တွေ့တယ်ဆိုတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီး လူတွေကလည်း မေးကြတာပေါ့။ ထုံးစံအတိုင်း၊ ဆိုလိုတာက အရင်အတိုင်း သူတို့ ဆက်လိမ်လို့ ရပါဦးမလား ဆိုတဲ့ အနေအထားတခုနဲ့။

“အဲဒါကတော့ ကျနော်ထင်တယ်။ ဒီဟာသူတို့ အရင်လောက်ကို အကြာကြီး လိမ်ထားလို့ မရဘူး။ ကာလသတ်မှတ်ချက်တော့ ရှိနေမယ်လို့ ကျနော်ထင်တယ်။ အမေရိကန်ကလည်း နောက်လာမယ့် ဖိအားတွေသည် ကာလအကန့်အသတ် ဘောင်ထဲကနေ သွားမယ်လို့ ကျနော်မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူအမြဲတမ်းပြောပါတယ်။ လူတိုင်းသိသင့် သိထိုက်တဲ့ အချက်အလက်တွေ အမြဲတမ်း ပြည်သူလူထုကို ထုတ်ပြောလေ့ရှိတယ်။ အဲတော့ တချို့ကိစ္စတွေတော့ သူတို့ဘက်ကနေပြီး တောင်းဆိုမှု ရှိခဲ့လို့ရှိရင်လည်း ကာလအကန့်အသတ်နဲ့ပဲ လက်ခံမယ်လို့ ကျနော်မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတကြိမ်မှာတော့ အရင်တုန်းက စကားပွဲတွေနဲ့တော့ မတူနိုင်ဘူးလို့ ကျနော်တို့ ပြောလို့ရပါတယ်။ ဒီတခါတော့ တွေ့ဆုံပွဲမှာ သူတို့ဘက်က ဘယ်လိုအသံထွက်သလဲ၊ ဘယ်လောက်ထိ လိုက်လျောမှု ရှိနိုင်မယ်ဆိုတာတော့ အချိန်သိပ်များများ မစောင့်ရပဲ သိလာလိမ့်မယ်လို့ ယူဆတယ်။ အဲဒီလို သိလာတဲ့ အချက်အလက် အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုများကလည်း လက်ရှိ ဦးသိန်းစိန်အစိုးရ အပေါ်ကို သူတို့ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တဲ့ အတိုင်းအတာတွေကနေ ထပ်ပြီးတော့ ပြည်တွင်းဖိအားတွေကလည်း တက်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲလိုယူဆပါတယ်။”

မြန်မာအစိုးရတပ်တွေ SSA ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းရံပိတ်ဆို့


တိုက်ပွဲဖြစ်နေတာ သီတင်း ၂ ပတ်နီးပါး ရှိပြီဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်းဌာနချုပ် စခန်းကို မြန်မာအစိုးရတပ်က အင်အားအလုံးအရင်းနဲ့ ၀ိုင်းရံပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ မြန်မာစစ်တပ်ဟာ ၀မ့်ဟိုင်းဌာနချုပ်နဲ့ တဖာလုံကွာမှာ ရောက်နေပြီ ဖြစ်ပေမဲ့ SSPP အနေနဲ့ကတော့ ဘယ်သူ့ဆီကမှ အကူအညီတွေ မရလည်း ဆက်ပြီး ခုခံ တိုက်ခိုက်သွားမယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ မြန်မာစစ်တပ်ဟာ နောက်ဆုံးဝင်လာတဲ့ သတင်းအရ ဌာနချုပ်နဲ့ တဖာလုံနေရာမှာ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ခေါင်းဆောင်တဦးက ပြောပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်တွေဟာ အင်အားအလုံးအရင်းနဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းရံပိတ်ဆို့ထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေတော့ ဒီအတိုင်းပဲ ရပ်နေတယ်ခင်ဗျ။ လမ်းကြောင်းမှန်သမျှ သူတို့က ပိတ်ဆို့ထားတယ်။ အလုံးအရင်းနဲ့လည်း ၀ိုင်းထားတယ်။ မိုင်းနောင်၊ မိုင်းရှူး ကားလမ်းပေါ်လေ၊ အဲဒီလမ်းတလျှောက် သူတို့ အားလုံးရှိတယ်ခင်ဗျ။ ကျေးသီး မိုင်းနောင် ကားလမ်းတို့၊ အဲဒီ မူဆယ် နမ့်ခမ်းဘက် လမ်းကြောင်းရော၊ လားရှိုး သီပေါ ကျောက်မဲ အဲဒီလမ်းကြောင်းတွေပါ သူတို့ အားလုံးချထားတယ်ခင်ဗျ။”

မြန်မာစစ်တပ်အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့အတွက် လေးဘက်လေးတန် ၀ိုင်းဝန်းပိတ်ဆို့ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ် အကူအညီတွေပါ ရောက်ရှိနေတယ်လို့ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“နေပြည်တော်က စေလွှတ်ခဲ့တဲ့ လေယာဉ် ၇ စီးလေ၊ နမ့်ဆန်မှာ ရှိနေဆဲပဲခင်ဗျ။ ရာသီဥတုမကောင်းဘူး ကျနော်တို့ ၀မ့်ဟိုင်းဘက်မှာ။ အဲဒါ မသွားဖြစ်သေးဘူး ထင်တယ်။ ဟိုဘက်မှာ မိုးရွာနေတယ်လေ။”

အခုလို ၀မ့်ဟိုင်း စခန်းသိမ်းတိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်ကနေ စစ်လေယာဉ်သုံးပြီး တိုက်ခိုက်လိမ့်မယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီကနေ ယူဆထားပါတယ်။ ဒီသတင်းနဲ့ ပတ်သက်လို့ကတော့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။ အခုဆိုရင် မြန်မာစစ်တပ်ဟာ ၀မ့်ဟိုင်းဌာနချုပ်ကို သိမ်းဖို့ အနီးကပ်ဆုံး ရောက်ရှိနေပြီး အရေးကြီးတဲ့ အခြေအနေမှာ SSA တောင်ပိုင်းတပ်ဖွဲ့ အနေနဲ့ စစ်ရေးအကူအညီ ပေးပို့တာ မရှိပေမဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ တဖွဲ့တည်း ခံတိုက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဆက်ပြောပါတယ်။

“ကျနော်တို့ ဘယ်လိုမှ မဆုံးဖြတ်ပါဘူး။ ဘယ်သူမှ မကူလည်း ကျနော်တို့ ဒီအတိုင်း တိုက်သွားမှာပဲ။ အရင်ကလည်း တိုက်နေကျပဲ။ ကျနော်တို့အတွက်တော့ သိပ်မဆန်းတော့ဘူးခင်ဗျ။ ကျနော်တို့ ၀မ့်ဟိုင်းဌာနချုပ် ကျသွားလည်း ကိစ္စမရှိဘူးလေ။ ကျနော်တို့အတွက်တော့ ဘာမှမဆန်းပါဘူး။ ကျနော်တို့ ငြိမ်းချမ်းရေး မယူခင်တုန်းကလည်း အဲဒီလိုပဲ ကျောပိုးအိတ်ဌာနချုပ်နဲ့ လှည့်လည်နေတာပဲ။”

ဗိုလ်ချုပ် ရွက်ဆစ် ဦးဆောင်တဲ့ တောင်ပိုင်း SSA တပ်ဖွဲ့နဲ့ ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ မြောက်ပိုင်း SSA တပ်ဖွဲ့တို့ဟာ တဖွဲ့တည်း ပေါင်းစည်းသွားခဲ့ပြီလို့ ဗိုလ်ချုပ် ရွက်ဆစ်ကနေ တရားဝင် ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့ အနေအထား အရတော့ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ နောက်ထပ် ဆွေးနွေးစရာ ရှိနေသေးတယ်လို့လည်း တောင်ပိုင်း SSA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် ပြောပါတယ်။

မြောက်ပိုင်း SSA တပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာအစိုးရကနေ ထိန်းသိမ်းထားတဲ့ ဗိုလ်ချုပ် ဆေထင် ခေါင်းဆောင်ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနဲ့ ပတ်သက်ပြီး မြောက်ပိုင်း SSA တပ်ဖွဲ့ နှစ်ခြမ်းကွဲခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလွယ်မောင်း ဦးစီးတဲ့ တပ်မဟာ ၄၊ တပ်မဟာ ၇ နဲ့ ဌာနချုပ် တပ်ဖွဲ့တို့ဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ ဌာနေ ပြည်သူ့စစ်တပ်အသွင်ကို ပြောင်းလဲသွားပါတယ်။ တပ်အသွင်ပြောင်းရေးကို လက်မခံတဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကိုင်ဖဟာ တပ်မဟာ ၁ ကို ဆက်လက်ဦးဆောင်ပြီး SSA/SSPP ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ အမည် ပြောင်းလဲခဲ့ပါတယ်။

၂၀၁၁ ခုနှစ် မတ်လမှာ မြန်မာစစ်တပ်ကနေ တပ်အသွင် ပြောင်းရေးကို လက်မခံတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို စတင်တိုက်ခိုက်လာရာကနေ နှစ်ဘက် တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

By နိုင်ကွန်းအိန်

ကချင်ပြည်နယ်တိုက်ပွဲအတွင်း အဖမ်းခံရသော ဗမာ့တပ်မတော်သားများပုံ

ကချင်ဓါး လက်စွမ်းတွေ အရမ်းပြနေပါတယ်။

ဓါတ်ပုံ ပေးပို့ လာသူ KIA တပ်မှူးငယ်(လိုင်ဇာ) အား အထူးကျေးဇူးတင်ရှိပါကြောင်း။





ထူးထူးဟန်ပြီးတော့ နောက်တယောက် မြန်မာစစ်လက်ကိုင်တုတ်အဖြစ် ၀န်ခံပြန်ပြီ

Written by မိုးမခ
Monday, 25 July 2011 06:33
ဒီတစ်ခါတော့ ကရင်ဖြစ်နေတယ်ဗျာ

သြစတြေးလျရောက် နိုင်ငံရေးဒုက္ခသည် နောက်တဦးကလည်း မြန်မာစစ်အစိုးရလက်ကိုင်တုတ်အဖြစ် လူသတ်ခဲ့သူဖြစ်ကြောင်း ၀န်ခံလိုက်ပြန်ပါတယ်။ စစ်အစိုးရသတင်းပေးအဖြစ် ကရင်တိုင်းရင်းသားတွေကို သတ်ဖြတ်တဲ့နေရာမှာ ဆောင်ရွက်ခဲ့တယ်။ သတ်ခဲ့သူ ၄၀၊ ၅၀ လောက်ရှိတယ်လို့ မနေ့က ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်ခန့်က သြစတြေးလျနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာဒုက္ခသည် ထူးထူးဟန်က ၁၉၈၈ အရေးအခင်းကာလ ရန်ကုန်မှာ ထောက်လှမ်းရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့စဉ် ကျောင်းသားခေါင်းဆောင်အဖြစ် ဟန်ဆောင်ပြီး သူလျိုလုပ်၊ တန်ပြန်သပိတ်ဖြိုခွဲရေးတွေ လုပ်ခဲ့ရုံသာမက ဒီမိုကရေစီရေးလှုပ်ရှားသူတွေ ၁၀၀ ကျော် ကို သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။

သူတို့တတွေက အခုလိုမျိုး ဖုံးကွယ်ပြီး မနေနိုင်တော့လို့ သူတို့အပြစ်ကို မီဒီယာတွေကနေ ၀န်ခံထုတ်ဖော်တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒုတိယမြောက် ထုတ်ဖော်သူက ကရင်လူမျိုးဖြစ်ပြီး သူအဲသည်လူသတ်မှုတွေကို ကျူးလွန်စဉ်က ၁၉၈၄ -၁၉၈၇ ကာလ ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်သားအဖြစ် ဆောင်ရွက်နေတုန်းက လို့ ဆိုပါတယ်။ စစ်အစိုးရက ငွေကြေးနဲ့ အာဏာတွေနှင့် မြူဆွယ်လို့ စစ်အစိုးရလက်ကိုင်တုတ်အဖြစ် ဘက်ကူးပြောင်းလိုက်တယ်လို့ ၀န်ခံလိုက်ပါတယ်။ သူ့အမည်က မွန်းရှား (Moon Hsar) လို့ ခေါ်ပြီး အသက် ၄၄ နှစ် ရှိပြီလို့ သိရပါတယ်။ ပထမ၀န်ခံသူ ထူးထူးဟန်နဲ့ အသက်ချင်း မတိမ်းမယိမ်း ဖြစ်ပါတယ်။ ကရင်တွေ အချင်းချင်း သွေးကွဲအောင် သတင်းမှားတွေ ဖြန့်တာ၊ အချင်းချင်း အထင်လွဲအောင် လုပ်တာ၊ အပြစ်မဲ့သူတွေကို အပြစ်ရှိအောင် လုပ်ကြံဖန်တီးတာတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။ စစ်အစိုးရထံကို သတင်းပေးရာမှာ တိရစ္ဆာန်ကုန်သည်ဟန်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့လက်ချက်ကြောင့် လူ ၅၀ လောက် အသတ်ခံရတယ်။ ဒါတွေဟာ သူ့ကိုယ်တိုင် သတ်သလို ခံစားရတယ်လို့ ၀န်ခံထားပါတယ်။

သူက ကရင်လူမျူိးတွေကို မြန်မာစစ်တပ်က သတ်ဖြတ်မှုတွေ မုဒိန်းကျင့်တာတွေ လုပ်နေတာကို ကိုယ်တိုင်မြင်ပြီးနောက် စစ်တပ်သူလျို ဆက်မလုပ်ဖြစ်တော့ဘူး၊ ရပ်ဆိုင်းလိုက်တယ်။ ၁၉၉၈ မှာ ကရင်ဒုက္ခသည်စခန်းကနေ သြစတြေးလျကို ပြောင်းလာတယ်။ လွန်ခဲ့တဲ့ ၅ နှစ်က နိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်တယ်လို့ ဆိုပါတယ်။ ထူးထူးဟန်သတင်းဖတ်ပြီးနောက် သူလည်း ထုတ်ဖော်ဝန်ခံတယ်လို့ ပြောပါတယ်။

သြစတြေးလျ တရားသူကြီးချူပ် Robert McClelland က ယခင်ပတ်က ထူးထူးဟန်အမှုကို စစ်ဆေးစုံစမ်းဖို့ ညွန်ကြားလိုက်ပြီလို့ သိရပါတယ်။

ကိုယ်တိုင် ကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများကို စစ်ထောက်လှမ်းရေးဟာင်း ဦးထူးထူးဟန် ကဝန်ခံခြင်း



အွန်လိုင်းပေါ်မှ ဗမာ့တပ်မတော်မှ ထိုင်းလေယဉ်ကို ပစ်ချခဲ့ဘူးကြောင်း သက်သေခံတဲ့ ဗီဒီယိုမှတ်တမ်းဟောင်းလေးတစ်ခု

Monday, July 25, 2011

ကျိမ်စာများသင့်နေတာလား ကိုရွှေထိုင်းရယ်

Sunday, July 24, 2011

ကျိမ်စာများသင့်နေတာလား ကိုရွှေထိုင်းရယ်

တတိယမြောက် ထိုင်းလေယဉ်ထပ်မှာပျက်ကျတယ်လို့ သတင်းထွက်လာတော့ တကယ်ပဲစိတ်ဝင်စားမိသွားပါသည်။ ဘာရယ်လို့ တော့မဟုတ်ဘူး။ ရာဇ၀င်ထဲက ကရင့်အလှဘုရင်မလေး မူယယ်ဖဲ အကြောင်းကို သွားသတိယမိပါတယ်။ ကရင်လူမျိုးတိုင်းက ထို မူယယ်ဖဲ မင်းသမီးလေးရဲ့ အကြောင်းကို ကောင်းမွန်စွာသိထားကြပါတယ်။ မူယယ်ဖဲ လို့ အများသိထားတဲ့ ငွေရောင်မင်းသမီးလေးနဲ့ ပါတ်သက်ပြီး စကောကရင်ဘာသာဖြင့် ဗီဒီယိုဇတ်လမ်းရိုက်ကူးထားတာလည်းရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ မူယယ်ဖဲ တ်ကြောင်းကို ဒီနေရာမှာ အကျယ်တ၀င့် မဖေါ်ပြလိုပါဘူး။ တာပေမယ့် ထိုင်း သုံးစင်းမြောက်လေယဉ်ပျက်ကျတာ ရိုးရိုးလေးတော့ မဟုတ်ဘူးလို့  ပြောပါရစေ။ မူယယ်ဖဲ ရဲ့ဝိညာဉ် ကရင်လူမျိုးတွေနဲ့ အတူ ရှင်သန်နေဆဲပဲလားလို့ ပါ။

မဲဆောက်မြို့ နားက စစ်သူကြီး ဖားဂေါ် ရုပ်ထုကို လည်း စနစ်တကျပူဇော်ပသလိုက်အုံး မဟုတ်ရင် ထပ်ပြီး မထင်မှတ်တာတွေ ကြုံတွေနေရပါအုံးမယ် ကိုရွှေထိုင်းတို့ ရေ……


၃ စင်းမြောက် ထိုင်းရဟတ်ယာဉ် မြန်မာနယ်စပ်မှာ ပျက်ကျပြန်


ထိုင်းတော်ဝင် လေတပ်မှ Bell 212 (ဓာတ်ပုံ - Flickr)


တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပြန်ပြီလို့ ထိုင်းစစ်တပ်က ပြောလိုက်ပါတယ်။ ဇူလိုင်လ ၁၆ ရက်နေ့မှာ တစင်း၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘလက်ဟော့ခ် ရဟတ်ယာဉ် တစင်း ပျက်ကျခဲ့ပြီး ပါသွားသူအားလုံး သေဆုံးခဲ့ပါတယ်။

စစ်တပ်က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ဆန်စန်း ကဲအိုကမ်နာ့ဒ်က ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ဘလက်ဟော့ခ်ပျက်ကျလို့ သေဆုံးသွားသူတွေရဲ့ အလောင်းကို သွားသယ်ရင်း ပျက်ကျတာပါလို့ ပြောပါတယ်။

သစ်ခိုးခုတ်တာတွေကို သွားဖမ်းတဲ့ လေယာဉ်ဟာ ဇူလိုင်လ ၁၆ ရက်မှာ မြန်မာနယ်စပ်အနီး ပျက်ကျတယ်။ အဲဒီပျက်ကျရာမှ သေဆုံးသူ ၅ ဦးကို သယ်ယူဖို့ သွားတဲ့ ဘလက်ဟော့ခ်ဟာ ပျက်ကျပြီး ၉ ဦးသေဆုံးတယ်။ ပျက်ကျတဲ့ ဘလက်ဟော့ခ်ကို မြန်မာစစ်တပ်အကူအညီနဲ့ ထိုင်းစစ်တပ်က ရှာဖွေခဲ့ရပါတယ်။ အခုတခါ အဲဒီသေဆုံးသူ ၉ ဦးကို အလောက်သွားကောက်တဲ့ ရဟတ်ယာဉ် ထပ်ပျက်ကျပြန်တာ ဖြစ်ပါတယ်။

ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရင်ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ အနီး ထိုင်း-မြန်မာနယ်စပ်က တောထဲကိုပဲ ပျက်ကျတာဖြစ်ပြီး ၃ ဦးသေကာ စစ်သားတဦး အသက်ရှင်တယ်လို့ သိရပါတယ်။ ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်က ဘာကြောင့်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထိုင်းရုပ်သံများမှာက ထုတ်လွှင့်ချက်မှာ မြင်ရတာကတော့ ဒီနေ့ အဲဒီဝန်းကျင်မှာ ရာသီဥတုကောင်းနေပြီး ပျက်ကျတဲ့ နေရာကို တောထဲက ပြေးသွားနေတဲ့ အရပ်ဝတ်နဲ့လူတွေကိုလည်း မြင်နေရပါတယ်။ ရဟတ်ယာဉ်ဟာ မီးလောင်နေပြီး အသက်ရှင်ကျန်တဦးကို အဲဒီနေရာက သယ်ထုတ်ဖို့ ကြိုးစားနေတာ မြင်နေရပါတယ်။


မျိုးဆက်ပျက် ပျက်သုဉ်းတော့မဲ့ ကရင်မျိုးနွယ်စု ထဲ မှ သလခုံ လူမျိုး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwyEBAO-VbIKTsCkdeVeNmJZzqSJR7_2VRFBtAkjj72TpgyXqnk9leY7yr9-uE0RK_VW5u9TwxlOpYHA5RsO7gbIXg9Sn6g2zZpA5Lr-v6P7AAcPQfDH3bzgW9lbaFkpCk16M4Y-hddHW/s1600/Untitled-1.jpg

မျိုးဆက်ပျက် ပျက်သုဉ်းတော့မဲ့ ကရင်မျိုးနွယ်စု ထဲ မှ ရသေ့နှင့် အမေရိကန် ခရစ်ယာန် သာသနာပြု

သလခုံ လူမျိုးတို့ ရဲ့  ကိုးကွယ်ရာ ဆရာတော် ရသေ့ နှင့် အမေရိကန် ခရစ်ယာန် သာသနာပြု MR Allan Eubank (ထိုင်းမြန်မာ နယ်စပ် တနေရာ) တွေ့ ဆုံစဉ် ၁၉၈၈ သလခုံ လူမျိုးတို့ ဟာ တပ်မဟာ(၆) KNU နယ်မြေ မှာ ဘုရားသုံးဆူ ဒေသ အနား မှာ ရွှာငယ်တချို့  နဲ့ ကျုံးဒိုး မြို့ နယ်မှာ ရွှာငယ် လေးတွေ ဖွဲ့ ပြီးနေထိုင်ကြပါတယ် လူဦးရေ က ရာဂဏန်း လောက်ဘဲ ရှိတော့ပါတယ်၊ ယောက်ကျာင်္းလေး မှန်သမျှ သျှောင်တစောင်းထုံး ကြရတယ် အ၀တ်အစားဆိုရင် အကွက်တို့ အဆင်တို့ မ၀တ်ကြဘူး ဗြောင်ဘဲဝတ်ကြတယ် စားတော့ သတ်သတ်လွတ်စားကြတယ် ရွှာတွေမှာ ကြက်ဌက်တိရိစ္ဆာန်တွေ မမွေးကြဘူး ဥပုဒ်သီလစောင့်ကြတယ်၊ သီချင်းဆိုတာ သီချင်း နားထောင်တာ မလုပ်ကြဘူး ၊ နားထောင်းရင် သီလပျက်တယ်လို ယူဆကြတယ် ကိုးကွယ်ရာတော့ ဆရာတော် ရသေ့ဘဲ ကျနော် တို့ အရင် အဲဒီဒေသ ဘက်မှာ ကျင်လည်တုံးက ဆရာတော် ရသေ့ လာရင် နောက်လိုက်နောက်ပါးတွေ က တောခေါင်ခေါင် မှာ မောင်းသံပေးပြီး တဒူဒူ နဲ့ ကြွှလာတတ်တာတွေဖူးတယ် ဒါကတော့ ကျနော် သိသလောက် ဝေငှတာပါ ကျန်တဲ့ သူတွေ လဲ သိရင်ဆက်ရေးကြပါ မျိုးဆက်ပျက် သုံးတော့မဲ့ မျိုးနွယ်စုလေးတခု အကြောင်းကိုပေါ့။ ဒီလိုမှ ကျွန်တော်တို့ မလုပ်ခဲ့ဘူးဆိုရင် မြန်မာပြည်မှာ ကြီးကျယ်ခန်းနားတဲ့ ပျူလူမျိုး ဘယ်လိုကြောင့်ပျောက်သွားရသလဲဆိုသလိုဖြစ်နေလိမ့်မယ်။

သလခုံ ကရင်တွေကို ဖားအံမြို့ ဇွဲကပင်တောင်ခြေပိုင်း တောဘုံ ရွာ မှာလည်းနေကြတယ်လို့ သိရှိသူအချို့က ပြောထားတာလည်း ရှိပါတယ်။

ထို့အတူ ဖူ့ တခောတ် ကရင်လူမျိုး မျိုးနွယ်စု တစ်စုလည်းရှိပြီး

ဘားအံ..မြ၀တီ ကားလမ်းဘေးက ချိုင်းတံတားအလွန်မှာ
ရွာထော​င် ပြီးနေကြတယ်လို့ သိရှိရပါတယ်။ အထက်က ဖော်ပြခဲ့တဲ့ တလာခုံကရင်တွေနဲ့ ဝတ်စားဆင်ယင်မှု့၊ သျှောင်ထုံးခြင်း အပြင်​သက်သတ်လွတ်စားတာအစ အကုန်တူတယ် လို့လည်းသိရှိရပါတယ်။

တဆက်တည်းကြုံလို့ ကရင်လူမျိုးစစ်စစ် တွေကနေ ဗမာလူမျိုးဖြစ်သွားပုံများကို ကျွန်တော်သိသလောက် ဖော်ပြလိုက်ပါ

ကရင်လူမျိုးဟာ မြန်မာနိုင်ငံမှာ လူဦးရေ ဒုတိယအများဆုံးဖြစ်ပါတယ်။ ဒါကို မနာလိုဖြစ်ပြီးပထမဆုံး ကရင်နဲ့ ကရင်နီ (ကယား) ဆိုဖြစ် ခွဲထုတ်လိုက်ပါတယ်။ နောက်ပြီး ပအို့ ပအိုင်း လူမျိုးတွေဆိုတာ ကရင်လူမျိုးနွယ်စုတွေဖြစ်ပါတယ်။ ပအို့ ကို Black Karen လို့ ခေါ်ဆိုကြပါတယ်။ ဒီလုပ်ရပ်တွေဟာ အကြံအစီရှိရှိနဲ့ လုပ်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။

ဖြစ်ရပ်တစ်ခုကို ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ၁၉၈ဝ ဝန်းကျင်လောက်က လူမျိုး လူဦးရေ စစ်တမ်းကောက်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ကရင်လို့ မပြောတတ်တဲ့ သူအတော်များများဟာ ဗမာလူမျိုး ဖြစ်သွားခဲ့ရပါတယ်။ မင်းတို့ ဗမာပြည်မှာနေတာဘဲ ဗမာလူမျိုးလို့သာ ရေးလိုက်ကွာ တိုင်းရင်းသား ညီအစ်ကိုတွေဘဲ ကိုယ့် ကို ကိုယ် ကရင်လို့သိရင်ပြီးတာဘဲ ဆိုပြီး ကရင်လူမျိုးတွေ ကရင်လိုမတတ်လို့ ဗမာလူမျိုးအဖြစ် ထည့်သွင်းရေတွက်ခြင်းခံခဲ့ရတယ်။

မြန်မာနိုင်ငံ ညောင်တုန်းမြို့နယ် ဆားမလောက် မြို့ အဝင်နားမှာ ကရင်ရွာတွေရှိပါတယ်။ အဲ့ဒီရွာတွေက ကရင်တွေဟာ ကရင်လိုမတတ်ကြပါဘူး။ အင်းစိန် တိုက်ပွဲမှာ စစ်ရှုံးလို့ ထွက်ပြေးရင်းက တွေ့တဲ့ရွာတွေမှာ ဝင်ပြီးနေခဲ့ပြီး အခြေအနေအရ ကရင်လိုပြောရင် အသတ်ခံရမှာကြောင့် ကရင်လို့ မပြောရင်းကနေ အခုလို နောက်မျိုးတွေဟာ ကရင်စစ်စစ်ဖြစ်ပြီး ကရင်စကားမတတ်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီရွာတွေမှာ နေထိုင်ကြတဲ့ ကရင်စစ်စစ်တွေရဲ့ မှတ်ပုံတင်တွေမှာတော့ အကုန် ဗမာလူမျိုးဖြစ်နေပါတယ်။

ယခုခေတ် လဝက မှတ်ပုံတင်လုပ်တဲ့အခါမှာလဲ ကရင်တွေ အဖြစ် မှတ်ပုံတင်ထဲမှာ ဗမာ လူမျိုးဖြစ်နေတာ များစွာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်ဆို အဖေ ကရင် အမေ ကရင် ဖြစ်ပါလျှက်နဲ့ သူ့ ကျမှ မှတ်ပုံတင်ထဲမှာ ဗမာ လူမျိုးဖြစ်နေခဲ့ရပါတယ်။ ကိုယ်တွေ့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာတုန်းက ကျွန်တော် ၁၃ နှစ်ပြည့် မှတ်ပုံတင်သွားလုပ်တဲ့အချိန်မှာ ရစ်လိုက်တာလဲ စိတ်ပျက်ဖို့အတော်ကိုကောင်းပါတယ်။ ဖောင်မှာ လဲ အမေနဲ့ အဖေ နှစ်ဖက်ရဲ့ ရွှေခုနှစ်ဆက် မျိုးခနှစ်ဆက် နီးနီးကို ဖြည့်ရပါတယ်။ နောက်ဆုံး လဝက စာရေးမက ကျွန်တော်ဖြည့်ထားတာ တွေကိုစစ်ပြီး စာရေးမက မေးပါတယ်။

စာရေးမ - - အဘိုးအဖွားတွေက ကရင် နော်

ကျွန်တော် - - ဟုတ်ကဲ့

စာရေးမ - - မိဘတွေကရော ဘာလူမျိုးလဲ ...

ကျွန်တော် - - ကရင်တွေပါဘဲ

စာရေးမ - - မင်းကရော ဘာလူမျိုးလဲ... ဆိုပြီး ထပ်မေးတော့ ကျွန်တော် နည်းနည်းကြောင်သွားသလို စိတ်လဲ တိုသွားတယ်။ အဲ့ဒီတော့ ကျွန်တော်ရဲ့ ဗီဇ အတိုင်း စာရေးမကို "ကုလား မိဘ နှစ်ပါးကနေ တရုတ် လူမျိုးမွေးတတ်လို့အဒေါ် ကျွန်တော့်ကို ဒီလို မေးခွန်းမျိုး မေးတာလားလို့ ပြန်မေးလိုက်တော့မှ နောက်ဆက်ပြီး ဘာတစ်ခွန်းမှ မမေးတော့ဘူး။ ကျွန်တော်သာ ငြိမ်နေမယ်ဆိုရင် ကျွန်တော့်သူငယ်ချင်းလို့ ကရင်စစ်စစ်ကနေ မှတ်ပုံတင်ထဲမှာ ဗမာ ဖြစ်နေအုံးမလားမသိဘူး။

မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် ၃ ဦးသေ၊ ၇ ဦးဒဏ်ရာရ

ပစ်စရာလူမတွေ့ရင် အခြင်းခြင်းပစ်တယ်၊ အဲ့ဒီ တပ်နှစ်ခုက တပ်ရင်းမှုးတွေကို တိုက်ရည် ခိုက်ရည် ကောင်းတဲ့ အတွက် သီဟသူရ ဂုဏ်ထူးဆောင်ဘွဲ့ တွေ သမ္မတကြီး ပြောင်စိန် အနေနဲ့ ချီးမြှင့်သင့်ပါကြောင်း.....


map_of_namting

ဇူလိုင် ၂၀ ရက်က ကချင်ပြည် အနောက်ဘက် မြစ်ကြီးနား-ဖားကန့်သွားလမ်းတွင် မြန်မာစစ်ကြောင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိသည်ဟု ဒေသခံများပြောသည်။

ည ၆ နာရီခွဲတွင် လီဒိုလမ်းမ ဒွမ်ဘန် နယ်မြေခံ ခလရ ၂၉၈ မြန်မာစစ်သားများနှင့် ၎င်းတပ်ရင်းမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်ဝတ်စုံ ၀တ်ဆင်ထားသူများ နမ်တင် (Namting) တောင်ကုန်းတွင် ဆုံတွေ့ကာ အချင်းချင်းပစ်ခတ်ကြခြင်းဖြစ်သည်။

ဒဏ်ရာ မ ပြင်းထန်သည့် ဒုတပ်ကြပ် ၁ ဦး နှင့် တပ်သား ၂ ဦးမှာ ကားမိုင်းဆေးရုံတွင် ဆေးဝါးကုသခံယူနေပြီး ကျန်မြန်မာစစ်သားများကို မိုးကောင်းဆေးရုံသို့ ပို့လိုက်ကြောင်း မျက်မြင်သက်သေများပြောပြပါသည်။

ယခု အဖြစ်အပျက်မှန်ကန်ကြောင်း ဖားကန့် KIA တပ်ရင်း ၆ မှ အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ရေလွှမ်းမိုးမှုကြောင့် ဖားအံမြို့ ရေဘေးဒုက္ခသည်များ စာသင်ကျောင်းတွင် မှီခိုနေရ

နန်းဖော့ဂေ (ကေအိုင်စီ)


ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တွင် ဇူလိုင်လ တတိယပတ်အတွင် သံလွင်မြစ်ရေလျှံတက်လာမှုကြောင့် မြို့တွင်းရှိ ရပ် ကွက်အတော်များများရှိ မြေနိမ့်ပိုင်းများတွင် ရေလွှမ်းမိုးကာ ယမန်နေ့မှစ၍ အမှတ်(၁) အထက်တန်းကျောင်းတွင် ရေဘေးဒုက္ခ သည်များ ယာယီ ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျောင်းက မနေ့က သောကြာနေ့မှာ လူတွေ လာနေကြတာပေါ့။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းလှရင်မေကို ရပ်ကွက်ထဲ ကလူတွေက လာပြောတော့ ပိတ်လိုက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်ရက်က စနေ၊ တနင်္ဂနွေခံတော့ ဆက်ပိတ်တာပေါ့။ ပေး တည်းတာကတော့ မူလတန်းအဆောင်တွေမှာပါ။”ဟု ဆိုသည်။

ယခုလို ရေကြီးမှုမှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေလျှံတက်ကာ မြို့တွင်းရပ်ကွက်အထိ ရေများရောက်ရှိလာ ခြင်း၏ အကျိုးဆက်များဖြစ်ကြောင်း မြို့ခံလူထုက ပြောဆိုနေကြသလို ယခင်လက လှိုင်းဘွဲမြို့တွင်း ရေကြီးမှုဖြစ်ပွားခဲ့သည်။

“မိုးက ရွာတာ ဆက်တိုက်ပဲဟာ။ လနဲ့ချီကြာနေပြီ။ တခါမှ မရပ်ဘူးလေ။ ကျောင်းဖွင့်ပြီး ၃-၄ရက်လောက်က ကောင်းလိုက်တဲ့ မိုးဟာ နေသာတယ်ကို သိပ်မရှိဘူး။ မိုးများတော့ အထက်ကနေကျလာတဲ့ တောင်ကျရေတွေ ဘာတွေကြောင့် မြစ်ရေတွေ တက်လာတာပေါ့။ လှေနဲ့သွားရတဲ့အပိုင်းမှာဆို ရေက ဒူးလောက် ပေါင်လောက် ရှိတယ်။ မြစ်ရေနဲ့နီးတဲ့ ကမ်းနားလမ်းက မြစ် ရေအထက် အတော်မြင့်နေပေမဲ့ ခုတော့ လမ်းမနဲ့ တတန်းတည်းကျနေတယ်လေ။”ဟု ဖားအံမြို့သူတစ်ဦးက ပြောသည်။

ရေလွှမ်းမိုးခံရသည့် နေရာများမှာ ဖားအံမြို့မ ဈေးကြီးအောက်ပိုင်း၊ ဆယ်အိမ်စု၊ မြိုင်သဇင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်းက လေးအောက်ပိုင်း၊ ဇီးတောရပ်ကွက်အောက်ပိုင်း၊ ပြည်ထောင်စုရပ်ကွက်၊ မြို့သစ်၊ အောင်နန်းနှင့် အုတ်ဖိုနေရာများဖြစ်သည်။

မြို့မိမြို့ဖတစ်ဦးက “ရေမကြီးတာ သုံးလေးနှစ်လောက်ရှိပြီ။ ဒီနှစ်ကျမှ တခါ ထပ်ကြီးလာပြန်ရော။ သံလွင်မြစ် ရေစီးအားက လည်း အတော်ကြမ်းတယ်။ ရေဘေးဒုက္ခသည်တွေကတော့ အခု လောလောဆယ် စာသင်ကျောင်းနဲ့ အားကစားရုံတွေမှာ နေ ကြရတယ်လေ။ ဒီလို ရေမကြီးတာ ကြာပြီဆိုတော့ လူတွေက ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားကြဘူးပေါ့။”ဟု ဆိုသည်။

အထက်တန်းကျောင်းသူတစ်ဦးက “ရေစတက်လာတာ နှစ်ရက်ရှိပြီ။ ပထမရက်တော့ နည်းနည်းလေးပဲ။ ဒီနေ့ ဒီလောက် တက်လာမှာကို သမီးတောင် မထင်ခဲ့မိဘူး။ အခုတော့ လှေတွေနဲ့ ကျူရှင်တက်နေရတယ်။ ကျောင်းလည်း ပိတ်ထားတယ် လေ။”ဟု ယမန်နေ့က ကေအိုင်စီကို ပြောဆိုသည်။

ဇူလိုင်လ ၂၃ရက်နေ့ မြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဖားအံမြို့တွင် ၈၅၈စင်တီမီ တာ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၁၀၈စင်တီမီတာ(သုံးပေခွဲခန့်) ကျော်လွန်နေသည့်အပြင် နောက်ထပ် ၄၈နာရီအ တွင်း ၃၀စင်တီမီတာ(တစ်ပေခန့်) ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာအထက်တွင် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ကရင်ပြည်နယ်၏ အမြင့်ဆုံးနှင့် အနိမ့်ဆုံး အပူချိန်မှာ ၂၇မှ ၂၃စင်တီဂရိတ်ဖြစ်ပြီး ရွာရန် ၈၀ရာခိုင်နှုန်းရှိကာ နေရာ စိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ရေဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ‘မာဃ’နာရေးကူညီမှုအသင်း၊ စေတနာရှင်လူငယ်များနှင့် အရံမီးသတ်အဖွဲ့များက ကူညီလုပ်ဆောင်ပေးလျှက်ရှိပြီး ပြည်နယ်အစိုးရနှင့် ဌာနဆိုင်ရာလူကြီးများမှ ယနေ့အထိ လာရောက် ကူညီလှူဒါန်းမှုများ မရှိသေးကြောင်း သိရသည်။
ယင်းသို့ ရေကြီးသည့်အတွက် သွားလာရေး ခက်ခဲမှုများရှိကာ ရောင်းဝယ်ဖောက်ကားမှုများ ကျဆင်းလာသလို ရေလွှမ်းမိုးခံရ တဲ့ ရပ်ကွက်နေ ပြည်သူများ၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ပြောဆိုသည်။

“ဈေးထဲက အသီးအရွက်၊ သားငါးရောင်းတဲ့နေရာတွေလည်း ရေတက်လာလို့ ရွှေ့ပြီးရောင်းနေရတယ်။ ဌာနဆိုင်ရာ လူကြီး တွေတော့ မတွေ့ရသေးပါဘူး။ ကယ်ဆယ်ရေးတွေက ပြန်လည် နေရာချထားရေးပဲလေ။ အခု ပြည်နယ်အစိုးရက လှူဒါန်းမှု ဘာမှမတွေ့ရသေးဘူး။ လောလောဆယ်မှာတော့ တနေ့လုပ် တနေ့စားသမားတွေ ဒုက္ခရောက်တာပေါ့။”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် မိုးများ၍ လေပြင်းပါ တိုက်ခတ်ခဲ့ပြီး သစ်ပင်ပြိုလဲကာ ဆိုင်ခန်း များ ပျက်စီးသလို မုဒုံ၊ မော်လမြိုင်မြို့များတွင်လည်း ရေကြီးမှုဖြစ်ပွားခဲ့သည်ဟု မွန်သတင်းထောက်တဦးက ပြောဆိုသည်။

Sunday, July 24, 2011 မြန်မာ့လွှတ်တော်

ရေးချင်တာကတော့ ရန်သူကို ဆက်ဆံရာဝယ်

ရန်သူနဲ့ ဆက်ဆံရာဝယ် ...ရေးချင်တာရှိပါတယ်...နယ်ဆင်မန်ဒဲလား ရန်သူနဲ့ စကားပြောခြင်း လို မဟုတ်ပေမဲ့ ...ဆက်ရေးပါမယ်..

တကယ်တော့ ရန်သူ ဆိုတဲ့ အသုံးအနှုန်း ကို မသုံးချင်ပေမဲ့ ရန်အမြဲ အလိုခံခဲ့ရသူတွေ အတွက်ကတော့ ရန်သူဆိုတာနဲ့ ပဲ သင့်လျှော်မယ်ထင်လို့ ပါ။

အဲဒီလိုမျိုးတွေနဲ့ ဆက်ဆံတော့ အမြဲတမ်း ခံခဲ့ရတာတွေ ကြီးပဲ များပါတယ် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခွင့် ရချိန်မှာ ရယူစေချင်တာပါ။

ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်း

တကယ်တော့ လောကပါလ တရားနားမလည်သူကို ထိပ်တိုက် ရင်ဆိုင်တော့...ဘဝတက္ကသိုလ်တွေ အကြိမ်ကြိမ်တက်ရသူတွေ များလာတာကိုပဲ တွေ့ ရပါတယ်...

အကြင်နာတရား အမှန်တရား တရားမျှတ မှုကို မကြည့်သူကို ထိပ်တိုက်ရင်ဆိုင်လို့ ဖြစ်တာကိုး...
ထိပ်တိုက်ရင်ဆိုင်မယ်ဆို အောင်မြင်မှုထက် ရှုံး နိမ့်မှုက များနေတော့ တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်သောနီးဖြင့် ရင်ဆိုင်တက်မှ ဖြစ်မှာပါ။

စာတွေ တတ်လာမှာ ကြောက်တဲ့ ရန်သူ ကို စာတွေ သင်ပေးတဲ့ ဆွဲဆောင်မူနဲ့ 
မတရား ခံရသူတွေ အတွက် ပံပိုးကူညီခြင်းထက် ကြိုတင်ကာကွယ်မှုတွေ လုပ်နည်းစနစ်တွေ ချပေးတာတွေ လုပ်ရမှာပါ။

ကလေးတွေ အသက်မပြည့်ပဲ လုပ်ဆောင်နေရတာတွေ ကို ကြိုတင်ကာကွယ်ဖို့ ကို ဖြစ်တတ်တဲ့နေရာတွေ ကို သတင်းလွင့် မသွားဖို့  နေရာ သတ်မှတ်ပေးတာမျိုးတွေ ပါ။

မူလပထမ အခွင့်အရေး ဆိုတာ ကို တောင်းဆိုခြင်းထက် မသိမသာ ရယူတတ်ဖို့ လိုမှာပါ...
စနစ်တကျ စီစဉ် အကွက်ချ ထောက်ပြ ရယူ နိုင်အောင် နည်းလမ်း ရယူရမှာပါ...
ကလေးတစ်ယောက် ကျောင်းရောက်ဖို့  နယ်ကျောင်းသားတစ်ယောက် အစိုးရ အဆောင်ရဖို့  စတိုင်ပင်ရဖို့  ပါ။

သွားခွင့်ရနေရာ ကို ရန်သူ ကို အသုံးချ သွားလာခြင်းဖြင့် ဘေးကင်း အောင် လုပ်ရင်း လုပ်ချင်တာကို လုပ်ယူနိုင်မှာပါ။

ပြိုင်ဘက်ကောင်း လိုသတ်မှတ် သွယ်ဝှိက်ခိုင်းစေ..

ရန်သူဟာ ဘယ်တော့မှ မိတ်ဆွေ ကောင်းဖြစ်လာမှာ မဟုတ်ပေမဲ့
မိတ်ဆွေလိုသတ်မှတ် ပြိုင်ဘက်ကောင်း လိုသတ်မှတ် နိုင်ရမှာပါ...

မိတ်ဆွေ လို ဖြစ်လာပေမဲ့ တချိန်ချိန်မှာတော့ ရန်သူ အချိန်မရွေးပြန်ဖြစ်နိုင်တာပါ...

မိတ်ဆွေကနေ ရန်သူဖြစ်သွားတာသာ ရှိတာပါ... ရန်သူကနေ မိတ်ဆွေကောင်း လို ဖြစ်သွားတာ နည်းပါတယ်...
အထုံးလေးကတော့ အမြဲရှိနေတာပါ....ဖယောင်းသုတ်ချောထားတာပါ ...အချိန်မရွေးပြန်ပျော် နိုင်ပါတယ်...

သူကဥပဒေဘောင်တွင်း ဆို ကိုယ်လည်း ဥပဒေဘောင်းတွင်းကနေ ပြောရေးဆိုခွင့် ရှိ အဖွဲ့  ခွဲ ရှိနေမှ ပြိုင်ဘက်ကောင်းလို သတ်မှတ် နိုင်ပြီး ယှဉ်ပြိုင် နိုင်မှာပါ...

ထိပ်တိုက်ရင်ဆိုင်တာ ရှိရသလို ပြိုင်ဘက်ကောင်း ပါ ထားနေရမှာပါ...
ပြိုင်ဘက်ကောင်း ကို လုပ်ချင်တာတွေ ကို ဆွေးနွေး ဖြစ်ချင်တာတွေ ကို လုပ်ရင်းနေရာ ယူ လာရင် ပြိုင်ဘက်ပါ လိုက်လုပ်လာပြီး ပြိုင်ဘက်ကို ခိုင်းစေလာနိုင်မှာပါ။

လူမှုရေးအရင်းအမြစ် အသုံးချ ကူညီခြင်း
နေရာတကာမှာ လူမှုရေးအကြောင်းပြုပြီး အင်အားကြီးမားအောင်လုပ် စွမ်းအင်ကိုထုတ်နူတ် နေရာယူ ရန်သူ ဘောင်တွင်း ကနေ ယှဉ်ပြိုင် နေရာ ရအောင်လုပ်ရမှာပါ

ဘယ်နိုင်ငံမှာမဆို စည်းဘောင်တအားများနေရင် လူမှုရေးကတော့ ခွင့်ပြုရပါတယ်...
နိုင်ငံရေး အသုံးချဖို့ တစ်ခုထဲကိုပဲ လုပ်ရင်တော့ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ပါဘူး
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့...

ကွန်ယက်တွေ လုပ်တယ်ဆိုပေမဲ့ စေတနာမပါ နိုင်ငံရေး အသုံးချ ရုံသက်သက် တွေ အဆက်အသွယ်ပြတ်တောက် နယ်ကို မရောက်လို့ ကတော့ ထူးမခြားနားပါပဲ...

၁၉၉၆ ကဆို ကျောင်းသားတွေကလုပ်ပေမဲ့ တကယ် ပါသင့်သူတွေ ဘေးရှောင် အခွင့်အရေး အော်ပေး ပါသာပြောပြီး အသုံးချခံသာ ဖြစ်သွားပြီး နောက်မှ စာထုတ် အလုပ်ရှုပ်သယောင် လုပ်နေတာမျိုးတွေ ကတော့ ဘယ်တော့မဆို ပန်းတိုင်ဝေးဝေး ကျောင်းဆွေးဆွေးသာဖြစ်သွားတယ်...

သမိုင်းကို နောက်ချန်ထား မသိကျိုးကျွန်ပြုလို့ မရပါဘူး ...အဖြေမှန်တွေ ထွက်ထွက်လာနေမှာပါ။

စစ်မှန်တဲ့ လူမှုရေးကူညီမှုကနေ ရသင့်တာတွေ တစ်နေ့ ရမှာပါ...

ပဲခူးရေဘေး ဒုက္ခသည်


ပရိယေသန ဝမ်းစာရှာရတဲ့ ကလေးတွေ



Child street musicians filmed on 33rd Street in Rangoon. A great song. Yangon. ဆိုပြီး ယူကျုမှာ cadenza546 ဆိုသူက တင်ထားတာ တွေ့ပါတယ်။ ကလေးတွေရဲ့ အပြစ်ကင်းတဲ့ မျက်နှာတွေကို မြင်ရမယ်၊ မြန်မာပြည်သားပီပီ စိတ်မကောင်း ဖြစ်ရမယ်။ မတရားတဲ့ နည်းနဲ့ ချမ်းသာ၊ အာဏာလက်ကိုင်နဲ့ ကြွယ်ဝတာတွေထက် အဲဒီလို ပရိယေသန ဝမ်းစာရှာရတဲ့ ကလေးတွေကို ပိုလေးစားမိပါ၏။

Sunday, July 24, 2011

လက်ရှိကချင်ပြည်နယ်နှင့်တိုင်းရင်းသားဒေသများတွင်စစ်အစိုးရ၏ထိုးစစ်ဆင်မှု့စစ်အစိုးရ၏ ဒီမိုကရေစီသည်အတုအယောင်သာဖြစ်ကြောင်းဆွေးနွေးပွဲကိုဂျပန်တွင်ကျင်းပ























လက်ရှိကချင်ပြည်နယ်နှင့်တိုင်းရင်းသားဒေသများတွင်စစ်အစိုးရ၏ထိုးစစ်ဆင်မှု့များနှင့်
အစိုးရသစ်တရပ်ပေါ်ထွက်လာသော်လည်းတိုင်းရင်းသားဒေသများတွင်
ယခင်ထက်ပိုမိုဆိုးရွားသောအခြေအနေမျာသို့ရောက်ရှိနေခြင်းနှင့်
မြန်မာစစ်အစိုးရ၏ ဒီမိုကရေစီသည် အတုအယောင်သာဖြစ်ကြောင်း၊
ပတ်သတ်သောဆွေးနွေးပွဲတရပ်
ကိုဂျပန်လွှတ်တော် အဆောက်အဦး ၃ . B1-၁၀၃ ခမ်းမတွင်ကျင်းပခဲ့ရာ၊
လက်ရှိအာဏရပါတီမှလွှတ်တော်အမတ်များ၊ ဂျပန်အခြေစိုက်တိုင်ရင်းသားများ
CNC. Japapn၊ KNO-Japan ၊ KNL-Japanမှ တာဝန်ရှိသူများနှင့်ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအဖွဲ့အစည်းများ၊NGOများတက်ရောက်ကြပါသည်။

သတင်းပေးပို့သူ---------စောကစ်စင်ဂျာ