Tuesday, August 2, 2011
Monday, August 1, 2011
မြန်မာစစ်တပ်အချင်းချင်း မော်တာကျည်ဖြင့် အပြန်အလှန်ပစ်ခတ်ကြ
ဆားမှော်နယ်မြေခံ ခလရ (၁၀၅)၏ မုံခေါင်ရောက် လှုပ်ရှားစစ်ကြောင်းတစ်ခုသည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်း မုံခေါင်အနီး ပန်ဆပ်(Pang Sap)ကျေးရွာ အောက်ပိုင်း၊ ကျွန်းသစ်စိုက်ကွင်းတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)၏ လုံခြုံရေးမိုင်း နင်းမိသည်။
ဇူလိုင် ၂၈ ရက် ဗုံးပေါက်သည့်နေရာတွင် နေရာယူနေဆဲ မြန်မာတပ်များအား KIA တပ်ရင်း ၂၇ က ပစ်ခတ် သွားပြီးနောက် မုံခေါင်ရှိမြန်မာတပ်နှင့် မြန်မာစစ်ကြောင်းတပ်များကြား မော်တာကျည်ဆံဖြင့် အပြန်အလှန် ပစ်ခတ် ကြခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးပြောသည်။
“အဲဒီစစ်ကြောင်းက မုံခေါင်ရွာထဲကို လက်နက်ကြီးနဲ့ လေးခါပစ်ထည့်လိုက်ကြတယ်တဲ့ မနေ့က ၂ နာရီခွဲလောက်မှာ မော်တာကျည်က စာသင်ကျောင်းနားမှာ တစ်ခု၊ ရပ်ကွက် ၄ မှာတစ်ခု၊ RCM (Roman Catholic Mission) ဘုရားရှိခိုးကျောင်းနားမှာ တစ်ခု၊ သူတို့(ခလရ၁၀၅)စစ်တပ် နားမှာတစ်ခု၊ ၁၀၅ တွေအချင်းချင်း၊ ဒီလိုနဲ့ မုံခေါင်ဘက်က ပြန်ပစ်လိုက်၊ ၂ ခေါက်တောင်” ကျောင်းစာသင်ချိန်တွင် ကျည်ပေါက်ကွဲသံကြောင့် အလန့်တကြား ၀ပ် ကြရသည်ဟု မုံခေါင်အထက်တန်းကျောင်းဆရာမတစ်ဦးနှင့် နီးစပ်သူများမှ တဆင့်သိရသည်။
မုံခေါင် တပ်စခန်းမှ တပ်ကူရောက် မ လာသည့်အတွက် မြန်မာတပ်အချင်းချင်း ရှေ့တန်းစစ်ကြောင်းက နောက်တန်းကို တမင်တကာ ပစ်လိုက်ပုံရသည်ဟု KIA အရာရှိက ထင်မြင်သည်။
မုံခေါင် ခလရ ၁၀၅ တပ်စခန်းနှင့် ၎င်းတို့ရှေ့တန်းစစ်ကြောင်းမှာ သုံးမိုင်ခန့် ကွာဝေးကြကာ မြေပြန့်တွင် ဖြစ်သည်ဟုလည်း သိရသည်။ သေကြေဒဏ်ရာရမှု ရှိမရှိ မ သိရပါ။
တောင်ကိုးရီးယားတွင် လူနှစ်ယောက်သေဆုံးခဲ့သည့် Boeing 747 လေယာဉ်ပျက်ကျမှု
ပြည်နယ်ဝန်ကြီးအိမ်ယာများ အကုန် မပြီးစီးသေး
နယ်ခြားစောင့် ၁၀ဦး KNLA တပ်မဟာ(၇)ထံ လာရောက်ပူးပေါင်း
ဆက်ကြေးမပေးနိုင်၍ ဘုရား သုံးဆူ လူထုအချို့နေအိမ် များမှ ရှောင်တိမ်းနေကြ
ဇူလိုင်လ ၂၉ ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ရပ်ကွက်လူကြီးများမှတ ဆက်ကြေးများ တောင်းခံပြီး ဇူလိုင်လကုန် နောက်ဆုံးထားကာ ပေးခိုင်းသည့်အတွက် ယခုဆိုလျှင် မြို့ခံတချို့မှာ မိမိတို့၏ နေ အိမ်များမှ ရှောင်တိမ်းနေကြသည်ဟု သိရသည်။
ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၃)နေ ပရိဘောဂလုပ်ငန်းရှင်တစ်ဦးက “ရပ်ကွက်တခုတည်းကို ဘတ် လေးသိန်းတောင်းတယ်။ ကျနော်တို့က ဘယ်လိုပေးနိုင်မလဲ။ အခုတလော လုပ်ငန်းကလည်း မကောင်းတော့ အဆင်မပြေဘူး။ ဒီ ၇လပိုင်းအကုန်မှာ ပေးခိုင်းတော့ အခုဆိုရင် ငွေကြေးအတန်အသင့် ရှိသူတွေတောင် ရှောင်ပြေးကုန်ကြပြီ။”ဟု ပြောသည်။
မွန်သတင်းဌာနတွင် ဖော်ပြချက်အရ ရာမညအမည်ရှိ ၎င်းလက်နက်ကိုင်အဖွဲ့သည် ရပ်ကွက်လူကြီးထံ တယ်လီဖုန်းမှတဆင့် ဆက်ကြေးကောက်ခံကာ ဇူလိုင်လအကုန်တွင် ပေးဆောင်ခိုင်းခဲ့ပြီး မပေးဆောင်ပါက မြို့အတွင်း မီးရှို့ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုသေးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “မွန်အဖွဲ့တစ်ဖွဲ့ကနေ ရပ်ကွက်လူကြီးဆီမှာ ဖုန်းဆက်ပြီး ဆက်ကြေးတောင်းတယ်။ ဒီလကုန်ရင်ပေးရမယ်တဲ့။ မပေး ရင် မြို့တွင်းထဲမှာ မီးရှို့မယ်။ ဒါမှမဟုတ် တစ်ခုခုလုပ်မယ်ဆိုပြီးပြောသွားတယ်။ ဒါကြောင့် တချို့လူတွေဆို နီးစပ်တဲ့မြို့တွေ၊ ထိုင်းနိုင်ငံဘက်နဲ့ မြန်မာပြည်အောက်ဘက်ကို ရှောင်သွားကြတယ်။”ဟု ဆိုသည်။
ဘုရားသုံးဆူမြို့တွင် လူအများစုသည် ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်ကြပြီး လတ်တလော လုပ်ငန်းများ အဆင်မပြေမှုကြားမှ ယခုလို ဆက်ကြေးတောင်းခံလာမှုအပေါ် ပစ်ခတ်မှုများဖြစ်လာမည်စိုး၍ အချို့ဈေးသည်များပင် ဆိုင်ခန်းများ ပိတ်ထားကြ သည်ဟု သိရသည်။
အဆိုပါအဖွဲ့သည် ယခင်ကလည်း ဘုရားသုံးဆူမြို့အနီးရှိ ကရင်နှင့် မွန်လူမျိုးများ နေထိုင်သည့် ကျေးရွာအချို့နှင့် ရာဘာ ခြံများတွင် ဆက်ကြေးကောက်ခံလျှက်ရှိပြီး မြို့ပေါ်တွင် ကောက်ခံခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း မွန်သတင်းထောက် တစ်ဦးက ရှင်းပြသည်။
ရာမညအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးနိုင်ရှောင်သည့် ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ ၂၆ရက်နေ့တွင် စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ကျန်ရှိနေသည့် အဖွဲ့ဝင်အချို့မှ ယခုလို ဆက်ကြေး ဆက်လက် တောင်းခံနေခြင်း ဖြစ်သည်။
ဘုရားသုံးဆူမြို့တွင် အဓိကအားဖြင့် ရပ်ကွက်(၄)ခုရှိရာ ယခု ဆက်ကြေးအတောင်းခံရသည့် ရပ်ကွက်မှာ ငွေကြေးတတ်နိုင် သူ အများစု နေထိုင်သည့်ရပ်ကွက်ဖြစ်ပြီး ဇွန်လ ၁၄ရက်နေ့က ၎င်းရပ်ကွက်နေ ဦးအောင်တင်ဝင်း၏ ရွှေဆိုင်နှင့်တွဲလျှက် ကုန် စုံဆိုင်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင် ၇ဦးခန့်က လက်နက်ကြီးငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
ပြီးခဲ့သည့် ဇွန်လက ဘုရားသုံးဆူမြို့မဈေးအနီးရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ ၀င်များ ၀င်ရောက်ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မြို့ခံအချို့ ထိခိုက်သေကြေကြသည့်အပြင် ဘုရားသုံးဆူမြို့ခံ ၃၀,၀၀၀ခန့် မှာ ယနေ့အချိန်ထိ ထိတ်လန့်နေကြဆဲဖြစ်သည်။
ကရင့်တော်လှန်ရေးသမား ၅၀ခန့် သတ်ဖြတ်ခဲ့ကြောင်း ထုတ် ဖော်ပြောဆိုလာသူ စောမွန်းဆာ
ကရင်တော်လှန်ရေးသမားအချင်းချင်း သွေးကွဲအောင် သတင်းမှား ဖြန့်တာ၊ အပြစ်မဲ့ သူများကို အပြစ်ရှိအောင် လုပ်ကြံဖန်တီးမှုတွေကို လုပ်ဆောင်ခဲ့သည့်အပြင် စစ်အစိုး ရထံ သတင်းပေးသည့်အလုပ် လုပ်ဆောင်ရာတွင်လည်း တိရိစ္တာ ကုန်သည် အဖြစ် ဟန်ဆောင်ခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်တပ်မှ ကရင်လူမျိုးများကို သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးနောက် စစ်တပ် သူသျှိုအလုပ်ကို စွန့်လွတ်ရပ်ဆိုင်းလိုက်ပြီးမှ ဒုက္ခသည် စခန်းမှတဆင့် သြစတြေးလျားကို ရောက်ရှိလာသူဖြစ်သည်ဟု ပြောဆိုထားသည်။
စာမတတ်တဲ့ လယ်သမားကို အာဏာပိုင်နဲ့ စီးပွားရေးသမား လိမ်လည်ပြီး လယ်သိမ်းယူ
ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် မြန်မာကရင်စုကျေးရွာမှာ အာဏာပိုင်တွေနဲ့ စီးပွားရေးသမားတွေ ပူးပေါင်းပြီး စာမတတ်တဲ့ လယ်သမားတွေရဲ့ လယ်ကို လိမ်လည်သိမ်းယူမှု ဖြစ်ပွားခဲ့ပါတယ်။
ကျိုက်လတ်မြို့နယ် မြန်မာကရင်စုရွာမှာနေတဲ့ ကိုအောင်စိုးနဲ့ မောင်နှမသုံးဦးပိုင် လယ်မြေကို စီးပွားရေးသမားနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းသိမ်းယူတာ ဖြစ်ပါတယ်။
ကိုအောင်စိုးနဲ့ မောင်နှမတွေဟာ မြန်မာကရင်စုရွာမှာရှိ သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေ ၆ ဧက လုပ်ခဲ့လာတာ နှစ်ပေါင်းများစွာ ရှိနေပေမယ့် အာဏာပိုင်က စာမမတ်တဲ့ ကိုအောင်စိုးကို လက်မှတ်အတုနဲ့ နိုင်ငံတော်က လယ်မြေ သိမ်းယူကြောင်း ပြောခဲ့ပါတယ်။
အဲဒီလယ်ထဲ ဆက်လုပ်နေတဲ့ ကိုအောင်စိုးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲဆို ထောင်ချခဲ့တဲ့ အပြင် ပြီးခဲ့တဲနှစ် ဆောင်းစပါး ရိတ်သိမ်းပြီးလို့ စပါးကို လယ်ထဲကနေ အိမ်ကိုသယ်ယူချိန် အာဏပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
မိမိလယ်မြေက စပါးကို သိမ်းဆည်း သယ်ယူနေတာကို အာဏာပိုင်တွေက ခိုးမှုနဲ့ဆိုပြီး ကိုအောင်စိုးကို ကျိုက်လတ်မြို့နယ် ရဲစခန်းမှာ ပြီးခဲ့တဲ့ မေလကစပြီး ချုပ်နှောင်ထားတယ်လို့ ကိုအောင်စိုးရဲ့ညီ ကိုကိုကြီးက ပြောပါတယ်။
“ကျနော်တို့ စပါးကို ကျနော်တို့ ပြန်ဖမ်းတာပေါ့နော်။ ရဲအုပ်သီဟကျော်ရယ်၊ မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ရယ်၊ ဦးသောင်းစိန်နဲ့ အပေါင်းအပါတွေက ကျနော့်အကို ကိုအောင်စိုးကို လာခေါ်သွားတယ်။ ကျနော်က လိုက်ပြီး မေးတဲ့အခါကျတော့ ဒုရဲအုပ် သီဟကျော်က ကျနော့်ကို ပြောတယ်။ မင်းအကို အောင်စိုးကို ၃၇၉ နဲ့ အထက်က အမိန့်ကျလို့ သူတို့ ဖမ်းရတာတဲ့။ လုပ်ကြံပြီးတော့ လယ်ယာမြေကို လက်မှတ်အတုနဲ့ သိမ်းဆည်းလိုက်တယ် ဆိုပြီးတော့ ပိုင်နက် ကျူးလွန်မှုနဲ့ သူတို့က ကိုအောင်စိုးကို ထောင်ချထားပြီး ခိုးမှုနဲ့ အခု ထပ်ပြီးတော့ စွဲထားတယ်။ ကျနော့်အကို ကိုအောင်စိုးက စာမတတ်ဘူး။ လက်ဗွေပဲ နှိပ်တယ်။ အဲဒါကို မြန်မာကရင်စု အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နဲ့ ဦးသောင်းစိန်နဲ့ ဒုရဲအုပ် သီဟကျော်က လက်မှတ်အတုလုပ်ပြီး မြို့နယ်က လူတွေ အကုန်လုံးကို လိမ်ပြီး လုပ်နေတော့။ ကျနော်တို့က အခု ခိုးမှုလည်း မြောက်နေတယ်၊ ကျနော့်အကိုက ထောင်လည်း ကျသွားလို့ နစ်နာနေပြီ။ ဒါကြောင့်မို့ ကျနော်က အခုလို တိုင်ရတာပါ။”
ကိုအောင်စိုးကို ချုပ်နှောင်ထားပြီး သူ့ဇနီး မကြည်ကြည်ခင်ကိုပါ အကျိုးဖျက်စီးမှုနဲ့ ခိုးမှုစတဲ့ အမှုနှစ်မှုနဲ့ ထမ်မံ တရားစွဲထားပါတယ်။
မကြည်ကြည်ခင်မှာ လူမယ် ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ရင့်နေပြီမို့ အာမခံနဲ့ ပြန်လွတ်ပေးထားတယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။
“ကျမတို့ ဥစ္စာကို သူတို့က သိမ်းဆည်းပြီးတော့ မတော်မတရား လုပ်ကြံပြီးတော့ လက်မှတ်အတုနဲ့ ကျမယောက်ျားက လယ်ယာမြေကို အပ်ပါတယ်ဆိုပြီး ရုံးတင်လိုက်တယ်။ အခုတခါ ကျမတို့က ကျူးကျော်ပါတယ် ဆိုပြီးတော့ ကျမတို့ကို ခိုးမှုနဲ့ရော ကျူးကျော်မှုနဲ့ပါ ပြန်လုပ်ထားတယ်။ ကျမတို့မှာ အချုပ်ထဲ ချုပ်ခံရတဲ့သူနဲ့ အပြင်မှာ အာမခံ ထားရတဲ့သူနဲ့။ ကျမမှာလည်း ကလေးနှစ်ယောက်ရှိတယ်။ နောက်ထပ်လည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ စားဝတ်နေရေးကလည်း မပြေလည်ဘူးလေ။ ကျမယောက်ျားကလည်း မရှိဆိုတော့ ကျမဘ၀ အခက်အခဲကို မနည်းကို ကြိုးစားနေရပါတယ်။”
ဒီလို မတရား ပြုလုပ်ခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ၊ မြို့နယ်တွေအထိ တက်ရောက် တိုင်ကြားပေမယ့်လည်း သူ့တို့အမှုကို အရေးယူ ဆောင်ရွက်ပေးမှု မရှိဘူးလို့ ကိုကိုကြီးက ပြောပါတယ်။
ဒီလို အရေးမယူပေးတာဟာ မြန်မာကရင်စုရွာ အာဏာပိုင်တွေက လိမ်လည်ပြီး လက်မှတ်အတုနဲ့ သိမ်းဆည်းထားတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ မိမိပိုင်လယ်မြေထဲ ၀င်ရောက်လုပ်ကိုင်လို့ မရတော့ဘဲ စီပွားရေးသမားနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ငှားရန်းထားတဲ့ သူတွေက ၀င်ရောက် လုပ်ကိုင်နေတဲ့အတွက် စားဝတ်နေရေး ကျပ်တည်း ကုန်တယ်လို့ မကြည်ကြည်ခင်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အမြန်ဆုံးလွှတ်ရန် ဘန်ကီမွန်း တိုက်ရိုက်ဖုန်းဆက် တောင်းဆို
မြန်မာနိုင်ငံထဲ အကျဉ်းထောင်တွေထဲမှာ မလွတ်မြောက်သေးဘဲ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ်ဏမောင်လွင်ကို တယ်လီဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ်ပြောကြားပြီး ထပ်မံ တောင်းဆိုခဲ့တယ်လို့  ကုလသမဂ္ဂက သတင်းထုတ်ပြန် လိုက်ပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပေါ် ကြိုဆိုလိုက်ပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာဘန်ကီမွန်းက ခုလို တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးတာဟာ မြန်မာအစိုးရ လုပ်ဆောင်နိုင်တဲ့ တခုတည်းသော အရေးအကြီးဆုံး အလုပ်ဖြစ်တယ် ဒါကိုမြန်မာအစိုးရက လုပ်ဆောင်ဖို့ နိုင်ငံတကာအသိုင်းအ၀န်းက မျှော်လင့်နေတာ ဖြစ်တယ်လို့ မစ္စတာဘန်ကီမွန်းက ပြောတဲ့အကြောင်း ကုလသမဂ္ဂ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားရာမှာ မြန်မာအစိုးရအဖွဲ့သစ် ကြေညာထားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို သူ့ အနေနဲ့ လူသိရှင်ကြား ကြိုဆိုတဲ့တယ်လို့ အတွင်းရေးမှူးချုပ်က အလေးထား ပြောကြားခဲ့ကြောင်း ဘန်ကီမွန်းရဲ့  ပြောခွင့်ရသူက ပြောပါတယ်။
မြန်မာအစိုးရဟာ ခုဆိုရင် အကောင်အထည် ပြနိုင်တဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်နေပြီး နိုင်ငံကို ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီကျတဲ့၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်အောင် ရှေ့ခရီးဆက် လှမ်းနိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း အတွင်းရေးမှူးချုပ်က ဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ အစိုးရတပ်တွေ အကြား လတ်တလော ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်မှုကို စိုးရိမ်ပူပန်ကြောင်းနဲ့ အစိုးရအနေနဲ့ အခြေအနေကို ငြိမ်းချမ်စွာဖြေရှင်းဖို့ လိုတယ်လို့ လည်း မစ္စတာဘန်ကီမွန်းက ဦးဝဏ်ဏမောင်လွင်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဘန်ကီမွန်းရဲ့ ပြောဆို တိုက်တွန်းချက်တွေကို မြန်မာဝန်ကြီးက ဘယ်လို တုံ့ပြန်ပြောဆိုခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။ မြန်မာနိုင်ငံတွင်းက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်ထားပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောဆိုနေဆဲ ဖြစ်ပါတယ်။



