Thursday, October 13, 2011

Thursday, October 13, 2011 ၁၂-၁၀-၂၀၁၁ လွတ်မြောက်သော နိုင်ငံရေးအကျဉ်းသားစာရင်း

12 10 2011 Political Prisoners

Wednesday, October 12, 2011

ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)မှလည်းကျန်ရစ်ခဲ့သောမိသားစုများ၊ ကရင်အမျိုးသားများနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲမိပါကြောင်း


ကရင်အမျိုးသားအတွက်တိုက်ပွဲဝင်နေစဉ်ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ၆၃နှစ်သည် အောက်တိုဘာ လ ၇ရက်နေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်၊။
ကရင့်တော်လှန် ရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်၊ 
ကရင်အမျိုးသားအဖွဲ့ ချုပ်(ဂျပန်)မှလည်းကျန်ရစ်ခဲ့သောမိသားစုများ၊ ကရင်အမျိုးသားများနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲမိပါကြောင်းပါသည်၊၊




KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ဈာပနပြီးစီး

Submitted by on Tuesday, 11 October 2011--
KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ဈာပနပြီးစီး
အောက်တိုဘာလ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ၆၃နှစ်သည် အောက်တိုဘာ လ ၇ရက်နေ့ညက နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ဈာပနကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယမန်နေ့က ပြု လုပ်ပြီးစီးခဲ့သည်။
၎င်း၏ဈာပန အခမ်းအနားကို အောက်တိုဘာလ ၁၀ရက်နေ့ မွန်းလွဲ ၂နာရီအချိန်တွင် နှစ်ခြင်းခရစ်ယာန်၏ အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ဒီအိုခေါင်းဆောင်များ၊ ကေအဲန်ယူခေါင်းဆောင်များ၊ မဟာမိတ်ခေါင်းဆောင်တချို့ အပါအ၀င် လူ ပရိဿတ် ၅၀၀ခန့် တက်ရောက် ဂါရ၀ပြုကြသည်ဟု ကေအဲန်ဒီအို အသိုင်းအ၀ိုင်းက ပြောသည်။
စောဆာ့ကလယ်မူ့သည် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မူသယ်ကျေးရွာတွင် စကော်ဖိုးလှနှင့် နော်ဂေဖီ တို့မှ ၁၉၄၈ခုနှစ်က မွေးဖွားခဲ့ပြီး မွေးချင်းမောင်နှမ ၆ဦးအနက် စတုတ္ထမြောက်သား ဖြစ်သည်။
သူသည် ညောင်လေးပင်ခရိုင်တွင် အစိုးရ အထက်တန်းကျောင်း သတ္တမတန်း အောင်မြင်ပြီးနောက် အသက် ၁၅နှစ်အရွယ် တွင် ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ၌ စတင် စစ်မှုထမ်းခဲ့သည်။ ၂၀၀၅ခုနှစ်၊ ဧပြီလ ၂၃ရက်နေ့တွင် KNDO ၏ ဒုတိယ စစ် ဦးစီးချုပ်တာဝန်ကို ကွယ်လွန်ချိန်အထိ ထမ်းဆောင်ခဲ့သည်။
KNDO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်သွားသောကြောင့် KNDO တပ်ဖွဲ့သာမက ကရင့်တော်လှန် ရေးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု နှစ်ပေါင်းများစွာ တွဲလုပ်ခဲ့သည့် KNDO ရုံးထိုင်မှူး ဗိုလ်မှူးရစ်ချတ်က ပြောသည်။
“ခေါင်းဆောင်တစ်ယောက် ကွယ်လွန်ပြီဆိုရင် အဖွဲ့အစည်းတခုကိုကော တော်လှန်ရေးတစ်ခုလုံးအတွက်ပါ အများကြီး ဆုံးရှုံး နစ်နာမှုတစ်ခုပါ။ အခု သူက ကျနော်တို့ KNDO ရဲ့ ဒုတိယစစ်ဦးစီးချုပ် တာဝန်ယူထားတဲ့အတွက် သူ့ကို နှမြောပေမယ့် မတတ်နိုင်ဘူး။ အမျိုးသားအတွက် သူ တာဝန်ကျေပွန်သွားပြီ။”ဟု ပြောသည်။
သို့သော် မပြီးဆုံးသေးသည့် အမျိုးသားရေးတာဝန်ကို ကျန်ရှိနေသော ခေါင်းဆောင်များနှင့် ရဲဘော်ရဲဘက်များက ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ဆက်လက် ထမ်းဆောင်ရအုံးမည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
KNDO ၏ ဗဟိုလုံခြုံရေးမှူး ဗိုလ်မှူးရှဲကလူက “အဘိုး ဆာ့ကလယ့်မူးဟာ ရုံးလုပ်ငန်းနဲ့ ပတ်သက်တာတွေအားလုံးကို ရုံးထိုင် မှူးနဲ့ လက်တွဲပြီး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူပါ။ အဲဒါကြောင့် အခု သူ ဆုံးသွားတဲ့အပေါ်မှာ ကျနော်တို့ KNDO အဖွဲ့ အားနည်းသွားသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းမှုလည်း အများကြီးဖြစ်စေတယ်။”ဟု ပြောသည်။
ဗိုလ်မှူးကြီးဆာ့ကလယ်မူး ကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး ၄ဦး၊ သား ၂ဦး ကျန်ရစ်ခဲ့သည်။

Burma to Free 6,359 Prisoners

ဇာဂနာ လွတ်ပြီး မင်းကိုနိုင်ကျန်မယ် လို့ နေပြည်တော်က ပြော

2011-10-11
မနက်ဖြန် သီတင်းကျွတ် လပြည့်နေ့ကစပြီး အကျဉ်းသား ၆၃၅၉ ဦးလွတ်ငြိမ်း ချမ်းသာခွင့်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က ဒီနေ့ ကြေညာ လိုက်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ဦး ပါဝင်မယ် ဆိုတာတော့ မသိရသေးပါဘူး။
(Photo: AFP)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် (ဝဲ) နှင့် ကိုကိုကြီး (ယာ) တို့ ယခင် ပထမတကြိမ် ထောင်က လွတ်လာခါစ ၂၀၀၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနကို RFA က ဆက်သွယ်ပြီး အခုလွတ်မြောက်မယ့် သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်ပါသလဲလို့ မေးမြန်းခဲ့ရာမှာ တာဝန်ကျ အရာရှိ တစ်ဦးကတော့- “ကိုးယောက်တော့ ကိုးယောက်ပဲခင်ဗျ၊ ဇာဂနာတော့ ပါတယ်” အဲဒီအရာရှိက အခုလွတ်မယ့် သူတွေထဲမှာ ကိုမင်းကိုနိုင်တော့ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က RFA ကို အခုလိုပြောပါတယ်။ “ကြိုပြောလေ့ မရှိဘူးရှင့်၊ စစ်တွေက လွတ်တုန်းကလည်း လေယာဉ်ကွင်း သွားကြိုကာနီးမှ အိမ်က မိသားစု နှစ်ယောက် လိုက်ပါဆိုပြီးတော့ ခေါ်တာ၊ ၁၃ သွား ၁၅ ပြန်မယ်ဆိုပြီးတော့ လက်မှတ်ဝယ်ထားတာ၊ မွေးနေ့မှာ သူ့လည်း နည်းနည်းပါးပါး လှူရအောင်ပေါ့နော် ရန်ကုန်လည်း မွေးနေ့အမီ ပြန်မယ်ဆိုပြီး အခုဘာလုပ်ရမှန်း မသိဖြစ်နေတယ်” လာမယ့် အောက်တိုဘာလ (၁၃) ရက် မှာတော့ ကိုမင်းကိုနိုင် ရှိနေတဲ့ ကျိုင်းတုံထောင်ကို မိသားစုတွေ ထောင်ဝင်စာ တွေ့ဖို့ စီစဉ် ထားတယ်လို့ ပြောပါတယ်။ တခြား အတည်ပြုချက် မရသေးတဲ့ သတင်းရပ်ကွက် တစ်ခု အဆိုအရဆိုရင် လွတ်မြောက်မယ့် သူတွေထဲမှာ ၈၈ ကျောင်းသား ကိုဌေးကြွယ်နဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် တို့ ပါဝင်ကြောင်း သိရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်မှာ ထိုင်သင့်တဲ့ ပြစ်ဒဏ် ကျခံထားပြီး အကျင့်စာရိတ္တ ကောင်းလာတဲ့ အကျဉ်းသားတွေကို လူသားချင်း စာနာမှု၊ သူတို့မိသားစုတွေကို ငဲ့ညှာမှုနဲ့ နိုင်ငံ့အကျိုးအတွက် တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ကျန်နေတဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်သည်လို့ ဖော်ပြ ထားပါတယ်။ ခုချိန်ထိတော့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တစ်စုံတစ်ယောက်ကိုမှ သက်ဆိုင်ရာက အသိပေးတာ မရှိသေးပါဘူး။ ဒီအတောအတွင်း လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မယ့် ကိုမင်းကိုနိုင်ရဲ့၄၉ နှစ်မြောက် မွေးနေ့ကို ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် ၂ ရပ်ကွက် ဘူတာရုံလမ်းမှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက် ၈ နာရီကနေ ၁၀ နာရီထိ မွေးနေ့ အလှူကျင်းပဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက စီစဉ်နေကြပါတယ်

ဦး​သိန်း​စိန် အစိုး​ရ တိုင်း​ပြည်ငြိမ်း​ချမ်း​ရေး​ကိစ္စ ဘယ်လို အ​ကောင်အထည်​ဖော်​နေလဲ


October 11, 2011 by တိုင်းကျော်

ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ (၃) ရက်​နေ့​က လား​ရှိုး​မြို့​မှာ ဝတပ်ဖွဲ့​ခေါင်း​ဆောင်​တွေနဲ့​ ဦး​သိန်း​စိန်အစိုး​ရရဲ့​ ငြိမ်း​ချမ်​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​တို့​ ​တွေ့​ဆုံပြီး​ သ​ဘောတူညီချက်တချို့​ လက်မှတ်​ရေး​ထိုး​ခဲ့​ကြပါတယ်။ ဒီ သ​ဘောတူညီချက်နဲ့​ ပတ်သက်ပြီး​ အစိုး​ရပိုင်သတင်း​စာ​တွေမှာ အချက်အလက်တချို့​ ​ရေး​ပြထား​ပေမယ့်​ အဲဒီမှာ ​ဖော်ပြမထား​တဲ့​ တကယ့်​ အ​ခြေခံအချက်က​တော့​ (၃) ချက်ပဲ ရှိပါတယ်။ အဲဒါက​တော့​ ဝတပ်ဖွဲ့​တွေဟာ သူတို့​ လက်နက်​တွေ သူတို့​ ဆက်ကိုင်ထား​နိုင်မယ်၊​ သူတို့​ နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ စစ်​ရေး​အဖွဲ့​အစည်း​ ဆက်လက် ရပ်တည်ခွင့်​ရှိမယ်၊​ သူတို့​ ၀ နယ်​မြေကို သူတို့​ဘာသာသူတို့​ ဆက်လက် စီမံအုပ်ချုပ်ခွင့်​ရမယ် ဆိုတဲ့​ အချက်​တွေပဲ ဖြစ်ပါတယ်။ တကယ်​တော့​ ဒါဟာ အထူး​အဆန်း​ မဟုတ်ပါဘူး​။ ၀ တပ်ဖွဲ့​အ​နေနဲ့​ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီက​နေ ခွဲထွက်ပြီး​ခဲ့​စဉ် အဲဒီ အချိန်တုန်း​က စစ်အစိုး​ရ နဲ့​ ရရှိခဲ့​တဲ့​ သ​ဘောတူညီချက် အတိုင်း​ပဲ ဖြစ်ပါတယ်။ သ​ဘောတူညီချက်မှာ ပါတဲ့​ အခြား​အချက်​တွေက​တော့​ ၀ နယ်ထဲ အစိုး​ရဝန်ထမ်း​တွေ ပြန်ပို့​မယ်၊​ ၀ နယ်ပြင်ပမှာ ၀ အဖွဲ့​အစည်း​ စီး​ပွား​ရေး​လုပ်ငန်း​တွေ ပြန်လုပ်ခွင့်​ပေး​မယ် ဆိုတာပါပဲ။ ခြုံပြီး​ ​ပြောရရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေလက်ထက် နယ်ခြား​စောင့်​တပ်ဖွဲ့​ရေး​ ကိစ္စ ဖိအား​မ​ပေး​ခင်က အ​ခြေအ​နေအတိုင်း​ပဲ ဖြစ်ပါတယ်။

ဒီ​ နေရာမှာ ထူး​ခြား​ချက်အ​နေနဲ့​ ​ပြောရရင် ၀ တပ်ဖွဲ့​ကို ရှမ်း​ပြည်နယ်အစိုး​ရ ကိုယ်စား​လှယ် အဖွဲ့​နဲ့​ ​တွေ့​ပြီး​ မကြာခင် ပြည်​ထောင်စုအစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ မြန်မြန်ဆန်ဆန် ​တွေ့​ခွင့်​ရ၊​ မြန်မြန်ဆန်ဆန် ငြိမ်း​ချမ်း​ရေး​ စာချုပ် ချုပ်ဆိုနိုင်ခဲ့​တဲ့​ အချက်ဖြစ်ပါတယ်။ ဒီ အချက်ကိုကြည့်​ရင် ဦး​သိန်း​စိန်အစိုး​ရဟာ တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ ဖြစ်​ပေါ်ဖို့​ တကယ်ပဲ လိုလား​နေလို့​လား​၊​ ဒါမှမဟုတ် တိုင်း​ရင်း​သား​လက်နက်ကိုင် တပ်ဖွဲ့​တွေကို တဖွဲ့​ကို ပုံစံတမျိုး​ ဆက်ဆံပြီး​ ခွဲခြား​ချေမှုန်း​ဖို့​လား​ ဆိုတာ ​မေး​စရာ ဖြစ်လာပါတယ်။

တကယ်ဆို ဒီထက် အ​စောပိုင်း​ကတည်း​က ကချင်ပြည်နယ် အစိုး​ရအဖွဲ့​နဲ့​ ​ကေအိုင်​အေ တပ်ဖွဲ့​တို့​ ​တွေ့​ဆုံခဲ့​ကြတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု အစိုး​ရအဆင့်​နဲ့​တော့​ ​တွေ့​ဆုံခွင့်​ မ​ပေး​ခဲ့​ပါဘူး​။ အခြား​တဖက်မှာလည်း​ အစိုး​ရတပ်​တွေအ​နေနဲ့​ ​ကေအိုင်​အေ နယ်​ခြေထဲ ချဉ်း​နင်း​ဝင်​ရောက်တာ စစ်​ရေး​အရ ရန်စ ကျူး​ကျော်တာ​တွေ လုပ်ပါတယ်။ ​ဆွေး​နွေး​ပွဲနဲ့​ ပတ်သက်ရင်လည်း​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာပါတဲ့​အတိုင်း​ နိုင်ငံမှာ လက်နက်ကိုင် တပ်မ​တော်တခုတည်း​ ရှိရမယ် ဆိုတဲ့​ မူနဲ့​ပဲ ​ဆွေး​နွေး​မယ်။ နယ်ခြား​စောင့်​ တပ်ဖွဲ့​စည်း​ရေး​ ဖိအား​ပေး​တာကို လက်မလွှတ်​သေး​ဘူး​ ဆိုတဲ့​ မူနဲ့​ ချဉ်း​ကပ်ခဲ့​တဲ့​အတွက် ​ဆွေး​နွေး​ပွဲ​တွေ အလုပ်မဖြစ်ခဲ့​တာ ဖြစ်ပါတယ်။ အခု​တော့​ ​ကေအိုင်​အေ တပ်ဖွဲ့​တွေရှိတဲ့​ ​နေရာတိုင်း​လိုလို​လောက်မှာ တိုက်ပွဲ​တွေ ဖြစ်​နေပါပြီ။ တကယ်​တော့​ လက်ရှိ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ​ကေအိုင်​အေကို ​ပေး​ရင် ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်မှာ ငြိမ်း​ချမ်း​ရေး​ မရစရာ အ​ကြောင်း​မရှိပါဘူး​။

အလား ​တူပါပဲ၊​ နိုင်ငံ​တောင်ဘက် အခြမ်း​မှာလည်း​ ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) ဟာ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲ ငြိမ်း​ချမ်း​ရေး​လုပ်ဖို့​ အမြဲ အသင့်​ရှိ​နေခဲ့​တာပါ။ ​ဆွေး​နွေး​ပွဲ​တွေလည်း​ အကြိမ်ကြိမ် လုပ်ခဲ့​ဖူး​ပါတယ်။ ဒါ​ပေမယ့်​ တကြိမ်မှ ငြိမ်း​ချမ်း​ရေး​ မရခဲ့​ပါဘူး​။ ​ကေအန်ယူ အဖွဲ့​ကိုသာ အစိတ်စိတ် အမြွှာမြွှာပြိုကွဲ​အောင် ဖြိုခွဲတဲ့​ အလုပ်​တွေ လုပ်ခဲ့​တာ ဖြစ်ပါတယ်။ တကယ်လို့​သာ ၀ အဖွဲ့​ကို ​ပေး​တဲ့​ အခွင့်​အ​ရေး​အတိုင်း​ ကိုယ့်​လက်နက်ကိုင်တပ်ကို ကိုယ် ထိန်း​ချုပ်ခွင့်​၊​ ကိုယ့်​နိုင်ငံ​ရေး​အဖွဲ့​အစည်း​နဲ့​ ကိုယ်ရပ်တည်ခွင့်​၊​ ကိုယ့်​နယ်​မြေကို ကိုယ်စီမံခန့်​ခွဲ အုပ်ချုပ်ခွင့်​ စတာ​တွေသာ ရမယ်ဆိုရင် လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က ကရင်ပြည်နယ်မှာ ​သေနတ်သံ​တွေ တိတ်ဆိတ်​နေမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခု​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေဟာလည်း​ အရင်ဘယ်တုန်း​ကနဲ့​ မတူ​အောင် နိုး​ကြား​လာပါပြီ။ တကယ်လို့​ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ လုပ်မယ်ဆိုရင် တပ်​ပေါင်း​စုက တဆင့်​သာ လုပ်မယ် ဆိုတဲ့​ မူကို ချမှတ်ထား​ပြီး​ အစိုး​ရကိုလည်း​ ဒီအတိုင်း​ အ​ကြောင်း​ပြန်ထား​ကြပါတယ်။

အရင်တုန်း​ကလို တဖွဲ့​ချင်း​ ​သွေး​ခွဲ​ချေမှုန်း​တာမျိုး​ကို လက်မခံ​တော့​ဘူး​ ဆိုတဲ့​ သ​ဘောမျိုး​ ဖြစ်ပါတယ်။ ​နောက် အ​ရေး​ကြီး​တဲ့​ အချက်တချက်ကလည်း​ ရှိ​နေပြန်ပါ​သေး​တယ်။ အဲဒါက​တော့​ အစိုး​ရနဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင် တပ်ဖွဲ့​တွေအကြား​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်ရင် ​ဒေါ်​အောင်ဆန်း​စုကြည်က လိုအပ်ရင် ဝင်ပါ​ပေး​မယ် ဆိုတာကို လက်ခံထား​ကြခြင်း​ပါ။

တကယ်​တော့​ တိုင်း​ပြည်မှာ ပြည်တွင်း​စစ်ဖြစ်​နေ​သေး​သ​ရွေ့​ နိုင်ငံဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို ဘယ်လိုမှ အ​ကောင်အထည်​ဖော် လုပ်ကိုင်နိုင်မှာ မဟုတ်ဘူး​ ဆိုတာ သမ္မတ ဦး​သိန်း​စိန်က​ရော သူ့​ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ အဖွဲ့​တွေကပါ ဝန်ခံခဲ့​ပြီး​ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် လက်​တွေ့​ အစိုး​ရ တာဝန်ယူထား​တဲ့​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေက​ရော လက်ရှိ စစ်တပ်တာဝန်ယူထား​သူ​တွေကပါ ဒီလို တကယ်ငြိမ်း​ချမ်း​ချင်ရဲ့​လား​ဆိုတာ ပြည်တွင်း​ပြည်ပ အား​လုံး​က သံသယ ရှိ​နေကြပါတယ်။

အ​ကြောင်း​က​တော့​ စစ်အာဏာရှင်​တွေဟာ နှစ်​ပေါင်း​ ၅၀ နီး​ပါး​ မြန်မာနိုင်ငံကို ပုံစံအမျိုး​မျိုး​နဲ့​ အုပ်ချုပ်ခဲ့​ကြပြီး​ ပြည်တွင်း​စစ် သက်ဆိုး​ရှည်မှသာ တိုင်း​ပြည်ကို အုပ်ချုပ်လို့​ရမယ် ဆိုတဲ့​ အ​တွေး​အ​ခေါ်နဲ့​ ပြည်တွင်း​စစ်ကို ​မွေး​မြူထား​ခဲ့​လို့​ ဖြစ်ပါတယ်။ အခုလည်း​ အရင်စစ်အာဏာရှင်​တွေကပဲ သူတို့​ဘာသာ ပြဋ္ဌာန်း​ထား​တဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေနဲ့​ သူတို့​ဘာသာသူတို့​ စိတ်ကြိုက်​ရွေး​ကောက်ပွဲ လုပ်ပြီး​ သူတို့​ပဲ ​နေရာအသီး​သီး​မှာ အာဏာ​တွေ ဆက်လက်ရယူထား​ဆဲ ဖြစ်​နေပါတယ်။ ဘယ်အ​ရေး​ပါတဲ့​ တ​နေရာကိုမှ အတိုက်အခံ အင်အား​စု​တွေ၊​ အရပ်သား​စစ်စစ်​တွေကို ​ပေး​ထား​တာ မရှိ​သေး​ပါဘူး​။ ဒီ လူ​တွေကိုလည်း​ ​နောက်က​နေ စစ်တပ်က အပြည့်​အဝ ​ထောက်ခံထား​ဆဲလည်း​ ဖြစ်ပါတယ်။

လက်ရှိ အစိုး​ရအ​နေနဲ့​ တိုင်း​ပြည်ကို တကယ် ဒီမိုက​ရေစီ လမ်း​ပေါ်​လျှောက်​နေပါပြီ ဆိုတာ ပြဖို့​ အဓိက အချက် ၂ ချက်ရှိတယ်လို့​ ပြည်တွင်း​ပြည်ပက ဆိုကြပါတယ်။ အဲဒါက​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​နဲ့​ ပြည်တွင်း​မှာ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ဖို့​ ဆိုတာပဲ ဖြစ်ပါတယ်။ တိုင်း​ရင်း​သား​လက်နက်ကိုင် အင်အား​စု​တွေနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ ငြိမ်း​ချမ်း​ရေး​ လုပ်ရာမှာလည်း​ မခက်ပါဘူး​။ လက်ရှိ ၀ တပ်ဖွဲ့​ကို ​ပေး​တဲ့​အခွင့်​အ​ရေး​အတိုင်း​ သူတို့​တပ်ဖွဲ့​၊​ သူတို့​ အဖွဲ့​အစည်း​ ဆက်လည် တည်ရှိခွင့်​ကို အသိအမှတ်ပြု၊​ သူတို့​ နယ်​မြေ သူတို့​ စီမံခန့်​ခွဲခွင့်​ပေး​၊​ တဖြည်း​ဖြည်း​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​အ​ဖြေရှာ ဆိုတဲ့​ နည်း​လမ်း​ပဲ ဖြစ်ပါတယ်။ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို တကယ်လိုလား​ မလိုလား​၊​ ဒီကိစ္စ ဘယ်လို ကိုင်တွယ်​ဆောင်ရွက်မလဲ ဆိုတာ မကြာခင် ​တွေ့​မြင်လာကြရ​တော့​မှာ ဖြစ်​ကြောင်း​ တင်ပြလိုက်ရပါတယ်။
image

သင်္ကန်းညီနောင်- ကော့ကရိတ်လမ်း ဖေါက်ရန် ထိုင်း- မြန်မာ သဘောတူ


ချင်းမိုင် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် သင်္ကန်းညီနောင်မှ ကော့ကရိတ်အထိ ကားလမ်းဖောက်လုပ်ရန် ထိုင်းနိုင်ငံ
နှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှု စာချုပ်ကို ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သည်ဟု
အောက်တိုဘာလ ၆ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၅ ရက်နေ့က သွားရောက်ခဲ့သည့် တရက်တာ ခရီးစဉ်အတွင် အဆိုပါ လမ်းဖေါက်လုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

၂၂ ကီလိုမီတာ ရှည်လျားသည့် ကရင်ပြည်နယ် အရှေ့တောင်ဘက်ရှိ သင်္ကန်းညီနောင်နှင့် ကော့ကရိတ်လမ်း
ဖောက်လုပ်မှုရန် နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပွန် တိုဝီချိုက်ချာကူးတို့ ယခုလ ၅ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ခြင်း
ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ကဏ္ဍများ တိုးမြှင့်သွားရန် ဆွေးနွေးခဲ့သည်ဟု မြန်မာ့အလင်း သတင်းစာက ဖေါ်ပြသည်။ ထိုင်းဝန်ကြီးချုပ်မှ မိုးလေဝသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများ ပေးခဲ့သည်ဟုလည်း ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၇ တို့ ထိန်းချုပ်ရာနယ်မြေအတွင်း တည်ရှိသည့် အဆိုပါလမ်းသည် မိမိတို့တပ်များ လှုပ်ရှားရာဒေသတွင်း ဖြစ်နေခြင်းကြောင့် မိမိတို့အနေနှင့် ဖေါက်လုပ်မှုကို သဘောမတူနိုင်ကြောင်း KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုဒေးဗစ်ထောက မဇ္ဈိမနှင့် အင်တာဗျူး တခုတွင်
ပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံ အကူညီဖြင့် ၁၈ ကီလိုမီတာ အကွာအဝေးရှိသည့် မြဝတီ၊ သင်္ကန်းညီနောင် လမ်းအပိုင်းကို ၂ဝဝ၇
ဖေါက်လုပ်ပြီးစီးခဲ့သည်။

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှ သင်္ကန်းညီနောင်- ကော့ကရိတ်- မော်လမြိုင်အထိ ကီလိုမီတာ ၁,၄ဝဝ အထိ ရှည်လျားပြီး အာရှဟိုင်းဝေးလမ်းမကြီး ဖြစ်လာမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ အဘီဆစ် ဝဲချာချီဝကလည်း ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလအတွင်းက
မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ထိုစဉ်က မြန်မာဝန်ကြီးချုပ်ဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သေးပြီး ထိုင်းဘတ်
ဘီလီယံ ၄ဝဝ ကျော်ကုန်ကျမည့် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်
ဖေါ်ရန် သဘောတူခဲ့သေးသည်။

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင် တိုင်တန်းချက်များလက်ခံခြင်း

Tuesday, October 11, 2011

မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင် တိုင်တန်းချက်များလက်ခံခြင်း

ဝါသနာပါရင် သွားတိုင်ကြည့်ကြပါလား... အမှုလက်ခံစစ်ဆေးပေးရင် ကျေးဇူးပါ။ တာပေမယ့် တိုင်တန်းသူကိုယ်တိုင် ပြန်ပြီး တရားစွဲခံရပြီး ထောင်ကျရင်တော့ တာဝန်မယူပါ။ Myanmar_National_Human_Right_Comission__Burmese_

အထင်ကြီးချင်သလား ရုရှားစစ်သား

နေ့သစ် မှ........

လက်နက်အင်အား လူအင်အား ကြီးမားခေတ်မှီလို့ ဟိတ်ဟန်ခန့်ထယ်လှတဲ့ ရုရှားစစ်တပ်ထဲမှာ တပ်သားသစ်တွေကို ယောက်ျားပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေနေတယ်လို့ စွပ်စွဲချက်တွေ ထွက်နေပါတယ်။ “ရဲဘော်အမေ” လို့ ခေါ်တဲ့ လူ့အခွင့်အရေးအဖွဲ့က စွပ်စွဲတာကို ပြည်ထဲရေးဝန်ကြီးဌာနကတော့ ငြင်းနေပါတယ်။ ယောက်ျားပြည့်တန်ဆာ အဓမ္မ အလုပ်ခံရတဲ့ တပ်သားသစ်တယောက်ရဲ့ မိဘတပါးက ရဲဘော်အမေ အဖွဲ့ကို ဆက်သွယ်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။
စိန့်ပီတာစဘတ်ဂ်မြို့ (ယခင် လီနင်ဂရက်မြို့) မှာ စစ်သားတွေနဲ့ ငွေပေးပြီး လိင်ဆက်ဆံပျော်ပါးမယ့် ဖောက်သည်ကွန် ယက်တခု ရှိနေတယ်လို့ ရဲဘော်အမေအဖွဲ့ ပြောရေးဆိုခွင့်ရအမျိုးသမီး အယ်လာပေါ်လီယာကိုဗာ က ဘီဘီစီကို ပြော ပြခဲ့ပါတယ်။ စစ်သားကြီးတွေက လူငယ်စစ်သားသစ်လေးတွေကို အဓမ္မပြည့်တန်ဆာလုပ်ခိုင်းပြီး ရတဲ့ ငွေကိုတော့ ဒီ ဝါရင့်စစ်သားကြီးတွေက အိတ်ထဲထည့်ကြပါတယ်။
၂၀၀၆ ခုနှစ်တုံးက အသက် ၁၈ နှစ်အရွယ် တပ်သားအန်ဒရေဆိုင်ရှက်ဗ်ကို တခြားစစ်သားတွေက ၄-၅ နာရီကြာ ‘ဆိုင် ကယ်စီး’ ခိုင်းခဲ့ပြီးနောက် ကုလားထိုင်နဲ့တွဲ ကြိုးတုပ်၊ ရက်ရက်စက်စက်ရိုက်နှက်ခဲ့ကြပါတယ်။ အဲဒီရက်စက်မှုရဲ့ ရလဒ် အဖြစ် တပ်သားအန်ဒရေရဲ့ ခြေထောက်တွေနဲ့ ငယ်ပါမှာ သွေးမလျှောက်တော့ဘဲ အသားပုပ်လိုက်လာ တဲ့အတွက် ဆေးရုံတက် ဖြတ်လိုက်ရပါတယ်။ ရာသက်ပန် မစွမ်းမသန်ဖြစ်သွားတဲ့ အန်ဒရေရဲ့ ဖြစ်စဉ်ဟာ ရုရှားနိုင်ငံ တင်မက ကမ္ဘာမှာပါ ဟိုးလေးတကြော် ဖြစ်သွားခဲ့ပါတယ်။
‘မိခင်အခွင့်အရေးဖောင်ဒေးရှင်း’ လို့ခေါ်တဲ့ ရုရှားအဲန်ဂျီအိုတခုကလဲ ကျဆုံးသွားတဲ့ စစ်သားလေးတွေရဲ့ ဓာတ်ပုံ တွေနဲ့ ဖြစ်စဉ်တွေကို ဖေ့စ်ဘွတ်နဲ့ဆင်တူတဲ့ ရုရှား အင်တာနက်လူမှုကွန်ယက်မှာ တင်ထားပါတယ်။ စစ်သားလေး ၂၇ ယောက် ဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားခဲ့တာ ဖြစ်ပေမဲ့ အနည်းစုဘဲ ချက်ချနီယာ တို့၊ ဒါဂက်စတန် တို့၊ ဂျော် ဂျီယာ တို့မှာ တိုက်ပွဲတိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အများစုကတော့ တပ်ထဲမှာ အချင်းချင်း လွန်လွန်ကျွံ ကျွံဗိုလ်ကျလို့၊ တပ်တွင်းရာဇဝတ်မှု၊ တပ်တွင်းလူနေမှုအခြေအနေ ဆိုးဝါးနိမ့်ကျမှု၊ မူမမှန်တဲ့ စိတ္တဇပတ်ဝန်းကျင်တို့ ကြောင့် အသက်ဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
တချို့ကို ရဲဘော်အချင်းချင်း အနီးကပ်ပစ်သတ်တာ ဒါမှမဟုတ် ရိုက်သတ်တာ ဖြစ်ခဲ့ပြီး တချို့ကတော့ အဆက် မပြတ် အကြမ်းဖက် ဗိုလ်ကျခံရလို့ ကိုယ့်ကိုယ်ကို သတ်သေသွားကြတာ ဖြစ်ပါတယ်။ အင်တာနက်ကွန်ယက်စာမျက် နှာမှာ သူတို့တဦးချင်းဘဝဖြစ်စဉ်နဲ့ ကျဆုံးမှုဖြစ်စဉ်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။
ဒီအထဲမှာ နီကိုလေအစ်ရှီမော့ဗ်ရဲ့ ဇာတ်လမ်းက “ကျနော်ဟာ ချယ်လီယာဘင့်စကီးမြို့နားက မက်ဇိုဇာနစ်ဂ်ျ ရွာသားပါ။ ၂၀၀၇ ခု သြဂုတ်လ ၂၀ ရက်မှာ အရက်မူးနေတဲ့အရာရှိ ဗလာဒီမာဘာဇီလက်ဗ်က ရဲဘော် ၄၇ ယောက် ရှေ့မှောက်မှာ ကျနော့်ကို ဘာအကြောင်းမှမရှိဘဲ အသားလွတ်ပစ်သတ်လို့ ကျနော်သေခဲ့ရပါတယ်။ ကျည်ဆံက ကျနော့်မျက်လုံး ၂ လုံးကြားတည့်တည့်ကိုဝင်ပြီး ကျနော်ဟာ နေရာတင် ပွဲချင်းပြီးသေသွားပါတယ်။ ကျနော့်အမေဟာ တရားရုံး ၃ ရုံးမှာ အမှုဆိုင်ခဲ့ပြီး မိခင်အခွင့်အရေးအဖွဲ့ အကူအညီနဲ့ ကျနော့်သတ်တဲ့လူကို ထောင်ဒဏ် ၅ နှစ် ၈ လ ကျအောင် နောက်ဆုံး မှာ လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်အမေဟာ အခုထိ နေ့တိုင်းငိုနေတုံးပါဘဲ။ တခါတလေကျရင် အဖေနဲ့အမေက အိပ် မက်ထဲမှာ ကျနော့်ကို တွေ့ကြပါတယ်” လို့ အွန်လိုင်းစာမျက်နှာမှာ ရေးထားပါတယ်။
ဒီစာမျက်နှာဟာ ဖေ့စ်ဘွတ်လို လူမှုဆက်ဆံပေါင်းသင်းရေးကွန်ယက်ဖြစ်တဲ့အတွက် ဒီကျဆုံးစစ်သား ၂၇ ယောက်ကို ဝင်ကြည့်သူတွေက မိတ်ဆွေဖွဲ့နိုင်၊ ဓာတ်ပုံတွေကြည့်နိုင်၊ မှတ်ချက်တွေ ပေးစာတွေ ရေးနိုင်ပါတယ်။ ဒီနည်းနဲ့ ရုရှားစစ် တပ်တွင်းက မတရားမှုတွေ ပပျောက်စေဖို့ ဖော်ထုတ်ဖွင့်ချ ဝါဒဖြန့်နေတာဖြစ်ပါတယ်။ ထူးခြားလှတဲ့ အင်တာနက် လှုပ် ရှားမှုဟာ ရုရှားနိုင်ငံ နဲ့ ရုရှားတပ်မတော်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ စာသားသက်သက် ကိန်းဂဏန်းသက်သက် သ တင်းပေးတာထက် အခုလို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ထိတွေ့ ခံစားရသလိုပုံစံမျိုးနဲ့ ဖော်ထုတ်တာက ပိုထိရောက် နေတယ်လို့ မိခင်အခွင့်အရေးအဖွဲ့ ခေါင်းဆောင် ဗာရိုနီကာမာချင်ကို ကပြောပါတယ်။
အထူးသဖြင့် “ကျနော်သေသွားတယ်၊ ကျနော် အသတ်ခံရတယ်” လို့ သေသူကိုယ်တိုင် ပထမနာမ်စားနဲ့ပြောပြ တဲ့ပုံစံက လူတွေကို ‘ဟတ်ထိ’ သွားစေတယ်လို့ သူမကပြောပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် တပ်ထဲရောက်နေ တဲ့သူ့သား ကျဆုံးသွားတာ၊ မတရားခံရတာကို ဒီလူမှုပေါင်းသင်းဆက်ဆံရေးကွန်ယက် ဝင်ကြည့်မှ သိသွားတာလဲ ရှိတယ်လို့ ဗာရိုနီကာက ပြောပါသေးတယ်။
မိခင်အခွင့်အရေး အဖွဲ့ကို ၁၉၉၀ မှာ တည်ထောင်ခဲ့ပြီး ကျဆုံးစစ်သည်တွေရဲ့ မိဘတွေကို အခမဲ့ ဥပဒေရေးရာ အ ထောက်အကူနဲ့ အထွေထွေထောက်ပံ့ကူညီမှု ဆောင်ရွက်ပေးနေပါတယ်။ အထူးသဖြင့် ရှုပ်ထွေးပွေလီလှတဲ့ ရုရှား တ ရားရုံးစနစ်ကို ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီပေးနေပါတယ်။ ၂၀၀၉ ခုမှာ အဖွဲ့ခေါင်းဆောင် ဗာရိုနီကာ ဟာ နိုင်ငံ တကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
ကျဆုံးစစ်သည်တွေရဲ့ မိဘတွေဟာ အသက်ဖိုးနစ်နာကြေး နဲ့ တရားမျှတမှုကို တောင်းဆိုရုံတင်မက သူတို့သား ဘာ ကြောင့် ဘယ်လိုကျဆုံးတယ်ဆိုတာကိုလဲ သိအောင် ကြိုးစားကြပါတယ်။ စစ်သားငယ်လေးတွေသေဆုံးမှုကို အများဆုံး အကြောင်းပြချက်က ကိုယ့်ကိုယ်ကိုသတ်သေတာလို့ဆိုပေမဲ့ မိဘတွေက အလောင်းကိုစစ်ဆေးတဲ့အခါ ဒဏ်ရာဒဏ် ချက်တွေ အတွင်းကြေဒဏ်ရာတွေ အရိုးကျိုးတာတွေ တွေ့ကြတယ်လို့ ဗာရိုနီကာက ပြောပြပါတယ်။ စစ်သားလေးတွေ ဟာ သေတဲ့အထိ ရိုက်နှက်ခံရပြီးနောက် လည်ပင်းမှာ ကြိုးကွင်းတခုစွပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ပုံစံ ပေါက် အောင် လုပ်ထားတာ ဒါမှမဟုတ် အတင်းကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်သတ်သေခိုင်းတာ ဖြစ်မယ်လို့ မိဘတွေက ယူဆ ကြပါတယ်။
စိန့်ပီတာစဘတ်ဂ်မြို့သား အသက် ၁၉ နှစ်အရွယ် အိုင်ဂေါ်အန်ဒရီးဗ်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်ပြောင်းရွှေ့မှု အတွင်း မီး ရထားပေါ်မှာ သူ့ခါးပတ်နဲ့ ကြိုးဆွဲချသတ်သေထားတာ တွေ့ခဲ့ပါတယ်။ သူ့မိဘတွေဟာ အင်မတန် တုန်လှုပ် ဝမ်းနည်း လွန်းလို့ အလောင်းကို စစ်ဆေးကြည့်တာတောင် မလုပ်ခဲ့တော့ပါဘူး။ “အလောင်းက အခေါင်းထဲ မှာ ၅ ရက်လောက်ရှိ နေပြီ၊ ဆေးလဲ မစိမ်လိုက်ရဘူး၊ ဒါကြောင့် ဖွင့်မကြည့်နဲ့တော့” လို့ စစ်တပ်အာဏာပိုင်တွေက တပ်သားအိုင်ဂေါ်ရဲ့ အမေ ကို ပြောခဲ့ပါတယ်။ ဒီအကြောင်းတွေကိုလဲ ဝက်ဆိုက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
အိုင်ဂေါ်က ပြောတဲ့ပုံစံနဲ့ “ကျနော့်ကို တခြားစစ်သားတွေက အမြဲအနိုင်ကျင့် နှိပ်စက်ကြပါတယ်။ ကျနော့်ဆီက ငွေ တောင်းတယ်၊ လုယူတယ်၊ ကျနော့်ကို ရိုက်နှက်ထိုးကြိတ်သွားကြတယ်။ ကျနော့်မှာ အမြဲဘဲ ပွန်းပဲ့ ကွဲပြဲ အညို အမဲစွဲနေ ပါတယ်။ ၂၀၀၅ ခု မတ်လမှာ ကျနော့်ကို ရူစလန်ရိုမာဒေါ့ဗ် ဆိုတဲ့ ဗိုလ်တယောက်က အပြင်းအထန် ရိုက်နှက် ထိုးကြိတ် ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော် သူ့ကို ပိုက်ဆံမပေးနိုင်လို့ပါ။ သူ့ပေးဖို့ ကျနော်ဟာ အဖေ အမေတို့ဆီက ပိုက်ဆံပြန်မှာရပါတယ်။ တကယ်တော့ ကျနော့်မိသားစုကလဲ ဆင်းရဲလှပါတယ်။ ကျနော်ဟာ သမတ ကိုယ်ရံတော်တပ် မှာနေရင်း အခုလို ရိုက်နှက်ညှဉ်းပန်းမှုတွေ၊ ငွေညှစ် ဆက်ကြေးတောင်းခံရတာတွေ၊ အရှက်ကွဲအောင် ဂုဏ်သိက္ခာချိုး နှိမ်ခံရတာတွေက နောက်ဆုံးမှာ ကျနော့်ကို စိတ်ဓာတ်ဘုံးဘုံးကျစေခဲ့ပါတော့တယ်” လို့ ကွန်ယက်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။
စစ်တပ်ဆိုတာ ခက်ခဲကြမ်းတမ်းတဲ့နေရာဖြစ်တာကို အိုင်ဂေါ့်အမေက နားလည်ထားပေမဲ့ ဒီလောက်အထိ ဆိုးဝါးလိမ့် မယ်လို့ တခါမှမထင်ခဲ့ပါဘူး။ မတရားလုပ်သူတွေ ဘာမှပြစ်ဒဏ်မခံရဘဲ အိုင်ဂေါ်ကို တောက်လျှောက်နှိပ်စက်နေ နိုင် တာကိုလဲ မိဘတွေအံ့သြခဲ့ကြပါတယ်။ “ကျမ တရားရုံးမှာ အဲဒီစစ်ဗိုလ်ကို မျက်နှာစေ့စေ့ကြည့်ပြီး ဘာကြောင့် ငါ့သားကို နှိပ်စက်တာလဲ၊ ၄-၅ ရက်ဆက်ပြီး အိပ်ခွင့်မပေးတာလဲ၊ တရက်လုံးနေလှန်းတာ နှင်းလှန်းတာ လုပ်တာလဲ၊ ဘာလို့အမြဲ ရိုက်နှက်နေတာလဲလို့ မေးခဲ့တယ်။ ကျမ အဖြေရှင်းရှင်းလင်းလင်း မရခဲ့ဘူး။ ဒါပေမဲ့ ပရဟိတရှေ့နေတွေ အကူအညီနဲ့ တရားခံကို ထောင်ထဲပို့နိုင်ခဲ့ပြီး နစ်နာကြေးရခဲ့တယ်” လို့ မိခင်ဖြစ်သူက ရှိုက်ငိုရင်းနဲ့ ပြောပြပါတယ်။
ရုရှားတပ်မတော်မှာ တနှစ်တနှစ်ကို စစ်သည်တွေ ထောင်နဲ့ချီပြီး တိုက်ပွဲကျမဟုတ်ဘဲ အသက်ဆုံးနေတယ်လို့ တပ်မ တော်သား အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီ့ထက်ပိုများတဲ့အရေအတွက်ကလဲ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကိုယ်ကာယပိုင်းဆိုင်ရာချို့ယွင်းချက်တွေနဲ့ အိမ်ပြန်ရောက်လာတယ်လို့ ဆိုပါတယ်။ ဒီစစ်သည် ခတ်များများ ဟာ တပ်တွင်းမတရားအနိုင်ကျင့်နှိပ်စက်မှုဒဏ် ခံရသူတွေ ဖြစ်ပါတယ်။ စစ်ပွဲကြောင့်မဟုတ်ဘဲ စစ်သည် ၅၀၀ လောက် နှစ်စဉ်သေဆုံးတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောပေမဲ့ အဲန်ဂျီအိုတွေကတော့ တနှစ်ကို စစ်သား ၂၀၀၀ ကနေ ၃၀၀၀ အထိ သေနေတယ်လို့ ဆိုပါတယ်။
ဒီလို အနိဋ္ဌာရုံသတင်းတွေ ကြားရလို့ လူငယ်တော်တော်များများဟာ စစ်မှုမထမ်းရအောင် အမျိုးမျိုး အကြံအဖန် လုပ် ကြပါတယ်။ တချို့က ဒေါ်လာထောင်ဂဏန်း လာဘ်ထိုး၊ တချို့က စိတ္တဇဆေးရုံမှာ ၄-၅-၆ လတက်ပြီး အရူး လက်မှတ် ရအောင်လုပ်ကြပါတယ်။ ၂၀၀၈ ခုမှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြုပြင်ပြောင်းလဲမှု တချို့လုပ်ခဲ့ရာမှာ အရာ ရှိအရေအတွက် လျှော့ချတာ၊ စစ်မှုထမ်းကာလကို တနှစ်ဘဲ သတ်မှတ်ပေးတာ၊ တပ်အမျိုးအစားတချို့ ဖျက်သိမ်းတာ၊ အမိန့်ပေးကွပ်ကဲမှု စနစ်တချို့ ပြောင်းလဲတာတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တပ်ထဲစောရောက်တဲ့လူက နောက်ရောက် တဲ့လူကို အနိုင်ကျင့်တာ နည်းသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အခွင့်အာဏာ ပိုကြီးတဲ့လူက “စည်းကမ်းကြပ်မတ်” တယ်ဆိုပြီး အာဏာအလွဲသုံးစားလုပ် နှိပ်စက်တာတွေ ရှိတုံးပဲလို့ အဲန်ဂျီအိုတွေက ပြောနေပါ တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ရဲဘော်အမေအဖွဲ့၊ မိခင်အခွင့်အရေးအဖွဲ့တို့လို စစ်သည်အခွင့်အရေးကာကွယ်ရေးအဖွဲ့ အစည်းတွေ ဟာ အပြောင်းအလဲဖြစ်ဖို့ ဖိအားပေးနိုင်စွမ်းရှိနေပါတယ်။ သေသွားတဲ့ကိုယ့်သား ပြန်ရှင်လာမှာ မဟုတ်ပေမဲ့ တခြားလူ ငယ်တွေ အသက်မဆုံးရအောင်၊ တခြားအမေတွေ မပူဆွေးရအောင်တော့ တစုံတရာ ကူညီနိုင်ပါတယ်။
ဦးသန်းရွှေ ဦးအေးတို့ အထင်တကြီးနဲ့ မြန်မာစစ်ဗိုလ်လေးတွေကို ပညာတော်သင်လွှတ်တဲ့ ရုရှားနိုင်ငံကြီးရဲ့ တပ်မတော် အခြေအနေကတော့ အဲသလိုပါ။ နဂိုကတည်းက ပျက်နေတဲ့ မြန်မာ့တပ်မတော်မှာ ရုရှားတပ်မတော် စရိုက်တွေပါ ပေါင်း စပ်လိုက်ရင် မတွေးဝံ့စရာပါ။ တကယ်တော့ ဗမာစစ်တပ်ထဲမှာ ရုရှားစစ်တပ်လိုမျိုး ဆိုးဝါးလှတဲ့ အနိုင်ကျင့်ဗိုလ်ကျမှု တပ် တွင်းမတရားမှုတွေ ဒုနဲ့ဒေးရှိနေတာ တပ်မတော်သားအားလုံး အသိပါဘဲ။ ဒါပေမဲ့ ရုရှားက စစ်သည်အမေတွေလို မြန်မာ ပြည်မှာလဲ လုပ်နိုင်ရင်တော့ မျှော်လင့်ချက်ကလေး ရှိနိုင်ပါရဲ့။

ဂါမဏိ

မလေးရှား တိုင်းရင်းသားများ ဆန္ဒပြပွဲ ရုပ်သံ

တိုင်းသားသားများ စုရုံးပြီး မလေးရှားမြန်မာသံရုံးရှေ့တွင် ဆန္ဒပြ

ကိုးဒီသွေး၊ ၁၁-၁၀-၂၀၁၁။

ယနေ့မနက် (၁၀း၁၅)အချိန်တွင် အင်အား(၃၀၀)ခန့် ရှိသော ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ သျှမ်း၊ ရခိုင် စသော တိုင်းရင်းသားများစုရုံးပြီး ဂျလမ်အမ်ပမ်း၊ ကွာလာလမ်ပူမှာရှိသော မြန်မာသံရုံးရှေ့တွင် (၁)နာရီ ကျော် ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။

မြန်မာပြည် ကြံ့ဖွံ့အစိုးရအနေဖြင့် ကချင်ပြည်နယ်၊ သျှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား လူမျိုးစုဒေသများတွင် စစ်တပ်အလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ အပြစ်မဲ့ ဒေသခံတိုင်းရင်းသားများကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးနဲ့ ကလေးငယ်များအား အတင်းအဓမ္မပြုကျင့်ခြင်း၊ စစ်မြေပြင်တွင် ဒေသခံ တိုင်းရင်းသား ပြည်သူများကို လက်နက်ခဲယမ်း ထမ်းခိုင်းခြင်းနှင့် မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းစသော လူမဆန်သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများ ရှိနေဆဲကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း  ဦးစီးဦးဆောင် သူ MKO ဥက္ကဋ္ဌ မန်းစိန်သန်းက ဆိုပါသည်။

ဆက်လက်၍ မန်းစိန်သန်းကြ မြန်မာစစ်အစိုးရအဆက်ဆက်ကနေ ယခုကြံ့ဖွံ့အစိုးရသစ်အထိ တိုင်းရင်း သားတွေကို အမျိုးမျိုးဖိနှိပ်ချုပ်ခြယ်ပြီး အုပ်ချုပ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ နှစ်ရှည်ထောင်ဒဏ်တွေ ချတယ်၊ ဒေသခံတိုင်းရင်းသားတွေ လူမဆန်စွာ နိုင်ထက်စီးနင်းပြုကျင့်တယ်။ 
ဒီလို လူ့အခွင့်အရေးချိုးဖေါက် မှုတွေ ရှိနေသရွေ့တော့ နောက်နောင်လည်း ဆက်လက်ဆန္ဒပြပြီး တောင်းဆိုသင့်တာကို တောင်းဆိုရမှာ ဖြစ်တယ်။ဋ္ဋဋ္ဋ ဆိုပြီး ပြောသွားပါသည်။


ဆန္ဒပြသူများကြွေးကြော်ပြီး အဓိကတောင်းဆိုချက်များမှာ-


-       ပြည်နယ်အသီးသီးတွင် စစ်ရေးအရ ထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ် တန့်ပေးရန်။
-       နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်များ (UNFC အဖွဲ့အစည်း)နှင့် အမြန်ဆုံးတွေ့ဆုံဆွေးနွေးရန်။
-       နှစ်ရှည်လများ ထောင်ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်။
-       ဧရာဝတီမြစ်ဆုံ စီမံကိန်းအား (လုံးဝ) ရပ်ဆိုင်းပေးရန်။
-       သံလွင်မြစ်စီမံကိန်းများ ချက်ခြင်းရပ်တန့်ပေးရန်။
စသော အချက်များ ပါဝင်ပါသည်။

ထို့ပြင် ၄င်းတောင်းဆိုချက်များကို ကုလသမ္မဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့လည်းကောင်း၊ အာစီယံဥက္ကဋ္ဌထံကိုလည်းကောင်း၊ မြန်မာပြည်ကြံ့ဖွံ့အစိုးရထံနှင့် အစိုးရမဟုတ်သော NGO အဖွဲ့များထံသို့ တောင်းဆိုချက်စာလွှာရေးသားပေးပို့ခဲ့ကြောင်းလည်း သိရပါသည်။

ယခုကဲ့သို့ မလေးရှားရှိတိုင်းရင်းသားများ ဆန္ဒပြခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခင် နာဂစ်မုန်တိုင်းကတစ်ခါ၊ ရွှေဝါရောင်တော်လှန်ရေးတုန်းက တစ်ခါ စုပေါင်းပြီး ဆန္ဒပြခဲ့ဖူးကြောင်းလည်း သိရပါသည်။

နိုင်ငံရေး အကျဉ်းသား သုံးရာကျော် ပါမည်ဟုဆို

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူ အကျဉ်းသား ၆,၃၅၉  ဦးအနက် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့မှ စတင် လွှတ်ပေးမှာဖြစ်ကြောင်း မြန်မာ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုက ပြောသည်။

မြစ်ကြီးနားထောင်တွင် ၃၅ နှစ် ထောင်ဒဏ်ကျခံနေရသူ ဟာသသရုပ်ဆောင် ဇာဂနာ၊ စစ်ကိုင်းတိုင်း ခန္တီး အကျဉ်းထောင်တွင် ထောင်ဒဏ် ရှစ်နှစ် ကျခံနေရသော အလုပ်သမားအရေး လှုပ်ရှားသူ ဒေါ်စုစုနွေး၊ ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်တွင် ထောင်ဒဏ် ၁၀၆ နှစ်ကျခံနေရသော အသက် ၇၅ နှစ်အရွယ်ရှိ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်မှ ဗိုလ်ချုပ်ဆေထင်တို့ ပါဝင်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
personfont
လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူ အကျဉ်းသား ၆,၃၅၉ ဦးအနက် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့မှ စတင် လွှတ်ပေးမှာဖြစ်ကြောင်း မြန်မာ အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုက ပြော (ဓါတ်ပုံ မဇ္ဈိမ)

မဇ္ဈိမအနေဖြင့် သီးခြားသတင်းရပ်ကွက်များနှင့် အတည်ပြု၍ မရနိုင်သော်လည်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်အောက်တွင် အကျဉ်းသားများကို သုံးသုတ်ခွဲ၍ လွှတ်မည်ဟု ဆိုသည်။  ပြည်ပ အခြေစိုက် အတိုက်အခံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အဆိုအရ မြန်မာနိုင်ငံ တဝှမ်းလုံးတွင် နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။ သို့သော် စာရင်းများကို ပြန်လည် စိစစ်နေဆဲဟုလည်း ကြေညာထားသည်။

အင်္ဂါနေ့က နိုင်ငံပိုင် MRTV (၄) ရုပ်သံလိုင်း ကြေညာချက်က လွှတ်ပေးမည့်သူများတွင် “ အသက်အရွယ် ကြီးရင့် သူများ၊ ကျန်းမာရေး ချို့တဲ့သူများ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအဝင် အကျဉ်းသား အားလုံး အနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး၊ စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသား” များကို လွှတ်ပေးမည်ဟု ပါရှိသည်။

ယခုနှစ်အစောပိုင်းက သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန်က တနှစ်လျော့ပြစ်ဒဏ်ဖြင့် မေလ ၁၆ ရက်နေ့တွင် အကျဉ်းသား နှစ်သောင်းခန့်ကို လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက စက်တင်ဘာလအတွင်း ပြောကြားချက်တွင် နိုင်ငံရေး အကျဉ်းသားများ ပါမှသာ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထိရောက်လိမ့်မည်ဟု ပြောကြားခဲ့ဖူသည်။ လေ့လာသူများ အဆိုအရ လွတ်ငြိမ်း ချမ်းသာခွင့်သည် အစိုးရက ရုတ်သိမ်းပေးရန် တောင်းဆိုနေသည့် အနောက်နိုင်ငံများမှ မြန်မာအပေါ် ချမှတ်ထား
သော စီးပွားရေး ပိတ်ဆို့မှု၊ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံအသင်း ဥက္ကဋ္ဌ ဖြစ်လိုမှုတို့နှင့် ဆက်စပ်နေသည်ဟု ဆိုသည်

Tuesday, October 11, 2011

Militia bomb village to avoid frontline duty

October 10 |
Militia badges in Shan State (photo-taifreedom)
A Non-Government Organization and local residents working and living in the area around Namhsan Godawng village in Shan State blame an exploded bomb on a militia group aligned to the Burma Army.
Sources close to the militia group said the bomb blast was an attempt by the local militia group from Muse Township to avoid being sent to frontline as support to the Burma Army who is fighting the Shan State Army.
A NGO project manager operating in the area said it was a plot by local militia to show that they should be kept in their area for security and not sent to the frontline to fight.
“The militia is sponsored by the government for maintaining the security of the villages. But in recent weeks Burma Army have sent them to the frontlines where other militia groups are being used in the fighting. These guys don’t want to be sent to fighting zones, so they hatched this plot. Then, they would have an excuse and say that they can’t go as they have to take care of the security in their area.”
U Sam Naw Aung, a resident from the area, explained to Karen News how he was nearly a victim of the bomb blast.
“I was passing by on motorbike as the bomb exploded. It was about noon. I didn’t know what happen at first and I was frightened. My ears are almost deaf by the noise. After a while, I took a look at the explosion spot and it was right in front of my friend, U Lashan’s house.”
The explosion didn’t kill anyone but it destroyed the front doors of houses nearby. It has been almost a week since the explosion but residents say the authorities have not carried out any inquiry or investigation into the incident.
Following the explosion, local residents were claiming that the local militia leader, U Aik Hsam, conveniently went on a trip to China to avoid being in the area at the time of the explosion.
In recent months there has been heavy fighting in Northern Shan State between government troops and the combined forces of ethnic armed groups such as the Kachin Independent Army and Shan State Army – Burma Army has suffered huge losses in the conflict to ambushes and supervised controlled explosive devices

Burma Army using Karen villagers as ‘shields’

October 10 |
Burma Army Soldiers and Forced Porters (photo-FBR)
Villagers in the Three Pagoda Pass region have accused government troops of using them as human shields against attacks from ethnic armed groups in Karen State.
After suffering casualties in ambushes by Karen fighters, Burma army soldiers from Artillery Battalion and Light Infantry Battalion 543 based at Three Pagodas Pass Town forced 16 villagers from three villages to go with them on their patrols.
Following an ambush between Ta Day and Kyauk Gu villages on October 6, that killed two and wounded two soldiers. A civilian forced to be the Burma Army guide was blown-up by a tripwire surface-mine and lost a leg.
Villagers being taken as “guides” [a term used by Burma Army] or as human shields include four men from Kyauk Kwae (Myaing Thaya), seven men from Ah Palon, and five men from Kyauk Gu villages. Villagers were ordered to be the “guides” through orders from the Burma Army and sent to the village leaders.
A local resident close to village leaders said that villagers are taken as protection for the soldiers and used to walk in front and between troops on patrols.
“They ordered village leaders to send their people. Villagers are used as protection in order to prevent Karen attacks while they are traveling from one place to the next. Once, the troops have taken villagers they move out on patrol.”
The villagers explained that Karen fighters wait to ambush Burma Army soldiers while they are traveling between villages and unfortunately, the Burma Army uses the villagers taken as “guides” as their protection. In preplanned ambushes these villagers are at great risk under attack.
Residents say taking villagers’ as a protective shield is not new to the area. Local villagers said that it happened whenever the Burma Army was ambushed on their patrols.
The Karen resistance groups do not have the troop strength to openly fight the Burma Army and rely on guerrilla tactics and ambushes.
Villager leaders say the Burma Army has no respect for international laws in regard to the use of villagers in war and constantly break laws and conventions without risk of punishment. In recent months the Burma Army has been accused by human rights groups of using systematic rape against ethnic women in Shan and Kachin States.
The Burma Army rotate their troops from the Noh Choe outpost to their Tactical Command headquarter in Three Pagoda Pass.