Wednesday, April 4, 2012

အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ ဆွေးနွေးမည့် KNU ကိုယ်စားလှယ်စာရင်း

၁။ ။ နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်)
၂။ ။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်)
၃။ ။ ပဒိုစောကွယ်ထူးဝင်း
၎။ ။ ပဒိုရွှေမောင်း
၅။ ။ ဗိုလ်မှူးချုပ် အဲကလူသိန်း (တပ်မဟာ-၃မှူး)
၆။ ။ ပဒိုစောအားတိုး
၇။ ။ ပဒိုစောရောဂျာခင်
၈။ ။ ဗိုလ်မှူးထူးထူးလေး
၉။ ။ ပဒိုစောသောသီဘွဲ (ရုံးတာဝန်ခံ)
၁၀။ ။ ပဒိုစောလှထွန်း (ရုံး ဒုတာဝန်ခံ)
၁၁။ ။ နော်ဘလူးမင်းနိုက်ဇန်
၁၂။ ။ နော်မေဦး
၁၃။ ။ နော်ထူးဖော (ရုံးအဖွဲ့)
၁၄။ ။ စောအောင်ဝင်းရွှေ
၁၅။ ။ ဗိုလ်မှူးကြီး မိုးဖြူ
၁၆။ ။ စောကြီး
၁၇။ ။ စောတာဒို့မူး
၁၈။ ။ စောဘောဘိုး
၁၉။ ။ စောဒူးဖလော်စိုး (ရုံးအဖွဲ့အကူ)
၂၀။ ။ နန်းဖော့ဂေ (သတင်းတာဝန်ခံ)
၂၁။ ။ စောအဲနာ (သတင်းအဖွဲ့)

copy rights_KIC News

အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ရန် ​ကေအန်ယူအဖွဲ့​ ဘား​အံကို ​ရောက်

Published on April 4, 2012 by နော်နိုရင်း

မြန်မာအစိုး​ရနဲ့​ ဒုတိယကြိမ် အပစ်အခတ်ရပ်စဲ​ရေး​ဆက်လက်​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၂၁ ဦး​ပါ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီမနက်မှာပဲ ထိုင်း​-မြန်မာ နယ်စပ်က​နေ ထွက်ခွာပြီး​ ကရင်ပြည်နယ် ဘား​အံမြို့​ကို ​ရောက်ရှိသွား​ပြီ ဖြစ်ပါတယ်။

မွန်း​လွဲပိုင်း​မှာ ဘား​အံမြို့​ကို ​ရောက်ရှိလာတဲ့​ ​ကေအန်ယူအဖွဲ့​ကို ဇွဲကပင်ဟိုတယ်မှာ ပြည်​ထောင်စုဝန်ကြီး​ ဦး​အောင်​သောင်း​နဲ့​ ဦး​အောင်မင်း​ အပါအဝင် ပြည်နယ်ဝန်ကြီး​ချုပ် ဦး​ဇော်မင်း​နဲ့​ အ​ရှေ့​တောင်တိုင်း​ စစ်ဌာနချုပ် တိုင်း​မှူး​ ဗိုလ်ချုပ်တင်​မောင်ဝင်း​တို့​က လာ​ရောက်ကြိုဆို နှုတ်ဆက်ခဲ့​ကြပါတယ်။

ည ​နေ ၆ နာရီမှာ​လောက်မှာ​တော့​ ပြည်နယ်အဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်မယ်လို့​ ​ကေအန်ယူအဖွဲ့​ကို သွား​ရောက်ကြိုဆိုတဲ့​ ဘား​အံအ​ခြေစိုက် ဖလုံစ​ဝေါ် ဒီမိုကရက်တစ်ပါတီက ​ဒေါ်နန်း​ဆေး​ဝါး​က ဒီဗွီဘီကို ​ပြောပါတယ်။

“ရထား ​ဝန်ကြီး​ ဦး​အောင်မင်း​၊​ လဝကဝန်ကြီး​ ဦး​ခင်ရီ၊​ ​နောက်ထပ် ဝန်ကြီး​ ၂ ဦး​ ပါပါတယ်။ အခု​တော့​ ဘာမှမ​ပြောကြ​သေး​ဘူး​။ ခရီး​ပန်း​လာလို့​ ဇွဲကပင်ဟိုတယ်မှာပဲ နား​ဦး​မှာ​ပေါ့​။ ၆ နာရီမှာ ညစာစား​ပွဲ ​ခေါ်ထား​ပါတယ်။”

ကေအန်ယူအ ​နေနဲ့​ အစိုး​ရနဲ့​ ဒုတိယအကြိမ်​ဆွေး​နွေး​ပွဲမှာ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်ဆိုင်ရာ အ​သေး​စိတ်ကို လုပ်​ဆောင်သွား​ဖို့​၊​ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ ပြုလုပ်သွား​ဖို့​၊​ ပြည်သူအတွက် အာမခံချက်ရှိတဲ့​ လုံခြုံမှုရရှိဖို့​၊​ ယုံကြည်မှု တည်​ဆောက်ဖို့​နဲ့​ လူ့​အခွင့်​အ​ရေး​ကို ကာကွယ် ​စောင့်​ရှောက်ဖို့​စတဲ့​ အချက် ၅ ချက်ကို အဓိကထား​ ​ဆွေး​နွေး​ဖို့​ ဒီမနက်မှာပဲ ​ကေအန်ယူက ​ကြေညာချက် ထုတ်ပြန်ထား​ပါတယ်။

ဒီအချက်​တွေကို ပြည်နယ်အဆင့်​အတွက် ဒီည​နေပိုင်း​မှာ​ဆွေး​နွေး​ပြီး​ ဧပြီ ၅ ရက်​နေ့​မှာ​တော့​ ဘား​အံမြို့​မှာရှိတဲ့​ ကရင်အဖွဲ့​အစည်း​ကို ​တွေ့​ဆုံ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။ ဧပြီ ၆ ရက်​နေ့​မှာ​တော့​ ရန်ကုန်မြို့​မှာ ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ ဆက်လက် ပြုလုပ်သွား​မှာပါ။

ဧပြီ ၄ ရက်​နေ့​က​နေ ၁၁ ရက်​နေ့​အထိ ဒီခရီး​စဉ်အတွင်း​ ငြိမ်း​ချမ်း​ရေး​ရရှိ​ရေး​ ကြိုး​ပမ်း​ဆောင်ရွက်ရာမှာ အလွှာအသီး​သီက လူထု​တွေ၊​ လူမှုအဖွဲ့​အစည်း​၊​ နိုင်ငံ ​ရေး​ပါတီ​တွေနဲ့​လည်း​ ​တွေ့​ဆုံသွား​မှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေဆုံသွား​မှာ ဖြစ်တယ်လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

 ကေအန်ယူ ကိုယ်စား​လှယ်အဖွဲ့​ဟာ ပဲခူး​တိုင်း​ ​ကျောက်ကြီး​မြို့​နဲ့​ တနင်္သာရီတိုင်း​ ထား​ဝယ်မြို့​ကို သွား​ရောက်​လေ့​လာဖို့​ ရှိပြီး​ ဆက်ဆံ​ရေး​ရုံး​ဖွင့်​လှစ် ဖို့​ရှိ​ကြောင်း​လည်း​ ဆိုပါတယ်။

နှစ်​ ပေါင်း​ ၆၀ ​ကျော်ကြာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့​တဲ့​ ​ကေအန်ယူနဲ့​ အစိုး​ရ အကြား​ ဇန်နဝါရီလဆန်း​ပိုင်း​က ပထမအကြိမ် ​တွေ့​ဆုံရာမှာ အပစ်အခတ်ရပ်ထား​ဖို့​ နှစ်ဖက် ပဏာမသ​ဘော တူညီခဲ့​ပါတယ်။

KNU Media Advisory April 4

KNU Media Advisory April 4 Burmese

KNU Media Advisory April 4

KNU Media Advisory April 4 English

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ

သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၄ ရက်၊ ၂၀၁၂ ခုနှစ်


မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၂၁ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားသည်။

ယခုလ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် ခရီးစဉ်တွင် KNUအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်မည့်ကိစ္စ၊ နယ်မြေဖြတ်သန်းသွားလာခွင့်ကိစ္စနှင့် နယ်မြေပိုင်းခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို၊ ပြည်နယ်အဆင့်အနေဖြင့် ထပ်မံဆွေးနွေးရန်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း အပါအ၀င် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့နှင့် ဘားအံမြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။

ဆက်လက်၍ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရန်ကုန်မြို့တွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။

ယခုလ ၆ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ မူအားဖြင့် နှစ်ဘက်သဘောတူညီထားသည့် KNU ၏ တောင်းဆိုချက် ၁၁ ချက်ကို အသေးစိတ် ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ သွားရောက်တာ ဖြစ်တယ်။ ဒီတိုင်းပြည် ငြိမ်းချမ်းရေးရရှိဖို့ မြန်မာအစိုးရအပေါ်မှာ အများကြီး မူတည်တယ်။ အောင်မြင်မှုရှိမရှိ ဆိုတာကတော့ နှစ်ဘက်ဆွေးနွေးမှုအပေါ်မှာ မူတည်တယ်” ဟု ပြောသည်။

ခရီးစဉ်အတွင်း နှစ်ဘက်သဘောတူညီချက်များအရ ဆက်ဆံရေးရုံးနှစ်ခုကို ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီးမြို့နယ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ရန်ရှိပြီး ထားဝယ်မြို့နယ် ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ရန်အတွက်၊ ယခုလ ၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိနေသည့် KNU ကိုယ်စားလှယ်အဖွဲ့ဝင်များအနက် မြိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုကွယ်ထူးဝင်း ဦးဆောင်မည့် ၄ ဦးပါ အဖွဲ့က မြန်မာအစိုးရတာဝန်ရှိသူများနှင့်အတူ ရန်ကုန်မှတဆင့် လေကြောင်းလိုင်းဖြင့် ထားဝယ်သို့ ထွက်ခွာကြမည်ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့တွင် နော်စီဖိုးရာစိန် (အဖွဲ့ခေါင်းဆောင်) စောမူတူးဆေးဖိုး (ဒု-အဖွဲ့ခေါင်းဆောင်) စောအားတိုး၊ စောရောဂျာခင်၊ စောကွယ်ထူးဝင်း၊ စောရွှေမောင်း၊ စောမိုးဖြူ၊ စောအယ်ကလူသိန်း၊ နော်ဘလူးမင်းနိုက်ဇန်၊ စောထူးထူးလေးနှင့် နော်မေဦး တို့ပါရှိသည်။

ရုံးအဖွဲ့ဝင်များအဖြစ် စောသောသီဘွဲ (ရုံးအဖွဲ့မှူး)၊ စောလှထွန်း (ဒု-ရုံးအဖွဲ့မှူး)၊ စောတာဒိုမူး၊ စောအောင်ဝင်းရွှေ၊ နော်ထူးဖော၊ စောဘောဘိုး၊ စောကြီး၊ စောဒူးဖလော်စိုး၊ စောအယ်နာနှင့် နန်းဖော့ဂေ တို့ပါရှိပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လေ့လာသူများအဖြစ် ကရင်ပြည်နယ် ဘားအံမြို့မှ တောင်ကလေးကျောင်းတိုက် ဆရာတော် အရှင်ပညာသာမိနှင့် ခရစ်ယာန်ဘုန်းတော်ကြီး ဘိရှော့ဖိုးရေ တို့ပါရှိသည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညတွင် ဘားအံမြို့၌ ညအိပ်ရပ်နားမည်ဖြစ်ပြီး ၅ ရက်နေ့ နံနက်တွင် ဘားအံမြို့ တောင်ကလေးကျောင်းတိုက်၌ ကရင်လူမှုအဖွဲ့အစည်းများ၊ ကရင်ခေါင်းဆောင်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ အပါအ၀င် ဒေသခံ ကရင်အမျိုးသားများကို တွေ့ဆုံပြီး အဖွဲ့၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သဘောထားများကို ရှင်းလင်းပြောကြားမည် ဖြစ်သည်။

ခရီးစဉ်အတွင်း KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအ၀င်၊ အခြားနိုင်ငံရေးပါတီများနှင့် ယခုလ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံရန် ရှိသည်ဟု ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။

လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်နေ့က KNU အဖွဲ့သည် မြန်မာအစိုးရနှင့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း ကရင်ပြည်နယ်အတွင်း နှစ်ဘက်တပ်ဖွဲ့ဝင်များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခုဆွေးနွေးမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KNU ဘက်မှ ထာဝရငြိမ်းချမ်းရရှိရန်အတွက် ထပ်မံဆွေးနွေးခြင်းဖြစ်ပြီး မြန်မာဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက်များကို လက်ခံခြင်းမရှိပါက နှစ်ဘက်အကြား စစ်မှန်သည့် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အချိန်ကာလများစွာ ကြာမြင့်ဦးမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မှ အဆင့်မြင့် တပ်မှူးကြီးတဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရအဆက်ဆက်ကို တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၃ နှစ်ရှိပြီး အဖွဲ့၏ လက်ရှိဥက္ကဌမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော ဖြစ်သည်။

Tuesday, April 3, 2012

“Inside News” Volume 5 Issue 4, 2012-Committee for Internally Displaced Karen People (CIDKP)

    "Inside News" Volume 5 Issue 4,  2012-Committee for Internally Displaced Karen People (...

Compilation of Burma Army activities since 12 January 2012, as of 23 March 2012

Compilation of Burma Army activities since 12 January 2012, as of 23 March 2012

Federation of Trade Unions Kawthoolei-FTUK_Statement burmese

Federation of Trade Unions Kawthoolei-FTUK_Statement burmese

Our Victory is People Victory AungSanSuuKyi says in the speech to the people on April 2 morning-video

Tourists flock to Myanmar to witness the historic election-video engl.

Aung San Suu Kyi to the People of Burma 2.april 2012-video english

Winning NLD candidate list announced in state tv-

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ




ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်းရှိပါတယ်။ ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်းရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုလ်ဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။
(၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။
(၃) ပျားရည်ကို ရှလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေကာ နှလုံးရောဂါထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။
(၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာကို လျော့ကျစေနိုင်ပါတယ်။
(၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီး ပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။
(၇) ပျားရည်ကို နှင်းခူလို အရေပြားယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြားခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေးရေနဲ့ ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် သုတ်လိမ်းပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကိုလိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်။
(၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကို ရောပြီးသောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့
အသက်တစ်နှစ်အောက် ကလေးတွေကိုပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

တညင်းသီး နှင့် သူ၏အဆိပ်

အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
 နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
 ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
 ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
 တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
 တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
 ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
 ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း