Friday, April 6, 2012

ကေအဲန်ယူနှင့်မြန်မာ အစိုးရ ပြည်ထောင်စု အဆင့် ဆွေးနွးချက်များ

ဧပြီလ၆ရက်။၂၀၁၂ခုနှစ်။ ကေအိုင်စီအယ်ဒီတာချုပ် နော်ဖောဂေက တိုက်ရိုက် သတင်းပေးပို့ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှင့် မြန်မာအစိုးရကိုယ်စား လှယ်များသည် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မနက် ၉နာရီခန့်အချိန်တွင် စတင်ပြုလုပ်ခဲ့ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထိုတွေ့ဆုံပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ၀န်ကြီးများဖြစ်ကြသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ စက်မှု (၁)ဝန်ကြီး ဦးကျော်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း၊ လျှပ်စစ်(၂)ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေး၊ ပြည်ထောင်စုအဆင့် ဒုနယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၏ စစ်ဘက်ဆိုင်ရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ ရန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ တပ်မတော် (ကက)ကြည်းမှ ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် ငြိမ်းချမ်းရေး အကျိုးဆောင်များဖြစ်ကြသည့် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးကိုကိုမောင်၊ ဦးငွေစိုးနှင့် ဦးဆန်နီညွန့်သိန်းတို့ ပါဝင်သည်။

ကေအဲန်ယူဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုစောအားတိုး၊ ပဒိုစောတာဒိုမူး၊ နော်ဘလူးမေးနိုက်ဇံ၊ ဗိုလ်မှူးကြီး စောမိုးဖြူ၊ ဗိုလ်မှူးရောဂျာခင်၊ ဗိုလ်မှူး ထူးထူးလေး၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒိုစောအောင်ဝင်ရွှေ၊ နော်မေဦး၊ ပဒိုသောသီဘွဲတို့ ပါဝင်ဆွေးနွေးခဲ့သည်။

ယနေ့မနက် ၉နာရီမှ ၁၂နာရီအထိ ဆွေးနွေးခဲ့ကြသည်မှာ
၁။ ပြည်တွင်း ကရင်လူထုများ၏ အခြေအနေများဖြစ်ကြသည့် နေထိုင်ရေး၊ လုံခြုံရေးနှင့် စားဝတ်နေရေးကိစ္စ၊
၂။ ပြည်တွင်း ဒုက္ခသည် (အိုင်ဒီပီ)အခြေအနေ၊
၃။ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုကိစ္စ၊
၎။ အတင်းအဓမ္မ လုပ်အားခိုင်းစေမှုကိစ္စ၊
၅။ ပြည်တွင်း ဖွဲ့ဖြိုးရေး လုပ်ဆောင်ရာမှာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs)အဖွဲ့များ၏ အရေးပါမှုကိစ္စများ၊
၆။ အကျဉ်းသားကိစ္စများနှင့်
၇။ မြေယာ သိမ်းဆည်းမှုကိစ္စများကို ဆွေးနွးခဲ့ကြသည်။

ထိုဆွေးနွေးချက်များအပေါ် အစိုးရဘက်မှ ဝန်ကြီးဦးအောင်မင်းက နိုင်ငံတော် အစိုးရအနေဖြင့် အိုင်ဒီပီကိစ္စများကို အရင်ဆုံး ဦးစားပေးလုပ်ဆောင်ဖို့ သဘောထားရှိကြောင်း။ အဘယ်ကြောင့်ဆိုသော် အိုင်ဒီပီသည် ဒုက္ခသည်နှင့်မတူပဲ နေစရာ၊ စားစရာ အခက်အခဲရှိသည့်အတွက်ကြောင့် ပိုပြီး အရေးကြီးကြောင်း တင်ပြသည်။

ထို့အပြင် အိုင်ဒီပီနှင့် ဆက်စပ်ပြီး ဒုက္ခသည်များ၊ ရွှေ့ပြောင်းအလုပ်သမားများအတွက်ကိုလည်း နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်များ အပြန်လှန်ဆွေးနွေးခဲ့သည်။

ထိုအချက်အလက်များကို နှစ်ဦးနှစ်ဖက် ပူးပေါင်းပြီး လက်တွဲ အကောင်အထည်ဖော် လုပ်ဆောင်ကြမည်ဟု နှစ်ဦးနှစ်ဖက်ကိုယ်စားလှယ်များက သဘောထားရှိကြသည်။

KNU Delegations Meet Karen People in Pa-an 5 April 2012 (ရုပ်သံ)

တောင်ကလေးဆရာတော်ရဲ့ သြ၀ါဒတွေဟာ ရှင်းလင်းပြတ်သားလှပါတယ်။ ကရင်တမျိုးသားလုံး အကြောက်တရားတွေကနေ နိုးထကြပါတော့။ ဆရာတော် အရှင်ပညာသာမိကို ၀ိုင်းရံကြပါ။ ကရင်နယ်ခြားစောင့်တပ် နှင့် ဒီကေဘီအေ ညီနောင်တို့ ကြားနိုင်ကြပါစေ။

နေပြည်တော်အတွင်းရေး - 4 April 2012

2012_April_04__Prsdnt_TheinSein_true_intent_on_Eltcn_and_Ceasefires_-Invstmnts__ceasefires_for_prjcts__DKBA_only_for_pressure_t

For Immediate Release April 4 2012 Karen

For Immediate  Release  April 4 2012 Karen

ကေအဲန်ယူနှင့်အစိုးရတို့ ပြည်နယ် အဆင့် တွေ့ဆုံဆွေးနွေးပွဲပြီး

Submitted by on Thursday, 5 April 2012--
ဧပြီလ ၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းထူးစံ(ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့် မြန်မာအစိုးရတို့ အပစ်အခတ်ရပ်ဆိုင်းရေးအတွက် ယနေ့ ဖားအံမြို့တွင် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝက် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောသည်။
ထိုဆွေးနွေးပွဲတွင် နှစ်ဖက် ကိုယ်စားလှယ်များက အပစ်အခတ်ရပ်ဆိုင်းရေးအတွက် နှစ်ဦးနှစ်ဖက် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ် (Code of Conduct)များ စနစ်တကျချမှတ်ရေး၊ အပစ်အခတ် ရပ် ဆိုင်းရေး စောင့်ကြည့်သည့်အဖွဲ့ထားရှိရေးနှင့် ဆက်ဆံရေးရုံးများကို လိုအပ်သည့်ဒေသများတွင် ဖွင့် လှစ်ရေး အပါအ၀င်အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ အသေးစိပ်အချက်အလက်များကို ဆွေးနွေးခဲ့
ကြသည်ဟု ယနေ့ ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဘက် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင် တဲ့အ တွက် အားရကျေနပ်မှုရှိသည်ဟု ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေ ဦးက ကေ အိုင်စီသို့ ပြောသည်။
သူမက “ကျမတို့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးကို ရဖို့အတွက် ကျမတို့ ဆွေးနွေးတဲ့အခါမှာ အပြန်အ လှန် ပွင့်ပွင့်လင်းလင်း ရင်းရင်းနီးနီး ဆွေးနွေးကြတာကို ကျမအားရကျေနပ်တယ်။ တစ်ဦးနှင့်တစ်ဦး အ ပြန်အလှန် နားလည်မှု၊ လေးစားမှုကို အခြေခံပြီး ဆွေးနွေးကြတာကို ကျေနပ်တယ်။”ဟု ပြောသည်။
ဘားအံမြို့၊ ဇွဲကပင်ဟော်တယ်တွင် ယနေ့ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ အထွေ ထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ရေးရာကော်မတီ အတွင်းရေးမှူး စောထူးထူးလေး နှင့် KNLAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးတို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာအစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်း မှူး ဗိုလ်ချုပ်တင်မောင်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့သည်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ ၅ရက်နေ့တွင် ကရင်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဧပြီလ (၆)ရက်နေ့တွင် အစိုးရနှင့် ပြည် ထောင်စုအဆင့် ဆွေးနွေးပွဲကို ရန်ကုန်တွင် ကျင်းပသွားမည်ဟု သိရသည်။
ယခုသွားသည့် ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်၅မှ မြန်မာအစိုးရနှင့် ကေအဲန်ယူအကြား အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီချက်ဆိုင်ရာ အသေးစိတ်များကို လုပ်ဆောင်သွားရန်၊ တပြည်လုံး အတိုင်းအ တာ ဆောင်သည့် အပစ်အခတ်ရပ်ဆိုင်းရေး တဆင့်စီဖြစ်မြောက်အောင် ပြုလုပ်သွားရန်၊ ပြည်သူလူထုအ တွက် အာမခံချက်ရှိသော လုံခြုံမှုရရှိရန်၊ ယုံကြည်မှု တည်ဆောက်ရန်နှင့် လူ့အခွင့်အရေးများကို ကာ ကွယ်စောင့် ရှောက်ရန် စသည့်အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဟု ယနေ့ထုတ်ပြန်လိုက် သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၏ ပြည်နယ်အဆင့် ဖားမြို့ တွင် လတ်တလော တွေ့ ဆုံဆွေးနွေးခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်

For_Immediate__Release__April_4_2012_Burmese

KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေး (အသံဖိုင်)

ကေအဲန်ယူ ငြိမ်းကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူ နော်မေဦး နှင့် RFA မေးမြန်းခန်း










KNU ကိုယ်စားလှယ်များအား မိတ်ဆက်ဧည့်ခံပွဲလုပ်

ကိုပေါက် | ကြာသပတေးနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ အာဏာပိုင်များ မိတ်ဆက်ဧည့်ခံပွဲတခုကို ကြာသပတေးနေ့ ညနေ ခြောက်နာရီခွဲက ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့ကြသည်။

သောကြာနေ့ မနက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးကြမည့် နှစ်ဖက်ကိုယ်စားလှယ်များအပြင် အနောက်နိုင်ငံ သံအရာရှိများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်း KNU ကိုယ်စားလှယ် အဖွဲ့မှ ပြောခွင့်ရ နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

“ထွေထွေထူးထူးတော့ မရှိပါဘူး။ မိတ်ဆက် တွေ့ဆုံပွဲလေးပဲ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးတချို့ရယ်၊ စင်္ကာပူ၊ အမေရိကန်နဲ့ အီးယူနိုင်ငံတချို့က သံတမန် ဧည့်သည်တွေရယ်၊ ရန်ကုန်တဝိုက်က ကရင်အမျိုးသား ခေါင်းဆောင်
တွေရယ် တက်ရောက်ကြပါတယ်” ဟု ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးရန်အတွက် ရောက်ရှိနေသော KNU ကိုယ်စားလှယ်အဖွဲ့နှင့် မိတ်ဆက်ဧည့်ခံပွဲတွင် ရန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဝဲ)၊ KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် (အလယ်)နှင့် နော်မေဦးမုတြော် (ယာ)တို့အား ဧပြီလ ၅ ရက်နေ့ ညနေက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးခင်ရီ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ မြို့တော်ဝန်နှင့် တိုင်းအစိုးရအဖွဲ့ဝင်များ တက်ရောက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့အား အထွေထွေ အတွင်းရေးမှူး
နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ ဦးဆောင်ပါဝင်ကြသည်။ ထို့ပြင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံတကာ အဲန်ဂျီအိုများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၅ဝ ခန့် တက်ရောက်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက ပြောသည်။

သောကြာနေ့ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဝန်ကြီး ဦးအောင်မင်းနှင့် ဦးခင်ရီတို့အပြင် အခြားဝန်ကြီးများလည်း တက်ရောက်ဖွယ်ရှိပြီး ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

KNU ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သဘောထားဖလှယ်ရန် စီစဉ်ထားကြောင်းလည်း နော်မေဦးမုတြော် က ပြောသည်။

“အခု ကျမတို့ KNU က လုပ်နေတဲ့ ကိစ္စတွေပါပဲ။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက်က NLD ကလည်း ရပ်တည်မှုတခု ဖြစ်တယ်။ ကျမတို့ KNU က ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စကားပြောနေတယ်ဆိုတော့ သဘောထား
တွေ ဖလှယ်ဖို့၊ ပိုသိအောင်လို့ မိတ်ဆက်ပဲ ဖြစ်ပါတယ်” ဟုပြောသည်။

ယခင်က NLD နှင့် စာရေးဆက်သွယ်မှုများ ရှိခဲ့သော်လည်း ယခု ပထမဆုံးအကြိမ် တွေ့ဆုံကြခြင်း ဖြစ်ကြောင်းလည်း ဆိုသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ထဲတွင် NLD အပေါ် မျှော်လင့်ထားမှုနှင့် ပတ်သက်၍ “ဘယ်လောက်ထိ ပါဝင်
ပေးနိုင်မလဲ ဆိုတာကတော့ NLD ကို ကျမတို့ မေးရမှာပဲ။ ဒါပေမယ့် NLD ကို ပါဝင်သင့်တယ်လို့ ကျမတို့ မြင်တယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လူတဦးတယောက် အဖွဲ့အစည်းတခုရဲ့ တာဝန်လည်း မဟုတ်ဘူး။ သူတို့ပါ ပါမှဖြစ်မယ်။ လက်လှမ်းမီသလောက် လိုက်ပြီးဆွေးနွေးတာပါပဲ” ဟု နော်မေဦးမုတြော် က မဇ္ဈိမကို ပြောသည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတရပ်အဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သွား မည်ဟု တင်ပြထားပြီး တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။

ဇန်နါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေးအတွက် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ဗိုလ်ချုပ် မူတူးဆေးဖိုး ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့တို့ လက်မှတ်
ရေးထိုးခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထပ်မံဆွေးနွေးရန်အတွက် ယခုတကြိမ် ထပ်မံတွေ့ဆုံကြခြင်း
ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် တနင်္လာနေ့တွင် ပဲခူးတိုင်းအတွင်းသို့ သွားရောက်ကာ အင်္ဂါနေ့တွင်မှ ဘားအံသို့
ပြန်လည်ထွက်ခွါကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူငြိမ်းကိုယ်စားလှယ်များဆွေးနွေးပွဲ - ၄ - ၄ - ၂၀၁၂ - ဖားအံ့မြို့  (ရုပ်သံ) KNU and Burmese Government Peacetalk_Hpa-an_04.04.2012.mp4

KNU and Burmese Government Peace Talk, Sky Net part 5_6

Thursday, April 5, 2012

Kwe Ka Lu news about KNU peace talk

Kwe Ka lu

မြန်မာစစ်အစိုးရနှင့်တွေ့ ဆုံးဆွေးနွေးရေးကိစ္စနော်စီဖိုးရာရှင်းလင်းချက်

KNU Delegation for Second Round Ceasefire Talks




Today, April 4, 2012, the KNU delegation led by Naw Zipporah Sein, the General Secretary, leaves the Thai border town of Mae Sot to continue the second round of ceasefire talks with the Burmese Government. The talks with the Government will take place initially in Pa-An, and subsequently in Yangon and Pago from April 4 to 11, 2012. The talks will focus on the following: (1) Details of the cease fire arrangement between the KNU and the Burmese Government (2) Progressive realization of a nationwide ceasefire (3) Guaranteed safety for civilian populations (4) Trust building at all levels (5) Protection of Human Rights The delegation will also be meeting with the Karen civil society, political parties, community organizations, and leaders and members of the National League for Democracy during this trip. The purpose of these meetings is to engage all levels of society in the process of achieving peace in a nation that has been in armed conflict for several decades. The KNU believes that lasting peace should be achieved through the combined effort of all people who are directly and indirectly affected by the coming political change. Additionally, the KNU delegation and the Representatives of the Burmese Government plan to visit some sites such as Tavoy in Taninthayi Division and Kyaukkyi and Mu Theh in Pago Division. The purpose of this joint visit is to observe the opening of a humanitarian assistance office and to meet with regional and local citizens who have been affected by conflict for years. Following the negotiations, members of the delegation and the designated spokespersons will be on-site to address questions by the media and public. For further information, please contact the following our Media & Public Relations Chief: Naw May-Oo Mutraw: Tel. (66) 85 248 3013 Tel. (95) 09 8575 142 (Effective April 4 – 11) Email: knu.nego@gmail.com





Myanmar's Karen rebels restart cease-fire talks

BANGKOK — Cease-fire talks reopened Wednesday between the government and leaders of the country's most enduring ethnic rebel movement, highlighting another major task for Myanmar as it opens up and enacts political reforms.
The military-backed but elected government of President Thein Sein is seeking cease-fires with ethnic rebel groups as part of the political reforms started last year after decades of repression under military rule.
A statement from the Karen National Union said its general secretary Zipporah Sein led the group's delegation Wednesday from their headquarters on the Thai border for a second round of talks to run until April 11. Initial talks were held in January.
It said the latest talks would be held in Pa-An near the Thai border, and subsequently in Yangon and Bago in central Myanmar.
The KNU talks are the first to be held since the National League for Democracy party of Aung San Suu Kyi won 43 seats in by-elections on Sunday, giving it a voice in parliament for the first time, though as a vastly outnumbered opposition.
Her movement is loosely allied with most of the ethnic minority groups, who, like her party, also faced repression under the previous military regime.
Preliminary cease-fire pacts have been reached in recent months between the government and groups representing the Mon, Shan, Chin, Wa and Kokang minorities.
Most of the groups, however, insist that a political settlement giving them more autonomy is necessary to ensure lasting peace. One group, the Kachin in northern Myanmar, in actively engaged in sporadic though bitter fighting with the government.
"The purpose of these meetings is to engage all levels of society in the process of achieving peace in a nation that has been in armed conflict for several decades," said the KNU statement. "The KNU believes that lasting peace should be achieved through the combined effort of all people who are directly and indirectly affected by the coming political change."
The KNU has been fighting for greater autonomy from Myanmar's central government since the country obtained independence from Britain in 1948. A Myanmar government offensive in the mid-1990s wiped out most of the KNU's strongholds and crippled its fighting ability.
The KNU statement said the talks would focus on details of a cease-fire between the KNU and the government, the gradual extension of a cease-fire to cover the entire country, civilian safety, trust-building and safeguarding human rights.

Wednesday, April 4, 2012

အားလုံးသောကရင်လူထုထံသို့......


ချစ်တဲ့ ကရင်အမျိုးသားအပေါင်းတို့.............

ဒီကနေ့သည်ကျွန်တော်တို့ရဲ့ ခေါင်းဆောင်များ ဒုတိယအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ခရီးစဉ်ကိုစတင်နေပါပြီး။ ကျေးဇူးပြုပြီးတော့ ညီအစ်ကို မောင်နှမများ ကရင်တမျိုးသားလုံးကိုကိုယ်စားပြုသောခေါင်းဆောင်ကြီးများအတွက် ဆုတောင်းမေတ္တာ ပို့သပေးကြပါရန် ပန်ကြားအပ်ပါသည်။ ခရစ်ယာန် ဖြစ်စေ ဗုဒ္ဓဘာသာဖြစ်စေ......ကိုယ်ယုံကြည်ရာဘာသာမှာအစစအရာရာ အားလုံးအဆင်ပြေချောမွေ့ ပြီး ဘေးမသီရန်မခပဲ ကောင်းကောင်းမွန် မွန်ပြန်လည်ရောက်ရှိလာဖို့အတွက် ကိုပါဆုတောင်းပေးကြပါ။ ဒါ့အပြင် စစ်မှန်တဲ့ထာဝရ ငြိမ်းချမ်းရေးဖြစ်ဖို့အတွက်ကိုပါထည့်ပြီး ဆုတောင်းပေး ပါရန် ပန်ကြားအပ်ပါသည်။