Tuesday, April 10, 2012
ဒီပဲရင်း အရေးအခင်းအကြောင်း ဘန်ကောက်ပို့စ်မှာပြောပြီး ဦးခင်ညွှန့်သာ့သနာဘောင်ဝင်။
day, April 9, 2012
ဇတ်လမ်းလေးက စလာပါပြီ ခင်ဗျား....

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်တွင် ၂၀၀၃၊မေလ
ကဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်လုပ်ကြံမှုကို စစ်အစိုးရကျောထောက်နောက်ခံပြုအဖွဲ့မှအကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ကို ထောက်လှမ်းရေးမှကယ်တင်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန်မှ ပြောကြားခဲ့ပြီးနောက် မြန်မာ့စစ်အရာရှိများအကြားတွင် ပြသနာများကြီးထွားနေကြောင်းသတင်းရရှိသည်။ ထိုသို့ဒီပဲရင်းအကြောင်းကိုမီဒီယာသို့ပြောကြားပြီးနောက်ဝန်ကြီးချုပ်ဟောင်း ဦးခင် ညွန့်အပါအဝင် သားနှစ်ဦးသည် သိက္ခာထပ်၊ ရဟန်းခံရှင်ပြုပွဲကို ယနေ့နံနက် ၈ နာရီတွင် တာမွေမြို့နယ် တာမွေလေးရပ် ကွက်၊ ပင်ရွှေညောင်လမ်းရှိ အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ေ ကျာင်းတိုက် တွင် ကျင်းပခဲ့သည်။အဆိုပါ ရဟန်းခံရှင်ပြုပွဲကို ဦးခင်ညွန့် နှင့် ဒေါက်တာဒေါ်ခင်ဝင်းရွှေ တို့မှ အမှူးပြု၍အလှူဒါနပြုလုပ်ခဲ့ ပြီး ဦးခင်ညွန့်အပါအဝင်သားနှစ်ဦး နှင့်မြေး ၅ ဦးတို့မှ သာသနာ့ဘောင် သို့ ဝင်ရောက်သွားကြောင်းသတင်းရရှိသည်။

နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် KNU တွေ့ဆုံဆွေးနွေး
ဧပြီလ ၈ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်
ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU သည်
ယမန်နေ့ မွန်းလွဲ ၂နာရီခွဲ က နိုင်ငံရေးပါတီ ၂၄ပါတီမှ ခေါင်းဆောင်များနှင့်
စီဒိုးနားဟိုတယ် (Sedona Hotel) တွင် တွေ့ဆုံခဲ့သည်။
၎င်းတွေ့ဆုံမှုတွင် KNU အထွေထွေ
အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က KNU ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်
အဆင့်ဆင့်အပေါ် လက်ရှိ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို
ပါတီခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့သည်။
အချိန် တစ်နာရီကျော် ကြာမြင့်သည့်
KNU နှင့် နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးမှုတွင် တက်ရောက်လာသည့်
နိုင်ငံရေးပါတီခေါင်း ဆောင်များက ၎င်းတို့ရှင်းလင်းစွာ သိလိုသည့်
ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ KNU အပေါ် အကြံပြုများနှင့် မိမိတို့ပါတီများ၏
အခြေအနေများကိုလည်း ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ပြောဆိုခဲ့ကြသည်။
ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွှန့်က
“”ငြိမ်းချမ်းရေးမရှိရင် ဒီမိုကရေစီ မထွန်းကားနိုင်ဘူး။
ဒီမိုကရေစီမရှိရင်လည်း ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဒါကြောင့်
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဟာ ပိုက်ဆံပြားတစ်ခုရဲ့
ခေါင်းနဲ့ပန်းလိုပဲလို့ အဲလိုပဲ သဘောထားပါတယ်။” ဟု ပြောသည်။
ထိုတွေ့ဆုံပွဲတွင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦး၊
စိုင်းမြင့်လွင်၊ ဒီမိုကရက်တစ် မြန်မာပါတီမှ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊
ညီညွှတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွှန့်၊
တစည-တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ခေါင်းဆောင်များနှင့်
အခြားဒီမိုကရေစီပါတီများနှင့် တိုင်းရင်းသားပါ တီများမှ
ခေါင်းဆောင်များလည်း ပါဝင်ကြောင်း သိရသည်။
ကေအဲန်ယူ အတွင်းရေးမှူးချုပ်
နော်စီဖိုးရာစိန်က “ကရင်လူမှုအဖွဲ့အစည်းများမှ နိုင်ငံရေးပါတီတွေအနေနဲ့
ကေအဲန် ယူဟာ ဘယ်လိုပြင်ဆင်မှုတွေရှိလဲ သိချင်ကြသလို စိုးရိမ်မှုတွေလည်း
ရှိကြတာကို မြင်ရတယ်။ သူတို့တွေ အကြံပြုတာက ကေအဲန်ယူတွင်းမှာဖြစ်စေ၊
ကရင်အချင်းချင်း ထဲမှာဖြစ်စေ အရင်စည်းလုံးအောင် လုပ်ပြီးမှ ငြိမ်းချမ်း
ရေးကို လုပ်ဆောင်သွားစေချင်တယ်လို့ အကြံပြုကြပါတယ်။”ဟု ကေအိုင်စီကို
ပြောသည်။
ယမန်နေ့ ညနေပိုင်း
၅နာရီအချိန်တွင် ကေအဲန်ယူ ကိုယ်စားလှယ်များသည် ရန်ကုန်တိုင်း၊
အလုံမြို့နယ်တွင်ရှိ Myanmar Baptist Convention – MBC ဘုရားကျောင်းတွင်
ကရင့်လူမှုအဖွဲ့အစည်းများနှင့် သွားရောက်တွေ့ ဆုံခဲ့သည်။
တွေ့ဆုံပွဲ အခန်းအနားတွင်
ကရင်လူမှုအဖွဲ့အစည်းဘက်မှ ဒေါက်တာ စိုင်းမွန်သာ၊ စောစေးဝါးညွန့်၊
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်၊
ဒေါ်နော်အုန်းလှ အပါအဝင် လူပေါင်း ၂၀၀ခန့် တက်ရောက်ခဲ့သည်။
ကရင်အဖွဲ့အစည်းများနှင့်
တွေ့ဆုံမှုတွင် ရန်ကုန်ရှိ ကရင်လူထုက ငြိမ်းချမ်းရေး အမှန်အကန်
မဖြစ်မည်ကိုစိုးရိမ်သကဲ့ သို့ ဖြစ်မြောက်ပါက ကူညီပူးပေါင်း
လုပ်ဆောင်သွားမည်ဟုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။
တောင်ယာသွားချိန် လက်နက်ကြီးအပစ်ခံရ
ဧပြီလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ လူသောမြို့နယ်တွင် အစိုးရတပ်မှ ရွာသားများကို ဧပြီလ ၆ရက်နေ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ဖြစ်ခဲ့သည်။
ထိုပစ်ခတ်မှုမှာ လူသောမြို့နယ်၊ နယ်ကြိုးရွာ ဖွဂေါ်စခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရွာသားများ ထိခိုက်မှုရှိမရှိကိုမူ ကေအိုင်စီမှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
၎င်းအပြင် အစိုးရတပ်များသည် အချို့ဒေသတွင် သတ်မှတ်ထားသည့် နယ်မြေကျော်လွန်ကာ သွားလာခြင်းကြောင့် မြေမြှုပ်မိုင်းများ နင်းမိကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဖြစ်ပွားမှု များပြားခြင်း မရှိပေ။

ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ALP ငြိမ်းချမ်းရေး အဖွဲ့ကို စစ်တွေမြို့တွင် ပြည်သူ သိန်းချီ ကြိုဆို
ထွန်းထွန်း -နိရဉ္စရာ
----------
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။
"
လူကတော့ သိန်းချီပြီး ရှိပါတယ်။ ဆိုင်ကယ်တွေ ကားတွေကလည်း ထောင်ချီပြီး
ရှိပါလိမ့်မယ်။ ဒီလို လူတွေကြိုဆိုတာကို အခုတစ်ခါမှ တွေ့ဖူးပါတယ်" ဟု
စစ်တွေမြို့မှ ကြိုဆိုရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာရာက်ကြသည့် ရခိုင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအား ရခိုင်လူထုက လိုက်လိုက်လှဲလှဲ ကြိုဆိုကြခြင်းမှာ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
များမကြာမှီက ထောင်ထဲမှ လွှတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ခိုင်ကောင်းစံကလည်း ကြိုဆိုသူ အထူးများပြားကြောင်းကို ယခုလို ပြောသည်။
" ဆိုင်ကယ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ပြီး လာကြိုကြတာလည်း မနည်းပါဘူး။ ဆိုင်ကယ်က သောင်းချီရှိမယ်ထင်ပါတယ်။ ကားအစီးပေါင်း ၃၀၀၀ လောက်ရောက်မယ် ထင်ပါတယ်။ ဒီလို ပြည်သူတွေ ကြိုဆိုတာကို ပထမဆုံး အကြိမ် ကျွန်တော့်ဘ၀မှာ မြင်ဖူးတာပါ" ဟု ပြောသည်။
ယနေ့
နံနက် ၈နာရီ မိနစ် ၂၀ ခန့်တွင် ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သာ
ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် စစ်တွေလေယာဉ်ကွင်း
ကိုရောက်ရှိလာခဲ့ပြီး လေယာဉ်ကွင်းတွင် ရခိုင်စည်တော် အဖွဲ့ဝင်များက
စည်တော်တီးပြီး ကြိုဆိုခဲ့ကြသည်။ ကြိုဆိုပွဲသို့ အစိုးရပိုင်းမှ
တာဝန်ရှိသူများ၊ စစ်တပ် အရာရှိများ၊ ဘုန်းကြီးတော်ကြီးများ၊
အမျိုးသမီးများလည်း တက်ရောက် ခဲ့ကြသည်။
ကြိုဆိုသူ လူအုပ်ကြီးမှာ လေယာဉ်ကွင်းမှ အလိုတော်ပြည့် ကျောင်းတောင် ကုန်းအထိ ပြည့်နှက်နေပြီး လမ်းမကြီးတွင်လည်း နာရီစင်အသစ်မှ ရူပမြောက်အဆုံး အထိလူများ ပြည့် ကျပ်နေ ကြောင်း သိရသည်။
ကြိုဆိုသူများသည် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြပြီး ဆိုင်းဘုတ်များတွင် "မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ" " ရခိုင်ပြည်မှ ဖိတ်ခေါ်သံ" "ရခိုင်ပြည် ငါရို့ပြည်" " လွတ်မြောက်ပါစီ ငါရို့မြီ” “မျိုးချစ်စိတ်ဓါတ် နှင့်ရှင်သန်နိုင်ပါစီ" "ငါ ရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ဟု ရခိုင်လို ရေးသားထားကြသည်ဟု သိရသည်။
အိန္ဒိယအခြေစိုက် ဒုခေါင်းဆောင် ခိုင်သုခဦးဆောင် အဖွဲ့သည် ဧပြီလ ၃ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အခြေစိုက် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့ ဧပြီလ ၄ရက်နေ့တွင် ရောက် ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အဖွဲ့အား
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး ဦးသာလူချေ ဦးဆောင်တဲ့ အဖွဲ့နှင့်
ရတပပါတီမှ ဦးခိုင်ပြည်စိုး ဦးဆောင်သည့် အဖွဲ့များက ဘတ်(စ်)ကာ၊
မိုက်ခရိုကား၊ ဆိုင်ကယ် အသီးသီးဖြင့် သွားရောက်ကြို ဆိုခဲ့ကြသည်။
ယနေ့ နေ့လည် ၁ နာရီခွဲတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအကြား ငြိမ်းချမ်းရေး စတင် ဆွေးနွေးခဲ့ပြီး မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။
ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ယနေ့တွင် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိ လာသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော ငြိမ်းချမ်း ရေး ကိုယ်စားလှယ် အဖွဲ့အား ပြည်သူများ သိန်းချီပြီး ကြိုဆိုခဲ့ကြသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် လာရာက်ကြသည့် ရခိုင် တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအား ရခိုင်လူထုက လိုက်လိုက်လှဲလှဲ ကြိုဆိုကြခြင်းမှာ သမိုင်းတွင် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမည် မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။
များမကြာမှီက ထောင်ထဲမှ လွှတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသား ခိုင်ကောင်းစံကလည်း ကြိုဆိုသူ အထူးများပြားကြောင်းကို ယခုလို ပြောသည်။
" ဆိုင်ကယ်တွေနဲ့ အလံတွေကို ကိုင်ဆောင်ပြီး လာကြိုကြတာလည်း မနည်းပါဘူး။ ဆိုင်ကယ်က သောင်းချီရှိမယ်ထင်ပါတယ်။ ကားအစီးပေါင်း ၃၀၀၀ လောက်ရောက်မယ် ထင်ပါတယ်။ ဒီလို ပြည်သူတွေ ကြိုဆိုတာကို ပထမဆုံး အကြိမ် ကျွန်တော့်ဘ၀မှာ မြင်ဖူးတာပါ" ဟု ပြောသည်။
ကြိုဆိုသူ လူအုပ်ကြီးမှာ လေယာဉ်ကွင်းမှ အလိုတော်ပြည့် ကျောင်းတောင် ကုန်းအထိ ပြည့်နှက်နေပြီး လမ်းမကြီးတွင်လည်း နာရီစင်အသစ်မှ ရူပမြောက်အဆုံး အထိလူများ ပြည့် ကျပ်နေ ကြောင်း သိရသည်။
ကြိုဆိုသူများသည် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ထားကြပြီး ဆိုင်းဘုတ်များတွင် "မျိုးချစ်ပုဂ္ဂိုလ် လက်လှမ်းကြို ၀င်လာမစဲ တသဲသဲ" " ရခိုင်ပြည်မှ ဖိတ်ခေါ်သံ" "ရခိုင်ပြည် ငါရို့ပြည်" " လွတ်မြောက်ပါစီ ငါရို့မြီ” “မျိုးချစ်စိတ်ဓါတ် နှင့်ရှင်သန်နိုင်ပါစီ" "ငါ ရို့ပြည်ကို ငါရို့အုပ်ချုပ်မေ” ဟု ရခိုင်လို ရေးသားထားကြသည်ဟု သိရသည်။
အိန္ဒိယအခြေစိုက် ဒုခေါင်းဆောင် ခိုင်သုခဦးဆောင် အဖွဲ့သည် ဧပြီလ ၃ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိပြီး ထိုင်းနိုင်ငံ အခြေစိုက် ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့ ဧပြီလ ၄ရက်နေ့တွင် ရောက် ခဲ့ခြင်း ဖြစ်သည်။
ယနေ့ နေ့လည် ၁ နာရီခွဲတွင် ရခိုင်ပြည်နယ် အစိုးရနှင့် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီအကြား ငြိမ်းချမ်းရေး စတင် ဆွေးနွေးခဲ့ပြီး မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးကြမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့-Burmese Version
ဒေါ်အောင်ဆန်းစုကြည် KNU ငြိမ်းချမ်းရေးအဖွဲ့နဲ့တွေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်အမျိုးသား အစီးအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နဲ့ ဧပြီလ ၈ ရက်နေ့ က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုမှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အတွက် အဓိကထား ဆွေးနွေးသွားခဲ့ကြတယ်လို့သိရပါတယ်။
DKBA တပ်ဖွဲ့ အမည်ကို အဓိပ္ပါယ်ပြောင်းလဲခြင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ကို ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (Democratic of Karen Benevolent Army) အဖြစ် ပြောင်းလဲ လိုက်ပါသည်။ ဤနာမည်ကို ဧပြီလ (၄) ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ရွာထိပ်ရှိ ကော့သူမွဲခီး စခန်း၌ ကျင်းပသော (DKBA) တပ်မှူးများ အစည်းအဝေးမှ ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။ “ ဧပြီ (၂) ရက်နေ့က ကျင်းပတဲ့ ကရင်အမျိုးသား ညီလာခံ အပြီးပေါ့လေ၊ ညီလာခံကနေ ချမှတ်လိုက်တဲ့ လမ်းစဉ် စည်းကမ်း၊ လုပ်ငန်းလမ်းစဉ်က တပ်ဖက်ဆိုင်ရာတွေ သိရှိအောင် ကျင်းပတဲ့ တပ်မှူးများ အစည်းအဝေးက အဲဒီနာမည်ကို ပြောင်းလဲပေးလိုက်တာပါ။”
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ကို ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (Democratic of Karen Benevolent Army) အဖြစ် ပြောင်းလဲ လိုက်ပါသည်။ ဤနာမည်ကို ဧပြီလ (၄) ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် ရွာထိပ်ရှိ ကော့သူမွဲခီး စခန်း၌ ကျင်းပသော (DKBA) တပ်မှူးများ အစည်းအဝေးမှ ပြောင်းလဲခဲ့ခြင်းဖြစ်ပါသည်။
“ ဧပြီ (၂) ရက်နေ့က ကျင်းပတဲ့ ကရင်အမျိုးသား ညီလာခံ အပြီးပေါ့လေ၊ ညီလာခံကနေ ချမှတ်လိုက်တဲ့ လမ်းစဉ် စည်းကမ်း၊ လုပ်ငန်းလမ်းစဉ်က တပ်ဖက်ဆိုင်ရာတွေ သိရှိအောင် ကျင်းပတဲ့ တပ်မှူးများ အစည်းအဝေးက အဲဒီနာမည်ကို ပြောင်းလဲပေးလိုက်တာပါ။” ဟု (ဗိုလ်မှူးကြီးဆန်းအောင်ကိုယ်စား) ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးထွန်းထွန်း ကဆိုပါသည်။

ယင်းတပ်မှူးများ အစည်းအဝေးကို ဗိုလ်ချုပ်စောလားဖွယ်က ဦးဆောင်ပြီး၊ သဘာပတိများအဖြစ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Klohhtoobor Karen Organization) ဥက္ကဌ မန်းရောဘတ်စံ တို့က တက်ရောက်ကြပါသည်။ ဤအစည်းအဝေးသို့ ကလို့ထူးဝါး စစ်ကွပ်ကဲရေး ဌာနချုပ်မှ တပ်မှူးများ၊ ကလို့ထူးလား စစ်ကွပ်ကဲရေး ဌာနချုပ်မှ တပ်မှူးများနှင့် ကလို့ထူးဘော စစ်ဌာနချုပ် တပ်မှူးများ အင်အား (၇၀) ခန့် တက်ရောက်ခဲ့ပါသည်။
KKO_02
ယင်းအစည်းအဝေးတွင် ကလို့ထူးဘော ကရင်အမျိုးသား အစည်းအရုံး (Klohhtoobor Karen Organization) ဖွဲ့စည်းရ ခြင်းအကြောင်းကို တပ်မှူးများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့အပြင်-
(က) တပ်တွင်းကိစ္စများ၊
(ခ) ရှေ့လုပ်ငန်းစဉ်များ၊
(ဂ) နယ်မြေဒေသဖွံ့ဖြိုးရေးများ၊
(ဃ) လူထုစည်းရုံးရေးများနှင့်
(င) စစ်အေးကာလ လှုပ်ရှားမှုများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။
DKBA သည်၊ ပြီးခဲ့သည့် ဇန္နာဝါရီက အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး သဘောတူပြီးနောက်ပိုင်း ၊ နိုင်ငံရေးအရ (KKO)ကို ဖွဲ့စည်းနိုင်ခဲ့ပြီး စစ်ရေးအရတွင်လည်း အခြေအနေနှင့် အချိန်အခါအရ တပ်နာမည်ပြောင်းလဲခြင်းနှင့် အတူ တပ်များ အသစ် ပြန်လည် စုဖွဲ့နိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်ဖြစ်သည်။
Monday, April 9, 2012
ဦးသိန်းစိန် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တွေ့ဆုံ
12 hours ago
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတ၏ လယ်တော ရှင်းလင်းဆောင်တွင် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ KNU ဘက်မှ ခေါင်းဆောင်များ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြည်ထောင်စု ဝန်ကြီးများ၊ ငြိမ်းချမ်းရေး အကျိုးတော် ဆောင်များ တက်ရောက်ခဲ့သည်။
Photo : Peace Negotiator

စနေ, 07 ဧပြီ 2012
တိုင်းရင်းသားတွေနဲ့ တန်းတူဆက်ဆံရေးမူ ဦးသိန်းစိန်လက်တွေ့ကျင့်သုံး
ဓာတ်ပုံ Reuters
သမ္မတဦးသိန်းစိန် KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံနုတ်ဆက်စဉ်။ နေပြည်တော်၊ ဧပြီလ ၇ ရက်၊ ၂၀၁၂ ။
လက်ရှိ မြန်မာအစိုးရဟာ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံရမယ် ဆိုတဲ့အချက်အပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ဖော်ဆောင်နေ တာကို တွေ့ရှိရတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး က ဒီကနေ့ ပြောလိုက်ပါတယ်။ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ KNU တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပါ။ ဒါ့အပြင် တိုင်းရင်း သားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ဆောင်ရွက်ချက် တွေဟာ တထပ်တည်းကျ တာကို တွေ့ရှိရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာခဲ့ပြီး ၁ နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်တဲ့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သမ္မတ ဦးသိန်းစိန် တို့ စနေနေ့ မနက်က နေပြည်တော်မှာ တွေဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုအတွင်း သမ္မတ ဦးသိန်းစိန် က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုအပေါ် ကြိုဆိုတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေနဲ့ တန်းတူရည်တူ ဆက်ဆံပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းနေတဲ့အကြောင်းကို KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ရှင်းပြခဲ့တယ်လို့ KNU ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ စောသာဒိုမူး က ပြောပြပါတယ်။
“ဆွေးနွေးသွားတဲ့အထဲမှာ ကျနော်တို့ နာလည်လိုက်တာက သူက တိုင်းရင်းသားတွေရဲ့ အပေါ်မှာ တန်းတူရည်တူ ဆက်ဆံရမယ်ဆိုတဲ့ အခြေခံပေါ်မှာ မူတည်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖြစ်စေချင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ တွေ့ရပါတယ်။ နောက်ပြီးတော့ ဒီ ငြိမ်းချမ်းရေး မရဘူးဆိုရင် ကျနော်တို့နိုင်ငံက ဘယ်လိုနည်းနဲ့မှ တိုးတက်ဖို့ဆိုတာ အများကြီးကို နှောင့်နှေးပြီးတော့ အခက်အခဲတွေ အများကြီး ကြုံရမယ်ဆိုတာလည်း သူ သဘောပေါက်ပါတယ်။ အဲဒါကြောင့် ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အပစ်အခတ် ရပ်စဲရေးကနေပြီးတော့ တခါတည်း ငြိမ်းချမ်းရေး ရတဲ့အထိ သွားဖို့ဆိုတဲ့ဟာကိုလည်း သူ သံန္နိဌာန်ချပြီး လုပ်သွားမယ်ဆိုတာကို သိရတဲ့အတွက် ကျနော်တို့ဘက်ကလည်း အလားတူပဲ တုံ့ပြန်ခဲ့ပါတယ်ခင်ဗျ။”
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ရှင်းလင်းချက်တွေနဲ့ပတ်သက်ပြီးတော့ သမ္မတကြီးဟာ တိုင်းပြည်အကျိုးကို လိုလားတယ်ဆိုတာ လက်ခံလို့ရပြီး သူ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေဟာ ကိုက်ညီမှု ရှိတာကိုလည်း တွေ့ရတယ်လို့ KNU က အခုလို မှတ်ချက်ချခဲ့ပါတယ်။
“သမ္မတကြီးရဲ့ ပြောဆိုချက်တွေ၊ သူ့ရဲ့ ရှင်းလင်းချက်တွေက တကယ်ပဲ ဘာခေါ်မလဲ စစ်မှန် ရိုးသားတယ်၊ တကယ့်ကို လိုလိုလားလားနဲ့ တိုင်းပြည်အပေါ်မှာ စေတနာကောင်း ထားတယ်ဆိုတာကောင်း ထားတယ်ဆိုတာ ပေါ်လွင်ပါတယ်။ ကျနော်တို့ လက်ခံပါတယ်၊ သူပြောထားတဲ့အဆင့်နဲ့ ဒီနေ့ ကြုံတွေ့နေရတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေအထားအရ ကတော့ သူပြောတာနဲ့ကတော့ တထက်တည်း ဖြစ်နေပါတယ်။ မနေ့ကလည်း ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ အများကြီးကို ပွင့်လင်းတယ်၊ မြင်သာတယ်၊ နောက်ပြီးတော့ တန်းတူရှိတယ်ဆိုတာကိုလည်း သမ္မတကြီးကို ကျနော် တင်ပြခဲ့ပါတယ်။ ဒါတွေက လုံးဝ တန်းတူဖြစ်တယ် ဆိုတဲ့အကြောင်းပေါ့နော်။”
KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် နဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၆ ရက် သောကြာနေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ငြိမ်းချမ်းရေးမှာ အဓိက ကျတဲ့ အချက် ၆ ချက်နဲ့ပတ်သက်ပြီး မှတ်တမ်းတင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ကြောက်ရွံ့ မှုကင်းတဲ့ ပြည်သူလူထုရဲ့ ဘ၀ကို ဖန်တီးပေးဖို့နဲ့ လူထုကို အကျိုးရှိစေမယ့် ငြိမ်းချမ်းရေးမျိုးကို ဆက်လက် အကောင်အထည် ဖော်သွားဖို့တွေ ပါဝင်ပါတယ်။
အခုလို မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပေါ် KNU အနေနဲ့ အားရကျေနပ်မှု ရှိပြီး နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်းမှာ ပထမဆုံးအကြိမ် တန်းတူရည်တူ ဆွေးနွေးပြောဆိုတာမျိုးကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရဖို့ကတော့ အဆင့်တွေ ကျန်သေးတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ပြောပါတယ်။
“ငြိမ်းချမ်းရေး လို့တော့ ကျနော်တို့ မပြောချင်ပါဘူး။ ငြိမ်းချမ်းရေး ဆိုတာ အဆင့်တိုင်း တဆင့်စီ လှမ်းသွားဖို့လိုပါတယ်။ ကျနော်တို့ ငြိမ်းချမ်းတယ် ဆိုတာကတော့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွာလိမ့်မယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ တဆင့်ချင်းတဆင့်ချင်းနဲ့ လူထုတွေရဲ့ ပြဿနာတွေ ဖြေရှင်းရမယ်၊ တဘက်နဲ့တဘက် ရန်လိုတဲ့ အပြုအမူတွေ လျော့ပါးသွားမယ်။ နောက်ဆုံး တိုက်ခိုက်မှုတွေ လုံးဝ ရပ်သွားမယ်။ အဲဒါတွေကို တဆင့်စီ ကျနော်တို့ သွားဖို့ရှိပါတယ်။ ကျနော်တို့ ဒီလိုအဆင့်မျိုး တခါမှ မရောက်ဖူးတော့လည်း ကျနော်တို့ ဘယ်အဆင့်မှန်းတော့ ခန့်မှန်းလို့ မတတ်ဘူးပေါ့နော်။ တန်းတူရည်တူနဲ့ ဆွေးနွေးပိုင်ခွင့်သာ ကျနော်တို့ ၆၃ နှစ်မှာ ဒီတခါပဲ ရဖူးသေးတာကိုး။”
KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင် စောသာဒိုမူး ဖြစ်ပါတယ်။ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ညနေပိုင်းမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး တနင်္ဂနွေနေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား သလို ရန်ကုန်မှာရှိတဲ့ ကရင်အသိုင်းအ၀ိုင်း ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် တနင်္လာနေ့မှာတော့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာရှိတဲ့ IDP ကရင်ဒုက္ခသည် ၂ ထောင်ကျော်ရဲ့ အခြေအနေတွေကိုလည်း သွားရောက် လေ့လာကြမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် အပါအ၀င် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က အရာရှိတွေနဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ဆက်လက် တွေ့ဆုံဖို့ရှိပြီး အဲ့ဒီဒေသတွင်းမှာရှိတဲ့ အစိုးရတပ်တွေနဲ့ KNLA တပ်တွေရဲ့ လှုပ်ရှားမှု အခြေအနေတွေ အကြောင်း ဆွေးနွေး ပြောဆိုကြဖို့ရှိတယ်လို့ KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် စောသာဒိုမူး က ရှင်းပြခဲ့ပါတယ်။
KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်လာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၂ ရက်နေ့ကပဲ ကရင်ပြည်နယ် ဘားအံမြို့မှာ KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြည်နယ်အဆင့်နဲ့ တခါ - ပြည်ထောင်စုအဆင့် ဆက်လက်ဆွေးနွေးဖို့အတွက် တခါ ၂ ပိုင်းခွဲ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ယခင် KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြနဲ့ အဲဒီအချိန်က မြန်မာဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန်တို့ဟာ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလဆန်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ရန်ကုန်မှာ တွေ့ဆုံတဲ့အထိ သမိုင်းဝင်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ၂ ဘက်အကြား အပစ်အခတ် ရပ်စဲထားဖို့သာ ယာယီအားဖြင့် သဘောတူညီနိုင်ခဲ့ပြီး အခုလို လက်မှတ်ရေးထိုးနိုင်တဲ့အဆင့်အထိတော့ အောင်မြင်မှု မရှိခဲ့ပါဘူး။
လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ KNU နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ လက်မှတ်ရေးထိုးနိုင်ခဲ့တာကတော့ နှစ်ပေါင်း ၆၀ ကျော်ကာလအတွင်း ပထမဆုံးလည်းဖြစ်ခဲ့ပါတယ်ရှင်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ကေအဲန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ယနေ့တွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် ကေအန်ယူအတွင်းရေးမှူးနော်ဇီဖိုးရစိန်ဦးဆောင်သောအဖွဲ့ နံနက်(၁၀)နာ(၂၀)မိနစ်တွင်တွေ့ဆုံခဲ့သည်။ (၂)နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအင်ယူငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် တတိုင်းပြည်လုံးစစ်မဲ့ကင်းဝေးပြီး စစ်မှန်ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရန်နှင့် စစ်မှန်သောဒီမိုကရေပြည်ထောင်စုတည်ဆောက်ရန်အတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။
တွေ့ဆုံပွဲမှတ်တမ်းဓါတ်ပုံများ။

Subscribe to:
Posts (Atom)