10th KUS Statement _May 31_2014_ _Final_-1.pdf
Document Sample: Click To View Full Document
Type the rest of your post here.
Friday, June 6, 2014
(၁၀)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ၏ သဘောထား ထုတ်ပြန်ကြေညာချက်
Friday, May 9, 2014
ဂျပန်နိုင်ငံတိုကျိုမြို့၌ထုတ်ဝေသောတိုကျိုဂျင်း (TOKYO JIN 2014) ဧပြီလထုတ်အမှတ်စဉ် 388 ၌ဂျပန်နိုင်ငံတိုကျိုမြို့အကောင်းဆုံး CURRYဟင်းများ စာရင်းတွင်ဂျပန်နိုင်ငံတိုကျိုရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားများဖြစ်သော စောဘလှသိန်း ၊ မရစ်ဆိုင်းပူ၊ဒဘန်စဲန်ဟိန်းတို့မှဖွင့်လှစ်ထားသောဆိုင်မှဟင်းများ ကိုဖော်ပြခြင်းခံရပါသည်။
စာရင်းတွင်ဂျပန်နိုင်ငံတိုကျိုရောက်မြန်မာနိုင်ငံသားတိုင်းရင်းသားများဖြစ်သော
စောဘလှသိန်း ၊ မရစ်ဆိုင်းပူ၊ဒဘန်စဲန်ဟိန်းတို့မှဖွင့်လှစ်ထားသောဆိုင်မှဟင်းများ
ကိုဖော်ပြခြင်းခံရပါသည်။
အဆိုပါဆိုင်သည် သံယောဇဉ်အမည်နဲ့ဖွင်လှစ်ထားပြီး 2-18-25,NISHIWASEDA,
YOKOKAWA BLD 1F SHINJUKU -KU,TOKYO
東京都新宿区西早稲田2-18-25YOKOKAWA BLD1Fတွင်တည်ရှိပြီး
TAKADABOBABA (高田馬場 駅)ဘူတာမှ ၇ မိနစ်ခန့်လမ်းလျှောက်ရင်တွေ့နိုင်
သည်။Ph No မှာ 03-6380-3644ဖြစ်ပါသည်၊ ကချင်ရိုးရာဟင်းလျာများ၊ ရှမ်းရိုးရာဟင်းလျာများနှင့်ကရင်ရိုးရာဟင်းလျာများ တာလပေါဟင်းများကိုလည်းရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။
တနင်္ဂနွေ (日曜日)နေ့တိုင်းဆိုင်ပိတ်ရက်ဖြစ်သည်။
Tuesday, May 6, 2014
Japanese lawmaker Michihiro Ishibashi, in blue, speaks with a translator while visiting a relocation site for residents displaced by the Thilawa Special Economic Zone.
‘It Should Benefit the People of Myanmar’
Japanese lawmaker Michihiro Ishibashi, in blue, speaks with a translator while visiting a relocation site for residents displaced by the Thilawa Special Economic Zone. (Photo: Thit Nay Moe / The Irrawaddy)
After being forced off their land, displaced residents continue to request a meeting with the Japanese backers of the Thilawa Special Economic Zone (SEZ) in Rangoon Division. A Japanese lawmaker, Michihiro Ishibashi, recently visited the relocation site where dozens of families are now living after being kicked out of their homes for Phase 1 of the SEZ development. The Democratic Party of Japan lawmaker is director of a committee in the Japanese legislature that discusses official development assistance to foreign countries, including Burma. He spoke with The Irrawaddy about his impressions of the Thilawa SEZ.
Question: Why did you visit Thilawa?
Answer: The Japanese people are offering development assistance to the people of Myanmar for social and economic development. As members of parliament, we need to make sure that our assistance is used properly and implemented for the benefit of the people.
The Thilawa development is a major form of our assistance to the Myanmar [Burmese] government. As the project continues, I understand that there have been issues of residents being moved to new locations. There were some complaints and concerns raised by people who are affected by the project. I wanted to come and see, to talk to the people who are affected about the problems and the real situation on the ground.
Q: What do you think about the situation, based on your visit?
A: There has been a lack of proper communication between those who have been affected by the project and probably the government of Myanmar, which is responsible for the project, and also with the Japanese government—JICA (the Japan International Cooperation Agency)—which is responsible for providing assistance to the government of Myanmar. As a result, they [affected residents] haven’t been able to raise their voices, their concerns. That’s why they are still struggling with their livelihoods after being relocated. I understand consultations [with families] on 2,000 hectares of land are starting, and we need to make sure they are done properly.
I am really worried about the conditions here as rainy season approaches—I can see that rainy season is going to be a big problem. The water supply, the wells, have not been developed properly. That’s one concern. Another is schooling for the kids. I didn’t realize before today that some of the kids had to give up schooling last semester because their old schools were too far away and the schools nearby did not accept them. I understand the next school year is starting in June, and we need to make sure those kids are able to go to school. I will try to demand that JICA holds an immediate meeting with the people here to discuss these issues, including water, water drainage and schooling for the kids.
Q: JICA has not responded to requests by local people for a meeting. What do you think of that?
A: It is surprising that they have not responded. They [residents] have written letters to JICA, they have officially requested a meeting with JICA, but these requests have not been met so far. I need to see why they [JICA] did not respond to the letters, did not respond to the request for a meeting. Then I need to encourage and urge them to do that immediately, and to respond to the letter in a proper manner. As soon as I go back to Japan, I will talk to JICA headquarters to see why they did not respond to the letters. Hopefully they can respond properly as soon as possible.
Q: As a lawmaker, why do you emphasize that Japanese investment in Burma must be done properly?
A: With any project, whether big or small, it’s important to ensure that all stakeholders, including people affected by the project either positively or negatively, are involved in the process. Starting from the planning stage, they should be informed, they should be invited to consultations. They should be fully aware and involved in the project. Whatever the project is, it should benefit the people of Myanmar—that’s something we should ensure.
Wednesday, April 30, 2014
ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ် MR.ISHIBASHI MICHIHIROနှင့် ကရင်ပါတီ ၊ ကရင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ
Thursday, April 24, 2014
ဝမ်းနည်းခြင်း
Saturday, April 19, 2014
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက်NPO PEACE မှဦးစည်းပြီးဂျပန်စာသင်ကြားခြင်းအထူးအစီအစဉ်ကိုပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ရှင်းလင်းပွဲ
Sunday, April 13, 2014
Friday, March 14, 2014
အပစ်အခတ်ရပ်စဲထားတဲ့ ကရင်ပြည် ဖာပွန်ခရိုင်မှာ ကရင်ဗီဒီယိုသမားကို ဗမာစစ်တပ်ကပစ်လို့ ဒဏ်ရာရ
FBR Video Man Shot by Burma Army
Thursday, February 27, 2014
ဂျပန် JICA အဖွဲ့၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ကရင်သဘာဝပတ်ဝန်းကျင်ကွန်ယက်အဖွဲ့ သုံးသပ်
ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
ဂျပန်အစိုးရ၏ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအေဂျင်စီတစ်ခုဖြစ်သော (Japan International Cooperation Agency-JICA) ၏ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်နေမှုအပေါ် ကရင်သဘာဝပတ် ၀န်းကျင်နှင့်လူမှုကွန်ယက်(Karen Environment Social Action Network-KESAN)က ဖေဖေါ်ဝါရီ ၁၉ရက်နေ့တွင် သုံးသပ် ချက် စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က JICA အဖွဲ့သည် ၎င်းဒေသများသို့ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ လူမှုရေးနှင့် ၀န်ဆောင်မှုအခြေအ နေများ၊ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖွံ့ဖြိုးရေးလုပ်ငန်း စတင်ဆောင်ရွက်ရန် စီစဉ်လုပ်ဆောင်နေမှုများနှင့် ပတ် သက်သည့် JICA ၏ အစီရင်ခံစာတွင် ဖော်ပြထားချက်ကို ကိုးကား၍ KESAN က သုံးသပ်ချက် ထုတ်ပြန်ခြင်းဖြစ်သည်။
“လက်ရှိမှာတော့ ကွင်းဆင်းပြီးတဲ့နောက်မှာ ဘာမှအကောင်အထည်ဖော် လုပ်ဆောင်သွားတာ မရှိသေးဘူး။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး လာမယ့် မတ်လမှာ JICA အဖွဲ့က ကရင်နဲ့ မွန်ပြည်နယ်မှာရှိတဲ့ ကျနော်တို့လူမှုအဖွဲ့အစည်း(civil society)တွေနဲ့ တွေ့ဖို့ရှိတယ်”ဟု KESAN အဖွဲ့၏ ဒုတာဝန်ခံ စောအဲလက်စ်က ကေအိုင်စီသို့ ပြောသည်။
JICA အစီရင်ခံစာအရ ပြည်တွင်း ရွာပုန်းရွာရှောင်ဒုက္ခသည်(IDPs)များအား ပြန်လည်နေရာချထားမည့်နေရာ (၄)ခု၏ တိုးတက် ဖွံ့ဖြိုးရေးကိုထောက်ပံ့ခြင်း၊ ပြန်လည်နေရာချထားပေးမည့်နေရာ၏ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေခြင်း၊ သတင်းအချက် အလက်များ ဝေငှပေးသောဌာနများ တည်ဆောက်ပေးခြင်း၊ အထောက်အပံ့ပေးခြင်း စသည့်အကြံပြုချက်များ ပါရှိကြောင်း လည်း KESAN ၏ သုံးသပ်ချက်တွင် ပါရှိသည်။
ထို့အပြင် JICA ၏ ကွင်းဆင်းသုတေသနပြုလုပ်ရာတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အစိုးရများ၊ မြန်မာနယ်စပ်ရေးရာဝန် ကြီး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနများနှင့် အဓိက လက်တွဲလုပ်ဆောင်ခဲ့သလို အဆိုပါပြည် နယ်နှစ်ခုမှ အစိုးရများ၊ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA) စသည့်အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းတိုင်ပင်ခဲ့သည်ဟု ၎င်းသုံးသပ်ချက်က ဆိုထားသည်။
သို့သော် JICA ၏ သုတေသနပြုချက်များမှာ အစိုးရထံမှ ရှိနှင့်ပြီးသော သတင်းအချက်အလက်များကိုသာ အခြေခံထားကာ သီး သန့်နယ်မြေများ၌သာ သုတေသနလုပ်ခဲ့ခြင်းဖြစ်ပြီး လူထုနှင့် တွေ့ဆုံခြင်းမရှိသလို ၎င်းတို့၏ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ငြိမ်းချမ်း ရေးကို မည်သို့အထောက်အကူပြုနိုင်ကြောင်းကိုမူ ဖော်ပြထားထားခြင်းမရှိပေ။ ထို့အတွက်ကြောင့် KESAN အနေဖြင့် စိုးရိမ်မိ ကြောင်းနှင့် လက်ရှိ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ မတည်ငြိမ်သေးသည့်အပေါ် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရေးမှာ အချိန် စောနေသေးကြောင်း စောအဲလက်စ်က ဖြည့်စွက်ပြောဆိုသည်။
ဂျပန်အစိုးရက (JICA) အဖွဲ့ကို ၁၉၇၄ခုနှစ်၊ သြဂုတ်လက စတင် တည်ထောင်ခဲ့ပြီး အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်လျှက်ရှိသော ဂျပန်ကုမ္ပဏီကြီး ၃ခုနှင့် စာချုပ်ချုပ်ဆိုထားသည့် သုတေသနအဖွဲ့ (သို့မဟုတ်) ကွင်းဆင်းလေ့လာရေးအဖွဲ့တစ်ခု ဖြစ်သည်။
နယ်လုံဝန်ကြီးနှင့် ကရင်အပစ်ရပ်အဖွဲ့ဝင်အချို့ကို နီပွန်ဖေါင်ဒေးရှင်း လာရောက်တွေ့ဆုံ
ဖေဖော်ဝါရီ ၂၅ရက်၊၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ဂျပန်နိုင်ငံရှိ နီပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်လေးဦးသည် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ KNU/KNLA ငြိမ်း ချမ်းရေးကောင်စီ၊ ကရင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည့်အဖွဲ့တို့ကို ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့က လာရောက်တွေ့ဆုံခဲ့သည်။
နီပွန်ဖေါင်ဒေးရှင်းအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာစေရန် အပစ်ရပ်အဖွဲ့အစည်းနေရာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို အဓိကထား လာရောက်လုပ်ဆောင်လိုခြင်းသာဖြစ်ကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင် က ကေအိုင်စီသို့ ပြောသည်။
“နီပွန်ဖေါင်ဒေးရှင်းနဲ့ ဒီကေဘီအေ ကလို့ထူးဘောအဖွဲ့၊ KNU/KNLA PC အဖွဲ့ရယ်၊ ကျနော်တို့ဝန်ကြီးရယ် တွေ့ဆုံကြတယ်။ ဆွေးနွေးချက်တွေကတော့ ထူးထူးခြားခြားတော့ မရှိပါဘူး။ မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတို့လည်း ပါဝင်ပူပေါင်းတဲ့အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ဖို့ ကြိုတင်လာရောက်ဆွေးနွေးခြင်းပါပဲ”ဟု ဗိုလ်မှူးကြီးအောင်လွင်က ပြောသည်။
နီပွန်ဖေါင်ဒေးရှင်းအနေဖြင့် ဒီကေဘီအေနှင့် ငြိမ်းချမ်းရေးကောင်စီနယ်မြေများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ လိုအပ် ချက်များရှိပါက လာရောက်ကူညီလုပ်ဆောင်ပေးရန် ရည်ရွယ်ချက်ရှိရာ ထို့အတွက်ကြောင့် သက်ဆိုင်ရာအဖွဲ့များ၏ သဘော ထားများကို သိရှိရန် ယခုလို လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်မှူးစောဝိထူးက ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးစောဝိထူးက “ငြိမ်းချမ်းရေးကိစ္စကို သမ္မတဦးသိန်းစိန်ကတစ်မျိုး၊ ကာကွယ်ရေးဦးစီချုပ် ဦးမင်းအောင်လှိုင်ကတစ်ဖုံ မဖြစ်ရ လေအောင် နီပွန်တို့အနေနဲ့လည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ၀ိုင်းဝန်းကူညီပေးစေချင်ပါတယ်”ဟု ပြောဆိုသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် နီပွန်ဖေါင်ဒေးရှင်းက DKBA နှင့် KNU/KNLA (PC)အဖွဲ့မှ ကိုယ်စားလှယ်များ၊ အစိုးရဘက်တွင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ ပြည်နယ်ရဲမင်းကြီးတို့ ပါဝင်သည့်အဖွဲ့တို့နှင့် ဇွဲကပင်ဟိုတယ်တွင် ၁၅မိနစ်ကြာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း ၁၀၀ကျော်ကို ဖွံ့ဖြိုးရေးအကူအညီများပေးနေသော နီပွန်ဖောင်ဒေးရှင်းသည် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ ကချင်၊ ကရင်၊ မွန်၊ ရှမ်း စသည့် တိုင်းရင်းသားဒေသများသို့ စားနပ်ရိက္ခာများ၊ ပညာရေး၊ ဆေးဝါးအကူအညီများနှင့် စိုက်ပျိုးရေး အတွက် လိုအပ်သော နည်းပညာအထောက်အကူများကို ကူညီပံ့ပိုးပေးနေသောအဖွဲ့ဖြစ်ပြီး အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကျေးရွာများ၌ စာသင်ကျောင်းနှင့် ဆေးပေးခန်း ဆောက်လုပ်ပေးမှုများ ရှိသည်။












































