Saturday, July 19, 2014

၆၇နှစ်မြောက် KNDO နေ့ အခမ်းအနား ကျင်းပပြီးစီး


536832_398752396891870_1962061602_n

ဇူလိုင် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်နေ့တွင် ကျရောက်သော ၆၇နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ကို ကရင်အမျိုး သားအစည်းအရုံး (ကေအဲန်ယူ) ဖာပွန်(မုတြော်)ခရိုင်၊ တပ်မဟာ-၅ ရှိ KNDO တပ်ရင်း(၁)နေရာနှင့် ဗဟိုဌာနချုပ်တွင် ကျင်းပ ပြီးစီးခဲ့သည်။

အခမ်းအနားတွင် KNDO အပါအ၀င် ကေအဲန်ယူ အရပ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများ၊ ကရင်လူထုအခြေပြုအဖွဲ့ အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များနှင့် ထိုင်းစစ်ဘက် အရပ်ဘက်အရာရှိများ၊ ရခိုင်တပ်မတော် ခေါင်းဆောင်များ စသည်တို့ အပါအ၀င် စုစုပေါင်း လူဦးရေ ၄၀၀ကျော် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ယင်းအခမ်းအနားတွင် KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက KNDO စတင် ဖြစ်ပေါ်လာပုံ၊ ရပ်တည်ချက်၊ လုပ်ဆောင် ချက်၊ နောက်ခံသမိုင်းကြောင်းနှင့် ခေါင်းဆောင်များ၏ မိန့်ခွန်းစကားများကို ပြောကြားခဲ့သည်ဟု ကေအိုင်စီသို့ ပြောသည်။

“ဒီနေ့ဟာ တကယ့်အရေးကြီးတဲ့နေ့ KNDO က ၁၉၄၉ ခုနှစ်ကစပြီး အခုချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်နေတုန်း ပဲ။ ဆက်ပြီးတော့ ရည်မှန်းချက်ရောက်တဲ့အထိ လုပ်ဆောင်နေဦးမှာပဲ”ဟု ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ပြောဆိုသည်။

ယခု ၂၀၁၄ခုနှစ်တွင် ကျရောက်သော ၆၇နှစ်မြောက် KNDO နေ့ကို KNU တပ်မဟာနေရာများ၌ ပြုလုပ်ကျင်းပခဲ့ကြသလို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းအချို့၌လည်း ဟောပြောပွဲများ ကျင်းပခဲ့သည်ဟု သိရသည်။

“KNDO နေ့ကို ကျနော်တို့ဒုက္ခသည်စခန်းက စာသင်ကျောင်းအချို့တွေမှာတော့ ဟောပြောပွဲတွေ ကျင်းပတာတော့ ရှိတယ်။ အခုလို ဒီနေ့နဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ လုပ်ပေးတဲ့အတွက် မသိထားတဲ့အရာတွေလည်း သိလာရတယ်။ ဗဟုသုတတွေ လည်း အများကြီး ရလာတာပေါ့”ဟု နို့ဖိုးဒုက္ခသည်စခန်းမှ ကျောင်းသားတစ်ဦးဖြစ်သူ စောဝါးရှီးက ကေအိုင်စီသို့ ပြောသည်။

KNDO သည် လက်ရှိ အစိုးရနှင့် ကေအဲန်ယူ အပစ်အခတ်ရပ်စဲထားချိန်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်းရေး သင်တန်းများကို ပြုလုပ်ပေးလျှက်ရှိပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့အဖြစ်လည်းကောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးရဲတာဝန် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျှက်ရှိသည်။

KNDO ကို ၁၉၄၆ခုနှစ်၊ ဇူလိုင် ၁၆ရက်တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနောက် ရန်ကုန်၊ အလုံ၊ စမ်းချောင်းတွင် စစ်သင်တန်းများပေးကာ ၁၉၄၉ခုနှစ် ကရင်တော်လှန်ရေး စတင်ဖြစ်ပေါ်လာသည့်အချိန်တွင် KNDO သည် ကရင်အမျိုးသားတရပ်လုံးအတွက် တိုက်ပွဲဝင်ကာ ယခုအချိန်ထိဖြစ်သည်

Friday, June 27, 2014

ကရင်အမျိုသားများအတွက်တိုက်ပွဲဝင်နေချိန် တွင်လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရသဖြင့် KNL-JAPAN မှလည်းကျစ်ရစ်သောမိသားစုများနဲ့အတူထပ်တူထပ်မျှဝမ်းနည်းမိပါသည်

ကရင်အမျိုသားများအတွက်တိုက်ပွဲဝင်နေချိန်
တွင်လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရသဖြင့်
KNL-JAPAN
မှလည်းကျစ်ရစ်သောမိသားစုများနဲ့အတူထပ်တူထပ်မျှဝမ်းနည်းမိပါသည်



Wednesday, June 18, 2014

တနင်္သာရီတိုင်းအစိုးရ၏ အမိန့်စာအပေါ် ကေအဲန်ယူ သဘောမတူ



KNPF stamp

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)အနေဖြင့် ၎င်းတို့ လက်အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)အဖွဲ့အား စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပေးပို့သည့် အမိန့်စာအပေါ် သဘောမတူကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။

KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “ကျနော်တို့ဘက်က နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျနော်တို့ ရဲတွေက ဆူပူသောင်းကျန်းတာလည်း မဟုတ်ဘူး။ အခွန်အကောက်တွေကို အကူအညီလိုက်တောင်းကောက်တာလည်း မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးကနေပြီးတော့ ရဲတွေကို လိုအပ်ရင် လိုအပ်သလို လုပ် ပေးတာ။ သူတို့ ကန့်ကွက်တာကျတော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စတွေပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပဒိုစောဘီးလယ်နှင့် KNU တပ်မဟာ(၄)မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လုထံသို့ ၂၀၁၄ခုနှစ်၊ ဇွန်လ ၄ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ စာတွင် ၎င်းဒေသရှိ KNPF တပ်ဖွဲ့ဝင်တို့သည် ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တော စသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဆောင်ရွက်နေခြင်းမှာ အစိုးရလက်အောက်ခံ ဌာနများနှင့် ထင်ယောင်ထင် မှား ဖြစ်စေနိုင်သည့်အတွက် ဖျက်သိမ်းပေးရန် ပြောဆိုထားခြင်းဖြစ်သည်။

၎င်းပေးပို့စာထဲတွင် KNU ၏ ဆောင်ရွက်ချက်များကြောင့် ဒေသခံပြည်သူများ၊ ပြည်တွင်း/ပြည်ပခရီးသွားပြည်သူများအား အနှောက်အယှက်ဖြစ်စေသည့်အပြင် KNU အနေဖြင့် အစိုးရမှ ဖွဲ့စည်းထားသည့် ၀န်ကြီးဌာန၊ ဦးစီးဌာနများနည်းတူ ဖွဲ့စည်းခွင့် မရှိသဖြင့် KNPF ဖျက်သိမ်းပေးရေးနှင့် ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တောဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း မပြုရေးတို့ကို ထည့်သွင်းရေးသားထားသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် KNU ၏ ဖွဲ့စည်းပုံအားလုံးကို နားမလည်သေးသည့်အတွက် ထိုသို့ ကန့်ကွက်စာ ပို့ လာခြင်းဖြစ်နိုင်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရာတွင် အစိုးရရဲတပ်ဖွဲ့မှ တာဝန်ရှိသလို KNU လည်း တာဝန်ရှိသောကြောင့် ကမ်းလှမ်းလာသည့် ကန့်ကွက်စာအညီ တိုင်းဒေသကြီး နားလည်သဘောပေါက်အောင် KNPF ၏ လုပ်ဆောင်ချက်များကို ပြန်လည်ရှင်းပြပေးမည်ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး အစိုးရမှ KNU ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)ထံသို့ ပေးပို့သည့် ၎င်းစာ၏ နိဂုံးတွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးတင်သိန်းက လက်မှတ်ထိုးထားသည်။

၎င်းဒေသရှိ အမည်မဖော်လိုသူ ကရင်ရွာသားတစ်ဦးက “ဒီကိစ္စဟာ အစိုးရကော ကေအဲန်ယူကော သေသေချာချာ ညှိနှိုင်းပြီး ပြေလည်ကြရင်တော့ ကောင်းတာပေါ့။ နှစ်ဖက်စလုံး တင်းမာပြီး ပြဿနာတွေဖြစ်လာကြရင် ကျနော်တို့ဒေသခံတွေပဲ လုပ်စား ကိုင်စားရတာ ပိုခက်သွားမှာလည်း စိုးရိမ်ရတယ်”ဟု ဆိုသည်။

KNU ၏ ပြည်ထဲရေးနှင့် သာသနာရေးဌာန လက်အောက်ရှိ KNPF ကို ၁၉၉၁ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး KNU ၏ ခရိုင်/တပ်မဟာ ၇ခု အသီးသီးတွင် ထားရှိကာ ရာဇ၀တ်မှု ကျူးလွန်သူများ ဖမ်းဆီးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Monday, June 16, 2014

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား

On Mon, 2014-06-16 11:47


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖaတာင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLAတပ်မဟာ(၄)တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉ နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ်ရင်း(၁၁)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ ကျဆုံးသူမရှိသော်လည်း KNLAဘက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်;ရရှိသည်။

ဝှေးဖဒေသတွင် KNU/KNLA တပ်မဟာ(၄)တပ်ရင်း (၁၁)အခြေပြုတပ်စွဲထားပြီး တပ်မတော်စစ်ကြောင်း လမ်းမှား၍ နယ်ကျွံခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့jခင်းဖြစ်ကြောင်း တပ်မမှူးဖဒိုစောနေထူးက ပြောသည်။

အပစ်အခတ်ရပ်စဲထားပြီး ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကြား နယ်မြေသတ်မှတ်ချက်များရှိပြီး စစ်ကြောင်းများ ဖြတ်သန်းပါက ကြိုတင်အသိပေးရလေ့ရှိသည်။

‘‘KNU ကမှားပြီးပစ်တာ။ တခြားအဖွဲ့တွေ ၀င်လာတယ်ထင်လို့။ အဲဒီမှာက တပ်မတော်အပြင် တခြား နှစ်ဖွဲ့ရှိသေးတယ်’’ဟု မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ အ ပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသောနယ်မြေသည် တပ်မဟာ(၄)မှ တပ်ရင်း(၁၁) တမ်မမှူးဖဒိုစောနေထူး၏  နယ်မြေဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးနောက်ပိုင်းတပ်မဟာ(၅) နယ်မြေတွင်သာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် KNLA တပ်များကို ပြန်လည်တပ်လှန့်ထားပြီး နှစ်ဖက် တာဝန်ရှိသူများ နယ်မြေတပ်များကို ပြန်လည်ကြပ်မတ်သွားမည်ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ သတင်းရရှိသည်။

Sunday, June 15, 2014

လူသားပြတိုက်ထဲက မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင်များ

Thursday, June 5, 2014 



        ဘတ် ၅၀၀ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၅၀၀၀ ဝန်းကျင်ပေးပြီး ကြည့်ရတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်း ပဒေါင် တိုင်းရင်းသားတွေဘဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံ ကယားပြည်နယ်က လာကြတာပါ။ 



ဓာတ်ပုံ - ငြိမ်းဇော်၊ ဧရာဝတီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မဲ့ဆာ (Mae Sa) မြို့ငယ်လေးက ထိုင်းသူဌေး တစ်ဦးပိုင် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်း ကျင်က ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ LONG NECK KAREN ဆိုပြီး လည်ပင်း ကြေးကွင်းစွပ် ပဒေါင် ဦးရေ ၁၀၀ ကျော်နီးပါးကို ပြထားတာ ဖြစ်ပါတယ်။ 

တဲအိမ်ပေါင်း ၇၀ နီးပါကို ရွာတန်းရှည်ပုံဆံ မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

အဲဒီမှာ နေကြတဲ့ ပဒေါင်တွေဟာ သူတို့ဒေသမှာ လုပ်ကိုင်စားသောက်ရေး ခက်ခဲတာကြောင့် နယ်စပ်တွေ က နေတဆင့် ထိုင်းနိုင်ငံ ဘက်ကို ရွှေ့ပြောင်းလာရင်း ထိုင်းလုပ်ငန်းရှင်တွေ ဖွင့်တဲ့ လူသားပြတိုက် ထဲ 
ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပဒေါင် တိုင်းရင်းသား တစ်ဦးက ပြောပါတယ်။ 

သူတို့ကို သူဌေးက မိသားစုအလိုက် ထောက်ပံ့ကြေး အနည်းငယ်သာ ပေးတာကြောင့် ပဒေါင်အမျိုးသား 
တွေက အပြင်ထွက် နေ့စားကျပန်းအလုပ်တွေ ရှာကျန် လုပ်ရတယ်လို့ ဆိုကြပါတယ်။ 

“သူဌေးက ဆီးဖိုး ဆန်ဖိုးလောက်ဘဲ ပေးတာ ပါ” တဲ့ မေးသမျှ အားလုံးနီးပါးက ဒီအတိုင်းပဲ ဖြေကြပါ တယ်။
ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီးတွေကိုတော့ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ အဲဒီထဲမှာဘဲ မိုးလင်း မိုးချုပ် ဧည့်သည် အလာကို စောင့်မျှော်နေကြရတာပါ။ 

မဖြစ်မနေ အပြင်ပေးထွက်ရင်တောင် သူတို့ ဝတ်ဆင်ထားတဲ့ လည်းပင်းက ကြေးကွင်းတွေကို လူမမြင်နိုင်
အောင် အဝတ်တွေနဲ့ ပတ်ပြီးသွားရတာပါ။ 

သူဌေးတစ်ဦးဦးက ကြေးကွင်းစွပ် ပဒေါင်မှန်းသိရင် လူကို တန်ဖိုးဖြတ်ဝယ်ယူတာကြောင့် အပြင်သွားတိုင်း ရုပ်ဖျက်ပြီး သွားကြရတယ်လို့ ပဒေါင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

တဲအိမ်ထဲက လက်ယက်ကန်းယက်နေတဲ့ ၁၀ ကျော်သက်အရွယ် ပဒေါင်ငယ်တစ်ဦးကတော့ “ကျမ ရွာမှာ ကျောင်း ၅ တန်းဘဲ တက်တယ်။ ဒီမှာ ရောက်လာတယ်။ ရွာမှာ အလုပ်မရှိဘူး” တဲ့ လက်တဘက်က ချည်စကို သိမ်းနေရင် မြန်မာစကားကို ကြိုးစားပြီး ပြောပါတယ်။ 

အဲဒီမှာ ရှိတဲ့ ပဒေါင်အမျိုးသမီးတိုင်း ချည်ထည်မျိုးစုံ ယက်လုပ်ကြတာပါ။ သူတို့အတွက် တဖက်တလမ်း ဝင်ငွေလို့ ဆိုရမှာပါ။ အဲဒီက ရောင်းလို့ရတဲ့ ဝင်ငွေက သူတို့အိမ်သုံးစရိတ်ကာမိတယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကြေးကွင်းစွပ် ပဒေါင်တွေကို နိုင်ငံခြားသားတွေ ကြည့်ရှု့လေ့လာဖို့အတွက် ထိုင်းအစိုးရက ဈေးကွက်တခုအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနောက်ပိုင်း အစိုးရက ကိုယ်တိုင်မလုပ်တော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို လွဲပြောင်းပေး လိုက်တာလို့ သိရပါတယ်။ 

လွဲပြောင်းပေးလိုက်ပြီး မကြာခင်မှာဘဲ ထိုင်းနိုင်ငံရဲ့ မြို့ပြတော်တော်များများမှာ “တိုင်းရင်းသား ကျေးရွာ” ဆိုပြီး ပဒေါင်တွေကို ပြစားလာတာဘဲ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ပဒေါင်လူမျိုးတွေကို အခကျေးငွေယူပြီး Human Zoo သဖွယ်ပြစားတယ်ဆိုပြီး နေရပ် ရင်း မြန်မာပြည်က ပဒေါင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။ 

ပဒေါင်းတိုင်းရင်းသားတွေကိုယ်တိုင်ကလည်း နေရပ်ရင်းမြန်မာပြည်မှာ စီးပွားရေးကြပ်တည်းပြီး အလုပ် အကိုင် ရှားပါး တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူသားပြတိုက် မှာ အရှက်တရားတွေဘေးဖယ်ပြီး လုပ်ကိုင်နေ ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစကားကို ပီပီသသပြောဆိုနိုင်တဲ့ ပဒေါင်တိုင်းရင်းသား ဦးခါးလွေက “ဒီမှာတော့ ဘယ်နေချင်ပါ့မလဲ။ မဖြစ်လို့တာ နေရတာပေါ့။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ပြန်မှာဘဲ။ အခုက လူသား တိရစ္ဆာန်လိုလို ဖြစ်နေ တယ်” သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ပြောပြတာပါ။

နေရပ်ရင်းမြန်မာနိုင်ငံမှာတော့ စုစုပေါင်း ကြေးကွင်းစွပ် အယောက် ၁၀၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပေမယ့် ထိုင်းနိုင်ငံမှာတော့ စီးပွားရေးအရ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင် လူမျိုး ရာပေါင်းများစွာရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 



















ငြိမ်းဇော် 

10th Karen Unity Seminar 2014 (ရုပ်သံ)





Type the rest of your post here.

Friday, June 6, 2014

သူရဦးရွှေမန်းနဲ့ KNU ကိုယ်စားလှယ်အဖွဲ့ (ရုပ်/သံ

 ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ KNU- ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖော ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ဒီနေ့မနက်ပိုင်းက နေပြည်တော် ပြည်သူ့လွှတ်တော် ဧည့်ခမ်းမဆောင်မှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြ ထားပါတယ်။


ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 

Parliament Speaker Meets With KNU Delegation

Parliament Speaker Meets With KNU Delegation

ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတဦးသိန်းစိန် ယနေ့တွေ့ဆုံစဉ် ( ဦးလှမောင်ရွှေဖေ့ဘုတ်စ်) Face bookမှကူးယူဖေါ်ပြသည်













KNU ကိုယ်စားလှယ်အဖွဲ့ တပ်ချုပ်နဲ့တွေ့မည်


ကိုမိုးဇော်
03.06.2014

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ဗဟိုကော်မတီအဖွဲ့ဟာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်နာယကတို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

အခုလို လာရောက်တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး လောလောဆယ် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စရပ်တွေကို အဓိက ဆွေးနွေးဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ အဖွဲ့ဟာ တနင်္လာနေ့က KNU ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့ကနေ နေပြည်တော်ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ လက်ရှိလာရောက်တဲ့ KNU အဖွဲ့မှာတော့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဂျော်နီတို့ ဦးဆောင်ပြီး ဗဟိုကော်မတီဝင်နဲ့ ရုံးအဖွဲ့ဝင် ၁၀ ဦးလောက် လိုက်ပါခဲ့တာ ဖြစ်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးကတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညနေ ၄ နာရီလောက်မှာ နေပြည်တော်ကို ရောက်ရှိနိုင်ပြီး မနက်ဖြန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖွယ်ရှိကြောင်း၊ နိုင်ငံတော်သမ္မတနဲ့ကတော့ ကြာသာပတေးနေ့လောက်မှာ တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းနဲ့ကတော့ နေပြည်တော်ရောက်ပြီးမှ စီစဉ်မှာဖြစ်တာကြောင့် ရက်အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

အခုလို KNU ဥက္ကဌနဲ့ ကိုယ်စားလှယ်အဖွဲ့က နိုင်ငံ့အကြီးအကဲတွေနဲ့ တွေ့ဆုံမယ့် သတင်းနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်ကို မေးမြန်းရာမှာတော့ -

“ကျနော်တို့ ပြောလို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့ အချိန်အခါကျရင်တော့ ပြောပါမယ်၊ ဒီကိစ္စတွေက။”

KNU ဥက္ကဌခေါင်းဆောင်တဲ့ အဖွဲ့ဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ၅ ကြိမ်၊ နိုင်ငံတော်သမ္မတနဲ့ ၄ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ အရင်အကြိမ်တွေတုန်းက အခုလို နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာတော့ ငြိမ်းချမ်းရေးကိစ္စနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ များသောအားဖြင့်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်တဲ့ နေရာမှာ တပ်ရဲ့ပါဝင်မှု ပါဝင်ဖို့အတွက်တော့ ကျနော်တို့က အဓိကကျမယ်လို့ ဒါကိုဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ တပ်နေရာ ချထားရေးကိစ္စ၊ အထူးသဖြင့် လူထုနေရပ်မှာတို့၊ နောက်ပြီးတော့ ဘာသာရေး၊ သာသနာရေး ၀န်းထဲမှာနေတဲ့ တပ်နေရာ ချထားရေးကိစ္စကို ပြန်လည်သုံးသပ်ဖို့ ဒါတွေပါပဲ ကျနော်တို့ ဆွေးနွေးတာတွေကတော့။ ဒါတွေကတော့ များသောအားဖြင့် ငြိမ်းချမ်းရေး အတွက်ပဲလေ။ ဖွဲ့စည်းပုံကတော့ တပ်ချုပ်နဲ့တွေ့တဲ့ အခါမှာလည်း ပြောတာပဲ။ သူကတော့ ဖွဲ့စည်းပုံဆိုတာ ဖျက်သိမ်းတာကတော့ လက်မခံဘူးတဲ့။ ဒါပေမဲ့ ပြင်လို့ရှိရင်တော့၊ အများက သဘောတူလို့ရှိရင်တော့ ပြင်တာကတော့ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ တချို့ကတော့ တပ်ချုပ်က ဖွဲ့စည်းပုံပြင်လို့ လုံးဝမရဘူး ဆိုတာတော့ ကျနော်သူပြောတာတော့ တခါမှ မကြားဘူးဖူးပေါ့နော်၊ သူနဲ့တွေ့တဲ့အချိန်တိုင်းမှာ။”

လက်ရှိခရီးစဉ်မှာတော့ ပဒိုစောကွယ်ထူးဝင်း လိုက်ပါခဲ့ခြင်းမရှိသလို ဒီခရီးစဉ်မှာ ဘာတွေဆွေးနွေးမယ် ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ လကုန်က KNU ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသား စည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှာတော့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ကရင်တတ်သိပညာရှင်တွေ၊ အမျိုးသမီးတွေအပါအ၀င် ကရင်အမျိုးသားတိုင်း ပါဝင်နိုင်ဖို့အတွက် သဘောတူ ဆုံးဖြတ်ထားပါတယ်။ ဒီနှီးနှောဖလှယ်ပွဲကိုတော့ ကရင်လူငယ်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့ ၆၆ ဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြားဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။ 
http://burmese.voanews.com/content/knu-meets-burmese-top-leaders/1928415.html

ပြန်ခေါက်ပါ...