Saturday, October 17, 2009

Knpp Statement on 2010 Election B

Knpp Statement on 2010 Election B

FBR:Reports- Forced Child Labor and Indiscriminate Shooting — Burma Army Oppression in Central Karen State

2009 October 15


Reports- Forced Child Labor and Indiscriminate Shooting -- Burma Army Oppression in Central Karen State“

ကေအဲန်ယူ နှင့် ဒီကေဘီအေ ဆွေးနွေးနိုင်ရေး ကေအဲန်ယူကြိုဆို

Friday, October 16, 2009

ဖြစ်နိုင်ခြေ မရေရာနိုင်သေးပေမယ့် အဓိက ကတော့ မြိုင်ကြီးငူဆရာတော်ဦးသုဇန ပဲ ဖြစ်နေပြီ။ မြိုင်ကြီးငူဆရာတော်သာ အမှန်တကယ် အမျိုးသားရေးကို ပြန်လည်သင့်မြတ်ဒါ မြင်ချင်ရင် ပြန်လည်သွေးစည်းညီညွတ်ရေးလမ်းကြောင်းကို သူကိုယ်တိုင်ထိပ်ဆုံးမှ ဦးဆောင်ပြီး စတင် အကောင်အထည်ဖေါ်ရတော့မည်ဖြစ်သည်။ ကေအဲန်ယူဖက်က လုံးဝ လက်ကမ်းကြိုဆိုပြီးဖြစ်နေပါသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း အရာရှိကလဲ "ဆရာတော်ဆန္ဒပဲ၊ ဆရာတော်ပေါင်းခိုင်းတော့ ကျွန်တော်တို့ ပေါင်းရမှာပေါ့။ ကျွန်တော်တို့ ကရင်အချင်းချင်းနားလည်မှုလုပ်ဖို့ ၊ မပစ်ခတ်ကြဖို့ သူပြောတာ၊ မပြစ်ခတ်ကြရင်ကောင်းဒါပေါ့။"
ကရင်အမျိုးသားပေါင်းတို့ .... ယခုထွက်ပေါ်နေတဲ့ သတင်းတွေကို အခြေခံပြီး ဘယ်သူဟာ အခရာ လည်းဆိုဒါ ထပ်ပြီးရှင်းပြနေစရာ လိုမည်မထင်ပါ။ ဒီလိုဆိုရင်ဖြင့် ကရင့်သမိုင်းစာမျက်နှာ အမျိုးသားသစ္စာဖေါက်ဘွဲ့ ကို ခံယူမလား? ငြိမ်းချမ်းရေးတမန်တော်ဘွဲ့ ကို ခံယူမလါး? ဆိုဒါ မြိုင်ကြီးငူဆရာတော် ဦးသုဇန ထိုလမ်းကြောင်းနှစ်ခုမှ တစ်ခုကို ပြတ်ပြတ်သတ်သတ်ရွေးချယ်ရတော့မည်ဖြစ်သည်။ ပျက်အစဉ်ပြင်ခဏ ဆိုသလို ကရင့်အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါစေ။

စင်းခံမလား တွန်းလှန်မလား

Friday, October 16, 2009

မျိုးဇာနည် (သတင်းသုံးသပ်ချက်)
၁၆ အောက်တိုဘာ ၂၀၀၉

နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူထားသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အနေဖြင့် တပ်ရင်းနှင့် တပ်သားဦးရေစာရင်းကို နအဖ စစ်ဘက်လုံခြုံရေးရာ အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထားပြီး တင်ရမည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ၏ သတင်းတပုဒ်တွင် ဖော်ပြသည်။

တပ်ရင်းတရင်းစီကို တပ်သားဦးရေ (၃၆၀) ဖြင့် ဖွဲ့စည်းပြီး နအဖစစ်တပ်မှ ဦးရေ (၃၀) ပါဝင်မည်ဟု သိရသည်။ နအဖစစ်တပ်မှ ပေးပို့မည့် (၃၀) ထဲတွင် တပ်ရင်းမှူးမှ တပွင့်အထိ (၁၅) ဦးနှင့် တပွင့်မှ တပ်သားအထိ (၁၅) ဦး တာဝန်ယူမည်ဖြစ်ပြီး ဒု-ဗိုလ်မှူးကြီးအဆင့်ကို အကြီးဆုံး တပ်ရင်းမှူးရာထူး၌ ခန့်ထားမည်ဟုဆိုသည်။


ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့်သူများကို အသက် (၁၈) နှစ်နှင့် (၅၀) ကြား အရွယ်ရှိသူများကိုသာ ခွင့်ပြုမည်ဖြစ်ပြီး (၅၀) ကျော်များကို ပင်စင်ပေးမည်ဟုဆိုသည်။ အမြင့်ဆုံး ရာထူးအနေဖြင့်လည်း ဗိုလ်မှူးအဆင့်၌သာ တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

ဒီကေဘီအေနည်းတူ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် သဘောတူလက်ခံထားသည့် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေကေ) မှ အသက် (၅၀) ကျော် ပင်စင်အပေးခံရမည့် တပ်ဖွဲ့ဝင်များ နေထိုင်ရန်အတွက် ဒေသခံ စီးပွားရေးလုပ်ငန်ရှင်များထံ အလှူငွေကောက်ခံပြီး နေအိမ်များ ဆောက်လုပ်ပေးရန် နအဖက စီစဉ်နေကြောင်းလည်း ခေတ်ပြိုင်သတင်းတပုဒ်တွင် ဖော်ပြသည်။

ထိုသတင်းအချက်အလက်များအရဆိုလျှင် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်ခံသဘောတူခဲ့သည့် အန်ဒီအေကေနှင့် ဒီကေဘီအေအဖွဲ့တို့သည် နအဖ ခြယ်လှယ်သမျှကို လည်စင်းခံကြရတော့မည်ဖြစ်ပြီး ပင်စင်အပေးခံကြရမည့် တပ်ဖွဲ့ဝင်များ၏ အနာဂတ်အရေးမှာလည်း အာမခံချက် ရေရေရာရာမရှိဘဲ နအဖစစ်အုပ်စု၏ ပစ်စလက်ခတ် စီစဉ်နေရာချထားပေးမှုကြောင့် ရင်လေးဖွယ်အနေအထားနှင့် ကြုံတွေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ပေသည်။

နအဖစစ်ဗိုလ်ချုပ်များ၏ တဖက်သတ် စည်းမျဉ်းစည်းကမ်းများနှင့် စိတ်ကြိုက်ရွေးချယ်ခန့်အပ်မည့် အစီအစဉ်အပေါ်တွင် အပစ်ရပ်တို့၏ မူလတပ်ဖွဲ့ဝင်အင်အား များစွာလျော့ပါသွားမည်ဖြစ်သလို ကြာလေလေ လုံးပါးပါးလေလေဖြစ်ပြီး နအဖစစ်တပ်မှသာ လုံးဝဥဿုံ စစ်ကျွန်ပြုသွားမည့် အနေအထားကို အထင်အရှား တွေ့မြင်နေရပေသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလကုန်တွင် အပစ်ရပ်တပ်ဖွဲ့များအားလုံး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ သတ်မှတ်ချိန် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရန် လက်မခံသေးသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် ဒီကေဘီအေနှင့် အန်ဒီအေကေတို့ကဲ့သို့ လည်စင်းခံကြမည်လား၊ မိမိတို့တွင်ရှိသည့် တပ်ဖွဲ့အင်အား၊ လက်နက်အင်အားနှင့် နအဖစစ်တပ်ကို တွန်းလှန်တိုက်ခိုက်မည်လား၊ တွန်းလှန်တိုက်ခိုက်မည်ဆိုလျှင်လည်း မည်သို့မည်ပုံ ခုခံတွန်းလှန်ကြမည်ဆိုသည်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြင်ဆင်ထားရတော့မည့်အချိန် ရောက်ရှိနေပြီဖြစ်ပေသည်။

ထိုသို့ဆုံးဖြတ်ပြင်ဆင်ရာတွင် နအဖစစ်တပ်၏ လက်ရှိအနေအထားကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုလာသည်။ နအဖစစ်အုပ်စုက စစ်သည်အင်အား (၅) သိန်နီးပါးရှိသည်ဟု ပြောဆိုနေသော်လည်း သျှမ်းသံတော်ဆင့်၏ ရေးသားချက်အရ ၂၀၀၅ ခုနှစ် တတိယ- လေးလပတ်အစည်းအဝေးတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုနအဖ၀န်ကြီးချုပ်) က မြန်မာ့တပ်မတော်တွင် တပ်ရင်းပေါင်း (၅၅၀) ရှိသည့် အနက် (၂၈၄) ရင်းမှာ တရင်းလျှင် လူအင်အား (၂၀၀) ပင်မပြည့်ကြောင်း၊ ကျန်သည့် တပ်ရင်း (၂၂၀) တွင်လည်း (၂၀၀) နှင့် (၃၀၀) ကြားသာရှိကြောင်း တင်ပြခဲ့ဖူးသည်ဟု သိရ၏။ သို့သော် တပ်ရင်းတိုင်း၌ အမှန်တကယ် အင်အား (၁၅၆) ယောက် ထက်မပိုကြောင်း၊ ထိုအထဲမှ တပ်ရင်းတရင်း၏ တိုက်ခိုက်ရေးအင်အားမှာ (၁၂၀ - ၁၅၀) ခန့်ရှိပြီး ရှေ့တန်းသွားနိုင်သည့် အင်အားမှာ (၆၀-၈၀) ခန့်သာရှိကြောင်း အခြေအနေမှန်အတိုင်း တင်ပြခဲ့ဖူးသည်ဆို၏။

ထိုတင်ပြချက်အရဆိုလျှင် စစ်သည်အင်အား (၅) သိန်းနီးပါးရှိသည်ဆိုသည့် နအဖတပ်ရင်းများမှ စုစုပေါင်း ရှေ့တန်းထွက်နိုင်သည့် အင်အားမှာ (၅) သောင်းဝန်းကျင်ခန့်သာ ရှိသည်ကို တွေ့ရပေသည်။ ထို့အပြင် နအဖစစ်တပ်ထဲသို့ ၀င်ရောက်သည့် တပ်သားအများစုမှာလည်း ယုံကြည်ချက်စိတ်ဓာတ်အရင်းခံနှင့် ၀င်ရောက်ကြခြင်းမဟုတ်ဘဲ အတင်းအကျပ် တပ်သားစုဆောင်းခံရမှုနှင့် ၀မ်းရေးအဆင်မပြေဖြစ်၍ ၀င်ကြရသော တပ်သားများနှင့် ကလေးစစ်သားများက အများစုဖြစ်နေသည့်အတွက် စိတ်ဓာတ်ရေးရာ ပျက်ပြားနေသည့် စစ်တပ်အနေအထား ဖြစ်နေသည်ကို တွေ့ရပေသည်။ သို့သော် လက်နက်အင်အားတွင်မူ နအဖစစ်တပ်က တိုင်းရင်းသားအပစ်ရပ်တပ်ဖွဲ့များ အားလုံးထက် သာလွန်သည့်အတွက် လက်နက်အင်အားကို အသုံးပြု၍ တိုက်ခိုက်မည်ကိုတော့ သံသယရှိစရာလိုမည်မဟုတ်ပေ။

အပစ်ရပ်တပ်ဖွဲ့ တဖွဲ့ချင်းအနေဖြင့် အမှန်တကယ် ရှေ့တန်းထွက်နိုင်သည့် စစ်သည်အင်အားတွင် နအဖစစ်တပ်မှ ရှေ့တန်းထွက်နိုင်သည့် စုစုပေါင်းအင်အား (၅) သောင်းဝန်းကျင်ထက် မပိုနိုင်သော်လည်း နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် လက်မခံသေးသည့် ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N)၊ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA – ESS) မိုင်းလားအဖွဲ့၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များအားလုံးစုပေါင်းလျှင်မူ တိုက်ခိုက်ရေးအင်အားမှာ နအဖနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနိုင်သည်ကို ကိန်းဂဏန်းများအရ သိရပေသည်။ ထိုအခြေအနေတွင် အပစ်ရပ်တပ်ဖွဲ့များ၏ စိတ်ဓာတ်ရေးရာ ခိုင်ကြည်မှုအနေအထားက နအဖတပ်သားများထက် များစွာသာလွန်လိမ့်မည်ဟု ယူဆရပေသည်။

ထို့ကြောင့် စိတ်ဓာတ်ရေးရာ ပျက်ပြားပြီး လက်နက်အင်အား သာလွန်သည့် နအဖစစ်တပ်၏ ဗိုလ်ကျတိုက်ခိုက်မှုကို စိတ်ဓာတ်ရေးရာ သာလွန်သည့် အပစ်ရပ်တပ်ဖွဲ့များက အစွမ်းကုန် စုပေါင်းတွန်းလှန်ခြင်းဖြင့် အောင်ပွဲရယူနိုင်သည့် အနေအထားရှိသည်ကို တွေ့ရပေသည်။ ခုခံတွန်းလှန်မည့် နည်းဗျူဟာ ကောင်းမွန်ရန်နှင့် ညီညွတ်မှုအင်အားက များစွာအရေးပါနေပေသည်။ ထို့အပြင် အပစ်မရပ်သေးသည့် ကေအန်ယူနှင့် SSA-S ကဲ့သို့သော တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ ချိတ်ဆက်တိုက်ပွဲဝင်ရန် လိုအပ်မည်ဖြစ်ပေသည်။

ထိုသို့မဟုတ်ဘဲ အန်ဒီအေကေ၊ ဒီကေဘီအေတို့ကဲ့သို့ လည်စင်းခံလျှင် ရာသက်ပန် နအဖစစ်ကျွန်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သလို စုပေါင်းတွန်းလှန်ခြင်းမရှိဘဲ တဖွဲ့ချင်းခုခံတိုက်ခိုက်နေပါက ကိုးကန့်တပ်ဖွဲ့ကဲ့သို့ နအဖစစ်တပ်၏ အလွယ်တကူ ၀ါမျိုးခြင်းကို ခံရပြီး တဖွဲ့ပြီးတဖွဲ့ အလွယ်တကူ ခြေမှုန်းခံသွားရနိုင်သည်ကို သတိချပ်ရမည်ဖြစ်ပေသည်။ ထိုသို့ ရှေ့တိုးတံပိုး နောက်ဆုတ်လှည်းတုတ် ဖြစ်နေသည့်အနေအထားတွင် လည်စင်းခံခြင်းထက် စုပေါင်းတွန်းလှန်ခြင်းကသာ ရာသက်ပန်စစ်ကျွန်အပြုခံရမည့် အန္တရာယ်မှ လွတ်မြောက်နိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပေသည်။

ဒီကေဘီအေ တပ်ခွဲမှူးတဦးနှင့် အပေါင်းပါ(၁၀)ဦး ကေအဲန်ယူနှင့် လာရောက်ပူးပေါင်း

အောက်တိုဘာလ ၁၄၊ ၂၀၀၉


အောက်တိုဘာ ၁၄ရက်။ နန်းထူးစံ (ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ) တပ်မဟာ ၉၉၉ မှ တပ်ခွဲမှူးတဦး အပါအ၀င် အဖွဲ့ဝင်(၁၀) ဦးတို့သည် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ ကေအဲန်အယ်လ်အေတပ်ဖွဲ့ထံသို့ ယမန်နေ့က လာရောက်ပူးပေါင်းခဲ့ကြောင်း သိရှိ ရသည်။

ဒီကေဘီအေ တပ်မဟာ ၉၉၉၊ တပ်ရင်း(၅)မှ တပ်ခွဲ(၄)မှူး ဗိုလ်ကြီးစောဆာ့ဖော ဦးဆောင်သည့် အဆိုပါအဖွဲ့သည် လက်နက်များ နှင့်အတူ ၎င်းတို့ ဝင်ရောက်သိမ်းယူထားသည့် ကေအဲန်ယူ၊ တပ်မဟာ(၇)ဌာနချုပ်နေရာ မဲ့တရီမှနေ၍ ကေအဲန်အယ်လ်အေ တပ် ရင်း(၁၀၁)နှင့် ဆက်သွယ်ပြီး ဝင်ရောက်ပူးပေါင်းလာခြင်းဖြစ်သည်။

ကေအဲန်ယူနယ်မြေအတွင်း ရောက်ရှိလာသည့် အဆိုပါအဖွဲ့မှာ ဗိုလ်ကြီး စောဆာ့ဖော (၂၉)နှစ် အပါအ၀င် ဒုဗိုလ်စောညာ့၊ ဒုဗိုလ် စောဆာ့ဟဲ၊ တပ်ကြပ်ကြီး စောအယ်ဆူး၊ စောလားထူး၊ စောမင်းကို၊ စောလှထွန်း၊ စောဒီးယုံ၊ စောသန်းအောင်နှင့် စောသန်းလှတို့ ဖြစ်ကြပြီး ပါလာသည့် လက်နက်ပစ္စည်းများမှာ AR ၅လက်၊ AK ၂လက်၊ M-79 ၁လက်၊ ကာဘိုင် ၁လက်၊ RPG ၂လက်၊ 9-MM ၁လက်၊ စကားပြောစက် ၂လုံးနှင့် အီကွင့်မစ် ၁၀ချပ်တို့ဖြစ်သည်။

ဒီကေဘီအေ တပ်ဖွဲ့ကို အသွင်ပြောင်းပြီး နအဖ စစ်တပ်၏အုပ်ချုပ်မှုအောက်တွင် ထားရှိရေးကိစ္စနှင့် ယခုနှစ် နွေရာသီတွင် ကေ အဲန်ယူအား ရှင်းလင်းရေးဟူသည့် နအဖ၏ အစီအစဉ်များအောက်တွင် ကရင်အချင်းချင်း မတိုက်ချင်သည့်အတွက် ယခုလို ကေ အဲန်ယူနှင့် ပြန်လာလက်တွဲပူးပေါင်းခြင်းဖြစ်သည်ဟု ဒုဗိုလ်စောညာ့က ကေအိုင်စီကို ယနေ့ ပြောဆိုသွားသည်။

သူက “လွန်ခဲ့တဲ့ ၈လပိုင်း (၁၆)ရက်နေ့က ဒီကေဘီအေ အထက်ခေါင်းဆောင်တွေနှင့် နအဖ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်တယ်။ အဲဒီအစည်းအဝေးမှာ ဒီကေဘီအေက စစ်သားအင်အားဖြည့်မယ်။ ဒီနွေရောက်လာရင် ကေအဲန်ယူတွေကို အကုန်လုံး ရှင်းထုတ်မယ်။ နအဖတွေက အဲဒီအတွက် ပံ့ပိုးကူညီမယ်လို့ ကျနော်တို့သိရတယ်။ ကျနော်တို့ကလည်း ကရင်အချင်းချင်း မတိုက် ချင်ဘူးလေ။ ဒါကြောင့် ကျနော်တို့ ထွက်လာတာဖြစ်တယ်”ဟု ပြောသည်။
အောက်တိုဘာလ ၁၃ရက်နေ့က ကေအဲန်ယူထံ လာရောက်ပူးပေါင်းသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၀ဦး

အောက်တိုဘာလ ၁၃ရက်နေ့က ကေအဲန်ယူထံ လာရောက်ပူးပေါင်းသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၁၀ဦး

ကေအဲန်ယူ နယ်မြေအတွင်း ရောက်ရှိလာသည့် အဆိုပါအဖွဲ့သည် ယခင်က ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)တွင် အမှုထမ်း ဟောင်းများဖြစ်ပြီး လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်က ဒီကေဘီအေတပ်ဖွဲ့မှ ၎င်းတို့တပ်ဖွဲ့အား ထိုးစစ်ဆင်လာစဉ် အကြပ်ကိုင် ဖိအားပေးမှု အမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရကာ မလွဲသာမရှောင်သာ ဒီကေဘီအေနှင့် သွားရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ကြီးစောဆာ့ဖော ပြောသည်။

ဒီကေဘီအေအတွင်းသို့ ပူးပေါင်းလုပ်ဆောင်ရသည့် နှစ်အတောအတွင်း ပြည်သူလူထုအပေါ် ၎င်းတို့၏ စစ်သားသစ်စုဆောင်းခြင်း၊ လုပ်အားခိုင်းစေခြင်း၊ ငွေကောက်ခံခြင်းအပြင် အထက်အရာရှိများမှ အောက်ခြေသာမန်ရဲဘော်အပေါ် ဖိအားပေး ခိုင်းစားခြင်းများ ကို စိတ်မကောင်းဖြစ်မိသည်ဟု စောဆာ့ဖောက သူ၏ တပ်တွင်းအတွေ့အကြုံများအား ကေအိုင်စီကို ဖွင့်ဟပြောဆိုသည်။

“ကျနော် ရောက်ရှိတဲ့ အတောအတွင်း သူတို့ခိုင်းသမျှကို လုပ်ပေးရတယ်။ ရှေ့တန်းထွက်ရတယ်။ ရဲဘော်တွေ မိသားစု နာမကျန်း ဖြစ်တာ၊ မိန်းမ မီးဖွားတာတောင်မှ ပြန်ခွင့်မရှိအောင် ခိုင်းတယ်။ ယောက်ျားက ရှေ့တန်းချည်းပဲ ထွက်နေတော့ အိမ်က မိသားစု၊ စားဝတ်နေရေး၊ ကလေးပညာရေး၊ ကျန်းမာရေးတွေမှာ အခက်အခဲတွေ အများကြီး ရှိလာတယ်။ နောက်ဆုံး ကျနော်တို့ကို ရှေ့ တန်းသွားရမယ်လို တိတိကျကျ မပြောဘဲ ဘာမသိညာမသိနဲ့ တပ်မဟာ (၇)နယ်မြေမှာ ရောက်လာတာပါပဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် သူက “ကေအဲန်ယူ တပ်မဟာ (၇)ဌာနချုပ်မှာ ရောက်လာတော့ ဒီကေဘီအေ ရဲဘော်တွေ အများကြီး ထိခိုက်ဒဏ်ရာရခဲ့ တယ်။ အများအားဖြင့် မိုင်းနဲ့ထိတာပေါ့။ အယောက်(၃၀၀)လောက် ဒဏ်ရာရတာ။ သေဆုံးတာမပါဘူး။ အခု မကြာခဏ မိုင်းထိ တာပဲ။ ထိခိုက်ဒဏ်ရာရသူတွေကို အထက်လူကြီးတွေက စောင့်ရှောက်လိုစိတ် သိပ်မရှိဘူး။ အသုံးမဝင်တော့ဘူး ဆိုတဲ့သဘော ပေါ့။ အဲဒီအပေါ်မှာ ဒဏ်ရာရတဲ့ရဲဘော်လေးတွေရော၊ မရတာရော အရမ်းစိတ်ထိခိုက်တယ်။ စိတ်ဓါတ်ကျတယ်။ ကျနော်လည်း စိတ်မကောင်းဖြစ်မိတယ်”ဟု ပြောဆိုသွားသည်။

လွန်ခဲ့သည့် ဇွန်လက ဒီကေဘီအေ တပ်မဟာ (၉၉၉)၊ (၅၅၅)၊ (၃၃၃)တပ်ဖွဲ့များက နအဖ၏ ဖိအားပေးမှုကြောင့် ကေအဲန်ယူ တပ် မဟာ(၇) ကေအဲန်အယ်လ်အေ တပ်ရင်းနေရာအချို့ကို ဝင်ရောက်တိုက်ယူ သိမ်းပိုက်စဉ် ၎င်းတို့၏ တပ်သား(၃၀၀)ခန့် ထိခိုက် သေဆုံးမှုရှိခဲ့ကြောင်း ကေအဲန်ယူ၊ တပ်မဟာ(၇)၏ စစ်ရေးမှတ်တမ်းများအရ သိရသည်။

အဆိုပါ ထိုးစစ်ပြီးနောက် ဒီကေဘီအေ တပ်ဖွဲ့များအတွင်း သဘောထားအမျိုးမျိုး ထွက်ပေါ်လာပြီး ၎င်းတို့တပ်ဖွဲ့ဝင်အချို့က ထိုင်း နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်သွားသူများရှိသလို တချို့မှာလည်း ကေအဲန်ယူနှင့် ပြန်လာပူးပေါင်းကြရာ ဇွန်လ ထိုးစစ်ပြီး ချိန်မှစ၍ ကေအဲန်ယူထံ ဝင်ရောက်လာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၄၅)ဦးရှိပြီဟု သိရသည်။

ကေအဲန်ယူနှင့် ပြန်လာပူးပေါင်းသည့် ဒီကေဘီအေတပ်သားများအနက် နောက်ဆုံးအုပ်စုအဖြစ် ရောက်ရှိလာသည့် စောဆာ့ဖော ဦးဆောင်သောအဖွဲ့က စစ်အစိုးရ ပြုတ်သွားသည်အထိ မိခင်အဖွဲ့အစည်း ကေအဲန်ယူနှင့်အတူ ပြန်လည်တော်လှန်တိုက်ပွဲဝင်သွား မည်ဟု ဆိုသည်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့အချင်းချင်း ပြဿနာဖြစ်ပွား

တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အဖွဲ့က ကရင်အမျိုးသားအလံတော်နှင့် အလံတိုင်ကို ရိုက်ချိုးဖျက်ဆီးပြီး မြစ်ထဲမြောလိုက်သဖြင့် ကရင်ငြိမ်းချမ်းရေးအဖွဲ့များကြားတွင် အခြေအနေတင်းမာလျက်ရှိသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ နံနက်ပိုင်းက မြ၀တီမြို့မှ (၂) မိုင်အကွာ မဲ့ထော့တလေးကမ်းနားရှိ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့၏ လုံခြုံရေးဂိတ်ကို ဒီကေဘီအေတပ်ရင်း (၉၀၇) မှ ဗိုလ်ရှိန်ဦးဆောင်သည့်အဖွဲ့က ၀င်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင် (၁၃) ဦးကို ဖမ်းဆီးကာ အဖွဲ့ဆိုင်းဘုတ်နှင့်အလံတိုင် (၂) ခုကို ရိုက်ချိုးဖျက်ဆီးပြီး သောင်ရင်းမြစ်တွင်း ပစ်ချလိုက်ခြင်းဖြစ်သည်။

တပ်ခွဲမှူး ဗိုလ်ရှိန်က “ဒါ မင်းတို့နေရာ မဟုတ်ဘူး ငါတို့နေရာ၊ မင်းတို့မပြန်ရင် မင်းတို့ကိုပစ်ဖို့ အမိန့်ရထားပြီးပြီ” ဟုဆိုကာ ဂိတ်ကို ၀င်ရောက်သိမ်းယူခြင်းဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။

နောက်ပိုင်းတွင် ဖမ်းထားသူများကို ပြန်လွှတ်ပေးကာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို စခန်းမှထွက်ခွာသွားစေပြီး ယင်းနေရာတွင် ဒီကေဘီကေအဖွဲ့က စခန်းထိုင်ပြီး လုံခြုံရေးယူလိုက်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကောင်စီမှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ် ယဉ်နုက ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနထံသို့ အကြောင်းကြားစာ ပေးပို့ကန့်ကွက်မည်ဟု ပြောသည်။

၎င်းက “ဒီလုံခြုံရေးဂိတ်ကို သူတို့နဲ့ညှိနှိုင်းပြီးမှ သဘောတူပြီး လုပ်ခဲ့ကြတာဖြစ်တယ်၊ ဒီလိုလုပ်တာ လက်မခံနိုင်ဘူး။ ဒီကိစ္စ ဖြေရှင်းရမယ်” ဟု ပြောသည်။

ကရင်ဘုန်းတော်ကြီးတပါးက “ဗမာနဲ့ငြိမ်းချမ်းရေးယူတဲ့ ကရင်အဖွဲ့အချင်းချင်းတောင် ဝေစုမတည့်ဘဲ ကြီးနိုင်ငယ်ညှဉ်း သခင်အားရကျွန်ပါးဝဆိုတော့ အစွယ်လိုသူကတော့ လက်ခုပ်တီးပြီး အားပေးမှာသေချာတယ်။ ကိုယ့်အမျိုးသားအလံတောင် ပြန်ဖျက်ဆီးတဲ့အဆင့်ဆိုတော့ အနေအထားက အတော့်ကိုစိုးရိမ်နေရပြီ်” ဟု မိန့်ကြားသည်။

ငြိမ်းချမ်းရေးကောင်စီမှ ဒီကေဘီအေ ဗဟိုသို့ ကန့်ကွက်လွှာပေးပို့ရာတွင် ကရင့်အမျိုးသားအလံတော်ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန် ပါရှိသည်ဟု ရုံးအဖွဲ့ဝင်တဦးက ပြောသည်။

အခင်းဖြစ်ပွားစဉ် ဂိတ်ဝင်းထဲရှိ အရပ်သားတဦးဖြစ်သူ ဦးလှလေးကို ဒီကေဘီအေတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ သေနတ်ဒင်များဖြင့် ၀ိုင်းထောင်းခဲ့ကြသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။

ယင်းဒေသအခြေစိုက် ဒီကေဘီအေ ကလို့ထူးဘောမှ ဒု-ဗျူဟာမှူး ဗိုလ်မောသိုသည် အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိလာသော်လည်း တစုံတရာဖြေရှင်းမှုမလုပ်ဘဲ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များကို လေချိုသွေး၍ အဆိုပါဂိတ်မှထွက်သွားစေခဲ့သည်ဟု အဖွဲ့ဝင်တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ပြီးနောက် ဒီကေဘီအေသည် ၁၉၉၄ ခုနှစ်နှောင်းပိုင်းတွင်လည်းကောင်း၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခုနှစ်တွင်လည်းကောင်း မြန်မာစစ်အစိုးရနှင့် ပူးပေါင်းခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ (၄)ဦး ထွက်ပြေးလွတ်မြောက်

အောက်တိုဘာလ ၁၃၊ ၂၀၀၉


အောက်တိုဘာလ ၁၃ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေ ဘီအေ)တပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာ စုစုပေါင်း(၄)ဦး ထိုင်းနိုင်ငံ နယ်စပ်တနေရာသို့ ထွက်ပြေးလာကြောင်းသိရသည်။ယခုလ ၉ရက်နေ့တွင် ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေတပ်ဖွဲ့မှ ကလေးစစ်သားနှင့် ပေါ်တာများသည် အသက် ၁၄ နှစ်နှင့် ၁၇နှစ်တို့ကြားတွင်ရှိပြီး ၎င်းတို့သည် ဒီကေဘီအေတပ်ဖွဲ့၏ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံရသောသူများဖြစ်သည်ဟု ၎င်းတို့ကိုယ်တိုင် ပြောပြချက်များအရ သိရသည်။

ယင်းသို့ ထွက်ပြေးလွတ်မြောက်လာသူ အသက်မပြည့်သေးသော ကလေးစစ်သားနှစ်ဦးမှာ ဒီကေဘီအေတွင် လုပ်သက် သုံး နှစ်ကျော်ရှိသူ စောဖါးကလိုဒို့ ၁၄နှစ်နှင့် လုပ်သက် တနှစ်ခွဲရှိ စောချင်းလုံ ၁၇နှစ်တို့ဖြစ်ကြပြီး ပေါ်တာနှစ်ဦးမှာ စောအကျော် ၁၇နှစ်နှင့် စောအအေး ၂၀နှစ်တို့ဖြစ်သည်။ဒီကေဘီအေတပ်ဖွဲ့ထဲတွင် အသက်မပြည့်သေးသော ကလေးစစ်သားနှင့် ပေါ်တာများကို ငယ်သူနှိပ်စက်စနစ်ဖြင့်လည်း ကောင်း၊ အမျိုးမျိုးခြိမ်းခြောက်မှုများဖြင့်လည်းကောင်း အနိုင်ကျင့်မှုများရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ပြော သည်။


ဒီကေဘီအေ တပ်မဟာ (၉၉၉) တပ်ရင်း(၅)တွင် စစ်သားလုပ်ခဲ့ရသူ စောချင်းလုံက “ကျနော်တို့ သွားခေါ်တုန်းကတော့ တနှစ်ကျော်ပဲ ၀င်လုပ်ရမယ်။ အခုတော့ ကျနော်တို့ကို တသက်လုံး ဒီကေဘီအေလုပ်ခိုင်းမယ်လို့ ပြောတယ်။ ချောင်း (သောင် ရင်းမြစ်)ကိုကူးရင် ပစ်သတ်ခွင့်ရှိတယ်။ ညအချိန် ထွက်ပြေးတာတွေ့ရင် ပစ်သတ်၊ နေ့လယ်ပိုင်းမှာလည်း တွေ့ရင်ပစ်သတ်၊ အမိန့်လို့ ပြောတယ်။ ထွက်ပြေးလို့ ပထမတခါ ပြန်မိရင် ရိုက်ပြီးတော့ အပြစ်ပေးတယ်။ နောက်တခါ ထွက်ပြေးလို့ ပြန်မိရင် သတ်ပစ်တာ ကျနော့် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်”ဟု ကေအိုင်စီကို ယနေ့ ပြောဆိုသည်။သူက ဆက်လက်၍ “တပ်ထဲမှာဆို ကိုယ့်မျက်နှာကို နည်းနည်းလေးမှ မထောက်တော့ဘဲ ခွေးလိုဝက်လို၊ ကျွဲလိုပဲ ခိုင်းပြီး တော့ စိတ်မထင်ရင် ရိုက်တယ်။ စာနာစိတ်လုံးဝမရှိဘူး။ တောင်တက်ခိုင်းရင်လည်း လူသစ်၊ လူဟောင်း မခွဲဘူး၊ အတင်း မောင်းတယ်။ ကျနော်တို့လို ကလေးတွေဆို ကျင်းတူး၊ ထမင်းချက် တနေကုန် တချက်မှ မနားရဘူး။ စားစရာဆိုလည်း ဘာမှ မရှိဘူး။ ဟိုအနွယ်၊ ဒီအညွှန့် လိုက်ရှာပြီးတော့ ခူးစားနေရတယ်။ သားငါးဆို နှစ်လ သုံးလမှ တခါ စားရတယ်။ ကျနော် တော် တော် စိတ်ကုန်သွားတယ်”ဟု ဆိုသည်။

၎င်းတို့အထဲတွင် အသက် ၁၄နှစ်အရွယ်ရှိ စောဖားကလိုဒိုသည် ဆယ်နှစ်သားအရွယ်ကပင် ဒီကေဘီအေတပ်ဖွဲ့၏ စစ်သားစု ဆောင်းခြင်းကိုခံရပြီး မ၀င်နိုင်ပါက ပေးဆောင်ရန် ကျပ်ငွေနှစ်သောင်း မရှိသည့်အတွက် ဒီကေဘီအေစစ်တပ်တွင် ၃နှစ်ကျော် တိုင်တိုင် စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ယခုလို ပြောသည်။စောဖားကလိုဒိုက “ကျနော်တို့ မောင်နှမ လေးယောက်မှာ ကျနော်က အငယ်ဆုံး။ အမေက မုဆိုးမ။ ညီအကိုနှစ်ယောက် ရှိ ပေမဲ့ အကိုက အိမ်ထောင်နဲ့ဆိုတော့ စစ်သားလုပ်ဖို့ ကျနော့်ကိုပဲ ခေါ်တယ်။ မ၀င်နိုင်တဲ့သူတွေကို ငွေနှစ်သောင်း တောင်းတော့ အမေက မပေးနိုင်ဘူး လေ။ ဒါကြောင့် ဒီကေဘီအေ စစ်သားဖြစ်လာရတာ။ တပ်ထဲမှာလည်း ကျနော့်ထက်ငယ်တဲ့သူတွေ တောင် ရှိသေးတယ်”ဟု ပြောပြသည်။

ဒီကေဘီအေတပ်သည် နအဖ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်ရင်းတရင်းလျှင် အင်အား ၃၂၆ဦး သတ်မှတ် ထားသည့်အတွက် လျာထားသည့်အတိုင်း ပြည့်မီရန် ယခုလို အသက်မပြည့်သူများကိုပါ လိုက်လံကောက်ခံ စုဆောင်းနေ ခြင်းဖြစ်သည်။သို့သော် ၎င်းတို့တပ်ထဲတွင် ကျန်းမာရေးချို့တဲ့သူများကို အနည်းအကျဉ်းသာ ပြုစုစောင့်ရှောက်သလို အထမ်းသမားပေါ်တာ များကို မထမ်းနိုင်ပါက ကန်ကျောက်ရိုက်နှက်မှုများ မကြာခဏ ကြုံခဲ့ရသည်ဟု အဆိုပါ အသက်မပြည့်သေးသည့် ကလေးစစ် သားနှင့် ပေါ်တာများက ထုတ်ဖော်ပြောဆိုခဲ့သည်။

Tuesday, October 13, 2009

အမ်းတွင် ဥမင်လိုဏ်ခေါင်းဖေါက်

10/13/2009


နအဖစစ်အစိုးရမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးစိုက်ရာ အမ်းမြို့နယ်တွင် ဥမင်လိုဏ်ခေါင်း တခု ဖေါက်လုပ်နေသည်ဟု သတင်းရရှိသည်။

အဆိုပါ ဥမင်လိုဏ်ခေါင်းကို အမ်းမြို့အနောက်ဘက် တွင်တည်ရှိသော မဲတောင်တွင် ဖေါက်လုပ်နေခြင်း ဖြစ်သည်။

အမ်းမြို့မှ ပေးပို့သော သတင်းအရ အဆိုပါ ဥမင်လိုဏ်ခေါင်းတွင် တိုက်လေယာဉ်များကို ထားရှိသွားမည် ဖြစ်ပြီး အမ်းတွင် ဖေါက်လုပ်ပြီးစီးသွားသော လေယာဉ်ကွင်းနှင့် ဆက်စပ် တည်ရှိသည်ဟု သိရသည်။

နအဖ စစ်အစိုးရမှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အား ၂၀၀၀ ခုနှစ်ဝန်းကျင်က စစ်တွေမှ အမ်းမြို့သို့ ပြောင်းရွှေ့ပြီးနောက် စစ်ရေးဆိုင်ရာ အဆောက်အအုံ အများအပြားကို အမ်းတွင် တည်ဆောက်နေသည်။

ထိုအထဲတွင် အမ်းမြို့ စစ်လေယာဉ်ကွင်းနှင့် ယခုတည်ဆောက်နေသော ဥမင်လိုဏ်ခေါင်းလည်း ပါဝင်သည်။

အမ်းမြို့မှာ ရခိုင်ရိုးမ အောက်ခြေတွင် တည်ရှိပြီး စစ်ရေးအရ စစ်တွေမြို့ထက် လုံခြုံမူ ရှိသဖြင့် စစ်ရေး ခံစစ်မြို့ အဖြစ် နအဖမှ အမ်းကို တည်ဆောက်နေခြင်း ဖြစ်သည်။

စစ်အစိုးရသည် အမ်းမြို့အား ရခိုင်ပြည်နယ် မြို့တော်ရုံးစိုက်ရာ မြို့အဖြစ် အနာဂတ်တွင် သတ်မှတ်ရန်ရည်ရွယ်ထားပြီး ပြည်နယ် အဆင့် အစိုးရ ဌာနများကို အမ်းသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်ဟု သတင်းတချို့က ဖေါ်ပြသည်။

နအဖ စစ်အစိုးရမှ အမ်းမြို့အား ရခိုင်ပြည်နယ်၏ မြို့တော် တခုဖြစ် လာရန် တည်ဆောက်နေခြင်းမှာ မြန်မာနှင့် ရခိုင် လူမျိုးတို့၏ အတိတ် တဘောင်များအရ တည်ဆောက်နေခြင်း ဖြစ်သည်ဟု ရခိုင်ပြည်သူများက ယုံကြည်နေကြသည်။

အဆိုပါ အတိတ်တဘောင်များမှာ “ တရုတ်ကဖိ၊ ရှမ်းက အိ၊ ရှိသည်ဗမာ အနောက်မှာ” နှင့် “ ငပြီ ပတုံးမြို့ကို ဖုံး၊ စစ်တွေမြို့ကြီး ပြိုလတ္တံ့။ ထိုသောအခါ အမ်းနှင့် ဒလက် မပျက် အိမ်ခြေ ကိုးကုဌေ” တို့ပင် ဖြစ်သည်။

ဒလက်မှာ အမ်းမြို့နယ်ရှိ ရွာကြီး တရွာဖြစ်ပြီး ငပြီ မှာ စစ်တွေမြို့ အနီးရှိ ငပြီးကျွန်းဖြစ်ပြီး သဲသောင်များဖြင့် ဆန်းလာရာမှ ယခုအခါ အဆိုပါ ကျွန်းမှာ စစ်တွေနှင့် နီးကပ်စွာတည်ရှိနေသည်။

တိုင်းမှူးအမိန့်အရ ရွာမီးရှို့မှု၌ ဓါးစားခံအဖြစ် စကခမှူး စစ်ခုံရုံး တင်ခံရ

Tuesday, October 13, 2009

တနင်္လာနေ့၊ 12 အောက်တိုဘာလ 2009
E-mail Print
သျှမ်းပြည်အလယ်ပိုင်း လဲချား - မိုင်းနောင် အခြေစိုက် အမှတ် ၂ စကခ သို့ စကခမှူး အဖြစ် ဗိုလ်မှူးကြီး ကျော်ဇံမြင့် ရောက်ရှိ တာဝန် ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းခြင်း၊ လူသူ လက်နက် အများအပြား ဆုံးရှုံးခြင်း တို့ကြောင့် စစ်ခုံရုံး တက်ရန် ဆင့်ခေါ် ခံရသည်ဟု သျှမ်းပြည် အလယ်ပိုင်း သတင်းရပ်ကွက် ပြောပါသည်။

“တောင်ကြီး တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်က သျှမ်းရွာမီးရှို့မှုမှာ သျှမ်းပြည် တပ်မတော် ခွဲထွက် မိုင်းဇင့် အဖွဲ့နာမည်နဲ့ ရှို့ခိုင်းတယ် ပြောတယ်။ ဒါပေမဲ့ DVB. RFA VOA တို့က သတင်းမှန် ထုတ်လွှင့် လိုက်တော့ စစ်အစိုးရ အတွက် မျက်နှာပျက်တယ် ပေါ့ဗျာ၊ သူ့မှာ တာဝန်ရှိတယ်၊ ထိန်းထိန်းသိမ်းသိမ်း မလုပ်တတ်ဘူး ဆိုပြီးတော့ စစ်ခုံရုံး တင်ခံရတာ ဖြစ်တယ်” - ဟု မိုင်းကိုင်မြို့ ရှိ ၀န်ထမ်းတဦးက ပြောပြသည်။

အမည်မဖေါ်လိုသည့် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သည့် မိုင်းကိုင် ၀န်ထမ်း တဦး ပြောပြချက် အရ ဗိုလ်မှူးကြီး ကျော်ဇံမြင့် စစ်ခုံရုံး တင်ခံရခြင်း အဓိက အကြောင်းရင်း ၃ - ၄ ခုရှိကြောင်း -

၎င်းရောက်ရှိ တာဝန်ထမ်းဆောင်သည့် ကာလအတွင်း လူထု စည်းရုံးရေး ညံ့ဖျင်းချင်း၊လူသူ လက်နက် အများအပြား ဆုံးရှူံးခြင်း၊ ကျေးလက် လူထု နေအိမ် မီးရှို့မှုတွင်လည်း သျှမ်းပြည် တပ်မတော် ခွဲထွက် လက်နက်ချ မိုင်းဇင့် အဖွဲ့ ရှို့သည်ဟု အကွက်ဆင် ထားသော်လည်း ဗမာ့ တပ်မတော် နာမည်ဖြင့်သာ သတင်းမှန် ထွက်သွားခြင်းတို့အပြင် မီးရှို့ခံရသည့် ရွာများမှ ပျဉ်ထောင်အိမ် တစ်ရာကျော် ပြန်လည် ထူထောင်ရေး ဆောက်လုပ်ရေး လုပ်ငန်း၌လည်း စက်တင်ဘာလ အတွင်း ပြီးစီးအောင် မလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ်သည်ဟု သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အမှန်တော့မီးရှို့မှုက တိုင်းမှူးဗိုလ်ချုပ်ရာပြည့်ကိုယ်တိုင် အမိန့် ပေးခဲ့တာဘဲ၊ သူက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လူ၊ တိုင်းမှူး ရာထူးလဲ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ပေးထားတယ်လေ။ အပြစ် အနာအဆာ အားလုံးကို အမှတ်၂ စကခ မှူးဗိုလ်မှူးကြီး ကျော်ဇံမြင့် ခေါင်းပေါ် ပုံချပြီး ခေါင်းရှောင် လိုက်တဲ့တဘော” - ဟု ဆက်ပြောပြ၏။

စစ်ခုံရုံးတက်ရန်အတွက် ဗိုလ်မှူးကြီးကျော်ဇံမြင့်သည် လွန်ခဲ့သည့် ရက် ၂၀ လောက် ကတည်းက လဲချားမှ တောင်ကြီးသို့ ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း၊ တချို့ကလည်း နေပြည်တော်သို့ ပို့လိုက်ပြီဟု သတင်း ဖြစ်နေကြောင်း ကံမကောင်းလျှင် ထောင်ကျနိုင်ကြောင်း၊ တာဝန်၊ ရာထူး ပြုတ်မည်မှာ သေချာကြောင်း သတင်းရပ်ကွက်က ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

KNU adopts new doctrine on front line

2009 October 12

Monday, 12 October 2009 12:48

Bangkok (Mizzima) – When two explosions rocked the Democratic Karen Buddhist Army compound in the middle of the night, destroying a bulldozer and excavator, the Karen National Liberation Army’s Special Warfare Branch headed for the hills.

It was a rude post-midnight awakening for the DKBA soldiers of Brigade 999, but they quickly assembled a pursuit team.

And they struck out from Ta-ah Tah village, straight up into unforgiving terrain of the Dawna Mountain Range.

They had been hit by a KNLA strike deep behind the lines, a tactic favoured by Karen National Union Vice President David Thackrabaw, and they knew there would be hell to pay for destruction of such expensive machinery.

It is not the first such strike and will not be the last.

The Special Warfare Branch, headed by Brigadier-General Saw Hsar Gay, says this is the result of a new warfare doctrine, using small teams and hitting strategic targets.

The targets are of such value that the teams know hot pursuit will follow and prepare in advance to create a matrix of booby traps that will inflict maximum injury and death on their pursuers.
Some of the key weapons of these matrices are Claymore-style, directional anti-personnel mines, bounding and stake mines.

Brig-Gen Hsar Gay said these weapons were all detonated at the time of engagement, and so proved no danger to the civilian population later on and technically weren’t considered landmines.

“They are triggered either by remote control, electric trigger or a tripwire and, provided strict technical specifications are followed, and can be manufactured anywhere.

“They represent the premium defensive weapons as small demolition squads withdraw under fire, or a lethal ambush weapon, where a handful of men can hit entire enemy columns without expending ammunition.

“There’s also the benefit of the low risk of casualties,” he said. These tactics will be spread throughout KNLA battalions.

“It is important to standardise construction of all our booby traps,” said Brig-Gen Hsar Gay.

“Wherever they are assembled they must be identical, so that performance is streamlined and training and user manuals don’t differ.

“That means our special warfare soldiers can move between battalions and brigades and train others.

“Stealth communications and night warfare are also part of our new doctrine, but implementing these across the force means forming a centralised, homogenous programme using the same hardware, so battalions can carry out very similar coordinated operations, even if they are hundreds of miles from each other.

We’ve changed tactics, out of necessity we must make our weaknesses our strengths,” said Brig-Gen Hsar Gay.

“It’s quite contrary to previous doctrines, where we [the KNLA] wasted a lot of ammunition engaging the enemy in firefights.

“We created the section in 2001 and have since used it to pioneer new tactics that will be employed increasingly in the field by all of our troops,” he said.

“These are unorthodox tactics – behind-the-lines missions and Claymore ambush warfare – that are ideally suited to our outgunned army.”

“The Americans used these tactics as part of their ambush doctrine during the Vietnam War, but only as an ambush initiator, followed by a lot of small arms and machinegun fire, or even heavier weapons.

“But in Karen State we’re doing the opposite – the Claymores, stake and bounding mines are the main weapons and small arms fire is used only for self-defence or if the opportunity to seize enemy weapons and equipment presents itself and covering fire is needed,” he said.

“Our Second and Third brigades are using special warfare tactics with great success, particularly multiple Claymore and booby trap withdrawals, that’s why the SPDC casualty figures are so high in those brigades.

“But now Sixth Brigade and Seventh Brigade are becoming more capable.

“We’ve trained NCOs [non-commissioned officers] and specially-selected soldiers from most brigades, but the better the tactics are understood by battalion and brigade commanders, the easier and effective implementation is.”

While the logistical benefits are fairly obvious – the potential loss of life is minimised using small teams, valuable ammunition is preserved and premium weapons carried – there are also direct political benefits.

Earlier this year, frustrated by border warfare marked by shelling and heavy machine-gun fire, Thai authorities ordered leaders of the Karen National Union and its armed wing, the KNLA, off Thai soil.

Things had got out of control and pressuring the side perceived to be weaker – the KNU – was identified as the quickest solution to calm the border region and facilitate trade.

The DKBA, allied with the Burmese Army and pitched against the KNLA, was running up and down the border, launching attacks against the KNLA from Thai soil and terrorising Thai villages thought sympathetic to the KNU.

The KNLA tactics of small teams trekking through the jungle for days with one target in mind and avoiding fighting on the borderline will ease relations with the Thais as the matter will be considered an “internal affair” for the Burmese to deal with, said Brig-Gen Hsar Gay.

“The border fighting creates the false impression that the KNLA is supported from the other side [the Thai side] of the border.

“It’s important not to affect Thailand’s security interests,” he said.

“And it also shows the KNLA’s ability to fight the Burmese Army deep inside areas they claim to control.”

The DKBA broke with the KNLA in the mid-nineties, claiming religious persecution of Buddhists by the largely Christian leadership of the KNU.

From its days as a rag-tag bunch of deserters it has developed into a formidable military force.

The DKBA is also one of the few ethnic minority armies to agree with Burma’s military junta, the State Peace and Development Council, and its proposal to form Border Guard Forces from disparate armies controlling areas of Burma.

However, the DKBA is not seen to have the loyalties of the greater Karen population.

Its submission to the will of the SPDC does not augur well with people hard done by for decades at the hands of the Burmese Army.

There is little doubt that a small band of KNLA specialists on the run from a larger unit of DKBA pursuers would be given sound advice on local conditions or a sock of rice by villagers in a bid to render their mission successful.

Such sentiments are not lost on DKBA foot soldiers.

And now, with their transformation into a border guard force, the DKBA are being issued with badges to be sewn into their uniforms bearing the motifs of the Burmese Army.

This is creating dissension in the ranks according to one venerated retired KNLA soldier.

“The [DKBA] brigades are now operating independently of one another, doing what they wish, employing tactics of their own making, following allegiances held by their commanders,” he said.

At a clandestine meeting in Thailand, a commander of another breakaway military clique, the KNU/KNLA Peace Council, said both the SPDC and DKBA had plans to attack a KNLA stronghold opposite northern Thailand, across the Salween River “as soon as the rain stops and things dry up”.

Tay Lay Mya, a son of former KNU general Bo Mya and a surprise defector from the KNLA earlier this year, said both the SPDC and DKBA had their sights set on KNLA Fifth Brigade in the coming months.

The once-traditional time for major military offensives by the Burmese Army is the dry season, which begins late in the year, about November, and continues through until April.

Both sides are now well-advanced in their preparations for heavy fighting.

One senior KNLA commander involved in these preparations predicted as many as 2,000 Karen refugees could leave Burma during the dry season as the battles ensue.
mizzima

သံဃာတုနှင့် လူအချို့တို့ကို မဲဆောက်ရဲ ဖမ်းဆီး ။ မြ၀တီခရိုင်အတွင်းတွင်လဲ ရှာဖွေဖမ်းဆီးနေ

Thursday, October 8, 2009


ရဲရင့်
ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြဝတီခရိုင်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဦးဇောတိပါလက “မဲဆောက်ဆွမ်းလောင်းပွဲကို ဘုန်းကြီးတို့ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး။ အခုသွားတဲ့ ဘုန်းကြီးနဲ့ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေက အောက်ကလာကြတဲ့ လူတွေဖြစ်တယ်။ သူတို့ဒီလိုအပြုအမူတွေလုပ်တော့ သာသနာတော် ညှိုးနွမ်းတဲ့အပြင် နိုင်ငံနဲ့လူမျိုးလည်း သိက္ခာကျတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရုပ်သံလှိုင်းတွေက သတင်းထုတ်ပြန်တယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီဘုန်းကြီး၊ သီလရှင်အတုတွေနဲ့ လူတွေကို ဘုန်းကြီးတို့ လိုက်လံစစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်” ဟု မိန့်ကြားသည်။

မြဝတီမှလာသည့် အလှူခံပုဂ္ဂိုလ်များသည် မိမိတို့ရရှိသည့် အလှူခံပစ္စည်းများကို ယူဆောင်သွားခြင်းမပြုဘဲ ရရာဈေးဖြင့် နီးစပ်သူများထံ လိုက်လံရောင်းချခဲ့ကြပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်သောက်စားကာ ခွန်းကြီးခွန်းငယ် အချင်းများခဲ့သည့်အတွက် မဲဆောက်ရဲကို ဖမ်းဆီးခိုင်းရခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ မြန်မာဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ၊ သီလရှင်များကို မြဝတီခရိုင် သံဃာ့နာယကအဖွဲ့မှ လုံးဝအလှူခံခွင့်မပြုကြောင်း၊ ထိုင်းဘက်တွင် ဖြစ်ပျက်နေသည်ကို မိမိတို့ ကိုင်တွယ်၍မရကြောင်း၊ ထိုင်းဘက်မှ ဖမ်းဆီးလွှဲပြောင်းပေးပါက ထိရောက်သည့် အရေးယူမှု ပြုလုပ်ကြောင်း ဆရာတော် ဦးဇောတိပါလက မိန့်ကြားသည်။

အချို့လူပုဂ္ဂိုလ်များမှာ လူဝတ်များဖြင့်လာပြီး ဆွမ်းလောင်းပွဲမတိုင်မီညတွင် သင်္ကန်းဝတ်လဲလှယ်ခဲ့ကြောင်း၊ ဂျင်းဘောင်းဘီ ဝတ်လာသည့် အမျိုးသမီးအချို့လည်း သီလရှင်ဝတ်စုံများဝတ်ကာ အလှူခံကြွခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရပြီး ဆွမ်းလောင်းချင်စိတ်ပင်မရှိတော့ဘဲ အိမ်သို့ ပြန်လာခဲ့သည်ဟု မဲဆောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် နှစ်ဖက်သံဃာ့နာယကအဖွဲ့များ ညှိနှိုင်းတိုင်ပင်၍ ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိရန် ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် သီတင်းသုံးသည့် တာ့ခ်ခရိုင် သံဃာ့နာယကအဖွဲ့ဝင် ထိုင်းဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

KNLA ထိမ်းချူပ်ရာ နယ်မြေ သြဂုတ်လ အတွင်း တိုက်ပွဲ စာရင်းပေါင်းချုပ်

B-8-09

ကေအဲန်ယူ တပ်မဟာ(၇)တွင် နအဖစစ်တပ်များ လှုပ်ရှားမှုရှိလာ

အောက်တိုဘာ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကေအဲန်ယူတပ်မဟာ (၇)နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် နအဖ စစ်တပ် တပ်မ (၂၂)လက်အောက်ခံ တပ်ရင်းမှ စစ်ကြောင်းများ သည် ယခုလ အစောပိုင်းမှစ၍ လှုပ်ရှားမှုများ စတင်လုပ်ဆောင်လာသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)က ပြောသည်။

ကေအဲန်အယ်လ်အေ တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က“ ပြီးခဲ့တဲ့ ၄-၅ရက် အတောအတွင်းမှာ ခမရ(၂၀၈) တပ်ရင်းက စစ်ကြောင်း(၁)နဲ့ (၂) စတင်လှုပ်ရှားလာတာကို ကျနော်တို့ သတိထားမိတယ်။ ကျနော်တို့နဲ့ မနီးမဝေးမှာရှိတဲ့ ထီး တိုကော်ရွာမှာဆို ရောက်လာတာ (၃)ခါတောင် ရှိပြီ။ အရင်တုန်းက အဲဒီရွာအထိ ရောက်လေ့ရောက်ထမရှိဘူး။ စစ်ကြောင်း (၂)ကတော့ တရီဖိုးကွီးဘက်မှာ လှုပ်ရှားနေတယ်။ အခုထက်ထိတော့ သိပ်ထူးခြားတဲ့ လှုပ်ရှားမှုတွေ မတွေ့သေးဘူး”ဟု ပြော သည်။

ယခုလို ပွင့်လင်းရာသီအစတွင် နအဖ စစ်တပ်၏ စတင်လှုပ်ရှားလာမှုအပေါ် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေက “ပထမတချက်က အဲဒီဂွင်ကို နယ်မြေစိုးမိုးရေးအတွက် ဒီကေဘီအေတွေကို သူတို့ယုံစားလို့မရတော့လို့ တက် လာတာ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကေဘီအေက အကျအဆုံးများတော့ လူအင်အားသိပ် မရှိတော့ဘူးလေ။ နောက် တချက်က အဲဒီမှာရှိတဲ့ သူတို့အဖွဲ့အတွက် တပ်အင်အား လာဖြည့်တာလည်း ဖြစ်နိုင်တယ်။ အဲဒီနယ်မြေဟာ ပြောက်ကျား နယ်မြေဖြစ်တဲ့အတွက် ထိုးစစ်ဆင်ဖို့ကတော့ မဖြစ်နိုင်ဘူး”ဟု ပြောသည်။

၎င်းနယ်မြေသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ သုံးခု ပူးပေါင်းကာ ကေအဲန်ယူကို ထိုး စစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ပြည်သူ ၄၀၀၀ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

အဆိုပါနယ်မြေကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်တို့ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒီကေဘီအေတပ်ဖွဲ့များသာ အခြေချ လှုပ်ရှားလျှက်ရှိရာ ယခုလို ဖားအံမြို့တွင် အခြေစိုက်သည့် တပ်မ(၂၂)လက်အောက်ခံတပ်ရင်းမှ စစ်ကြောင်းများ စတင် လှုပ်ရှားလာခြင်းသည် ရည်ရွယ်ချက်တခုခုကြောင့် လှုပ်ရှားလာခြင်းဖြစ်နိုင်ကြောင်း ကေအဲန်ယူ ဖားအံခရိုင်၊ ပိုင်ကျုံမြို့ နယ် ဥက္ကဌ ပဒိုစောဘာတီဖိုးက ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေပူးပေါင်းတပ်တို့ (၅)လကြာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သော် လည်း ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ၏ ချုံခိုတိုက်ခိုက်မှုနှင့် မကြာခဏ ဗုံးပေါက်ကွဲမှုများ ကြောင့် ထိခိုက်ဒဏ်ရာရမှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

၎င်းတပ်မဟာ(၇)နယ်မြေတွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဒီကေဘီအေတပ်ဖွဲ့ဝင်များမှ ၁၁၇ဦးသေဆုံး၊ ၃၁၆ဦး ထိ ခိုက်ကာ ၂၈ဦး ကေအဲန်ယူထံသို့ လာရောက်ပူးပေါင်းပြီး မြန်မာစစ်တပ်ဘက်မှ ၁၈ဦးသေဆုံး၊ ၂၈ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်၏ မှတ်တမ်းများအရ သိရသည်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် ၎င်းအခြေအနေများနှင့် ရင်ဆိုင်နေရသဖြင့် ထိုင်းရွာသားများက ကေအဲန်အယ်လ်အေ တပ် ဖွဲ့ဝင်များနှင့် အဆက်အသွယ်လုပ်သည်ဟု သတ်မှတ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၂ရက်နေ့တွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးလာပြီး ဆွဲမိုင်းများ လာရောက်ထောင်ထားခဲ့သည်ဟု ထိုင်းရွာသားများ၏ ပြောပြချက်အရ သိရသည်။

ကေအဲန်ယူတပ်မဟာ (၇)နယ်မြေတွင် ဒီကေဘီအေ တပ်မဟာ (၅၅၅)၊ (၉၉၉) လက်အောက်ခံတပ်ရင်းများနှင့် ကေအဲန်ယူ တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး နအဖစစ်တပ်များက ယခုလ အစောပိုင်းမှ စတင်လှုပ်ရှားလာ ခြင်းဖြစ်သည်။

dkba forced relocation by Kwekalu Karen News

၂၀၁၀-ရွေးကောက်ပွဲနှင်ပတ်သတ်၍-KNU-ကြေငြာချက်ထုတ်ပြန်

၂၀၁၀-ရွေးကောက်ပွဲနှင်ပတ်သတ်၍-KNU-ကြေငြာချက်ထုတ်ပြန်