Saturday, February 19, 2011

ဗိုလ်မှူး စောစန်းအောင်၏ တိုက်တွန်းပြောဆိုချက်




နအဖ ဖက်စစ် အကြမ်းဖက် တပ်တွေကို သုတ်သင် နှိမ်နှင်းပြီး ကရင်ပြည်ကနေ မောင်းထုတ်နေသူ DKBA တပ်မဟာ ၅မှ ဗိုလ်မှူး စောစန်းအောင်ကို သူရဲ့ ခဏတာ မအားမလပ်တဲ့ ကြားထဲကနေ ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်နေ့) ညနေ ၈နာရီခွဲ အချိန်မှာ ဖုန်းနဲ့ ဆက်သွယ်စကား ပြောဆို နိုင်ခဲ့ပါတယ်။


အဆိုပါ ခဏတာ စကားပြောဆို နေချိန်အတွင်း ကရင်လူထုများ၊ လွတ်မြောက်မှု လိုလားသူများနဲ့ တော်လှန်ရေး သမားများ အားလုံးကို ဗိုလ်မှူးစန်းအောင်ကနေ အောက်ပါအတိုင်း တိုက်တွန်း အမှာ စကားတချို့ ပြောဆိုသွားခဲ့ပါတယ်။


”လွတ်မြောက်မှုအတွက် တော်လှန်တိုက်ပွဲဝင် နေတဲ့ တော်လှန်ရေးသမားများ အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြပါ၊ တော်လှန်ရေးကို မလုပ်စားကြပါနဲ့ လို့ပဲ တော်လှန်ရေး သမားတွေ အားလုံးကို မှာချင်တယ်။ ဒီစကားကို သတင်းတွေမှာ တင်ချင်တယ်ဆိုရင်လည်း အစ်ကို့နာမယ်နဲ့ တင်ပါ။ မှန်တာကို ပြောမှာပဲ။ မှန်ကန်ရင် ကွဲတယ်” ဟု တော်လှန်သူတွေ အားလုံးကို ဗိုလ်မှူး စောစန်းအောင်က တိုက်တွန်း ပြောဆိုသွား ပါတယ်။


”နိုင်ငံတကာရောက် သွားကြသော်လည်း ကိုယ့်လူမျိုး၊ ကိုယ့်တော်လှန်ရေးအတွက် မမေ့ကြပဲ ပြန်လည် လှည့်ကြည့် ကူညီနေကြတဲ့ လူတွေကို အထူးပင် လေးစားမိပါတယ်။ ကျနော်တို့ တိုက်ပွဲဝင်နေ တာကလည်း အားလုံး မျက်နှာမငယ်ရအောင် အသက်ပေး တိုက်ပွဲ ၀င်နေတာ ဖြစ်တယ်။ ဘယ်လောက်ပဲ ဆင်းရဲပင်ပန်းနေပါစေ မမှုဘူး။ ကျနော်တို့ ဆက်ပြီး တိုက်ပွဲ ၀င်သွားမယ်”ဟု နိုင်ငံတကာရောက် ကရင်ပြည်သူတွေကို ဗိုလ်မှူးစန်းအောင်က ပြောဆိုသွားပါတယ်။


လက်ရှိ ဖြန့်ချိ ထုတ်ဝေနေတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ တိုက်ပွဲ ဗီဒီယိုခွေအပေါ် ရန်သူအတွက် စစ်ရေး ပစ်မှတ်တွေ ဖြစ်လာနိုင်မှာကို စိုးရိမ်နေသူများ အတွက်ကိုလည်း ဗိုလ်မှူး စောစန်းအောင်က အခုလို ပြန်လည် တုန့်ပြန် ပြောဆိုသွားပါသေးတယ်။
”အဲဒီခွေနဲ့ ပါတ်သက်ပြီး ဘာမှမပူပါနဲ့။ ဖြန့်သာ ဖြန့်ပါ၊ ရန်သူက သူတို့နည်း သူတို့ဟန်နဲ့ စစ်ရေး ရှိသလို ကျနော်တို့လည်း စစ်ရေးနည်းပရိယာယ်တွေ အများကြီး ရှိတယ်။ ဒီခွေကို ထုတ်ဝေဖြန့်ချိ နေရတာကလည်း ကျနော်တို့ တော်လှန်ရေး တိုက်ပွဲဝင်နေတာကို လူတွေကို အသိပေးချင်လို့ပါ။ ကျနော်တို့ ကရင်တွေ တော်လှန်ရေး လုပ်တာ နှစ် ၆၀တောင် ကျော်နေပြီး မှတ်တမ်းတွေ အရမ်းနည်းခဲ့တယ်။ တချို့လူတွေဆိုရင် ကရင်တော်လှန် ရေးကိုတောင် မသိကြဘူး။ နောက်ပြီး ရဲဘော်တွေ ဘယ်လောက် ဆင်းရဲ ပင်ပန်းလည်း ဆိုတာကိုလည်း ပြစေချင်တာပါ”ဟု တုန့်ပြန် ပြောဆိုသွားပါတယ်။
အထက်ပါ တိုက်တွန်းမှာကြားချက်တွေ အားလုံးဟာ မအားမလပ်တဲ့ ကြားကနေ အချိန်ပေးပြီး မှတ်တမ်းဗီဒီယိုတွေ ထဲကလိုပဲ အာပေါင်အားရင်း သန်သန်နဲ့ ဗိုလ်မှူး စောစန်းအောင် ဖုန်းထဲကနေ ပြောဆိုသွားတာ ဖြစ်ပါတယ်။

တော်လှန်ရေးသမား ၃၄ ဦးလွတ်မြောက်ရေး ဂျပန်မှာဆန္ဒပြ



ရခိုင်၊ ကရင် တော်လှန်ရေး ရဲဘော်(၃၄)ဦး လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်)နှင့် ဂျပန်နိုင်ငံရောက် ကရင်လူမျိုးများတို့မှ ဦးစီး၍ တိုကျို Shibuya, UN ရုံးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


စစ်အစိုးရ၏ ခိုင်းစေချက်ဖြင့် အိန္ဒိယ ထောက်လှမ်းရေး အရာရှိတဦး၏ လှည့်ဖြား အပြောကို ယုံကြည်ခဲ့သည့် ရခိုင်အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီ NUPA နှင့် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့ဝင်များဖြစ်သည့် ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယစစ်တပ်က အိန္ဒိယရေပိုင်နက် အန်ဒမန်-နီကိုးဘားကျွန်းစု လန်းဖောကျွန်း၌ ဖမ်းဆီးခဲ့ရာ ၁၃ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။


ရခိုင်နှင့် ကရင်တော်လှန်ရေး ရဲဘော် ၃၄ ဦးအပေါ် စွဲချက် တင်ထားသည့် အမှုများအားလုံးမှာလည်း၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၂ နေ့ မှာ ကတည်းက ပယ်ဖျက်ပြီး ဖြစ်သော်လည်း အခုထိ ကိုးလ်ကတ္တား အကျဉ်းထောင်မှာ ဖမ်းဆီး ထိမ်းသိမ်း ခံနေကြရဆဲဖြစ်ကြောင်း တော်လှန်ရေးသမား ၃၄ ဦးကို အမြန်ဆုံး လွှတ်ပေးရန်နှင့် တာဝန်အရှိဆုံး အိန္ဒိယ အစိုးရအနေဖြစ် အိန္ဒိယတွင် နေထိုင်ခွင့်ပေးရန်နှင့် UNHCR အနေဖြင့် တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ပေးရန် စသည့် တိုက်တွန်း တောင်းဆိုသည့် စာကို တိုကျိုမြို့ရှိ UN ရုံးတာဝန်ခံ မှတဆင့် UNHCR တာဝန်ရှိသူများထံတို့ ပေးပို့ခဲ့ပါသည်။


တောင်းဆို ဆန္ဒပြသည့် အခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှစုစုပေါင်း (၁၀၀)ခန့် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

Friday, February 18, 2011

ဒေါနမြေမှ ဟစ်ကြွေးသံ

အခုထွက်ရှိတဲ့ ဒေါနမြေမှ ဟစ်ကြွေးသံ (သို့) ဖလူးတိုက်ပွဲခွေဟာ
(၂)နာရီကျော်စာ ရှိပါတယ်။
အခု တင်ပေးတဲ့ ဖလူးတိုက်ပွဲရုပ်သံက (၁၆)မိနစ်စာသာရှိတဲ့
နမူနာပြကွက်သာဖြစ်ပါတယ်။
ဒီတိုက်ပွဲခွေကို လိုချင်တယ်ဆိုရင် ကြော်ငြာထားတဲ့လိပ်စာအတိုင်း
မှာယူနိုင်ပါတယ်။


မတရားမှုကို တွန်းလှန်တဲ့ ဝေါ်လေ၊ဖလူးတိုက်ပွဲမှာ
ပင်ပန်းဆင်းရဲစွာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ကရင့်အမျိုးသားသူရဲကောင်းများနဲ့
ကျောင်းသားတပ်မတော်အားလုံးကို ဂုဏ်ပြုအပ်ပါတယ်။




You Tube _ sawdahbo
Posted by ;sawdahbo2749@gmail,com
Copy from _ ninedeblood.

စစ်မှုမထမ်းမနေရ အမိန့်ကြောင့်အမျိုးသမီး ၄ ဦး နယ်စပ်သို့ တိမ်းရှောင်လာ

Thursday, 17 February 2011 08:40
အော်.... ချစ်သူရေ အိမ်ထောင်သယ်ဆို စစ်မှု့မထမ်းရဘူးဆိုတော့ မင်းစစ်ထဲမဝင်ရအောင် မင်းနဲ့ကိုယ် လက်ထပ်ဖို့လည်း ကိုယ့်မှာ ပိုက်ဆံကလည်းမရှိ.... စောဘွဲမှူး ရေးခဲတဲ့ သီချင်းလို မိုးမလုံ လေမလုံ တဲအိမ်စုတ်ထဲမှာ ထမင်းရေသောက်ပြီး ဘဝဖန်တီး ဖို့အတွက်ကလည်း ထမင်းရည် တစ်ပုလင်း ၃၅ဝ ကျပ်ဖြစ်နေပြီလေ.... စစ်မှု့မထမ်းရအောင် သီလရှင် ဝတ်ပါလို့လဲ ကိုယ်မပြောရက်ဘူး မေ... စစ်ထဲဝင်ရင်တော့ ဒို့လို မျက်နှာမွဲ မျိုးတွေဆို ရှေ့ထမ်းသွားရဘဲ.... အထူးသဖြင့် ကရင်ပြည်နယ် ဘက် ရှေ့တန်းကို သွားရရင် ၉၅% လောက်က သေဖို့ ကြိမ်းသေတယ် .... ဟူးးး မြန်မာပြည်မှာ လူဖြစ်ရတဲ့ ဒုက္ခ ကလည်း မလွယ်ပါလားနော် ............
နအဖစစ်အစိုးရ၏ စစ်မှုမထမ်း မနေရအမိန့်ကြောင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်မှ ချင်းအမျိုးသမီး ၄ ဦး တဖက် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ်သို့ထွက်ပြေး တိမ်းရှောင်လာကြသည်။

ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှ စပြီး ကလေးမြို့အခြေစိုက် စုဆောင်းရေးတပ်က စစ်မှုမထမ်းမနေရ အမိန့်အတိုင်း အသက် ၁၈ နှစ် မှ ၄၅ နှစ်အကြားအမျိုးသား နှင့်အသက် ၁၈- ၃၅ ကြား အိမ်ထောင်သည် မဟုတ်သည့် အမျိုးသမီးများ အမည်စာရင်းကို လိုက်လံပြုစုနေသဖြင့် ယခုကဲ့သို့ တိမ်းရှောင်လာကြခြင်းဖြစ်သည်။

“ကလေးမြို့တောင်ဖီလာရပ်ကွက် နှင့် တာဟန်းရပ်ကွက်မှာတော့ ကောက်နေကြတယ်၊ကျမတို့ ၄ ဦးကတော့ အိမ်က နေချက်ချင်းထွက်ပြေးလာကြတယ်၊နောက်လည်းထွက်ပြေးလာကြအုံးမည်ထင်တယ်” ဟု မီဇိုရမ်ရောက် တောင်ဖီလာ ရပ်ကွက်နေ အမျိုးသမီး တဦး ကပြောသည်။



စစ်သင်တန်းကို ဘယ်ချိန်စတင်မလည်းဆိုတာ မသိရသေးသော်လည်း သင်တန်းကို မူကလေးမြို့နယ် အင်းတိုင်ကြီး စစ်ရေး လေ့ကျင့်ရေးကျောင်းတွင်ပို့ချဖွယ်ရှိသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းထဲက ပြောကြသည်။

အဆိုပါ အမျိုးသမီးက ဆက်လက်ပြီး “ကျမတို့ပြည်တွင်းကိုမပြန်ရဲကြတော့ဘူး၊ ဒုက္ခသည်လျှောက်မလား၊ ဘာလုပ်မလဲ ဆိုတာ ဘာမှ မရေရာသေးဘူး၊မိဘတွေကလည်း အိမ်ကို မပြန်လာစေချင်ကြဘူး” ဟု ပြောသည်။

ယခုလ ဖေဖေါ်ဝါရီနောက်ဆုံးပတ်အတွင်း ပလက်ဝမြို့နယ်၊လယ်တဲကျေးရွာသားနှစ်ဦးကိုလည်း ဒေသခံ ရှင်းလက်ဝ စစ် သားတွေကအတင်းဖမ်းဆီးပြီး တပ်ထဲသွင်းလိုက်ကြောင်း သိရသည်။

အလားတူ ယခုလဆန်းပိုင်းကစ၍ ဖလမ်းမြို့နယ် သွီးဘွလ်အခြေစိုက်နအဖစစ်သားများကမိမိတို့၏ကျေးရွာအတွင်းရှိ အ သက် ၁၈ နှစ်မှ ၄၅ နှစ်အကြား ကျား၊မအမည်စာရင်းများကို ကောက်ခံရန် သက်ဆိုင်ရာကျေးရွာဥက္ကဌအ သီးသီး ကိုအကြောင်းကြားခဲ့သည်ဟု ဒေသခံတဦးကပြောသည်။

“ရပ်ကွက်ဥက္ကဌနှင့်အဖွဲ့ဝင်တွေက ၁၈ နှစ်ကနေ ၄၅ နှစ်အကြားယောကျာ်း၊မိန်းမဟူသမျှအမည်စာရင်းတွေကို ကောက်ခံ နေကြတယ်၊ ဘာအတွက် ကောက်ခံတယ် ဆိုတာကိုတော့ သူတို့က မပြောပြဘူး၊ ဒီတိုင်းနာမည်စာရင်းဘဲ လာကောက်သွားတယ် ဟု သွီးဘွလ်ရွာသားများ တွေ့ဆုံခဲ့သည့် ချင်းလူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောသည်။

စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများစစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းကို ထုတ်ပြန်ကြောင်းပြင်ပသို့ပေါက်ကြားလာခဲ့သည်။

အဆိုပါ ဥပဒေ၌ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု၂ နှစ်ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုး မြှင့် နိုင်ကြောင်း၊စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ်သို့မဟုတ် ငွေဒဏ်၊ သို့မ ဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကို ကိုယ်လက်အင်္ဂါ ချို့ယွင်း စေရန်လုပ် ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း၊ သာသနာ့ ဝန်ထမ်းများ၊ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်း သူများနှင့် မိခင်များမှအပသတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်း ရမည်၊ထောင်တွင်း အကျဉ်းကျ ခံ နေရသူများနှင့် သက်ကြီးရွယ်အိုများကိုစောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ ဆိုင်းနိုင်သော်လည်း နောက် ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည်ဟု ပါရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းကလည်း ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့နယ်တွင် ရပ်ကွက်လူကြီးများက ကျေးရွာ အ တွင်းရှိ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား ယောကျာ်း၊မိန်းမ အမည်စာရင်းများကိုကောက်ခံခဲ့ပြီးဖြစ်သည်။

စစ်မှုမထမ်းမနေရအမိန့်ကို အကောင်အထည်ဖော်ဆောင်လာပါက ချင်းလူငယ်များ ပြည်ပသို့ ထွက်ခွါမှုယခင်ကထက် ပိုမို များပြားလာနိုင် သည်ဟု ပြောကြသည်။

KNLA Head newest alliance, the United Nationalities Federal Council (UNFC)

KNLA Head newest alliance, the United Nationalities Federal Council (UNFC)

စုပေါင်းကာကွယ်ရန် လက်နက်ကိုင် ၁၂ ဖွဲ့ ကောင်စီဖွဲ့

ဖနိဒါ | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၆ မိနစ် .
ချင်းမိုင် (မဇ္စျိမ) ။ ။ စစ်အစိုးရ ဖိအားများကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ကို ဗုဒ္ဓဟူးနေ့တွင် ဖွဲ့စည်းလိုက်သည်။

ယခုလ ၁၂ ရက်မှ ၁၆ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တောတွင်းတနေရာ၌ ကျင်းပခဲ့ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၅၁ ဦး တက်ရောက်ခဲ့သော ညီလာခံကြီးတွင် စစ်အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာဖြင့် United Nationalities Federal Council (Union of Burma) အမည်ရ ကောင်စီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

“စစ်အုပ်စုကနေ လွှတ်တော်တွေဖွဲ့၊ နိုင်ငံရေးအရ တိုင်းရင်းသားတွေကို ချေမှုန်းဖို့၊ အင်အားဆုတ်ယုတ်အောင် လုပ်တာ၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်လုပ်ဖို့ ဖိအားပေးရင် တဖွဲ့ထဲ ခုခံနိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် စစ်ရေးအရ လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ခုခံပြောဆို ကာကွယ်မှ ရပ်တည်နိုင်မယ်ဆိုပြီးတော့ မဖြစ်မနေ ဖွဲ့စည်းလိုက်တဲ့ အခြေအနေမျိုးပါ” ဟု ထိုကောင်စီ၏ တွဲဘက်အတွင်းရေးမှူး ဖြစ်သူ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

ကောင်စီကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သော ရခိုင်အမျိုးသားပါတီ NUPA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ဝ' အမျိုးသားအဖွဲ့ချုပ် WNO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD စသည့် အပစ်ရပ်နှင့် အပစ်မရပ်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် ပြည်ပအခြေစိုက် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) UNLD (L/A) ဖြင့် ဖွဲ့စည်းခြင်း ဖြစ်သည်။

၎င်း ၁၂ ဖွဲ့မှ ကိုယ်စားလှယ် ၂၇ ဦး စေလွှတ်ကာ ကောင်စီဝင်များအဖြစ် တာဝန်ယူမည်ဖြစ်ကာ၊ ကျန်ရှိသေးသော အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် KNU ၏ လက်နက်ကိုင်တပ် KNLA ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပဒိုဆဲဖူး၊ KIO မှ ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက ဒု-ဥက္ကဋ္ဌ ၁ ၊ KNPP ဝါရင့်နိုင်ငံရေးခေါင်းဆောင် ခူးအေဘေတွိ့သ်က ဒုဥက္ကဋ္ဌ ၂ ၊ NMSP မှ နိုင်ဟန်သာက အထွေထွေအတွင်းရေးမှူး၊ PNLO ဗိုလ်မှူးကြီး ခွန်ဥက္ကာက တွဲဘက် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရသည်။

အနည်းဆုံး ၃ လမှ ၆ လအထိ အချိန်ယူပြီး တိုင်းရင်းသားများ ကိုယ်စားပြုကောင်စီကြီး ပိုမိုကျစ်လစ်ခိုင်မာအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံခြားရေး၊ ပြည်ထဲရေး(ဌာနချုပ်ရုံး)၊ ကာကွယ်ရေး စသည့် ဌာနကြီး ၃ ခုကို စတင်ဖွဲ့စည်းပြီး စစ်ရေးအရ ကာကွယ်ရေးဌာန တခုတည်းထားရှိကာ ခုခံကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားရန် ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားများသာမက ဗမာလူမျိုး အခြေခံ လူတန်းစားများ ပါဝင်လာနိုင်ရန် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်တရပ် လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

သူက “ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားသက်သက်ပဲ တည်ဆောက်လို့ မရနိုင်ပါဘူး။ လက်ရှိ တိုင်းပြည်က ဗမာလူမျိုးတွေလည်း ပါဝင်နေတဲ့ တိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စု လက်တွေ့အောင်မြင်အောင် တည်ဆောက်ချင်ရင် အခြေခံ လူထုလူတန်းစားတွေကို လက်တွဲရမှာပဲ။ ကျနော်တို့က အခြေခံ ဗမာလူမျိုး လူထုလူတန်းစားကိုလည်းပဲ လက်တွဲပြီးတော့ တည်ဆောက်ရေးမှာ ဆက်လုပ်သွားဖို့ လုပ်ငန်းစဉ် တခုဖြစ်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုင်းရင်းသားများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင် ၆ ဖွဲ့ပါ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU ကို ညီလာခံ နောက်ဆုံးနေ့တွင် တရားဝင် ရုပ်သိမ်းလိုက်သည်။

စစ်အင်အားကြီး ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N အဖွဲ့များ လက်ရှိ ညီလာခံသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

သို့သော် ပြည်သူ့စစ် အသွင်ပြောင်းရေး လက်မခံသော ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၏ တပ်မဟာ ၁ ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သော ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်လအတွင်း SSPP ပါတီကို ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဗဟိုကော်မတီဝင် ၁ဝ ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ၂၁ ဦးတို့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေး ဌာနများအလိုက် ဖွဲ့စည်းထားရာ ပါတီ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ဗိုလ်ချုပ်ပန်ဖ တာဝန်ယူထားသည်ဟု ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“စစ်တပ်က စစ်ရေးတခုထဲနဲ့ သွားလို့ မရတော့ဘူး။ စည်းရုံးရေး၊ နိုင်ငံရေးသဘောတရားရေး၊ မျိုးချစ်ပြည်ချစ် စိတ်ဓာတ်တွေ အခြေခံဖို့ နိုင်ငံရေးဦးဆောင်အဖွဲ့ တခုရှိရမယ်ဆိုပြီး အရင်က SSPP ကို ပြန်ဖော်ထုတ်တယ်။ တခြား နိုင်ငံရေး မဟာမိတ်အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆက်ဆံနိုင်ဖို့ တပ်ပေါင်းစုအဖြစ် ပူးပေါင်းဆောင်ရွက်ဖို့၊ အပြန်အလှန် ကူညီနိုင်ဖို့ ဖွဲ့လိုက်တယ်လို့ ကြားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၁၉၇၁ ခုနှစ်ကတည်းက ရှမ်းပြည်မြောက်ပိုင်းတပ်မတော်က ရှမ်းပြည်တိုးတက်ရေးပါတီကို ဖွဲ့စည်းခဲ့ကာ ၁၉၈၉ စက်တင်ဘာတွင် ဗိုလ်ချုပ်ဆေထင် ဦးဆောင်သည့် SSA-N က စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီးနောက် ယခု ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်။

စစ်အစိုးရက လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ပြောင်းရေး ဖိအားပေးလာသဖြင့် တိုင်းရင်းသား အဖွဲ့များကို အင်အားစုကြီးတခု၊ ဆုံချက်တခုအဖြစ် တည်ဆောက်နိုင်ကြောင်း ဦးစိန်ကြည်က သုံးသပ်ပြောဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသားငြိမ်းအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်အောက် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းရေးကို စစ်အစိုးရက ဖိအားပေးနေသော်လည်း UWSA၊ KIO၊ NMSP၊ SSA-N၊ မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့က ငြင်းဆန်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်နှစ် မေလတွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးနေချိန် စစ်အစိုးရက တိုင်းရင်းသားအဖွဲ့တခုခုကို တိုက်ခိုက်လာပါက ပြန်လည်ပူးပေါင်းတိုက်ခိုက်ရန် ထိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ စစ်ရေး၊ နိုင်ငံရေးအတွက် မဟာမိတ်ဖွဲ့ရန် သဘောတူခဲ့ကြသေးသည်။

Thursday, February 17, 2011

Interview with Padoh Thamay Tun

၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီ ၁၄ရက်နေ့(ချစ်သူများနေ့) တွင်ကွယ်လွန်ခဲ့သူ ပဒိုမန်းရှာလားဖန်း၏ ၃နှစ် မြောက်နှစ်ပတ်လည်နေ့၌ သားကြီးဖြစ်သူ စောစေးစေးဖန်း၏ ကေအိုင်စီထံ

၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီ ၁၄ရက်နေ့(ချစ်သူများနေ့) တွင်ကွယ်လွန်ခဲ့သူ ပဒိုမန်းရှာလားဖန်း၏ ၃နှစ် မြောက်နှစ်ပတ်လည်နေ့၌ သားကြီးဖြစ်သူ စောစေးစေးဖန်း၏ ကေအိုင်စီထံပြောကြားချက်


ပျော်ရွှင်ဖွယ်ချစ်သူများနေ့မှ ထိပ်လန့်ဖွယ်ဖြစ်ရပ်ဆိုးအတွက် ၀မ်းနည်းပူဆွေးခြင်း

ပဒိုမန်းရှာလန်းဖန်းကွယ်လွန်သည့် ၃နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲ


မြ၀တီ-ကော့ကရိတ် ကားလမ်း မသွားရန် DKBA သတိပေး

ကရင်ပြည်နယ်သာမက တခြားတိုင်းရင်းသားနယ်မြေတွေမှာ နအဖ စစ်တပ်တွေက ရွာသူရွာသားတွေကို ဒိုင်းသဖွယ် လူသားမိုင်းရှင်းကိရိယာသဖွယ် အသုံးပြုလာခဲတာ ကြာနေပါပြီ။ ကရင်ပြည်နယ်မှာ အမေအိုတွေ၊ မုဆိုးမတွေ၊ ကလေးတွေက အစ အတင်းအကျပ်ခေါ်ယူဖမ်းဆီးပြီး နအဖ တပ်တွေ သူတို့ လိုရာခရီးအတွက် ဒေသခံတွေကို ကာဘာယူပြီး ခရီးထွက်ကြစမြဲပါ။ စာဖတ်သူတွေ မြို့ နေလူတန်းစားတွေက ဒီသတင်းတွေဟာ ဟုတ်မှဟုတ်ရဲလား ဆိုပြီး သို့ လောသို့ လောနဲ့ စောဒက တက်လေ့ရှိပါတယ်။ ခုတော့ မြို့ နေလူတန်းစားတွေ သဘောပေါက်လောက်ပြီပေါ့....

ဘယ့်နယ်ဗျာ.. ယောင်္ကျားကြီးတွေ သေနတ်ကိုင်ပြီး ဒီလောက် သတ္တိကြောင်နေမယ် ဆိုရင် ဗမာ့တပ်မတော်သားတွေ ဂွေးသိပ် လိုက်ကြတော့.... မဟုတ်ရင် ဗမာ့တပ်မတော် သိက္ခာကျတယ်....

ဧရာဝတီ Tuesday, 15 February 2011 16:28

ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က သတိပေး ပြောကြား ထားသည်။

မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အား ဆက်သွယ်ထားသည့် ဒေါနတောင်ကျော် ကားလမ်းကို DKBA က ပိတ်ဆို့ ဖြတ်တောက်မည် ဖြစ်ရာ အရပ်သားများ ထိခိုက်မှုမရှိစေရန် သတိပေးခြင်းဖြစ်ကြောင်း DKBA စစ်ဆင်ရေးမှူး တဦး ဖြစ်သည့် ဗိုလ်မှူး ဆန်းအောင် က ဧရာဝတီ သို့ ပြောသည်။

၎င်းက“ဒီလမ်းကို ကျနော်တို့ပိတ်ဆို့ ဖြတ်တောက်မှုတွေလုပ်မယ်၊ အဓိကပစ်မှတ်က နအဖ ပဲ၊ အရပ်သားတွေ အနေနဲ့ စစ်ကား စီးတာတွေ အရပ်သားကားမှာ စစ်သားတင်တာတွေ မလုပ်ကြဖို့ အသိပေးတာပါ၊ အခုဆိုရင် ဒီလမ်းကြောမှာ နအဖ တပ်က လူတွေ တပ်ပြောင်းတာကအစ အရပ်ဝတ်နဲ့ပဲပြောင်းရွှေ့သွားလာနေတာတွေကြောင့် သတိပေးရတာပါ၊ တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ပါ”ဟု ပြောသည်။

စစ်ဆင်ရေးမှာ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ယနေ့မှစ၍ အရပ်သားများအနေနှင့် ခရီး သွားလာခြင်း မပြုလုပ်ရန် စစ်ဆင်ရေး ဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပေးထားပြီးဖြစ်သည်ဟု ဗိုလ်မှူး ဆန်းအောင် က ပြောသည်။

ယခု ရက်သတ္တပတ်အတွင်း မြ၀တီနှင့် ကော့ကရိတ် ကားလမ်းပေါ်ရှိ နအဖ တပ်စခန်းများနှင့် စစ်ဆေးရေး ဂိတ်များကို DKBA အဖွဲ့က လေးကြိမ်ထက် မနည်း ၀င်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်များ သိသာစွာလျော့နည်းသွားသည်ဟု မြ၀တီ-ဘားအံ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ဒီလမ်းမှာ ခရီးသည်နဲ့ ကုန်သည်တွေလည်း အတော်နည်းသွားတယ်၊ လမ်းမှာ ခဏခဏတိုက်ပွဲတွေဖြစ်တော့၊ ခရီးသွား တွေလည်းကြောက်တော့ အခုရက်ပိုင်း သွားလာတာတွေ အတော်လေးကို နည်းသွားတယ်၊ စစ်တပ်ကလည်း ပါးတယ်၊ အရင်ကဆိုရင် ကားအတက်အဆင်း သူတို့ဘာသာ သီးသန့်သွားတယ်၊ အခုကျတော့ အရပ်သားကားတွေကို အရှေ့နဲ့အနောက်မှာထားပြီး စစ်ကားတွေက အလယ်ကနေလိုက်တယ်၊ စစ်ကားတွေကိုကျော်လို့လည်းမရ၊ ချန် ထား လို့လည်း မရနဲ့ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်က ခရီးသည်ကားများကို စစ်ကားများက လုံခြုံရေးယူပေးခဲ့သော်လည်း ယခုအချိန်တွင် အရပ်သားကားများက စစ်ကားများကို လုံခြုံရေးပေးနေရကြောင်း၊ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ ခန့်ကို အရပ်သား ကားများပုံမှန်ပေးနေရသည့် တရားမ၀င် ဂိတ်ကြေးများမှာမူ လျော့နည်းသွားခြင်းမရှိဟု ကြက်သွန် ကုန်သည် တဦးက ဆိုသည်။

DKBA က နအဖ စစ်ကားများကို တိုက်ခိုက်ရာတွင် စစ်သည်နှင့် ကားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း တချို့တိုက်ခိုက်မှုများတွင် အရပ်သားတချို့ထိခိုက်သေဆုံးမှုများရှိသည်ဟု မြ၀တီမြို့ခံယာဉ်မောင်းတဦးကလည်း ပြောသည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကုန် ပိုင်း တွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

Daw Aung San Suu Kyi Message to FBE -Forum Burmese Europe Meeting Oslo


ဒေါ်စုက နော်ဝေနိုင်ငံသားများနဲ့ နိုင်ငံရပ်ခြားနေ မြန်မာနိုင်ငံသားတွေကို တိုက်တွန်း ထားတဲ့ အမှာစကား

Wednesday, February 16, 2011

၆-၂-၂၀၁၁ ကရင်အမျိုးသားကျင်းပသောနေ့တွင်KAREN NATIONAL LEAGUE (JAPAN)၏2011 Calenderကိုလက်ဆောင်ပေးခဲ့သည်

Karen National League Japan Calendar 2011-KNL
၆-၂-၂၀၁၁ ကရင်အမျိုးသားကျင်းပသောနေ့တွင်KAREN NATIONAL LEAGUE (JAPAN)၏2011 Calenderကိုလက်ဆောင်ပေးခဲ့သည်။
Karen National League Japan Calendar 2011-KNL

၆၃ ကြိမ်မြောက်ကရင်အမျိုးသားနေ့နှင့်၂၀၁၁ခုနှစ်ကရင်နှီးနှောဖလှယ်ပွဲကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်၆-၂-၂၀၁၁ နေ့ကျင်းပပြုလုပ်

63ကြိမ်မြောက်ကရင်အမျိုးသားနေ့အစီအစဉ်



ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ
ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ကရင်ပြည်ချက်ခြင်းပြန်ပေး၊
ကရင်တကျပ်၊ ဗမာတကျပ်၊
လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
ပြည်တွင်းစစ်အလိုမရှိ
စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာ ဆောင်သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူ ဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။

၆၃နှစ်မြောက် ကရင်အမျိုးသားနေ့အတွက် ဗိုလ်ချူပ်ကြီး တာမလာဘောဧ။် မိန့်ခွန်း

ကရင်အမျိုးသားနေ့ တွင်ကရင်အမျိုးသားများ
အကျိုးရှိရန်အလိှု့ဌာနေ့လည်၃း၀၀မှညနေ၅း၀၀အထိကရင်နှီးနှောဖလှယ်ပွဲ

တရပ်ကိုကျင်းပခဲ့ရာ KNL-JAPAN ,KNU-JAPAN,OKO-JAPAN,နှင့်မျိုးဆက်သစ်ကရင်လူငယ်တို့
မှပြည်တွင်းပြည်ပနယ်စပ်ဒေသနှင့်ဂျပန်ပြည်တွင်းကရင်လူမျိုးများအရေးနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ပါသည်၊၊


မိမိတို့လူမျိုးများ၏အခွင့်အရေးတောင်းဆိုခဲ့သည့်ဖေဖေါ်ဝါရီ ၁၁-၂-၂၀၁၁ ရက်တွင်ကျရောက်မည့်63ကြိမ်မြောက်
ကရင်အမျိုးသားနေ့ ကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်၆-၂-၂၀၁၁ နေ့တွင်ကျင်းပခဲ့ပါသည်၊၊
ကရင်လူမျိုးများသည်လူမျိုးတမျိုးဖြစ်သည်အလျှောက်မိမိတို့၏ဆုံးရှုံးနေသောအခွင့်အရေးများကို
ိုတောင်းဆိုခဲ့သည်မှာ ၆၃ နှစ်ပင်ရှိခဲ့လေပြီ သို့ရာတွင်ကရင်မျိုးတို့ သည်မိမိတို့၏ဆုံးရှုံးသော
လူအခွင့်အရေးများကိုစစ်အစိုးရနှင့် စစ်တပ်၏ဖိနှိပ်သတ်ဖြတ်သည့်ကြားမှရဲရဲဝံ့ဝံ့တောင်းဆိုခဲ့သည်မှာ
ရာစုနှစ်ဝက်ကျော်ခဲ့ပြီဖြစ်သည်၊၊
၆-၂-၂၀၁၁နေ့ညနေ၆း၀၀မှည ၈း၃၀အထိ ၆၃ ကြိမ်မြောက်ကရင်အမျိုးသားနေ့ ကိုကျင်းပပြုလုပ်ခဲ့ရာ
အခမ်းအနားမှူးအဖြစ်အထွေထွေရေးမှူးစညီညီလွင်မှဆောင်ရွက်၍ဂျပန်ရောက်ကရင်မောင်နှမများက၊
ကရင်အမျိုသားအလံတော်ကိုလက်ဆင့်ကမ်းသယ်ဆောင်၍အလံတင်ခြင်းကို
စောကစ်စင်ဂျာ၊စောခင်မောင်အေး၊ နော်သိန်းသိန်း၊နော်ပေါလင်းတို့မှဦးဆောင်
်ပြီးကရင်အမျိုးသားအလံတင်ခြင်းအခမ်းအနားကိုပြုလုပ်ပြီးကရင်အမျိုးသားသီချင်းကိုသီဆိုပြီး ။
အမှာစကားကိုနော်လှဥမ္မာဝင်းမှပြောကြားပြီးကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံကို
စောကစ်စင်ဂျာလည်းကောင်း ၊ စောဘလှသိန်းမှနယ်စပ်မှဒုက္ခသည်အကြောင်းကို
လည်းကောင်း၊ စောကျော်ထင်ထူးမှ စစ်သုံးပန်းကမ္ဘာ့ဥပဒေကို
ကရင်အမျိုးသားမှလိုက်နာပြီးဗမာ့စစ်တပ်မှခြိုးဖေါက်ခဲ့ပုံများကိုသက်သေသာဓကများဖြင့်
အကျယ်တပွင့်ရှင်းခဲ့သည်၊၊
ဂျပန်အခြေစိုက်ကရင်အဖွဲ့အစည်းများအားလုံးစုံညီစွာတက်ရောက်ခဲ့ပြီး
ကရင်အမျိုးသားနေ့အခမ်းအနားကို တိုင်းရင်းသားမောင်နှမများ၊ Amnesty Internationl ၊TBS TV
FUJI TV၊ ASAHI Shimbun၊ ASAHI TV ၊ဂျပန်လူ့မှု့အဖွဲ့များမှတာဝန်ရှိသူများ၊ သတင်းသမားများ၊
သတင်းထောက်များ၊ အလွတ်သတင်းထောက်များ၊ ဂျပန်နိုင်ငံမှဘာသာရေးဆိုင်အဖွဲ့
အစည်းများမှတာဝန်ရှိသူများတက်ကြပါသည်၊၊







ကရင်နှီးနှောဖလှယ်ပွဲ တရပ်ကိုကျင်းပခဲ့ရာKNL-JAPAN ,KNU-JAPAN,OKO-JAPANနှင့်မျိုးဆက်သစ်ကရင်လူငယ်တို့ နှင့်တက်ရောက်သူများ
၏မှတ်တမ်းတင်ဓါတ်ပုံများ






ဓါတ်ပုံ-----စောစိန်လှမိုး
ဓါတ်ပုံ----yamamoto munesuke
သတင်းပေးပို့သူ------စောကစ်စင်ဂျာ

2011 ခုနှစ်KAREN NATIONAL LEAGUE (JAPAN)EC စာရင်း

ကရင်မောင်နှမများဂျပန်နိုင်ငံမှာကျင်းပသောပြည်ထောင်စုနေ့များကိုပါဝင်မှု့အမှတ်တရတွေပါ

အမှတ်တရပေါ့
64th union day tokyo ၁၃-၂-၂၀၁၁


(63rd UNION DAY,Tokyo) (14-2-2010 )


2009BurmaUnionDay in Tokyo

(UNION DAYJapan10-2-2008)
UNION DAY in Japan10-2-2008



59 th union day tokyo


58 th union day ,tokyo,Japan