Friday, March 9, 2012

အမျိုးသမီးများကိုကာကွယ်နိုင်မည့် ဥပဒေရရှိရန် KWO ကြိုးပမ်းမည်

 Thursday, 8 March 2012--
မတ်လ ၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အကြမ်းဖက်ခံနေရသည့် အမျိုးသမီးများအပေါ် ကာကွယ်ပေးနိုင်မည့် တရားဥပဒေ စိုးမိုးရေး ဖြစ်ထွန်းစေရန် ကရင်အမျိုးသမီးအစည်းအ ရုံး (KWO)က ဆက်လက် ကြိုးပမ်းသွားမည်ဟု KWO အထွေထွေအတွင်းရေးမှူး နန်းဒါး အယ်ကလယ်က ပြောသည်။
“အဓိကအားဖြင့် အကြမ်းဖက်ခံနေရသည့် အမျိုးသမီးတွေအတွက် မျှတတဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးမှုတွေ မရှိဘူး။ အဲ့ဒါကို ကျမတို့ လိုချင်တယ်။ ရရှိအောင်လည်း ကျမတို့အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်နေကြမှာ ဖြစ်တယ်။”ဟု သူမက ပြောသည်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မဲ့စရင်းမြို့ရှိ KWO ရုံးတွင် နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို နံနက် (၈)နာရီမှ (၉)နာရီ ခွဲအထိ ကျင်းပပြုလုပ်ရာ ကရင်ကျောင်းဆရာများအဖွဲ့(KTWG)၊ ကရင့်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး(KORD)နှင့် လူမှုရေးအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် KWO လူမှုရေးတာဝန်ခံ နော်လှကြည်က အမှာစကားပြောကြားခြင်း၊ KTWG ခေါင်းဆောင် လူဆားစ်က ဂုဏ်ပြုစကား နှင့် အားပေးစကားပြောကြားခြင်း။ ကရင်အမျိုးသမီးမဂ္ဂဇင်း ဒု-အယ်ဒီတာက ကရင်အမျိုးသားလွတ်မြောက်ရေးတွင် ကရင်အမျိုးသမီးများ ၏ အခန်းကဏ္ဍများကို ရှင်းပြခြင်းနှင့် နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထုတ်ပြန်ခဲ့သည့် KWO ၏ ကြေညာချက်အား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။
KWO အနေဖြင့် မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်များနှင့် ခင်ပွန်းသည်များ၏ အကြမ်းဖက်မှုကို ခံနေရသော အမျိုးသမီးများကို ကာကွယ်ပေး ခြင်း၊ ထောက်ပံ့ပေးခြင်း၊ ရပ်တည်ပေးခြင်းနှင့် ပညာပေးစသည့် လုပ်ငန်းစဉ်များကို နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ယခုနှစ် နိုင်ငံတကာအ မျိုးသမီးများနေ့တွင် “ကြောက်ရွံ့ခြင်းမှသည် လွတ်လပ်ခြင်းဆီသို့ အမျိုးသမီးများ လျှောက်လှမ်းစို့”ဟူသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ သည်။

ထိုသို့ အကြမ်းဖက်ခံရသူ အမျိုးသမီးများသည် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်သို့ အတွန်းပို့ခံဘ၀နှင့် အသက်ရှင်နေရသည်ဟု ထိုထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် ကရင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ စုပေါင်း၍ အမျိုးသမီးများ၏ ရပိုင်ခွင့်၊ တန်းတူညီမျှမှု၊ လွတ်လပ်မှုအကြောင်းများကို ပြန်လည်သုံးသပ်ခဲ့ကြသည်ဟု နန်းဒါးအယ်ကလယ်က ဆိုသည်။
“ရှေ့ဆက်ပြီး ကျမတို့ လိုလားတဲ့ ပန်းတိုင်ရောက်အောင် ဘယ်လိုသွားရမလဲဆိုတာကို အချင်းချင်း ပြန်လည် သတိပေးသလို အားပေး တာလည်း ဖြစ်ပါတယ်။”ဟု ၎င်းက ပြောသည်။
ထို့အပြင် အစိုးရနှင့် လူမှုအသိုင်းအ၀ိုင်းတွင် ဦးဆောင်နေသူများအနေဖြင့် အမျိုးသမီးများကို ကာကွယ်သည့် နည်းလမ်းများ၊ အခွင့်အ လမ်းများကို ဖွင့်ပေးရမည်ဖြစ်ပြီး အမျိုးသမီးများကို ကိုယ်စားပြုနေသည့် အဖွဲ့အစည်းအနေဖြင့် အမျိုးသမီးများ ပါဝင်စေရန် လက်ကမ်း ကြိုဆိုရမည်ဟူ၍လည်း နန်းဒါးအယ်ကလယ်က ဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦးက “အမျိုးသမီးတွေကို အသိအမှတ်ပြုပြီး နိုင်ငံတကာက အခုလို အမျိုးသမီးများနေ့ သတ်မှတ် ထားရှိပေးတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီနေ့ကို အမျိုးသမီးများနေ့လို့ သတ်မှတ်ထားတဲ့အတွက်လည်း အမျိုးသမီးတိုင်းမှာ လည်း တာဝန်ရှိပါတယ်။”ဟု ပြောသည်။
နိုင်ငံတကာရှိ အမျိုးသမီးအဖွဲ့အစည်းများက နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၉၁၁ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် စတင် ကျင်းပခဲ့ကာ ယခုနှစ်သည် (၁၀၁)ကြိမ်မြောက် ကျင်းပခွင့်ရသည့်နှစ် ဖြစ်သည်။
လက်ရှိတွင် အဖွဲ့ဝင်အင်အား ငါးသောင်းခန့် ရှိသည့် ကရင်အမျိုးသမီးအစည်းအရုံးကို ၁၉၈၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့အ နေဖြင့် အမျိုးသမီးစွမ်းရည်မြှင့်တင်မှုလုပ်ငန်း၊ အသိပညာပေးသင်တန်းများ၊ အကြမ်းဖက်ခံ အမျိုးသမီးများအတွက် မျှတသည့် တရားစီ ရင်ရေးရရှိရန် ကူညီဆောင်ရွက်ပေးခြင်း၊ ကရင်ဒုက္ခသည်အမျိုးသမီးများနှင့် ကလေးငယ်များကို ကူညီစောင့်ရှောက်မှုပေးခြင်း၊ KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပါဝင်ဆွေးနွေးပေးခြင်းများ လုပ်ဆောင်လျှက်ရှိသည်။

ငြိမ်းချမ်းရေး မာယာထောင်ချောက်


ငြိမ်းချမ်းရေး မာယာထောင်ချောက်
(အစိုးရ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံစစ်တမ်း)
ဟန်တင်အောင်

သမိုင်းတကျော့ပြန်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အတိုချုပ်ပြောရရင် ၁၉၈၉ ခုနှစ် ဗကပပြိုကွဲအပြီးမှာ စတင်ခဲ့တာဖြစ်တယ်။

ဗကပပြိုကွဲအပြီးမှာ လူမျိုးစုလိုက်ပြီး ဗကပလက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ပိုင်း ကွဲထွက်သွားတယ်။ ဒီအဖွဲ့တွေကတော့ ဦးပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ခေါင်းဆောင်တဲ့ MNDA မြန်မာနိုင်ငံလူမျိုးစုများ မဟာမိတ်တပ်ပေါင်းစုအဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ NDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့နဲ့ ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်တဲ့ NDAK ဒီမိုကရေစီသစ်တပ်မတော် (ကချင်) စတဲ့ အဖွဲ့ ၄ ဖွဲ့ ဖြစ်တယ်။

၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးဖြစ်တယ်။

၈၈ အရေးအခင်းဖြစ်ပြီး တနှစ်အကြာမှာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံကောင်းတဲ့ ဗကပတပ်ကြီး ပြိုကွဲသွားတယ်။ ဒီအချိန်မှာ ထိုင်း-မြန်မာနယ်စပ်မှာလည်း မာနယ်ပလောမှာ ကေအန်ယူက အားကောင်းနေချိန်ဖြစ်တယ်။ မဟာမိတ်လက်နက်ကိုင်တွေ အားကောင်းနေချိန်ဖြစ်တယ်။ ဗကပခွဲထွက် လက်နက်ကိုင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်လက်နက်ကိုင်တွေ ပေါင်းသွားရင်ဆိုတဲ့ အတွေးဟာ အာဏာရှင် ဦးနေ၀င်းကို ငယ်ထိပ်သွေးတက်သွားစေတယ်။

ဒီမှာတင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လော်စစ်ဟန် လော်စစ်မင်း အောလစ်ယန်း ဗိုလ်ချုပ်အောင်ကြီးတို့ကို ကြားပွဲစားလုပ် တက်သုတ်ရိုက် ငြိမ်းချမ်းရေးလုပ်ခဲ့တာ ဖြစ်တယ်။ နောက်ပိုင်း တခြားလက်နက်ကိုင်မျိုးစုံနဲ့ပါ ပုံစံအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။

“အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။”

နောက် ၁၄ နှစ်ကြာတဲ့အချိန် ၂၀၀၄ ခုနှစ်မှာ ဗကပခွဲထွက် လက်နက်ကိုင်နဲ့ တခြားလက်နက်ကိုင်တွေဟာ အခြေခံဥပဒေ ၂၀၀၈ ကို မွေးထုတ်ပေးမယ့် အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးတွေ ဖြစ်လာတယ်။ ၂ဝဝ၄ ခု အမျိုးသားညီလာခံတက်ခဲ့တဲ့ အပစ်ရပ်စဲထားတဲ့အဖွဲ့နဲ့ လက်နက်ချအဖွဲ့ပေါင်း ၂၈ ဖွဲ့ ရှိတယ်လို့ ၂ဝဝ၅ ခု ဧပြီင်္လ ၂၂ ရက် နအဖက တရားဝင်ထုတ်ပြန်တဲ့ Burma Gazette မှာ ဖော်ပြထားတယ်။ ဒါ့ပြင် အမျိုးသားညီလာခံ ပြီးကာနီးမှ လက်ပူတိုက် တက်ခိုင်းတဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ ခွဲထွက်အဖွဲ့တွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဦးလင်းဆိုင် ခေါင်းဆောင်တဲ့ မတ်ကျန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့တဲ့၊ ဦးလီချန်း ခေါင်းဆောင်တဲ့ နားရိုင်းဒေသဖွံ့ဖြိုးရေးနဲ့ ဘဝသစ်ထူထောင်ရေးအဖွဲ့တဲ့၊ မုံးဟ ပြည်သူ့စစ်အဖွဲ့တဲ့၊ ဦးလောမား ခေါင်းဆောင်တဲ့ မုံးပေါ် ပြည်သူ့စစ်အဖွဲ့တဲ့ စုံလို့ပါပဲ။ ဒီအဖွဲ့တွေအားလုံး တချိန်က ဘိန်းဘုရင် ခွန်ဆာရဲ့အဖွဲ့က ခွဲထွက်လာတဲ့အဖွဲ့တွေပါ၊ နားရိုင်းဒေသဆိုတာ ရှမ်ပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ရွာလေးပါ။ အဲဒီင်္မှာ ဦးလီချန်း ခေါင်းဆောင်တဲ့ ခွန်ဆာအဖွဲ့က ဒေသစ်ထူထောင်ပါတယ်။ မတ်ကျန်းတို့ မုံးပေါ်တို့ မုံးဟတို့လည်း ဒီသဘောပါပါပဲ။

နှစ် ၂၀ ကျော်တဲ့ လက်ရှိအချိန်မှာတော့ အခြေခံဥပဒေ ၂၀၀၈ ကို ဖန်တီးခဲ့သူက လက်နက်ကိုင်အုပ်စုတွေကို ဒုတိယအကြိမ် ငြိမ်းချမ်းရေးပြန်လုပ်၊ အခြေခံဥပဒေ ၂၀၀၈ ထောက်ခံခိုင်း၊ ပါတီဖွဲ့ လွှတ်တော်ထဲ ၀င်ခိုင်းလာပြန်တယ်။ သမိုင်းတပတ် ကျော့လာခြင်းဖြစ်တယ်။ ထူးခြားချက်က ငြိမ်းချမ်းရေးမျိုးဆက် နှစ်ခုလုံးကို စစ်တပ်က ကြိုးကိုင်ခဲ့တာ ကြိုးကိုင်နေတာဖြစ်တယ်။

ဒုတိယလမ်းပြေမြေပုံလား

၂၀၁၀ ရွေးကောက်ပွဲအပြီးကာလမှာ ဒုတိယလမ်းမြေပုံမလိုလို့ ဆရာမောင်စူးစမ်းက ယူဆပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး လမ်းပြမြေပုံလိုတယ်လို့ သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက် သူ့မိန့်ခွန်းမှာ ပြောတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးပမ်းနေတာကို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်နေတယ်လို့ ဦးသိန်းစိန်က ပြောတယ်။ ဒီလို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်တာကို ငြိမ်းချမ်းရေးလမ်းပြမြေပုံလို့ သုံးနှုန်းတာဖြစ်တယ်။

ဆရာမောင်စူးစမ်း အယူအဆအရဆိုရင် လက်နက်ကိုင်နိုင်ငံရေးက တကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။ အခုက Paradigm shift ဖြစ်သွားတာ။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။ Election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ လုပ်တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။ ဒီပင်မရေစီးကြောင်းထဲ ၀င်ပြီး ဆွေးနွေးရမယ်လို့ ဆိုတယ်။

ပင်မရေစီးကိုက ဖြောင့်ဖြောင့်မစီးနိုင်ဘဲ အမှိုက်သရိုက်တွေ အညစ်အကြေးတွေ များနေတာမို့ ပါရာဒိုင်း အပြောင်းအလဲဟုတ်ရဲ့လား ဆိုတာ အရင် ကြည့်ရမယ်။ ဒီမိုကရေစီနိုင်ငံရေးလို့ဆိုရာမှာ အခြေခံဥပဒေ ၂၀၀၈ အရ ကမ္ဘာမှာမရှိတဲ့ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီကိုသာ ဦးတည်ထားတာဖြစ်တယ်။ ဒါကြောင့် မောင်စူးစမ်းအယူအဆနဲ့ မတူတဲ့ ငြိမ်းချမ်းရေးဘေးထွက်ဆိုးကျိုးတွေ အများကြီး မျှော်လင့်ထားရမှာ ဖြစ်တယ်။

စစ်အစိုးရတလျှောက်လုံး ဘယ်လိုဒီမိုကရေစီသွားမလဲ ဆိုတာကိုတောင် ၀ိဝါဒအမျိုးမျိုး ကွဲခဲ့တယ်။

၂ဝဝ၁ ခုနှစ်မှာ Functioning ဒီမိုကရေစီစနစ်ကို သွားမယ်လို့ နအဖက ပြောတယ်။ တချိန်က နအဖပြောခွင့်ရပုဂ္ဂိုလ် ပြုတ်သွားတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးလှမင်းကတော့ စစ်မှန်တဲ့ ဒီမိုကစီသွားရမယ်လို့ ပြောတယ်။ ၂ဝဝ၄ ခု နအဖရဲ့ Road Map မှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆိုတယ်။ ဒီ့နောက် ပြုတ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က လောကပါတရားသုံးပါး အခြေခံတဲ့ ဒီမိုကရေစီကို သွားမယ်လို့ ပြင်ဆင်ပြောပြန်တယ်။ နအဖခေတ် သတင်းစာတွေမတော့ ခေတ်သစ်ဒီမိုကရေစီဆိုပြီး ပြောင်းလဲရေးသားပြန်တယ်။ အတော် ရီစရာကောင်းတယ်။ နောက်ပိုင်း အဲသလို ပေါက်ကရ ဒီမိုကရေစီကြောင်းပြောသူ ထောက်လှမ်းရေးဗိုလ်တွေကို စစ်တပ်ကပဲ ထောင်ချလိုက်တယ်။

ငြိမ်းချမ်းရေးလမ်းပြမြေပုံ ... တဲ့

မှန်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မရိုးသားခဲ့တဲ့ စစ်ဗိုလ်လူထွက်အစိုးရ လုပ်ပုံတွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်သလား၊ ယာယီ တပွဲတိုးလုပ်ပြီး လက်နက်ကိုင်တွေကို လှည့်ဖျားဖို့လားဆိုတာလည်း ဆန်းစစ်ဖို့လိုတယ်။

သမ္မတဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် မိန့်ခွန်းပါ အပြောအရ အစိုးရ ကမကထပြုတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အဆင့် ၃ ဆင့် ရှိတယ်လို့ ဆိုပါတယ်။ အောက်ပါ ပုံကိုကြည့်ရင် ဘယ်အဆင့်တွေမှာ ဘာကိုရည်မှန်းသလဲ ရှင်းထားတယ်။ ဒါကြောင့် အစိုးရ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဆန်းစစ်ကြည့်ရမှာဖြစ်တယ်။



ပြည်နယ်အဆင့် ငြိမ်းချမ်းရေး

 ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။

ပြည်နယ်အဆင့်မှာ နှစ်ဘက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဘက်ညှိနှိုင်း သဘောတူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ်မှတ်ဖို့ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့စည်းတိုင်းက အလွယ်တကူ သဘောတူဖို့ များပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော် ဗိုလ်ချုပ်ကြီးခင်ညွန့် ငြိမ်းချမ်းရေးလုပ်တုန်းကလည်း ဒီနည်းပဲ သုံးခဲ့တာပါ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး

ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဦးသိန်းစိန်အစိုးရရဲ့ ပရိယာယ်အများဆုံး လှည့်ကွက်အများဆုံး ပါဝင်တာမို့ မာယာထောင်ချောက်လို့ ဆိုနိုင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ အထူးသတိထားရမယ့် အချက်ဖြစ်တယ်။ အစိုးရငြိမ်းချမ်းရေးလမ်းပြမြေပုံ ပြည်ထောင်စုအဆင့်ပါ အချက်တွေသာ လက်ခံရင် ဒီအဆင့်ကို တက်လှမ်းလာတဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှ လက်နက်စွန့်ရတော့မှာဖြစ်တယ်။ ဒါဟာ အစိုးရဘက်က လိုချင်တဲ့ အဓိကအချက်ဖြစ်တယ်။

ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့ အချက်တွေမှာတော့ နှစ်ဘက်သဘောတူနိုင်စရာ ရှိတယ်ပဲထား။ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က နောက်တဆင့်ကို သဘောတူဖို့ အတော်ခက်မှာဖြစ်ပါတယ်။

အဲဒီနောက်တဆင့်က နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

လွှတ်တော်နိုင်ငံရေးညစ်ကွက်

အစိုးရနဲ့ ပြည်နယ်အဆင့် မူလအပစ်ရပ်ချိန်တုန်းက ကိုင်ထားတဲ့လက်နက် မချရေးက လက်နက်ကိုင်အဖွဲ့တွေဘက်က အဓိက ဖြစ်မှာပါ။ ကိုယ့်လက်နကိုယ်ကိုင်ပြီး ကိုယ့်နယ်မြေနေရတယ်၊ စီးပွားလုပ်စရာလေးတွေ လုပ်နိုင်တယ်ဆိုတော့ ဟန်ကျသလိုလို တွက်နိုင်တယ်။

ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေးပါတီဖွဲ့ရမယ် ဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့ကျတော့ လက်နက်ကိုင်အဖွဲ့ဝင်တွေကြား သဘောထားကွဲပြားမှုတွေ ကြုံရမှာ မုချဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီဖွဲ့ပြီဆိုရင် လက်နက်စွန့်ရတော့မှာဖြစ်တယ်။ လက်နက်စွန့်အောင် နိုင်ငံရေးပါတီဖွဲ့ခိုင်းတာ ဖြစ်တယ်။ ဒါမှ လက်နက်စွန့်အဖွဲ့တွေကို အစိုးရက ကြိုက်သလို ကြိုးကိုင်နိုင်မှာဖြစ်တယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးမှာ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့ ပြဌာန်းချက်တခုသာထားခဲ့ရင် လက်နက်စွန့်ခိုင်းရေး အစိုးရအကြံအစည် ရိပ်မိသွားမှာ စိုးတဲ့အတွက် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေနဲ့ အရင်ချည်တုပ်ဖို့ ကြိုးစားထားတာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရ ပထမ ၅ နှစ်သက်တမ်း ကျန်တဲ့ ၄ နှစ်တာကာလမှာ သမ္မတနဲ့ အစိုးရအဖွဲဝင်အများစုပါတဲ့ ကြံ့ဖွံ့ပါတီကသာ လွှတ်တော်အသီးသီးမှာ ကြီးစိုးထားမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီဖွဲ့ပြီဆိုတာနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ တချိန်က လက်မခံခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ကို ထိန်းသိမ်းစောင့်ရှောက်လိုက်နာပါမည်ဆိုတဲ့ ကတိပေးရတော့မှာ ဖြစ်ပါတယ်။ ဒီကတိကြောင့် အခြေခံဥပဒေကို မပြင်ခင် ကပျက်ယပျက် ပြောမိ ဝေဖန်မိရင်တောင် အခြခံဥပဒေဖောက်ဖျက်မှုနဲ့ ဒုက္ခရောက်မှာ သေချာနေပါတယ်။ ဒါ့ပြင် ကနေ့ အန်အယ်လ်ဒီပါတီ လွှတ်တော်နိုင်ငံရေးဝင်ဖို့ ဆုံးဖြတ်ချိန်မှာ ကြုံရမယ့် ပြဿနာတွေလည်း တွေ့ရမှာဖြစ်တယ်။

ပါတီဖွဲ့ပြီးရင် ရွေးကောက်ပွဲတခုခုအတွက် အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်နိုင်ရင်လည်း ပါတီအဖျက်ခံရမှာဖြစ်တယ်။ ဒီအဆင့်မှာတင် လက်နက်ကိုင်အသွင်ပြောင်းပါတီ အတော်များများ ပြုတ်ထွက်သွားနိုင်တယ်။

- ရွေးကောက်ပွဲဥပဒေတွေအရ ပါတီဝင်ဦးရေကို သတ်မှတ်ထားတဲ့အတိုင်း ထိန်းမထားနိုင်ရင်လည်း ပါတီအဖျက်ခံရနိုင်ပါတယ်။

- အမတ်လောင်းတွေကိုလည်း အရည်အချင်းမပြည့်မီအောင် အစိုးရဘက်က ညစ်ကွက်မျိုးစုံနဲ့ ဖြုတ်ချနိုင်ပါတယ်။

- အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး စတဲ့ အဖွဲ့ဝင်တွေဟာ တချိန်က စစ်ခေါင်းဆောင်တွေရဲ့ လက်ကတုံးတောင်ဝှေးတွေ ဖြစ်နေတဲ့အတွက် တခြားညစ်ကွက်မျိုးစုံနဲ့လည်း ထစ်ထားမှာဖြစ်တယ်။

မာယာထောင်ချောက်

ပြည်ထောင်စုအဆင့်မှာပါတဲ့ နောက်လှည့်ကွက်က ...

“လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့” ဆိုတဲ့အချက်ဖြစ်တယ်။

လွှတ်တော်ထဲရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပါတီတွေဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ကူးယဉ်မယ်ဆိုရင် အောက်ဖော်ပြပါ အဆင့်တွေနဲ့ ချည်တုပ်ပြီး မလှုပ်နိုင်အောင် ကိုင်ထားနိုင်မှာဖြစ်တယ် (အသေးစိတ်ကို ဟန်တင်အောင်ရဲ့ ဘာပြင်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးမှာ ဖတ်ကြည့်ပါ)။


 သေချာတာက လက်နက်ကိုင်အသွင်ပြောင်း ပါတီတွေဟာ လွှတ်တော်ထဲမှာ ကြံ့ဖွံပါတီနဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ပါ ထိပ်တိုက်ဖြစ်မယ့်အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်အဖွဲ့တွေကို မြန်မြန် လွှတ်တော်သတ်ကွင်းထဲကို အစိုးရက ကျုံးသွင်းပေးနေသလားလို့ တွက်စရာရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အသွင်ပြောင်းပါတီတချို့ လက်နက်ပြန်ကိုင်သွားနိုင်မယ့် အလားအလာရှိတာမို့ ပြည်ထောင်စုအဆင့် လမ်းပြမြေပုံမှာ ပြောထားသလို “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့” ဆိုတာ အကောင်အထည်ဖော်နိုင်ဖို့ အလားအလာမရှိတာ ထင်ရှားနေပါတယ်။

စပေ့စ်မရှိတဲ့ လွှတ်တော်နိုင်ငံရေး

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ အကောင်အထည်ဖော်မယ့်ကာလကို ၃ နှစ် အနည်းဆုံး ကြာမယ်လို့ ကြံ့ဖွံ့အတွင်းရေးမှူး ဦးအောင်သောင်း ပြောတဲ့အချက်ရယ်၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ကျန်တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့်အလားအလာ နည်းတာရယ် ထည့်တွက်မယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေဟာ အစောဆုံး ဒုတိယ ၅ နှစ်သက်တမ်း အထွေထွေရွေးကောက်ပွဲကျမှာသာ ၀င်ပြိုင်နိုင်မှာဖြစ်တယ်။ ဒါ ကြားကာလမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဟာကွက်ပျော့ကွက်ကို လေ့လာဖို့အတွက် ကြိုးရှည်ရှည်နဲ့ လှန်ထားမှာဖြစ်တယ်။

ဒုတိယ ၅ နှစ်သက်တမ်းကိုလည်း ကြံ့ဖွံပါတီကပဲ ညစ်နည်းမျိုးစုံနဲ့ ဆက်ပြီး အစိုးရဖွဲ့နိုင်အောင် လုပ်နိုင်တယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေရဲ့ အနာဂတ်ဟာ လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရဘဲ အိပ်ငိုက်ရင်း မူလမျှော်မှန်းတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံးတော့မှာဖြစ်တယ်။

စစ်တပ်နဲ့ ကြံ့ဖွံပါတီကလည်း လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက် ၅ နှစ်သက်တမ်း ရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးတဲ့ပုံစံမျိုး လုပ်ခွင့်ပေးပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်တယ်။ ဒုတိယ ၅ နှစ်သက်တမ်းမှာ အန်အယ်လ်ဒီက အများစုအနိုင်ရဖို့ဆိုတာ ရေရေရာရာ မရှိသေးတဲ့တိုင်အောင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ အန်အယ်လ်ဒီနဲ့သာ မဟာမိတ်ဖွဲ့ပြီး အတိုက်အခံကောင်းကောင်း ပေါ်လာရေး စဉ်းစားရမှာဖြစ်တယ်။

အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတာက ငြိမ်းချမ်းရေးလမ်းပြမြေပုံ ဒုတိယဆင့်ခေါ် ပြည်ထောင်စုအဆင့်မှာတင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ အငြင်းပွားမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ခြေဦးပြန်လှည့်မယ့်အဖွဲ့တွေလည်း ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။

ချုပ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ တတိယဆင့်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ ... စတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံး ပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူ လက်မှတ်ရေးထိုးရေး” ဆိုတာ စိတ်ကူးယဉ်သာဖြစ်ပြီး လုံးဝအကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

ဦးထွန်းလွင်က၂၀၀၈ ခုနှစ်နာဂစ်မုန်တိုင်းအတွင်း မိုးလေဝသ ဟောပြော

ကရင်ပြည်နယ်ဝန်ကြီးချုပ် တည်ထားကိုးကွယ်မည့် စွယ်တော်စေတီကုန်း တောမီးလောင်

မြ၀တီမြို့ အနောက်ဖက် ရွှေဟင်္သာဘုရားကုန်းရှေ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း တည်ထားကိုးကွယ်မည့် စွယ်တော်ဘုရားကုန်းအား (၂၉-၂-၂၀၁၂)ရက်နေ့ ညနေ (၃း၄၀)နာရီခန့်လောက်ကစ၍ တောမီးလောင်ကျွမ်းရာ ဓမ္မာရုံအတွင်းပါ မီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ စွယ်တော်ဘုရားကုန်းပေါ်တွင် လွန်ခဲ့သော ရက်သတ္တပတ်လောက် စွယ်တော်တည်နေသော ပန်းရံလုပ်သားများ အချင်းချင်းရန်ဖြစ်ကြရာ သွေးထွတ်သံယိုမှုများ ဖြစ်ခဲ့သည်။ ယခုလည်း ဘုရား၏ ဓမ္မာရုံ မီးလောင်ခဲ့သည်။ နမိတ်မကောင်းဟု သတ်မှတ်နိုင်သည်။


အညာဒေသမှ ရောက်ရှိလာသော ဆရာတော်တပါး၏ မိန့်ကြားချက်ကတော့ ယခုတည်ထားကိုးကွယ်မည့် စွယ်တော်ဘုရားသည် မြ၀တီမြို့၏ ဘုမ္မိအရပ်ဖြစ်နေကြောင်း၊ ဘုရားတည်ထားသည့် လူသည် ငါးပါးသီလမလုံခြုံကြောင်း၊ ယကြာချေရန်ရည်ရွယ်တည်ထားတာကြောင့်ဖြစ်ကြောင်း၊ အင်္ဂါသားမှ အင်္ဂါဘုရားကို ဘုမ္မိအရပ်တွင် တည်ထားသည့်အတွက် ရာထူးအလုပ်ကို ထိခိုက်နိုင်ကြောင်း မိန့်ကြားခဲ့သည်။

မြို့နေလူထု၏ ပြောဆိုနေမှုများမှာလည်း ယခင်ခရိုင်အုပ်ချုပ်ရေးမှူး ဇော်လွင်ဦး လည်း ဘုရားကိုအကြောင်းပြ စီးပွားရှာခဲ့မှုကြောင့် တစ်နှစ်ခန့်သာနေရာပြီး ပြောင်းပြေးရခဲ့သည်။ မြ၀တီမြို့တွင် တည်ထားကိုးကွယ်ရန် ပေးသည့် တိုင်းမှူး ဗိုလ်ချုပ်ထွန်းနေလင်း ဆိုသူပင်လျှင် ရာထူးမှ ပြုတ်သွားခဲ့ရသည်။ မည်သည့်အစီအရင်နှင့် မည်သူကပေးသည်ဆိုသည့် သမိုင်းမသိရတဲ့အတွက် ရာထူးတွေ ထိခိုက်နေသည်ဟု ပြည်သူများက ပြောပါသည်။

စွယ်တော်ဘုရားတည်ရန် ရံပုံငွေအား မြ၀တီမြို့ ကုန်သည်များ၊ စတိုးဆိုင်များ၊ ဈေးဆိုင်များ၊ သောင်းရင်းမြစ်ကမ်းပါးတစ်လျှောက် စက်သုံးဆီဆိုင်များ၊ တည်းခိုခန်းများ၊ ရွှေမြန်မာမော်တော်ယာဉ်အသင်းများမှ အလှူငွေ မထည့်မနေရ ထည့်ဝင်လှူဒါန်းခဲ့ရသည်။ ယခုလည်း သင်္ဃန်းညီနောင် ဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအဖွဲ့အား အမိန့်ပေးခံရ၍ ရံပုံငွေအား ရှာဖွေပေးနေလျှက်ရှိသည်။

ပဒိုမန်း​ငြိမ်း​မောင်အမှုကို အင်္ဂါ​နေ့​မှာ စီရင်ချက် ချမည်

March 8, 2012 by ​အေး​နိုင်

နိုင်ငံ​တော်ပုန်ကန်မှုနဲ့​ တရား​စွဲခံရတဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​​မောင်ကို လာမယ့်​အင်္ဂါ​နေ့​ မနက်ပိုင်း​မှာ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​က စီရင်ချက်ချမယ်လို့​ ဆုံး​ဖြတ်လိုက်ပါတယ်။

သက် ​သေတဦး​ဖြစ်တဲ့​ ​တောင်က​လေး​ ဆရာ​တော်က ကျန်း​မာ​ရေး​ကြောင့်​ ကြွမလာ နိုင်တဲ့​ အတွက် အဲဒီ သက်​သေကို ပယ်ပြီး​ နှစ်ဖက် ​လျှောက် လဲချက် ​ပေး​ခဲ့​ရတယ်လို့​ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပြ ပါတယ်။

“ဒီ​နေ့​ ကျ​နော်တို့​ဘက်​နေပြီး​တော့​ ဘာ​ကြောင့်​ အပြစ်မ​ပေး​ သင့်​တဲ့​ အ​ကြောင်း​၊​ လွှတ်​ပေး​သင့်​တဲ့​အ​ကြောင်း​ ​ပြောရပါတယ်။ အစိုး​ရဘက် က​တော့​ စွဲဆိုထား​တဲ့​ ပုဒ်မ​တွေနဲ့​ အပြစ်​ပေး​သင့်​ကြောင်း​ ​လျှောက်လဲချက် ​ပေး​ပါတယ်။ အင်္ဂါ​နေ့​ မနက် ၁၁ နာရီ ရုံး​ချိန်း​ပါ။ အမိန့်​ချပါမယ်၊​ အပြီး​သတ် အမိန့်​ပါပဲ။”

ထိုင်း ​နိုင်ငံက​နေ တရုတ်နိုင်ငံကိုသွား​ရောက်ခဲ့​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​ကို ပြန်လာဖို့​ ဗီဇာအခက်အခဲ​ကြောင့်​ တရုတ်ပြည်က​နေ မြန်မာပြည် ပြန် ပို့​ခံရပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်တရား​စွဲခံထား​ရတာပါ။

ပဒိုမန်း ​ငြိမ်း​မောင်ကို တရား​စွဲခွင့်​အမိန့်​မှာ သမ္မတက ပြည်ထဲ​ရေး​ ဝန်ကြီး​ကို အာဏာ အပ်ထား​ကြောင်း​ဆိုတာ ပါမလာတဲ့​ အ​ကြောင်း​၊​ အမှု ၂ ခုနဲ့​ စွဲရာမှာ ၁ ခုက သက်​သေခံချက်​တွေကို တခြား​ ၁ မှုမှာ တိုက်ရိုက်ကူး​ပြီး​ ၂ မှုကို တ​ပေါင်း​တည်း​ သက်​သေခံချက် လုပ်တာက ဥပ​ဒေနဲ့​ မညီ​ကြောင်း​၊​ ဒီလို လုပ်မယ်ဆို ဥပ​ဒေအရ အမှုက ပျက်ပြယ်တဲ့​ သ​ဘောရှိ​ကြောင်း​ ဦး​ကြီး​မြင့်​က ရှင်း​ပြပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်က ခုခံ​လျှောက်လဲရာမှာ ​ကေအန်ယူ ဗဟို​ကော်မတီဝင် ဖြစ်တာ မှန်​ကြောင်း​၊​ သူ့​လူမျိုး​အတွက် လိုအပ်လို့​ ခုခံ​ရေး​စစ်ပွဲ ဆင်နွှဲရတာ ဖြစ် ​ကြောင်း​၊​ လူ့​ အခွင့်​ အ ​ရေး​ ​တွေ ချိုး​ဖောက်ခံရတယ်၊​ လူ​တွေဟာအင်မတန် ဒုက္ခ ​ရောက်ပြီး​ တိရစ္ဆာန် ​တွေလို ဖြစ်​နေတဲ့​အတွက် လက်နက်မဆွဲကိုင် ရင် မရ လို့​ ခုခံရင်း​ တိုက်ရတာဖြစ်​ကြောင်း​ ​ပြောဆိုခဲ့​တယ်လို့​သူက ​ပြောပါတယ်။

နိုင်ငံ ​တော်ပုန်ကန်မှုဖြင့်​ စွဲဆိုထား​ပြီး​ ပြစ်မှုကျူး​လွန်တယ်လို့​ ဆုံး​ဖြတ်ရင် ​သေဒဏ် ဒါမှမဟုတ် ​ထောင်တသက်တကျွန်း​ ကျခံရဖွယ် ရှိပါတယ်။

နောက်ပုဒ်မ တခုဖြစ်တဲ့​ တရား​မဝင် အသင်း​အဖွဲ့​ ဆက်သွယ်မှုအရ ​ထောင် ဒဏ် ၃ နှစ်အထိ ကျခံရဖွယ် ရှိပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ အသွင်ဟာ လူက ကျန်း​မာ​ပေမယ့်​ စိတ်က မကျန်း​ မာသလို မြင်​တွေ့​ ခဲ့​ရတယ်လို့​ ဦး​ကြီး​မြင့်​က ​ပြောပါတယ်။

ကနဦး​ပိုင်း​က ပြည်​ထောင်စုဝန်ကြီး​ တဦး​က ပဒိုမန်း​ငြိမ်း​မောင်ကို ပြန်လည် လွတ်​မြောက်မှာပါလို့​ ထုတ်​ပြောထား​ဖူး​ပါတယ်။

အသက် ၇၀ ဝန်း​ကျင်ရှိတဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ပျိုရွယ် စဉ်တုန်း​ ကလည်း​ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ ​ထောင်ဒဏ်တသက်တကျွန်း​ ကျခံဖူး​ပါ တယ်။

Thursday, March 8, 2012

ဒါဖတ်ပြီးမှ မြန်မာပြည် အပြီးပြန်ပါ

နေ့ စဉ်သတင်း - မတ်လ ၅ ရက် ၂၀၁၂

Daily_News_on_March_05__2012

James Garwood | 1978 - 2010 (ကြွေလွင့်သွားပြီဖြစ်တဲ့ ကရင့်မိတ်ဆွေကောင်းတစ်ဦး အမှတ်တရ)

The Road Film မှ ကရင့်မိတ်ဆွေကောင်းတစ်ဦး ကောင်းကင်ဘုံ အနားတစ်စုံသို့ သွားနင့်လေပြီ။ သို့ ပေသော်လည်း သူ့ ကို ကျတော်တို့ မမေ့ပါ။ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ကျတော်တို့ သူ့ ကို အမြဲတမ်း သတိရနေမှာပါ။ ကောင်းရာသုဂတိလမ်းပါစေ Mr. James Garwood...... May God Bless the rest of your family.

Our hearts our broken after finding out one of our closest friends has passed away - James Garwood was one of the most amazing and unique people we have ever known, and he gave his life in trying to help the Karen people. The world isn't as good without you, but we are sure heaven just became a lot more interesting. Love you Brown Trout.

နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်

Statement_from_Karen_Worldwide_Conference_-_Burmese

Interview_Zoya Phan

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့အကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့် ကို ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီး ကွန်ဖရန့် အပြီးမှတော့ အဲ့ဒီ ကွန်ဖရန့် နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကို မတ်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ပြုလုပ်

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့အကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့် ကို ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ၄ ရက်ကြာ ပြုလုပ်ခဲ့ပြီး ကွန်ဖရန့် အပြီးမှတော့ အဲ့ဒီ ကွန်ဖရန့် နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကို မတ်လ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတကာ ကရင်အမျိုးသား ကွန်ဖရန့် ရဲ့ ပြောရေးဆိုခွင့် ရှိသူတွေဖြစ်တဲ့ နမ့်ဇိုယာဖန်း၊ နော်ကညောဖော နဲ့ စောကဲနက်မိုး တို့ က နိုင်ငံတကာသတင်းဌာန သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားသွားခဲ့တယ် ဟု သိရှိရပါတယ်။
 

ယနေ့ နေ့လည် ၁ နာရီတွင် ဘန်ကောက်၌ နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်


ကရင်အမျိုးသားအစည်းအရုံး KNU နှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယခုလဆန်း ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ကရင်အမျိုးသားကွန်ဖရင့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ မွန်းလွှဲ ၁ နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ပြုလုပ်ခဲ့ပြီး ကွန်ဖရင့်၏ ပြောရေးဆိုခွင့်အဖွဲ့မှ နမ့်ဇိုယာဖန်း၊ နော်ကညောဖောနှင့် စကက်နက်မိုးတို့က နိုင်ငံတကာသတင်းဌာနများကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် ၄ ရက်ကြာ ပြုလုပ်ခဲ့သည့် နိုင်ငံတကာကရင်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံတကာမှ ကရင်အမျိုးသား ၁၆၇ ဦး တက်ရောက်ခဲ့ကြပြီး KNU မှ ဆောက်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမည်ခံငြိမ်းချမ်းရေးမဟုတ်ဘဲ ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် ပြည်တွင်းနှင့် နိုင်ငံတကာမှ ကရင်အမျိုးသားများက အချက် ၁၂ ချက်ပါ လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။

ကွန်ဖရင့်မှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များထဲတွင် KNU နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အဆင့်များတွင် ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများမှ ၀ိုင်းဝန်းပံ့ပိုးသွားမည့် အစီအစဉ်တရပ် ပါရှိသည်။




Karen Reunited Group (united in diversity)

Umpiem Mai Refugee Camp Fire - destruction- coordination,-relief efforts and rebuilding

ဗိုလ်မှူး စန်းအောင် DKBA