Tuesday, December 18, 2012
Sunday, December 16, 2012
မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင် နဘူးမြို့နယ်အတွင်းတွင် မြေမြုပ်မိုင်းဟောင်းများကြောင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရမှုများရှိကာ ဒေသတွင်းလုံခြုံမှု ဆက်လက်ကင်းမဲ့နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG မှ ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာထဲတွင် ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၈ရက်မှ နိုဝင်ဘာလ ပထမပတ်အထိ KHRG မှ ကွင်းဆင်းမှတ် တမ်းတင်ထားပြီး ယင်းဒေသရှိ နွားတစ်ကောင်အပါအ၀င် အသက် ၂၁နှစ် နှင့် အသက် ၄၀နှစ်အရွယ် အမျိုး သား ၂ဦး၊ မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၂၇၅)မှ စစ်သည်တစ်ဦးတို့ကို မြေမြုပ်မိုင်းထိ၍ ခြေထောက် ပြတ်ခဲ့ရကြောင်း ဖော်ပြထားသည်။
နဘူးမြို့နယ်အတွင်းရှိ ထိခိုက်ဒဏ်ရာရရှိသည့် လူနှင့် တိရိစ္ဆာန်များသည် တီးကလေး၊ နို့ကင်း၊ ထီးကျားရာ ကျေးရွာတို့အနီးတ၀ိုက်တို့တွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု KHRG အစီရင်ခံစာက ဆိုသည်။ KHGR ၏ ကွင်းဆင်းတာဝန်ခံ စောအဲလ်ဘက်က “အစီရင်ခံစာထဲမှာ ပါတဲ့အကြောင်းအရာတွေဟာ ကျနော်တို့ လက်လှမ်းမီးသလောက်ပဲ။ မိုင်းထိတဲ့ ဒေသခံတွေ လုံခြုံရေးအရ နာမည် မဖော်ပြဘူး။ အဲဒီထိတဲ့ နွားကတော့ သတ်လိုက်ရတာပေါ့။ အခု အပစ်ရပ်တဲ့ ကာလဖြစ်ပေမယ့် မြေမြုပ်မိုင်းတွေ မထုတ်သေးလို့ ဒေသခံတွေရဲ့ ဘ၀လုံခြုံမှုတွေ ဆက်လက်ကင်းမဲ့နေသေးတယ်ဆိုတာ ရှင်းနေပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ စောလဲလ်ဘက်က ကရင်အမျိုးစားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)ခု အနက် ဒူးပလာယာ၊ တပ်မဟာ(၆) နှင့် ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းတွင် ကေအဲန်ယူအပါအ၀င် ဒီကေဘီ ကေ၊ နယ်ခြားစောင့်တပ်နှင့် မြန်မာအစိုးရတပ် စသည့် လက်နက်ကိုင်တပ်ဖွဲ့များ အများစုလှုပ်ရှားရာနေရာဖြစ် သဖြင့် မြေမြုပ်များလည်း များပြားလျက်ရှိသည်ဟု ပြောဆိုသည်။
ထို့အပြင် မြေမြုပ်မိုင်းဟောင်းများပြားနေသည့် ယင်းဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့အများအပြား လှုပ်ရှားသည့် နေရာဖြစ်သောကြောင့် မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသူများမှာ မည်သည့်တပ်ဖွဲ့၏ မြေမြုပ်မိုင်းများဖြစ်ကြောင်း ကို ထုတ်ဖော်ပြောဆိုရန် ခက်ခဲလျှက်ရှိသည်ဟု KHRG က ပြောသည်။ လက်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)ခုအတွင်းရှိ ကရင်လူထု နေထိုင်ရာဒေသများတွင် လူ့အ ခွင့်အရေးချိုးဖောက်ခံရမှုကိစ္စနှင့် ပတ်သက်၍ ဆက်လက်ဖော်ထုတ်ကာ အစီရင်ခံစာများ ထုတ်သွားမည်ဟု KHRG က ဆိုသည်။
ဖားအံခရိုင်အတွင်းတွင် ယခုနှစ် ဇွန်လအတွင်း၌လည်း မြေမြုပ်မိုင်းကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည်ဟု KHRG ၏ မှတ်တမ်းအရ သိရသည်။

အဘဖိုးပိုက်ဆံအတ္ထုပ္ပတ္ထိနှင့်စကောကရင်ရိုးရာဓလေ့စာအုပ်၏ ကရင်နှစ်သစ်ကူးမ၈င်္လာသလေးလအကြောင်း မှတ်တမ်းတင်ချက်(တပ်မဟာ)
အဘဖိုးပိုက်ဆံအတ္ထုပ္ပတ္ထိနှင့်စကောကရင်ရိုးရာဓလေ့စာအုပ်၏
ကရင်နှစ်သစ်ကူးမ၈င်္လာသလေးလအကြောင်း
မှတ်တမ်းတင်ချက်
သလေလရာသီအချိန်ခါ
“သလေအလားသေလာဘော
သေလာဘောဘော၊သေလာဘော”
ကရင်နှစ်သစ်ကူးနေ့သတ်မှတ်ခြင်း
အရှေ့အနောက်တောင်ပေါ်ကရင်တို့၏ရိုးရာဓလေ့အဖြစ်သတ်မှတ်ခဲ့သောကရင်နှစ်သစ်ကူး
လရွေးရာတွင်တောင်ငူအစည်းအဝေး၌ခရစ်ယာန်ဝင်ကရင်အမျိုးသားတို့၏ချယ်လှယ်မှုကိုခံခဲ့ရပြီး
ဝင်ရောက်ပြောဆိုတင်ပြခွင့်ကိုပင်မရရှိဖြစ်ခဲ့ရသည်မှာကရင်နှစ်သစ်ကူးလသတ်မှတ်မည့်
အစည်းအဝေး၌ဗြိတိသျှအစိုးရတို့အလိုကျလိုက်နာကျင့်သုံးနေကြသောခောတ်ပညာတတ်ကရင်အမတ်
များနှင့်ခရစ်ယာန်ခေါင်းဆောင်တို့၏ပြောဆိုသည့်စကားရပ်များကိုသာလက်ခံပြီး
အရှေ့အနောက်တောင်ပေါ်ကရင်ကိုယ်စားလှယ်တို့အားဝင်ရောက်ပြောဆိုခွင့်ကိုမဆိုထားဘိ၊
အစည်းအဝေးတွင်နားထောင်သည့်ပရိသတ်အဖြစ်ကိုပင်မနည်းကြိုးစားခဲ့ရပေသည်။
ထိုအစည်းအဝေးပွဲတွင်ပြာသိုလကိုသတ်မှတ်ခြင်းသည်ခရစ်ယာန်ဘာသာဝင်ကရင်များနှင်
့တောင်ယာပဲခင်းကိုအမှီမပြုမလုပ်ကိုင်သူတို့အဘို့ပျော်ရွှင်မှုတစ်ခုတည်းအတွက်အဓိကထား
သတ်မှတ်နိုင်သော်လည်း၊တောင်ယာပဲခင်းလုပ်ခင်းများကိုအမှီပြုလုပ်ကိုင်စားသောက်သူ
အရှေ့အနောက်တောင်ပေါ်ကရင်များနှင့်တောင်ယာလုပ်ငန်းကိုအမှီပြုသူကရင်များအနေသော်ကား
၊တောတောင်ရေမြေသဘာဝအလျောက်အသီးအပွင့်အပင်များသည်သတ်မှတ်ထားသောလနှင့်
မကိုက်ညီညွတ်ပါကထိုသတ်မှတ်ချက်သည်သဘာဝကိုဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်သောကြောင့်
၎င်းပြာသိုလသည်ကရင်များအဘို့အမ၈င်္လာတည်းဟူသောအရိုးကောက်ပွဲ၊တစ္ဆေမှင်စာပြစ်ခြင်း
၊ခေါစာချခြင်းအမှုကိုပြုသောလဟုရိုးရာဓလေ့အဖြစ်ရှေးစဉ်လာမပျက်သတ်မှတ်ခဲခြင်း
ကိုဗြိတိသျှအစိုးရနှင့်ခောတ်ပညာတတ်ခရစ်ယာန်ကရင်အချို့၏အလိုကျ
အနိုင်ကျင့်ခဲ့ခြင်းကိုခံခဲ့ရသည်။
သို့အတွက်ကျွန်ုပ်သည်အရှေ့အနောက်တောင်ပေါ်ကရင်တို့ဘိုးဘေးဘီဘင်စဉ်လာမပျက်သတ်မှတ်
ချက်ဖြစ်သောတပို့တွဲလသာလျှင်ကရင်တို့၏နှစ်ဦးလဖြစ်ကြောင်းသတ်မှတ်ပါသည်။
(စာမျက်နှာ ၂၁၈-၂၁၉)
မှတ်ချက်
ရေနံ့သာရဲထွဋ်၏အဘဘိုးပိုက်ဆံအတ္ထုပ္ပတ္တိနှင်စကောကရင်ရိုးရာဓလေ့စာအုပ်စာမျက်နှာ
၂၁၈-၂၁၉ ကောက်နှုတ်ချက်ဖြစ်သည်။ အဘဘိုးပိုက်ဆံအတ္ထုပ္ပတ္တိစာအုပ်ကို၁၃၂၉ခုနှစ်တပို့လ(၁၉၆၈ခုနှစ်ဇန်န၀ါရီလ)တွင်ပုနှိပ်ထုတ်ဝေသည်။
တပ်မဟာ

Saturday, December 15, 2012
Connecticut Elementary Shooting
FRIDAY, DECEMBER 14, 2012
Connecticut Elementary Shooting
A woman waits to hear about her sister, a teacher, following a shooting at the Sandy Hook Elementary School in Newtown, Conn., Dec. 14, 2012.
Read more: http://nation.time.com/2012/12/14/connecticut-elementary-school-copes-after-shooting/#ixzz2F3eiSynk
Connecticut Elementary Shooting
ဘုရားသုံးဆူမြို့တွင် ကရင်အမျိုး သားနှစ်သစ်ကူးနေ့ စိန်ရ တုကျောက်စာတိုင် တည်ဆောက်
15 Dec, 2012 12:05 AM
ဒီဇင်ဘာလ ၁၄ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ဘုရားသုံးဆူမြို့ရှိ ကရင့်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ စော ရာဇာထွန်းက “လာမယ့်ဇန်န၀ါရီလ ၁၂ရက်နေ့မှာဆို ရင် ကျနော်တို့ရဲ့ ကရင်နှစ်သစ်ကူးနေ့ကျရောက် ပြီလေ။ ဒါကြောင့် ဒီနှစ်မှာဆို ရင် အစိုးရကနေပြီ တရားဝင် နေ့ ထူးနေ့မြတ်ရယ်လို့ စပြီး ပြဌာန်းခဲ့တာ က စိန်ရတုရောက် ခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်လေးနဲ့ ဒီကျောက် စာ တိုင် ဆောက်ဖြစ်တာပါ”ဟု ပြောသည်။
၎င်းတည်ဆောက်နေသည့် ကျောက်စာတိုင်သည် အမြင့်ပေ ၁၈ပေနှင့် အောက်ခြေ ဘေးလေးထောင့် ပတ်ပတ် လည် ၃၈ ပေရှိပြီး ဘုရားသုံးဆူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ထော်မဲပါရပ်(ကရင်စု)၌ ၀င်းရော်မြိုင် အခမ်း အနား ကွင်းတွင် ဒီဇင်ဘာလ ၅ရက်နေ့မှစ၍ ကရင် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ကမကထပြု ဆောက်လုပ် ခဲ့ခြင်းဖြစ် သည်။
လက်ရှိအချိန်တွင် ကျောက်စာတိုင်စတင်တည်ဆောက်နေခြင်းနှင့် ပတ်သက်၍ စောရာဇာထွန်းက “ကျောက်စာ တိုင်က ကရင်နှစ်သစ်ကူးအမီအပြီးလုပ်မှာဆိုတော့ အခုကတည်းက စပြီးတည်ဆောက်နေကြတာပါ။ အချိန်က လည်း တစ်လလောက်ကြာနိုင်လို့ပါ”ဟု ပြောသည်။
ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်အနား ကို ဇန်န၀ါရီလ ၁၁-၁၂ နေ့အထိ ၂ရက်တာကျင်းပမှာဖြစ်ပြီး အခမ်းအနားဖွင့်လှစ်ပေးခြင်း၊ ကျောက်စာတိုင်ရေး ထိုးရခြင်းကို ရှင်းလင်းပြောကြားခြင်း၊ ကရင်ဒုံးယိမ်းအကနှင့် ရိုးရာအက များဖျော်ဖြေခြင်း၊ အားကစားယှဉ်ပြိုင် ပွဲများ ကျင်းပခြင်း စသည့်အခမ်းအနားများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Thursday, December 13, 2012
မြန်မာနိုင်ငံ၏ပညာရေး
သူငယ်တန်းကျောင်းသားသံပေတံစာမိ
(မစုမွန်)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် အမက (၃) ကျောင်းမှသူငယ်တန်းကျောင်းသား မောင်ဇာနည်လမင်းကို အတန်းပိုင်ဆရာမက ဆရာမနှုတ်ဆက်ပွဲကြေး၁၀၀ ကျပ်မပေးနိုင်သဖြင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် သံပေတံဖြင့် ၂ ချက်ရိုက်နှက်လိုက်ရာ လက်ကျိုးအက်သွားခဲ့သည်။

Monday, December 10, 2012
အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်
"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်...ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေး ရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။
အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်"
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ (8-12-2012)
အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်"
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ (8-12-2012)Daw Aung San Suu Kyi's Speech in Nat Mouk
Type the rest of your post here.
ဖထီးကနဲမီ ပြန်လည်သက်သာလာ
| မဲဆောက်ဆေးရုံမှာ တက်ရောက်ကုသနေစဉ် |
သြစတြေးလျကနေ ကေအဲန်ယူ (၁၅)ကြိမ်မြောက် ကွန်ကရက်တက်ရောက်ရန် ပြီးခဲ့တဲ့လက ပြန်လာခဲ့တဲ့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်တက်ရောက်ကုသခဲ့ပြီးတဲ့နောက် ယခုအခါ သြစတြေးလျမှာ ရောဂါအခြေအနေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။
MKO ဖခင်ကြီး ဖထီးကနဲမီဟာ အမျိုးသားစိတ်ဓါတ် ထက်သန်တဲ့အလျောက် ကွန်ကရက်ပြီးတာနဲ့ မလေးရှား ကရင်နှစ်သစ်ကူးအမှီလာဖို့လည်း အစီအစဉ်ရှိပါတယ်။ သို့သော်လည်း ကျန်းမာရေး အခြေ
အနေကြောင့် ကွန်ကရက်အပါအ၀င် မလေးရှားခရီးစဉ်ကိုပါ ဖျက်သိမ်းခဲ့ရပြီး သြစကြေးလျမှာပဲ ပြန်ပြီး ဆေးကုသခဲ့ပါတယ်။
MKO မှ လူကြီးများကလည်း ဖထီးကနဲမီ အမြန်ဆုံးကျန်းမာလာဖို့နဲ့ အမျိုးသားရေးအတွက် ဆက်လက်
လုပ်ဆောင်နိုင်ရန် ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်ပေးလျှက်ရှိပါတယ်။
ကြေးနီစီမံကိန်းမှ ဒဏ်ရာရ ရဟန်းသံဃာတော်များနှင့်လူထုများအား တွေ့ဆုံမေးမြန်းခြင်း(ရုပ်သံ)
အစိုးရကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဘယ်လိုပဲ ကြေငြာမောင်းခတ်နေစေကာမူ ခေတ်အဆက်ဆက် လိမ်ညာခဲ့တဲ့ မဟာအကျင့်ဆိုးကတော့ မပျောက်သေးပါဘူး။ မီးလောင်ဗုံးကို မသုံးခဲ့ပါဘူးတဲ့။ တိုးတက်နေတဲ့မီဒီယာခေတ်ကြီးမှာ အမှန်တရားကို ဖုံးကွယ်လို့မရဘူးဆိုတာ အာဏာပိုင်တွေ နောင်တရသင့်ပါပြီ။ လက်ပံတောင်း ကြေးနီစီမံကိန်းမှာ ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာတွေကို ဒီရုပ်သံမှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ရှေ့မျက်နှာ နောက်ထား၊ နားပိတ်ပြီး ကြည့်ကြပေတော့။
Saturday, December 8, 2012
စစ်ပွဲတွေ ကင်းရာမြေ (နော်စီဖိုးရာစိန်)
နော်စီဖိုးရာစိန်
လက်ရှိ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ နော်စီဖိုးရာစိန်ရဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၀၃ခုနှစ်က လောင်းရိပ်ကို ကျော်ဖြတ်ခြင်း အတွဲ၂တွင် ရေး သားဖော်ပြတဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
ကျမဟာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့တယ်။ အဲဒီတိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်တွေ အုပ်စိုးထားတဲ့ တိုင်းပြည်တခုပါ။ ကျမက ကရင်လူမျိုး တယောက်ဖြစ်ပါတယ်။ ကရင်လူမျိုးတွေဟာ မြန်မာပြည်မှာ ဒုတိယလူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေအားဖြင့် ၈သန်းကနေ ၁၀သန်းအထိ ရှိပါတယ်။ တခြားမြန်မာပြည်က တိုင်းရင်းသား လူမျိုးစုတွေလိုပဲ ကရင်လူမျိုးတွေဟာ သူတို့ အခွင့်အရေး၊ လွတ်မြောက်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနဲ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၅၀ကျော်ကြာ တိုက်ပွဲ ၀င်နေခဲ့ကြပါတယ်။
ကရင်လူမျိုးတွေဟာ အများအားဖြင့် အရှေ့ဘက်နယ် စပ်ဒေသက တောင် တန်းတွေနဲ့ မြစ်ဝကျွန်းပေးအလယ်ပိုင်း ဒေသတွေမှာ နေထိုင်ကြပါတယ်။ ကျမတို့ လူမျိုးတွေဟာ ရိုးသားကြပြီး ခိုင်မြဲတဲ့ မိသားစုဘ၀တွေ ရှိကြသလို ရင်းနှီးဖော်ရွေမှုကို တန်ဖိုးထားပြီး ငြိမ်းချမ်းစွာ နေလိုတဲ ဆန္ဒ ရှိကြပါတယ်။ ဒါပေမယ့် ကျမတို့ဟာ စနစ်တကျ ဖိနှိပ်နေမှုတွေ၊ ညှင်းပန်းမှုတွေ၊ ခေါင်းပုံဖြစ်မှုတွေ၊ အဓမ္မနေရာပြောင်းရွေ့မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ခံစားနေကြရတာပါ။ ကျမတို့ ကရင်အမျိုးသားကျောင်းတွေ အသိမ်းခံရတယ်။ အတင်းအဓမ္မထိန်းချုပ်တာ၊ ဖျက်ဆီးပစ်တာ တွေခံရတယ်။ နောက် နိုင်ငံတော် မူဝါဒက “ဗမာကြီးစိုးရေးဝါဒ”ဖြစ်တာကြောင့် ကျမတို့ရဲ့ မိခင်ဘာသာကို ဗမာကျောင်းတွေမှာ သင်ကြားခွင့် မပေးပါဘူး။
ဗမာစစ်တပ်တွေက ကျမတို့ နယ်မြေတွေမှာ အခြေစိုက်ထားပြီး အတင်းအကျပ် လုပ်အားပေါ် ခေါ်တာ၊ အတင်းအဓမ္မ နေရာပြောင်းရွေ့ခိုင်းတာ၊ မုဒိမ်းပြုကျင့်တာ၊ နှီပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်ပစ်တာ၊ လုယက်ခိုးယူတာ၊ ကျမတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ စတဲ့ နည်းတွေနဲ့ ကျမတို့ ပြည်သူတွေကို ထိန်းချုပ်ထားပါတယ်။ ကျမတို့ရဲ့ လယ်ယာတွေ၊ ကောက်ပဲ သီးနှံတွေ၊ စပါးကျီတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြတယ်။ ကျမတို့ ရွာသူရွာသားတွေကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ငတ်မွတ်ကုန်အောင် လုပ်ထားတယ်။ ရွာသားတွေဟာ အမြဲတမ်းလို ရိုက်နှက် ခံရတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ပေမယ့် ဘာမှ အရေးယူတာ မရှိဘူး။ အဓမ္မမုဒိမ်း ပြုကျင့်တာဟာ လူမျိုးစုတွေကို တန်ပြန် ချေမှုန်းရာမှာ ဗမာစစ်တပ်( နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရဲ့ စစ်တပ်)က အရာရှိတွေ၊ အကြပ် တပ်သားတွေအတွက် ထင်ရှားတဲ့ စစ်လက်နက်တခုဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းက ပစ်မှတ်တွေ ဖြစ်လာရတယ်။
ကျမတို့ ကရင်အမျိုးသမီးတွေဟာ လူ့အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရတယ်။ ဒီဆုံးရှုံးရတဲ့ အခွင့်အရေးတွေက ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောက်ရှာက်ခံ ပိုင်ခွင့်နဲ့ အစားအစာ ရရှိပိုင်ခွင့်အပြင် အသက်ရှင် ရပ်တည်ပိုင်ခွင့်တွေပါ ပါဝင်ပါတယ်။ ကျမတို့ ကလေးငယ်တွေဟာ ထိုးစစ်ဆင်တိုက် ခိုက်လာမှုတွေကြားမှာ မွေးဖွားရတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်မှာတောင် လွတ်လွတ်လပ်လပ် ငိုကြွေးနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ငိုသံက သူတို့ မိသားစု ပုန်းနေရတဲ့ နေရာကို ထုတ်ဖော်လိုက်သလို ဖြစ်မှာ ကြောင့်ပါ။
ကျမဟာ ကျေးလက်ဒေသက စစ်ပွဲတွေ ဖြစ်တဲ့ နေရာမှာ ကြီးပြင်းခဲ့ရတယ်။ လုံခြုံစိတ်ချမှုကို ဘယ်အခါကမှ မခံစားခဲ့ရဖူးပါဘူး။ ဘ၀တလျောက်လုံး IDPလို့ ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာဘ၀နဲ့ နေခဲ့ရတယ်။ အခု ဒုက္ခသည်စခန်းမှာ နေထိုင်နေရတာတောင် စိတ်ချလုံခြုံမှုဆိုတာကို မခံစားရဘူး။ ကျမတို့ မိသားစုဟာ တနေရာပြီး တနေရာ ပြောင်းရွေ့နေထိုင်ခဲ့ရတယ်။ တနေရာရာမှာ ၂နှစ်ထက်ပိုပြီး ကြာအောင် နေခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီလို ပြောင်းရွေ့နေထိုင်လာရတာဟာ ၁၉၉၅ခု ဖေဖော်ဝါရီလမှာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်းကို ရောက်တဲ့ အထိပါပဲ။
ကျမအဖေက တော်လှန်ရေး လုပ်ငန်းတွေနဲ့ ခရီးသွားနေရချိန်မှာ ကလေး ၈ယောက်ရဲ့ အသက်ရှင် ရပ်တည်မှုကို အမေက တာဝန်ယူခဲ့ရတယ်။ အမေဟာ ခိုင်မာပြတ်သားတဲ့ အမျိုးသမီးကြီးပါ။ ကျမတို့ မကျန်းမာရင် သူသိထားတဲ့ တိုင်းရင်းဆေးဝါးတွေနဲ့ ကျမတို့ အသက်မသေရအောင် ကုသပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဆရာဝန် သူနာပြုတွေ မရှိဘူး။ ဒါ့အပြင် ဘာခေတ်မှီဆေးဝါးမှလည်း မရှိတာကြောင့်ပါ။ အမေဟာ ဒီလိုအကြားအမြင်များတဲ့အတွက် ကျမတို့ မောင်နှမတတွေ သိပ်ကံကောင်းခဲ့ပါတယ်။ တခြားကလေးငယ်တွေ သေဆုံးနေချိန်မှာ အမေဟာ သူ့ရဲ့တတ်ကျွမ်းမှုနဲ့ ကျမတို့ကို သေဘေးက ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အမေက ဒီလို ရက်စက်မှုတွေ ထိတ်လန့် ကြောက်ရွံ့စရာ အခြေအနေတွေ ကြားမှာ ဘာကြောင့်အသက်ရှင်ဖို့ လိုသလဲဆိုတာကို အမြဲရှင်းပြတတ်တယ်။ နောက်”ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေရတဲ့ တနေ့ကို ရောက်ရလိမ့်မယ်။ အဲဒီအခါကျရင် ကျမတို့ တတွေဟာ ထာဝရအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွင်ရွင် နေထိုင်နိုင်လိမ့်မယ်လို့ အမေက ပြောတယ်။ ကျမတို့ မောင်နှမတွေဟာ အမေပြောတာကို အလေးအနက် ယုံကြည်ကြတယ်။ ကျမတို့ တိုင်းပြည်မှာ “ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေ ရမယ့်နေ့ကို စောင့်စားနေခဲ့ကြတ်။ အခုချိန်ထိလည်း ဒီအရာတွေကို တမ်းတ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ကျမမွေးဖွားခဲ့တဲ့ နေရာဟာ စစ်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ နေရာပါ။ ခုချိန်ထိလည်း ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေဟာ နေ့စဉ်ဆင်းရဲဒုက္ခတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ ကျမဟာ ဒီစစ်ပွဲ ဖြစ်ရာ ဒေသမှာ အနှစ် ၂၀လောက် ကျောင်းဆရာမ လုပ်ခဲ့ပါတယ်။ ဆရာမတယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အကြီးမားဆုံး အခက်အခဲတွေကတော့ ကျမရဲ့ ကျောင်းသူကျောင်းသားတွေကို ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုအကြောင်း ပြောရတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေ အကြောင်းကို သိနေကြတာမို့ ဒီအကြောင်းအရာတွေဟာ သူတို့အတွက်ရော ကျမတို့အတွက်ပါ လက်တွေ့မကျဘူးဆိုတာ သိနေကြတယ်။ စာသင်နှစ်တနှစ်ရဲ့ နှစ်လည်ပိုင်းကို ရောက်လာရင် မြန်မာစစ်အစိုးရက ကျမတို့ဒေသကို ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့တွေ စေလွတ်တတ်တာမို့ ကျမတို့ဟာ ကျောင်းတွေ ပိတ်ထားရပါတယ်။ ကျမရဲ့ ကျောင်းသားတွေဟာ ရွာတွေမှာရှိတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့အတွက် ရှေ့တန်းစစ်မြေပြင်ကို သွားကြရတယ်။ ကျမရှေ့မှာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကိုသာ တွေ့မြင်နေရတာ မဟုတ်ပါဘူး။ ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေ သေဆုံးခဲ့ရတာတွေကိုပါ ကြားသိနေရပါတယ်။
အဲဒီနှစ်တွေ အတွင်းမှာ ကျမဟာ စစ်ပွဲတွေ ကင်းရှင်းတဲ့ ဘ၀၊ စိတ်ချလုံခြုံမှုရှိတဲ့ ဘ၀ကို စိတ်ကူးမျှော်လင့်နေမိတယ်။ ဒီလို ဖြစ်လာရင် သိပ်ကို အေးချမ်းသာယာမယ်လို့ ကျမတွေးထင်မိတယ်။ ကျမဟာ နာကျင်ခံစားရတာတွေကို ရင်ထဲမှာ မြိုသိပ်ရင်း ရှေ့ဘာတွေ ထပ်ဘာဖြစ်လာမလဲဆိုတာအတွက်ပဲ ပြင်ဆင်ခဲ့ပါတယ်။ ကျမနဲ့ ကျမတို့ ပြည်သူတွေဟာ စစ်ပွဲတွေ မရှိတဲ့ ဘ၀၊ ငြိမ်းချမ်းပြီး လုံခြုံမှု ရှိတဲ့ ဘ၀တွေမှာ နေထိုင်ဖို့ဆိုတဲ့ ဆန္ဒဟာ ကျမရဲ့ အရိုးသားဆုံးနဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် သွားရအုံးမယ့် ခရီးက အရှည်ကြီးဆိုတာ ကျမသိနေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ကျမတို့ အိမ်မက်တွေနဲ့ အလှမ်းဝေးနေဆဲပါ။
ငြိမ်းချမ်းရေး အပေါ် အမျိုးသမီးတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ စစ်ပွဲတွေ ပြီးဆုံးသွားတာ တခုတည်း မဟုတ်ပါဘူး။ ကျမတို့ လိုလားတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပါ။ ဒါက တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးပါ။ ဒီငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေအပြင် အိမ်တွင်း အကြမ်းဖက်မှုတွေပါ ကင်းရှင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ စစ်ပွဲတွေ ပြီးဆုံးသွားခဲ့ရင်လည်း အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိနေအုံးမယ်ဆိုရင် ဒီလိုငြိမ်းချမ်းမှုမျိုးကို ကျမတို့ အမျိုးသမီးတွေ အနေနဲ့ မပျော်ပိုက်နိုင်ပါဘူး။
ကျမကတော့ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ပိုမို တိုးမြင့်မလာပဲနဲ့တော့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို အပြည့်အ၀ ပေးဆပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်း စစ်ဖြစ်နေတဲ့ နှစ်အရှည် အကြာကြီးအတွင်းမှာ ကျမတို့ အမျိုးသမီးအများအပြား ထိခိုက်ခဲ့ကြရနတယ်။ ဒုက္ခဖြစ်ခဲ့ကြရပါတယ်။ နောက် စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ အမျိုးသမီးတွေကြောင့် မဟုတ်ပါဘူး။ ကျမတို့ အမျိုးသမီးတွေမှာ ငြိမ်းချမ်းရေးအတွက်၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် စီစဉ်ဆောင်ရွက်ရာမှာ အမျိုးသားတွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်။
ကျမတယောက် အနေနဲ့ကတော့ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးဟာ ခွင့်လွတ်ကျေးအေးမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ နောက် ၁၉၈၄ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရခဲ့တဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ စကားကို ကျမအနေနဲ့ အပြည့်အ၀ ထောက်ခံပါတယ်။ "ခွင့်လွတ်ကျေးအေးမှု မရှိရင် အနာဂတ်ဆိုတာ မရှိဘူး" ဆိုတာပါပဲ။ သြဇာအာဏာတွေ၊ ဂုဏ်မာနတွေ၊ အမုန်းတရားတွေဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ကမ္ဘာကြီးတခု ဒါမှမဟုတ် နိုင်ငံတနိုင်ငံကို မဖန်တီးနိုင်ပါဘူး။ ကျမတို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ညီအစ်ကိုတွေ အားလုံးနဲ့အတူ သွေးစည်းဖို့ လိုပါတယ်။ ကျမတို့ အမျိုးသမီးတွေ ကြိုးပမ်းနေတဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ အမျိုးသား ပြန်လည် သွေးစည်းညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေအတွက် ထောက်ခံအားပေးမှုတွေ လိုအပ်နေပါတယ်။
နော်စီဖိုးရာစိန်
ဇွန်လ ၁၁၊ ၂၀၀၃ခုနှစ်
လောင်းရိပ်ကို ကျော်ဖြတ်ခြင်း ၂ စာစောင်မှ
အဲခေါင်သောင့် at 12:05 AM
ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်
ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ
သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော
ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
... ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။
“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။
ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။
“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။
သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။
စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

Subscribe to:
Posts (Atom)