
ဗိုလ်ချုပ် စမစ်ဒွန်း (ဓာတ်ပုံ – Thant Myint-U/Facebook)
မြန်မာတပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်း သက်ရှိထင်ရှား ရှိနေဦးမယ်ဆိုရင် ဒီနေ့ကနေ့ဟာ သူရဲ့ ၉၇ နှစ်မြောက်မွေးနေ့ဖြစ်ပြီး ကွယ်လွန်တာ ၃၄ နှစ် ပြည့် ဖြစ်ပါတယ်။
အရပ်အမောင်း ပုသေးသေးနဲ့ အရပ် ၄ ပေသာသာသာ ရှိတဲ့အတွက် “ဗိုလ်မှူးကြီး လေးပေ ”လို့လည်း လူသိများတဲ့ ဗိုလ်ချုပ် စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ပုသိမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။
ကရင်အမျိုးသား ဗိုလ်ချုပ် စမစ်ဒွန်းဟာ အိန္ဒိယနိုင်ငံ ဒယ်ရဒွန်း စစ်တက္ကသိုလ်ရဲ့ ပထမဆုံးအပတ်စဉ် ကျောင်းသားတဦးဖြစ်ခဲ့ပြီး သင်တန်းမှာ အတော်ဆုံးကျောင်းသားလို့ အသိအမှတ်ပြု ခံရသူပါ။
ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး စမစ်ဒွန်းဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့တယ်။
အဲဒါဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ အနာဂတ်ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ဗမာတွေအကြား ယုံကြည်မှု တည်ဆောက်တဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းရဲ့ ယုံကြည်ရဆုံးပုဂ္ဂိုလ် ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်ကိုယ်တိုင် ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်မှူးချုပ် စောကြာဒိုး စတဲ့ တိုင်းရင်းသား ကရင်အမျိုးသား တပ်မတော်ခေါင်းဆောင်တွေရဲ့ သစ္စာရှိမှုကို အသိအမှတ် ပြုခဲ့ပါတယ်။
၁၉၄၉ ခုနှစ် ကရင်လူမျိုးတွေ ကိုယ်ပိုင်လွတ်လပ်ရေးအတွက် စတင် တိုက်ခိုက်ကြတဲ့အခါမှာတော့ အဲဒီ ယုံကြည်မှု ယိမ်းယိုင်ခဲ့ရတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းကို သူ့ရဲ့ ကရင်တပ်ဖွဲ့တွေနဲ့အတူ တပ်မတော်ရာထူးတွေက ရပ်ဆိုင်းပစ်ခဲ့ကြတယ်။
စမစ်ဒွန်းဟာ ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်ပေမယ့် ဗမာ့တပ်မတော်အပေါ် အမြဲတမ်းသစ္စာရှိပြီး စစ်သားကောင်းပီသတဲ့ ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ တပ်မတော်ဦးစီးချုပ်တယောက် အနေနဲ့ စမစ်ဒွန်းဟာ ကရင် တပ်ဖွဲ့တွေကို ထက်မြက်ပြီး စစ်စည်းကမ်းပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။
တပ်မတော်ကနေ ထုတ်ပယ်ခံရပြီး နောက်ပိုင်းမှာလည်း အစိုးရက သူ့အပေါ် သံသယထားခဲ့တယ်။ ၁၉၇၉ ခုနှစ် ကွယ်လွန် ချိန်အထိ စောင့်ကြည့်ခံခဲ့ရတယ်။
ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘ၀ရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့တယ်။ သူမ ကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။
မြန်မာတပ်မတော်ရဲ့ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်မှူးချုပ် လကျာ်၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ ဗိုလ်မှူးကြီး ဗထူးတို့လို တပ်မတော် သမိုင်းမှာ တကယ့်သူရဲကောင်းတွေ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ် စမစ်ဒွန်းဟာ ယနေ့ တပ်မတော်သမိုင်းမှာတော့ တိမ်မြုပ်ပျောက်ကွယ် သွားခဲ့ပါပြီ။
Wednesday, November 13, 2013
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် စမစ်ဒွန်း ကွယ်လွန်မှု ၃၄ နှစ်ပြည့်
Thursday, November 7, 2013
တပ်မဟာ(၆)နယ်မြေထဲ ဗမာစစ်တပ်ကား(၅)စီး ခုလေးတင်ရောက်ရှိလာတဲ့ အထူးသတင်း
သေချာသောသတင်းပေးပို့ချက်အရ အဲဒီရွာမှာပဲ ညအိပ်စခန်းချမှာဖြစ်ပြီး ဘယ်ကို ဆက်ပြီးတက်လာမယ်ဆိုတာ ဆက်လက်တင်ပြပေးဦးမှာ ဖြစ်ပါတယ်။
အနီးအနားရွာက လူကြီးတွေနဲ့ လူငယ်တွေကို တရိတခေါင်းရွာမှာ ကထိန်ပွဲကျင်းပဖို့ kNU မှ ချိန်းဆိုထားတဲ့ အစည်းအဝေးကိုလည်း ဖျက်လိုက်ပြီဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်နေတဲ့ကာလမှာ ဘာကြောင့်အင်အားသုံးပြီးချီတက်လာတယ်ဆိုတာ ရွာသားတွေ နားမလည်နိုင်ပဲ ကြောက်ရွံ့နေကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကာလမှာ ဗမာစစ်တပ်မှ အလုံးအရင်းနဲ့ KNU ထိန်းချုပ်ရာနယ်မြေထဲ ရောက်ရှိလာတယ်ဆိုတာ မမှန်ကန်ကြောင်း မန်းငြိမ်းမောင်မှ မီဒီယာကိုပြောကြားလာခဲ့မယ်ဆိုရင် ကရင်အမျိုးသားများ မယုံကြည်ကြဖို့ ကြိုတင်အသိပေးချင်ပါတယ်။
Friday, November 1, 2013
အပစ်ရပ် ဘုံသဘောတူချက်မရသဖြင့် ဆက်ဆွေးနွေး
Published on October 31, 2013 by ဒီဗွီဘီ · No Comments
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ဒီ ညနေပိုင်းမှာ ရရှိမယ်လို့ ပြောဆိုထားပေမယ့် ဆုံးဖြတ်ချက် မကျသေးဘူး ဖြစ်နေပါတယ်။
ဘုံသဘောထားရပ်တည်ချက်ရရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ဦးဆောင်ပြီး အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ညီလာခံကနေ တာဝန်ပေးအပ်ခဲ့တယ်လို့ လိုင်ဇာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကိုင်စွဲထားတဲ့မူ၊ အစိုးရဘက်က ပေးပို့လာတဲ့ အပစ်အခတ်ရပ်စဲရေးမူအပါအ၀င် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူသုံးချက်နဲ့ ပတ်သက်ပြီး ညီလာခံမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက် မချနိုင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်ရရှိရေးအတွက် ဒီညီလာခံကို နောက်တရက်ထပ်တိုးပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ညီလာခံကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ပဒန်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့ထိ ကျင်းပနေတာ ဖြစ်ပြီး အခု ၁ ရက်ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။
Sunday, October 27, 2013
ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့
Hawdeka Khalaylay
လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစီမံကိန်း အပေါ် မပြတ်မသား ကိုင်တွယ်နေမှုအတွက် ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့
သီတင်းကျွတ်ကာလ မှာ ဦးသန်းရွှေက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ယောက်တည်းကို သီးခြားခေါ်ယူတွေ့ဆုံခဲ့ပါသည် ၊
အဆိုပါတွေ့ဆုံမှုတွင် ဦးသန်းရွှေက ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးကို ဟန်ချက်ညီညီပူပေါင်းဆောင်ရွက်မှု မရှိခြင်းအတွက် ပြစ်တင်ဆူပူကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည် ၊
လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစံမံကိန်း အပေါ် ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့၏ အပြတ်မသား ကိုင်တွယ်နေမှု နှင့် ပူပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကို ထောက်ပြဝေဖန်ကာ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည် ၊
လက်ရဲဇက်ရဲ့ မလုပ်ရဲရင် ဒီလိုနိုင်ငံမျိုးမှာ ကြာရှည် ခေါင်းဆောင်လုပ်လို့မရဘူး ဟု ဦသန်းရွှေမှ ပြောဆိုခဲ့သည်ဟု အသံများလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိပါသည် ၊
နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားများနှင့် ကြုံနေရပြီး စိတ်ဓါတ်ကျနေသည့် ပုံစံများဖြစ်နေကြောင်းနှင့် ဦးသိန်းစိန်မှ ဒီပုံစံအတိုင်းဆိုလျှင် ၂၀၁၄ နှစ်စတွင်
ကျန်းမာရေးကို အကြောင်းပြ၍ ရာထူးမှ အနားယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပါသည် ၊
Friday, October 25, 2013
ဗုံးကွဲမှုတွေနောက်ကွယ်က အမာလိုင်း အုပ်စု
WEDNESDAY, OCTOBER 23, 2013
Posted Yesterday by MM Play Boys
ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်အပါအ၀င်နေရာတချို့နဲ့ တောင်ငူ၊ မန္တလေး စတဲ့ မြို့တချို့မှာ ဗုံးတွေ ပေါက်၊ ဗုံးတွေတွေ့ နဲ့မို့ ဒီဗုံးကွဲမှုတွေဟာ ဆန်းကြယ်ပြီး နောက်ကွယ်က ရည်ရွယ်ချက် ကြီးကြီး မားမားရှိတဲ့ အုပ်စုကြီးတခုက ကိုင်တွယ်နေတယ်ဆိုတာ ပေါ်လွင်တယ်။
ဒီဗုံးကွဲမှုတွေနဲ့ တဆက်တည်း ရန်ကုန်မြို့က ဆမ်ဆောင်း စင်တာမီးလောင်သွားတာ သတိထားမိလိုက်ကြ မယ်ထင်တယ်။
MM Play Boys က စုံစမ်းရသလောက် အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်မှာ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ ပါဝင်ပတ်သက်နေတာပါဘဲ။ သူ တို့  နောက် မှာ အမာလိုင်းက အဘ တဦး ဦးပါဝင် နိင် တယ်လို့ ယူဆလို့ရနေပါတယ်။
သူတို့ က သိန်း ၆ ထောင်ရင်းပြီး ဗုံးခွဲတဲ့ လှုပ်ရှားမှုကို လုပ်တာဖြစ်ပြီး KNU နဲ့ မကင်းတဲ့ ကရင်တချို့ကို ငှားရမ်းခဲ့တယ်လို့သိရပါတယ်။
မွတ်စလင်ဘာသာဝင်တို့ရဲ့ ပြီးခဲ့တဲ့ အိဒ်နေ့မှာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ် အမြတ် ရွှေတိဂုံဘုရားပေါ် မှာ ဗုံးခွဲခိုင်းတာဖြစ် တယ် လို့ ဖမ်းမိထားတဲ့ ကရင်က ဖြှောင့်ချက်ပေးတယ်။
အဲဒီဖြောင့်ချက်ပေးတယ်လို့ သတင်းတွေ ထွက်လာအပြီး မြန်မာပြည် ဆမ်ဆောင် ကိုယ်စားလှယ်က သူရုံးကို သူကိုယ်တိုင် မီးရှို့ပြီး ထွက်ပြေးသွားပါပြီ။ ဒါကြောင့် သူ့ကို နိုင်ငံတကာ ရဲတပ်ဖွဲ့လို့ ခေါ်တဲ့ InterPol နဲ့ တိုင်ကြားထားပါတယ်။
ဆမ်ဆောင် မြန်မာပြည်ကိုယ်စားလှယ် သန်းဝင်းအောင် ဆိုတာက ဦးမြသင်းအောင် သားဖြစ်ပါတယ်။ ဦးမြသင်းအောင် ဆိုတာ ပုလဲကင်း ကွာစိ လုပ်ငန်းပိုင်ရှင်ဖြစ်ပါတယ်။
သန်းဝင်းအောင်တို့ သူ့အဖေ ဦးမြသင်းအောင်တို့ဟာ စာဖတ်နေသူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေခေတ်မှာ ချမ်းသာလာတာဖြစ်ပါတယ်။
သူတို့ ဘာကြောင့် ဒါတွေလုပ် မြန်မာ့ နိင်ငံရေးမှာ အဏာရတွေထဲမှာ အုပ်စု ၂ စု ဖြစ်လာနေပါတယ်။
ပထမ အုပ်စုတော့ သမ္မတ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ ပါဝင်ပြီး အမေရိကန်လိုလားသူ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားတွေပါတဲ့ အဖွဲ့ ဖြစ်လာနေပြီး နောက်တဖွဲ့ကတော့ ဦးအောင်သောင်း တို့လို ဂိုဏ်းမာလိုင်းတွေ၊ ခရိုနီတချို့နဲ့ တရုတ်လိုလားသူတွေဆိုတဲ့ အုပ်စု ၂ ခု ကွဲလာနေပါပြီ။
အခု ဗုံးကွဲမှုဖြစ်စဉ်နဲ့ မြန်မာနိုင်ငံရေး အုပ်စုကြီး ၂ ခု ကြားက တိုက်ပွဲကို ထင်ဟပ်တဲ့ နိုင်ငံရေးလုပ်ကြံမှု လည်း ဖြစ်ပါတယ်။
အခု သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဦးသိန်းစိန်တို့အုပ်စုနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ လက်တွဲ ပူးပေါင်း လုပ်ဆောင်လိုကြတဲ့ တချိန်က အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ပူးပေါင်း ဆောင်ရွက်ရေးလုပ်ဆောင်လိုသူတွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံ တကာက သူတို့ အုပ်စုအပေါ် မျက်နှာသာပေးမှုတွေ ရှိလာနေတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲရေးသမားတွေက အမေရိကန်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိ လို
ပြီး ပြည်တွင်းက တချို့ ခရိုနီကြီးတွေရဲ့ မတရားလုပ်တာတွေကို လျှော့ချပစ်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေလာရောက်ရေး ကြိုးစားနေ ကြတာ ထိုက်သင့်တဲ့ ယုံကြည်အောင်မြင်မှုတွေရနေတယ်။
ဒီအုပ်စုသာ ရှေ့ဆက် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ဆက်လှမ်းသွားနေရင် တချိန်မှာ အမာလိုင်း သမားတွေနဲ့ အတူရှိ နေတဲ့ တရုပ်လို လားသူတွေအတွက် အခက်တွေ ဆက်တိုက်တွေ့လာဖို့ ရှိနေတယ်။ ဒီတော့ အမာလိုင်းသမားတွေနဲ့ တရုတ်လိုလားသူတွေက မဟာစီမံကိန်းတွေချမှတ်ကြတော့တယ်။
တဖက်ကလည်း တရုပ်နိုင်ငံက သမ္မတ ဦးသိန်းစိန်ဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး ရင်းနှီးမြှပ်နှံထားတဲ့ မြစ်ဆုံ ဆည် စီမံကိန်း ဆိုင်းငံ့ပြီး ဘေး ပစ်ချထားတဲ့အပေါ် အတော်ဆုံးရှုံးနစ်နာနေ တယ်။
ဒီ မြစ်ဆုံဆည်ကိစ္စတွေက တရုတ် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သီဟသူရ တင်အောင်မြင့်ဦးတို့က လက်ဝါးရိုက် လုပ်ခဲ့ကြတယ်။ ဒီအတွက် တရုတ်က သူတို့တွေကို ဒေါ်လာ မီလျံနဲ့ ချီပြီး ပေးခဲ့ရတယ်။ တရုတ်ပေးတဲ့ အပင်းငွေကို KIA ခေါင်းဆောင် တချို့ လည်း စားထားသေးတယ်။
နောက်ပိုင်း တရုတ်က အတိုက်အခံ နိုင်ငံရေးတက်ကြွသူတွေ၊ ပြည်တွင်း မီဒီယာသမားတချို့နဲ့ ပြည်ပ မီဒီယာသမားတချို့၊ မြန်မာ့လူမှု နယ်ပယ်က သူတချို့ကို ၀ယ်ယူနိုင်ခဲ့ပြီးဖြစ်တယ်။
ဒီနောက်ပိုင်းမှာတော့ အဖက်ဖက်က အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ မဟာစီမံကိန်းကို အကောင်အထည်
ဖော်ကြပါတော့တယ်။
ဒီမှာတော့ ငထွား ခါးနာပြီး ဓားခုတ်ရာ လက်ဝင် ထိုးပေးသူက KNU က ပဒို မန်းငြိမ်းမောင်ပါဘဲ။ နဂိုက တည်း က ဒီအကွက် ကို ဆင်ထားတာ၊ တည့်တည့်ပဲ ၀င်ရောက်သွားပြီး ဖမ်းဆီးထားမိသူတွေနဲ့ ပေးတွေ့ပြီး သူတို့ ပြောတာတွေကို အတည်ပြု လက်ခံယူကာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး လမ်းလွှဲပေးလိုက်ပြန် တယ်။
ဗုံးပေါက်ကွဲမှုတွေမှာ KNU အောက်ခြေတွေ ပတ်သက်တယ်လို့ ၀န်ခံပြောကြားလိုက်တယ်။ ဒီ အကွက်ကို ဆင်ထားရတာ သိန်းထောင်ချီအကုန်ခံလုပ်ခဲ့ရတာပါ။ KNU လည်း ကွဲ၊ ဗိုလ်သိန်းစိန်တို့အုပ်စုလည်း မျက်နှာပျက်၊ ခဲတလုံးနဲ့ အကုန်ပစ်လိုက်တဲ့ ဖန်တီးချက်။
ဒါကြောင့် တကယ့် ဗုံးခွဲ တရားခံ အစစ်ကို ဖမ်းချင်ရင် ခုနကပြောခဲ့တဲ့ သရေစည်သူ ထွန်းဝင်းနဲ့ ဆမ်ဆောင် မြန်မာပြည် ကိုယ်စားလှယ် သန်းဝင်းအောင်တို့ကို ဖမ်းလိုက်ပါ။
ဒါဆို မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ စတဲ့ မြို့တွေက ဘာသာရေး အဓိကရိုဏ်း တွေရဲ့ လက်သည်တရားခံတွေ ကိုပါ ဖော်ထုတ်နိုင်ပါလိမ့်မယ်။
ဒါတွေအားလုံးဟာ လာမယ့် ၂၀၁၅ အတွက်ပါ ကြိုတင်ပြင်ဆင်ထားတဲ့ နိုင်ငံရေးလုပ်ကြံမှု မိုင်းကြီးလည်း
ဖြစ်ပါတယ်။
ဒါကို မသိနားမလည်သူတွေက တက်နင်းမိရင်း လူတွေလည်း သေကြကြေကြ၊ အိုးအိမ်တွေလည်း မီးလောင် ဆုံးရှုံး၊ အမုန်းတရား တွေနဲ့သံသရာဝဋ်တွင်း ဆွဲသွင်းကာ ကုလားမလို့ သူတို့ ခေါ်တွင် တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကြိုတင် စီမံ ချက်တွေသာဖြစ်ပါကြောင်း တင်ပြရေးသား လိုက်ပါတယ်။
MM Play Boys
Labels: အထူးစုံစမ်း သတင်းဖော်ထုတ်ချက်
http://mmplayboys.blogspot.jp/2013/10/blog-post_6710.html
ဆက်လက် ဖတ်နိုင်မှာကတော့
အမာလိုင်း သုံးသပ်ချက် အဖြစ် တရုတ် ဗျူဟာအရွေ့နဲ့ အမာလိုင်းအုပ်စုရဲ့ ခြေလှမ်း
===============================================
မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးတယ်ဆိုတာ အမေရိကန်အပါအ၀င် ကမ္ဘာ့ နိုင်ငံကြီးတွေလည်း သိနေကြတယ်။

ဓာတ်ပုံထဲကသူတွေကို စာဖတ်သူတွေက သိပြီးသားမို့ မိတ်ဆက်မပေးတော့ပါ။
တကယ်တော့ တရုတ်ဟာ အာဏာရှိသူနဲ့ပဲ ဆက်ဆံလေ့ရှိခဲ့တာပါ။ ဒါပေမယ့် မြစ်ဆုံအလွန်ကာလ တရုတ်ရဲ့ အကျိုး စီးပွား ဘီလျံနဲ့ ချီပြီးထိခိုက်နစ်နာခဲ့ရတယ်။ တရုတ်အနေနဲ့ သူ့ နိုင်ငံ၊ သူ့တရုတ် အမျိုးသား ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် မြန်မာရဲ့ အကာအကွယ်ပေးမှုဟာ သံသယဖြစ်လာနေတာ ဆက်တိုက်ဆိုသလိုပဲ။
ဒီအတွက်ကြောင့် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားရေး ၀ါဒီတွေက မြန်မာကို သင်ခန်းစာပေးရမယ်ဆိုတဲ့ အသံတွေတောင် ထုတ်ဖော်ပြောဆိုလာကြတယ်။
မြန်မာလူထုအကြား တရုတ်ဆန့်ကျင်ရေး ဘယ်လောက်ထိ အမြစ်တွယ်နေလဲဆိုတာ သုတေသီ ဟန်ဆောင် ထားတဲ့ တရုတ်ထောက်လှမ်းရေးတွေ တသုပ်ပြီး တသုပ် မြန်မာပြည်ကို လာလေ့လာကြ တယ်။
မြစ်ဆုံကိစ္စဟာ တရုတ်အနေနဲ့ အတော်မျက်ကလူးဆန်ပြာ ဖြစ်သွားခဲ့ရလို့ပါဘဲ။ ဒီမှာပဲ တရုတ်အာဏာ ပိုင်တွေက မြန်မာမှာ ထားတဲ့ သံအမတ်ကို လဲလိုက်တယ်။ မြန်မာအပေါ် ထားတဲ့ ပေါ်လစီကို ပြန်သုံးသပ် လာတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အခြား ဒီမိုကရေစီအင်အား စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်သူရော၊ မကိုင်သူတွေရောနဲ့ မြန်မာမီဒီယာတွေထဲကို စိမ့်ဝင် ထိုး
ဖောက် ဖျားယောင်းသွေးဆောင်ပြီး ၀ယ်လို့ရတဲ့သူကို ၀ယ်တယ်။ ရံလို့ရတဲသူကို ရံတယ်။ ကာလို့ရတဲ့ သူကို ကာတယ်။ ဒီအထဲ ပြည်ပအခြေစိုက် အဖွဲ့အစည်းတချို့နဲ့ မီဒီယာသမားတချို့တောင် ပါသွားခဲ့တယ်။ ဒီလိုနဲ့ မြစ်ဆုံပြန်စရေး အတိုက်အခံ ဆိုသူတွေကို တရုတ်ပြည်ထိပါ ဖိတ်ပြီး သဘောထားပြန်တောက်ကြည့် တယ်။
ခက်တာက ၈၈ မျိုးဆက်အပါအ၀င် အတိုက်အခံဆိုသူတွေက လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တူတာတွဲလုပ်၊ မတူတာခွဲလုပ်မယ်ဆိုတဲ့ သဘောထားကို ပေးခဲ့ကြတော့ တရုတ်ကြီးလည်း ပြန်စဉ်းစား သွားရတယ်။
မြန်မာပြည်မှာ အာဏာတကယ်အခုချိန်ထိ ရှိနေတာ ဘယ်သူလည်းပေါ့။ ဒီတော့ နောက်ဆုံး အဖြေက တွေ့ သွားတယ်။ စစ်တပ်ပဲတဲ့။
ဒါကြောင့် စစ်တပ်ရဲ့ အကြီးအကဲ ကာ/ချုပ် မင်းအောင်လှိုင်ကို တရုတ်ပြည် ဖိတ်၊ ဒူးတိုက်ဆွေးနွေးရတာပေါ့။
ဒီနေရာ မှာ ကာ/ချုပ် မင်းအောင်လှိုင်က တရုတ်ကို မသွားချင်ပဲ သွားခဲ့ရတယ်လို့ MM Play Boys တို့က သတင်းရခဲ့တယ်။ ဖြစ်နိုင်ခြေရှိပါတယ်။
အရင်တပ်ချုပ်ကြီးက ဗိုလ်ချုပ်ဝေလွင်နဲ့ တဆင့် ပြော လိုက်တာကတော့ တရုတ်ဟာ ထာဝရ အိမ်နီးချင်း၊ မဖြစ်မနေ သွားရမယ်။ မသွားရင် အားလုံးရဲ့ အကျိုး စီးပွား ထိခိုက်ကုန်ရင် မကုန် မသာပေါ်ကုန်မယ် ဆိုတော့ မင်းအောင်လှိုင်လည်း သုပ်ခြေတင် ချန်ဒူးကနေ ပီကင်းထိ ပြေးရတော့တာပါဘဲ။
ဒါပေမယ့် ပြဿနာက အထည်အကြီးအတိုင်း ရှိနေသေးတယ်။ ဒါက မြန်မာပြည်တွင်းက တရုတ်မုန်းတီးရေး ဆန့်ကျင်ရေး စိတ်တွေနဲ့ လှုပ်ရှားမှုတွေပဲ။
ဒါတွေဟာ ပြီးခဲ့တဲ့ နှစ်က ရခိုင်ကိစ္စနဲ့ ကိုယ်ရှိန် သတ်သွားပေ မယ့် အကင်းမသေဘူးဆိုတာ တရုတ်က သိနေတယ်။ တရုတ်ရဲ့ အရွေ့က မြန်မာအပေါ် တအိအိ ဖိကျလာခဲ့တယ်။
ဒါကြောင့် အရင်က ဆက်ဆံကခဲ့တဲ့ စာဖတ်နေသူကြီးရယ်၊ ရှစ်လုံး ခေါ် သီဟသူရတင်အောင်မြင့်ဦးနဲ့ ဦးအောင်သောင်းတို့ အုပ်စုကို ပြန်ပြီး မျက်နှာသာပေး တိတ်တဆိတ်ဆက်ဆံမှုမျက်နှာစာ ပြန်ဖွင့်တယ်။
ဒီဘက်က ဦးအောင်သောင်းတို့လည်း ရေငတ်နေသူ ရေတွင်းထဲ ကျဆိုသလိုပဲ၊ အကြံတူတော့ မိတ်ဆွေပေါက်ဖော်ဟောင်းကြီးတွေနဲ့ အလွမ်းသင့်ပြီးသား။
ဗိုလ်သိန်းစိန်တို့ ပြုပြင်ပြောင်းလဲရေး သမားတွေက တရုတ်ရင်ခွင်ကနေ အမေရိကန် ရင်ခွင်ကို ချည်းကပ် ချင်သူတွေ၊ တနည်းအားဖြင့် တရုတ်နဲ့ အမေရိကန် ကြား နိုင်ငံရေး ကစားပြီး မုန့်ပိုကျွေးအောင် တောင်းနေ ချိန်၊ မြန်မာပြည်ကြီး အမေရိကန်နဲ့ နီးသွားရင် ငါတို့ ရှားထားသမျှတွေနဲ့ ရှားစားဖို့အတွက် အခက်တွေ့ ကုန်မှာ ကို စိုးရိမ်ကြီးလာတယ်။
တရုတ်အားကိုး ဦးအောင်သောင်းတို့ အမာလိုင်းတွေက တချိန်က စွမ်းအားရှင်ဆိုတာတွေနဲ့ လူပြန်စု၊ စနစ်တကျ မဟာစီမံကိန်းကြီးတွေချ၊ မထင်မှတ်ပဲ ကျိုးပေါက်လာတဲ့ အနောက်တံခါး အရေးကို အသံကုန် ကုန်းအော်ပြီး ဒီအနာမီးကို မငြိမ်းအောင် နည်းအဖုံဖုံ သုံးလာကြပြီး လူမျိုးရေး၊ ဘာသာရေး အဓိကရိုဏ်းတွေ ဖြစ်ဖို့ အကုန် ကွက်တိ အချိန်ကိုက် လုပ်ခဲ့တယ်။
ဒီလိုကိစ္စမျိုးက ဦးအောင်သောင်းက ကျွမ်းပြီးသာပါ။ ဒီပဲယင်းမှာ ဒေါ်စုကို လုပ်ကြံဖို့ လုပ်တုန်းကတည်းက အတွေ့အကြုံရှိပြီးသား။ ဒါကြောင့် သူလုပ်သမျှ စာဖတ်နေသူကြီးက ဘာမှ ၀င်မပြောဘဲ ကြည့်နေပေး တယ်။
ဒီပဲယင်း စကားစပ်လို့ ၊ ဒီပဲယင်းတုန်းက သုံးခဲ့တဲ့ ပညာမဲ့ ဆင်းရဲတဲ့စွမ်းအားရှင်တွေကို MM Play Boys စုံစမ်းတော့ အရေးပါတဲ့ တာဝန်ယူခဲ့သူတွေ ဆိုတာ ပျောက်နေတယ်။ မိသားစုကလည်း ဘယ်ရောက်နေ မှန်း မသိတာ ဖွင့်မပြောရဲအောင် ဖြစ်နေကြတယ်။ ငွေလေး မစို့မပို့ရပြီး သူတို့ဘ၀တွေ ဘယ်ပျောက်မှန်း မသိ ပျောက်ချက်သား ကောင်းနေတယ်။ စွမ်းအားရှင် တဦးအဆိုအရ လက်စဖျောက်လိုက်တယ် ဆိုဘဲ။
ဒီတော့ ဦးအောင်သောင်းလည်း ဆက်လုပ်ဖို့ စာဖတ်နေသူကြီးရဲ့ အားရော၊ တရုတ်လို အိမ်နီးချင်း အင်အားကြီး ဆွေမျိုးပေါက်ဖော်အားကြီးရှိတော့ ဆက်လုပ်လာလိုက်တာ ယနေ့ထိ မပြီးနိုင် ဖြစ်ပါတယ်။
အခု ဗုံးကွဲမှုတွေရဲ့ နောက်ကွယ်၊ လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေရဲ့ နောက်ကွယ်မှာ အမာလိုင်း သမားတွေ ဘယ်လို ရှိနေတယ်ဆိုတာ MM Play Boys က ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
MM Play Boys
http://mmplayboys.blogspot.jp/2013/10/blog-post_1459.html
Tuesday, October 15, 2013
မယ်လစခန်းအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးအလောင်း ထပ်မံတွေ့ရှိ
အောက်တိုဘာ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်းအပြင်ဘက် တိုဝါး(တံတားဖြူ)နေရာအနီးရှိ တောတွင်းတနေရာတွင် ယမန်နေ့က သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး၏ အလောင်းကို ထပ်မံ တွေ့ရှိခဲ့သည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
ယင်းအမျိုးသမီးအလောင်းမှာ မယ်လဒုက္ခသည်စခန်း ဇုံစီ၊ ရပ်ကွက် အမှတ်(၄-ဘီ)တွင် နေထိုင်သော အသက် ၇၈နှစ်အရွယ် ဒေါ်ကြင်မြိုင်ဆိုသူဖြစ်သည်။ သူမသည် ပြီးခဲ့သော စက်တင်ဘာလ ၂၇ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားပြီးနောက် ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့၊ နံနက် ၁၀နာရီကျော်မှသာ သူမ၏ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မယ်လစခန်း၏ ဇုံစီ အမှတ်(၄)ဘီ ရပ်ကွက်မှူး ကိုပါကာ့က “ကျနော်တို့သိရတာက အဖွားကြီးက အသက်ကြီး သူငယ်ပြန်နေပြီ ပေါ့နော်။ ကိုးလပိုင်း ၂၇ရက်နေ့က စပျောက်တာ မနေ့ကမှ ပြန်တွေ့တယ်ဆိုတော့ အလောင်းက ပုပ်ဆွေးနေပြီ။ အားလုံး ခန့် မှန်းကြတာကတော့ လျှောက်သွားလို့ အားအင်ပြတ်လပ်ပြီး သေဆုံးသွားတယ်လို့ ယူဆကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဒေါ်ကြင်မြိုင်သည် နေအိမ်မှပျောက်ဆုံးပြီး နောက်တစ်ရက်၌ သက်ဆိုင်ရာ စခန်းရပ်ကွက်ရုံးများသို့ ရပ်ကွက်တာဝန်ရှိသူများက အသိပေးအကြောင်းကြားပြီးနောက် ဆယ်ရက်ကျော်အကြာတွင် အလောင်းကို စခန်းပြင်ထွက်၍ ဟင်းသီးဟင်းရွက် ရှာထွက်သူ အမျိုးသားတစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်မှူး ကိုပါကော့က ဆက်ပြောသည်။
မယ်လစခန်း ဥက္ကဌ စောအောနက်က “အခု ပြန်တွေ့တဲ့ လူသေလောင်းဟာ မသင်္ကာဖွယ်ရာ ပုံစံမျိုးနဲ့ သေတယ်လို့ ပြောရခက် တယ်။ သူ့အသိုင်းအ၀ိုင်းက ပြောပြချက်အရ သူငယ်ပြန်နေတဲ့ အဖွားဟာ အသက်ကြီးတာနဲ့အမျှ ခြေဦးတည့်ရာ လျှောက်သွား လို့၊ အစာရေစာပြတ်လို့ သေသွားတယ်လို့လည်း မှတ်ချက်ပေးနေကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ရက်နေ့ကလည်း မယ်လဒုက္ခသည်စခန်း (ဇုံ-စီ)ရပ်ကွက်အနီးရှိ တောတွင်းတနေရာတွင် ဒဏ်ရာ များဖြင့် သေဆုံးနေသူ မယ်လဒုက္ခသည်အမျိုးသမီးတစ်ဦး၏ အလောင်းကို စခန်းတာဝန်ရှိသူများက တွေ့ရှိခဲ့သေးသည်။
မယ်လစခန်း KWO ဥက္ကဌ နော်ကို့လို့ဝါးက “လူသေဆုံးမှုနှစ်ခုက ရှေ့ဆင့်နောက်ဆင့် ဆိုသလိုဖြစ်ပေမဲ့ ဆက်စပ်မှုရှိမရှိတော့ မသိဘူး။ အခုအလောင်းက အရိုးလောက်ပဲ ကောက်ယူလို့ရတဲ့အနေအထားမို့ အရင် သေဆုံးသလို ဖြစ်နေတယ်။ ဒီကိစ္စတွေက ဖော်ထုတ်ရခက်ပေမဲ့ အမျိုးသမီးတွေရဲ့ လုံခြုံမှုအတွက် စိုးရိမ်ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ဒေါ်ကြင်မြိုင်၏ ရုပ်အလောင်းကို ယမန်နေ့ညနေ ၅နာရီက မယ်လစခန်းသင်္ချိုင်းတွင် မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီး သူမတွင် မုဆိုးမသမီး ၁ဦးနှင့် မြေး ၉ဦး ကျန်ရစ်ခဲ့သည်။
ပညာရေးဆိုင်ရာ ဆုံးဖြတ်ချက် ၁၂ချက်ကို ကော့ကရိတ်မြို့နယ် KED ချမှတ်
အောက်တိုဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း
ကရင်ပညာရေးဌာန(KED)၏ လက်အောက်ခံ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ဒေါနအရှေ့ဘက်ခြမ်းအခြေပြု KED အဖွဲ့က ဒေသအတွင်းရှိ ပညာရေးအဆင့်အတန်း မြင့်မားလာရေးနှင့် ရှေ့ဆက်လုပ်ဆောင်မည့် ပညာရေးလုပ်ငန်းများအတွက် ဆုံးဖြတ် ချက် ၁၂ချက်ကို ချမှတ်လိုက်သည်။
အဆိုပါ KED အဖွဲ့မှ ဦးစီး၍ ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် လေးဝေါ်ဒေသ၌ စက်တင်ဘာ ၁၀ရက်မှ ၁၁ရက်နေ့အထိ ပြုလုပ်သော ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တွင် ထိုဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဆုံးဖြတ်ချက် ၁၂ချက်တွင် KED နှင့် အစိုးရပညာရေးဌာနတို့ အမြန်ဆုံးတွေ့ဆုံရေး၊ KNU ဒေသရှိ အစိုးရတွဲဖက် KED ကျောင်း များ၌ ကရင်အလံလွှင့်ထူနိုင်ရေး၊ ကရင်စာပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားနိုင်ရေး၊ ပညာရေးအထောက်အကူပေးသော အဖွဲ့အစည်းများအနေဖြင့် KED ၏ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များသို့ အဆင့်ဆင့်တင်ပြပြီးမှသာ လုပ်ငန်းများလုပ်ဆောင်ရေး၊ ကျောင်းသားများကို အသိအမှတ်ပြုပေးရေးနှင့် ချိတ်ဆက်ပညာသင်ကြားနိုင်ရေး စသည့်အချက်များ ပါဝင်သည်။
ထိုပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ဒူးပလာယာခရိုင်၊ မြို့နယ်အတွင်းရှိ အသီးသီးမှ ပညာရေးဆိုင်ရာ တာဝန်ရှိသူများ၊ ကလို့ထူး ဘောကရင်အဖွဲ့အစည်း(KKO)၊ ကရင်အခြေပြုအဖွဲ့ကွန်ရက်မှ တာဝန်ရှိသူများ စုစုပေါင်းလူဦးရေ ၇၀ကျော် တက်ရောက်ခဲ့ကြပြီး KED နှင့် အစိုးရပညာရေးဌာန၏ လက်ရှိအခြေအနေနှင့် ရှေ့ဆက် သွားမည့်လုပ်ငန်းများ၊ သင်ရိုးညွန်းတမ်းများ၊ KED ပညာရေး ဆိုင်ရာ ထောက်ပံ့မှုများနှင့် ကျောင်းဆရာ၊ ဆရာမ အရည်အချင်း မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတက်ရောက်သည့် ကရင်အခြေပြုအဖွဲ့ကွန်ရက်မှ ပြောခွင့်ရသူ စောဖိုးကွီက “အခုပြုလုပ်တဲ့ ပညာရေးဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲဟာ ဒေါနအရှေ့ခြမ်းမှာရှိတဲ့ KED ရဲ့ ပညာရေးကျောင်းများအတွက်သာ ကိုယ်စားပြုတာ ဖြစ်တယ်။ ဆွေးနွေးပွဲရဲ့ ဆုံး ဖြတ်ချက်ကိုတော့ သက်ဆိုင်ရာ KED (ဗဟို)ကို တင်ပြသွားမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
KED သည် ၂၀၀၀ခုနှစ်မှစ၍ မြန်မာပြည်အရှေ့ဘက်ခြမ်း မြို့နယ် ၂၄ခုနှင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၇ခု မှ ကျောင်းသားကျောင်းသူပေါင်း သုံးသိန်းငါးသောင်း(၃၅၀,၀၀၀)ကျော်ကို ပညာရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်လုပ် ဆောင်လျှက်ရှိသည်ဟု သိရသည်။
ပရိယာယ်မျိုးစုံ ကျင့်သုံးနေမှုများ ရပ်တန်းကရပ်သင့်ပြီ
(မောင်ကျော်စွာ)
၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၁၀ရက်
လူအများက ယခုလတ်တလော စိတ်ဝင်တစား အကဲခတ် စောင့်ကြည့်နေကြသည့် ကိစ္စများထဲတွင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ”သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါလိမ့်မည်။ ယခုလ(အောက်တိုဘာ)အတွင်း ဖြစ် မြောက်ရန် အစိုးရဘက်မှ ကြံစည်နေပါသည်။
ယင်းကိစ္စအပေါ် နိုင်ငံရေးရှုဒေါင့်မှ ပြောရမည်ဆိုလျှင် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခြင်း”ကိစ္စ သည် အစိုးရဘက်မှသာ တာဝန်ယူ ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို လိုလားသည့်/ အပြုသဘောဆောင် သည့် ဖော်ပြချက်အဖြစ် အစိုးရဘက်မှ တစ်ဖက်သတ် ကြေညာပေးရမည့်ကိစ္စလည်း ဖြစ်သည်။
စစ်ရေးရှုဒေါင့်မှ ပြောရမည်ဆိုလျှင်လည်း ဗျူဟာမြောက် ထိုးစစ်ကြီးများကို အစိုးရစစ်တပ်ဘက်မှသာ ပြုလုပ်နိုင်သည့် ကိစ္စ / ပြုလုပ်မြဲကိစ္စဖြစ်ပါသည်။ အစိုးရစစ်တပ်ဘက်မှ ယင်းသို့သော ဗျူဟာမြောက် ထိုးစစ်ကြီးများကို ရပ်ဆိုင်းထားလိုက်ပြီဆို လျှင် တိုက်ပွဲဖြစ်စရာ / သေနတ်သံ ထွက်ပေါ်လာစရာ အကြောင်းမရှိတော့ချေ။
သို့သော်လည်း မြင်တွေ့သိရှိနေရသည့်အတိုင်း ပြောရလျှင် သမ္မတဦးသိန်းစိန်အစိုးရသည် တစ်ပြည်လုံး အပစ်အခတ် ရပ်စဲကြောင်း တာဝန်ယူပြီး ကြေညာနိုင်သည်မဟုတ်။ သမ္မတနှင့် အစိုးရသည် စစ်တပ်အပေါ် အမိန့်ပေးညွှန်ကြားနိုင်ခြင်းမရှိ၊ စစ်တပ်ကလည်း သမ္မတနှင့် အစိုးရ၏ ညွန်ကြားချက်များကို နာခံသည်မဟုတ်ချေ။ ယင်းသို့သမ္မတ၏ ညွန်ကြားချက်ကို စစ်တပ် က မနာခံသည့်ဖြစ်ရပ်ကို ကချင်ပြည်နယ်ထိုးစစ်များအတွင်း အထင်အရှား သိမြင်သဘောပေါက်ခဲ့ကြပြီး ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်နှင့် သူ့အစိုးရသည် စစ်တပ်အပေါ် သြဇာမညောင်းသကဲ့သို့ လူသတ်၊ မီးရှို့၊ ဘာသာရေးခုတုံးလုပ်နေသည့် အကြမ်း ဖက်သမား လူရမ်းကားများကိုလည်း ထိရောက်စွာ ထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိပါ။ ဤအချက်ကိုလည်း မကြာမြင့်မီကာလက ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သမ္မတဦးသိန်းစိန် ရောက်ရှိနေစဉ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများက သက်သေပြသနေပါ သည်။
တစ်ပြည်လုံး အပစ်အခတ်ရပ်စဲပြီးလျှင် နိုင်ငံရေးဆွေးနွေးစတင်ရေး ဖြစ်ပါသည်။ သို့သော်လည်း လက်ရှိ ဖြစ်ပေါ်နေ သည့် အခြေအနေမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ မည်သည့်နေ့ရက်တွင် စတင်မည်/ မည်သည့်အဖွဲ့ အစည်းများက ပါဝင်လက်မှတ်ရေးထိုးမည် / မထိုးမည် စသည့်ကိစ္စများမှာ မရေရာ မသေချာလှသော အနေအထားဖြစ်ပါသည်။
၂၀၀၈ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများ၊ လူ့အခွင့်အရေးစံနှုန်းများ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနှုန်း များဖြင့် ကိုက်ညီခြင်းမရှိသည်ကို နိုင်ငံရေးအင်အားစုတိုင်းက နားလည် သဘောပေါက်ထားပြီးဖြစ်သည့် ကိစ္စများ ဖြစ်ပါသည်။
ထို့အပြင် အစိုးရအဆက်ဆက်သည် ပြည်တွင်းစစ်ပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းခဲ့။ စစ်ရေးနည်းဖြင့် အပြုတ်တိုက် ချေမှုန်းရေးကို အဓိကထားခဲ့ပြီး။ “စေ့စပ်ဆွေးနွေးရေး”ကို ပရိယာယ်တစ်ရပ်၊ လှည့် ဖြားဖြိုခွဲသည့် နည်းလမ်းတစ်ရပ်အဖြစ် ကျင့်သုံးခဲ့ကြသည်။ သို့ဖြင့် “လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ခြင်း”၊ လက်နက်နှင့် ငြိမ်း ချမ်းရေးလဲလှယ်ခြင်း”၊ “လက်နက်နှင့် လက်ပ်တော့/ကားပါမစ်လဲလှယ်ခြင်း” စသော လက်နက်ချအညံ့ခံသည့်ပုံစံမျိုးစုံ ဖြစ်ရပ် များ ပေါ်ပေါက်ခဲ့ရသည်။ လူမျိုးပေါင်းစုံ ပြည်သူများအတွက်မူ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တန်းတူရေးနှင့် ကိုယ်ပြဋ္ဌာန်းခွင့်ရှိရေး တို့မှာမူ ဝေးနေမြဲ၊ ဝေးနေဆဲပင် ဖြစ်ပါသည်။
သို့ပါ၍ လက်ရှိ ဦးသိန်းစိန်အစိုးရအနေဖြင့်လည်း ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးကို တကယ်တမ်း လိုလားသည်ဆို လျှင် သဘောထားမှန်ဖို့ လိုပါသည်။ နိုင်ငံရေးအင်အားစုအားလုံးနှင့် တန်းတူရည်တူ၊ ဒီမိုကရေစီနည်းကျ ဆွေးနွေးဖြေရှင်းဖို့ လိုပါသည်။
တိုင်းရင်းသားအင်အားစုများဘက်မှ “ခွဲထွက်မည်မဟုတ်”ဟူသည့် သဘောထားအခြေခံကို ဦးသိန်းစိန်အစိုးရအနေဖြင့် သိရှိထားပြီးဖြစ်သည်။ သို့ပါ၍ အပြန်အလှန်အားဖြင့် တိုင်းရင်းသားလူမျိုးများ အစဉ်တစိုက် တောင်းဆိုခဲ့ကြသည့် တန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို တိတိကျကျ၊ ခိုင်ခိုင်မာမာ အာမခံချက်ပေးရန် ဦးသိန်းစိန်အစိုးရတွင် တာဝန်ရှိနေပါ သည်။
သို့ပါ၍ လက်နက်ချအညံ့ခံလာရေးအတွက် ပရိယာယ်မျိုးစုံဖြင့် ကျင့်သုံးလုပ်ဆောင်နေမှုများကို ရပ်တန်းက ရပ်သင့် ပေပြီ။ လူမျိုးပေါင်းစုံ ပြည်သူများ၏ ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး၊ ဒီမိုကရေစီအရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်မည့် ညီလာခံကြီးတစ်ရပ်ကျင်းပပြီး အနာဂတ် ဒီမိုကရေစီ ပြည်ထောင်စု၏ ပုံစံပြာကို ဆွေးနွေးညှိနှိုင်းရေး ဆွဲချမှတ်ကြရန် လိုအပ်ပါသည်။
Tuesday, October 1, 2013
ဒုက္ခသည်အရေးဆောင်ရွက် ရန် ဦးဆောင်ကော်မတီ တစ်ခုဖွဲ့ မည်
စက်တင်ဘာ ၂၈ရက်။ ၂၀၁၃ခုနှစ်။ စောထွန်းလင်း
ဒုက္ခသည်အရေး ဆောင်ရွက်ရန် ကရင်ဒုက္ခသည်ကော်မတီ(KRC)က ဦးဆောင်ကာ ကရင်လူထုအခြေပြု အဖွဲ့ အစည်းများနှင့် ကေအဲန်ယူတို့ ပါဝင်သည့် ဦးဆောင်ကော် မတီတစ်ခု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်ဒုက္ခသည်ကော်မတီ၊ ကရင်လူထုအခြပြုအဖွဲ့အစည်းများနှင့် ကေအဲန်ယူ၏ ဒုက္ခသည် ပြန်လည်နေရာချထားရေးဆိုင်ရာ ကော်မတီတို့သည် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ စက်တင်ဘာ၂၆ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ-၇ နယ်မြေ လေးဝါး စခန်း၌ တစ်နေ့တာ ဆွေးနွေးခဲ့ပြီး ယခုကဲ့သို့ ဦးဆောင်ကော်မတီတစ်ခုဖွဲ့စည်းရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် ဒုက္ခသည်များအား ပြန်လည်နေရာချထားရေးဆောင်ရွက်ရာတွင် အများပြည်သူ သဘောတူနိုင်သည့် အခြေအ နေဖြစ်ရန်၊ လုံခြုံစိတ်ချမှုရှိပြီး ဂုဏ်သိက္ခာရှိရှိ ဖြစ်စေရေး စသည့်အချက်များနှင့်အညီ အဖွဲ့အစည်းတစ်ခု၊ ကော်မတီတစ်ခုဖွဲ့စည်း ရန် သဘောတူခဲ့ကြောင်း KRC အတွင်းရေးမှူး စောပွယ်စေးက ပြောဆိုသည်။
“ဆွေးနွေးပွဲမှာ ဒုက္ခသည်အရေး စနစ်တကျ ဆောင်ရွက်ဖို့ ဦးဆောင်ကော်မတီတစ်ခု ရှိသင့်တယ်။ ဒုက္ခသည်အရေးက KRC နဲ့ ဆိုင်တော့ ဦးဆောင်ဖွဲ့သွားမယ်။ ဒီကော်မတီမှာ လူထုအခြေပြုအဖွဲ့တွေရော၊ စခန်းထဲက တာဝန်ရှိသူတွေရော အလွှာစုံပါ အောင် ဖွဲ့သွားမယ်။ ဒီအတွက် အစည်းအဝေးထပ်လုပ်ဖို့ ရှိတယ်။”ဟု စောပွယ်စေးက ပြောသည်။
ယင်းဦးဆောင်ကော်မတီအနေဖြင့် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ အာဏာပိုင်များ၊ ကုလအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် တွေ့ဆွေးနွေးခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး ကော်မတီ၏ လုပ်ငန်း တာဝန် အသေးစိတ်ကို KRC က အောက်တိုဘာ ၁၆ရက်နေ့တွင် အစည်းအဝေး ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကော်မတီဖွဲ့တာက အမည်ခံလေးမဟုတ်ဘဲနဲ့ လက်တွေ့ကျကျ၊ စနစ်တကျ လုပ်ဆောင်စေချင်တယ်။ နောက်ပြီး နိုင်ငံရေး ဖြစ်ပေါ်မှုပေါ် မူတည်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အချိန်အခါ၊ အခြေအနေကိုလည်း သေချာစဉ်းစားပေးသွားစေချင်ပါတယ်။ ဒုက္ခ သည်ဆိုတာနဲ့ အထင်အမြင်သေးမှုတွေရှိတော့ လူ့ဂုဏ်သိက္ခာရှိရှိ စဉ်းစားဆောင်ရွက်စေချင်တယ်။”ဟု နို့ဖိုးဒုက္ခသည်စခန်းမှ မူ့ထူးက ပြောသည်။
၎င်းဆွေးနွေးပွဲသို့  KYO ၊ KWO အစရှိသည့် ကရင်လူထုအခြေပြုအဖွဲ့ ၁၆ဖွဲ့၊ ကရင်ဒုက္ခသည်ကော်မတီနှင့် ကေအဲန်ယူ ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောဒေါ့လေးမူ၊ ပဒိုစောလှထွန်း၊ ပဒိုစောဘထွန်း စသည့်ခေါင်းဆောင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်
။
Leave a comment!
အိမ်မပြန်နိုင်သေးတဲ့ မြန်မာ ဒုက္ခသည်များ
Published 30.09.2013
မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲတွေ စပြီး လုပ်လာခဲ့ပေမဲ့လည်း ထိုင်းနိုင်ငံမှာခိုလှုံ နေကြတဲ့ မြန်မာနိုင်ငံကဒုက္ခသည် တသိန်းသုံးသောင်းလောက်ကတော့ မကြာခင် အိမ်ပြန်နိုင်ဖို့ မျှော်လင့်မထားကြပါဘူး။ ကိုယ့်အိုးကိုယ့်အိမ်တွေဆီ ပြန်ကြရမယ့်အရေးကို စိုးရိမ်ပူပန်နေကြတယ်ဆိုတာ ပထမဆုံးအကြိမ် ကောက်ယူခဲ့တဲ့ ကုလသမဂ္ဂ စစ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ ဗွီအိုအေသတင်းထောက် Steve Herman ဘန်ကောက်မြို့တော်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

0 အကြံပြုခြင်း:
Post a Comment