Tuesday, October 27, 2009

လူငယ်များ၏ စကားလက်ဆောင်


(အောက်တိုဘာ ၂၀၀၉)

စောရေးနယာ ၂၃နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းလွန်ကျောင်း

ကျနော့်ဇာတိက တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စီဂဲဒဲကျေးရွာပါ။ လက်ရှိမှာတော့ ကျနော့်တို့မိသားစု မယ်လအူးဒုက္ခသည် စခန်းမှာပဲ နေတယ်။ မောင်နှမ ၄ယောက်မှာ ကျနော်က အငယ်ဆုံး။ ပြည်တွင်းမှာ ၉တန်းအထိ ကျောင်းနေခဲ့ပေမဲ့ အစိုးရ ကျောင်းမဟုတ်ဘူး။ တောင်ငူခရိုင် တောထဲမှာဖွင့်တဲ့ ကော်သူးလေအထကကျောင်းမှာ တက်ခဲ့တယ်။ စစ်အစိုးရရဲ့ ဖိနှိပ်မှု အောက်မှာ ကျောင်းတက်ရင်း ပြေးလွှားရင်းပဲ။ ဒါပေမယ့် ပညာရေးဟာ ကျနော်တို့အတွက် အရေးကြီးတော့ ကျနော် တစက် ကလေးမှ စိတ်ဓါတ်မကျခဲ့ဘူး။ နအဖ စစ်အစိုးရတပ်လာရင် စာကောင်းကောင်း မသင်ရဘဲ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရ တယ်။ သေဘေးက လွတ်မြောက်ဖို့ တောတောင်မှာ ထွက်ပြေးရင်း ထမင်းကို ဆားနဲ့နယ်စားခဲ့ရတဲ့ ဒုက္ခမျိုးကို ကျနော့်ဘ၀မှာ ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ဘူး။ ဒီလိုအခက်အခဲကြားမှ ရုန်းကန်ကြီးပြင်းခဲ့ရတဲ့ ကျနော်ဟာ မယ်လအူးစခန်းမှာ ဆယ်တန်း အောင်ခဲ့တယ်။ ကျနော်တို့နေခဲ့တဲ့ ပြည်တွင်းက ကျောင်းလေးဟာလည်း စစ်အစိုးရတပ်ကြောင့် အခုဆို မရှိတော့ဘူး။

(၁၀)တန်းအောင်ပြီးတဲ့နောက် ကျနော်က နိုင်ငံရေးစိတ်ဝင်စားတဲ့အခါကျတော့ စခန်းမှာဖွင့်တဲ့ ကရင်လူငယ်ခေါင်းဆောင်နဲ့ စီမံခန့်ခွဲမှုကျောင်း(Karen Youth Leadership and management Training Course)ကို တက်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ နဂို ကတည်းက စိတ်ပါ၊ မိဘတွေကလည်း သဘောတူတဲ့အခါကျတော့ အဲဒီကျောင်းမှာ ကျနော် ၂နှစ်တက်ခဲ့တယ်။ အတွေ့အကြုံ အများကြီးရတယ်။ အဲဒီ (Post Ten)ကျောင်းပြီးတော့ သူငယ်ချင်းတယောက်ရဲ့ အဆက်အသွယ်နဲ့ နိုင်ငံရေးသင်တန်းကို တက်ခွင့်ရခဲ့လို့ ကျနော် အရမ်းဝမ်းသာတယ်။ ကိုယ်သင်ထားတဲ့ပညာနဲ့ တနေ့နေ့ကျရင် ကျနော်တို့မြန်မာပြည်သူတွေအတွက် အကျိုးပြုနိုင်မယ်လို့ ယုံကြည်တယ်။ အထူးသဖြင့် ဒီသင်တန်းပြီးရင် တောင်ငူခရိုင်ဘက်ကို ပြန်ဆင်းပြီး ပြည်သူတွေကို နိုင်ငံ ရေးအမြင်နိုးကြားစေမဲ့ ပညာပေးမှုတွေလုပ်ဖို့ စိတ်အားထက်သန်တယ်။

ကျနော်နိုင်ငံဟာ မလွတ်လပ်သေးတော့ လုပ်စရာရှိတာ လုပ်သွားရမှာပဲ။ လုပ်ရင်း ငါးပိရည်နဲ့ ထမင်းစားရလည်း မမှုဘူး။ အဓိ က ကျနော်တို့ မျှော်မှန်းတဲ့ပန်းတိုင် ရောက်ဖို့ပဲ။ ရောက်မယ်လို့လည်း ယုံကြည်တယ်။ ဒီလိုလုပ်တဲ့အခါမှာ လူငယ်တွေရဲ့အင် အား အများကြီး လိုအပ်တယ်။ နောင်တချိန်မှာ လူကြီးဖြစ်လာမဲ့ လူငယ်တွေကို ကျနော်အထူးပြောချင်တာကတော့ “အောင် မြင်ကျော်ကြားတဲ့သူတွေဖြစ်ဖို့ မကြိုးစားပါနဲ့။ တန်ဖိုးရှိတဲ့လူ ဖြစ်အောင်ကြိုးစားပါလို့”တိုက်တွန်းချင်တယ်။



စောဖိုးထူး ၁၉နှစ်
ဝါသနာ နိုင်ငံရေး
ပညာရေး အထက်တန်းအောင်


ကျနော်ရဲ့ဇာတိက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နို့လားကျေးရွာကပါ။ မောင်နှမ (၃)ယောက်ထဲမှာ ကျနော်က အငယ်ဆုံးပါ။ ကျနော်သုံးလသားအရွယ်ကတည်းက အဖေဆုံးသွားတော့ အခုဆို အမေပဲ ရှိတော့တယ်။ အဖေမရှိတဲ့နောက် ကျနော်တို့ မိသားစုအခြေအနေက သိပ်မကောင်းတော့ဘူး။ နောက် ရွာက နယ်မြေအခြေအနေကလည်း မတည်မငြိမ်ဖြစ်လာ တဲ့အခါကျတော့ ၁၉၉၇ခုနှစ်မှာ ကျနော့် မိသားစုတစုလုံး ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါးကရင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေ ထိုင်လာခဲ့ရတယ်။

မြန်မာပြည်မှာ သူငယ်တန်းအထိပဲ ကျောင်းတက်ခဲ့ရပြီး ၆တန်းနှစ်ကစလို့ မဲခေါင်ခါးဒုက္ခသည်စခန်းက အမှတ်(၃) အထက ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ မဲခေါင်ခါးစခန်းကနေ မယ်လအူးစခန်းကိုပြောင်းတော့ အဲဒီမှာပဲ ဆယ်တန်း အောင်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးတော့ အမျိုးသားဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအင်အားစု(အဲန်ဒီဒီ)ကဖွင့်တဲ့ ခြောက်လ ကြာ နိုင်ငံရေးသင်တန်းတခုကို တက်ရောက်နေတယ်။ ကျနော်ငယ်ငယ်တုန်းက ဖြစ်ချင်တာတွေ အများကြီးပဲ။ အစကတော့ ဂီတသမား၊ အားကစားသမား အရမ်းဖြစ်ချင်တာ။ အရွယ်ရောက်လာတဲ့အခါကျတော့မှ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ပိုမို နားလည်သဘောပေါက်လာတယ်။ ဒုက္ခသည်မှာနေရတာက တကြောင်း၊ နောက် ကိုယ့်နိုင်ငံက မအေးချမ်းတဲ့အခါကျတော့ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ လုပ်ရတာပေါ့။ နောက်ဆုံး ကိုယ့်အမျိုးသား လွတ်မြောက်ရေးအတွက် လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး နိုင်ငံရေးလုပ်ဖို့ ရည်ရွယ်ထားတော့ နိုင်ငံရေးကို ရှေ့ဆက် လေ့လာသွားမယ်။

စခန်းထဲမှာနေတုန်းက နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး။ နအဖ စစ်အစိုးရ မကောင်းတဲ့အတွက် ကိုယ့်နိုင်ငံထဲမှာ နေခွင့် မရတာကို သိပေမယ့် ဘယ်လိုမကောင်းတာလဲဆိုတာတော့ မသိဘူး။ အခုလိုမျိုး သင်တန်းတက်တဲ့အခါကျတော့ တော်တော် လေး မျက်စိပွင့်၊ နားပွင့်လာတယ်။ ဖြစ်နိုင်ရင် ကျနော်ကတော့ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို နိုင်ငံရေးအသိစိတ်ဓါတ် နိုး ကြားလာစေဖို့ ပညာပေးမှုတွေ ဆောင်ရွက်ချင်တယ်။ ဖြစ်မြောက်အောင်လည်း ကြိုးစားမယ်။ ကျနော်တို့နိုင်ငံက မလွတ် မြောက်သေးဘူး။ အခုထက်ထိ စစ်အစိုးရအုပ်အုပ်ချုပ်မှုအောက်မှာပဲ နေနေရတယ်။ ဒါကြောင့် ကျနော်တို့လို လူငယ်တွေအ နေနဲ့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ ဒါမှ အနာဂတ်က လှပလာမှာ။ လူငယ်တွေဟာ ဘယ်နေရာမှာပဲရောက် ရောက် ကိုယ့်လူမျိုးကို မမေ့ဖို့နဲ့ ကိုယ့်လူမျိုးအတွက် တတ်နိုင်ဘက်က ကူညီထောက်ပံ့ပေးကြစေချင်တယ်။


ကရင်သတင်းစဉ် မှကူးယူဖော်ပြသည်။

No comments: