Published on February 27, 2012 by ဒီဗွီဘီ · No Comments
ဒုတိယကမ္ဘာစစ်အတွင်း
က ဖက်ဆစ်ဂျပန်တွေ ဖောက်လုပ်ခဲ့တဲ့ ထိုင်း-မြန်မာ
ဆက်လမ်းကြောင်းဖြစ်တဲ့ သေမင်းတမန်ရထားလမ်းကို ပြန်လည်
ဖောက်လုပ်ပါတော့မယ်။
မွန်ပြည်သစ်ပါတီနဲ့
အပစ်အခတ် ရပ်စဲပြီးတဲ့အခါ သေမင်းတမန် ရထားလမ်းကို ပြန်လည်
ပြုပြင်မယ့်အကြောင်း အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့
မော်လမြိုင်မြို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ဝန်ကြီး
ဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးတွေ ရပြီးရင် ဘုရားသုံးဆူနဲ့
မော်လမြိုင်၊ သံဖြူဇရပ်။ အရင်တုန်းက သေမင်းတမန်လမ်း မိုင်
၆ဝပဲရှိတယ်။ အဲ့ဒါကို ပြီးအောင်ဖောက်မယ်။ ဒါ တခုပေါ့။
တိုင်းရင်းသားတွေလည်း ဆောင်ရွက်နိုင်မယ်။ နောက်
စက်မှုလက်မှုလုပ်ငန်းတွေ အခြေအနေအခွင့်အလမ်းတွေ ရမယ်ပေါ့။
ငြိမ်းချမ်းရေးအဖွဲ့တွေလည်း ရှိနေတော့
လုပ်ငန်းနဲ့ပတ်သတ်ပြီးတော့ သေချာပြောသွားတယ်။”
မွန်ပြည်သစ်ပါတီနဲ့
အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင် မော်လမြိုင် ကမ်းနားလမ်းက
ထူးဟိုတယ်မှာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ညက ကျင်းပတဲ့ ညစာစားပွဲမှာ
ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ရပ်မိရပ်ဖတွေကို ဖိတ်ကြားရာမှာ
ပြောဆိုခဲ့တာပါ။
ရထားလမ်း ပြန်လည်ပြုပြင်ရေးမှာ တိုင်းရင်းသားလုပ်ငန်းရှင်တွေ ပါဝင် ဆောင်ရွက်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။
သေမင်းတမန်
ရထားလမ်းကို ထိုင်းနိုင်ငံ ဘန်ပေါင် (Ban Pong) ဘူတာမှ သံဖြူဇရပ်
ဘူတာအထိ မိုင် ၁၇၀ ကျော်ကို အရင်တုန်းက ချွေးတပ်သားနဲ့
စစ်သုံ့ပန်းတွေကို အဓမ္မခေါ်ယူခိုင်းစေပြီး ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသား ၇၈၀,၀၀၀ အပါအဝင် မဟာမိတ်စစ်သုံ့ပန်းတွေ ထောင်နဲ့ချီ
သေဆုံးခဲ့တဲ့ မီးရထားလမ်းပိုင်း ဖြစ်ပါတယ်။
ညစာစားပွဲကို
ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ မီးရထားဝန်ကြီး ဦအောင်မင်း၊
ဦးစိုးသိန်းနဲ့ လျှပ်စစ်ဝန်ကြီး၊ သစ်တောဝန်ကြီးတို့လည်း
တက်ရောက်ပြီး တိုင်းရင်းသားတွေ လုပ်ငန်းတွေ လုပ်ခွင့်ရဖို့
ဖွင့်ပေးထားပုံနဲ့ မွန်နဲ့ ကရင်နယ်တွေမှာ ဒေသခံတွေ အလုပ်အကိုင်
အခွင့်အလမ်း ပေါ်ပေါက်စေမယ့် စက်မှုဇုန်တွေ အကောင်အထည်ဖော်ရေး
ကိစ္စတွေ ပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ငြိမ်းချမ်း
ရေးအပိုင်းလည်း တဖက်က ဆွေးနွေးကြတယ်ပေါ့။ ကျနော်တို့
မြို့မိမြို့ဖတွေအနေနဲ့ ကုန်သည်တွေအနေနဲ့ကတော့
လုပ်ငန်းကိစ္စတွေကို ဖွင့်ပေးတဲ့ သဘောမျိုးပဲ။ ဦးစိုးသိန်းကတော့
ဘယ်ကိစ္စမျိုးမဆို သူ့ဆီလာခဲ့ပါ တနာရီမကြာစေရဘူး။
သူလုပ်ပေးမယ်ဆိုပြီး မြို့မိမြို့ဖတွေကို ကတိပေးတယ်ပေါ။့
ကျနော်တော့ သိပ်တော့ သဘောမတွေ့လှပါဘူး။ သူပေးတာတွေက
ကြီးမားတဲ့ လုပ်ငန်းစဉ်တွေလေ။ စီမံကိန်း အကြီးတွေဆိုတော့
တိုင်းရင်းသားတွေက အဆင်သင့် မဖြစ်သေးဘူးလို့ ထင်တယ်လေ။”
ဒါပေမယ့်
ဒီလို ရင်းနှီးမြှုပ်နှံမှု ကြီးမားတဲ့ လုပ်ငန်းတွေအတွက် ဒေသတွင်း
တည်ငြိမ်ရမှာ ဖြစ်သလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ လာမှလည်း
လုပ်ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင်
ရပ်မိရပ်ဖ လုပ်ငန်းရှင်တွေ ဘက်ကလည်း လာမယ့်နှစ် ခရီးသွားရာသီမှာ
အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်မြောက်လို့ ခရီးသည်တွေလာရင် တပိုင်တနိုင်
ခရီးသွားလုပ်ငန်းတွေကို အားပေးကူညီဖို့ တိုက်တွန်းခဲ့ကြတယ်လို့
ဆိုပါတယ်။
ဒီညစာစား
ပွဲဟာ ဒီလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပြီး ၂၅ ရက်နေ့မှာတော့
အစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား အပစ်အခတ်ရပ်စဲပြီး
နိုင်ငံရေးဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။
No comments:
Post a Comment