ရခိုင်ပြည်နယ်တွင်
ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရန် လှုံ့ဆော်ဦးဆောင်ကြသူများတွင်
ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင်
ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါဖြစ်စဉ်တွင်
ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင်
သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင်
ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊
ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ်ဝယ်ယူထားသော
၎င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော
စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့
နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။
No comments:
Post a Comment