Monday, July 30, 2012
ဘာဆက်လုပ်ကြမလဲ
(မင်းစိုးစံ)
ကရင်မတွေက အရမ်းလွယ်တာပဲ ဆိုတဲ့ စကားမျိုးကြားဘူးကြပါသလား။
ကြားရတာ သိပ်တော့အဆင်မပြေဘူးဆိုတာ သိပါတယ်။
ဘယ့်နှယ်ဗျာ ကရင်မတွေက သိပ်လွယ်တာပဲဆိုကတည်းကိုက အရင်းမရှိအဖျားမရှိ တုံးတိတိကြီးလေ။ ဒီစကားကိုပြောတဲ့လူတွေက ကရင်မနဲ့အိမ်ထောင်ကျအပြီး စီးပွါးရေးမှာ အတော်အသင့်အောင်မြင်သွားတယ်
လို့ ပြောနိုင်တဲ့တရုတ်တွေပါ။
သိတယ်မဟုတ်လား ၀မ်းခါ(ကော်မူးရာ)ကရင်တွေရဲ့ ရွှေခေတ်က စခန်းလေးကို ပြန်သွားကြည့်ကြပါစို့။ အဲဒီအချိန်တုန်းက တရုတ်အတော်များများဟာ လောက်ဗန်လိုလို ဘာလိုလိုနဲ့ ကုန်မျိုးစုံဆိုင်ကလေးတည်၊ ပြီးတော့ ကရင်မလေးတွေကို အိမ်ဖေါ်အဖြစ်ငှား နောက်တော့ မယားလုပ်လိုက်ကြတာ အတော်များတာပဲဗျ။ ကျုပ်ရည်းစားတစ်ယောက်တောင် တရုတ်ကြီးကိုလင်တော်ပစ်လိုက်တာ။
အဲဒီတော့ သူများနဲ့ညားတဲ့ ငါ့ရည်းစား ဆိုလား၊ ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား ဆိုလား။ အူကြောင်ကြောင်နဲ့ အသဲကွဲသလိုလို၊ လွမ်းနာကျသလိုလိုနဲ့ အရက်ကလေး တစ်ကျပ်ဘိုးလောက်သောက်ပြီး တစ်ရာဘိုး လောက်မူးခဲ့လိုက်သေး။
တရုတ်တွေကို ကရင်မတွေက ဘာကြောင့်လင်တော်ကြသလဲ။
ကရင်မတွေကို တရုတ်တွေက ဘာကြောင့် မယားလုပ်ကြသလဲ။
ကျုပ်အမြင်ကတော့ ကျုပ်တို့ကရင်အမျိုးသမီးငယ်လေးတွေမှာ စာပေမတတ်တဲ့ ပညာရေးချို့တဲ့တဲ့ ဦးရေကများ
လေတော့ ရုပ်ပိုင်းဆိုင်ရာအရ တရုတ်တွေကို အထင်ကြီးအားကိုးကြတာမို့ အခုလိုတရုတ်ကို လင်လုပ်လိုက်ကြ
တာ ဖြစ်နိုင်စရာရှိပါတယ်။
တရုတ်တွေက ဘာကြောင့် ကရင်မတွေကို မယားလုပ်သလဲ။
ကရင်မတွေက အများအားဖြင့်ရိုးသားကြတယ်၊ အထူးသဖြင့် ဖိုမ ဆက်ဆံရေးမှာကင်းကင်းရှင်းရှင်းရှိတာများတယ်၊
နောက်တစ်ချက်က ကရင်လိုပြောဆိုတတ်တဲ့အခါကျတော့ လက်ရှိဆိုင်ကလေးဟာ ပိုပြီးရောင်းအားကောင်းလာ
တယ်၊ စီးပွါးရေးအရ တွက်ချေကိုက်တယ်။
နောက်တစ်ခုက ကရင်မတွေဟာ နားပူနားဆာမလုပ်တတ်ကြဘူး၊ တရုတ်တစ်ယောက်ပြောတာက ကရင်မတွေဟာ ဆန်တစ်ပုံးနဲ့ငါးပိတစ်ကီလိုလောက်ရှိလျင် ဘမျှပူစရာမလိုဘူး၊ တခြားအမျိုးသမီးကိုယူလျင်ဟိုဟာ
လုပ်ပေးပါ၊ ဒီဟာဝယ်ပေးပါ၊ ဆိုတော့ ဆိုင်မှာရင်းနှီးဘို့ ငွေလျော့တယ် စီးပွါးရေးချဲ့လို့မရဘူး၊ ဒါကြောင့် ကရင်မကို
ပဲ ယူတာကောင်းတယ်။ လက်ထပ်စားရိတ်လည်း မကုန်ဘူး။ အဲဒါသူ့အပြော။
စီးပွါးရေးလည်းတက်လာရော ဟော ကရင်မဗျာများပြီ၊ ပေါက်ဖေါ်က နောက်ထပ်အငယ်လေးတွေနဲ့ ဇယားကိုရှုတ်
နေတာ၊ ကွဲမယ် ခွါမယ်လုပ်ဘို့ကြပြန်တော့ ဟော ကရင်မမှာ ငွေတစ်ပြားမျှမရှိဘူး၊ကလေးတွေနဲ့ ဘာဆက်လုပ်
မလဲ။ ဒီတော့ ဗမာစကားပုံ တစ်ခုလိုပေါ့ အပျိုလိုမနေမိလို့ ကိုယ်ရိတယ်လေး ဆိုတာလေ။
ကရင်အမျိုးသားတစ်ယောက်နဲ့ တရုတ်အမျိုးသားတစ်ယောက်ကို ယှဉ်ကြည့်လိုက်ကြပါစို့။ အသက်တူရွယ်တူဆိုပါတော့၊ တရုတ်က ဆိုင်ခန်းလေးဘာလေးဖွင့်ပြီး ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီးတော့ ကရင်အမျိုး
သားကြတော့ ဘာကြောင့် သူများဆိုင်သေးသေးလေးမှာ အကူလုပ်ရသလဲ။
တခြားနယ် တခြားဒေသကို မပြောဘူး ကရင်ပြည်ထဲက ကော်မူးရာ(၀မ်းခါ)လို နေရာမျိုးမှာပဲကြည့်လိုက်။ တရုတ်က စားသောက်ဆိုင်ဖွင့်တယ် ကရင်က စားပွဲထိုးလုပ်မယ်၊ ပန်းကန်ဆေးမယ်။
တရုတ်က အလှကုန်ဆိုင်လေးဖွင့်မယ် ကရင်က ပစ္စည်းလေးတွေကူသယ်မယ်၊ ကူရောင်းမယ်။
အဲဒီတော့ ကရင်မက ကရင်လေးကိုချစ်ပေမယ့် မြတ်နိုးပေမယ့် ဆိုင်ပိုင်လေးနဲ့နေချင်တော့ ကရင်လေးအဆွေး
သမားဖြစ်တာကို ကြေကြေနပ်နပ်ကြီးကြည့်နိုင်ရမှာပေါ့။
သံယောဇဉ်လေးကလည်း မကုန်တတ်တော့ နင်လိုချင်တာရှိလျင် ငါ့ဆိုင်မှာလာယူနော် ပိုက်ဆံတပြားမှပေးဘို့မလို ဘူး ပြောတာကျတော့ တကယ့်စေတနာနဲ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကြားရတဲ့ကရင်လေး ခမျာမှာတော့ နှလုံးသား
ကိုခြေမွခံရယုံမက အစော် ကားခံလိုက်ရသလို ဖြစ်သွားခဲ့မယ်ဆိုလျင် ပွဲကြမ်းသွားနိုင်ပါတယ်၊ ကြမ်းလည်းကြမ်းခဲ့ပါ တယ်။
ဒီတော့ ကရင်တွေက ဘာကြောင့်ကိုယ်ပိုင်အလုပ်လုပ်ဘို့မစဉ်းစားကြသလဲဆိုတာ မေးစရာရှိလာပါတယ်၊ ကရင်
ဆိုတဲ့အမျိုးက မွေးလာကတည်းက ငါးပိနဲ့လူဖြစ်လာတာဆိုတော့ သူတို့အတွေးထဲမှာ ငါ့သမီးကြီးလာလျင် ဘန်
ကောက်မှာ သူများအိမ်ဖေါ်သွားလုပ်ခိုင်းမယ်၊ ငါတို့လို ဆင်းဆင်းရဲရဲ လယ်မလုပ်ခိုင်းဘူး။
ကဲအတွေးအခေါ်ကိုက အင်မတန်အိုးနင်းခွက်နင်းနိုင်နေတာ၊ အဲဒီလို အိုးနင်းခွက်နင်းဖြစ်အောင်ကို ဗမာစစ်အစိုး
ရက ဖန်တည်းနေတာ။ စီးပွါးရေးအရ၊ ပညာရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ အားလုံး မှ အားလုံး နည်းလမ်းပေါင်းစုံနဲ့ တိုင်းရင်းသားတွေအပေါ် နာလန်မထူနိုင်အောင် ခေတ်အဆက်ဆက်ပိပိရိရိ စနစ်တ ကျဖိနှိပ်အနိုင်ကျင့်နေခဲ့လိုက်တာ ဒီကနေ့အထိ။
တရုတ်အမျိုးသားတွေကျတော့ စွန့်စားရဲကြတယ်၊ သူတို့မှာ ခံယူချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ငွေကြေးချမ်းသာချင်သလား ငွေရတဲ့အလုပ်မှန်သမျှ အကုန်လုပ်၊ တရားတယ်၊ မတရားဘူး၊ သမာအာဇီဝကျတယ်၊ သမာအာဇီဝမကျဘူး၊ ဘာမျှတွေးမနေနဲ့ ငွေရလျင်အားလုံးလုပ်။
ဒါကသူတို့တတွေရဲ့ ခံယူချက်။
နောက်တစ်ခုက တရုတ်ဘုံကျောင်းတွေမှာ ကိုယ်လုပ်ချင်တဲ့ စီးပွါးရေးအကြောင်းပြောပြပြီး လိုအပ်တဲ့အရင်းအနှီး
ကို တောင်းလို့ရတယ်၊ ကော်မူးရာလိုနေရာမျိုးမှာ ကုန်စုံဆိုင်ဖွင့်မယ်ဆိုလျင် မဲဆောက်က တရုတ်ဘုံကျောင်းမှာ အကူအညီတောင်းနိုင်တယ်၊ ဆိုင်ပေါ်တင်မယ့် ကုန်ပစ္စည်းတွေကို တရုတ်သူဌေးဆီမှာ အကြွေးနဲ့ယူလို့ရတယ်၊ တစ်ယောက်ကို တရုတ်ဘုံကျောင်းကနေပြီး သုံးကြိမ်အကူအညီပေးတယ်၊ သုံးကြိမ်ကူညီပြီးတဲ့နောက် ဘာမျှဖြစ်မ
လာဘူးဆိုလျင် အကူအညီတွေကိုရပ်ပြီး သင့်တော်ရာတရုတ်ဆိုင်တဆိုင်မှာ လစာနည်းနည်းနဲ့အလုပ်လုပ်ရတယ်
လေ့လာသင်ယူခိုင်းတယ်။
အဲဒီလိုလေ့လာသင်ယူပြီးလို့ နောက်ထပ်ဆိုင်ပြန်ဖွင့်ပြီဆိုလျင် အဲဒီလူ တော်ရုံနဲ့စီးပွါးမပျက်နိုင်တော့ဘူး။ ရန်သူမျိုးငါပါးရန်က လွဲလျင်ပေါ့လေ။
ကဲ ဒီကနေ့ ကျုပ်တို့ကရင်အမျိုးသားတစ်ယောက်က ဆိုင်လေးတဆိုင်ဖွင့်ဘို့ အစီအစဉ်လေးရှိတယ်ဆိုပါတော့ဘယ်
သူအရင်းထုတ်ပေးမှာလဲ။
ဘန်ကောက်ကို ကျွန်လုပ်ဘို့သွားမယ်ဆိုလျင်တော့ ငွေတိုးချဘို့စောင့်နေတဲ့ ကရင်ငွေရှင်ကြေးရှင်တွေက ပေါပါဘိ။ တရုတ်ဘုံကျောင်းလို ကရင်တွေမှာ ငွေအရင်းအနှီးထုတ်ပေးတဲ့ နေရာဌာနဆိုတာကရော ဘယ်မှာလဲ။ စဉ်းတောင်မစဉ်းစားမိဘူး။
ပြောစရာရှိတာက တရုတ်တွေငွေရှာတဲ့နေရာမှာ သမီးအရင်းကိုတောင် ရောင်းစားပစ်တာဗျို့။
တခြားလူသတ်မှုတို့ ဓါးပြမှုတို့ ဆိုတာကို စာရင်းထဲတောင်ထည့်တာမဟုတ်ဘူး။
အဲဒါကတော့ ကျုပ်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။
အဲဒီပေါက်ဖေါ်ကြီးက ကရင်မကိုယူထားပြီးစီးပွါးရှာတာ၊ တော်တော်ကြီးပွါးခဲ့ပါတယ်။
သူက တခြားမိန်းကလေးတွေနဲ့ရှုတ်ပြီး စီးပွါးကျသွားလိုက်တာ နောက်ဆုံး အဲဒီကရင်မနဲ့ရထားတဲ့ သမီးလေးကို အကြွေးပေးစရာရှိတဲ့ လူရဲ့လက်ထဲကို ထည့်လိုက်ရပါတော့တယ်။
အဲဒီညက ပေါက်ဖေါ်ကြီးခမျာ အရက်ခွက်ထဲကို မျက်ရည်တွေကျလို့။
သူ့နောက်ဆုံးခရီးကို သမီးဖြစ်သူလုံးဝ မလာဘူးတဲ့။
ဘယ်လာချင်ပါ့မလဲလေ အဖေလုပ်တဲ့သူ လူကြီးတစ်ယောက်ရဲ့လက်ထဲကို အအပ်ခံရတဲ့အချိန်က အဲဒီမိန်းကလေး
မှာ ရာသီပန်းတောင် မပွင့်သေးဘူးတဲ့။
အဲဒီတော့ တရုတ်တွေ ကရင်မနဲ့ညားတာမဆန်းပါ။
ကရင်မတွေ တရုတ်ကိုယူတာမဆန်းပါ။
ကရင်လေး အသည်းကွဲတာ မဆန်းပါ။
ကရင်လေး သူများကျွန်ဖြစ်တာ မဆန်းပါ။
ကရင်လူမျိုးပျောက်တော့မယ်ဆိုတဲ့ အတွေးလေးများရှိကြမယ်ဆိုလျင်ဖြင့်
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
မှတ်ချက်
ကရင်မ လို့ သုံးထားပေမယ့် တခြားလူမျိုး မ တွေလည်း သတိထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment