မင်းဟန်
သောကြာနေ့၊ ဧပြီလ 10 2009 14:57 - မြန်မာစံတော်ချိန်
(၆)
၁၉၅ဝ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကရင်အမျိုးသား ကွန်ကရက်ကို ဖာပွန်တွင် ကျင်းပ၏။ စောဘဦးကြီးကိုယ်တိုင် ကွန်ကရက်ကို ဦးဆောင်၏။
တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စောဘဦးကြီးက သဘာပတိ အဖွင့်မိန့်ခွန်း ချွေသည်။
``ကရင့်တော်လှန်ရေးသမားများအားလုံး ရန်ကုန်သို့ ဆင်းပြီး၊ လည်စင်းမခံသရွေ့ တော်လှန်ရေးဟာ မကျဆုံးဘူး …. ကရင်ပြည် ရဖို့အတွက်က နည်းလမ်း ၃ ခု ရှိတယ်။
တစ်က … ရသင့်ရထိုက်တာကို အုပ်စိုးသူက ရိုးရိုးသားသားနဲ့ ပေးလို့ရတာ ဖြစ်တယ်။ ဒါကလည်း ဘယ်တော့မှ အုပ်စိုးသူဟာ ပေးမှာမဟုတ်ဘူး။နှစ်က …. တိုက်ယူလို့ ရတာဖြစ်တယ်။
သုံးက … ပတ်ဝန်းကျင်အခြေအနေကြောင့် ရတာဖြစ်တယ်။
ဒီအတွက် ကျနော်တို့က တမျိုးသားလုံးက ဒီမူ ၄ ချက်ကို လိုက်နာကြဖို့ လိုမယ်
````လက်နက်ချစကား မပြောရ````
ကရင်ပြည်ကြီး ပြည့်စုံရမည်````
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်
````ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိရမည်``
(၇)
၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ၏။ စောဘဦးကြီး ကျဆုံးပြီးနောက် ကရင့်တော်လှန်ရေးအတွင်း ခေါင်းဆောင်အခက်အခဲ ရှိလာ၏။ မန်းဘဇံနှင့် စောဟံတာသာမွှေးတို့က မြစ်ဝကျွန်းပေါ်တွင် ကရင့်တော်လှန်ရေးကို ဦးဆောင်နေကြရပြီး အရှေ့တိုင်းသို့ မလာနိုင်ကြသေး….။
ထို့အတွက် … အရှေ့တိုင်းတွင် Kaw Thoo Lei Government Body (K.G.B) ဖွဲ့ပြီး ဦးဆောင်မှု တည်ဆောက်ရ၏။ ၁၉၅၄ ခုနှစ်တွင် အရှေ့တိုင်းသို့ မြစ်ဝကျွန်းပေါ်တိုင်းမှ စောဟန်တာသာမွှေး ရောက်ရှိလာပြီး (KGB) ကို ဖျက်သိမ်းခဲ့သည်။
ထို့နောက် …. ကရင့်တော်လှန်ရေးကောင်စီ (KRC) ဖွဲ့၏။ (KRC) တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်၏။ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ (KAF) ကို ဖျက်သိမ်းပြီး၊ ကရင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) နှင့် ကရင့် ပြည်သူ့ပြောက်ကျား တပ်ဖွဲ့ (KPGF) တို့ကို ဖွဲ့စည်းပြန်သည်။ သူသည် စောဟန်တာသာမွှေး အသစ်ဖွဲ့စည်းလိုက်သည့် (KPLA) တပ်ရင်း (၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရ၏။
ကရင့်လက်နက်ကိုင် တပ်များ၏ ဦးစီးချုပ်မှာ ဗိုလ်ချုပ်မင်းမောင် ဖြစ်သည်။ (၈) တပ်မဟာ (၆) ကြာအင်းဆိပ်ကြီးဘက်တွင် တာဝန်ကျသည့် တပ်ရင်းမှူး ထွန်းငြိမ်း ရန်သူ့ထံသို့ လက်နက်ချ ဝင်ရောက်သွား၏။ ဖားအံဘက်မှလည်း Light Brigade မှ တပ်ရင်းမှူး စံဘော် လက်နက်ချပြန်သည်။
အခြား တပ်ရင်းများမှလည်း ၁ဝ ယောက် ….အယောက် ၂ဝ စသည်ဖြင့် လက်နက်ချကြ၏။ ထိုအချိန်၌ … သူ၏ တပ်ရင်းသည် ဖားအံခရိုင် ပိုင်ကျုံဘက်တွင် အခြေပြုလှုပ်ရှားလျက် ရှိသည်။ ရန်သူတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ စာရေး၏။ ``အခု ကရင်ပြည်နယ်ကို ပေးလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ပြည်နယ်ကို စောင့်ရှောက်မယ့်တပ် မရှိပါ။ ဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့ဆီ ပြန်လာပြီး ပူးပေါင်းလိုက်ပါ။
ပြည်နယ်လုံခြုံရေးတာဝန်ကို ခင်ဗျားတို့လက်ထဲ အပ်မယ်။ ဒါပြီးရင် ကျနော်တို့ ဗမာတပ်တွေဟာ ရန်ကုန်မှာပဲ ပြန်နေမယ်။ ခင်ဗျားတို့က ဗမာတပ်ကို တွေ့ချင်ရင် ရန်ကုန်ကို သွားမှ တွေ့ရလိမ့်မယ်`` ယဉ်အေး၏ စာကို ရလျှင် သူနှင့် သူ့တပ်မှူးများ တိုင်ပင်ကြသည်။ နောက်ဆုံး …. ရန်သူ၏ ပြောကြားချက် ဟုတ်၊ မဟုတ်… ။ မှန်၊ မမှန် … သိစေရန်အတွက် လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြ၏။ရန်သူကမ်းလှမ်းသကဲ့သို့ သူတို့ သွားကြမည်။ အခြေအနေ မမှန်ပါက ပြန်၍ ရန်သူကို ဆက်တိုက်မည်။
သို့နှင့် ….. သူ အစီအစဉ် ဆွဲ၏။ သူ့တပ်မှ အိမ်ထောင်သည် မိသားစုများကို စု၍ ``ကျော့ကေခို``ရွာတွင် ထား၏။ အိမ်ထောင်သည် မိသားစုများကို စောင့်ရှောက်ရန် ဗိုလ်ကြီး ကွယ်လားကို တာဝန်ပေး၏။ တိုက်ရေခိုက်ရေ ပြည့်ဝသည့် တပ်သား ၄ဝ ရွေးထုတ်ပြီး လက်နက်အပြည့်အစုံနှင့် ``ပိတခ``ရွာတွင် နေရစ်စေ၏။
ပြီးလျှင် …. သူနှင့် ရဲဘော် ၁၅ဝ တို့သည် ရန်သူ၏ ကမ်းလှမ်းချက်အတိုင်း ရန်သူဗိုလ်မှူးနှင့် တွေ့ရန် ``မောကို``ရွာသို့ ထွက်ခဲ့ကြ၏။ ``မောကို`` ရွာတွင် ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်အေးနှင့် တွေ့၏။ ပထမ …. ဗိုလ်ယဉ်အေးသည် သူတို့ကို မောကိုတွင် တညအိပ်စေပြီးမှ ဖားအံသို့သွားရန် ဖြစ်သည်။ သို့သော် သူတို့တပ်အင်အားကို ကြည့်ပြီး စိုးရိမ်လာသည်နှင့် တူ၏။ မောကိုတွင် ညမအိပ်တော့ဘဲ ….. ဖားအံသို့ ညတွင်းချင်းသွားရန် စီစဉ်တော့သည်။
ဖားအံသို့ သူတို့အဖွဲ့ ည ၈ နာရီခန့်တွင် ရောက်၏။ သူတို့ကို …. ရေတပ်မှ စစ်သင်္ဘောတစီးနှင့်အပြည့် ရန်သူ့ စစ်သားတို့က ဝိုင်းထားလိုက်ကြသည်။နောက်တနေ့ နံနက်မှာပင် ဒု-ဗိုလ်မှူးကြီးယဉ်အေး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်တယောက် သူနှင့် လာတွေ့၏။ သူတို့ကို လက်နက်ချရန် လာပြောခြင်း ဖြစ်သည်။ သူက …… ``ခင်ဗျားတို့ စာရေးတုန်းကတော့ တမျိုး၊ လာပူးပေါင်းရင် ကရင်ပြည်နယ် ပြန်အပ်မယ်ဆို။ အခုတော့ လက်နက်ချခိုင်းနေတယ်။ ဒါ …. ဘာသဘောလဲ`` ရန်သူ့စစ်ဗိုလ်က …. ``မပူပါနဲ့၊ ခဏလေးပါ။ လူထုအမြင်ကောင်းအောင် လက်နက်ချပြီး ဓာတ်ပုံရိုက်မယ်။
ပြီးရင် လက်နက်တွေ ပြန်ပေးမယ်`` ဟု ပြော၏။ ဤသို့နှင့် …. သူတို့၏ လက်နက်ချပွဲ အခမ်းအနားကို ဖားအံတွင် ပြုလုပ်၏။ အခမ်းအနားတွင် သူ့ကို မိန့်ခွန်းပြောစေသည်။``ကျနော်တို့ဟာ အစိုးရကို တော်လှန်ခဲ့တာ ဖြစ်တယ်။ အခု ကျနော် ဒီကိုရောက်လာတော့ ဗမာ့တပ်မတော် တပ်မှူးကြီးတွေက ကျနော်တို့ကို တကယ့် ညီအကိုရင်းလို ဆက်ဆံတာကို တွေ့ရလို့ များစွာ ကျေနပ်အားရမိတယ်။ ကျနော်တို့ အခု ဖြစ်ပွားနေတဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာပဲ ဖြစ်တယ်။ ဒီပြဿနာကို ညီအကိုအချင်းချင်း တွေ့ဆုံဖြေရှင်းရင် ရပါတယ်။ တွေ့ဆုံဖြေရှင်းကြဖို့ပဲ။
ဒါပေမဲ့ ကျနော်တို့ခေါင်းဆောင်တွေဟာ ဒီလိုမလုပ်ဘဲ တရုတ်ဖြူတွေကို ခေါ်လာတယ်။ ဒါကို ကျနော်တို့ သဘောမတူနိုင်ပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ပြဿနာဟာ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလို ဒီကိုရောက်လာတာ ဖြစ်တယ်။ ကျနော် ကော်သူးလေနဲ့အတူ နေခဲ့တုန်းက ကျရောက်တဲ့ တာဝန်ကို တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ အစိုးရတပ်ကို ရဲရဲပဲ တိုက်ခဲ့တယ်။ အခုတော့ အစိုးဘက်ကို ရောက်လာခဲ့ပြီး အစိုးရကို ပြန်ပြီး အကျိုးပြုသွားမှာပဲ။ ကျရောက်တဲ့ တာဝန်ကို အကောင်းဆုံး လုပ်သွားပါ့မယ်`` သူ၏ မိန့်ခွန်းထဲတွင် ဤသို့ ထည့်ပြောလိုက်သဖြင့် ရန်သူစစ်ဗိုလ်သည် သဘောကျ၏။
လက်နက်ချပွဲ အခမ်းအနားပြီးပြီ။ သူတို့၏ လက်နက်များကိုမူ ရန်သူက ပြန်မပေးသေး….။ ပြဿနာတော့ ရှိလာပြီ။ သူက …. တပ်ရင်းမှူး ဗိုလ်ယဉ်အေးနှင့် တွေ့ပြီး သူ၏ လက်နက်များ ပြန်တောင်း၏။ ဗိုလ်ယဉ်အေးက …. ``ကျနော်တို့ ဋ္ဌာနချုပ်မှာ အမိန့်ရှိထားတယ်။ လက်နက်ချတွေကို အော်တိုမတ်တစ် သေနတ်တွေ ပြန်မပေးရဘူး။ ရိုင်ဖယ်သေနတ်ပဲ တပ်ဆင်ရမယ်`` ဟူ၍ ရှင်းပြ၏။
သူက …. ``အခု ကော်သူးလေတွေဟာ လက်နက်ကောင်းတယ်။ ကျနော်တို့ကတော့ အစိုးရကို ကောင်းကောင်း အကျိုးပြုချင်တာပဲ။ ဒီလိုအကျိုးပြုနိုင်ဖို့ ခင်ဗျားတို့က သဘောမတူဘူး။ အားမပေးဘူးဆိုရင်လည်း လက်နက်ကို ပြန်မပေးပါနဲ့။ ကျနော်တို့လည်း စစ်သားမလုပ်ဘူး။ အရပ်သားရိုးရိုးပဲ လုပ်တာကောင်းပါတယ်`` သူ့စကားကြောင့် ရန်သူ့စစ်ဗိုလ်သည် အကျပ်တွေ့သွား၏။ သူ မဖြေရှင်းနိုင်။ ဋ္ဌာနချုပ်သို့ မေးမြန်းပြီး အကြောင်းပြန်ပါမည်ဟူ၍ သူ့ကို စကားပြန်၏။ ၂ ရက်ခန့် ကြာသည့်အခါ၌ ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ လာပြီး၊ ဋ္ဌာနချုပ်မှ အကြောင်းပြန်ကြားချက်ကို ပြောပြ၏။
``ဌာနချုပ်က ခင်ဗျားကို လက်နက်အားလုံး ပြန်ပေးဖို့ အမိန့်ရပြီ။ ဌာနချုပ်က ပြောပါသေးတယ်၊ ဘိုမြဟာ အရှေ့တိုင်းက ကရင်ဖြစ်တယ်၊ ရိုးသားတယ်။ အရှေ့တိုင်းကို ပျက်စီးအောင်လာလုပ်တာက မြစ်ဝကျွန်းပေါ်က ကရင်တွေ ဖြစ်တယ်`` ရန်သူသည် သူတို့အပေါ် ယုံကြည်မှုရှိလာသည်ဟု ထင်၏။ ပိုမို ယုံကြည်မှု ရှိလာစေရန် သူက သူနှင့် သူ့ရဲဘော်များ မော်လမြိုင်သို့ သွားရောက်လည်ပတ် ကြည့်ရှုလိုကြောင်း ပြောသည်။ ရန်သူသည် သူတို့ကို နောက်နေ့တွင်ပင် မော်လမြိုင်သို့ ပို့ပေး၏။ မော်လမြိုင်တွင် အထူးဧည့်သည်အဖြစ် ထား၏။ သူတို့၏ စက်ယန္တရားများကို လိုက်ပြ၏။ စစ်သင်္ဘောများ၊ သံချပ်ကာကားများနှင့် လက်နက်ကြီးအမျိုးမျိုး ပြ၏။ မသိမသာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။
မော်လမြိုင်မှာ သူတို့ ရှိနေစဉ်မှာပင် … ရန်သူ ဗဟိုစစ်ဋ္ဌာနချုပ်မှ မော်လမြိုင်ရှိ ရန်သူတပ်မဟာမှူးထံသို့ ကြေးနန်းဝင်လာ၏။``ဘိုမြအား နေရပ်သို့ အမြန်ပြန်ပို့ရန် ````ဘိုမြ မရှိခိုက် ယင်းဒေသတွင် ဓားပြများ သောင်းကျန်းနေသည်``ရန်သူ့တပ်မဟာမှူးက သူတို့ကို ရေတပ်သင်္ဘောနှင့်ပင် ``ကရှုတူး`` သို့ လိုက်ပို့၏။ ``ကရှုတူး``မှ ``မြပတဲ``သို့ ခြေလျင်ခရီး ဆက်၏။ ရန်သူ့တပ်မဟာမှူးက သူနှင့် ခွဲခါနီးတွင် …. ``ခင်ဗျားဟာ သူပုန်ဖြစ်ပေမယ့် သမိုင်းကောင်းတယ်။ ကျနော်တို့ ခင်ဗျားနဲ့ပတ်သတ်ပြီး ထောက်လှမ်းရေး သတင်းတွေ ရတယ်။ ပုလိပ်ရုံးမှာလည်း ကောင်းတဲ့မှတ်တမ်း ရှိတယ်`` ဟူ၍ ပြောသွားခဲ့သေး၏။ နောက်နေ့တွင်ပင် သူသည် KPLA တပ်မှူး ဗိုလ်မှူးချုပ် ``တာကပေါ်`` ထံသို့ ပြန်သွားခဲ့၏။ သူပုန်တပ်သား ပြန်ဖြစ်သွား၏။ စုစုပေါင်း ၁၅ ရက်ကြာ လက်နက်ချခဲ့ခြင်း….။
ကိုးကား…- စောဘိုမြ၏ ကျနော် တင်ပြလိုသည့် ကျနော့ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်-
သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း
Sunday, April 26, 2009
ကရင့်အမျိုးသား လွတ်မြောက်ရေးခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း (၃)
Wednesday, April 22, 2009
မင်းဟန်
တနင်္လာနေ့၊ ဧပြီလ 20 2009 14:30 - မြန်မာစံတော်ချိန်
(၉)
၁၉၅၆ ခုနှစ် ဇွန်လတွင် ကော်သူ့လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်အား ရွှေကျင်မြို့နယ် ``မောကို``တွင် ကျင်းပ၏။ ကွန်ကရက်ကိုယ်စားလှယ် တဦးအဖြစ် သူလည်း တတ်ရောက်ရ၏။ စောဟန်တာသာမွှေး၊ မန်းဘဇံတို့က ဦးဆောင်၍ ကွန်ကရက်အား ကျင်းပခြင်းဖြစ်သည်။ ကွန်ကရက်တွင် ကရင့်တော်လှန်ရေးအတွက် လမ်းစဉ်သစ်တရပ် မန်းဘဇံမှ တင်၏။ ``ဒုတိယလမ်းစဉ်``ဟု အမည်ပေး၏။
၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးကား …. ကရင်ပြည် ရရှိရေးနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး ဟူ၍သာ ဦးတည်ချက် ရှိခဲ့၏။ လမ်းစဉ်၊ လုပ်ငန်းစဉ်ဟူ၍ မရှိခဲ့….။ ဦးတည်ချက်တွင်သာ ရပ်နေခဲ့၏။
ဒုတိယလမ်းစဉ်နှင့် ပတ်သက်၍ ကွန်ကရက်တွင် အကြီးအကျယ် ဆွေးနွေးကြ၏။ လည်ပင်းကြောကြီးများ ထောင်၍ ငြင်းခုန်ကြသည်။ အရှေ့တိုင်းရှိ တော်လှန်ရေး အင်အားစုများက …. လက်ဝဲယိမ်းသော လမ်းစဉ်ဟူ၍ လက်မခံချင်ကြ….။ စောဟန်တာသာမွှေးကမူ လက်ယာနိုင်ငံများ၏ အကူအညီအထောက်အပံ့များ မျှော်ကိုး၍ ကွန်ကရက်တွင် ဒုတိယလမ်းစဉ်ကို ငြင်းဆိုနေခြင်းဖြစ်၏။ ယခင်မြစ်ဝကျွန်းပေါ်တွင် ရှိခဲ့စဉ်ကမူ …. မန်းဘဇံနှင့် အတူတွဲ၍ ဤလမ်းစဉ်ကို ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ နည်းလမ်းရှာခဲ့ …. ရေးဆွဲခဲ့ကြခြင်းဖြစ်၏။ ``ဝိတ်ထောင်`` ကွန်ဖရင့်တွင်ပင် အဆိုပြုတင်သွင်းခဲ့ကြသေး၏။
ကွန်ကရက်သည် တရက်ပြီးတရက် ကြာမြင့်လာ၏။ တနေ့၊ တနေ့… စာတမ်းများ ဆွေးနွေးရာ၏ ``ဝါကျ``တကြောင်း၊ ``ဝေါဟာရ``တလုံး ငြင်းခုံရင်းနှင့် တနေ့ကုန်၏။ ငြင်းခုံရင်းနှင့်ပင် ပြီး၏။ ဆုံးဖြတ်ချက် ချ၍မရ….။
နောက်ဆုံး…. မန်းဘဇံက ဒီလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်ကျင့်သုံးခဲ့ပြီးဖြစ်သည်။ အောင်မြင်သည်ဟု ဆိုရမည်။ ဤအတွက် အရှေ့တိုင်းတွင်လည်း ဒီလမ်းစဉ်ကို ၃-နှစ် စမ်းသပ်လုပ်ဆောင်ပါ။ မအောင်မြင်ရင် ပြင်နိုင်ပါသည်ဟူ၍ တင်ပြဆွေးနွေးမှ လမ်းစဉ်ကို စမ်းသပ်လုပ်ဆောင်ရန်ဟူ၍ ကွန်ကရက်က အတည်ပြုလိုက်၏။
(၁ဝ)
၁၉၆၃ ခုနှစ်တွင် ``ကဆောဝါး``၌ ကရင့်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ``မောကို`` ကွန်ကရက်မှစ၍ အပ်ရာထင်ခဲ့သော KRC နှင့် KNUP သည် ``ကဆောဝါး``တွင်မူ သိသိသာသာပင် ကွဲတော့၏။ စောဟန်တာသာမွှေးသည် သူကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် `` ဒုတိယလမ်းစဉ်``ကို ဆန့်ကျင်ဝေဖန်သည်။ ကွန်ကရက်တွင် အများစု၏ သဘောထားကိုပင် မလေးစားဘဲ …ခွဲထွက်၏။ စောဟန်တာသာမွှေးနှင့်အတူ ပဒိုဝေသော၊ ပဒိုဖိုးညော၊ ပဒိုဝေရီကျော်စသည့် နိုင်ငံရေးခေါင်းဆောင်များပါပြီး တပ်ဖက်ကမူ …..ဗိုလ်လင်းထင်၊ ဗိုလ်မိုးဇက်တို့၏ တပ်မဟာ (၅)နှင့် ဗိုလ်ထရှုးမင်း၏ တပ်မဟာ (၃) တို့ ပါသွားကြ၏။
ထိုသို့ ….ကွန်ကရက်အတွင်း ကွဲပြဲသည့်အချိန်၌ သူသည် Zone Commander တာဝန်နှင့် တပ်မဟာ (၆) တပ်မဟာ (၇) နှင့် တပ်ရင်း (၂ဝ) နယ်မြေများအတွင်း ကွပ်ကဲ၍ စစ်ရေးဆင်နွှဲနေသည့် အချိန်ဖြစ်သည်။ သူ့အား…. ကြေးနန်းနှင့် လှမ်းခေါ်ကြ၏။ မန်းဘဇံကလည်း ခေါ်သည်။ စောဟန်တာသာမွှေးမှလည်း ခေါ်၏။ သူသည်နှစ်ယောက်စလုံးနှင့် တွေ့ရန် အရင်တွေ့၏။
စောဟန်တာသာမွှေးက သူ့ကို တွေ့လျှင် ….``ဟေ့ ….ဗိုလ်မြ၊ မင်း ဘယ်ဘက်ကနေမလဲ….`` ဟု တိုတိုပင် မေး၏။
သူကလည်း … `` မပြောတတ်သေးဘူးလေ။ ကျနော် မန်းဘဇံဆီ သွားကြည့်အုံးမယ်။
ပြီးမှ … ခင်ဗျားကို ပြန်လာပြောမယ်`` သူနှင့် စောဟန်တာသာမွှေးတို့ တွေ့ဆုံခြင်းက ဤမျှပင်…။
ပြီးလျှင်…သူသည် မန်းဘဇံနှင့် တွေ့ရန်``ဆောမီးလူး``ရွာသို့ ထွက်ခွာခဲ့၏။ မန်းဘဇံက ``ဆောမီးလူး``ရွာတွင် ရှိနေ၏။ ``ဆောမီးလူး``ရွာတွင် မန်းဘဇံနှင့် သူ တွေ့၏။ သူနှင့် မန်းဘဇံတို့ တွေ့ဆုံဆွေးနွေးသည်က တိုတိုရှင်းရှင်းနှင့် ဘွင်းဘွင်းပင် …..။
``မူးဆိုးက ပြောတယ်။ ခင်ဗျားဟာ ကွန်မြူနစ်ပဲ။ ခင်ဗျား ကွန်မြူနစ်ဖြစ်ရင် ခင်ဗျားနောက် ကျနော် မလိုက်ဘူး။ ခင်ဗျား ကွန်မြူနစ်မဟုတ်ဘူးဆိုရင် ကျနော် လိုက်မယ်….``
သူကား မန်းဘဇံကို ပွင့်ပွင့်လင်းလင်းပင် ပြော၏။ ``မူးဆိုး`` ဟူသည်က စောဟန်တာသာမွှေးကို ပြောခြင်းဖြစ်သည်။
မန်းဘဇံက ….. ``အားကွာ ….မူးဆိုးက ငါ့ကို သက်သက်ပျက်စီးအောင် ပြောတာပဲ။ ငါ ကွန်မြူနစ် မဟုတ်ပါဘူး။ အမြဲတမ်း ဘုရားရှိခိုးတာပဲ```
`အေး….ကောင်းပါပြီ။ ခင်ဗျား ကွန်မြူနစ်မဟုတ်ရင်တော့ ခင်ဗျားနောက် ကျနော် လိုက်မယ်။ ခင်ဗျား ကွန်မြူနစ်ဖြစ်လာတဲ့ တနေ့မှာ ခင်ဗျားကို ကျနော် ဆန့်ကျင်မှာပဲ``သူတို့၏ တွေ့ဆုံမှုက ဤမျှသာ ….။ ပြီးပြီ။ မန်းဘဇံနှင့် တွေ့ပြီးနောက် သူသည် စောဟန်တာသာမွှေးထံ ပြန်လာ၏။ စောဟန်တာသာမွှေးနှင့် တွေ့၏။
ပြီးလျှင် စောဟန်တာသာမွှေးကို ပြော၏။``ကျနော် မန်းဘဇံနဲ့ တွေ့ခဲ့တယ်။ မန်းဘဇံက သူ ကွန်မြူနစ်မဟုတ်ဘူးလို့ ပြောတယ်။ သူ ဘုရားရှိခိုးသားပဲ။ ဒါကြောင့် အခု ကျနော် သူ့နောက်လိုက်မယ်
````ခင်းဗျားကို မထောက်ခံရတာက …. ခင်ဗျား အလုပ်လုပ်တာ လင်းထင်လို လူတွေသုံးတယ်။ သူတို့က လိုက်ပြီး ဓားပြတိုက်တယ်။ ပြန်ပေးလည်း ဆွဲတယ်။ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေကို ဒုက္ခပေးတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော် မကြိုက်ပါ။ တခါက ခင်ဗျားအသံလွှင့်စက် ဝယ်မယ်လို့ ဆိုတယ်။ အောက်ခြေမှာ ငွေရှာခိုင်းတယ်။ ညွှန်ကြားချက်က လူထုထံ အကူအညီတောင်းပါ။ တောင်းလို့ မရရင်ချေး။ ဒါမှမရရင် ဓားပြတိုက်ပြီး လုယူလို့ ညွှန်ကြားတယ်။ ဒါတွေဟာ မမှန်ဘူးလို့ ထင်တယ်။ ဒါကြောင့် ခင်ဗျားကို ကျနော် မထောက်ခံနိုင်ပါ
``သူ့စကားဆုံးလျှင် ….စောဟန်တာသာမွှေးက …. ``အဲဒီအလုပ်တွေ ငါ မလုပ်ပါဘူး။ အဲ့ဒါကို လုပ်တာ ဝေသောပဲ````
ဝေသောလုပ်တာ မမှန်လည်း ခင်ဗျား ဘာမှမပြောဘူး။ ဒါကို ကျနော် မကြိုက်ပါ။ မန်းဘဇံကို ကွန်မြူနစ်လို့ စွပ်စွဲကြတယ်။ ဒါလည်း ကျနော် မကြိုက်ပါ။ ဒါပေမဲ့ သူက ဓားပြတိုက်ဖို့ ခွင့်မပြုဘူး။ သူ့ကို ထောက်ခံတာ ဒါကြောင့်ပဲ။ ခင်ဗျားကို ကျနော် မကြိုက်တာ တခြားအကြောင်း ရှိပါသေးတယ်။ လူတွေကို ဓားပြတိုက်ခိုင်းတယ်။ လူသတ်ခိုင်းတယ်။ အရင်က ခင်ဗျား ပြောခဲ့တယ်။ ဗမာဟာ မင်းတို့ယောက်ဖ မဟုတ်ဘူး။ အားလုံးသတ်။ ကျနော်တို့ ဒီအတိုင်းသာ လိုက်သတ်နေမယ်ဆိုရင် ကျနော်တို့ လူမျိုးကို ကာကွယ်လို့ ရတော့မှာ မဟုတ်ဘူး။ ကျနော်တို့ လူတွေကို ဒီလိုမသတ်သင့်ပါ။ ကျနော်တို့ ဒီအတိုင်း သတ်နေကြရင် ကရင်က ဗမာကိုသတ်၊ ဗမာကလည်း ကရင်ကိုသတ် လုပ်နေကြရင် နောက်ဆုံး ကျနော်တို့ ရှုံးမှာပဲ။ ဒါ့ကြောင့် ဒါကိုတော့ မလုပ်သင့်ပါ။ ကျနော်တို့က လူကောင်းနဲ့ လူဆိုး ခွဲခြားရမယ်။ ဗမာပြည်သူထဲမှာလည်း ဗမာလူထုနဲ့ ရန်သူကို ခွဲခြားရမယ်``
(၁၁)
``ကဆောဝါး`` ကွန်ကရက် ပြီးသည့်နောက် ….စောဟန်တာသာမွှေး ဦးဆောင်သည့် KRC သည် ဗိုလ်နေဝင်းထံသို့ လက်နက်ချသွားခဲ့၏။ စောဟန်တာသာမွှေးနှင့် KRC မရှိတော့သည့်နောက်တွင် ….မန်းဘဇံ ဦးဆောင်သည့် KNUP သည် ကရင်အမျိုးသား လွတ်မြောက်ရေးခရီးကို `` ဒုတိယလမ်းစဉ်``နှင့် အပြင်းချီတက် ပါတီတည်ဆောက်ရေး….။
တပ်ပေါင်းစုတည်ဆောက်ရေး….။
တပ်မတော် တည်ဆောက်ရေး…။
တော်လှန်ရေး ဦးဆောင်မှုပေးရာတွင် လူထုထက် ရှေ့ရောက်လွန်းနေ၍လည်း မဖြစ်။ ရှေ့ရောက်လွန်းပါက လူထုနှင့် ကင်းကွာနိုင်၏။ လူထုထက် နောက်ကျန်နေခဲ့ပါကလည်း …လူထုနောက်မြီးဆွဲအဖြစ် ကျန်နေရစ်မည်။ မဟာအောက်တိုဘာ တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ``လီနင်`` မိန့်မှာသလိုပင် ….ဦးဆောင်သူတို့ကား …လူထုထက် ရှေ့လည်း မရောက်လွန်း၊ နောက်ကျ၍လည်း မကျန်ရစ်စေဘဲ လူထုကို ဦးဆောင်ချီတက်နိုင်ရမည်။
သူသည် ထိုစဉ်က…. စစ်ဇုံနယ်မှူးတာဝန်နှင့် ဖာပွန်ဒေသ၊ ဖားအံခရိုင်၊ ဒူးပလာယာခရိုင်တွင် စစ်ရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။ ၁၉၆၄-၆၅ နှစ်များအတွင်း ရန်သူ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုက ပြင်းထန်သည်။ ဇုံနယ်စစ်ဋ္ဌာနချုပ်ကို တနေရာရာတွင် အတည်တကျ မထိုင်နိုင်။ နေ့စဉ်လိုလိုပင် ရွှေ့ပြောင်းနေရသည်။ ရှောင်ရင်း၊ တိမ်းရင်းနှင့် ပြောက်ကျားစစ် ဆင်ရ၏။ လူထုအကြား သွားလာရင်း သူသည် လူထုထံမှ ညဉ်းတွားသံအချို့ ကြားလာရ၏။
``ကရင်ခေါင်းဆောင်များသည် ကွန်မြူနစ်များဖြစ်ကုန်ပြီ…။ဘုရား၊ တရား မရှိတော့ဘူး…``
ထို…ထိုသော အသံတို့ လူထုကြားတွင် ဟိုမှ….သည်မှ ကြားလာရ၏။ ဤသို့သော အသံများ ကြားရဖန် များလာသည့်အခါတွင် သူသည် ဗဟိုသို့ တက်၍ တင်ပြရန် ဆုံးဖြတ်လိုက်၏။ ဗဟိုသို့ နှစ်ကြိမ်မျှတက်၍ သူ တင်ပြခဲ့သည်။
သူက ….ခင်ဗျားတို့ နိုင်ငံရေးလုပ်ရာတွင် ပြင်းထန်လွန်းသည်။ ပြည်သူများက လက်မခံနိုင်သေး။ ပြန်ပြင်သင့်သည်။ လမ်းစဉ်ကို အနည်းငယ် လျှော့ချမှသာ ပြည်သူများက ခင်ဗျားတို့ကို ထောက်ခံလိမ့်မည်။ ဤသို့…. သူ တင်ပြ၏။ ဗဟိုခေါင်းဆောင်များက သူ့တင်ပြချက်ကို အလေးမထား…..။ ပို၍ပင် နီလာသည်ဟု သူ ထင်လာ၏။ သူနှင့် ဗဟိုခေါင်းဆောင်များအကြား အမြင်မတူမှုများ ရှိလာ၏။
ဗဟိုခေါင်းဆောင်များက ပါတီတည်ဆောက်ရေး…. တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို တိုး၍ … ၊ မြှင့်၍ တည်ဆောက်ကြ၏။
ထိုစဉ်က …. ကရင့်လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်တင်ဦး (ဖူးတာအဲ့၊ ယခုကွယ်လွန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ) ဖြစ်သည်။ စစ်ဦးစီးချုပ်ဗိုလ်တင်ဦးမှ တိုင်းစည်းရုံးရေးမှူး ဖဒိုဘသင် (ယခု ကွယ်လွန် ၊ KNU ဥက္ကဋ္ဌဟောင်း) ထံသို့ အမိန့်ညွှန်ကြားစာတစောင် ပေးပို့၏။ ညွှန်ကြားစာက ….
``KNU ၏ ပါတီကလပ်စည်းများ နေရာတိုင်းတွင် ဖွဲ့စည်းထားရှိရန်
````ပါတီကို ပိုမို၍ ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားရန် ````
ပါတီတောင့်တင်း ခိုင်မာလာသည့်အခါတွင် စစ်ဖက်၊ နယ်ဖက် ရာထူးတာဝန်များကို ပါတီဝင်များကိုသာ ခန့်အပ်တာဝန်ပေးသွားရန် … ပါတီဝင်မဟုတ်သူများ ဖယ်ရှားသွားရန်`` ဖြစ်သည်။
ဤညွှန်ကြားချက် အမိန့်စာကို သူလည်း ဖတ်ရ၏။ ထိုအချိန်တွင် သူသည် စစ်ဖက်၌ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြစ်နေပြီး၊ KNUP တွင်မူ ဗဟိုကော်မတီဝင် ဖြစ်သည်။ သို့သော်…. သူကား KNUP တွင် ပါတီဝင်တဦး မဟုတ်….။ ပါတီဝင်ရန်လည်း သူ့တွင် ဆန္ဒစိတ်ကူးမရှိ။ သူကဲ့သို့ ပါတီဝင်မဟုတ်သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးသမားများက အများအပြားပင်ရှိ၏။ ဗဟို ညွှန်ကြားချက်အပေါ် သူ …. သဘောမကျ။ စိတ်မကောင်းလည်း ဖြစ်မိ၏။ နှစ်ပေါင်းများစွာ မျိုးချစ်စိတ်နှင့် တော်လှန်ရေးတွင် ပါဝင်လုပ်ကိုင်ခဲ့ကြပြီး ယခုကဲ့သို့ ဗဟိုခေါင်းဆောင်များမှ သဘောထားခြင်းသည်`မသင့်` ဟုလည်း သူ တွေးထင်မိ၏။
သူ စဉ်းစားရပြီ။ ဘာလုပ်မလဲ….။ ဤအတိုင်းဆိုလျှင် …. ဗဟိုခေါင်းဆောင်များ၏ နောက်သို့ မလိုက်သင့်တော့….။ သူ ဆုံးဖြတ်ချက် ချလိုက်၏။ KNUP မှ သူ ခွဲထွက်လိုက်၏။ သူနှင့်အတူ ဗိုလ်ချုပ်ရွှေဆိုင်း (ယခုကွယ်လွန် ဗိုလ်ချုပ်ရွှေဆိုင်း) ၊ ဗိုလ်ကစယ်ဒို (ယခု ဗိုလ်ချုပ် ကစယ်ဒို) နှင့် ဖဒိုသာပြည့်တို့လည်း အတူပါလာခဲ့၏။ သူ KNUP မှ ခွဲထွက်ကြောင်းအား ထုတ်ပြန်ကြေညာချက်ထုတ်ပြန်၍ ပြည်သူသို့ ရှင်းပြခဲ့၏။
ပြီးလျှင် …..``ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ`` KNLC ဖွဲ့သည်။ ခွဲထွက်ခဲ့သည့် လက်နက်ကိုင် တပ်များကိုမူ ``ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်`` KNLA ဟူ၍ ဖွဲ့စည်းထူထောင်ခဲ့၏။
သူကား…. အသစ်ဖွဲ့စည်းလိုက်သည့် KNLC တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရပြီး KNLA တွင်လည်း စစ်ဦးစီးချုပ်….အဖြစ် စစ်ရေးတာဝန် ထမ်းဆောင်ရပြန်သည်။
၁၉၆၆ ခုနှစ် နွေဦး…..။
(၁၂)
KNUP မှ သူ ခွဲထွက်ခဲ့ပြီးနောက် KNUP အတွင်း၌ အယူအဆရေး ပဋိပက္ခသည် ကြီးမားလာသည်။ KNUP ကို အမျိုးသားတိုးတတ်ရေးပါတီမှ အလုပ်သမားပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပါတီကလပ်စည်းများမှ ကြိုးပမ်းလာကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များ အကြား၌လည်း အယူဝါဒရေးရာ ကွဲပြားမှုများ ရှိလာကြ၏။ ပါတီအတွင်း လက်ဝဲစွန်းကျမှုကို ဝေဖန်တိုက်ခိုက်ရင်း….လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ပင် ရောက်ခဲ့ရသည်။
ထိုစဉ်ကာလ ….ကရင့်တော်လှန်ရေးကား… သူဦးဆောင်သည့် ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ (KNLC) က အရှေ့တိုင်းတွင် တသီးတခြား….။ KNUP အတွင်း၌ကား ….အယူအဆရေး တိုက်ပွဲကြောင့် အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ ရောက်ရှိနေလေ၏။ ကရင့်တော်လှန်ရေးအတွင်း ညီညွှတ်မှုသည် ပြိုကွဲနေ၏။ မဖြစ်…..။ ဤသို့ ညီညွှတ်မှု ပြိုကွဲနေသ၍ ကရင့်တော်လှန်ရေး အောင်မြင်မှုပန်းတိုင်သို့ မည်သို့မှ ချီတက်နိုင်မည် မဟုတ်။ ဤသို့…. သူ တွေးမိ၏။ ဆင်ခြင်မိ၏။
(၁၃)
၁၉၆၈ ….။
သူ KNUP မှ ခွဲထွက်ခဲ့ပြီး ၂ နှစ်အကြာတွင် KNUP ဥက္ကဋ္ဌ မန်းဘဇံနှင့် သူ တွေ့ဆုံရန် ဆုံးဖြတ်၏။ မန်းဘဇံနှင့်သူ တွေ့ပြီး ညီညွှတ်ရေး တည်ဆောက်မည်။ ``ခိုမူဒဲ``တွင် သူနှင့် မန်းဘဇံ တွေ့ဆုံကြ၏။ ဆွေးနွေးကြ၏။ ညီညွှတ်ရေးအတွက် အဖြေမရသေး….။ ထပ်၍ ….ထပ်၍ တွေ့ကြ၏။ ဆွေးနွေးကြ၏။ အဖြေရှာကြ၏။ ``မူသယ်`` ``သွေးဘိုးထာ````ပယ်ကောခီး``တို့တွင် တွေ့ကြ၏။ သူနှင့် မန်းဘဇံ ညီညွှတ်ရေးအတွက် ဆွေးနွေးကြသည်ကို KNUP ထဲမှ အချို့က ``ကျား-သမင်`` ညီညွှတ်ရေးဟူ၍ ဝိဂြိုဟ်ပြုကြ၏။
``ထိုဒိုပလော``ဆွေးနွေးပွဲတွင်မူ သူတို့ ညီညွှတ်ရေးအတွက် သဘောတူညီမှု ရရှိခဲ့၏။ အစည်းအဝေးသို့ KNUP ဘက်မှ မန်းဘဇံ၊ ပဒိုစောသန်းအောင် (KNU၊ ဒု-ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်) ၊ ဗိုလ်မောင်မောင် (ဗိုလ်ချုပ်မောင်မောင်၊ KNU အတွင်းရေးမှူး -၁၊ ကွယ်လွန်) ၊ ပဒိုဘသင် (KNU ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်)၊ ပဒိုဂေဒွဲ။ ပဒိုဘောယူဖောတို့ တက်ရောက်ကြ၏။
သဘောတူညီမှုကား….ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ KNLC ကို ဖျက်သိမ်းမည်။ မန်းဘဇံ၊ ပဒိုစောဘသင်၊ ပဒိုစောသန်းအောင်၊ ဗိုလ်မောင်မောင်၊ ပဒိုဂေဒွဲနှင့် ပဒိုဘောယူဖော က KNUP မှ နုတ်ထွက်မည်။ ပြီးလျှင် …. အတူပူးပေါင်း၍ ``ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့မည်။
ဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း KNUF ဖွဲ့စည်းရန် ညီလာခံတရပ် ခေါ်ယူကြ၏။ ညီလာခံမှ ``ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့စည်းလိုက်၏။ ဥက္ကဋ္ဌအဖြစ် မန်းဘဇံအား ရွေးချယ်တင်မြှောက်ပြီး ဒု-ဥက္ကဋ္ဌအဖြစ် သူ့ကို ရွေးချယ်၏။ စစ်ဦးစီးချုပ်အဖြစ်လည်း သူ့ကို တာဝန်ပေး၏။ KNUF ဖွဲ့စည်းပြီး၊ ၁ နှစ်ကြာသည့် အချိန်တွင်မူ KNUF မှ ကရင့်အမျိုးသား အစည်းအရုံး KNU ဟူ၍ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့၏။
(၁၄)
ဗိုလ်နေဝင်း၏ တပ်မတော်သည် မြစ်ဝကျွန်းပေါ်ရှိ KNUP ပြောက်ကျားများကို ဝိုင်းပတ်ပိတ်ဆို့၍ စစ်ရေးအရ ထိုးစစ်ဆင်၏။ KNUP သည် မြစ်ဝကျွန်းပေါ်ရှိ အခြေစိုက်စခန်းများ စွန့်ခွာခဲ့ရသည်။ ပဲခူးရိုးမတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များဖြစ်သည့် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင်) တို့သည် တိုက်ပွဲအတွင်း တဦးပြီးတဦး ကျဆုံးကုန်ကြ၏။ ရန်သူသည် ပဲခူးရိုးမ တောင်ပေါ်ရှိ တိုင်းရင်းသားကျေးရွာများ အဓမ္မ ပြောင်းရွှေ့၏။ တော်လှန်ရေးအင်အားစုများကို ဖြတ် ၄ ဖြတ် ဖြတ်၏။ ပဲခူးရိုးမတွင် တော်လှန်ရေး အခြေစိုက်စခန်းများ ထားရှိရန်မလွယ်…..။ ခက်ခဲလာ၏။ အကျအဆုံးများ၏။ ပဲခူးရိုးမတွင် ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့….။ KNUP သည် ပဲခူးရိုးမကို စွန့်ခွာရတော့၏။
(၁၅)
၁၉၇၅ …
ခုနှစ်။မိုးနှောင်း….။
ဗိုလ်ချုပ်မြမောင် ဦးဆောင်သည့် KNUP တပ်ဖွဲ့သည် ပဲခူးရိုးမမှ အရှေ့တိုင်းသို့ ဆုတ်ခွာခဲ့ကြ၏။ KNUP မှ မြောက်ပိုင်းချီ တပ်ဖွဲ့သည်လည်း ပဲခူးရိုးမသို့ ပြန်ရောက်ရှိပြီး အားလုံးစုပေါင်း၍ ဖာပွန်အနီးရှိ ``ဒူးဒါးဂေး``တွင် KNUP ကွန်ကရက် ကျင်းပ၏။ ဤကွန်ကရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ကရက် ဖြစ်၏။ ပြီးလျှင် ….နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်၏။ ကွန်ကရက်ကား… KNUP ကို ဖျက်သိမ်း၍ KNU နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ KNUP မှ ခေါင်းဆောင်များသည်လည်း KNU ဗဟိုအဆင့် ခေါင်းဆောင်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကြ၏။
KNU သည် ကရင့်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးတွင် တခုတည်းသော အမျိုးသားအဖွဲ့အစည်းအဖြစ် တည်ရှိလာတော့၏။
(၁၆)
၁၉၇၆ ခုနှစ်…။
မာနယ်ပလောတွင် KNU ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်၏။ ဖြစ်ပေါ်တိုးတက်နေသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ….ခေါင်းဆောင်မှု အပြောင်းအလဲ ပြုလုပ်၏။ ဥက္ကဋ္ဌ မန်းဘဇံကို KNU ၏ နာယကအဖြစ် ခန့်အပ်၏။သူ့ကို KNU ဥက္ကဋ္ဌအဖြစ် ဗဟိုကော်မတီက ရွေးချယ်လိုက်သည်။ အရှေ့တိုင်း၌ ထွက်ပြူစ နေဝန်းနီနီအောက်၌ ဖားစည်သံသည် ဝေစည်၍ လွှင့်ပျံနေတော့၏။
ကိုးကား…- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့် ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်းသုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး-
ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်-
သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ -၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်-
သနူထူး ဂျာနယ်များ- ကရင့်သတင်းစဉ်-
KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း
Posted by linkardepa

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၄)
Wednesday, April 22, 2009
မင်းဟန်
အင်္ဂါနေ့၊ ဧပြီလ 21 2009 16:31 - မြန်မာစံတော်ချိန်
(၁၇)
KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉ နှစ်ကြာသည့် အချိန်တွင် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရ၏။ သူ့အတွက်တွင်မဟုတ် …. KNU အတွက်လည်း ကြီးမားသော စိန်ခေါ်မှုတရပ်ဟု ဆိုရမည်။
စိန်ခေါ်မှုက ``သုမွဲထ`` မြစ်ဆုံတွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည့်အတွက် ``သုမွဲထ`` စိန်ခေါ်မှုဟု ဝိဂြိုဟ်ပြုရမည်။ သုမွဲထက သံလွင်နှင့် သောင်းရင်းဆုံရာ သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင် ရှိ၏။ မာနယ်ပလော ခုခံရေးစစ်တွင် စစ်ရေးအရ အရေးပါသော အရပ်ဖြစ်သည်။
၁၉၈၉ ခုနှစ် နှစ်ဦးတွင် မြိုင်ကြီးငူဆရာတော် အရှင်သုဇနသည် မာနယ်ပလောသို့ကြွပြီး သူနှင့် တွေ့၏။ ပြီးလျှင် ….. သုမွဲထမြစ်ဆုံ၌ ဘုရားတည်၊ ကျောင်းဆောက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း မြွက်ကြား၏။ သူကလည်း KNU ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် မူဝါဒအရ ခွင့်ပြု၏။ သို့သော် ….ခြွင်းချက်တော့ပါသည်။ ခြွင်းချက်က ….စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်၍ ကန့်သတ်ချက် ထည့်ရခြင်းဖြစ်သည်။
``စေတီကို ထုံးသင်္ကန်း ကပ်လှူခြင်း မပြုရန်````
ကျောင်း၊ ဇရပ်တို့ကို သွပ်မိုးခြင်း မပြုရန်````
မအေးချမ်းသေးသော ဒေသဖြစ်၍ တဖက်နိုင်ငံမှတဆင့် ဒကာ၊ ဒါယိကာမများ လာရောက်ပူဇော်ခြင်း မပြုရန်`` ဟူ၍ဖြစ်သည်။
သွပ်မိုးနှင့် ထုံးဖြူဖြူစေတီတို့က ရန်သူစစ်တပ်များ လက်နက်ကြီး ပစ်မှတ်များအတွက် အထောက်အကူပြုရာ ရောက်စေမည်ဟု KNU က ယူဆ၍ မပြုလုပ်ရန်၊ ကန့်သတ်ခြင်းဖြစ်သည်။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မကျေနပ်…..။ တည်လိုက်၊ နားလိုက်နှင့်ပင် ….၊ မြစ်ဆုံစေတီ ထီးတင်မည့် အခြေသို့ ရောက်လာ၏။
ဤအတွင်း မြိုင်ကြီးငူဆရာတော်၏ အခြေအနေက KNU အဖို့ သံသယပွားစရာများနှင့် ဖြစ်လာသည်။ သုမွဲထတွင် ဘုရားတည်ရင်း မြိုင်ကြီးငူဆရာတော်ထံတွင် မှီတင်းခိုလှုံနေကြသည့်လူများက လူပေါင်း ၈ဝဝ၊ တထောင်ခန့် ရှိမည်။ ရွာငယ်လေးတရွာမျှ ဖြစ်သည်။ ဤသူတို့ကို ရှင်သုဇနသည် နေ့စဉ် ထမင်း၊ ဆေး၊ ကွမ်း ကျွေးမွေး၏။ ဤမျှသော ဒကာတို့ကို ရှင်သုဇန ကျွေးမွေးနိုင်အောင် မည်သည့် ဒကာက လှူဒါန်းနေပါသနည်း…..။ KNU အဖို့ တွေးစရာဖြစ်လာ၏။
သုမွဲထရှိ မြိုင်ကြီးငူဆရာတော်ရှင် သုဇနထံ ခိုလှုံနေထိုင်ကြသည့် ဒကာ၊ ဒယိကာမများကို စစ်မှုထမ်းရွက်ခြင်း၊ တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် အရှင်သုဇနက တောင်းဆိုလာ၏။
အချို့သော KNLA မှ ရဲဘော်တပ်သားအချို့ပင် တပ်မှ စွန့်ခွာ၍ သုမွဲထတွင် ခိုလှုံသွားကြ၏။
ခက်ပြီ…..။သုမွဲထတွင် ခိုလှုံလာကြသည့်သူများကို မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မြိုင်ကြီးငူတံဆိပ်တုံး နှိပ်ထားသည့် လက်မှတ်ကဒ်ပြားများ ထုတ်ပေး၏။ ဤလက်မှတ်က ခရီးသွားလျှင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားထက် တန်ခိုးထက်၍ နဝတစစ်တပ်များက တွေ့လျှင် စစ်ဆေးမေးမြန်းခြင်း မရှိ။ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိ၏။ လိုအပ်လျှင် ….အကူအညီတောင်း၍ ရသေး၏။ ဤတွင် …..KNLA တပ်တွင်းမှ စည်းကမ်းချိုးဖောက်ကြသူများ၊ အပြစ်ကျူးလွန်ကြသူများနှင့် ရန်သူ၏ သူလျှိုလုပ်ငန်းလုပ်ရန် လာကြသူများသည် သုမွဲထသို့ လာ၍ခိုလှုံကြ၏။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနဂိုဏ်းသို့ ဝင်ကြ၏။ အချို့က သင်္ကန်းစီး၍ပင် နေကြ၏။ ခက်ပြီ…..။
(၁၈)
ပြဿနာက အရှင်သုဇနသည် ဘာသာရေးကို ခုတုံးလုပ်၍ KNU နှင့် မာနယ်ပလောကို လည်မျိုညှစ်ရန်အတွက် လည်တိုင်ပေါ်သို့ လက်တင်လာခြင်းဖြစ်သည်။
KNU ဥက္ကဋ္ဌ တယောက်အနေနှင့် သူ ဤသို့ တွေးမြင်မိ၏။ လည်တိုင်ဆီသို့ တင်လာသော လက်ကို မည်သို့ ဖယ်ရှားမည်နည်း….။ သူ နည်းလမ်းရှာရ၏။ ဘာသာအရေး၊ သာသနာ့အရေး၊ သံဃအရေးဖြစ်၍၊ သံဃာတော် အရှင်မြတ်တို့သာ ဖြေရှင်းကြလျှင် သင့်မြတ်မည်။ ဤသို့ သူ စဉ်းစားမိ၏။ ကော်သူလေ ပြည်နယ်အတွင်းရှိ ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် သံဃာအစည်းအဝေး ခေါ်ယူရန် သူ ဆုံးဖြတ်၏။
(၁၉)
၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် မာနယ်ပလော၌ပင် ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် အစည်းအဝေး ကျင်းပ၏။ သံဃာတော် အရှင်သူမြတ် ၁ဝ၂ ပါး တတ်ရောက်ကြသည်။ မြိုင်ကြီးငူဆရာတော် ရှင်သုဇနကိုလည်း ပင့်ဖိတ်၏။ ရှင်သုဇနနှင့် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ ကျောင်းမှ သံဃာတော်များက ကြွရောက်ကြခြင်း မရှိ…..။ သပိတ်မှောက်သကဲ့သို့ ဖြစ်နေ၏။ ၂ ရက်ကြာ သံဃာအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်ခဲ့ကြ၏။
(၁) သာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ ဘာသာရေးကိစ္စများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို ထိခိုက်ပတ်သက်မှု မရှိစေရန်။
(၂) လူပုဂ္ဂိုလ်များကို ရဟန်းဘောင်သို့ သွတ်သွင်းရာတွင် ဗုဒ္ဓ၏ ဝိနည်းတော်နှင့်အညီ ဆန်းစစ်သွတ်သွင်းမှု ပြုကြရန်။
(၃) စစ်မက်ဖြစ်ပွားနေသော ဒေသများအတွင်း သာသနာပြုခြင်း၊ ဘုရားကျောင်းကန် တည်ဆောက်ခြင်းများ ရပ်ဆိုင်းထားရန်။
(၄) ဘာသာရေးမှတဆင့် လူထုအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ဘာသာအယူဝါဒ အမျိုးမျိုးအတွင်း၊ စည်းလုံးညီညွှတ်မှု ပျက်ပြားစေမည့် လုပ်ဆောင်မှုများ ရှောင်ရှားရန်။
(၅) ဗုဒ္ဓဘာသာဝင်များအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ရဟန်းသံဃာများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအတွင်း၊ ပြဿနာကြီးငယ် ရှိပါက ကော်သူးလေ သံဃအဖွဲ့အစည်းများ၏ ဆုံးဖြတ်ဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်သွားကြရန်။
(၆) သံဃာတော်များအတွင်း မသမာသူများ ဝင်ရောက်ခြင်း၊ ဘာသာရေး ခုတုံးလုပ်ခြင်းများကို ဆန့်ကျင်ကြရန်။
(၇) ဘုရားတည် ကျောင်းဆောက်သည့် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဒကာ၊ ဒယိကာမများ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် - ဟူ၍ ဖြစ်သည်။
အစည်းအဝေး ဒုတိယနေ့တွင်မူ မြိုင်ကြီးငူဆရာတော် အရှင်သုဇနမှ သံဃာအစည်းအဝေး သဘာပတိ ဆရာတော်ထံသို့ ပေးစာတစောင်ကို လျှောက်ထားပေးပို့ခဲ့၏။
…. မိမိအနေနှင့် ဘုရားတည်၊ ကျောင်းဆောက်သည့် အလုပ်များ စွန့်လွှတ်လိုက်ပြီးဖြစ်ကြောင်း….၊ ဆောက်လုပ်ပြီးခဲ့သည့် ဘုရားစေတီနှင့် ကျောင်းဇရပ်တို့ကိုလည်း သံဃနာယက သဘာပတိ ဆရာတော်ထံ အပ်နှံပါကြောင်း …. ယခုမှစ၍ ၄၉ လတိုင်တိုင် အဓိဋ္ဌာန်ဝင်မည်ဖြစ်၍ ကျောင်းသို့လည်း ပြန်လာတော့မည် မဟုတ်ကြောင်း ….. ပါရှိလေ၏။ သံဃာအစည်းအဝေးကား ပြီးလေ၏။
ဆုံးဖြတ်ချက် ၇ ချက်ကိုလည်း ချမှတ်နိုင်ခဲ့လေပြီ။ လည်မျိုပေါ်မှ လက်ကို ညင်သာစွာနှင့် ဖယ်ရှားနိုင်ရန်မှာ မခက်ခဲတော့ ….။ သို့သော်…..။ သံဃာအစည်းအဝေးသို့ မြိုင်ကြီးငူဆရာတော် မတက်ရောက်သည့် အကြောင်းနှင့် ၄၉ လ အဓိဋ္ဌာန်ဝင်သွားသည့် ဂယက်တို့ကား ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအကြား ကောလာဟလ အမျိုးမျိုးနှင့် ရိုက်ခတ်နေပြန်၏။
``KNU က မြိုင်ကြီးငူ ဆရာတော်ကို KNU နယ်မြေအတွင်းမှ နှင်ထုတ်လိုက်ပြီ``သတင်းများက …. အစွန်းရောက်လိုသော ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအတွက် သွေးဆူစေရာများ……။
(၂ဝ)
၁၉၉၄ ခုနှစ်။
ဟေမာန်ဦး…။
KNDO တပ်ခွဲတခွဲသည် ``မယ်ညောပလိုး`` ခံစစ်စည်းမှ မိမိသဘောအတိုင်း စစ်မြေပြင်မှ ဆုတ်ခွာပြီး သုမွဲထသို့ ပြောင်းရွှေ့နေရာယူခဲ့၏။ KNDO မှ အရာခံဗိုလ် ကျော်သန်းနှင့် တပ်ကြပ်ကြီး ဖားမီးတို့တပ်ဖွဲ့က သုမွဲထသို့ ချီရာတွင် လမ်း၌ တာဝန်ယူ တပ်စွဲထားကြသည့် KNLA တပ်များကို သူတို့နှင့် လိုက်ရန် စည်းရုံး၏။ မလိုက်သည့် ရဲဘော်များမှ လက်နက်များ သိမ်းပြီး သုမွဲထသို့ သွား၏။ ပြီးလျှင် …. သုမွဲထ မြစ်ဆုံကို ထိန်းသိမ်းထားလိုက်တော့၏။
ရှေ့တန်းတပ်မ ၃၃ မှ ``ကရင်သောင်းကျန်းသူများက မြိုင်ကြီးငူ ဆရာတော် အရှင်သုဇန၏ သာသနာပြု လုပ်ငန်းများအား ဖိနှိပ်ချုပ်ချယ်ကြောင်း`` သတင်းများ ရေးသား၍ ကရင်-မြန်မာ နှစ်ဘာသာနှင့် ကျေးရွာများ၌ ဖြန့်ဝေ၏။ ဤအရေး၌ ….. နဝတတို့ လက်ပါလေပြီ။ အောက်တွင်မူ ``ဗုဒ္ဓဘာသာဝင်များ``ဟူ၍ အမည်တပ်၏။
ရန်သူ၏ ဒေသခံ လှုပ်ရှားစစ်ကြောင်းများကလည်း ဖာပွန်နယ်ရှိ ရဟန်သံဃာများနှင့် ဗုဒ္ဓဘာသာဝင်တို့ကို သုမွဲထသို့ သွားရောက်စုရုံးကြရန် ခိုင်းစေ၏။
သွေးဖည်လမ်းလွှဲသည့် ပုန်ကန်မှုသည် စနစ်မကျစွာနှင့် ပီပြင်လာပြီဖြစ်သည်။ KNLA တပ်ရင်း ၁ဝ၂ စစ်ကြောင်းသည် စစ်ကြောင်းမှူး ဗိုလ်မှူးကျော်မှူးကို ထိန်းသိမ်းလိုက်ပြီး သုမွဲထတွင် ပူးပေါင်းသွား၏။ KNLA တပ်ရင်း ၁ဝ၄ မှ အချို့….. တပ်မဟာ ၇၊ တပ်မဟာ ၁ နှင့် ရင်း ၂ဝ မှ ရဲဘော်အချို့ ….။ အချို့သည် သုမွဲထသို့ လာရောက်၍ ပူးပေါင်းလိုက်ကြ၏။
(၂၁)
မာနယ်ပလောရှိ KNU ခေါင်းဆောင်များမှာ ဖြစ်ရှိနေသည့် အခြေအနေများအပေါ်တွင် စိတ်သောက ရောက်ကြရ၏။ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို ပဋိပက္ခဖြစ်ရမည့် အရေး မလိုလားကြ။ တော်လှန်ရေး လမ်းကြောင်းမှ သွေဖည်ခွဲထွက်သွားကြသည့် သူများကို ပျော့ပြောင်း ညင်သာစွာနှင့် စည်းရုံးရမည်ဟု သူတို့ ခံယူထားကြ၏။ ဤအတွက် …. စစ်ဦးစီးချုပ်အနေဖြင့် သူ အမိန့်ထုတ်ပြန်၏။
``KNLA တပ်များမှ ခွဲထွက်သွားကြသည့် သူများကို လုံးဝပစ်ခတ်ခြင်း မပြုရ…``ပြီးလျှင် …. သူကိုယ်တိုင် ခွဲထွက်သွားကြသည့် သုမွဲထရှိ ရဲဘော်များထံ စာရေးပို့၏။ ကရင်လို ရေးသားခဲ့ခြင်း ဖြစ်၏။
သို့
သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့…
.ရဲဘော်စစ်သည်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်သေသေချာချာ စဉ်းစား၍ လုပ်ကိုင်ကြစေလိုတယ်။ မစဉ်းစားမဆင်ခြင်ဘဲ ပြုလုပ်ပါက အမှားတွေ့မည် ဖြစ်တတ်တယ်။ မသိသည့်ကိစ္စကို သေချာစွာ မေးမြန်းကြစေလိုတယ်။ ခေါတောဘုန်းကြီး (မြိုင်ကြီးငူဆရာတော် အရှင်သုဇန) ကို မိမိတို့ နှင်ထုတ်လိုက်ခြင်း မဟုတ်ပါ။ အဓိဋ္ဌာန် ၄၉ လ ဝင်မည်ဆိုပြီး မိမိတို့ကို စာရေးပေးခဲ့တယ်။ ထိုကိစ္စအပေါ် အမြင်မမှားစေလိုပါ။ မိမိအဖွဲ့အစည်းမှာ ဘာသာတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်။
သား၊ မြေး၊ ရဲဘော်အပေါင်းတို့အနေနဲ့ မဆင်မခြင် မလုပ်ကြစေလိုပါ။ တော်လှန်ရေးနဲ့ အမျိုးသားထုအရေးကို ထိခိုက်နိုင်ပါတယ်။ ရဲဘော်များက မသိ၍ မေးမြန်းလာမည်ဆိုလျှင် မိမိတို့အနေနဲ့ ရဲဘော်များ နားလည်သဘောပေါက်အောင် ပြောပြမည် ဖြစ်တယ်။ မကျေနပ်တဲ့ အရေးကိစ္စများကို တင်ပြရင်လည်း မိမိတို့ စီစဉ်ပေးမည် ဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး စဉ်းစားချင့်ချိန်ကာ လုပ်ကြစေလိုတယ်။
မင်းတို့ကိုချစ်သော…
ဗိုလ်ချုပ်
၅.၁၂.၉၄-------------
သူကိုယ်တိုင် လက်မှတ်ထိုးထားသည့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက် နေ့စွဲနှင့်စာကို သုမွဲထသို့ ပေးပို့ခဲ့ပြီး တရက်အကြာတွင် သူသည် ၇ ရက်နေ့…၊ နေ့စွဲနှင့် ဒုတိယ စာတစောင် ရေးပို့ပြန်၏။
သို့
သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့….
အဘိုး မင်းတို့ကို ပြောချင်တယ်။ ကောင်းကင်ဟာ မိုးတိမ်နဲ့ မကင်းသလို လူတွေဟာလည်း အပြစ်နဲ့ မကင်းပါဘူး။ ငါ့သား ငါ့မြေး…. မင်းတို့ တယောက်ကိုမှ ငါ အပြစ်မဆိုပါဘူး။ ငါ မင်းတို့ကို ချစ်တယ်။ ငါ့လူမျိုးကို ချစ်တယ်။ ငါ တော်လှန်ရေးလုပ်တာ ၄၆ နှစ်ကျော် ကြာခဲ့ပြီ။ ငါတို့ အမျိုးသားတွေ ကောင်းမွန်အေးချမ်းစွာ နေရတာကို ငါ မြင်လိုတယ်။ မင်းတို့ကို ငါ့အပြစ် ချည်နှောင်ထားလိမ့်မယ်လို့ ထင်ပြီး မကြောက်ကြပါနဲ့။ ငါ လုံးဝ အပြစ်မမြင်ပါဘူး။ မင်းတို့တွေ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာကို ငါ သိပါတယ်။ တပ်မှူးတပ်သားအပေါင်းတို့ …. အဘိုးပြောတာကို နားထောင်ကြပါ။ မင်းတို့ နားမထောင်ရင် ရန်သူကို ကောင်းကျိုးပြုသလို ဖြစ်သွားမယ်။ ပြီးတော့ ဒို့ ကရင်တမျိုးသားလုံး ရန်သူ့ကျွန်တွေ ဖြစ်ကုန်မယ်။ ဒို့ ပြောတာကို နားထောင်ကြပါ။ ဒို့ ကရင်တမျိုးသားလုံး စည်းလုံးညီညွှတ်မှု ရှိဖို့လိုတယ်။ ချစ်ခြင်းမေတ္တာ ရှိစွာနဲ့ ဒို့များ စည်းစည်းလုံးလုံး၊ နေကြပါစို့…။
သုခအပေါင်းနဲ့ ခညောင်းပါစေ။
မင်းတို့ကို ချစ်သော…
ဗိုလ်ချုပ်
၇၊ ၁၂၊ ၉၄။
သုမွဲထရှိ ခွဲထွက်သွားကြသည့် KNU တပ်ဖွဲ့များထံသို့ ဒုတိယမြောက်စာကို သူ ရေးပို့ခဲ့သည့်နေ့၌ပင် သုမွဲထ သွေးမြေကျခဲ့ရ၏။
(၂၂)
တပ်ကြပ်ကြီး ဖားမီးသည် အစွန်းရောက် ခွဲထွက်အုပ်စုတစုမှ ခေါင်းဆောင်တယောက် ဖြစ်သည်။ ယခင်ကမူ KNU တပ်မဟာ ၇ မှ ဖြစ်၏။ ဖားမီးက ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင်တယောက် ဖြစ်သည်။
``ကရင့်သွေး ဖမ်းလို့မိရင် သတ်ပစ်လိုက်`` သူ၏ မျက်လုံးနှစ်လုံးအောက်၌ မျက်နှာကို ကန့်လန့်ဖြတ်၍ စာတမ်းကို ဆေးမင်ကြောင်ထိုးထား၏။
ဖားမီးသည် မြေတိုက်ခန်းအတွင်း ဖမ်းဆီးထားသည့် KNDO မှ ဗိုလ်ကြီးကျော်အေး၊ မယ်လဲ့ထဂိတ်မှ စောကီးဒိုနှင့် သော်လဲထမှ ဖဒိုစောနယ်ကော်တို့ကို လက်ပြန်ကြိုးများ တုတ်ပြီး အပြင်သို့ ခေါ်ထုတ်ခဲ့၏။ သံလွင်မြစ်ကမ်းဘေးသို့ ခေါ်လာ၏။ လပြည့်ကျော် တရက်နေ့ - လသည် ဝင်းဝင်းပပ။ သံလွင်မြစ်ပြင်ကို ဖြတ်တိုက်လာသော လေတွင် နှင်းငွေ့တို့ ယှက်၍ပါလာ၏။ ကောင်းကင်သည် ကြည်လင်၍ တောက်ပနေသည်။ ဖားမီး၏ တပ်ဖွဲ့က သူတို့ ၃ ဦးကို စီ၍ ရပ်နေစေ၏။
အခြေအနေကို ဗိုလ်ကြီးကျော်အေး သိလိုက်ပြီ။ ``မင်းတို့က ဒို့ကို သတ်တော့မယ်ဆိုရင် ….. ကျေးဇူးပြုပြီးတော့ ပထမဦးဆုံး ဒို့အားလုံး ဆုတောင်းလိုက်ကြရအောင်`` သူတို့ ၃ ယောက်လုံးက ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။ နောက်ဆုံး ဆုတောင်းခွင့်ပြုရန် ဗိုလ်ကြီးကျော်အေးက ဖားမီးကို ပြော၏။ ဖားမီးက အင်းမလှုပ်၊ အဲမလှုပ်…..။ ဘာမှ ပြန်မပြော…..။ ဗိုလ်ကြီးကျော်အေးက -
``ကဲ ဆုတောင်းကြစို့….`` ဟုဆိုလျှင် ဝတ်ပြုရန် ဒူးထောက်လိုက်၏။ ဖားမီးသည် သူ၏ လက်တွင်းမှ မောင်းပြန်ရိုင်ဖယ်နှင့် ဗိုလ်ကြီးကျော်အေးကို ပစ်၏။ နေရာတွင်ပင် လဲကျသေဆုံးသွားသည်။ မဲလဲ့ထဂိတ်မှူး စောကီးဒိုသည် ရုတ်တရက် လှည့်၍ ထွက်ပြေး၏။ ဖားမီးတို့အုပ်စုမှ စောကီးဒိုကို လှည့်၍ပစ်သည်။ စောကီးဒိုသည် လက်မောင်းတွင်ထိ၏။ ထိသည့်အရှိန်နှင့် လည်ပြီး သံလွင်မြစ်အတွင်းသို့ ကျသည်။ ရေစီးက သူ့ကို မြစ်လယ်သို့ ဆွဲခေါ်သွားသည်။ ဖဒိုစောနယ်ကောသည်လည်း ထိုနေရာတွင်ပင် ဖားမီးတို့၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
သံလွင်မြစ်အတွင်း သေနတ်ဒဏ်ရာနှင့် မျောနေသော မဲ့လဲ့ထဂိတ်မှူး စောကီးဒိုကို KNU အပေါ် သစ္စာစောင့်သိသည့် KNLA ရဲဘော်များက ကယ်လိုက်နိုင်၏။ ဒဏ်ရာက မပြင်းထန်…..။
စောကီးဒိုမှတဆင့် သုမွဲထမှ လူသတ်ပွဲကို မာနယ်ပလောက သိကြရ၏။ နောက်တနေ့တွင်ပင် သူသည် KNU ဥက္ကဋ္ဌအနေဖြင့် မြိုင်ကြီးငူဆရာတော် အရှင်သုဇနထံသို့ စာရေးပို့၏။
စာတွင် ….``ဆရာတော်နှင့် အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားပြီး KNU အဖွဲ့အစည်းသည် ကရင်အမျိုးသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသည်မှာ ၄၆ နှစ် ရှိပြီဖြစ်ကြောင်း ဆရာတော်အနေနှင့် …. အဖိနှိပ်ခံ ကရင်များဘက်မှ ရပ်တည်မည်လား…။ ဒါမှမဟုတ် ဖိနှိပ်သည့် အုပ်စိုးသူ အာဏာရှင်များဘက်က ပါမည်လား…..`` ဟူ၍ မေးခွန်းထုတ်ထား၏။ မြိုင်ကြီးငူ ဆရာတော်က သူ၏ စာကို ဖတ်၍ပင် မကြည့်ဟု သိရ၏။ မြိုင်ကြီးငူ၏ သဘောထားက ရှင်း၍နေ၏။
သုမွဲထမှ ခွဲထွက်ပုန်ကန်သူ အုပ်စုများသည် စေ့စပ်ဆွေးနွေးရန် သုမွဲထသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မောင်မောင်၊ ပဒိုမန်းရှာလားဖန်း၊ ပဒိုစံလှိုင်၊ ဗိုလ်မှူးကြီး တူးတူးလေးနှင့် ဒုဗိုလ်မှူးကြီး ဂျော်နီကို မာနယ်ပလောသို့ ပြန်ခွင့်မပြုတော့ဘဲ သုမွဲထ၌ပင် ထိန်းသိမ်းထားလိုက်ပြန်၏။ သုမွဲထတွင် ဗိုလ်ကြီးကျော်အေးကို သတ်ဖြတ်ခဲ့ပြီး ၄ ရက်မြောက်တွင် ဖားမီးသည် အစွန်းရောက် ခွဲထွက်တပ်သား ၆ဝ ခန့်ကို စုစည်းကာ သံလွင်ကို ဖြတ်ကူး၍ မာနယ်ပလောသို့ ချီတက်ရန် ပြင်ဆင်၏။ သင်္ကန်းစများကို နဖူးတွင် စည်း၏။ လက်တွင် ပတ်ကြ၏။ ဤသင်္ကန်းစများက သူတို့ကို အရာရာကာကွယ်ပေးမည့်၊ ``အဆောင်လက်ဖွဲ့`` များအလား…..။ သံဃာတော်အချို့က ဖားမီးတို့ကို မသွားရန် တားကြ၏။ မရ….။ သွေးကြွနေသော ဖားမီးနှင့် အဖွဲ့သည် သံဃာတော်များ၏ အနူးအညွတ်တားမြစ်နေသည်ကို ဂရုမပြုကြ။
သံလွင်သည် လွှမ်းခြုံထားသော မြူပုဝါကို ဖယ်ရှား၍ လူးလွန့်လာလေပြီ။ မြစ်ပြင်သည် ကြည်ကြည်လင်လင်….။ သဲသဲကွဲကွဲ….။ အရာရာသည် ရှင်းနေ၏။ ထင်း၍နေ၏။ ညိုညစ်သော မြစ်ရေသည် နေရောင်အောက်၌ ပြိုးပြက်….ရွှန်းလက်နေသည်။ စက်လှေ ၂ စီးနှင့် ဖားမီးတို့တပ်ဖွဲ့ သံလွင်ကို ကူး၏။ တဖက်ကမ်းသို့ ရောက်၏။ မာနယ်ပလောသည် ဤမှာဘက်ကမ်း၌ ရှိ၏။ မာနယ်ပလော လုံခြုံရေးအတွက် KNLA တပ်များဖြင့် စစ်ဆေးရေးဂိတ်များ အထပ်ထပ်ချထား၏။ ဖားမီးတို့အဖွဲ့သည် ပထမအဆင့် လုံခြုံရေးဂိတ်သို့ ရောက်လာကြ၏။ ဂိတ်တွင် လုံခြုံရေးအတွက် KNLA မှ တပ်စိတ်တစိတ် ချထား၏။ ရဲဘော် ၉ ယောက်ရှိ၏။ သူတို့က ဖားမီးတို့ကို ဆက်၍ တက်မလာရန် တား၏။ ပြန်ဆုတ်ရန် ပြော၏။ မရ….။ ဖားမီးတို့က ဆက်တက်လာကြပြီး လုံခြုံရေးဂိတ်ကို ဝိုင်းလိုက်ကြသည်။ လုံခြုံရေးတပ်သားများအဖို့ အကျပ်တွေ့၏။ ဗဟိုက ခွဲထွက်သူတို့ကို မပစ်ခတ်ရန် အမိန့်က ညွှန်ကြားထားဆဲဖြစ်၏။ နောက်ဆုံး…. လုံခြုံရေးဂိတ်မှ ရဲဘော်များ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ကြ၏။ ရဲဘော် ၅ ယောက်က ကိုယ်လွတ်ဆုတ်ခွာ နိုင်ခဲ့ကြပြီး ၄ ယောက်ကိုမူ ဖားမီးတို့က ဖမ်းဆီးလိုက်ကြ၏။ ဖားမီးတို့က ပထမကင်းစခန်းကို သိမ်းပိုက်ရမိပြီးနောက် …. ရှေ့သို့ ဆက်တက်လာကြ၏။
(၂၃)
သုမွဲထကို အခြေပြုပြီး ပုန်ကန်နေသည့် အရေးက KNU ဥက္ကဋ္ဌအနေနှင့် သူ အလေးအနက် စဉ်းစားရလေပြီ။ အခြေအနေများက စက္ကန့်နှင့်အမျှ ပိုင်းဆစ်၍ ဆုံးဖြတ်ချက် ချရမည့်အရေး ဖြစ်လာပြီ။ ပြဿနာက အပ်နှင့် ထွင်ရတော့မည့် အရေးဟု သူ ဆုံးဖြတ်လိုက်၏။
သုမွဲထကို တိုက်ရန် စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး လောဝါဒီကို သူ အမိန့်ပေးလိုက်၏။ လောကွားလူမှ သုမွဲထကို လက်နက်ကြီးများနှင့် ပစ်တိုက်၏။ ပြီးလျှင် ….. ပြီးလျှင် ….။ သူကား လောဝါဒီကို အမိန့်များ ပေး၏။ ညွှန်ကြားချက်များ ပေး၏။ သို့သော် …. သူ၏ အမိန့်နှင့် ညွှန်ကြားချက်များက ``လက်ယာသွေဖည်သော `` ဗဟိုကော်မတီ ခေါင်းဆောင် အချို့အကြား၌ လက်တွေ့ ဖြစ်မလာခဲ့…….။
ကိုးကား…-
စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် ၅ဝ- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်- သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း
Posted by linkardepa
ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၆)
Friday, April 24, 2009
မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 14:31 - မြန်မာစံတော်ချိန်
(၃၁)
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပြီး နဝတ၏ သဘောထား ၆ ရပ်ကို ဆွေးနွေးကြ၏။ ပြီးလျှင် …. KNU ၏ သဘောထားကို နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ KNU ဥက္ကဋ္ဌ အနေဖြင့် သူ စာရေး၍ အကြောင်းပြန်ကြားရန် ဆုံးဖြတ်ကြသည်။
သို့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရက်စွဲ ….. ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ဥက္ကဋ္ဌနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
နဝတမှ တင်ပြသည့် အချက် (၁) သည် အနှစ်သာရအားဖြင့် အညံ့ခံရေး ဖြစ်သည့်အတွက် ကြိုတင်စည်းကမ်းချက်အဖြစ် ထားရမည့် အချက်မဟုတ်ပါ။ အချက် (၅) နှင့် ပတ်သက်ပြီး အမျိုးသားညီလာခံမှ ချမှတ်ထားသည့် …. အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည် … ဟူသော ဦးတည်ချက်သည် နဝတ ကိုယ်တိုင် အကောင်အထည် ဖော်ပေးရန် လူထုကို ကတိပေးထားသည့် ပါတီစုံဒီမိုကရေစီ အခြေခံမူများနှင့် ဆန့်ကျင်နေပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်နေခဲ့သည့်အပြင်၊ ပြည်သူလူထုကလည်း ညီလာခံအပေါ် ယုံကြည်မှုမရှိတော့သည့်အတွက် KNU အနေနှင့် အမျိုးသားညီလာခံသို့ တက်ရောက်လေ့လာရန်မှာ မဖြစ်နိုင်ပါ။
အချက် (၆) ဖြစ်သည့် အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရမည်ဟူသည့် အချက်သည် ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံကို ပြည်သူလူထုအားလုံး၊ တိုင်းရင်းသားအားလုံးမှ လက်ခံနိုင်သည်၊ လက်မခံနိုင်သည်ကို မသိရသေးဘဲ ဥပဒေပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရေးအတွက် ကြိုတင်ကတိပေးထားရေးသည် အကြောင်းအကျိုး ယုတ္တိမရှိသည့်အတွက် KNU မှ လက်မခံနိုင်ပါ။
စောဘိုမြ
ဥက္ကဋ္ဌ
ကရင့်အမျိုးသား အစည်းအရုံး
မိတ္တူ …
ဗိုလ်ချုပ်ကြီး မောင်အေး
(ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ဒု-ဗိုလ်ချုပ်ကြီး ခင်ညွှန့်
(အတွင်းရေးမှူး - ၁ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ဒု-ဗိုလ်ချုပ်ကြီး တင်ဦး(အတွင်းရေးမှူး - ၂ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံး
(၃၂)
သူက နဝတ ဥက္ကဋ္ဌထံ KNU ၏ သဘောထားကို စာရေးအကြောင်းပြန်ကြားခဲ့ပြီး နောက်တလအကြာတွင် ခွန်မြတ်တို့အဖွဲ့သည် သူနှင့် လာတွေ့၏။ နဝတမှ ပါးလိုက်သည့် စကားများကို ခွန်မြတ်က သူ့ကို ပြောသည် …… -
KNU အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ပါက (ကက လှမ်း) တပ်မတော် ထောက်လှမ်းရေးအဖွဲ့မှ KNU နှင့် ဆက်လက်ဆွေးနွေးနိုင်တော့မည် မဟုတ်ကြောင်း …။-
နှစ်ဦးနှစ်ဖက် ဆက်လက်မဆွေးနွေးနိုင်သော်လည်း နှစ်ဦးနှစ်ဖက်ကြား ဆက်သွယ်မှုများကို ယခင်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း …။-
(ကက လှမ်း) က KNU နှင့် ဆက်လက်မဆွေးနွေးနိုင်ပါက (ကက ကြည်း) အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို (ကက လှမ်း) က မသိကြောင်း …။
ထို … မသိကြောင်း အဖြေက နောက် ၁ဝ ရက်အကြာတွင်ပင် သိလာရ၏။ KNU ၏ အခြေခံဒေသများ အားလုံးသို့ နဝတ ၏ စစ်ကြောင်းများ အလုံးအရင်းနှင့် ဝင်လာပြီး စစ်ပွဲဆင်နွှဲတော့၏။ စစ်ပွဲက ပြင်းထန်၏။ ခုခံစစ်ကလည်း ပြင်းပြင်းထန်ထန်ပင် …..။
မုန်တိုင်းအတွင်း ရော်ရွက်ဝါတို့ ကြွေ၏။ မထူးဆန်း ….။ KNLA တပ်ရင်း ၁၆ မှ တပ်ရင်းမှူး စောသမူဟဲသည် နဝတ ထံတွင် လက်နက်ချ၏။ လက်နက်ချပွဲသို့ နဝတ ဗိုလ်ချုပ်မောင်အေး လာ၏။ လက်နက်ချသူ သမူဟဲကို မောင်အေးသည် သူ့အရှေ့၌ ဒူးတုတ်စေ၏။ ဖက်ဆစ် စစ်ဖိနပ်ဖြင့် ကရင့်အမျိုးသား အလံတော်ကို နင်း၏။
(၃၃)
၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူကား … KNU ၏ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနကြီးမှူး ….. တာဝန်များကို ကွယ်လွန်သည်အထိ ထမ်းဆောင်လျက်ရှိနေဆဲ ……။ နောက်ဆုံးထွက်သက်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွင်း၌ ရှိနေခဲ့သည်။ သူ့ဘဝက ရှည်၏။ သူ့သမိုင်းက ကြီး၏။ သူ့ဘဝ၊ သူ့သမိုင်းသည်ပင် ကရင့်အမျိုးသား လွတ်မြောက်ရေးသမိုင်း ဖြစ်နေခဲ့၏။
၁၄ နှစ်သား ဘဝမှပင် သူသည် မောင်းပြန်ရိုင်ဖယ် သေနတ်ကို ကိုင်ခဲ့ရသည်။
ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍ တော်လှန်ခဲ့၏။ ယမ်းငွေ့များအတွင်း သူသည် ကြီးရင့်ခဲ့၏၊ ရင့်ကျက်ခဲ့ရ၏။
သူသည် လက်နက်ကိုင် တော်လှန်ရေးသမား …. စစ်သားတဦး ဖြစ်၏။ သူသည်ပင် …. ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးသမားတဦး ဖြစ်နေပြန်သည်။ စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ ….။ သူ့တွင် …. လက်ဝဲ၊ လက်ယာ အယူဝါဒစွဲ မရှိ ….။ ပစ္စုပန်တည့်တည့်တွင် ရပ်ပြီး လက်တွေ့ကျကျ တွေးခေါ်မြော်မြင်၍ နိုင်ငံရေးကို လုပ်၏။ ဦးဆောင်မှုကို ပေးခဲ့၏။
သူက …. မြင်သည့်အတိုင်း တွေး၏။ တွေးသည့်အတိုင်း ပြော၏။ ပြောသည့်အတိုင်း လုပ်၏။ အမြင်ရှင်း …. အတွေးရှင်း ….. အပြောရှင်း ….. အလုပ်ရှင်းသဖြင့် သူ့ကို … ပွင့်လင်းသည်ဟု ဆိုကြ၏။ ပွင့်လင်းမှုက ဟန်ဆောင်ယူ၍ မရ။ ဤသည်ပင်လျှင် …. သူ့ကို သံလွင်တပ်ရင်း တပ်သားလေးမှသည် KNU ၏ ဥက္ကဋ္ဌ ……။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူ၍ ဖြစ်လာစေခဲ့ခြင်း ဖြစ်မည်။ သူ မကွယ်လွန်မီ ဆယ်စုနှစ် အတွင်း၌မူ ….. သူ့ဘဝက အလင်း၊ အမှောင်တို့နှင့် ထွေးယှက်၍ နေခဲ့သည်ဟု ဆိုရမည်။
သူကား ….. ကွယ်လွန်ခဲ့လေပြီ။ သူ ကွယ်လွန်ခြင်းကား KNU အတွက် ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် ကြယ်ကြွေခြင်းလား ….။ မိုးပြိုခြင်းလား …..။ တံတားကျိုးခြင်းလား …..။သူကား ….. သူ့သမိုင်းကို ရေးထိုး၍ သွားခဲ့လေပြီ …..။မည်သို့ …. ကဗ္ဗည်းတင်ကြမည်နည်း ….။ဝိဂြိုဟ်ပြုရေးက …. ကျန်နေသူတို့၏ တာဝန်ပင် ……။
ကိုးကား …-
စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး-
ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်- သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်-

Saturday, April 25, 2009
ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင
NEJ /၂၄ ဧပြီ ၂၀၀၉ယမန်နေ့ ညက ထုတ်လွှင့်သည့် မြ၀တီရုပ်မြင်သံကြားအစီအစဉ်တွင် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဋ္ဌ စောဌေးမောင်က ကေအန်ယူအပေါ် စွပ်စွဲပြောဆိုချက်များ အခြေအမြစ်မရှိကြောင်း ပြန်လည်ဝင်ရောက်လာသူများက ရှင်းလင်းပွဲတရပ်ပြုလုပ်သည်။ကေအန်ယူနှင့် ပြန်လည်ပေါင်းစည်းသည့် ခွဲထွက်အဖွဲ့များမှ အဖွဲ့ဝင်များကို ကေအန်ယူက သွေးအေးအေးဖြင့် သတ်ဖြတ်လျက်ရှိသည်ဟူသော စွပ်စွဲပြောဆိုချက်အား ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။
ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ပြုလုပ်သည့် အဆိုပါရှင်းလင်းပွဲကို ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့များမှ ကေအန်ယူအဖွဲ့သို့ ပြန်လည်ဝင်ရောက်လာကြသူ (၂၇) ဦးက ရှင်းလင်းခဲ့ကြသည်။စောဌေးမောင်က ကေအန်ယူထံ ပြန်သွားကြသည့် ကရင်ခွဲထွက်အဖွဲ့များမှ လူများကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ ဦးဆောင်ကာ သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ကြသည်ဟု ရုပ်မြင်သံကြားမှ ပြောကြားခဲ့သည်။
ပြန်လည်ဝင်ရောက်လာသူများမှ စောအေးဖေက “ကျနော်က ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့ကို၂၀၀၀ ခုမှာ ရောက်ပြီး ၂၀၀၆ ခုမှာ ကေအန်ယူဘက်ကို ပြန်လာတာဖြစ်တယ်။ ဟိုမှာက ပဒိုအောင်ဆန်းနဲ့ ခေါင်းဆောင်ပိုင်း တွေပဲ ကြီးပွားချမ်းသာကြတယ်။ အောက်ခြေရဲဘော်တွေအနေနဲ့ အိမ်တဆောင် မီးတပြောင်မနေနိုင်တဲ့ဘ၀ပါ။ ဒီကြားက ကရင်အချင်းချင်း ဖိနှိပ်မှုမျိုးစုံရှိတော့ မိခင် ကေအန်ယူဆီကို ပြန်လာတာဖြစ်တယ်။ ဘာမှ သတ်တာ ဖြတ်တာ မရှိဘူး။ အားလုံးကိုယ့်ဆန္ဒအတိုင်းပဲ။ တချို့မိသားစုတွေ တတိယနိုင်ငံရောက်သွားတာလည်း အများကြီး ရှိတယ်။ ငြိမ်းချမ်းရေးကောင်စီကတော့ နအဖ လက်ကိုင်တုတ်ဖြစ်သွားတော့ နအဖခိုင်းသလို လုပ်ရတဲ့ သဘောရှိတယ်” ဟု ပြောသည်။
ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းမှ ဆေးတပ်သား စောအဲ့ထူးက “၂၀၀၇ မှာ ကေအန်ယူနဲ့ လာရောက် ပူးပေါင်းတာဖြစ်တယ်။ ဒီကေဘီအေမှာ (၃) နှစ်ကြာတယ်။ ဦးတည်ချက်နဲ့ လုပ်ဆောင်ချက်က ကရင်တွေအတွက် အကျိုးမရှိတာ သိရလို့ ကေအန်ယူနဲ့လာပြီး ပူးပေါင်းတာဖြစ်တယ်။ ငြိမ်းချမ်းရေးကောင်စီ ပြောသလို ပြန်လာတဲ့ လူတွေကို သတ်တယ်ဆိုရင် ကုန်ပြီပေါ့။ အခု ဒီမှာတွေ့တဲ့အတိုင်းပဲ” ဟု ပြောသည်။ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဒု-ဗိုလ်မှူးကြီး စောလှကျော်ကလည်း “ကျနော်ပြန်လာတာ (၁) နှစ်ပြည့်တော့မယ်။ ပြန်လာတဲ့လူတွေကို ဘယ်သူမှ မသတ်ဘူး။ အားလုံးရှိကြတာပဲ။
အခု စောဌေးမောင်ပြောတဲ့ ကိစ္စက နအဖ ပြောခိုင်းလို့ ပြောရတာဖြစ်တယ်။ သူက အသက်လည်းကြီးပြီး အမှတ်သညာလည်း မကောင်းတော့ဘူး” ဟု ပြောသည်။
ကရင်ခွဲထွက်အဖွဲ့အစည်းအသီးသီးမှ ပြန်လာကြသည့် အဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိစာရင်းအရ (၇၀) ခန့်ရှိပြီး ၎င်းတို့ဆန္ဒအတိုင်း ကောင်းရောင်းကောင်းဝယ် အသက်မွေးဝမ်းကြောင်းပြုလျက်ရှိသည်ဟု ပြန်ဝင်ရောက်လာသူတဦးက ပြောသည်။
ကေအန်အယ်လ်အေ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “ပြန်လာတဲ့လူတွေအားလုံးကို ကျနော်တို့ ကောင်းကောင်းမွန်မွန် လက်ခံစောင့်ရှောက်ထား မထားသိချင်ရင် ကိုယ်တိုင်သွားမေးမြန်းလို့ ရတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များသည် လွန်ခဲ့သည့် ရက်ပိုင်းမှ စတင်ကာ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီရုပ်မြင်သံကြား၊ MRTV-3 စသည့် ရုပ်သံလိုင်းများမှ ညစဉ် ကေအန်ယူအဖွဲ့အား ထိုးနှက်ပုတ်ခတ်သည့် အစီအစဉ်များကို တင်ဆက်လျက်ရှိသည်။
အဓိက ထိုးနှက်ပုတ်ခတ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်များမှာ ကေအန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏သား စောနေစိုးမြ၊ စောဌေးမောင်နှင့် သမီးဖြစ်သူ နော်ကပေါ်ထူးတို့ ဖြစ်သည်။
သုံးပွင့်ဆိုင်ဆွေးနွေးရေးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ပြောကြား
Friday, April 24, 2009
စစ်အစိုးရအာဘော်မြန်မာ့အလင်းသတင်းစာတွင်ဧပြီလ၂၁ရက်နေ့ကဆောင်းပါးရှင်စောဖိုးစီမှ``ရန်ပြိုခြင်းရဲ့အဓိပ္ပါယ်ငြိမ်းချမ်းတဲ့အခါသိလိမ့်မည် ´´ ခေါင်းစဉ်ဖြင့် KNU အတွင်းရေးကိစ္စများကို ထုတ်ဖော်ရေးသားထားသည်။ထိုင်းနယ်စပ်ရှိ နိုင်ငံရေး အကဲခတ်သမားများမှ ၄င်းဆောင်းပါးပါအချက် အလက်များသည် KNUကို သစ္စာဖောက်သွားသော နေစိုးမြအဖွဲ့မှ စစ်အစိုးရသို့ ပေးသည့် သတင်းများ ဖြစ်နိုင်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ အတွင်းရေးကိစ္စများ၊ နယ်စပ်တွင် ထိုင်း-မြန်မာ ပြဿနာဖြစ်အောင် KNUမှပြုလုပ်ခဲ့သည့်ပစ်ခတ်မှုများ၊KNUအတွင်းမပျော်တော့သည့်အလယ်အလတ်ပိုင်း တပ်ဖွဲ့ဝင်များ၏ နောက်ဆုံးအခြေအနေများကို စစ်အစိုးရမှ သတင်းများ ရရှိသွားသဖြင့် အမြတ်ထွက်နေကြောင်း၊ နေစိုးမြကိစ္စကို မီဒီယာဖြင့်ပုံကြီးချဲ့ ထုတ်လွှင့်နေသလို တစ်ဘက်မှလည်း စစ်အင်အားအသုံးပြုပြီး KNU စခန်းတွေကို DKBA နဲ့ ပေါင်းပြီး တိုက်ခိုက်နေကြောင်း ဝေဖန်သုံးသပ်လျက်ရှိ သည်။KNU မှ နေစိုးမြအဖွဲ့ ထိန်မောင် ထံရောက်သွားခြင်းသည် ၄င်းတို့အတွက်လုံးဝမထိခိုက်ကြောင်း၊ နေစိုးမြသည် ကလေးအတွေးအခေါ်သာ ရှိပြီး KNU မှ ထုတ်ပယ်ထားသူဖြစ်ကြောင်း ငြင်းချက်ထုတ်တားသည်။ KNU နှင့် စစ်အစိုးရတို့အကြားထိုင်းအစိုးရမှကြားဝင်စေ့စပ်မှုများရှိကြောင်းသတင်းမီဒီယာ များတွင် ပါရှိနေသော်လည်း ထိုင်းအစိုးရအနေဖြင့် KNU အပေါ် သဘောထား အမှန် မည်ကဲ့သို့ ထားရှိသည်မှာစိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ KNU ၏ တုန့်ပြန်ချက်ကို ထိုင်းနယ်စပ်ရှိ လူ့အခွင့်ရေးလှုပ်ရှားသူများ ကုလသမဂ္ဂ လက်အောက်ခံ လူမှုကယ်ဆယ်ရေး အဖွဲ့များမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိသည်။ KNU အနေဖြင့် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေး ရေးကို သာလုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း KNU မှ ဗိုလ်မှူးစောလှငွေ က ထုတ်ဖော်ပြောကြားခဲ့သည်။
ပေးပို့သူတစ်ဦးစောလင်းနက်စ်ဘလော့မှကူးယူဖေါ်ပြသည်။

အစိုးရ၏ရာဇဝတ်မှု ဒုက္ခသည်တဦး ဖွင့်ချ

မြန်မာအစိုးရ ကျူးလွန်ခဲ့သော ရာဇဝတ်မှု များကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက စုံစမ်းနိုင်ရေးအတွက် တိုက်တွန်းပေးပါဟု အမေရိကန် ပြည်ထောင်စုရောက် ကရင် တိုင်းရင်းသူတဦးက ကွန်ဂရက်လွှတ် တော်နှင့် အိုဘားမား အစိုးရကို ယနေ့ တိုက်တွန်းလိုက်သည်။တိုင်းရင်းသား ဒေသများတွင် စစ်အစိုးရ ကျူးလွန်ခဲ့သည်ဟု ဆိုသော လူ့အခွင့်အ ရေး ချိုးဖောက်မှုတချို့ကို ဒုက္ခသည် တဦး ဖြစ်သူ ကရင်အမျိုးသမီး မိုင်းရာဒါးဂေဖောက လွှတ်တော် ကြားနာပွဲတခုသို့ တက်ရောက်ပြီး အသေးစိတ် ရှင်းပြခဲ့သည်။ ထိုရာဇဝတ်မှုများ အတွက် စစ်အစိုးရတွင် တာဝန်ရှိသည်ဟု သူက ဆိုသည်။ စစ်အစိုးရ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခံရသူများတွင် သူ၏ မိသားစုဝင်များလည်း ပါဝင်ခဲ့သည်ဟု သိရသည်။မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို ကြားနာ စစ်ဆေးသော Tom Lantos လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်တွင် ယင်းသို့ ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။ မိုင်းရာဒါးဂေဖောသည် ထိုင်း - မြန်မာ နယ်စပ်တွင် အဓိက လှုပ်ရှားလျက်ရှိသော ကရင် အမျိုးသမီး အစည်းအရုံး ၏ အသင်းဝင်တဦးလည်း ဖြစ်သည်။“မြန်မာအစိုးရဲ့ လူသားမျိုးနွယ် တခုလုံး အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စုံစမ်းနိုင်ဖို့အတွက် တိုက်တွန်းပေးပါလို့ ကွန်ဂရက် အဖွဲ့ဝင်တွေ နဲ့ အစိုးရ အဖွဲ့သစ်ကို ကျမ မေတ္တာ ရပ်ခံပါတယ်” ဟု သူက ဆိုသည်။စစ်အစိုးရက အရပ်သားများအပေါ် အကြမ်းဖက်မှု ကျူးလွန်နေခြင်းများ ရပ်ဆိုင်းသွားရေးအတွက် နိုင်ငံတကာ အသိုင်းအဝန်းကလည်း ဆက်လက် ဖိအားပေးရန် သူက တိုက်တွန်းလိုက်သည်။မြန်မာ့တပ်မတော်၏ လက်ချက်ကြောင့် ရွာလုံးကျွတ် ထွက်ပြေးရမှုများ ရှိနေကြောင်း၊ အဝတ်တထည် ကိုယ်တခုဖြင့် ပြေးရခြင်း ဖြစ်ကြောင်း သူက ရှင်းပြသည်။ရွာသားများ နေရပ်ရင်းသို့ မပြန်နိုင်ရန် တပ်မတော် စစ်ကြောင်းများက ရွာနှင့် အနီးတဝိုက်တွင် မြေမြှုပ်မိုင်းများ ထောင်လေ့ရှိသည်ဟု မိုင်းရာက ပြောသည်။“ရွာကနေ ထွက်ရပြီ ဆိုရင် တနေရာကနေ တခြား တနေရာကို ပြေးနေရတယ်။ တောထဲမှာ တွေ့တဲ့ဟာကို စား၊ အိပ်တဲ့အခါလည်း ဗိုက်ဆာဆာနဲ့ အိပ်။ ကလေးတွေကို လက်ဆွဲပြီး အမြဲတမ်း ပြေးနေရတယ်။ စစ်တပ်ကို ကြောက်နေရတာပဲ” ဟု သူက ဆိုသည်။“ကျမတို့ ပြေးရတုန်းကလည်း ကျမတို့ မိသားစု တခုလုံး ဘာဆို ဘာမှ မရှိဘူး။ စားစရာလည်း မရှိ၊ အိပ်စရာ မရှိ၊ အဝတ်အစားလည်း အပိုမရှိ၊ မိုးရာသီ ဆောင်းရာသီဆိုရင် ပိုပြီး ဒုက္ခရောက်ရတယ်၊ စစ်ကြောင်းတွေနဲ့ လွတ်အောင် အမြဲ ရှောင်ရတယ်။ တောထဲမှာ၊ ခြုံထဲမှာ၊ ဂူထဲမှာ ပုန်းရတဲ့အခါ ရှိတယ်။ မိုးရွာထဲမှာ ပလတ်စတစ်ကို ကိုယ်တဝက်ပဲ ခြုံပြီး အိပ်ခဲ့ရတဲ့ ညကို ကျမ ဘယ်တော့မှ မမေ့ဘူး” ဟု မိုင်းရာက အနည်းငယ် ငိုရှိုက်ရင်း ပြောပြသည်။အကူအညီပေးရေး အဖွဲ့များက ပြေးလွှားနေရသည့် ရွာပုန်းရွာရှောင် ဒုက္ခသည်များထံသို့ သွားရောက်နိုင်ခြင်း မရှိသဖြင့် ဆေးဝါး နှင့် အစားအစာ အတွက် အခက်အခဲများ ကြုံရသည်ဟု ဆိုသည်။“ကျမ ငှက်ဖျားတက်တယ်၊ တုပ်ကွေးရော တခြားဟာတွေရော ဖြစ်တယ် ခဏခဏပဲ။ ကျမရဲ့ မောင်နှမဝမ်းကွဲတွေလည်း ဖျားနာပြီး ဆုံးသွားကြတယ်” ဟု သူက ပြောသည်။“ဘာ စားစရာမှ မရှိတာကိုလည်း ခဏခဏ ကြုံရတယ်။ တခါတလေ မိသားစု ၇ ယောက် စားဖို့ ဆန် တဘူးပဲ ရှိတတ်တယ်။ လူကြီးတွေက မစားကြဘူး။ ထမင်းကို ကျမတို့ ညီအစ်မတွေကို ပေးတယ်၊ ကျမတို့က အငယ်တွေ ဆိုတော့။ တောထဲမှာ မျှစ်တွေ လိုက်ရှာပြီး စားရတယ်” ဟု မိုင်းရာက လူ့အခွင့်အရေး ကော်မရှင်ကို ပြောပြသည်။“မြန်မာပြည်မှာ ကရင်တွေအပြင် တခြား တိုင်းရင်းသားတွေလည်း ရှိတယ်၊ သူတို့လည်း မြန်မာ စစ်အစိုးရက ရန်ပြုတာကို ခံနေရတယ်။ ကိုယ့်ရပ် ကိုယ့်ရွာမှာ နေလို့မရတဲ့အတွက် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေ ဖြစ်သွားကြတယ်၊ တခြား နိုင်ငံကို ပြေးရတယ်” ဟု မိုင်းရာက ပြောသည်။ဧရာဝတီသတင်းဝက်ဆိုက်မှ ကူးယူဖော်ပြသည်။
Karen Human Rights field reports-IDP conditions and the rape of a young girl in Papun District-IDP responses to food shortages in Nyaunglebin District
2009 April 24
tags: Human Rights, world focus on Burma, Junta, Burma, Karen, Genocide, KNU, KNLA
by peacerunning
Since the end of December 2008, SPDCtroops active in Nyaunglebin District havepatrolled areas near Internally DisplacedPerson (IDP) hiding sites once or twice amonth. Currently, these soldiers are moreactive in areas at the bottom of themountains—areas which function as a line ofdemarcation between the homes of displacedvillagers living in the mountains and those ofvillagers currently living under SPDC controlin the flatlands. Although the Burma Armycontinues to patrol the mountains ofNyaunglebin District, the relative decrease inmilitary activity in some upland areas, where the majority of IDPs in hiding reside, marks anotable shift
in military operations from recentyears.http://www.khrg.org/khrg2009/khrg09f7.pdf
IDP conditions and the rape of a young girl in Papun District
n late 2005/early 2006, the State Peace and Development Council (SPDC, Burma’s ruling junta) began an intensive military offensive in much of Northern Karen State, including Toungoo, Nyaunglebin and Papun Districts. During the offensive, many villagers fled to internally displaced persons (IDP) hiding sites where they could avoid living under SPDC control. These displaced communities have been directly targeted by SPDC soldiers and face many difficulties. One example of the pervasive nature of SPDC abuses against displaced villagers can be found in Lu Thaw Township, Papun District. If Lu Thaw villagers in hiding are found by SPDC troops, they risk being be shot on sight. If their hillside farm fields and food stores are found, the SPDC often burns them down in attempt to drive the villagers into SPDC-controlled areas.
Over the course of the offensive, the SPDC has militarized large swaths of Northern Karen State and, in Lu Thaw Township alone, increased the total number of SPDC Army camps to 46. Although the SPDC Army has withdrawn from 13 of these camps since late 2008, villagers in Lu Thaw still face insecurity in a variety of ways, including a severe food shortage caused by SPDC abuses. SPDC soldiers still based in Lu Thaw Township continue to actively patrol near IDP hiding sites and thereby prevent villagers from accessing both their farm fields and the markets in which they can sell their harvested crops.[1]
http://www.khrg.org/khrg2009/khrg09f8.pdf
monthly report Hurfom:Power through gun barrels: Abuses related to the DKBA offensive in Dooplaya District
2009 April 24
tags: Human Rights, world focus on Burma, Junta, Burma, Karen, Genocide, KNU, KNLA, DKBA Killers
by peacerunning
April 23, 2009I. SummarySince early October 2008, the current military junta and its ally, the Democratic Karen Buddhist Army (DKBA) have been mounting a major military offensive to crush the Karen National Union (KNU) and its armed wing, the Karen National Liberation Army (KNLA). During 1997 and 1998, most of Dooplaya district in central Karen State has been occupied and captured by the joint military offensives of the Burmese Army and DKBA troops. Since then, the military regime has changed its name from the State Law and Order Restoration Council (SLORC) to the State Peace and Development Council (SPDC). However, the oppression has not stopped and instead the occupation troops have continued to extend their control over the Karen villages which have been supporting the KNLA/KNU troops.
Read all http://www.rehmonnya.org/data/Report%20MF-April.pdf

Thursday, April 23, 2009
မယ်လ ဒုက္ခသည် စခန်းတွင် မြန်မာပြည်မှ ထုတ်သည့် ကုန်ပစ္စည်းအချို့ မသုံးစွဲရန် တားမြစ်ချက် ထုတ်ပြန်
စောသိန်းမြင့်၊ ကေအိုင်စီဧပြီ ၂၁၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းတွင် မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်း အချို့ကို မသုံးစွဲရန် တားမြစ်ချက်ကို ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။မယ်လဒုက္ခသည်စခန်းတနေရာကို တွေ့ရပုံ။သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် မြန်မာပြည်မှ ထုတ်ကုန် ပစ္စည်းများမှာ အိုးခွက်၊ ပန်းကန်၊ ဗမာတိုင်းရင်းဆေး အမျိုးမျိုး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ လက်ဖက်ခြောက်နှင့် လက်ဖက်သုပ်တို့ ဖြစ်သည်။
တားမြစ်ချက်ကို လိုက်နာကျင့်သုံးမှု မရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု အသံချဲ့စက်က တဆင့် အသိပေး နှိုးဆော်သည်ဟု သိရသည်။ဘန်ကောက်မြို့ အခြေစိုက် ဗဟိုရောဂါထိန်းချုပ်ရေးဌာန (Center of Disease Control)အဖွဲ့က မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ခဲဆိပ် ပါဝင်နေကြောင်း တွေ့ရှိခဲ့သည့် အတွက် ယခုကဲ့သို့ တားမြစ်ချက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်း အတွင်းရေးမှူး စောထွန်းထွန်းက ပြောသည်။သူက “သူတို့ စမ်းသပ်တဲ့နေရာမှာ နမူနာကတော့ နို့ဖိုးစခန်းနဲ့ မယ်လစခန်းက ဆေးတွေကို သူတို့ ယူသွားတယ်။ ပြီးတော့ အမေရိကန် မီနီဆိုးတားမှာ ရောက်ရှိနေတဲ့ တိုင်းရင်းဆေးတခု သူတို့ယူတယ်။ ပစ္စည်းအားလုံး ၁၃သုံးမျိုးလောက် ရှိတယ်။ အဲဒါကို အင်ဒီယားနားပြည်နယ် ဓာတ်ခွဲခန်းမှာ သူတို့ ဓာတ်ခွဲကြည့်ပြီး အဖြေတွေကို ပြန်ပြီးတော့ ထုတ်ပြန်လိုက်တယ်။ အကြောင်းအရင်းက ကျနော်တို့ စခန်းက အမေရိကန်ကိုသွားတဲ့ ကလေး ၅နှစ်ကနေ ၁၂နှစ်အထိပေါ့နော်။ အယောက် ၂ဝဝလောက်ကို သူတို့ စမ်းသပ်ကြည့်တဲ့အခါမှာ ၈ဝ လောက်ဟာ ခဲဆိပ် ရှိနေတဲ့အတွက် စခန်းမှာ သုံးစွဲနေတဲ့ ပစ္စည်းတွေကို မသင်္ကာဘူးပေါ့နော်၊ အဲဒီ မသင်္ကာစရာ ပစ္စည်းတွေကို သူတို့ ပို့လိုက်တယ်။ အဲဒီတော့ ကျနော်တို့လည်း အဲဒီမသင်္ကာစရာ ပစ္စည်းတွေကို ပိတ်လိုက်တာပေါ့”ဟု ပြောသည်။မယ်လစခန်းမှ အိမ်ရှင်မတဦးက ညွှန်ကြား တားမြစ်ချက်အတိုင်း ဆေးဝါးများနှင့် အစားအစာများကို အသုံး မပြုတော့ကြောင်း၊ သို့သော် အိုး ခွက် ပန်းကန်များကိုမူ မသုံးမဖြစ် အသုံးပြုရမည် ဖြစ်ကြောင်း ပြောသည်။သူမက “ကျမအိမ်က ဆေးဝါးတွေ၊ ဒီနနွင်းမှုန့်၊ အရောင်တင်မှုန့် အဲဒါတွေကို စခန်းထဲက ကြေညာချက် ထုတ်ပြန်ခဲ့ကတည်းက ကျမတို့ မသုံးတော့ဘူး။ ဒါပေမဲ့ အိုးခွက်၊ ပန်းကန်တွေကျတော့ မသုံးမဖြစ် သုံးရတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ အသစ် ထပ်ဝယ်ဖို့အတွက် ငွေမှမရှိတာ”ဟု ပြောသည်။မြန်မာပြည်မှထုတ်သည့် လူသုံးကုန် ပစ္စည်းများကို ရောင်းသည့် ဆိုင်ရှင် ဖီ့ဒါးဒါးက စခန်း တာဝန်ရှိသူများ၏ သတိပေး ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဟု ပြောသည်။သူမက “တာဝန်ရှိသူတွေ ညွှန်ကြားတဲ့ အတိုင်း ဆိုလို့ရှိရင် လက်ခံနိုင်ပါတယ်။ မရောင်းရဘူး ဆိုရင်လည်း ကျမတို့ မရောင်းတော့ပါဘူး။ အများအတွက် ကြည့်လို့ရှိရင် ကောင်းတယ်လေ။ ကျမအနေနဲ့တော့ ကျမ ပစ္စည်းတွေ ဆုံးရှုံးရပေမဲ့ အများအတွက်ဆိုတော့ လက်ခံနိုင်ပါတယ်”ဟု ပြောသည်။ထိုင်း-မြန်မာ နယ်စပ်ရှိ အခြားဒုက္ခသည်စခန်းများတွင် ထိုကဲ့သို့ မြန်မာပြည်မှ ထုတ်လုပ်သည့် လူသုံးကုန် ပစ္စည်းများ မသုံးစွဲရန် တားမြစ်ချက်များ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးကြောင်း စုံစမ်းသိရှိရသည်။မယ်လစခန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ မြောက်ဘက် (၄၅)ကီလို အကွာအဝေးတွင် ရှိပြီး စုစုပေါင်း လူဦးရေ ၄သောင်းကျော် နေထိုင်ကာ ထိုင်း - မြန်မာ နယ်စပ်တလျှောက်တွင် အကြီးဆုံး ဒုက္ခသည် စခန်း တခု ဖြစ်သည်။
Posted by အဲခေါင်သောင့်
Posted by အဲခေါင်သောင့်
ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၅)
2009 April 22
tags: Human Rights, world focus on Burma, Junta, Burma, KNU
by peacerunning
ဆောင်းပါးမင်းဟန်ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 12:35 - မြန်မာစံတော်ချိန်
(၂၄ )
KNU ဥက္ကဋ္ဌတဦးအဖြစ် သူ တာဝန်မယူမီ ကာလများအတွင်း အုပ်စိုးသူအာဏာရှင် အစိုးရအဖွဲ့များနှင့် ၃ ကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့၏။
၁၉၄၉ …..
၁၉၆ဝ …..
၁၉၆၃ ….. နှစ်များတွင် ဖြစ်၏။
ပထမအကြိမ် ဆွေးနွေးပွဲကား .. ကရင့်အမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပြီး ၆၄ ရက် အကြာတွင် ဖြစ်သည်။ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုများက အင်းစိန်ကို သိမ်းထား၏။ ဦးနု၏ ဖဆပလအစိုးရကား … ရန်ကုန်အစိုးရဟူ၍ ဝိဂြိုဟ်ပြုခံနေရသည့် အချိန်ဖြစ်သည်။
၁၉၄၉ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဦးနုက စောဘဦးကြီးထံသို့ စာပို့၏။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်သည့် စာဖြစ်သည်။ ရန်ကုန်ရှိ ဗြိတိန်သံအမတ် Mr .Broke ၊ အိန္ဒိယသံအမတ် Dr. Rauf ၊ ပါကစ္စတန် သံအမတ် Mr. M.D Ali နှင့် ခရစ်ယာန် ဘုန်းတော်ကြီး ဘီးရှော့ West တို့က အကျိုးဆောင်များကဲ့သို့ ပါကြ၏။ ဧပြီလ ၅ ရက်နေ့တွင် စောဘဦးကြီး၊ မန်းဂျိန်း(စ်) ထွန်းအောင်နှင့် စောဘဲလေတို့ ရန်ကုန်အစိုးရနှင့် တွေ့၏။
ရန်ကုန်အစိုးရအဖွဲ့မှ ဦးနု၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်နေဝင်းနှင့် ဦးချန်ထွန်းတို့ ဆွေးနွေးပွဲ တက်ရောက်သည်။
ဆွေးနွေးပွဲက …..
၁။ ကရင်အမျိုးသားများအရေးနှင့် ပတ်သက်၍ ဆာဘဦး၏ “ကို့မစ်ရှင်“က စီစဉ်ဆောင်ရွက်သွားမည်။
၂။ အပစ်အခတ်ရပ်စဲ၍ လက်နက်အပ်ရန်၊… ဟူ၍ (ဖ.ဆ.ပ.လ) အစိုးရက ဆွေးနွေး၏။
ဦးနု၏ အဆိုပြုချက် ၂ ရပ်ကို စောဘဦးကြီးသည် သဘောတူလက်မှတ် ရေးထိုးခဲ့၏။ ဆွေးနွေးပွဲပြီးနောက် စောဘဦးကြီးက အင်းစိန်တွင် ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကရင်ခေါင်းဆောင်များကို ပြန်လည်၍ ရှင်းပြသည်။
ဖဆပလ၏ တောင်းဆိုချက်က “လက်နက်ချရေး“ ဖြစ်၍ အင်းစိန်ရှိ ကရင်ခေါင်းဆောင်များက သဘောမတူကြ။ နောက်တနေ့တွင် မန်းဘဇံကို ဦးနုနှင့် ထပ်မံ၍ တွေ့ဆုံဆွေးနွေးရန် စေလွှတ်၏။ မန်းဘဇံသည် ထိုစဉ်က KNDO ၏ ခေါင်းဆောင်တဦးဖြစ်ပြီး ပဆပလက KNDO ကို မတရားအသင်း ကြေညာထား၏။
ဧပြီလ ၆ ရက်နေ့တွင် မန်းဘဇံ ဦးဆောင်သော ကရင်ကိုယ်စားလှယ်အဖွဲ့နှင့် ဦးနုတို့ တွေ့ဆုံကြပြန်၏။ “ကရင်အမျိုးသားများ၏ အဓိကလိုအပ်ချက်မှာ ကရင်ပြည်သာ ဖြစ်၏။ အပစ်အခတ်ရပ်စဲစဉ် ကရင်ပြည် ရရှိရေးကိစ္စကိုသာ ဆွေးနွေးသွားရန်“ မန်းဘဇံက ဦးနုထံ တင်ပြသည်။
ဖဆပလ ခေါင်းဆောင်များက မန်းဘဇံ၏ ဆွေးနွေးချက်ကို လက်မခံ….။ အပစ်ရပ်ပြီး လက်နက်ချရေးကိုသာ တောင်းဆို၏။ ကော်သူးလေက လက်မခံနိုင်…..။ ဆွေးနွေးပွဲက ပျက်လေ၏။
(၂၅)
၁၉၆ဝ၊ ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲများက ဗိုလ်နေဝင်းနှင့် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။
၁၉၆ဝ တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် အိမ်စောင့်အစိုးရ အာဏာ ရယူထား၏။ ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဗိုလ်အောင်ကြီးက အိမ်စောင့်အစိုးရကိုယ်စား KNUP သို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။ KNUP မှ အိမ်စောင့်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဗိုလ်ချုပ်ကော်ထူး၊ (ဗိုလ်ချုပ်ကျော်မြသန်း) စကောလယ်တော၊ ပဒိုဖိုညော၊ ဗိုလ်ကျင်ဖေနှင့် ဗိုလ်မြစိန်တို့ ရန်ကုန်သို့ သွားခဲ့၏။ အိမ်စောင့်အစိုးရမှ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေနှင့် လေ့လာသူများအဖြစ် ဗိုလ်ဘဖြူ၊ ဗိုလ်စံကြည်၊ ဗိုလ်စိန်လွင်တို့ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဗိုလ်ချုပ်ကော်ထူး (ဗိုလ်ချုပ်ကျော်မြသန်း) တို့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ကရင်ပြည်နယ်ပေးရန် တောင်းဆို၏။ အိမ်စောင့်အစိုးရက ….. ကရင်ပြည်နယ်အရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စဖြစ်၍ အိမ်စောင့်အစိုးရအနေနှင့် ကျော်လုပ်၍ မရ….။
မိမိတို့ မတတ်နိုင်….။
ကိစ္စက ပြတ်ပြီ။ အိမ်စောင့်အစိုးရနှင့် နိုင်ငံရေးပြဿနာကို ဆွေးနွေး၍ မရ….။
ထားတော့….။ လက်နက်ကိုင်တပ် ကိစ္စ ဆွေးနွေးကြပြန်၏။ အိမ်စောင့်အစိုးရက….
`စတိ` လက်နက်ချရမည်။ ပြီးလျှင် …. အရည်အချင်း ပြည့်မီသူများကို တပ်မတော်ထဲတွင် (S.P.R) ကဲ့သို့၊ (Karen Rifle) ကဲ့သို့ တပ်များ ဖွဲ့ပေးမည်။ နိုင်ငံရေးအရ ဆွေးနွေးမှုမရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အနှစ်သာရ မရှိ။ ၄ ကြိမ်မျှ နှစ်ဖက် တွေ့ဆုံပြီးသည့်တိုင် တိုးတက်မှုက မရှိ…..။ ဆွေးနွေးပွဲက ပျက်သွားခဲ့၏။
(၂၆)
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်သည် ဖဆပလအစိုးရထံမှ အာဏာ သိမ်းပိုက်ယူ၏။ အာဏာသိမ်း တော်လှန်ရေးကောင်စီသည် ၁၉၆၃ ခုနှစ် ဇွန်လ ၁ဝ ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် အင်အားစုများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း၏။
ထိုစဉ်က …. ကရင့်တော်လှန်ရေး အင်အားစုများအတွင်း၌ စောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေး ကောင်စီ (KRC) နှင့် မန်းဘဇံ ခေါင်းဆောင်သည့် KNUP ဟူ၍ ၂ ဖွဲ့ ကွဲနေ၏။ KNUP သည် ၁၉၆၃ ခုနှစ် ဆွေးနွေးပွဲကို အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု (မဒညတ) အနေဖြင့် ဆွေးနွေးခဲ့၏။ (မဒညတ) ၌ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ချင်းဦးစီးအဖွဲ့၊ KNUP ၊ NMSP နှင့် KNPP ပါဝင်သည်။
တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးမည့် (မဒညတ) ကိုယ်စားလှယ်အဖွဲ့တွင် မန်းဘဇံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး သခင်တင်ထွန်း (ဗမာပြည်ကွန်မြူနစ်ပါတီ) က အတွင်းရေးမှူးအဖြစ် တာဝန်ယူသည်။ တော်လှန်ရေး ကောင်စီဘက်မှ …. ဗိုလ်နေဝင်း၊ ဗိုလ်စောမြင့်၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန်၊ ဗိုလ်သောင်းဒန်၊ ဗိုလ်ချစ်ခင် ပါဝင်သည်။ ရန်ကုန်မြို့တွင်ပင် ဆွေးနွေးပွဲ ပြုလုပ်၏။ ၁၉၆၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့မှ နိုဝင်ဘာလ ၁၄ အတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ၆ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ တော်လှန်ရေး ကောင်စီက….အချက် ၅ ချက် တောင်းဆို၏။
(၁) တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ဝင်အားလုံးသည် စစ်အစိုးရက သတ်မှတ်ထားသော နေရာတွင် လာရောက်စုစည်း နေထိုင်ရန်၊ ၎င်းတို့ကို နေရာထိုင်ခင်း၊ စားရေးသောက်ရေးနှင့် လုံခြုံရေး တာဝန်ယူမည်။
(၂) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် စည်းရုံးရေးလုပ်ငန်းများ မလုပ်ရ။
(၃) တွေ့ဆုံဆွေးနွေးစဉ် ကာလတွင် တော်လှန်ရေးအဖွဲ့များသည် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်ရ။
(၄) အပြင်ထွက်လိုပါက ခွင့်တောင်းရမည်။
(၅) လက်နက်ကိုင် တပ်ဖွဲ့ဝင်အားလုံး စခန်း၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။
တောင်းဆိုချက်များက တဖက်သတ်နိုင်လွန်းလှ၏။ (မဒညတ) အနေနှင့် လက်ခံ၍ မရ….။
အလျှော့အတင်း၊ အပေးအယူ ရှိမှသာ ဆွေးနွေးပွဲက ရလဒ်ကောင်းရရန် ရှိမည်။ ယခုမူ….။
တော်လှန်ရေး ကောင်စီသည် တဖက်သတ် တောင်းဆိုမှုများကို တောင်းဆိုပြီး ဆွေးနွေးပွဲကိုလည်း တဖက်သတ်ပင် ရပ်စဲပစ်လိုက်၏။
၁၉၆၃ ခု၊ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီတွင် တော်လှန်ရေးကောင်စီမှ တွေ့ဆုံဆွေးနွေးပွဲ ဖျက်သိမ်းကြောင်း ကြေညာ၏။
(၂၇)
ထိုသို့သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည့် အချိန်၌ သူသည် တပ်မှူးတဦးမျှသာ ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင် တယောက်၏ တာဝန်များ သူ့၌ မရှိသေး…။
ယခုမူ …. သူသည် KNU ၌ ဥက္ကဋ္ဌ တာဝန် ယူထားရ၏။ ကရင့်အမျိုးသားများ အရေးကို ဆောင်ရွက်ရာတွင် သူ့တွင် တာဝန်အရှိဆုံး….။
အဖိနှိပ်ခံ ကရင်အမျိုးသားများ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်သည့် ကော်သူးလေပြည်သစ်ကို ထူထောင်နိုင်ရေးအတွက် … ၄၅ နှစ်တိုင်တိုင် သူ စစ်တိုက်ခဲ့၏။ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများတပွဲပြီးတပွဲ သူ ဆင်နွှဲခဲ့၏။ ပြီးလျှင် ….
ထိုထိုသော ငြိမ်းချမ်းရေးအတွက်ပင် သူသည် ရန်သူနှင့် စကားပြောရမည်။ စစ်မြေပြင်တွင် စီးချင်းထိုး၍ ငြိမ်းချမ်းရေး ရှာသကဲ့သို့၊ စားပွဲဝိုင်းတွင် ဆွေးနွေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး ရှာရမည်ကို သူ သဘောပေါက်၏။ သို့သော် …. ဖြစ်သန်းမှုအသိအရ …. ရန်သူစစ်အုပ်စုကို လက္ခဏာပိုင်းဖြတ်ပြီးသား ဖြစ်၏။ သို့သော် …. တွေ့ဆုံဆွေးနွေးရေး တံခါးကိုမူ သူ မပိတ်ထားခဲ့ ….။
၈၈ …. အာဏာသိမ်း စစ်အုပ်စုသည် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရာတွင် တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ ခေါ်သည့်နည်းနှင့် တွေ့ဆုံမှုများ မပြုလုပ် ……။ တဖွဲ့ချင်းဆီသို့ “အောင်သွယ်တော်“ များ လွှတ်၍ “နားသွင်း“သည့်နည်းနှင့် တိုးတိုးတိတ်တိတ် `စ`၏။
၁၉၉၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ နေ့စွဲနှင့် နဝတဥက္ကဋ္ဌထံသို့ သူ လက်မှတ်ထိုးပြီး စာတစောင်ပေးပို့ခဲ့၏။ စာတွင် အချက် ၄ ချက် ပါ၏။
(၁) တွေ့ဆုံဆွေးနွေးရေးကို တဖွဲ့ချင်း ခွဲခြားမပြုလုပ်ဘဲ တပ်ပေါင်းစုနှင့် ပြုလုပ်ရန် အတိအကျအားဖြင့် တခုလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာမှု ဖြစ်စေရန်အတွက် မဟာမိတ် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်နှင့် နဝတအကြား တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်။
(၂) တွေ့ဆုံဆွေးနွေးရေးကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ပြည်ပနိုင်ငံတခုခုတွင် ပြုလုပ်ကြရန်။
(၃) တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ၏ ကြီးကြပ်မှုတခုခုတွင် ပြုလုပ်ရန်။
(၄) ထိုတွေ့ဆုံဆွေးနွေးပွဲကို သတင်းနှင့် စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ ထိတွေ့နိုင်သည့် အခြေအနေတွင် လွတ်လပ်ပွင့်လင်းစွာ ပြုလုပ်ကြရန် ဟူ၍ ဖြစ်သည်။
နဝတမှ မည်သို့မျှ အကြောင်းမပြန်။ နှာစေး၍ နေ၏။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလတွင် ခွန်မြတ်၊ ပါမောက္ခဟောင်း စောထွန်းအောင်ချိန်တို့အဖွဲ့ သူနှင့် လာတွေ့၏။ ထိုသူတို့ကား နဝတမှ လွှတ်လိုက်သည့် အကျိုးဆောင်များဖြစ်၏။
နဝတနှင့် KNU တွေ့ဆုံဆွေးနွေးရေးအတွက် ပြင်ဆင်ရန် ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့ကို KNU မှ စေလွှတ်သည်။ ပဒိုခလိစေး ခေါင်းဆောင်သည့် ပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့တွင် ပဒိုစတိလ၊ စောနေစိုး၊ စောဗစ်တယ်၊ စောတီးထူ၊ စောမင်းထူးနှင့် မန်းချစ်ဝင်း ပါဝင်၏။
KNU ၏ ပဏာမပြင်ဆင်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာချုပ်၌ နဝတကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးကြ၏။ KNU မှ ပြင်ဆင်မှုဆိုင်ရာ အချက် ၁၁ ချက် တင်ပြ၏။
(၁) ကိုယ်စားလှယ်များ၏ အဆင့်အတန်းနှင့် ဦးရေကို သတ်မှတ်ရန်
(၂) အချိန်နှင့် နေရာ
(၃) အကြိုနေ့တွင် တွေ့ဆုံမည့်အကြောင်း သတင်းထုတ်ပြန်ချက်
(၄) အကျိုးဆောင်များ တက်ရောက်ခွင့် ပြုရန်
(၅) ဗီဒီယို၊ ကင်မရာ၊ အသံဖမ်းခြင်းကို ခွင့်ပြုရန်
(၆) တွေ့ဆုံပြီးစီးသည့် အချိန်တိုင်း သတင်းစာရှင်းလင်းခွင့် ပြုရန်
(၇) KNU ကိုယ်စားလှယ်နှင့် ဗဟို (က/န) ဆက်သွယ်ခွင့် ပြုရန်
(၈) လုံခြုံရေးကို နဝတမှ တာဝန်ယူရန်
(၉) ဆွေးနွေးပွဲ အတွင်း၊ အပြင် ခြိမ်းခြောက်မှု သဘောဆောင်သော လုပ်ရပ်များ မရှိစေရန် စီမံဆောင်ရွက်ရန်
(၁ဝ) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း KNU ကိုယ်စားလှယ်များ တွေ့ဆုံလိုသည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်၊ ဘာသာရေးဆိုင်ရာ ခေါင်းဆောင်များနှင့် လွတ်လပ်စွာ တွေ့ဆုံရန်
(၁၁) တွေ့ဆုံပြီးသည့်အခါ၊ အစမှ အဆုံးအထိ မှတ်တမ်းများကို တိုင်းပြည်သို့ ရုပ်သံလွှင့်ဌာနမှ အသံလွှင့် ကြေညာရန်
KNU ကိုယ်စားလှယ်အဖွဲ့မှ တင်ပြညှိနှိုင်းသည့် အချက် ၁၁ ချက်မှ နဝတ သည် ၂၊ ၃၊ ၆၊ ၁ဝ အချက်များကို ငြင်းပယ်၏။ အထူးသဖြင့် အချက် ၁ဝ တွင် တောင်းဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အရေး ခါးခါးသီးသီး ငြင်းဆန် ပယ်ချခဲ့၏။
စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှု၏ အစပျိုးမှုက ……`စ` ကတည်းက ယဉ်သကို….ဟူ၍ ဆိုရလေပြီ။ မတတ်နိုင်။
(၂၈)
KNU အနေဖြင့် “လွတ်လပ်စွာ လုပ်ဆောင်နိုင်သည့် သီးခြားသော အခြေအနေများတွင် လုပ်ဆောင်သွားရန်“ ဟူ၍ သဘောထားချပြီး အဆင့်မြင့် တွေ့ဆုံနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့၏။ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို မော်လမြိုင်တွင်ပင် ပြုလုပ်၏။
KNU ဘက်မှ ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်ပြီး နဝတ ဘက်မှ ဗိုလ်မှူးကြီးကျော်သိန်း ဦးဆောင်၏။ အကျိုးဆောင်များဖြစ်သည့် ခွန်မြတ်၊ အေးစိုးမြင့်၊ ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်တို့လည်း တက်ရောက်ကြသည်။
KNU မှ အချက် ၁၂ ချက်ကို တင်ပြ၏။
(၁) တပြည်လုံး အပစ်အခတ် ရပ်ဆိုင်းထားရေးကို နဝတ ဘက်မှ တိုင်းသိပြည်သိ ထုတ်ပြန်ကြေညာရန်
(၂) နဝတ ၏ ထိုးစစ်ဆင်တပ်များကို ဖြည့်ပေးနေမှု၊ လက်နက်ကြီးများ ရှေ့တန်းသို့ ပို့ဆောင်မှုများကို ရပ်ဆိုင်းထားရန်
(၃) ထိုးစစ်အတွက် အသုံးပြုသည့် လမ်းများ ဆက်လက်ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများကို ရပ်ဆိုင်းထားရန်
(၄) တပ်သားသစ်များ ခေါ်ယူခြင်း၊ ပေါ်တာဆွဲခြင်း၊ ကင်းသမား ခေါ်ယူခြင်း၊ လုပ်အားပေး ခေါ်ယူခြင်းများ ရပ်ဆိုင်းထားရန်
(၅) လူထုအပေါ် ပေါ်တာကြေး တောင်းခံမှုမျိုးစုံနှင့် လူထု၏ ရိက္ခာပစ္စည်းများ တောင်းခံမှုမျိုးစုံ ရပ်ဆိုင်းပစ်ရန်
(၆) လူထုကို အဓမ္မရွှေ့ပြောင်းခြင်း မပြုရေးနှင့် ရွှေ့ပြောင်းခံရသည့် လူထုများ ထွက်ပြေးတိမ်းရှောင်နေရသည့် လူထုများ မိမိကျေးရွာသို့ လုံခြုံစွာ ပြန်လည်နေထိုင်စေခြင်းများ ပြုလုပ်ရန်
(၇) လိုအပ်သည့် သွားလာမှုများကို ပြုလုပ်သည့်အခါတွင် တဖက်နှင့် တဖက် သတင်းပို့ကြရန်
(၈) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားသည့် ကာလအတွင်း KNU အနေနှင့် မိမိအမျိုးသားများနှင့် လွတ်လပ်စွာ ဆက်သွယ်နိုင်ရမည်။
(၉) အပစ်အခတ် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပေါ်ပေါက်လာသည့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်အတွက် နှစ်ဖက်ကိုယ်စားလှယ်များ ပါဝင်သည့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီများ ဖွဲ့စည်းထားရမည်။
(၁ဝ) နှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းထားခြင်းကို စောင့်ကြည့်လေ့လာရန်အတွက် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် ကုလသမဂ္ဂ အဖွဲ့ချုပ်မှ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ထားရှိရမည်။
(၁၁) အပစ်အခတ် ရပ်ဆိုင်းထားပြီး တွေ့ဆုံဆွေးနွေးသည့် ကာလတွင် နဝတတို့ ဖမ်းဆီးထားသည့် မန်းရင်စိန်နှင့် KNU အဖွဲ့ဝင်များ ကရင်အမျိုးသားများ ပြန်လွှတ်ပေးရန် လိုအပ်သည်။
(၁၂) တွေ့ဆုံဆွေးနွေးသည့် ကာလအတွင်း နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားရေး သဘောတူညီချက်ကို နှစ်ဦးနှစ်ဖက် ထုတ်ပြန်ကြေညာပြီး ပြည်တွင်းငြိမ်ချမ်းရေးဆိုင်ရာ အခြေခံပြဿနာများကို စတင်ရန်
KNU ၏ တင်ပြချက်များမှ အချက် ….. ၁၊ ၃၊ ၈၊ ၁ဝ နှင့် ၁၂ ကို လက်မခံနိုင်ကြောင်း နဝတ က ငြင်း၏။ ပြီးလျှင် …… အချက်အမှတ် ၂၊ ၄၊ ၅၊ ၆၊ ၇၊ ၉၊ ၁၁ နှင့် ပတ်သက်၍မူ KNU အနေနှင့် လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီးမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း ဆွေးနွေး၏။
ဤပုံစံမှာ အပစ်အခတ် ရပ်စဲပြီးဖြစ်သည့် လူမျိုးစုအဖွဲ့များနှင့် လုပ်ဆောင်ခဲ့သည့် MODEL ဖြစ်ကြောင်းလည်း နဝတက ဆိုသည်။
(၂၉)
KNU နှင့် နဝတ အကြား ကွာဟသည့် သဘောထားများကို ထပ်၍ ဆွေးနွေးရန်အတွက် နောက်တပတ်တွေ့ရန် သဘောတူကြ၏။ နဝတ နှင့် KNU တတိယအကြိမ် ထပ်မံ၍ တွေ့ဆုံကြပြန်သည်။ တတိယအကြိမ် တွေ့ဆုံရာ၌ …. KNU ၏ ကိုယ်စားလှယ်အဖွဲ့ဘက်မှ -
ဗိုလ်ချုပ်ကြီး တာမလာဘော အဖွဲ့ခေါင်းဆောင်
ပဒိုဒေးဗစ်ထော ဒု - အဖွဲ့ခေါင်းဆောင်
ပဒိုမန်းရှာ လားဖန်း ။
စောသမိန်ထွန်း အဖွဲ့ဝင်
မန်းအောင်တင်မြင့် ။
ပါဝင်ကြပြီး နဝတ ၏ ကိုယ်စားလှယ်အဖွဲ့မှ …..
ဗိုလ်မှူးကြီး ကျော်ဝင်း
ဗိုလ်မှူးကြီး ကျော်သိန်း
ဗိုလ်မှူးချုပ် အောင်သိန်း
ဒု-ဗိုလ်မှူးကြီး စန်းပွင့်
ဒု-ဗိုလ်မှူးကြီး မျိုးမြင့် တက်ရောက်ကြ၏။
ထုံးစံအတိုင်း အကျိုးဆောင်တို့သည်လည်း ပါဝင်တက်ရောက်ကြသည်။ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်နေ့အထိ ဆွေးနွေးကြသည်။ KNU မှ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ တင်ပြခဲ့သည့်အချက် ၁၂ ချက်နှင့် ပတ်သက်၍ မရှင်းသည်ကို ထပ်၍ မေးမြန်း၏။
နှစ်ဖက် အပစ်အခတ် ရပ်ပြီးနောက် …. တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဆွေးနွေးကြရာတွင် အချိန်နှင့် နေရာကို KNU မှ တိတိကျကျ သိလို၏။ အမျိုးသားညီလာခံနှင့် ပတ်သက်၍ အမျိုးသားညီလာခံသည် တိုင်းပြည်၏ အခြေခံ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းလား ….. ဟူ၍ မေးခွန်းများ ထုတ်၏။
KNU ၏ ဆွေးနွေးချက်များကို နဝတ က …. နိုင်ငံရေးပြဿနာကို နောက်လာမည့် အစိုးရကသာ ဖြေရှင်းသွားမည်ဖြစ်၏။
အမျိုးသား ညီလာခံသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနေခြင်းမဟုတ်၊ အနာဂတ် နိုင်ငံရေး အခြေခံအုတ်မြစ်ကို ချနေခြင်းသာ ဖြစ်၏။ KNU အနေနှင့် “လက်နက်ကိုင်လမ်းစဉ်ကို စွန့်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ ဟူသည့် ဝေါဟာရအသုံအနှုန်းကို မကြိုက်လျှင် …. စကားလုံး အသုံးအနှုန်း ပြောင်းနိုင်သည်။ အနှစ်သာရကမူ “လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း“ အတိုင်း ရှိစေရမည် ဟူ၍ ပြည်လည်ရှင်းလင်းဖြေကြား၏။ နှစ်ဖက် ဆွေးနွေးပွဲက ရှေ့မတိုး…..။ နောက်တကြိမ် ထပ်တွေ့ရန် သဘောတူကြပြီး တတိယအကြိမ် ဆွေးနွေးပွဲ ရပ်လိုက်၏။
(၃ဝ)
စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ၁၉၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စ၏။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင်ပင် ကျင်းပခဲ့၏။ KNU မှ ဗိုလ်ချုပ်ကြီး တာမလာဘောနှင့် ပဒိုမန်းရှာ လားဖန်း ခေါင်းဆောင်၍ ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင် ယခင်တင်ပြခဲ့သည့် အဆိုပြုချက် ၁၂ ချက်ကို ဆက်လက်၍ မဆွေးနွေးတော့ဘဲ အဆိုပြုချက်အသစ် တင်ပြဆွေးနွေး၏။ နှစ်ဖက် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆိုပြုချက် ၃ ချက် ဖြစ်သည်။
(၁) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ - နဝတနှင့် ကရင်အမျိုးသား အစည်းအရုံး - KNU အကြား ပြဿနာများကို လက်နက်ကိုင် တိုက်ခိုက်နည်းဖြင့် ဖြေရှင်းခြင်း မပြုကြရန်နှင့် အပစ်အခတ် ရပ်စဲထားရန်။
(၂) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားပြီးနောက် ပြည်ထောင်စု စည်းလုံးညီညွှတ်ရေး၊ ရေရှည်ခိုင်မြဲသော ပြည်တွင်းငြိမ်းချမ်းရေးအတွက် နဝတနှင့် KNU အကြား ဆက်လက်၍ ဆွေးနွေးသွားကြရန်။
(၃) နှစ်ဖက် အပစ်အခတ် ရပ်ဆိုင်းထားကြရန်အတွက် နှစ်ဖက်တပ်များ၏ လိုက်နာရမည့် အချက်များ ညှိနှိုင်းသတ်မှတ်ကြရန် ……. ဟူ၍ ဖြစ်သည်။ KNU ၏ တင်ပြချက် ၃ ရပ်ကို နဝတ ၏ ကိုယ်စားလှယ်အဖွဲ့သည် သူတို့၏ ခေါင်းဆောင်များထံသို့ ဆက်လက် တင်ပြ၏။ နဝတ ခေါင်းဆောင်များက KNU ၏ တင်ပြချက် ၃ ရပ်နှင့် ပတ်သက်၍ ဤသို့ အကြောင်းပြန်ခဲ့သည်။
KNU အနေဖြင့်…..
(၁) လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းနှင့် တရားဝင် ထုတ်ပြန်ကြေညာခြင်း ပြုရန်
(၂) အပစ်အခတ် ရပ်ဆိုင်းထားရန်
(၃) တပ်နေရာချထားမှု ညှိနှိုင်းသတ်မှတ်ရန်
(၄) နယ်မြေဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်
(၅) နိုင်ငံရေးနှင့် ပတ်သက်ပြီး အမျိုးသားညီလာခံတွင် တတ်ရောက်လေ့လာရန်
(၆) အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက် အပြီးအပိုင် စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ပြုရန် -
ဟူသည့် အဆင့် ၆ ဆင့် ချပြ၏။ အဆင့် ၆ ဆင့်၏ အနှစ်သာရက ….“လက်နက်ကိုင်လမ်းစဉ်ကို စွန့် …. ဥပဒေဘောင်အတွင်း အရင်ဝင်“ ဟူ၍ ဖြစ်နေ၏။ KNU နှင့် နဝတ တွေ့ဆုံဆွေးနွေးပွဲက နောက်ဆုံးတွင်မူ နဝတ ၏ ရပ်ခံချက်အပေါ်၌သာ အဆုံးသတ်၍ နေ၏။
ကိုးကား …
- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်
- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ် စာစောင် (အမှတ် ၁ မှ ၇ အထိ)
- ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်း မှတ်စုများ
- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)
- BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်
- သနူထူး ဂျာနယ်များ
- ကရင့်သတင်းစဉ်
- KNU နှင့် နဝတ အကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း

စစ်အစိုးရက KNU ကို ဖိအားပေးနေ
Monday, 20 April 2009 18:50 သန်းထိုက်ဦး
မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်စခန်းတခုကို သိမ်းပိုက်ရန် ကြိုးစား နေကြောင်း သိရှိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ KNU လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ စခန်း တခုကို နအဖတပ်များ နှင့် DKBA တပ်ဖွဲ့များက ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ “အခုထိ နအဖနဲ့ DKBA တပ်တွေ ပြန်မဆုတ်သေးဘူး၊ ဝေါ်လေခီး စခန်းကို ရအောင်တိုက်မယ်လို့ ပြောတယ်”ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။ ယင်းတိုက်ပွဲသည် လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။ ယခု လဆန်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များမှ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို ဘန်ကောက်မြို့ တနေရာတွင် ခေါ်ယူ၍ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။တချိန်တည်းတွင်ပင် KNU ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ(ကွယ်လွန်) ၏သား ဗိုလ်ကြီး စောနေစိုးမြက လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနှင့် အတူ ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး KNU တွင်ဆက်လက်ကျန်ရှိနေသောအဖွဲ့ဝင်များအနေဖြင့်လည်း ကရင် ပြည်နယ် အေးချမ်း သာယာတိုးတက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း ပြောကြားထားသည်။ ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်လွှင့်သွားသည့် စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် စောနေစိုးမြက ကရင်ဘာသာစကားဖြင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို စစ်အစိုးရပိုင် မီဒီယာများတွင် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသ သွားခြင်းဖြစ်သည်။ ယခုကဲ့သို့ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခြင်းမှာ KNU ခေါင်းဆောင် ၄င်း၏ဖခင် ချမှတ်ထားသော လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊အဆိုပါငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးလေး တော်စပ်သူ ဗိုလ်ထိန် မောင်က လုပ်ဆောင်ခဲ့ရာ ဗိုလ်ထိန်မောင်နှင့်အဖွဲ့ဝင်များ ဖိနှိပ်ချူပ်ခြယ်ခြင်းမရှိ လွတ်လပ်စွာသွားလာနိုင် ခြင်း၊ အေးချမ်း စွာဖြင့် စားဝတ်နေရေး အပါအ၀င်ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရပ်ရပ်ကို ကိုယ်တိုင် သိမြင်တွေ့ကြုံ လာရသည့်အတွက် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူလိုက်ခြင်းဖြစ်ကြောင်း စောနေစိုးမြ ကပြောဆိုသည်။ လက်ရှိ KNU ဗဟိုဌာနချုပ်သည် နိုင်ငံရေးကို ကစားစရာဟု သတ်မှတ်ပြီး ဆုံးဖြတ်ချက်လည်း တိတိကျကျ မရှိ သည့်အတွက် သေချာစွာစဉ်းစားပြီးငြိမ်းချမ်းရေးလမ်းစဉ်သို့ ပြန်လာစေချင်ကြောင်း၊ KNU လက်ရှိ ခေါင်း ဆောင် များတွင် ကရင်များပါသလို ကရင်မဟုတ်သူများလည်း ပါဝင်နေပြီး ကရင်ပြည်နယ် အရေးထက် ၄င်းတို့ ကောင်း စားရေးကို ဦးတည်လုပ်ဆောင်နေသည်ဟု ၄င်းကဆက်လက်ပြောသည်။ နှစ်ပေါင်း ၆၀ ကြာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားအဖွဲ့အစည်း KNU မှ ဗိုလ်ကြီးစောနေစိုးမြသည် တပ်သား အင်အား ၁၀၀ ကျော် ၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်း မီးကျောက်များနှင့်တကွကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူ ထားသော ဗိုလ်ထိန်မောင်အဖွဲ့နှင့် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု စစ်အစိုးရ မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။

DKBA..ကရင်ရွာသားများ စားနပ်ရိက္ခာ ရှားပါးမှုနှင့် ကြုံတွေ့နေရ
2009 April 20
tags: Burma, DKBA Killers, Genocide, Human Rights, Junta, Karen, KNLA, KNU, world focus on Burma
by peacerunning
ဒယ်နီယယ်ပီဒါဆင်တနင်္လာနေ့၊ ဧပြီလ 20 2009 16:27 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ပေါ် ခွ၍ နေကြသော ကရင်ရွာသား ၂၀၀၀ ကျော်မှာ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
သူတို့သည် စစ်ဖြစ်ပွားနေသော ဇုံအတွင်း ပိတ်မိနေကြပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုအပြင် ကောက်ချင်သလို ကောက်နေသော အခွန်အကောက်များနှင့် ဆိုးရွားလာနေသော ကျန်းမာရေး အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
ကောဆာ၊ ကလောဂေါ၊ ကောပိုးပိုးနှင့် ပေါဘူးလှတာ ကျေးရွာ ၄ ရွာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်၏ တောင်ဘက်တွင်ရှိပြီး အုန်းဖျံမဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနယ်စပ်မြို့ အုန်းဖန်အကြား တည်ရှိကာ လူဦးရေ ၂၁၁၁ ဦး ရှိသည်။
continue http://www.mizzimaburmese.com/news/inside-burma/2778-2009-04-20-10-10-22.html
from → Burma

ကရင်ငြိမ်းချမ်းရေးကောင်စီအုပ်စုများ၏ သဘောထားအမြင်ကို ပစ်စာပြန့်၍ ရှင်းလင်း
Mon 20 Apr 2009, ကွန်းဟဒေ့
ဒီကေဘီအေနှင့် အခြားကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့အချို့၏ လွဲမှားသော အမြင်ဝါဒ ဖြန့်ချီမှုနှင့် ပတ်သက်၍ အမည်နာမဖော်ပြထားခြင်း မရှိသော ပစ်စာများ ဘုရားသုံးဆူဒေသတဝိုက်တွင် ပျံ့နှံ့နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။စစ်အစိုးရနှင့် ပူးပေါင်းလျှင် စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်လမ်းကောင်းများကို ရရှိစေသဖြင့် ကရင့်ကြမ္မာ ကရင်ဖန်တီးခွင့်ရရှိရေး၊ ကရင်လက်နက် ကရင့်လက်ထဲ မှာရှိရေး ဟူသော ဥက္ကဌကြီး၏မူ (၄) ရပ်နှင့် ကိုက်ညီသည်ဟု ဒီကေဘီအေနှင့် အခြားကရင်ငြိမ်းချမ်းရေးကောင်စီများ၏ ပြောဆိုဝါဒဖြန့်ချီမှုမှာ ဥက္ကဌစောဘဦးကြီး၏ မူ(၄) ရပ်ကို လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းသာဖြစ်ကြောင်း “ဌာနဆိုင်ရာ ရဲဘော်ရဲဘက်များနှင့် ပြည်သူလူထုများအား ရှင်းလင်းချက်” ခေါင်းစဉ်ဖြင့် ပစ်စာတွင် ရှင်းလင်းထားသည်။ယခုကဲ့သို့ ဝါဒဖြန့်ချီခြင်းမှာ ၄င်းတို့၏(ကရင်အပစ်အခတ် ရပ်စဲရေးအဖွဲ့များ) နိုင်ငံရေးအမြင်တိမ်မှုကို ဖော်ပြရာရောက်ပြီး နအဖ၏ နည်းပရိယာယ်လှည့်ကွက်အတွင်းသို့ လုံးလုံးကျရောက်နေရမှုကို ဖုံးကွယ်ရာ ရောက်ပေသည်ဟု ရှင်းလင်းထားသည်။ဤပစ်စာများသည် KNU မှ ထုတ်ပြန်ထားခြင်း ဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူများနှင့် စာစောင်ရရှိထားသောသူများ သုံးသပ်ကြသည်။သို့သော် ကေအင်ယူအတွင်းရေးမှူးရုံးကို မေးမြန်းရာတွင် “ကျနော်တို့ ဒီစာကိုမတွေ့ရ၊ အကုန်လုံး မဖတ်ကြည့်ရသေးတော့ ကျနော်တို့အဖွဲ့က ထုတ်ထားပါတယ်လို့ ပြောလို့ မရသေးဘူး “ ဟု ဖြေကြားခဲ့သည်။ တပ်မဟာ (၆) ဗိုလ်ကြီးတစ်ဦးကို မေးမြန်းရာတွင် ၄င်းအနေဖြင့် ကိုယ်တိုင်မမြင်တွေ့ရသေး၍လည်းကောင်း ယင်းပစ်စာတွင် ၄င်းတို့အဖွဲ့အစည်း အမည်နာမလည်း ထည့်သွင်းထားခြင်းလည်း မရှိသည့်အတွက် ၄င်းတို့မှ ထုတ်ဝေထားသည်ဟု အတိအကျပြော၍ မရနိုင်သေးဟု ဆိုသည်။ယင်းပစ်စာတွင် ဆက်လက်၍ ရှင်းလင်းထားသည်မှာ နအဖစစ်အစိုးရမှ ဒီကေဘီအေနှင့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီတို့အား တပ်တည်ရှိခွင့်နှင့် လက်နက်ကိုင်ခွင့် ပြုရခြင်းအကြောင်းရင်းမှာ - KNU ကိုတိုက်ခိုက်ချေမှုန်းရန်၊ ဟန်ပြအခွင့်အရေးပေးပြီး KNU/KNLA အား ၄င်းတို့အားပူးပေါင်းလာအောင် မြူဆွယ်ရေး၊ အဓမ္မလက်နက်သိမ်းလျှင် DKBA/KNU/KNLA ငြိမ်းချမ်းရေးကောင်စီများ KNU နှင့် ပြန်လည်ပူးပေါင်းသွားမည်ကိုစိုးရိမ်ခြင်းနှင့် အခြားအချက် ၆ ချက်များအပြင် နအဖသည် DKBA တပ်ဖွဲ့အား မူးယစ်ဆေး ထုတ်ခွင့်ပေးရခြင်း အကြောင်းအရင်းများ ခေါင်းစဉ်ခွဲတွင် ဒီကေဘီအေသည် နိုင်ငံတကာ၏ ရန်သူဖြစ်လာစေရေး (ကရင်အမျိုးသားဖြစ်ခြင်းကြောင့်) နှင့် ဒီကေဘီအေအား လက်နက်ကိုင်ခွင့်ပေးခြင်းသည် ငါးကြင်းဆီနှင့်သာ ငါးကြင်းပြန်ကြော်သည့် နအဖ၏ နည်းဗျူဟာတစ်ခုဖြစ်သည်ကို အလေးအနက်သတိပြုကြရန် နှင့်အခြားအချက် ၆ ချက်များကို ရှင်းလင်းဖော်ပြထားသည်။တော်လှန်ရေးရဲဘော်ရဲဖက်အဖွဲ့ဝင်များ ပြည်သူလူထုများ သတိကြီးကြရန်နှင့် နအဖ၏ နည်းပရိယာယ်ပေါင်းစုံးများကို ကာကွယ်တားဆီးကြရန် နိဂုံးပိုင်းတွင် သတိပေးဖော်ပြထားသည်။

The Karen villages - to the south of the Thai-Burma border town of Mae Sot - Kaw Ser, Klaw Gaw, Kaw Poe Pee and Paw Buh Hla Ta are each being forced t
2009 April 20
tags: Burma, Genocide, Human Rights, Karen, KNLA, KNU, world focus on Burma
by peacerunning
Military activity increases food crisis for struggling villagers
Daniel PedersenMae Sot, ThailandApril 20, 2009
Increased military activity by a combined force of the Burma Army and the Democratic Karen Buddhist Army has more than 2000 villagers struggling to feed themselves.The Karen villages - to the south of the Thai-Burma border town of Mae Sot - Kaw Ser, Klaw Gaw, Kaw Poe Pee and Paw Buh Hla Ta are each being forced to provide five porters a day to DKBA and State Peace and Development troops.The villages are clustered between Umpheim Mai refugee camp and the Thai town of Umphang, famous for trekking and its natural beauty.These four villages are home to 2,111 people, all of whom are short of food, living only on rice, deprived of fish paste to mix through the rice, a Karen staple.This region is rich in minerals and used extensively for contract farming.Much of the native forest has been clear felled, leaving behind rich, red-clay soils.Huge limestone outcrops dot the landscape.These soils produce huge crops of corn and peanuts. Some areas are also planted in sugar cane and rubber trees.Thai investors generally carry the cost of seed for contract farming and in turn, at harvest, provide rice for the village inhabitants who work the farms.This year the region has become a war zone, hindering the cropping of corn.The corn that has been cropped has then been taxed by the DKBA/SPDC and the Karen National Liberation Army to the point that it has not been commercially viable, particularly with the depressed corn price this season being taken into account.As a result, Thai investors have not seen returns deemed adequate enough to pay the farmers their rice, which would generally carry them through the year.DKBA units 333, 999, 907 and 906 and SPDC units 404, 283 and 284 are active in the area.At any given time there are about 350 active troops. There are regular patrols, with each village being asked to provide five porters a day to carry water for soldiers. Any rice discovered in the village is generally seized.The porters are not paid and are expected to take their own rice.The DKBA/SPDC force has established a base camp at Paw Buh Hla Ta.The camp is built of bamboo and hardwood, probably at least a semi-permanent settlement, so the villagers expect a presence throughout the rainy season and beyond to be maintained.KNLA Brigade 201 and Special Battalion 103 remnant forces, numbering in all about 300 soldiers, are attempting to provide security to the villages and generally harass the DKBA/SPDC troops.Asked about supplementary foods to go with the rice, for example fish paste, chillies and cooking oil, a committee of three established to assess needs said there was none available in the region and the only rice available were emergency rations recently donated by a foreign NGO.Health conditions in the four Karen villages are tenuous at best, but most people do have access to boiled water.In Kaw Ser there is a gravity-fed, piped water supply. In Klaw Gaw, Kaw Poe Kee and Paw Bu Hla Ta water is drawn from wells.Mobile units of medics and nurses accessing the area say the greatest medical need at the moment is rehydration packages and Buprofen, although some of these are being provided by Help Without Frontiers (HWF).Villagers said the biggest health risks they were facing at the moment were diarrhoea, dysentery and malaria. Dengue did not rate among their concerns.There are some malaria control programs operating, depending on security.The villagers this morning said they were desperate for more rice and fish paste.These four villages had been receiving medical aid from Special Battalion 103’s base camp, which was lost last year and apparently HWF clinics in the region that were burned down about the same time.Now they depend on mobile medical units and don’t have enough to eat.ENDS
STOP KILLING KAREN PEOPLE!!!!

Subscribe to:
Posts (Atom)