Tuesday, April 3, 2012
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ပြောင်းလဲဖွဲ့စည်း
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၂ ရက်၊ ၂၀၁၂ ခုနှစ်
ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့သည် နိုင်ငံရေးအဖွဲ့အစည်းတရပ်အနေနှင့် ရပ်တည်သွားရန်အတွက် ယနေ့မှ စတင်ကာ အဖွဲ့ကို ကလို့ထူးဘောကရင်အစည်းအရုံး (KKO) ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်။
ဖွဲ့စည်းပုံအရ ယနေ့ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဥက္ကဌအဖြစ် မန်းရောဘတ်ဇန် (ဖူးကီးဒို) ဒု-ဥက္ကဌစောမိုရှေး၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်၊ တွဲဘက်အတွင်းရေးမှူး (၁) နော်ကော်သူးလေလားဖော၊ တွဲဘက်အတွင်းရေးမှူး (၂) စောလုံ့လုံ တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
ဗိုလ်ချုပ်စောလားပွယ်မှာ KKO အဖွဲ့၏ စစ်ဦးစီးချုပ်အဖြစ် ဆက်လက် တာဝန်ယူမည်ဖြစ်ပြီး KKO ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေးဌာန တာဝန်ခံ၊ နိုင်ငံခြားရေးဌာန၊ ကျန်းမာရေး၊ စီးးပွားရေး၊ ပညာရေး၊ အပါအအ၀င် ဌာန ၁၂ ခု ပါရှိသည်။
အသစ်ရေးဆွဲထားသည့် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို KKO ဌာနချုပ်တည်ရှိရာ မြ၀တီခရိုင် ဆုံဆည်းမြိုင်ကျေးရွာတွင် ယမန်နေ့က စတင်ကာ လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီးနောက် တက်ရောက်လာသည့် ဘာသာရေးခေါင်းဆောင်များ၊ ကရင်နိုင်ငံရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရဟန်းရှင်လူများက ယနေ့တွင် အတည်ပြုပေးခဲ့ကြခြင်းသည်။
ရင်နာဖွယ်ကောင်းလိုက်သောသတင်း မီးပူဖြင့် အကပ်ခံရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
မအေးယုအောင်ကို အိမ်ရှင်ဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ မီးပူနှင့်ကပ်တာကို ဘယ်သူကိုမှမပြောပြရန်အမျိုးမျိုးခြိမ်းခြောက်
ထားသည့်အတွက် ဘယ်သူကိုမပြောပြရဲခဲ့ပါ၊ နောက်(၅)ရက်ခန့်ကြာတွင် ရပ်ကွက်ထဲရှိ ပင်စည်ဈေးတွင် ဈေးသွားဝယ်ရာ
သူမ၏ လည်ပင်းနှင့် ရင်ဘက်ရှိ မီးလောင်ဒဏ်ရာကို ပတ်ဝန်ကျင်မှ လူများကတွေ့ရှိပြီးမေးမြန်းသောအခါမှ ၀မ်းနည်း
ငိုကြွေးကာ သူမကို အိမ်ရှင်ဖြစ်သူ ဒုတိယမြို့ နယ်တရားသူကြီး၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ “ မီးပူတိုက်တာကြာတယ်၊
မီတာခကုန်တယ်”ဆိုပြီး ပြောဆိုကာ သူမ၏ လည်ပင်းနှင့် ရင်ဘက်ကို မီးပူဖြစ် ထိုးကပ်ခဲ့ကြောင်းပြောဆိုခဲ့ပါတယ်၊
ရပ်ကွက်အတွင်းရှိ လူများက ရဲစခန်းတွင်တိုင်ချက်ဖွင့်ရန် တိုက်တွန်းအားပေးခဲ့သောလည်း သူမအနေဖြင့် အိမ်ရှင်ဖြစ်သူမှာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဝင်တင်၏ အိမ်တွင်ဌားနေသော ပဲခူးမြို့ ၊ ဒုတိယမြို့ နယ် တရားသူကြီး ဖြစ်သည့်အတွက် မတိုင်ကြားရဲကြောင်း၊ သူမ၏မိဘများအနေဖြင့် သမီးဖြစ်သူ မအေးယုအောင်ကိစ္စနှင့်ပတ်သက်ပြီး ယခုအချိန်ထိအမှုဖွင့်မည် မဖွင့်မည်ကို စုံစမ်းမသိရှိရသေးပါ၊ မအေးယုအောင်၏ ဖခင် ဦးမောင်ဝင်းမှာ(ကွယ်လွန်)သွားပြီးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်ကြူနှင့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ ၊ သိန်းတန်းရပ်ကွက်တွင်နေထိုင်ရာမှ ပဲခူးမြို့  ၊ ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက် ဦးအောင်ဖုန်းဝင်း၊ဒေါ်ဖြူသက်ဝင်းတို့ငှားနေသော နေအိမ်တွင် အိမ်ဖော်အလုပ်လာလုပ်သော အသက်(၁၅)နှစ်အရွယ် မိန်းခလေးတစ်ဦးဖြစ်ပါသည်။
Monday, April 2, 2012
Suu Kyi took residency in Wathinkha village
March 31, 2012
Aung San Suu Kyi stands at a balcony at her constituency Wahtheinkha village, Kawmhu Township, Yangon, Myanmar, 31 March 2012. Aung San Suu Kyi was heading to the rural constituency of Kawhmu, from where she is contesting a by-election on 01 April – the first election the Nobel Peace laureate will contest in the country. Members of her National League for Democracy (NLD) party are contesting another 43 seats nationwide..Suu Kyi took residency in Wathinkha village, part of Kawhma district, in order to contest from the constituency. She will spend Saturday night with her adopted family in Wathinkha
Tun Tun Kyaw
A village headman prepares the guest bed for Aung San Suu Kyi, who announced she will stay overnight in her remote rural constitiency of Kawmhu where she stands for a seat in the parliamentary by-elections, Myanmar, 31 March 2012. Suu Kyi said 30 April she wanted to stay overnight so she could be in the constituency early 01 April, even though she is not registered to vote there as her home remains in Yangon. A new wave of reform in Myanmar is taking place ahead of parliamentary by-elections 01 April.
Great Victory NLD, April 1, 2012-video
KNLA ဗိုလ်ကြီးစောဖါးလယ် လူကြီးရောဂါဖြင့် ကွယ်လွန်
ဓါတ်ပုံ+သတင်း = ကွယ်ကလူ
thu ko pa lae
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနိုင်
By VOA (မြန်မာပိုင်း) | ဝါရှင်တန်
မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့တဲ့ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ အနိုင်ရသွားပါတယ်။
လွှတ်တော်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၄၈ နေရာထဲက မဲဆန္ဒနယ် ၄၅ နေရာမှာ ရွေးကောက်ပွဲတွေကို ကျင်းပခဲ့တာဖြစ်ပြီး အခုနောက်ဆုံး သိရသလောက်တော့ NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာ ၄၄ နေရာမှာ မဲဆန္ဒနယ်အများစုကို အနိုင်ရနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ညနေပိုင်းမှာပဲ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ အနိုင်ရတဲ့အပေါ်မှာ ကိုယ်စားလှယ်တွေအနေနဲ့ ၀မ်းသာကြတယ်ဆိုတာ သဘာဝကျကြောင်း၊ ဒါပေမဲ့ တဘက်မှာလည်း တခြားပါတီတွေက ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ထိခိုက်စေမယ့် အပြောအဆိုမျိုးကို မလုပ်ကြဖို့၊ ပြည်သူလူထုရဲ့ အောင်မြင်မှုကို သိက္ခာကျစေမယ့် အပြုအမူကို ရှောင်ရှားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် ဒီရွေးကောက်ပွဲအတွင်း တချို့ မြို့နယ်တွေမှာ မဲကတ်ပြားတွေကို မဲပေးလို့မရအောင် ဖယောင်းသုတ်ထားတာတွေ၊ မဲပေးသူတွေကိုလည်း ခြိမ်းခြောက် အကြပ်ကိုင်တာတွေ၊ မဲစာရင်းပြဿနာတွေ ရှိခဲ့ပြီး NLD ပါတီက ဒီလို မဲသမာမှုတွေကို ပြည်ထောင်စုကော်မရှင် အနေနဲ့ အရေးယူပေးဖို့ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
ရေတွက်ပြီးသလောက် အနိုင်ရရှိသော ကိုယ်စားလှယ်အမည်စာရင်းများ
Author: ကိုးဒီသွေး | Posted at: 1:18 AM | Filed Under:
၁။ ဒေါ်အောင်ဆန်းစုကြည် (NLD) ကော့မူးမြို့နယ် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂။ ဒေါက်တာဇော်မြင့်မောင် (NLD) ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေ
၃။ ကိုဇေယျသော် (NLD) ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၎။ ဒေါက်တာမျိုးအောင် (NLD) ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေ
၅။ ဦးပိုက် (NLD) ပခုက္ကူမြို့နယ် မဲဆန္ဒနယ်မြေ
၆။ ဦးအောင်စိုး (NLD) လောင်းလုံမြို့နယ်၊ တနင်္သာရီတိုင်း မဲဆန္ဒနယ်မြေ
၇။ ဒေါ်စန္ဒာမင်း (NLD) ဇဗ္ဗျူသီရိမြို့နယ်။ နေပြည်တော် မဲဆန္ဒနယ်မြေ
၈။ ဦးမန်းဂျော်နီ (NLD) မြောင်းမြမြို့နယ် မဲဆန္ဒနယ်မြေ
၉။ ဒေါ်စုစုလွင် (NLD) သုံးခွမြို့နယ် မဲဆန္ဒနယ်မြေ
၁၀။ ဦးအုန်းကြိုင် (NLD) မဟာအောင်မြေမြို့နယ်၊ မန္တလေး မဲဆန္ဒနယ်မြေ
၁၁။ ဦးပေါခင် (NLD) နွားတိုးကြီးမြို့နယ် မဲဆန္ဒနယ်မြေ
၁၂။ ဒေါ်ဖြူဖြူသင်း (NLD) မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မြေ
၁၃။ ဦးစိုင်းမြင့်မောင် (NLD) လားရှိုးမြို့နယ်၊ မဲဆန္ဒနယ်မြေ
၁၄။ ဦးကျော်သီဟ (NLD) ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်မြေ
၁၅။ ဦးမြင့်သိန်း (NLD) မကွေးမြို့ မဲဆန္ဒနယ်မြေ
၁၆။ ဦးခင်မောင်သိန်း (NLD) စစ်ကိုင်းမြို့ မဲဆန္ဒနယ်မြေ
၁၇။ ဦးသိန်းဆွေ (NLD) ဖျာပုံမြို့ မဲဆန္ဒနယ်မြေ
၁၈။ ဒေါက်တာ မေ၀င်းမြင့် (NLD) မရမ်းကုန်း မဲဆန္ဒနယ်မြေ
၁၉။ ဦးဖြိုးမင်းသိန်း (NLD) လှည်းကူးမြို့နယ် မဲဆန္ဒနယ်မြေ
၂၀။ ဒေါက်တာ မြင့်နိုင် (NLD) စစ်ကိုင်းတိုင်း မဲဆန္ဒနယ်မြေ
၂၁။ ဒေါ်ခင်ဌေးကြွယ် (NLD) မော်လမြိုင် မဲဆန္ဒနယ်မြေ
၂၂။ ဦးမင်းသူ (NLD) ဥတ္တရသီရိ၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၂၃။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း (NLD) မအူပင်မြို့နယ် မဲဆန္ဒနယ်မြေ
၂၄။ ဒေါက်တာသန်းငွေ (NLD) ကလောမြို့နယ် မဲဆန္ဒနယ်မြေ
၂၅။ ဒေါ်ခင်သန္တာ (NLD) တံတားဦး မဲဆန္ဒနယ်မြေ
၂၆။ ဦးမြင့်ဦး သနပ်ပင် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂၇။ ဦးနိုင်ငံလင်း (NLD) ဒက္ခိဏသီရိမြို့၊ နေပြည်တော် မဲဆန္ဒနယ်မြေ
၂၈။ ဦးကျော်မြင့် (NLD) မြန်အောင်မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၂၉။ ဒေါ်တင်တင်ရီ (NLD) ကျွန်စုမြို့နယ် မဲဆန္ဒနယ်မြေ
၃၀။ ဦးဝင်းထိန် (NLD) မိထ္ထိလာ မဲဆန္ဒနယ်မြေ
၃၁။ ဦးဝင်းမြင့် (NLD) ပုသိမ် မဲဆန္ဒနယ်မြေ
မဲရေတွက်ပြီးသလောက် ထွက်ရှိလာတဲ့ စာရင်းပါ။ ကျန်တဲ့ မဲဆန္ဒနယ်မြေတွေရဲ့ စာရင်းကိုထွက်လာရင် ထပ်ဖြည့်ပေးမှာ ဖြစ်ပါတယ်။
(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ယနေ့ မဲရလဒ်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာ နေမှုကို ည ၁၁ နာရီ အချိန်တွင် ရပ်နားလိုက်ပြီး မနက်ဖြန် နံနက် ၉ နာရီ အချိန်တွင် ဆက်လက် ထုတ်ပြန် သွားမည်ဟု သိရသည်။)
Share This
ဧပြီ တစ်ရက် နေ့  နံနက် ပိုင်း မဲပေးမှု ဓာတ်ပုံ
ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal
Kyaw Win Khine
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal
ရဲရင့်ငယ် ဘလောက် မှ
လက်ရှိသိရှိရသော မဲရရှိမှုစာရင်းများ
ပုလဲမြို့နယ်မှ ကျေးရွာများတွင်
(ပဲမင်းမ ကျေးရွာ)
NLD ၂၉၃ မဲ ၊ ကြံခိုင်ရေးပါတီ ၁၈၇ မဲ၊ ပြည်သူ့ ဒီမိုကရေစီပါတီ ၂၅ မဲ၊ ပယ်မဲ ၁၆ မဲ
(ကန်သာယာကျေးရွာ)
NLD ၁၆၃ မဲ၊ ကြံခိုင်ရေးပါတီ ၁ မဲ၊ ပယ်မဲ ၁ မဲ
(ကန်သစ်ကျေးရွာ)
NLD ၂၅၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၃ မဲ၊ ပယ်မဲ ၄၁ မဲ
(ဇီးယင်းကျေးရွာ)
NLD ၂၈၂ မဲ၊ ကြံခိုင်ရေးပါတီ ၁၆၁ မဲ၊ ပယ်မဲ ၁ မဲ
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဖောင်းသင်ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိသွားသည်ဟု ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။
ဖာင်သင်ကျေးရွာရှိ အမက ကျောင်း မဲရုံတွင် လာရောက်မဲပေးသည့် ၃၄၃ မဲထဲမှ NLD အမတ်လောင်း
ဒေါ်သန်းငွေက ၁၇၆ မဲ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမြဝင်း က ၅၅ မဲ၊ ကျားဖြူပါတီမှ ဦးစဝ်သာဦး က ၅ မဲ၊ တစညပါတီမှ ဦးခင်မောင်လှ က ၉ မဲ ရရှိကြပြီး ပယ်မဲ ၇၆ မဲဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်သာရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ မဲအပြတ်ဖြင့် အနိုင်ရ သွားကြောင်း NLD ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင် က ပြောသည်။
ကန်သာရွာတွင် မဲလာရောက်ပေးသူ ၁၆၅ ဦးရှိပြီး နေ့လည် ၁ နာရီတွင် မဲပေးမှု ပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောသည်။
ကော့မှူးမြို့နယ် ရေကျော်ကျေးရွာတွင် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးပြီးဖြစ်၍ မဲရုံတာဝန်ရှိသူများက မဲရေတွက်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၁၇ မဲရရှိခဲ့ပြီး ကြံခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်းက ၃၇ မဲရရှိခဲ့ပြီး ပယ်မဲ ၂ မဲရှိကြောင်း NLD ရုံးချုပ်(ဗဟို) က ထုတ်ပြန်သည်။
ကျွန်းလှမြို့နယ်အတွင်း မဲရရှိမှု အခြေအနေများ
သာစည်ရွာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၃၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၁၄ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၀ ရှိခဲ့ပါသည်။ သစ်ချိုကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၇၀မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၄၁ မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၁၀ မဲ ရရှိထားပြီး ပယ်မဲ ၃၈ မဲရှိခဲ့ကြောင်း သိရသည်။
နွားလပို့တောင်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၁၇ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၆ မဲ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက ၅မဲနှင့် ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄ မဲ ရှိခဲ့ကြောင်း သိရသည်။ ကြာသကန်ကျေးရွာ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၀၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ၈၂ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၇မဲ ရရှိခဲ့ပြီး ပယ်မဲ ၂၅ မဲရှိခဲ့ပါသည်။
ပျင်းပြင်ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၆၇ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၈ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၄ မဲရရှိခဲ့ကာ ပယ်မဲ ၄ မဲ ရှိခဲ့ပါသည်။ ခေါ်တောကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၁၅ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၇၃ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁၉ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၆ မဲရရှိခဲ့ကာ ပယ်မဲ ၁၃ မဲ ရှိခဲ့ပါသည်။
သဗွက်တော ကျေးရွာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၃၈၉ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၉ မဲ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၂၆ မဲနှင့် ပြည်သူ့ ဒီမိုကရေစီ ပါတီက ၁၀ မဲရရှိခဲ့ကာ ပယ်မဲ ၄၂ မဲ ရှိခဲ့ပါသည်။
ငါးသိုင်းချောင်းမြို့မဲစာရင်း
မင်းလမ်း NLD ၉၈၀/ အခြားပါတီ ၁၈၀ မဲရရှိကြောင်းသတင်းရရှိပါသည်။ မြို့မရပ်ကွက်တစ်ရပ်ကွက်အတွက်သတင်းဖြစ်ပါသည်။
ဒေါ်လှမြတ်သွေး (NLD ကိုယ်စားလှယ်လောင်း) အနိုင်ရရှိ
င၀န်ပိုင်း NLD 742/ ကြံ့ခိုင်ရေးပါတီ 136 မဲ ရရှိကြောင်း
ရှေ့ဆောင်ရပ်တွင် NLD 836 မဲ၊ြံ့
မကွေးမြို့နယ် ရွာ (၁၀)ရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအမျာစု ရရှိထားကြောင်း လတ်တလော သတင်း ရရှိထားသည်။ မကွေးတိုင်း ကံပြားတိုက်နယ်ရှိ ပုထိုးစမ်းကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၈၉ မဲ ရရှိခဲ့ကြောင်း သိရသည်။
မကွေးတိုင်း စမ်းမကြီးအုပ်စုရှိ ကန်နီကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၀ မဲ ရရှိခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်းရှိ မိကျောင်းရဲတိုက်နယ် မန်းကျည်းစမ်း ကျေးရွာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၆၄မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၅၈ မဲ ရရှိခဲ့ကြောင်း သိရသည်။
တင်္နသာရီတိုင်း လောင်းလုံမြို့ မဲရုံ ၉ရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၇၁၉ မဲ ရရှိပြီး အနိုင်ရရှိခဲ့ကြောင်း သိရပါသည်။ မကွေး TTC မဲရုံ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၆၀ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၃၂ မဲ ရရှိခဲ့ပြီး ပယ်မဲ ၅ မဲရှိခဲ့ကြောင်း သိရပါသည်။
Friday, March 30, 2012
ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်
2012-03-29
ဒီကေဘီအေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ဒီကေဘီအေ အဖွဲ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးမှုကို မိခင်အဖွဲ့အစည်းအဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ဦးဆောင်မှုအတိုင်း လိုက်ပါမှာဖြစ်ကြောင်း ကလိုထူးဘော ဒီကေဘီအေ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီကနေ့ အာအက်ဖ်အေကို ပြောပါတယ်။
RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
လောလောဆယ် မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး၊ နောက်တစ်ဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရမယ်လို့ ယုံကြည်ကြောင်း၊ အဲဒီလိုဖြေရှင်းတဲ့အခါ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မှာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ စောဂုန်အောင်က ပြောပါတယ်။
ဒါ့အပြင် ကလိုထူးဘော ဒီကေဘီအေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံဝန်းရံသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကလိုထူးဘော ဒီကေဘီအေအနေနဲ့ ညီလာခံတစ်ရပ် ခေါ်ယူဖို့ရှိနေပြီး အဖွဲ့ဝင်တွေအပြင် ပြည်သူလူထု ကိုယ်စားလှယ်တွေကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီညီလာခံမှာ လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် သဘောထားတွေကို ဆွေးနွေမှာဖြစ်သလို၊ ကလိုထူးဘော ဒီကေဘီအေ ရဲ့ဖွဲ့စည်းပုံ စည်းမျဉ်းတစ်ရပ်ကိုလည်း ချပြဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကလိုထူးဘောအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေကို ရွေးကောက်ပွဲနေ့မှာ ၀င်ရောက်သိမ်းပိုက်ခဲ့ဖူးပါတယ်။
မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော
မနန်းဝိုးဖန်၏ ခင်ပွန်းနှင့် ရှေ့နေ ဒေါ်အိအိအောင်
မတ်လ ၂၈ ရက်၊ ၂၀၁၁ ခုနှစ်
မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံးအရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။
ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောသည်။
မနန်းဝိုးဖန်၏ ဖခင် နှင့် စသုံးလုံးတွင် အတူအစစ်ဆေးခံရသူ ရှေ့နေ ဒေါ်အိအိအောင်တို့က မီဒီယာ အားရှင်းလင်းခဲ့ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ကိစ္စ ပတ်သက်၍ အမှုအခင်းဖြစ်ပွားရာတွင် အမှုတရားလို ဖြစ်သူ မနန်းဝိုးဖန်နှင့် ၎င်း၏ ရှေ့နေဖြစ်သူ သူ့ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက စစ်ဆေးရန် ခေါ်ယူခဲ့သည်။ ၃ရက်တာ စစ်ဆေးနေစဉ်တွင် မတ်လ ၂၄ ရက်နေ့နံနက် လင်းအားကြီးအချိန်၌ မနန်းဝိုးဖန်မှာ အဆိုပါ စသုံးလုံး ရုံး ၅ ထပ်မှ ရုတ်တရက် ပြုတ်ကျကာ သေဆုံးခဲ့သည်။
စစ်ဆေးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က ရှင်းပြရာတွင် ယမန်နှစ် နှစ်ကုန်ပိုင်းက မနန်းဝိုးဖန်၏ နာမည်ဖြင့် ၀ယ်ယူထားသည့် အိမ်နှင့် မြေကွက်များ ကို ခင်ပွန်းဖြစ်သူ နာမာဆဲ၏ မန်နေဂျာဟောင်း ဦးကိုကိုက ၎င်းပိုင်ဆိုင်ကြောင်း သတင်းစာများ တွင် ကြော်ငြာထည့်ခဲ့ရာမှ ပိုင်ဆိုင်သူ မနန်းဝိုးဖန်က သက်ဆိုင်ရာသို့ တိုင်ကြားကာ ယုံကြည်အပ်နှံ အလွဲသုံးစား ပုဒ်မ ၄၀၆ ဖြင့် ဦးကိုကိုအား စွဲဆိုခဲ့သည်။
ထိုသို့ တရားစွဲဆိုထားရာမှ ဦးကိုကိုက မနန်းဝိုးဖန်ကို “စစရ” ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တို့တွင် ပြန်လည်တိုင်ကြား သဖြင့် ရဲတပ်ဖွဲ့တွင် ၂ ကြိမ် စစ်ဆေးခံခဲ့ရသည်။ ယင်းသို့ မနန်းဝိုးဖန်က နှင့် ဦးကိုကိုတို့ စွဲဆိုထားသည့် အမှုရင်ဆိုင် နေရာမှ ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးမှ မနန်းဝိုးဖန်နှင့် ရှေ့နေ ဒေါ်အိအိအောင်ကို ခေါ်ယူစစ်ဆေးခဲ့သည်။
စသုံးလုံးက ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က စသုံးလုံးကို မေးမြန်းရာတွင် မနန်းဝိုးဖန်က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး စီးပွားရေး လမ်းကြောင်းအရ စစ်ဆေးခြင်းဖြစ်သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု ဒေါ်အိအိအောင်က ပြောကြးသွားသည်။
၃ ရက်ကျော် ခေါ်ယူ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း စသုံးလုံးရုံး ၅ ထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။
သေဆုံးသွားရသူ မနန်းဝိုးဖန်မှ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်သည်ဟု စသုံးလုံး ဒေါ်အိအိအောင်က မနန်းဝိုးဖန် သေဆုံးသွားရခြင်းမှာ မိမိကိုယ် သတ်သေခြင်းမဖြစ်နိုင်ကြောင်း ၎င်းမှာ အလွန် ကြောက်တတ်သူဖြစ်သဖြင့် သတ်သေသည်ဆိုသည့် အချက်ကို မယုံနိုင်ကြောင်း ပြောဆိုသွားသည်။
ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမာဆဲက “ လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးနေခြင်းသည် အကျဉ်းထောင်တွင်း စစ်ဆေးခြင်းနှင့် အတူတူဖြစ်ကြောင်း၊ သူမ၏ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟုလည်း ယနေ့ ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
မနန်းဝိုးဖန် သေဆုံးသွားသည့် နေ့က မိုင်းဖြတ်မြို့ရှိ မိသားစုအား မနန်းဝိုးဖန် နေမကောင်းသဖြင့် ဆေးရုံတက်နေသည် စသုံးလုံးမှ ဟု အကြောင်းကြားလာပြီး ညပိုင်းတွင် သေဆုံးသွားပြီဖြစ်သည်ဟု ထပ်မံ အကြောင်းကြားခဲ့သည် ဟု ဖခင် ဦးအိုက်ခန်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ၏ မိဘများက ဒုသမ္မတထံ ယခုအဖြစ်အပျက်ကို တိုင်ကြားရန် လေဆိပ်သို့ သွားရောက်စဉ် လုံခြုံရေးဝန်ထမ်းအချို့က ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟုလည်း ခင်ပွန်းဖြစ်သူက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။
သေဆုံးသူမနန်းဝိုးဖန်ကို လာမည့် စနေနေ့ နေ့ခင်းပိုင်းတွင် ထိန်ပင်သုဿန်တွင် သဂြိုဟ်မည်ဖြစ်သည်ဟု သိရှိရသည်။
စသုံးလုံးတွင် မတော်တဆ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းဋ္ဌာနတခုအား ပြောဆိုထားသည်။
ပဒိုမန်းငြိမ်းမောင် အင်တာဗျူး
မြို့တော်ရန်ကုန် နှင့် စားသောက်ဖွယ်ရာ
ကရင်အမျိုးသမီးတစ်ဦး နိုင်ငံတကာထူးချွန်ဆုရ
 ဂုဏ်ယူပါတယ်ဆရာစူဇန်နာလှလှစိုး
 ဆ ရာ မ ဟာ ဒီ ဆု ကို ထိုက် ထိုက် တန် တန် ရ တာ ပါ။ ဆ ရာ မ လုပ် ခဲ့ တာ တွေ အ များ ကြီး ပါ။ အဲ ဒီ အ ထဲ က ကျွန် တော် အ လေး စာ ဆုံး က တော့ KDC ဖွဲ့ ထား ခဲ့ တဲ့ က ရင် အ မျိုး သ မီး အ ဖွဲ့ ကို တည် တံ့ အောင် တိုး တက် အောင် စ နစ် တ ကျ ဖြစ် အောင် ဦး ဆောင် ခဲ့ ပြီး တော့ နာ ဂစ် တုန်း က အ များ ကြီး အ လုပ် လုပ် နိုင် ခဲ့ သ လို ပဲ ခူး ရိုး မ ကြွက် ကျ လို့ အ ငတ် ဘေး ကြုံ နေန တဲ့ လူ ထု ကို ( Karen Women Action Group) ဆို ပြီး အ ကူ အ ညီ ပေး ခဲ့ ပါ တယ်။ ဂုဏ် ယူ လေး စား ပါ တယ် ဆ ရာ မ။
Humanitarian Award
Each year InterAction recognizes an individual or individuals who have demonstrated extraordinary leadership in support of non-governmental organizations (NGOs) and the people they serve in the developing world. As our community’s national staff and national counterparts often must surmount significant obstacles in order to carry out their work effectively in their own home countries or regions, InterAction seeks to honor these individuals and their bravery and commitment to the most vulnerable populations in their own communities.
The award is meant to recognize individuals whose work reflects important leadership qualities such as courage, initiative, creativity, grace under pressure, personal integrity, personal sacrifice, and who have made significant contributions in the developing world in any of the following areas: disaster relief, human development, refugee assistance, civil society, equitable economic development, health, environment, education, population, or public policy. This year's winner:
Naw Susanna Hla Hla Soe is an advocate, activist and practitioner for a holistic well-being of women and children in Myanmar. She is currently the Executive Director of Karen Women Action Group (KWAG), a Yangon-based local civil society organized engaged in capacity building and empowerment training for women in particular, and microfinance programs for families, education support for impoverished children, and emergency relief for disaster-affected communities in general. While working as a mid-level professional and community development supervisor at World Vision Myanmar, Naw Susanna actively volunteered at KWAG. With the passion to work more closely with the grassroots and the desire to serve as a voice for the underrepresented poor and women, Naw Susanna has devoted her work full time to KWAG since 2010.
In addition to her work with KWAG, Naw Susanna is the chair of Women Organization’s Network of Myanmar (WON), an umbrella group of 27 local women organizations. She is also a steering committee member of Women’s Protection Technical Working Group, a network of 50 organizations in Myanmar including UN agencies, international NGOs and CSOs collaborating on advocacy and government relation issues over the protection of women. Naw Susanna earned both bachelor's and master's degrees in zoology from Rangoon University in Myanmar, and also earned M.B.A. from Eastern University in the United States.
Susanna will recieve her award at the Annual Gala Banquet, Tuesday May 1 from 7:30 until 9:30 p.m.
ရာဇဝင်ရိုင်းပြီ.... (ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် အနိုင်ရ)
Written by ကိုးဒီသွေး   
Thursday, 15 March 2012 12:37
ညီအကို အချင်းချင်း တိုက်ခိုက် နေကြတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်က ရေပိုင်နက် အငြင်းပွားမှု ဆိုင်ရာ ဆုံးဖြတ်ချက်မှာ အနိုင် ရရှိသွားပါပြီ..။
 ပြည်သူကို အနိုင်အထက်ပြု ပြည်သူနဲ့တွေ့တော့ မီးလို ရန်သူနဲ့တွေ့တော့ ပန်းလို  ကျင့်သုံးခဲ့တဲ့ ဒီအုပ်ချုပ်သူတွေ လက်ထက်မှာ ကျွန်တော်တို့ သမိုင်း ရိုင်းခဲ့ပြန်ပြီ။
ကျွန်းတွေ ဘယ်နှစ်ကျွန်း ပါကုန်တယ်ဆိုတာတော့ မသိရှိရသေးပါဘူး..။ ဘင်္ဂလားဒေ့ရှ်က ဒီလို အရေးကြီးတဲ့ အဆုံးအဖြတ်အတွက် ကမ္ဘာကျော် ရေပိုင်နက်ဆိုင်ရာ ကျွမ်းကျင်တဲ့ နာမည်ကြီး ရှေ့နေတွေကို ငွေကုန်ကြေးကျခံပြီး ငှားရမ်းတယ်။ မြန်မာကတော့ ရှေ့နေတွေ ငှားရမ်း အသုံးပြုပေမယ့် နာမည်ကြီးရှေ့နေတွေ မပါဘူးလို့ဆိုပါတယ်..။
ဒီရေပိုင်နက်ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ ပေါကြွယ်ဝတဲ့ နေရာ ဖြစ်ပါတယ်။
Bangladesh wins Myanmar battle (မူရင်း သတင်း)
http://www.bdnews24.com/details.php?id=220286&cid=2
ဘင်္ဂလားဒေ့ရှ်သတင်းဌာနများမှ သတင်းကောက်နှုတ်ချက်Ko Aung
ကျမတို့ တောင်းဆိုတဲ့ နယ်နိမိတ်ထက်ကို ပိုရခဲ့တာပါ...ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာဒီပုမိုနီက ဆိုပါသည်။ ဒီခုံရုံး ဆုံးဖြတ်ချက်ဟာ ညီမျှသော အကွာအဝေးအတိုင်း ညီမျှစွာ ပိုင်ဆိုင်ရမည် ဟူသော အခြေခံပေါ်တွင် ဆုံးဖြတ်ပေးတာပါဟု သူမက ဆက်ပြောပါသည်။ ဘင်္ဂလားဒေ့ရှ်မှ တောင်းဆိုသော ရေပိုင်နက် အကျယ်မှာ 107,000စတုရန်း ကီလိုမီတာဖြစ်ပြီး တကယ် ဆုံးဖြတ် ပေးလိုက်သော ရေပိုက်နက်မှာ 111,000 စတုရန်း ကီလိုမီတာ ဖြစ်သည်။ အငြင်းပွားနေသော စိန့်မာတင်ကျွန်း၏ ပတ်လည်(၁၂)မိုင် ပတ်လည်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်မှု အောက်တွင် ရှိရမည်ဟု ဆုံးဖြတ်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေပိုင်နက် အငြင်းပွားမှု ဆိုင်ရာခုံရုံး၊ ခုံသမာဓိအဖွဲ့မှ ဤစီရင်ချက်အား ထောက်ခံမဲ၂၀ မဲ- ကန့်ကွက်မဲ ၁မဲ ဖြင့် အနိုင် ပေးလိုက်ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်အရ ဘင်္ဂင်္လားဒေ့ရှ်မှ ပင်လယ်အော်အတွင်း ၂၁၅ဒီဂရီအတွင်း ရေမိုင်၂၀၀အထိ အချုပ်အခြာ အာဏာနှင့် စီးပွားရေး ဆိုင်ရာ အကျိုးခံစားခွင့်များကို ခံစားခွင့် ရရှိမည်ဖြစ်သည်