Tuesday, November 20, 2012

မန္တလေးတိုင်းမှာ ငလျင်လှုပ်ခဲ့


နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၅၆ မိနစ်ဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နှင့် ၃၂ မိုင်ခန့်အကွာ၊ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့နှင့် ၆၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း European-Mediterranean Seismological Centre (EMSC) က သတင်းထုတ်ပြန်သည်။

 အဆိုပါ ငလျင်လှုပ်ခတ်မှုကို ခံစားသိရှိလိုက်ရကြောင်း မန္တလေးမြို့ရှိ ဒေသခံများက ပြောကြားသည်။

HQ OFF RFA Karen Language TV Program, November 3rd week, 2012 ByRFABurmeseVideoNov 16, 2012 269 views ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ "Shanti Volunteer Association ခေါ် NGO အဖွဲ့အစည်းက ဦးဆောင်ပြီး ဒုက္ခသည် ကလေးသူငယ်တွေအတွက် ရိုးရာယဉ်ကျေးမှုပြပွဲတွေ ပြုလုပ်ပေးနေတဲ့အကြောင်း မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။

RFA Karen Language TV Program, November 3rd week, 2012
ByRFABurmeseVideo
Nov 16, 2012
269 views
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ "Shanti Volunteer Association ခေါ် NGO အဖွဲ့အစည်းက ဦးဆောင်ပြီး ဒုက္ခသည် ကလေးသူငယ်တွေအတွက် ရိုးရာယဉ်ကျေးမှုပြပွဲတွေ ပြုလုပ်ပေးနေတဲ့အကြောင်း မြန်မာဘာသာစာတန်းထိုး တင်ပြထားပါတယ်။

Diverse views on Obama's Burma visit


Diverse views on Obama's Burma visit
3,291 views

အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်း Published on November 19, 2012 by ဒီဗွီဘီ · No Comments မြန်မာနိုင်ငံ…မင်္ဂလာပါလို့ ပီပီသသနှုတ်ဆက်ပြီး အမေရိကန်သမ္မတ အိုဘားမားဟာ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်း အသံဖိုင်မှာနားဆင်နိုင်ပါပြီ။

Monday, November 19, 2012

အမေရိကန်သမ္မတအိုဘားမားသမိုင်းဝင်ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်မိန့်ခွန်းပြောကြားစဉ်

DVB TV


အိုဘားမား မြန်မာ ခရီးစဉ်


အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

obama inside banner
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ ပြီး
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏  သတင်းစာ ရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၁၁ မိနစ်တွင် ပြီးဆုံးသွားသည်။
အိုဘားမားနှင့် ဒေါ်စု သတင်းစာရှင်းလင်းပွဲ စ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ ဒုတိယအကြိမ် တွေ့ဆုံမှု အပြီးတွင် သတင်းထောက်များနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲကို မွန်းလွဲ ၁ နာရီ ၇ မိနစ်တွင် စတင်နေပြီ
ဖြစ်သည်။
အမေရိကန် သမ္မတနှင့် ဒေါ်စု တွေ့ဆုံနေ
အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် နေရလည် ၁၂ နာရီ မိနစ် ၂ဝ ခန့်က တွေ့ဆုံဆွေးနေရာ ပြည်တွင်း ပြည်ပ သတင်းထောက်များ သတင်းယူရန် စောင့်ဆိုင်းနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့
ရောက်ရှိသည်။
သမ္မတများ မိန့်ခွန်း နားထောင်ရန် တန်းစီနေကြ
အမေရိကန်နှင့် မြန်မာ သမ္မတတို့၏ မိန့်ခွန်းများကို နားထောင်ရန်အတွက် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်နိုင်ရေး လူအများ တန်းစီလျက်ရှိနေကြသည်။

“လုံခြုံရေး စစ်ဆေးမှုအတွက် တန်းစီနေကြပါတယ်။ လူ တထောင် ကျော်ပါလိမ့်မယ်” ဟု ထိုနေရာသို့ ရောက်ရှိနေ
သော သတင်းထောက်တဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို သမ္မတ အိုဘားမား ပြောကြားချက်
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမေရိကန် သမ္မတ အိုဘားမားက ယခုကဲ့သို့ အပြုသဘောဆောင်သည့်
တွေ့ဆုံမှုသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံ ရေရှည် ဆက်ဆံရေးအတွက် ပထမဆုံး ခြေလှမ်း ဖြစ်ကြောင်း၊
နိုင်ငံတော် သမ္မတ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအား တိုးတက်မှုကို ဖြစ်ပေါ်စေကြောင်း၊ အမေရိကန်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်နှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံအတွက်သာမက အရှေ့တောင်အာရှအပြင် တကမ္ဘာလုံး တိုးတက်မှုအတွက် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတော် သမ္မတကြီး၏ ကလေးစစ်သားဆိုင်ရာ ဆောင်ရွက်မှုများနှင့် လက်နက်ကြီး တပ်ဆင်မှု ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်မှုများသည်
ကောင်းမွန်ကြောင်း၊ မြန်မာနိုင်ငံသို့ နောင်တွင်လည်း ထပ်မံလာရောက်နိင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ သည်။
သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးစီးသွားပြီးနောက် အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးတော့မှာ ဖြစ်သည်။
ရှေ့သို့ သွားနေသည်ဟုဆို
သမ္မတ ဦးသိန်းစိန်က သမ္မတ အိုဘားမားကို နှုတ်ဆက်စကားဆိုရာတွင် ‎“သမ္မတကြီး(သမ္မတအိုဘားမား)ရဲ့ စကားအတိုင်းပါပဲ ကျနော်တို့လည်း Move Forward သွားနေပါတယ်။” ဟု ထည့်သွင်းပြောကြားသည်။
သမ္မတအိုဘားမား မိန့်ခွန်းအကြို ကောက်နုတ်ချက်များ
(အိမ်ဖြူတော်သတင်းဌာနမှ ထုတ်ပြန်သည်)
အမေရိကန် ပြည်ထောင်စုအနေနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ကျနော်ဒီကိုလာခဲ့တာလို့ပဲ
ပြောပါရစေ။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တော်တော်များများမှာ၊ ကျနော်တို့ ၂ နိုင်ငံဟာ သူစိမ်းပြင်ပြင် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ
တော့၊ ဒီနိုင်ငံရဲ့ ပြည်သူတွေဖြစ်တဲ့ ခင်ဗျားတို့ အားလုံးကို ကျနော်တို့ အမြဲ ယုံကြည် မျှော်လင့်နေခဲ့တာပါဆိုတာကို ကျနော်ပြောနိုင်ပါပြီ။ ကျနော်တို့အတွက် မျှော်လင့်ချက်တွေပေးသလို၊ ခင်ဗျားတို့အားလုံးရဲ့ သတ္တိတွေကိုလည်း ကျနော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးပါပြီ။အပြည့်အစုံကို ဆက်လက်ဖတ်ရှုရန်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတ အိုဘားမားကို ကြိုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ သမ္မတ အိုဘားမား ရောက်ရှိ
သမ္မတ အိုဘားမား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ရောက်ရှိပါပြီ။ လွှတ်တော်တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည်။
လူကုန်ကူးမှုနှင့် ပတ်သက်၍ မြန်မာနှင့် အမေရိကန်တို့ သဘောတူညီချက်
လူကုန်ကူးမှု ကျူးလွန်မှုများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများကို စစ်ဆေးခြင်းနှင့် ရုံးတင် တရားစွဲဆိုခြင်း၊ လူကုန်ကူးခြင်းခံရသူများကို နိုင်ငံတကာ လမ်းညွှန်ချက်များနှင့် အညီ ဝန်ဆောင်မှုများပေးခြင်း၊
မြန်မာနိုင်ငံသားများအား တိုင်းပြည်အတွင်း၌သော်လည်းကောင်း တိုင်းပြည်ပြင်ပ၌သော်လည်းကောင်း လိင်ကျွန်ပြုခံရခြင်းမှ ကာကွယ်ရေး သို့မဟုတ် အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာကွယ်ရေးတို့ ဖြစ်ကြသည်။

(က) အိုင်အယ်လ်အို လုပ်ငန်းအစီအစဉ် (ILO Action Plan) နှင့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအုပ်ချုပ်မှု ဥပဒေ အသစ်ပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ပြီး တိုးများလာသော အဓမ္မလုပ်အားပေးခံရခြင်း စွပ်စွဲခံရခြင်းများ ကို အိုင်အယ်လ်အိုတွင် တိုင်ကြားနိုင်သော ယန္တရားများမှ တဆင့်လည်းကောင်း၊ မြန်မာအာဏာပိုင်များထံမှ တဆင့်သော်လည်းကောင်း မြန်မာအစိုးရ အာဏာပိုင်များထံ တိုင်ကြားအရေးယူနိုင်ရေး

(ခ) လူကုန်ကူးမှုပြဿနာများအပေါ် CBTIP အရာရှိများ၏ တာဝန်ရှိမှုများကို တိုးချဲ့ရေး။ အဓမ္မလုပ်အားခိုင်းစေခြင်း
နှင့် ကလေးစစ်သား စုဆောင်းခိုင်းစေခြင်း အပါအဝင် လူကုန်ကူးမှုပုံစံမျိုးစုံကို ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ရာဇဝတ်ကြောင်းအရ စစ်ဆေးပြီး ရုံးတင်တရားစွဲဆိုခြင်း တို့ကိုပြုလုပ်ရာ၌ တိုးမြှင့်ပြုလုပ်ခြင်းတွင် တိုးတက်မှု ရှိကြောင်း ပြသရန်

(ဂ) မြန်အာဏာပိုင်များ (ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် လူမှုရေးလုပ်ငန်းလုပ်ကိုင် သည့်အဖွဲ့အစည်းများ) နှင့် ကျယ်ပြန့်သော လူထုအခြေပြု အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများအကြား စနစ်တကျ ဖွဲ့စည်း တည်ဆောက်ထားသော လက်တွဲလုပ်ဆောင်မှု အစီအစဉ်များနှင့် ပိုမိုကြံ့ခိုင်တောင့်တင်းသော ပုံစံဖြင့် မူဝါဒချမှတ်
ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အဆင့်များအားလုံး၌ နိုင်ငံတဝှမ်း လူကုန်ကူးမှု ကာကွယ်တားဆီးရေး ကြိုးပမ်းမှု များတွင် လူထုအခြေပြုအဖွဲ့အစည်းများ ပိုမိုပါဝင်နိုင်ရေးကိုအားပေး ဆောင်ရွက်ရန်

(ဃ) နည်းပညာ အကူအညီပေးခြင်း၊ လေ့ကျင့် သင်ကြားပေးခြင်း၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စုံစမ်း စစ်ဆေးခြင်း လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ သက်သေများအား တွေ့ဆုံမေးမြန်းခြင်းများ၊ လူကုန်ကူးခံရသူများ အား အကူအညီပေးအပ်ခြင်းများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ တို့ကို ပူးပေါင်းဆောင်ရွက်ရာ တွင် အစွမ်းကုန် ထိရောက်နိုင်သမျှ ထိရောက်စေရန်အတွက် အမေရိကန်အစိုးရက ငွေကြေး ထောက်ပံ့ထားသော အစီအစဉ်များနှင့် မြန်မာအစိုးရ၏ မိတ်ဖက် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန်
သမ္မတ အိုဘားမားနှင့် အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်လည်း လိုက်ပါလာသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော သမ္မတ အိုဘားမားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကြိုဆိုလာသည်။
အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုရန်
သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်သည့် သတင်းကို တိုက်ရိုက်ကြည့်ရှု့ရန်အတွက်
အောက်ပါ လင့်တွင် ဒေါင်းလုပ်ချပြီး Sky Net မှတစ်ဆင့် ကြည့်နိုင်ပါသည်။ ကြည့်နိုင်ပါသည်။ Channel No: 99221 ကိုရွေးရန်လိုအပ်သည်။
http://pages.tvunetworks.com/downloads/player.html
Air Force One လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာပါပြီ။
usairforce1arrive
သမ္မတ အိုဘားမား လိုက်ပါလာသော Air Force One ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းသက်လာစဉ်။
usairforce1arrive1
သမ္မတ အိုဘားမား လေယာဉ်ပေါ်မှ အဆင်းကို ကြိုဆိုနှုတ်ဆက်သူများ။
usairforce1arrive2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာ Air Force One လေယာဉ် (ဓါတ်ပုံ မဇ္ဈိမ)
အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ခရီးစဉ်အတွက် လိုက်ပါလာသော စစ်ရေယာဉ်
USS-Bonhomme-RichardUSS Bonhomme Richard (LHD-6) သည် မြန်မာ့ရေပိုင်နက် အနီးတွင် စောင့်ကြပ်လျှက် ရှိသည်ကို တွေ့ရစဉ်။
မြန်မာ့ တပ်မတော် (ရေ) သတင်းရပ်ကွက်များအရ မြန်မာ့တပ်မတော် (ရေ) ၏ ဖရီးဂိတ် စစ်ရေယာဉ် နှစ်စီးမှ အရာရှိ စစ်သည်များက နိုဝင်ဘာ ၁၈ ရက်နေ့တွင် အမေရိကန် စစ်သင်္ဘောပေါ်သို့ သွားရောက် လည်ပတ်ပြီး အမေရိကန် အရာရှိများနှင့် နေ့လည်စာ အတူစားသုံးခဲ့သည်ဟု ဆိုသည်။
အမေရိကန် သမ္မတ ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လမ်းအချို့ ခေတ္တပိတ်မည်
အမေရိကန် သမ္မတ လာရောက်မည်ဖြစ်သော ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်လမ်း၊ ၁၀ မိုင် လမ်းဆုံ၊ လေဆိပ်လမ်းနှင့် ပြည်လည်းဆုံ၊ ပြည်လည်းနှင့် တော်ဝင်လမ်းဆုံ၊ ရှစ်မိုင်လမ်းဆုံ၊ အေဒီ မီးပွိုင့်၊ ပြင်လည်း လမ်းဆုံ၊ မြေနီကုန်းမီးပွိုင့်၊ ရန်ကုန် လွှတ်တော်ရှေ့ တို့တွင် ယနေ့ သမ္မတ အိုဘားမားကို ရည်ညွှန်းသည့် အရေးကြီး ပုဂ္ဂိုလ် ယာဉ်တန်း ဖြတ်သန်းမည် ဖြစ်သည်ဖြင့် မိနစ် ၂၀ ခန့် ကြိုတင် ခေတ္တ ပိတ်ထားမည်ဖြစ်ပြီး လမ်းလွှဲမှ သွားလာနိုင်ရန် လမ်းညွှန်ပေးမည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။
သမ္မတ နှစ်ဦး၏ မိန့်ခွန်းများ တိုက်ရိုက် ထုတ်လွှင့်မည်
ရန်ကုန်တက္ကသိုလ်တွင် ဟောပြောကြမည့် အမေရိကန်သမ္မတနှင့်  မြန်မာသမ္မတတို့၏ မိန့်ခွန်းများကို Myanmar International ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသပေးမည်ဟု ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
မြန်မာကို ဒေါ်လာ သန်း ၁၇၀ ပေးမည့်အကြောင်း အိုဘားမား ပြောမည်
မြန်မာနိုင်ငံ ပညာရေး မြှင့်တင်ရန်နှင့် ဒီမိုကကရက်တစ် အဖွဲ့အစည်းများ တည်ထောင်ရေးတွင် အရပ်ဖွဲ့ လူ့အဖွဲ့အစည်းကို ကူညီရန် ၂၀၁၂, ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀ ကူညီထောက်ပံ့မည့် အကြောင်း အမေရိက သမ္မတက သူ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကြေညာရန် ရှိသည်ဟု AFP သတင်းတစ်ရပ် တွင် ဖေါ်ပြထားသည်။
ကျောင်းသား ကျောင်းသူများဖြင့် ကြိုဆို
သမ္မတ အိုဘားမားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အထွက်တွင် အစိုးရက စီစဉ်မှုဖြင့် လာရောက် ကြိုဆိုသူများတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ ကျောင်းသား အများဆုံးဖြစ်ပြီး သုံးထောင်ကျော်ခန့်
စောင့်ဆိုင်းနေကြသည်။ အရပ်သား အနည်းငယ်ကိုသာ တွေ့ရပြီး ကျောင်းသား ကျောင်းသူများမှာ နံနက် ၇ နာရီခန့် ကတည်းက ရောက်နေကြခြင်းဖြစ်သည်။ ပြည်တွင်း ပြည်ပသတင်းထောက် ၂၀၀ ခန့်လည်း စောင့်ဆိုင်းနေကြသည်။
usairforce1arrive4
usairforce1arrive3
IAEA နောက်တိုး အချက်အလက်များ လက်မှတ် ထိုးမည်ဟု မြန်မာပြော
မြန်မာအနေဖြင့် ” နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏  နောက်တိုး လိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော် သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။” ဟု အစိုးရ သတင်း ထုတ်ပြန်ရေးအဖွဲ့က ကြေညာသည်။
မြန်မာပြည်ခရီးစဉ်အပေါ် အိုဘားမားကာကွယ်ပြောကြား
အချိန်မကျသေးဘဲ မြန်မာပြည် သွားရောက်လည်ပတ်တာလို့ ဝေဖန်နေတာတွေအပေါ် အိုဘားမားက သူ့ခရီးစဉ်ဟာ ဘိသိက်သွန်းတာ မဟုတ်တဲ့အကြောင်း ခုခံပြောဆိုလိုက်ပါတယ်။

“မြန်မာဟာ သူတို့ရှိသင့်တဲ့နေရာမှာ ရှိနေပြီလို့ ဘယ်သူမှ ထင်ယောင်ထင်မှား ဖြစ်မယ်မထင်ပါဘူး” ဟု အိုဘားမား က ထိုင်းဝန်ကြီးချုပ် ယင်းလတ်ခ် ရှင်နာဝပ်ထရာနှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

“တဖက်မှာလည်း ပြည့်စုံတဲ့ ဒီမိုကရေစီရတဲ့အထိအောင် ကျွန်တော်တို့စောင့်ပြီးမှ ထိတွေ့ဆက်ဆံရမယ်ဆိုရင် အကြာကြီးကိုပဲ စောင့်ရလိမ့်မယ်လို့ ကျွန်တော်တော့ သင်္ကာမကင်း ဖြစ်မိတယ်”

“ဒီခရီးစဉ်ရဲ့ ရည်မှန်းချက်တစ်ခုမှာ တိုးတက်မှုတွေကို မီးမောင်းထိုးပြဖို့ ဖြစ်ပေမယ့် အနာဂတ်မှာ ဒီထက်အများကြီး ပိုတိုးတက်အောင် လုပ်သင့်တဲ့ဟာတွေကိုလည်း ပြောဖို့ဖြစ်တယ်” ဟု သူက ပြောသည်။

(ကိုးကား : အေဘီစီ)
နိုဘယ်လ်ဆုရှင် အမျိုးသမီးများ အိတ်ဖွင့်ပေးစာ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အမျိုးသမီးငါးဦးက သမ္မတအိုဘားမားနှင့် သမ္မတ ဦးသိန်းစိန်တို့ကို အိတ်ဖွင့်ပေးစာ တစ်စောင်ရေးသားပေးပို့ရာတွင် ရခိုင်ပြည်နယ်အတွင်း စနစ်တကျအကြမ်းဖက်လုပ်ဆောင်မှုများ အဆုံးသတ်ရေး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

“လူ ၁၇ဝ သေဆုံးပြီး လူပေါင်း ၁၁၀၀၀၀ အထိအောင် သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းခဲ့ရတယ်ဆိုတဲ့ သတင်း
တွေသိရတဲ့အတွက် ကျွန်မတို့ နက်နက်ရှိုင်းရှိုင်းကိုပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လူသားချင်း ဆိုင်ရာ အထောက် အကူပေးတာတွေအပေါ် ကန့်သတ်တာတွေ နဲ့ ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အကြမ်းဖက်မှုတွေကြောင့် အသက်မသေကျန်ရစ်သူတွေကို အရမ်းလိုအပ်နေတဲ့ ကျန်းမာရေး၊ အစားအသောက် နဲ့ နေစရာတွေ မရအောင် တားမြစ်တာတွေ အဆုံးသတ်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းပါတယ်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။
အိုဘားမား အဖိုးလည်း မြန်မာပြည် ရောက်ဖူး
အမေရိကန် သမ္မတ၏ ကင်ညာလူမျိုးအဖိုး ဟူစိန် အွန်ယန်ဂို အိုဘားမား (Hussein Onyango Obama) က ဒုတိယ ကမ္ဘာစစ် ကာလအတွင်းက မြန်မာနိုင်ငံသို့ အင်္ဂလိပ် စစ်တပ်၏ ဗိုလ်ကြီးတဦးအတွက် ထမင်းချက်အဖြစ် ရောက်ရှိ လာခဲ့ဖူးသည်။ သို့သော် အိုဘားမားသည် အဖိုးဖြစ်သူကို မမြင်ဖူးလိုက်ပါ။

အိုယန်ဂို အိုဘားမား (Onyango Obama) က ၁၈၉၅ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယုံကြည်ရသည်။ လူအို မျိုးနွယ်စု (Luo tribe) ဝင် တဦးဖြစ်ပြီး၊ ကင်ညာနိုင်ငံရှိ ကိုလိုနီ အရာရှိများထံတွင် အစေခံအဖြစ် နှစ်များစွာ အလုပ်လုပ်ကိုင် ခဲ့သည်။ သူ၏ သား ပထမ ဘားရက် ဟူစိန် အိုဘားမားက နောက်ပိုင်းတွင် သမ္မတဖြစ်လာမည့် အိုဘားမား၏ ဖခင်ဖြစ်သည်။ စစ်အတွင်းက မြန်မာနိုင်ငံတွင် ကင်ညာလူမျိုး ၇၅,၀၀၀ ခန့် တာဝန် ထမ်းဆောင်ခဲ့ကြသည်။

(ကိုးကား။ ။ နယူးယော့တိုင်းမ်)
ဦးသိန်းစိန် ရန်ကုန်ပြန်လာ
မနက်ဖြန်တွင် ရောက်ရှိလာမည့် သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် အာဆီယံ ထိပ်သီး အစည်းအဝေး တက်နေသော မြန်မာ သမ္မတ ဦးသိန်းစိန်သည် ယနေ့ (တနင်္ဂနွေနေ့ည)တွင် ရန်ကုန်မြို့ သို့ ပြန်လာမည် ဖြစ်သည်။

သမ္မတ အိုဘားမားသည် သူ၏ ခြောက်နာရီကြာ ရန်ကုန်မြို့ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ ရန်ကုန်ရှိ အမေရိကန် သံရုံး ဝန်ထမ်းများနှင့် တွေ့ဆုံမည် ဖြစ်သည်။

ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သမ္မတ အိုဘားမားက နယ်ပယ် အသီးသီးမှ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များကို ဟောပြောမည် ဖြစ်သည်။

နေ့လည်စာကို အမေရိကန် သံရုံးတွင်ပင် စားသုံးမည် ဖြစ်သည်။
အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
သမ္မတ ဘားရက်အိုဘားမား လာရောက်မည့် ခရီးစဉ် အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သည်။

လွှတ်ပေးရမည့် သူများနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် စိစစ်ခဲ့ခြင်း ဖြစ်သည်ဟု
ကြေညာချက်တွင် ပါရှိသည်။

ယခု လွှတ်ပေးမှုတွင် နိုင်ငံရေး အကျဉ်းသားများ ပါရှိလိမ့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရန်ကုန်လေဆိပ် လေယာဉ် ခရီးစဉ်များ ရွှေ့ဆိုင်း
သမ္မတ အိုဘားမားခရီးစဉ်ကြောင့် ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ခရီးစဉ်များခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီး ဌာနက ထုတ်ပြန်သည်။

တနင်္လာနေ့ နံနက် ၉  နာရီမှ ၁၀ နာရီအတွင်းနှင့် ညနေ ၃ နာရီမှ ၄ နာရီအတွင်း ပုံမှန် လေယာဉ် ခရီးစဉ်များကို
နောက်သို့ ရွှေ့လိုက်ခြင်း ဖြစ်သည်။

နံနက်ပိုင်း အချိန်တိုက်နေသော လေယာဉ်များကို နံနက် ၁၀ နာရီ နောက်ပိုင်းနှင့် ညနေပိုင်း လေယာဉ်များကို ညနေ ၄ နာရီနောက်ပိုင်း ပြောင်းရွှေ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
Obama-Invitation-letter
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ဟောပြောမည့် အမေရိကန်သမ္မတ အိုဘားမား၏ ပွဲသို့ ဖိတ်ကြားသူများအတွက် ဖိတ်ကြားစာ
Obama-Graffiti1
Obama-Graffiti2
အိုဘားမားကို ကြိုဆိုဂုဏ်ပြုသောအာားဖြင့် Art Entertainment မှ လူငယ်တစ်စုက ဂရပ်ဖတီတစ်ခုကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ SSS ကားအရောင်းစင်တာအနီး အုတ်နံရံပေါ်တွင် ရေးဆွဲနေစဉ်။ ထိုအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က အိုဘားမားပုံတူ ဂရပ်ဖတီကို ကန်တော်ကြီးတာဝါတွင် ရေးဆွဲရာ နာရီအနည်းငယ်အကြာတွင်ပင် အမည်မသိလူတစ်ချို့၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
obama-security-team-arrive-ygn-airportရက်အတန်ကြာက ရိုက်ကူးထားသော ပုံဖြစ်ပါသည်။ သမိုင်းတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန် လုံခြုံရေး အဖွဲ့များက ပစ္စည်းများ သယ်ယူလာသော လေယာဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ S Nay Win Tun။ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
နိုဝင်ဘာ ၁၉  ရက်နေ့တွင် ခြောက်နာရီကြာ လာရောက် လည်ပတ်မှာဖြစ်ရာ မြန်မာ့သမိုင်းတွင် အမေရိကန် သမ္မတ၏  ပထမဆုံး ခရီးစဉ်ဖြစ်လာပါမည်။

မြန်မာ-အမေရိကန် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်သွားမည်ဟု အိုဘားမားပြောဆိုမည်

19 Nov, 2012 2:03 PM

ရန်ကုန်၊ နိုဝင်ဘာ - ၁၉

မြန်မာနိုင်ငံတွင် တဖျတ်ဖျတ်နှင့်ဖြစ်ပေါ်နေသော တိုးတက်ဖြစ်ထွန်းမှုများကို ချီးမွမ်းဂုဏ်ပြုနိုင်ရေးအတွက် အမေရိကန်သမ္မတ အိုဘားမားက ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ကသတင်းထုတ်ပြန်သည်။

"ယနေ့ ကျွန်တော့်အနေနဲ့ ပေးထားတဲ့ကျွန်တော့် ကတိစကားတည်စေဖို့လာရောက်ခဲ့တာဖြစ်ပြီး (အမေရိကန်ပြည်ထေ
ာင်စုနှင့်မြန်မာနှစ်နိုင်ငံ) ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် နိုင်ရေးအတွက်လာရောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်" ဟု အိုဘားမားက သမိုင်းဝင်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှရရှိသည့် မိန့်ခွန်းမူကြမ်းကို AFP သတင်းဌာနက ကိုးကားဖော်ပြသည်။

"ဒါပေမဲ့ ယခုလို အံ့သြစရာကောင်းတဲ့ (မြန်မာနိုင်ငံ) ခရီးစဉ်ဟာ ပဏာမအစပျိုးလိုက်ရုံပဲရှိပါတယ်၊ ရှေ့ဆက်သွားရမှာတွေအများကြီးရှိပါတယ်" ဟု အိုဘားမားက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုမည်ဖြစ်သည်။

The Voice Weekly


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အိုဘားမား ရောက်ရှိလာစဉ်


သမ္မတအိုဘားမား နှင့် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံး ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ရွှေတိဂုံ စေတီတော်ကို ဖူးမြော်ခဲ့


19 Nov, 2012 3:21 PM

အမေရိကန် သမ္မတ အိုဘားမား၊ ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် အမေရိကန် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ရွှေတိဂုံ စေတီတော်ကို ယနေ့ မွန်းလွှဲပိုင်းက လှည့်လည် ဖူးမြော်နေစဉ်။ သမ္မတအိုဘားမား၊ ဟီလာရီ ကလင်တန် အပါအ၀င် အမေရိကန် အစိုးရအဖွဲ့ဝင် အားလုံးမှာ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်၍ ဖူးမြော်ခဲ့သည်ကိုလည်း တွေ့ရစဉ်။

7Day News Journal

ဓာတ်ပုံ- Reuters

Sunday, November 18, 2012

ပြည်သူ့ ဘက်တော်သား

ကရင်ပြည်နယ်မှာ မြေရာပြသနာများစွာရှိနေပါသည်။ ဆုံးရှူံးသွားတဲ့ ကရင် ပြည်သူများအတွက် ကေအဲန်ယူ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက ကရင်လူထုအတွက် ဘာတွေ လုပ်ဆောင်ပေးနိုင်မလည်းဆိုဒါလည်း ယခုအချိန်မှာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာမှမလုပ်ပေးနိုင်တဲ့အပြင် ပြည်သူလူထုပိုပြီးနင့်သထက်နင့်အောင် လုပ်မိမယ်ဆိုရင်ဖြင့် ၀မ်းနည်းစရာကောင်းပါမည်။ ဆက်ဆိုင်သူများ သိမြင်နိုင်ပါစေ။




Type the rest of your post here.

ミャンマー医師 医療水準の向上訴え 11月17日 21時31分


ミャンマー医師 医療水準の向上訴え
長年にわたり、タイに逃れたミャンマー難民などへの医療支援をしているミャンマー人の医師が都内で講演し、ミャンマー政府に対して、民主化の進展とともに、医療の向上など、国民生活の改善に努めるよう訴えました。
ミャンマーと国境を接するタイのメーソートで、20年以上にわたってミャンマー難民などへの医療支援を行い、2002年にアジアのノーベル賞ともいわれる「マグサイサイ賞」を受賞したシンシア・マウン医師が、17日、都内で講演しました。
この中でシンシア医師は、ミャンマーでは、医療に充てられる予算が、日本の500分の1にも満たないと指摘し、ミャンマーが民主化に乗り出した今も国境を越えて診察に訪れる人が絶えない現状を説明しました。
そのうえで、「経済の発展だけでなく、国内の医療水準などをもっと引き上げるべきだ」と述べて、ミャンマー政府に、民主化の進展とともに医療の向上など国民生活の改善に努めるよう訴えました。講演のあと、シンシア医師は「われわれを支援し、民主化の動きを支援してくれる人たちとの連携を深めていきたい」と話し、日本のNGOなどとの連携を呼びかけました。
シンシア医師は、このあと横浜や大阪などでも講演を行うことにしています。
[関連ニュース]
  自動検索
・ ミャンマー 少数民族に市民権検討 (11月17日 23時42分)
・ 米 ミャンマーからの輸入再開へ (11月17日 9時25分)
・ インフラ支援でミャンマーと覚書締結へ (11月16日 12時57分)
・ “北朝鮮はミャンマーに続くべき” (11月16日 10時33分)
・ ミャンマー中部地震で4人死亡 (11月12日 4時25分)