Tuesday, October 11, 2011

Environmental groups call on government to stop Salween River dams

October 10 |
Anti-dam poster on Salween River (photo-KESAN)
A Burma environmental watchdog has called for the government to stop dam projects on the Salween River as they did to the Myitsone dam project on the Irrawaddy River.
Burma River Network, an environmental group monitoring Burma’s rivers says the Myitsone Dam will see the relocation of about 10,000 villagers and if the dam collapses, the whole of Myit Gyi Na Town will be destroyed.
Burma River Network claims even the smallest dam proposed for the Salween River, the Hatgyi Dam will force the relocation of dozens of villages and the dam will adversely affect 500,000 villagers downstream of the dam site.
Burma River Network says all the proposed dam projects on the Salween River will cause destruction to the river’s ecosystem, flood many areas including hundreds and thousands of acres of farmland and local villagers will lose the means to make a living for their families.
Burma River Network’s chief negotiator Ko Sai Sai said their organisation has been monitoring the dam projects planned for the Salween River for over a decade and explained that the dam will not benefit local communities or the people of Burma.
“We’ve started monitoring in 1998 – a proposed dam project in Shan State. The electricity produced from the proposed dam projects will be sold to Thailand. There will be no benefits to the local community. People have been displaced from the area and still can’t return, so there is no benefit for them.”
Ko Shwe, the media and information officer from the Karen Environmental and Social Action Network said that Burma’s government would be less interested in the impacts of dams on the Salween River than those on the Irrawaddy.
“The Irrawaddy River flows right through the middle of Burma unlike the Salween River which runs through ethnic areas. Many of the areas along the Salween are in armed conflict zones – the government is likely to ignore it, as it is mainly ethnic people affected. We understand development has to be paid with some cost to the environment, but we have to find way to reduce and minimize the destruction as much as possible. We are not against development, but the main thing is that we have to think about the impacts on the lives of the local community. We have to look at how much of the electricity produced from the dam will be used for the people of Burma.”
Burma River Network pointed out that all seven proposed dam projects on the Salween River, Ta Sang Dam and Ywa Thit Dam in Shan State, Dargwin, Weigyi and Hat Gyi dam projects in Karen State and other two dam projects will cause erosion of the fertile soil in the Delta region – Burma’s ‘rice bowl’ – reducing the areas capacity to produce rice.
Following pressure from a wide range of organization and people including Burma’s local and international media, academics, artists, community based organizations, international organizations and most importantly the people of Burma, Burma new government stopped the Myitsone dam project on the Irrawaddy River.
An official from an environmental group set up in the Cyclone Nargis affected area (who asked not to be named) said he is happy the Myitsone dam project was stopped and said it is everyone’s responsibility to protest to save not only the Irrawaddy, but all other rivers that are at risk.
“We shouted loud to save the Irrawaddy and the Burma’s President announced the stoppage of the dam. We are happy. Not only for the Irrawaddy River, but we have to protect all our other rivers. We can’t just choose to work on the one closest to us.”
Ko Zaya Thaw, from the Burma artist community viewed it as a matter of working out what the benefits dams will bring for the people of Burma against the destruction it takes to build them.
“We can’t call for the building of all dams to be stopped. If dams are to be built for the needs of the country, the main thing we have to consider will be do the projects truly benefit the people. Will the benefits outweigh the destruction caused to our environment? The government also needs to be transparent and accountable.”
On September 30, Burma’s President, Thein Sein, said in a letter to Parliament that government had an obligation to respond to public concern and they will suspend the 3.6 billion Myitsone project and will systematically look for alternative safe hydro-power projects to generate electricity for the country needs.
U Ohn, the vice chairman of the Resources Environmental Development and Conservation Association said the halt of the Myitsone dam project was a surprise.
“It was quite surprising to hear the suspension of Myitsone dam project. We are happy that this current government listens to the people at this time.”

UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ထုတ်ပြန်ကြေငြာချက်

UNFC Statement 08-10-2011

ရွှေတြိဂံတွင် တရုတ်သင်္ဘော ပစ်ခတ်ခံရ၊ ၁၁ ဦးသေ

ထိုင်းနှင့် မြန်မာကြား မဲခေါင်မြစ် ရွှေတြိဂံနယ်မြေတွင် တရုတ်သင်္ဘောတစီး ပစ်ခတ်ခံရသဖြင့် တရုတ်သင်္ဘောသား ၁၁ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ အောက်တိုဘာလ ၅ ရက်နေ့က ယင်းသို့ အပစ်ခံရခြင်းဖြစ်ပြီး ထိုဒေသအတွင်း လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဖွဲ့များ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။

ထိုင်း​ရေလွှမ်း​မိုး​မှု လူ ၈ သန်း​ကျော် ​ရေ​ဘေး​ဒုက္ခ​ရောက်၊​ ၂၆၉ ဦး​ ​သေဆုံး​ Published on October 10, 2011


ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ကို ဦး​စွာလွှမ်း​မိုး​ခဲ့​တဲ့​ ​ရေကြီး​မှုဟာ ဘန်​ကောက်ရဲ့​ အထက်က အယုဒ္ဒယခရိုင်ကို ​ရောက်ရှိလွှမ်း​မိုး​နေကာ တနိုင်ငံလုံး​မှာ လူ ၈ သန်း​ကျော်ဒုက္ခ​ရောက်ပြီး​ ၂၆၉ ဦး​ ​သေဆုံး​သွား​ပြီလို့​သိရပါတယ်။
မြို့​နယ် ၁၆ ခုရှိတဲ့​ အယုဒ္ဒယမှာ ဒီက​နေ့​ မနက် ၃ နာရီကစပြီး​ မြို့​နယ်အား​လုံး​ ​ရေလွှမ်း​မိုး​သွား​ပြီဖြစ်ပြီး​ နှစ်ထပ်တိုက်အိမ်​တွေရဲ့​ ​ခေါင်မိုး​တွေအထိ ​ရေမြုပ်​နေတဲ့​အတွက် လူ ၃ သိန်း​ကျော် ​ရေ​ဘေး​ဒုက္ခ ကြုံ​တွေ့​နေရပါတယ်။
အယုဒ္ဒယခရိုင်အတွင်း​ ​ရေ​ဘေး​ကျ​ရောက်​နေတဲ့​ မြန်မာလူမျိုး​တွေကို တတ်အား​သမျှ ကူညီနိုင်ဖို့​အတွက် မြန်မာလူမှု​ရေး​အဖွဲ့​တဖွဲ့​ ဘန်​ကောက်မြို့​မြန်မာ ​တွေဆီမှာ စတင်အလှူ​ငွေ ​ကောက်ခံ​နေပြီဖြစ်​ကြောင်း​ အဖွဲ့​ခေါင်း​ဆောင် ဦး​သန်း​ဖေက ​ပြောပါတယ်။
“အကုန်လုံး​မြုပ်ကုန်ပြီ​လေ။ ကျ​နော်တို့​ပြည်ပ​ရောက်​ကျောင်း​သား​အဖွဲ့​အ​နေနဲ့​ ကျ​နော်တို့​ဗမာ​ရေ​ဘေး​ဒုက္ခသည်​တွေကို ဒီမှာကူညီ​ရေး​ရှိပါတယ်။ ကျ​နော်တို့​လော​လောဆယ် ရန်ပုံ​ငွေကမရှိဘူး​။ ဒါ​ပေမယ့်​ ဘန်​ကောက်မှာရှိ​နေတဲ့​ အလုပ်ရုံစက်ရုံ​တွေမှာ ကျ​နော်တို့​အလှူခံတာမျိုး​တွေ လုပ်ဖို့​ရှိပါတယ်။”
လော​လောဆယ်မှာ ဆက်သွယ်လို့​ရသူ​တွေကို စတင်ကူညီ ​ဆောင်ရွက်​ပေး​သွား​မယ်လို့​ဆိုပါတယ်။
ရေကြီး​မှုဒဏ်​ကြောင့်​ အယုဒ္ဒယခရိုင်အတွင်း​က အလုပ်သမား​ ၁ သိန်း​ကျော်ရှိတဲ့​ စီး​ပွား​ရေး​ဇုန်ဟာ ဘတ်​ငွေ သန်း​ပေါင်း​ တသိန်း​ကျော်​လောက် ပျက်စီး​ဆုံး​ရှုံး​မှုရှိမယ်လို့​ ဟွန်ဒါကား​ကုမ္ပဏီက ခန့်​မှန်း​တွက်ချက် ထုတ်ပြန်ထား​ပါတယ်။
ထိုင်း​အစိုး​ရက ​ရေလွှမ်း​မိုး​မှုကို နိုင်ငံ​တော် အ​ရေး​ပေါ်အ​ခြေအ​နေအဖြစ် သတ်မှတ်ပြီး​ ဝန်ကြီး​ဌာန ၈ ခု ပူး​ပေါင်း​ဆောင်ရွက်ဖို့​ညွှန်ကြား​ထား​ပါတယ်။
မြန်မာအလုပ်သမား​ထောင်​ပေါင်း​များ​စွာ အလုပ်လုပ်ကိုင်​နေကြတဲ့​ ဘန်​ကောက်မြို့​ဟာ မလွှဲမ​ရှောင်သာ ​ရေလွမ်း​မိုး​မှုဒဏ်ကို ခံရဖို့​ရှိ​နေတယ်လို့​ ထုတ်ပြန်သတိ​ပေး​ထား​ပြီး​ ​ရေ​ဘေး​ဒုက္ခသည်စခန်း​ ၈၀ ကိုလည်း​ ပြင်ဆင်ထား​ပါတယ်။
နိုင်ငံ​မြောက်ပိုင်း​ကဆင်း​လာပြီး​ အယုဒ္ဒယကိုဖြတ်သန်း​လာတဲ့​ ​ရေထု၊​ ဆက်လက်မိုး​ရွာသွန်း​နေမှု၊​ ပင်လယ်​ရေတက်ချိန်နဲ့​တိုက်ဆိုင်မှုအပြင် ဖိလစ်ပိုင်နိုင်ငံက​နေ ဖြတ်လာတဲ့​ မုန်တိုင်း​၂ လုံး​ စတာ​တွေဟာ ​နောက်သီတင်း​ပတ် အတွင်း​ ဘန်​ကောက်မှာ လာပြီး​ဆုံစည်း​နိုင်တာ​တွေ​ကြောင့်​အစိုး​ရက ထုတ်ပြန်သတိ​ပေး​ထား​တာပါ။

လှည်းတန်းဈေး မိလ္လာစနစ် ပတ်ဝန်းကျင် နေထိုင်သူများဆိုးရွားစွာ ခံစားရ .

Tuesday, 11 October 2011 00:00 The Voice Journal ..

ရန်ကုန်မြို့တော်၏ လူနေ ထူထပ်သော နေရာ တစ်ခုဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်း ဈေးရှိ အများသုံး အိမ်သာ၏ မိလ္လာ စွန့်ပစ်သည့် စနစ်ကြောင့် ယင်းဈေးအနီး ပေ ၅၀ လမ်းတွင် ဆိုးရွား သည့် အနံ့အသက်များ ခံစားနေရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူများက The Voice Weekly သို့ ပြောကြားသည်။ ၁၉၉၀ ပြည့်နှစ်ဝန်းကျင် ဈေးဖွင့်လှစ်ချိန်မှ စတင် အသုံးပြု ခဲ့သည့် ယင်းဈေးရှိ အများသုံးအိမ်သာမှာ သုံးစွဲသူများပြားလှသဖြင့် ရေပုပ်စုပ်ယာဉ်များဖြင့် မိလ္လာကန်မှ စုပ်ယူသော်လည်း လုံလောက်မှုမရှိသဖြင့် ယင်းဈေး အနောက်ဘက်ရှိ ကမာရွတ်မြို့နယ် (၃) ရပ်ကွက် ပေ ၅၀ လမ်းရှိ ရေမြောင်းအတွင်းသို့ လမ်းလွှဲစွန့်ပစ်မှုများရှိကြောင်း၊ ယခုကဲ့သို့ မိုးရာသီကာလများတွင် ရေနုတ် မြောင်းအတွင်း မိုးရေနှင့် မိလ္လာရေများ ရောထွေး ကာ အနံ့ဆိုးများ ရှူရှိုက်နေရသည့်အတွက် နေထိုင်သူများ၏ကျန်းမာရေး ထိခိုက်နိုင်ပြီး စိတ်အနှောင့် အယှက်ဖြစ်ရကြောင်း ယင်း လမ်းသာယာရေးကော်မတီဝင် ဦးဟုတ်အောင်က ပြောဆို သည်။ ၂၀ဝ၉ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လမ်းအတွင်းနေ ထိုင်သူများ စုပေါင်း လက်မှတ် ရေးထိုး တိုင်ကြားခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး ညှိနှိုင်းပေးခဲ့သဖြင့် လမ်းအတွင်းသို့ မိလ္လာရေဆိုးဖောက်ချမှုများ ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလခန့်မှ စတင်ကာ ပြန်လည် စွန့်ပစ်လာ ပြန်ကြောင်း အဆိုပါလမ်း၌ မွေးဖွားစဉ်ကတည်းက နေထိုင်လာခဲ့သော ၎င်းက ပြောကြားသည်။

“အဲဒါတွေ (မိလ္လာရေ) လွှတ်လိုက်ရင်း အိမ်ထဲအတင်းဝင်ပြေးရတယ်။ အိမ်ကလည်း လေဝင် လေထွက် မကောင်း တော့ဘူး” ဟု ပေ ၅၀ လမ်း မြေညီထပ်တွင် နေထိုင်ပြီး ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသည့် ဒေါ်ရီရီမြင့်က ဆိုသည်။ “အခုဆို ရင်ကျပ်တောင်ဖြစ်နေပြီ” ဟု ၎င်းက ဆက်လက် ညည်းတွား သည်။ အဆိုပါ လှည်းတန်းဈေး မိလ္လာစွန့်ပစ်သည့်စနစ်နှင့်ပတ်သက်၍ The Voice Weekly က ယင်းဈေး ဈေးတာဝန်ခံ ရုံးသို့ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်က သွားရောက် မေးမြန်းရာ ယခင်က လမ်းအတွင်းသို့ စွန့်ပစ်ခြင်းများရှိခဲ့ဖူးသော်လည်း ယခုလက်ရှိတွင် ယင်းဖြစ်ရပ်မျိုးမရှိကြောင်း ငြင်းဆိုသည်။ ယင်းအများသုံး အိမ်သာမှ ဝင်ကြေး ကောက်ခံသည့် အမျိုးသားကလည်း နေ့စဉ်နံနက်တိုင်း ရေပုပ်စုပ်ယာဉ် တစ်စီး လာရောက် စုပ်ယူလေ့ရှိပြီး လမ်းအတွင်း ဖောက်ချခြင်းမရှိကြောင်း ဖြေဆိုသည်။

စင်ကာပူ တွင် မြန်မာ နိုင်ငံသား တစ်ဦး ဒေါ်လာ တစ်သိန်း လိမ်လည် .

Tuesday, 11 October 2011 00:00 The Voice Journal ..

မြန်မာ နိုင်ငံသား သိန်းချီ အလုပ်လုပ်ကိုင်၊ ကျောင်းတက် နေထိုင်ရာ စင်ကာပူ နိုင်ငံတွင် မြန်မာလူမျိုး တစ်ဦးက စင်ကာပူ ရောက်မြန်မာ များထံမှ နိုင်ငံကူး လက်မှတ် ၄၂ ခုနှင့် အခွန် ဆောင်ရန်ငွေကြေး စင်ကာပူ ဒေါ်လာ တစ်သိန်းကို လိမ်လည်ရယူကာ ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း စင်ကာပူ ရောက်မြန်မာ အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။ စင်ကာပူနိုင်ငံ တွင်နေထိုင်ပြီး Shwe Thadar Pte.Ltd ကုမ္ပဏီထူ ထောင်ထားသော အသက် ၂၆ နှစ် အရွယ် ဦးစံဦးသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့်ချိတ်ဆက်ပြီး နိုင်ငံကူး လက်မှတ် သက်တမ်း တိုးပေးခြင်းနှင့် အခွန်ဆောင် ပေးမှုများကို ဝန်ဆောင်မှုပေးလေ့ရှိကြောင်း၊ စင်ကာပူရောက် မြန်မာအလုပ်သမားများက ဦးစံဦးထံသို့ ဆက်သွယ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများနှင့် အခွန်ဆောင်ခြင်း လုပ်ငန်းများ လုပ်ပေးရန် အပ်နှံကြလေ့ရှိကြောင်း၊ စက်တင်ဘာ ၂၆ ရက်နေ့က ၎င်းထံအပ်နှံထားသော နိုင်ငံကူးလက်မှတ် ၄၂ ခု၊ ကိုယ်စားလှယ်လွှဲစာများ၊ အခွန်ဆောင် ရန်ငွေကြေး စင်ကာပူ ဒေါ်လာ တစ်သိန်းနီးပါးတို့ကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဒေါ်သန်းသန်းနု(သပြေနု)က အခွန်ဆောင်ရန်အပ်နှံထားသော နိုင်ငံကူး လက်မှတ်များ၊ စာရွက်စာတမ်း နှင့်ငွေကြေးများကို ပြန်လည်ရယူလိုသဖြင့် တယ်လီဖုန်းဖြင့် ဦးစံဦးကို ဆက်သွယ်ရာပြန်လည်ဖြေကြားခြင်း မရှိခဲ့ကြောင်း၊ ယင်းနောက်ဦးစံဦး၏ နေအိမ်သို့ သွားရောက် စုံစမ်းရာ ဦးစံဦး၏ မိခင်ကိုသာတွေ့ရှိရပြီး အကြောင်းစုံကို မေးမြန်းရာ သားဖြစ်သူဦးစံဦးသည် ငွေများယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရှိခဲ့ရသည်ဟု အဆိုပါမြန်မာ အသိုင်းအဝိုင်း ထံမှ သိရှိရသည်။ နိုင်ငံကူးလက်မှတ်များပြန်လည်ရရှိရေး ၎င်း၏မိခင်ထံဆက်လက်စုံစမ်းရာ ဦးစံဦးသည် စင်ကာပူဒေါ်လာ ငွေတစ်သိန်းကို ယူဆောင် သွားသော် လည်း ASKAMYA Travels and Tours Pte.Ltd. ကုမ္ပဏီက မအေးမာထံတွင် အပ်နှံထားကြောင်းသိရှိရသဖြင့် မအေးမာ၏နေအိမ်သို့ သွားရောက်ပြီး နိုင်ငံကူးလက်မှတ်များကို ပြန်လည် သိမ်းဆည်း ခဲ့ကာ သက်ဆိုင်ရာ ကာယကံရှင်များထံပြန်လည်ပြန်လည်ပေးအပ်လျက်ရှိကြောင်း၊ ဦးစံဦးမှာ ယနေ့တိုင် ထွက်ပြေးတိမ်း ရှောင်နေဆဲဖြစ်ကြောင်း စင်ကာပူရောက်မြန်မာများထံမှ စုံစမ်း သိရှိရသ

Monday, October 10, 2011

Karen Newsletter (September-2011)KIC ကရင်သတင်းစဉ် - စက်တင်ဘာလ ၂၀၁၁

Karen Newsletter (September-2011)KIC ကရင်သတင်းစဉ် - စက်တင်ဘာလ ၂၀၁၁
 Karen Newsletter (September-2011)

ကရင်တကျပ် ဗမာ ခုနှစ်ကျပ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJgSbyuo8pwFvQ_YiDY63XAqhe7h5qJvAQrujDgMqd17ciAuR47nbZERSrndFEGdc7Z95QCB_5vJYGNpgBkGuoPLTHqXwNuZ7aaykflhx76b4gw3OD9b-ED2tQW4LQVumr6G_oN6OuNiM/s1600/cartoon-2011-10-07.jpg

Life Without Identity

Monday, 3 October 2011


 a film about two million migrant workers from Burma in Thailand

Life Without Identity - a film about two million migrant workers from Burma in Thailand from OH Production House on Vimeo.



Labour organization estimate that there are 2 million migrant workers in Thailand. 75% are from Burma and Karen, Shan, Kachin.

A song from our heart
Shan Youth Power
Calling for peace and democracy in Burma

This is a song from our hearts
This is a song with hopes.
This is a song from poor boys,
to let you know. Oh my lord where are you?
Can you see what is happened in your world?

Some live in peace and justice.
Some live in mess and sufferred.
Some abuse human rights.
Are we the same human being?
Lord of the world, can you help?
Let’s us be human being, like other please.

We can stay without home.
We can live without land.
But we can’t live without rights without freedom.

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

Friday, October 7, 2011
ဘာတစ်လ်လင်တနာ
(Save the Irrawaddy ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

(မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တ နာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါးတပုဒ်ဖြစ်သည်။)

တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့်ပတ်သက်၍ အာရှနိုင်ငံ များက ပိုမို စိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအား လျှပ်စစ်တမံစီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်း သစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဘက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ် မှီခိုနေရ ခြင်းနှင့်ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလားဆိုသည့် မေး ခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံ ကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ-တရုတ်ဆက် ဆံရေးတွင် ကဏ္ဍသစ်တခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာလ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစောင် ပေးပို့ကာ နိုင်ငံ မြောက်ပိုင်း၌ အကြီးစား ရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံ ကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည်။ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံး တမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်းကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ် သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလား ဆိုသည့်အချက်မှာ မသဲကွဲ သေးပါ။ ၁၉၈၈ ဒီမိုကရေစီဆန္ဒပြပွဲများကို အကြမ်းဖက် နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင် ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ် လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဘက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သ ဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓာတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ် သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ် ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံ သည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေးလှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင် ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများ လျှံထွက် နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ဧရာဝတီ ကယ်တင်ရေး’ အစည်း အဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာ သံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တ ရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ကြီးထွားလျက်ရှိရာ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်း ဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ် များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမား များနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက် နိုင်ငံများ၏ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာရောက်မည့်အဖြစ်ကို လိုလားမည်မဟုတ်ပါ။ မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့ (တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့်ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာ ပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏မြောက်ဘက်အိမ်နီးချင်းနိုင်ငံအား ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ် ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင် ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတခုဖြစ်ခဲ့ သည်။

၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ် ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံ ထောက်ပံ့ကူ ညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇ တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မ တော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာအဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ် ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့ အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ် ဆယ်စုနှစ်တစုလုံးလုံး အင်ဒိုချိုင်းနား ကျွန်း ဆွယ်အပြင်ဘက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီ များ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ “ပြည်သူ့အသံ” ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူ နန်ပြည်နယ်ဘက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ် လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိ သွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအောကူညီမှု ဇာတ်သိမ်းခန်းအစ ဖြစ် လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေးလှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင် စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာ ဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တလာခဲ့ခြင်း ဖြစ်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ်-မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေး တော်ပုံအပြီးတွင်မူ တဆင့်ပြီးတဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းမြောက်မြားစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦ စီမံကိန်းများစွာ တွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဘက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဘက်အကြံပေးများလည်း တသုတ်ပြီးတသုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် ရေးသည်လည်း တဟုန်ထိုး ဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက် ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင် ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓာတ်ငွေ့ကို တရုတ်သို့ ပို့မည့် ပိုက် လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာရေလက်ကြားကို ရှောင်ရှားသယ် ယူမည့် ရေနံစိမ်းပိုက်လိုင်းတခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓကတခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာစစ်ဘက်ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသောစစ်ပွဲကို မမေ့နိုင်သလို ဗကပအသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက် ဖြင့် သူတို့၏ ရဲဘော်ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပ ရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက်တခုတွင် ပြန်လည်တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက်အပြီးတွင် တရုတ်တို့က ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်းအစီရင်ခံစာတွင် တမံအရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထား သည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည် ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ်ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ်-မြန်မာ ဆက်ဆံ ရေးယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာဆက်ဆံရေး ဟန်ချက်ညီအောင် ကြိုးစားနေခြင်းကို ထုတ် ဖော်ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဖူးသော ဘက်မလိုက်မူဝါဒကို ပြန်လည်ချဉ်းကပ်ခြင်းလည်း ဖြစ် ကောင်းဖြစ်နိုင်ပေသည်။

အချို့အကဲခတ်စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာအစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထား ခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြနေကြသည့် “မြန် မာနိုင်ငံ၏ ယုံကြည်စိတ်ချ အားကိုးမှု” ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်းမဟုတ်ပါဟု မဟာဗျူ ဟာလေ့လာရေး သုတေသနပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချပေးနေသူများက ပြသနေသော အထောက်အထားတခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှစ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယားနိုင်ငံများထံ ပြောင်းလဲဝယ်ယူကာ ယင်း၏ လက်နက်ဖူလုံရေးအစီအစဉ်ကို ခွဲဝေဖြန့်ကျက်ခဲ့သော အချက်ပင်ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အ ကောင်အထည်ဖော်ခြင်းအစား ‘တရုတ်ဝှက်ဖဲ’ ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။ မြန်မာအစိုးရ တာဝန်ရှိသူတဦး ရေးသားကာ နေပြည်တော်ထိပ်ပိုင်းအဆင့်က ခွင့်ပြုခဲ့သည်ဟုကြားသိရသော ဘန်ကောက် ပို့စ်သတင်းစာပါ ‘ရေးသူအမည်မပါ’ ဆောင်းပါးတပုဒ်တွင် “ကျနော်တို့နိုင်ငံကို တရုတ်သြဇာခံ ပြည်နယ်တခု မဖြစ်စေလိုပါ။ သို့သော် ကျနော်တို့နိုင်ငံကို ရွေးချယ်စရာမရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံ ကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကျပ် မပြုလုပ်သင့်ပါ” ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကျပ်ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်း ဆိုခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အစိုးရဘက်က အမြင်ကို ကြည့်ပါက တရုတ်ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ် ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ကာ အ နောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်းဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လိုအုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေးကိစ္စသာဖြစ်ကြောင်း၊ မြန်မာအစိုးရက မ ကြာခဏ ထုတ်ဖော်ပြောဆိုလျက်ရှိပေသည်။ မြန်မာအစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်

ထူးခြားမှုမရှိရင် နှုတ်ထွက်မယ်လို့ ရခိုင်ဝန်ကြီး ပြောဆို

2011-10-08
အဲတာဌါနမရှိဝန်ကြီးလို့ခေါ်တယ်.အသံဖိုင်ကိုနားထောင်ရင်ပိုရီ၇လိမ့်မယ်.
အဲဒီလိုဘဲkppပါတီကဖွတ်ဝန်ကြီးအကြောင်းလဲပါတယ်.အတော်၇ီရသကိုး.
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နှုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
Facebook
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်။
ဒီအခြေအနေတွေကြောင့် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးရာထူးကနေ နှုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တဦး အနေနဲ့တော့ ဆက်လက် ရပ်တည်မယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ကျနော် အခု ၆ လရှိပြီ၊ ကျနော် ခံစားရတာ မခံစားနိုင်တော့ဘူး။ နောက် ၆ လ မထူးရင် နှုတ်ထွက်တော့မယ်။ ဖွဲ့စည်းပုံကိုင်ပြီး ကျမ်းကျိန်ပြီး လုပ်တဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံကို မလိုက်နာတော့ ကျနော်က နစ်နာနေရတယ်။ အဲဒီတော့ ကျနော်လည်း ကြာကြာမခံနိုင်ဘူးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ မလေးစား မလိုက်နာရင်တော့ ကျနော်လည်း မလုပ်ချင်တော့ဘူး”

ဦးဇော်အေးမောင်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နဲ့ ကိုခင်မောင်စိုးမင်း ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။

Friday, October 7, 2011

ဒုက္ခသည်များဆိုင်ရာဆွေးနွေးပွဲ ( ဂျပန်နိုင်ငံ တိုကျိုမြို့ )



KIA&Myanmar military 1Aug2011#1

ဘုရားတန်ဆောင်းတစ်ခု၌ အဘွားအိုတစ်ဦးအား လာရောက်စွန့်ပစ်သွားခြင်း



 အကြင်နာတရားမေတ္တာတွေပေါကြွယ်ဝသောနိုင်ငံတောင်  ဘယ်နဲ့လည်းစိတ်မကောင်းစွာကြားခဲ့ရပြီ
သမီးအရင်းနှင့်သားမက်တို့က

မိခင်ဖြစ်သူ အဘွားအိုတစ်ဦးအား

ဘုရားတန်ဆောင်းတစ်ခု၌ လာရောက်စွန့်ပစ်သွားခဲ့

Wednesday, 05 October 2011

သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်

ကမ္ဘာ့ဈေးအချိုဆုံးကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်

ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011
By ဗွီအိုအေ(မြန်မာဌာန)

အိန္ဒိယနိုင်ငံက ဆင်းရဲသူတွေနဲ့ ချမ်းသာသူတွေကြား ကွန်ပြူတာ နည်းပညာနဲ့ သုံးစွဲမှု အနေထား ကွာဟမှု မရှိစေဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ ဈေးအချိုဆုံး ကွန်ပြူတာကို အိန္ဒိယက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

အာကာ (Aakash) လို့ ဟန္ဒီဘာသာနဲ့ခေါ်တဲ့ မိုးကောင်းကင်လို့ အဓိပ္ပာယ်ရတဲ့ လက်ကိုင် ကွန်ပြူတာ အသေးစားကို တလုံးအတွက် အစိုးရလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလောက်နဲ့ ကျောင်းသားတွေကို ရောင်းချပေးမှာ ဖြစ်ပါတယ်။
Source Photo from http://www.rediff.com

ဒီကွန်ပြူတာကို DataWind ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး အိန္ဒိယအစိုးရနဲ့ ကုမ္ပဏီ အရာရှိတွေက ဗုဒ္ဒဟူးနေ့မှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို ပေးအပ်ခဲ့ပါတယ်။ စမ်းသပ်တဲ့ အဆင့် အဖြစ် ကွန်ပြူတာ အလုံးပေါင်း ၁ သိန်းလောက်ထုတ်လုပ်ဖို့ ကုမ္ပဏီက စီစဉ်ထားပါတယ်။

ဒီကွန်ပြူတာကို Word နဲ့ သုံးနိုင်ပြီး အင်တာနက်လည်း ချိတ်ဆက်နိုင်ပါတယ်။ ဒါ့ပြင် ဗီဒီယို ရုပ်သံက တဆင့် တယောက်နဲ့ တယောက် ဆက်သွယ်ပြောကြားလို့ ရပြီး သူ့မှာ ယူအက်စ်ဘီ ကပ် (USB memory card) နဲ့ သုံးစွဲလို့ ရပါတယ်။

Source Photo from http://www.rediff.com

ဒီကွန်ပြူတာအတွက် ၁၀ ဒေါ်လာလောက် အထိ ဈေးချ ရောင်းချနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဒေတာဝင်း ကွန်ပြူတာ ကုမ္ပဏီက အမှုဆောင် အကြီးအကဲ ဆူနီး ဆင်း တူလီ (Suneet Singh Tuli) က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီကွန်ပြူတာကို အိန္ဒိယ နိုင်ငံတွင်းက ကလေးငယ် အားလုံးအတွက် လက်ဆောင်ပေးဖို့ နဲ့ ဆင်းရဲသူ အများ အပြားကို ဆင်းရဲတွင်းကနေ ကယ်တင်နိုင်စေမယ့် ကရိယာ အဖြစ် သုံးဖို့ အိန္ဒိယ လူသား အရင်းမြစ် ဖွံ့ဖြိုးမှု ၀န်ကြီး ကပင်းလ် ဆီဘလ် (Kapil Sibal) ကတောင်းဆို လိုက်ပါတယ်။