Tuesday, March 17, 2009
“တကောင်းအဘိရာဇာ ဒို့ ဗမာ သာကီမျိုး ဟာမို့၊ မညှိုးဂုဏ်တေဇာ” ဆိုပြီးတော့ ရေးတဲ့သူကလည်းရေး၊ ဆိုတဲ့သူတွေကလည်း အားပါးတရ ဆိုခဲ့ကြတယ်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွစေတယ် ဆိုတာ ကောင်းတာပေါ့။ သို့ သော် တကယ်တမ်း မှာတော့ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး ဘ၀င်လေဟပ်တဲ့ အယူအဆမျိုးတွေပဲဖြစ်လာခဲ့တယ်။တကယ်တော့ ရှေးဗမာတွေဟာ ဆင်းရဲတယ်၊ ရိုးသားတယ်၊ ရှေးအစဉ်အလာ ပါရာဒိုင်း ဘောင်အတွင်းမှ ရုန်းထွက်ခြင်းငှာ မစွမ်း သာလောက်အောင် နာခံသေ၀ပ်တတ်တယ်။ တင်းတိမ်ရောင့်ရဲကြတယ်။တချိန်တည်းမှာပဲမိုက်တယ်၊ အတယ်၊ ခေတ်နောက်ကျတယ်၊ ရိုင်းတယ်၊ ၃၈ ဖြာမင်္ဂလာတရားတော်ကို ဦးထိပ်ထား အကြောင်း ပြပြီး အအားနေ အပျင်းထွေတတ်သေးတယ်။ ဝတ်ဖို့ စားဖို့ ဖျင်ထည်ရက်လုပ်တဲ့ ၀ါဂွမ်းစိုက်ပျိုးမှု နည်းပါးတော့ အင်္ကျီမကပ်ပဲ ကျောပြောင်ကြီးတွေနဲ့  နေလေ့ရှိကြတယ်။ ရာသီဥတုကလည်း ပူအိုက်တော့ အတော်ပဲဖြစ်သွားသပေါ့။ လေလည်မိရင် သေမလောက်ရှက်ကြပြီး သားသည် အမေတွေ ကျတော့ ရင်တုံးလုံးနဲ့ မရှက်မကြောက် နေကြပြန်သေးတယ်။ ယောင်္ကျားထိုးကွင်း၊ မိန်းမညှင်း၊ ဒါကိုပဲအလှတပါးလို့ ယူဆကြပြန်တယ်။သုံးဖက်ကတောင်စဉ်တောင်တန်း၊ ကျန်တစ်ဖက်ကပင်လယ်၊ ကာဆီးခံထားရတဲ့မြေကို ပိုင်ဆိုင်ကြတယ်။ နည်းနည်းလောက် အပင်ပန်းခံပြီး ထွန်ယက်စိုက်ပျိုးလိုက်ရုံနဲ့ စားဝတ်နေရေး တစ်နှစ်ပါတ်လုံးအတွက် လုံလောက်လွယ်ကူစွာ ရရှိနိုင်တယ်။ စားရေ ရိက္ခာအတွက်ကြောင့် ရပ်ဝေးသွားရှာဖွေဖို့ မလို။ မသွားရင်မဖြစ်တဲ့ အကြောင်းကိစ္စ တစ်စုံတစ်ရာမရှိရင် ကိုယ်နေထိုင်တဲ့ နေရာကနေ ရေခြားမြေခြား၊ တိုင်းတပါးကို သွားရောက်ချင်စိတ် မရှိ၊ တကယ်လို့ သွားချင်ဦးတော့၊ သွားဖို့ ရန်လွယ်ကူတဲ့လမ်းကြောင်းလည်းမရှိပါ။ ဒီအကြောင်းတွေကြောင့် ခေတ်နောက်ကျ၊ ယဉ်ကျေးမှု၊ တိုးတက်မှု၊ လူနေမှုစနစ်တွေ နိမ့်ကျခဲ့ရရှာတယ်။ ဗမာမဟုတ်ပဲ အခြားလူမျိုး တစ်မျိုးမျိုး ဒီဒေသမှာ လာရောက်အခြေစိုက်ခဲ့ရင်လည်း ဒီလိုပဲ ခေတ်နောက်မှာ ကျန်ရစ်ခဲ့မှာ ပါပဲ။ ကာလံ၊ ဒေသံကြောင့်ပေါ့။ အကြောင်းအမျိုးမျိုးနဲ့ လူမျိုးခြားတွေဟာ ပင်လယ်နဲ့ တောင်တန်းတွေကို ဖြတ်ကျော်လာပြီး ဒေသခံ မြန်မာတို့ဆီ ရောက်ခဲ့ကြတယ်၊ စီးပွားရှာဖို့၊ ကုန်သွယ်ဖို့ အဓိက ဆိုပေမဲ့လို့ သူတို့ ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေလည်း တနွယ်ငင်တစင်ပါ,ပါလာတာပေါ့။ အထူးသဖြင့်တော့ ဗုဒ္ဓရဲ့ တရားတော်တွေကို မြန်မာတို့ သဘောကျ နှစ်ခြိုက်ခဲ့ကြတယ်၊ အတူယူတယ်၊ လိုက်နာကျင့်သုံးတယ်။ မြန်မာ့လူ့ ဘောင်အဖွဲ့ အစည်းရဲ့ မူပိုင်အရာလို့ တောင်ထင်လာကြတယ်။ဒီလိုနဲ့ ပဲ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အများနည်းတူ ထူထောင်ကြတဲ့အခါ ရှင်ဘုရင်လုပ်တဲ့သူက ဘာသာရေးတရားတွေထဲ ပါနေကျ ဇာတ်လိုက်ကျော်ကြီးတွေ ဖြစ်တဲ့ဘုန်းကံကြီးမားတဲ့ လူမျိုးတွေ၊ အမျိုးမြတ်သော ဘုရင်မင်းတရားတွေ နဲ့ ဇွတ်အတင်း ဆွေမျိုး စပ်ကြတော့တယ်။ (အခုလက်ရှိဘုရင်ရူး ကောင်လိုပေါ့) အထူးသဖြင့် ဆွေစဉ်မျိုးဆက် မဟုတ်ပဲ ကြားကဖောက်ပြီး ဘုရင်ဖြစ်လာတဲ့ ငတပါးမင်းတွေ ဆိုရင် ပိုပြီး ပြောတတ်ကြတယ်။“ငါကဘုရားဗျာဒိတ်ရတဲ့ သာသနာပြုမင်းပေါ့။ မျိုးရိုးကလည်းအင်မတန်ကြီးတယ်။ ဂေါတမဘုရားနဲ့ တိုက်ရိုက်ဆက်တဲ့အမျိုးပဲ။ မစ္ဆိမဒေသကသာကီဝင်ကွဲ့ ။ သာကီဝင်ဆိုတာကလည်း ကမ္ဘာမှာပထမဆုံးပေါ်တဲ့ မဟာသမတမင်းရဲ့ အဆက်ပေါ့” ဆိုပြီးလုပ်ဇာတ်ထွင် ပြောရရှာတဲ့ မင်းမျိုးတွေကို ငတပါးမင်းခေါ်တယ်။ ထိလိုင်မင်ခေါ်ကျန်စစ်သား၊ မင်းကြီးစွာစော်ကဲ၊ ဟံသာဝတီဆင်ဖြူရှင်နဲ့ အလောင်းဘုရား ဦးအောင်ဇေယျတို့ ဟာ ဘုရင်မျိုးရိုးမဟုတ်ပဲ မင်းတက်ဖြစ်တော့ ငါ့အမျိုးဟာ ပြာမှေးမီးခဲလို ခဏတိမ်မြုပ်နေရှာတာ။ အရင်းစစ်တော့ ဘုရားမျိုးကွလို့  ကောင်းသည်ထက် ကောင်းအောင် ရှာကြံ ကြွေးကြော်ရရှာတယ်။ ဒါမှ လူလေးစားမှာလို့ ထင်ကြတာကိုး။ ရာဇ၀င်ဆရာများလည်း ရှင်ဘုရင့်မျက်နှာကြည့်ပြီး ထမင်းစားရတဲ့လူတွေ ဆိုတော့ ဘုရင်လုပ်သမျှ ဟုတ်သပပေါ့လေ။ (ဒါကတော့မင်းတို့ရဲ့ မွေးရပါ စောက်ကျင့်ပါကွာ) အခုလည်းကြည့်လေ သံဃာသတ်တဲ့ကောင်ကြီး သေသွားလို့ မကြာခင် သမိုင်းမှာ နေပြည်တော်က ဥပ္ပါတသန္တိ ဘုရားကြီး ကိုတင်ခဲ့တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ရှင်ဘုရင်ကြီးဆိုဖြစ်သွားဦးမှာဘဲ။ မင်းတုန်းမင်း ကိုယ့်ညီအစ်ကိုတွေ သတ်အဖေကိုပုံကန်ပြီးနန်းတက်လာတာလဲ ဘာသာရေးကိုင်းရှိုင်းတယ် ဆိုသဗျ။ သီပေါမင်း လက်ထက်ကလဲ ဒီလိုဘဲ ညီအစ်ကိုတွေကို ပြန်သတ်ပြီးတက်လာတာဘဲ ဒါကို မြန်မာ့သမိုင်းတွေ မှာ မဟုတ်တာကို အဟုတ်လုပ်သင်နေတာကတော့ ရှက်စရာဘဲ။ တကယ်တော့လည်းရှေးမြန်မာကြီးတွေဟာ လူကဖြစ်တဲ့လူသားတွေပီပီတခါတလေတော့လည်းချစ်ဖွယ်၊ မြတ်နိုးဖွယ်၊ သနားဖွယ်၊ အချင်းချင်း ရိုင်းပင်းကူညီ စောင့်ရှောက်ပြီးကြင်နာသနားစိတ်ရှိကြမှာမြေကြီးလက်ခတ်မလွဲ။ တခါတလေလောဘမုန်တိုင်း၊ ဒေါသမုန်တိုင်း၊ မာနမုန်တိုင်းထန်လာရင်ရက်စက်၊ ကြမ်းကြုတ်၊ မိုက်မဲ၊ ရိုင်းစိုင်း၊ အကျင့်ပျက်ကြမှာလည်းသေချာပေါက်ပေါ့။ မြေကြီးကိုမှီခိုစားသောက်သောလူပီသသောလူသားကြီးတွေကိုးဗျာ။ကိုးကား။1.ဖိုးစိန်၊ ပညာဝန်၊ အပါတ်စဉ်အညာဆောင်းပါးများ2.ဘဆွေ၊ ရန်ကုန်၊ မြန်မာပြည်သာ3း.သန်းထွန်း၊ ဒေါက်တာ၊ နယ်လှည့်ရာဇ၀င်
Posted by Karen United
No comments:
Post a Comment