ဒီအကြောင်း အရာလေး ကတော့ ၁၉၈၇ မတိုင်ခင်လောက်ကပါ။
ရင်ကိုထိရှ စေတဲ့ မြန်မာ့ဓလေ့ လေးကို ပြန်ရေးရတာပါ။
ဇလွန် ကို အလည်သွားတုန်းက မိုးတွင်းပိုင်း ကားလမ်းတွေက အခုလိုမရသေးတဲ့ အချိန်ပေါ့။
ဇလွန် ကနေ ဟင်္သာတ ပြန်ဖို့ သင်္ဘော စောင့်နေတဲ့ အချိန် မြစ်ရေ ကလည်း တော်တော် လေး အစီးကြမ်းတဲ့ အချိန် အခါပေါ့။
ညနေစောင်း နေညိုနေ ပြီလေ။
ညနေ အလုပ်လေးအဆင်ပြေမှ အူစိုစေမဲ့ လူတစ်ချို့ လည်း ဝမ်းစာရေး အတွက် သင်္ဘောလာ ရင် နေရာလေး အရင်ဦးပြီး ပြန်ရောင်းစားဖို့  သင်္ဘော အလာကို မျှော်နေ ကြတာပေါ့ ။
ဒီအချိန် အတော် အတွင်းမှာ ပဲ သင်္ဘော အလာ ကို တွေ့ နေ ရတော့ ဝမ်းစာရေး အတွက် အလုအယှက် တိုးဝှေ့  လှေနဲ့  ကပ်သွားကြတာပေါ့။
ဒီအချိန် မှာ မမျှော်လင့် ပဲ လှေတစ်စီး က သင်္ဘော နား အရင်ကပ်မလိုဖြစ်သွားပြီး ရေစီး အရှိန်နဲ့ မှောက် သွားလေရဲ့ 
လူတွေ အားလုံး ...ဟာ ကနဲ ဖြစ်သွားလေရဲ့ ...
ရေစီး ကလည်းမြန်ဆိုတော့ ချက်ချင်းပဲ အဝေးရောက်သွားတော့ နေရာ ဦးဖို့  သင်္ဘောပေါ်တောင် ရောက်နေတဲ့ ဘဝတူ အဖွဲ့ တွေ က ဟိုမှာ အဝေးရောက်သွားပြီ လို့ ပြောတော့ တစ်ယောက် က ဟာ...ငါလိုက်သွားမယ် နင်တို့ ပဲကြည့်လုပ်ထားလိုက်တော့ ဆိုပြီး ပြောပြီး သူလှေ ကို ဖြုတ်ပြီး လိုက်သွားတယ်။
၁၅ မိနစ်လောက် ကြာတော့ မှောက်သွားတဲ့ အထဲ ပါသွားတဲ့ သူတွေ ပြန်ခေါ်လာနို်င်တာ အဝေး ကတွေ့ လိုက်ရတယ်။
သွားကယ်တဲ့ သူတော့ အဲဒီညနေ စာ အဆင်ပြေတော့မယ် မထင်။
သင်္ဘော ပေါ်ကနေရာ ဦး လို့ ရောင်းစားလို့ ရတဲ့သူတွေ က ညကျ ရင် သူတို့ တွေ ဆီသွား လိုက်ရအောင်လို့ ပြောနေကြတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ လက်ကြီးပဲ သွားမယ် မထင် ။ အချင်းချင်း ပြန်ကယ်လို့  ရတဲ့ အချိန် မှာ ပျော်သွားတဲ့ သူတို့ မျက်နှာ တွေ ၊ သွားကယ်ရတဲ့သူ ညစာ အဆင်မပြေ ရင်တောင် သူကယ်လိုက် လို့  အသက် ရှင်လာသူအတွက် ကတော့
ညစာ ကိုပီတိ စားရင်းပြည့်နေ မှာပါ။
သင်္ဘော မလာခင်က အချင်းချင်း ရန်မဲနေသူတွေ တောင် ညကျရင် အချင်းချင်း ကူညီဖို့ သွားရင်း ပီတိ ကို အတူတူ စားသုံး ကြမှာသေချာတယ်။
အဲဒီနေ့  ကတော့ ဘေးကကြည့်တဲ့ သူတွေ တောင် အဲဒီ ပီတိ ကို မျှဝေ စားသုံး မိလိုက်ပါတယ်။

No comments:
Post a Comment