Tuesday, 28 June 2011 17:54 |
(အဖေကြီးကိုတော့ကြောက်သားဘဲ) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိသို့ ခွင့်တောင်းခဲ့ကြောင်း သိရသည်။ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယုနန်ပြည်နယ် မန်ရှီ၌ သွားရောက်တွေ့ခဲ့ဆုံစဉ် ယခုကိစ္စတောာင်းဆိုခဲ့ကြောင်း မန်ရှီသတင်းရပ်ကွက်က ဆိုသည်။ ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်များ တရုတ်နယ်စပ်တွင် အ၀င်အထွက် သွားလာလှုပ်ရှားခွင့် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ KIA အားတိုက်ခိုက်မည့်အပေါ် တရုတ်က တစ်စုံတစ်ရာပြောဆိုခြင်းမရှိသော်လည်း မြန်မာစစ်တပ်နှင့် KDA တပ်များ စစ်ဆင်ရေးအတွင်း တရုတ်နယ်မြေအားဖြတ်သန်းခွင့်ပြုခဲ့သည်ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။ လူအင်အား ၈၀၀ ကျော်ရှိသည့် KDA တပ်များ လိုင်ဇာနှင့် တပ်မဟာ ၃ ကို သိမ်းပိုက်ရန် ရှေ့တန်းသို့ ချီတက်သွားကြပြီဟု KDA နှင့်နီးစပ်သူများပြောသည်။ ဇွန် ၉ ရက် ဆန်ဂန်တိုက်ပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်ပြန်ဖြစ်လာသည်။ စစ်ကြောင့် မြန်မာအုပ်ချုပ်ရေးနယ်မြေမှ ဒုက္ခသည် ၂၀၀၀၀ ကျော် KIO အုပ်ချုပ်သည့် တရုတ်နယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။ မြန်မာစစ်တပ်က ခေါ်ယူမေးမြန်း နှိပ်စက်ညှင်းပန်းခြင်းနှင့် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု တိမ်းရှောင်လာသူများပြောသည်။
ကချင်သတင်းဌာနမှကူးယူဖေါ်ပြသည်။ |
Wednesday, June 29, 2011
KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment