Published on October 19, 2011 by နေသွင် · No Comments
အငြိမ်း
စားဝန်ထမ်းတွေနဲ့ ဆင်းရဲသားတွေရဲ့ အိမ်တွေကို အာဏာပိုင်တွေက အဓမ္မ
ဖျက်ခိုင်းနေတာကြောင့် မိသားစု ရာချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ဖွယ်
ရှိနေပါတယ်။
စစ်ကိုင်း
တိုင်း ကသာမြို့ ရပ်ကွက် ၉ မှာရှိတဲ့ အိမ်ခြေ အနည်းဆုံး ၆၀ ကို
အာဏာပိုင်တွေက အဓမ္မဖျက်ခိုင်းနေတာပါ။ အဲဒီရပ်ကွက်ဟာ ကသာကနေ
နဘားသွားတဲ့လမ်းပေါ်မှာ ရှိတဲ့ ရက်ကွက်ဖြစ်ပါတယ်။
အိမ်ဖျက်ခိုင်း
တာလက်မခံတဲ့ အဲဒီရက်ကွက်က ဦးကျော်စိန်က “ပထမဆုံး ဥက္ကဋ္ဌအဆက်ဆက်
ကိုမင်းအောင်တို့လက်ထက်ထဲမှာ ဆောက်ခွင့်ပြုခဲ့တယ်။ အခုတခါ
ကိုဝင်းရှိန် လက်ထက်ကျတော့ သူက ဒါတွေကို ပြန်ကောက်တော့
ရည်ရွယ်ချက်ကတော့ ငွေလိုချင်လို့ပဲ။ ဒါပေမယ့် ဒီကလူတွေက မပေးတော့
အားလုံးကို ပြန်ပြီး တရားစွဲမယ်ပေါ့။ အိမ်ခြေတွေလိုက်ကောက်တယ်။
တကယ်တမ်း အိမ်ခြေတွေ ၁၀၀ ကျော်ရှိတယ်။ ဆောက်နေတဲ့ ၆၀ လောက်ကို
တရားစွဲမယ်ပေါ့။
“ဘာလို့လဲဆို
တော့ ဗိုလ်ချုပ်ကြီး သာအေးက ပြောသွားတယ်။ အားလုံးအိမ်တွေကို
ဖျက်ရမယ်။ ပြီးရင် အိုးအိမ်ဌာနကနေ အိမ်တွေဆောက်ပြီး
ပြန်ရောင်းမယ်ပြောတော့ ကျနော်တို့ဆီမှာ ဆင်းရဲသားတွေ
ဘယ်လိုလုပ်နိုင်မလဲ။ ကိုယ့်အိမ်လေးကိုယ်တောင် မနည်းဆောက်နေရတာ။
အဲဒါကို ပြန်ပြောပြတဲ့အခါ လက်မခံတော့ အိမ်တွေအားလုံးဖျက်ပါ။
မဖျက်ရင်ရပ်ပါ။ မရပ်ရင် တရားစွဲမယ်ဆိုပြီး အခုတရားစွဲဖို့
စီစဉ်နေတာပါ။”
အဲဒီရပ်ကွက်ကို
လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဝန်ထမ်းတွေနဲ့ ဆင်းရဲသားတွေကို
အာဏာပိုင်တွေက တရားဝင်နေရာချပေးခဲ့တာလို့ သိရပါတယ်။ လွန်ခဲ့တဲ့
နှစ်နှစ်တုန်းကလည်း မြေတွေကို သိမ်းဖို့ ကိစ္စ
တခါပေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“၂၀၀၉
ခုနှစ်မှာ သူတို့က နေရာပြန်ချပေးမယ်ဆိုပြီးတော့ ဒီနေရာတွေကို
ပြန်သိမ်းမယ်။ ဖျက်သိမ်းမယ်ဆိုပြီးတော့ ပြောတယ်။ ကျနော်တို့
လူထုတွေက ဘာပြန်လုပ်လဲဆိုတော့ အကွက်ပြန်ရိုက်ပေးမယ်ဆိုတော့
လွတ်တဲ့နေရာမှာ လိုက်ပြီးတော့ ရိုက်ပေးမယ်ဆိုပြီး လျှောက်တာ
လူပေါင်း ၃၇၀၀ ရှိတယ်။ လျှောက်လွှာတစောင်ကို ၁ထောင်နဲ့ကောက်တာ
၃ရသိန်းလောက် သူတို့ယူသွားပြီးတော့ နေရာလည်းမချပေးပဲ
ကိုမင်းအောင်က ပြောင်းသွားတယ်။”
အသစ်ပြောင်းလာတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးက အဲဒီရပ်ကွက်က အိမ်ပိုင်ရှင်တွေကို အဓမ္မပြောင်းခိုင်းနေတာပါ။
အိမ်တွေကို
ဖျက်ခိုင်းနေပေမယ့် ဖျက်ပြီးပါက နေရပြန်ချထားပေးမယ့်
အစီအစဉ်မရှိတဲ့အတွက် အိုးမဲ့အိမ်ဖြစ်မှာကို မိသားစုတွေက
စိုးရိမ်နေကြပါတယ်။
No comments:
Post a Comment