Published on October 18, 2011
ဘန်
ကောက်မြို့ရဲ့အထက်က အယုဒ္ဓယခရိုင် စက်မှုဇုန်ကြီး ၅ခု
ရေနစ်မြုပ်သွားတဲ့အတွက် စက်ရုံတွေမှာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေ
ဒုက္ခရောက်နေကြပါတယ်။
အယုဒ္ဓယ
အီလက်ထရောနစ်အလုပ်ရုံတရုံက မြန်မာအလုပ်သမား ကို သက်ပိုင်က “ရေကြီးတာက
ကျနော်တို့ခါးလောက်ရှိတယ်။ လုပ်ငန်းရှင်က ကျနော်တို့ကို
ပစ်ထားတဲ့ပုံစံဖြစ်နေတယ်။ ဘာမှလည်း အကူအညီမပေးဘူး။ သူတို့က
အကူအညီမပေးတဲ့အပြင် ကြိုတင်ငွေလည်း ထုတ်မပေးဘူး။ မထုတ်ပေးတော့
ဒီမှာ အလုပ်သမား ၂၀၀ ကျော် ၃၀၀ နီးပါး ရေကြီးလာတော့
ကျနော်တို့အလုပ်ပိတ်ထားတာ ၁၁ ရက်လောက်ရှိသွားပြီ” လို့ ပြောပါတယ်။
အလုပ်သမား
ကိုချစ်ကိုက “သူဌေးကလည်း ခုလောလောဆယ် ခေါင်းရှောင်လိုက်ပြီလေ။
စက်ရုံတွေကလည်း မြုပ်တယ်ဆိုတော့ ပြန်ဖွင့်ဖို့မလွယ်ဘူးလေ။
အဲလိုမျိုးဖြစ်နေတော့ သူဌေးကလည်း ဗမာတွေ
နင်တို့လုပ်ချင်ရာလုပ်ပေတော့၊ အလုပ်ပြောင်းချင်လည်း
ပြောင်းကြတော့ဆိုတဲ့ ပုံစံမျိုး သွားစရာလာစရာ ခုလောလောဆယ်
မရှိဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။
အယုဒ္ဒယမြို့က ဈေးဆိုင်တွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးကလည်း ခုလိုပြောပါတယ်။
“ဈေး
ထဲမှာလုပ်တဲ့ တနေ လုပ်တနေ့စားပေါ့။ ရေကြီးတော့ စားစရာမရှိဘူး။
သူများလာဝေတဲ့အခါကျတော့ ထွက်လာတယ်ပေါ့။ ရတဲ့လူလည်းရ၊
မရတဲ့လူလည်း မရဘူး။ ဒုက္ခသည်တွေနေတဲ့ နေရာကိုသွားဖို့ဆိုတာ
ညီမတို့ ရေကို တနာရီနီးပါးလောက် ကူးရတယ်။
ရင်ဘတ်လောက်ကူးပြီးတော့မှ တက်သွားတယ်။ ဒီမှာ လှေလည်းမရှိဘူးလေ။
တချို့ယောကျာ်းလေးတွေက တနေ့လုံးစောင့်ပြီး ညနေမှ ရတာလေးတွေကို
ပြန်လာကျွေးကြတာ။”
ထိုင်း
နိုင်ငံအတွင်း ရေလွှမ်မိုးနေတဲ့ ခရိုင် ၁၅ ခုမှာ အလုပ်ရုံပေါင်း
တသောင်းကျော် ပိတ်ထားရဆဲဖြစ်ပြီး အလုပ်သမား ၃ သိန်း ၅ သောင်းကျော်
အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက
တနင်္လာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ရေဘေးသင့်
သူတွေထဲမှာ မြန်မာအလုပ်သမားတွေ သောင်းချီ ပါဝင်တယ်လို့
မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက ခန့်မှန်းကြပြီး
အခြေအနေ ပုံမှန်ဖြစ်လာမှ ရေဘေးသင့်တဲ့ မြန်မာအရေအတွက်ကို ပိုပြီး
တိတိကျကျ စာရင်းကောက်နိုင်မယ်လို့ ဆိုပါတယ်။
No comments:
Post a Comment