၇
လပိုင်း ၉ ရက်နေ့မှာ စတင်အသက်ဝင် ကျင့်သုံးတော့မယ့် Zairyu(သို့) I.CCardကဒ်အကြောင်း
မေးလာတဲ့မေးခွန်းတွေကိုရော ဒီဥပဒေအသစ်အပေါ် သုံးသပ်ရေးထားထားတဲ့ Zairyu Card(သို့မဟုတ်)I.C Card အကြောင်းသိကောင်းစရာများ
အပါအ၀င် ဂျပန်ရောက်မြန်မာများအားလုံး သိသင့်သိထိုက်တဲ့ အချက်အလက်များကို မိုးသောက်ကြယ် ဂျာနယ်မှ အစဉ်တစိုက်ရေးသားဖော်ပြလာခဲ့တာ
သတိထားမိကြမှာပါ။
၇-၉ဥပဒေသစ်ဟာ တောင်မင်း မြောက်မင်း မကယ်နိုင်လောက်အောင် တင်းကြပ်တော့မှာဖြစ်လို့
ဂျပန်ရောက် မြန်မာများအားလုံး အထူး သတိ ၀ီရိယရှိကြဖို့၊ မပေါ့ဆကြဖို့တဲ့ ဒီဥပဒေသစ်ရဲ့
အားနည်းချက် အားသာချက်များကို လေ့လာမှတ်သားပြီး မိမိအနေနဲ့ ဘာလုပ်သင့်သလဲ..။ ဘာတွေဆောင်ရမယ်၊
ဘာတွေရှောင်ရမယ်ဆိုတာကို သဘောပေါက်နားလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ စေတနာအမှန်နဲ့ တင်ပြပေးခဲ့ပါတယ်။
၇-၉ဥပဒေသစ်နှင့်
ပတ်သက်လို့ မေးလာတဲ့ မေးခွန်းတွေကို ပြန်လည်ဖြေဆိုပေးထားတဲ့ အကြောင်းအရာကို အများသိရှိသဘောပေါက်အောင်
တင်ပြပေးလိုက်ပါတယ်။
မေး-
(က)ဂျပန်အစိုးရအနေနဲ့
နိုင်ငံခြားသားတွေကိုထုတ်ပေးတဲ့ ဗီဇာအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။ (ခ)ခုချိန်မှာ
ဒုက္ခသည်လျှောက်မယ်ဆိုရင် ရနိုင်ပါသလား။
(ဂ)ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိထားသူတွေအနေနဲ့
၇-၉ ဥပဒေချိုးဖျောက်မိရင်ရော ပြန်ပို့ခံရမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား...
ဖြေ-
(က)မေးခွန်းကိုဖြေရမယ်ဆိုရင်
ဂျပန်အစိုးရအနေနဲ့ နိုင်ငံခြားသားတွေကိုထုတ်ပေးတဲ့ ဗီဇာအမျိုးအစား အခြေခံအားဖြစ် ၇ မျိုးရှိပါတယ်။
နားလည်အောင် ဇယားကွက်နဲ့ ဖော်ပြရမယ်ဆိုရင်ဖြင့်
Visa Category Status of Residence term of Residence
(1)Diplomatic Visa Diplomat during mission
(2)Official Visa Official during mission
(3)Working Visa Professor
Artist
Religious Activities
Journalist
Investor/Business Manager
Legal/Accounting Services
Medical Services
Researcher
Instructor
Engineer
Specialist In Humanities/International Services
Inter company Transferee
Entertainer
Skilled Labor
(4)Temporary Visitor's Visa Temporary Visitor#
(5)Transit Visa Temporary Visitor#
(6)General Visa Cultural Activities#
College Student#
Pre college Student#
Trainee#
Dependent#
(7)Specified Visa Designated Activities+
Spouse or Child of Japanese National
Spouse or Child of Permanent Resident
Long-Term Resident
#Statuses of residence not Permitting work.
မှတ်ချက်- Permanent Resident ဖြစ်သွားပါက ဗီဇာသက်တမ်းတိုးစရာမလိုတော့ပါ..
(ခ)မေးခွန်းကိုဖြေရမယ်ဆိုရဖြင့်-
ဂျပန်နိုင်ငံဟာ ၁၉၈၁ ခုနှစ်ကတည်းက ဂျနီဗာကွန်းဗင်းရှင်းစာချုပ်ထဲမှာ လက်မှတ်ရေးထိုးထားတဲ့အတွက် ဒုက္ခသည်လျှောက်တာကို လက်မခံဘူးဆိုတာ လုပ်လို့မရပါဘူး။ အသိအမှတ်ပြုမယ် မပြုဘူးဆိုတာပဲ လုပ်ပါတယ်။
သို့ပေမယ့် ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့နဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ရှေ့နေကြီး ဆရာ Watanabe ရှင်းပြချက်အရ မြန်မာနိုင်ငံရေးဖြစ်စဉ်ပေါ်ကြည့်ပြီး ဂျပန်လ၀ကအနေနဲ့ ဒုက္ခသည်လျှောက်ထားတဲ့ မြန်မာတွေကို အရင်လိုမျိုးဘုန်းပေါလအော အလွယ်တကူအသိအမှတ်ပြုတော့မှာ မဟုတ်တာသေချာပါတယ်။ လူသားချင်းစာနာမှုကြောင့်ပေးပါတယ်ဆိုတဲ့ Designated Activities ဗီဇာလည်း ရရှိဖို့ ခက်ခဲမှာဖြစ်ပါတယ်။
(လုံးဝမရတော့ဘူးဟု မသတ်မှတ်ကြပါနဲ့။ ယခုလဆန်းပိုင်းအတွင်းကပဲ မြန်မာတစ်ဦး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရပါတယ်။ နာမည်မဖော်ပြတော့ပါ)
(ဂ)မေးခွန်းကိုဖြေရမယ်ဆိုရင်
အမိနိုင်ငံပြန်ရင် ဖမ်းဆီးနှိပ်စက်ခံရမှာဆိုးလို့(ဘာသာရေးကြောင့်ဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေး၊ အသင်းအဖွဲ့၊ လူမျိုးနွယ်စု၊ အခြားအကြောင်းကြောင့်ဖြစ်စေ)ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများအနေနဲ့ ၇-၉ ဥပဒေသစ်ကို ချိုးဖောက်ကြောင်း တွေ့ရှိတယ်။ လိုက်နာခြင်းအလျဉ်းမရှိဘူး..ဆိုရင် အများနည်းတူ ပြန်ပို့ခံရမှာဖြစ်ပါတယ်။
ဒါအပြင် ဥပဒေသစ်ထဲမှာ ပြဌာန်းထားတဲ့ ဒုက္ခသည်ဗီဇာ၊ လက်ထပ်ဗီဇာ၊ အထူးနေထိုင်ခွင့်(S.S)ဗီဇာ၊ Work Mermit ဗီဇာအစရှိသည်တို့ကို လိမ်လည်လှည့်ဖြား၍ ရယူထား ကြောင်းကို တိုင်ကြားခံရလျင်သော်လည်းကောင်း(သို့တည်းမ ဟုတ်) စုံစမ်းတွေ့ရှိလျင်သော်လည်းကောင်း လဝကအရာရှိများမှ ပြန်လည်စီစစ်ခြင်းခံရမှာဖြစ်ပါတယ်။ ဟုတ်မှန်ကြောင်းတွေ့ရှိပါက နေထိုင်ခွင့်ဗီဇာရုပ်သိမ်းခံရမှာဖြစ်ပါတယ် လို့ အသိပေးထားပါတယ်။
သိထားရမယ့်အချက်က သင်ဟာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလောက်တဲ့ အကြောင်းအချက်ညီညွတ်လို့၊ ခိုင်လုံလို့ ဂျပန်တရားရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတာ မှန်ပေမယ့် ဥပဒေချိုးဖောက်ရင် ဂျပန်နိုင်ငံသားနည်းတူ အရေးယူအပြစ်ပေးခံရမယ်လို့ အစောကြီးကတည်းက ပြောဆိုထားပါတယ်။
အခု ၇-၉ ဥပဒေသစ်မှာတော့ အရေးယူအပြစ်ပေးခံတဲ့အဆင့်ထက်ကျော်လွန်သွားပါက ပြည်တော်ပြန်ပို့ခံရမှာဖြစ်ပါတယ်..
ရောမရောက်ရင် ရောမလိုကျင့်ရမယ်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဂျပန်ရောက် မြန်မာနိုင်ငံသူ/သားများအားလုံး ဇူလိုင်လ ၉ ရက်(တနင်္လာနေ့)မှာ စတင်အသက်ဝင်ကျင့်သုံးတော့မယ့် ဇိုင်းလျူးကဒ်စနစ်သစ်အရ အမှားအယွင်းမရှိအောင်နေထိုင်ကျင့်ကြံစေလိုပါတယ်..။
ကာယသုက္ခ၊ စိတ္တသုက္ခများနှင့်ပြည့်စုံပြီး မိမိရည်ရွယ်ချက်ပန်းတိုင်ရောက်သည်အထိ အောင်မြင်အောင် ကြိုးစားတဲ့စိတ်ဓါတ်မွေးကာ သတိရှိရှိနဲ့ ၇-၉ ဥပဒေသစ်ကို ရင်ဆိုင်ကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုလျက်-
စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ် တာဝန်ခံအယ်ဒီတာ)
No comments:
Post a Comment