ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်
May 1, 2013 Wednesday
By မင်းစိုးစံ
သည်တခါတော့ ကရင်ပုံပြင်လေးရေးပြချင်ပါတယ်။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ညစ်ပတ်စုတ်ပဲ့တာတွေ
လိမ်ညာရမ်းကားတာတွေ ရက်စက်ကြမ်းကြုတ်တာတွေ လူစိတ်ကင်းမဲ့တာတွေကိုရေးတာများလာတော့
ကျုပ်ကိုယ်တိုင် လူညစ်ပတ်ကြီးတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါလားဆိုတာ ခံစားမိလာလို့ အပြောင်းအ
လဲလေးဖြစ်သွားအောင်(ဖြစ်လိုဖြစ်ငြား)ကရင်ဟာသပုံပြင်လေးတပုဒ်လောက် ရေးရလျင်ကောင်းမှာပဲလေ
လို့တွေးမိတာနဲ့ ကျုပ်တို့ကရင့်ဘိုးဘွားတတွေ လက်ဆင့်ကမ်းပြောပြလာခဲ့တဲ့ ကရင်ပုံပြင်တွေထဲက တပုဒ်
ကိုလက်ဆင့်ကမ်းရေးပြပါရစေ။
လူထုဦးလှရေးတဲ့ ခလောက်နို့ပုံပြင်တွေထဲက ဖြစ်ကောင်းဖြစ်နိုင်သလို စာဖတ်သူတွေကြားနေကျ ပုံပြင်
လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကြားဘူးပြီးသူတွေလည်း မမေ့နိုင်အောင် ပိုပြီးမှတ်မိအောင် မကြားဘူးသေးသူ
တွေလည်း ကြားဘူးအောင်ရေးပြပါ့မယ်။ ပုံပြင်ဆိုတာ ကျုပ်တို့အားလုံးရဲ့ အမေ(မိခင်)တွေစီက အများဆုံး
ကြားခဲ့ကြရတာ။
ပုံပြင်တွေဆိုတာကလည်း မိခင်ဖြစ်သူတွေရဲ့ ဘ၀အတွေ့အကြုံတွေက အများဆုံးလာ တတ်ကြတာလေ။
ဗမာမေမေက ဗမာလေးတွေ ကို အိပ်ယာဝင်ပုံပြင်လေးတွေပြောပြတတ်ကြသလို ကရင်မေမေတွေက
လည်း ကရင်လေးတွေကို အိပ်ယာဝင်ပုံ ပြင်လေးတွေ ပြောပြကြမှာအသေအခြာပါ။
အကြောင်းအရာလေးတွေ တူနိုင်ပါ့မလားဆိုတာတော့ ကျုပ်လည်းမဆိုတတ်ဘူး။
ဘာကြောင့်လဲမေးလျင် ကရင်မေမေတွေဟာ ဗမာစစ်သားကြီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့်ပြေး
နေရ ပုန်းနေရတဲ့ ဘ၀မျိုး မဟုတ်လား။ ညဘက်တွေမှာ ကရင်ကလေးတွေကို ဘယ်လိုလုပ်ပြီးပုံပြောပြနိုင်
မှာတဲ့လဲ။ အိပ်ကောင်းအိပ်ခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ တဲ့အဖြစ်လေ။ ဆိုတော့ ငြိမ်းအေးလှပတဲ့
ပုံပြင်တွေ ဖြစ်လာဘို့က ကရင်မိခင်တွေအတွက် သိပ်တော့လွယ်မယ်မထင်ဘူး။
သာယာနာပျော်ဘွယ်ကင်းမဲ့တဲ့ ပုံ ပြင်ကိုသာ နားလည်လက်ခံရတဲ့ ကရင်ကလေးရဲ့ နုနယ်တဲ့နှလုံးသားထဲ
မှာ ဘာတွေဖြစ်ကျန်ခဲ့မလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားစရာလိုမယ်မထင်ပါဘူးနော်။
ကျုပ်ကိုယ်တွေ့လေး တစ်ခုရေးပြမယ်။ ကျုပ်တို့ရွာထဲကို ဗမာစစ်သားတွေရောက်လာတဲ့ ညတညပေါ့။
ကျုပ်ရဲ့ သားနဲ့ သမီးတွေအိပ်ပျော်နေတဲ့အချိန် (သက်ကြီးခေါင်းချချိန်) မှာ ဗမာလာပြီ ဗမာလာပြီ ဆိုတဲ့
တိုးပေမယ့် အင်မတန် လန့်စရာကောင်းတဲ့အသံကြောင့် သားတွေသမီးတွေကိုနှိုးပြီး ကိုယ်လွတ်ပြေးကြရ
တာပေါ့။
အဲဒီလို ပြေးနေကြတုန်း ကျုပ်သားက ဝေးပါ့ ငါတို့ဘယ်ကို သွားကြမလို့လဲ လို့မေးတယ်ဗျ။
ဟိုး ဘက်ရှေ့က လျှိုထဲကို သွားမယ်လေ သားရဲ့ လို့ပြန်ဖြေတော့ ဘာဖြစ်လို့ ငါတို့သွားရတာလဲ လို့ထပ်
မေးတယ်ဗျ။ ကျုပ်ဘာဖြေရမှန်းမသိတော့ဘူး။ အကောင်းဆုံးအဖြေကတော့ ဗမာတွေလာလို့ပေါ့ ဆိုတဲ့
အဖြေပဲထွက်လာတယ်။ ထပ်မေးပြန်တယ် ဘာကြောင့် ဗမာတွေလာတာနဲ့ ငါတို့ပြေးရတာလဲ တဲ့။
ကဲ အထိရောက်ဆုံး အမှန်ကန်ဆုံး အနီးစပ်ဆုံးအဖြေက ဗမာတွေက ငါတို့ကိုသတ်ဘို့လာတာ မပြေးလျင်
သေမှာပေါ့။ ဒီအဖြေတွေဟာ ကလေးငယ်လေးတစ်ယောက်ရဲ့ နူးညံ့တဲ့နှလုံးသားထဲကို ဘယ်လောက် ထိ
ခိုက်နာကျင်သွားလိုက်မလဲဆိုတာ တွေးကြည့်လိုက်လျင် ပြေးကြည့်စရာတောင်မလိုပါဘူး။
မကြာမတင်မှာပဲ ကျုပ်တို့တရွာလုံး မီးအရှို့ခံလိုက်ရတယ်။ မီးရောင်တွေဟာ ကျုပ်တို့ပုန်းနေတဲ့ လျှိုအထိ
လင်းထိန်နေလိုက်တာများ တစ်ယောက်မျက်နှာ တစ်ယောက် အထင်းသားမြင်ကြရတဲ့အထိပါ။
ကိုယ့်အိမ်မီးရှို့တာခံရပြီဆိုတာနဲ့ ဘယ်လိုကာယကံရှင်တွေကများ ၀မ်းသာအယ်လဲ ဖြစ်မှာတဲ့တုန်း။
ငိုတဲ့လုရှိတယ်။ တက်ခေါက်တဲ့သူရှိတယ်။ ဗမာနံမည်တပ်ပြီး ဆဲရေးတိုင်းထွာမယ် အဲဒါတွေက လက်နက်
မျိုးစုံကို အဆက်မပြတ်ပစ်ခတ်နေတဲ့ ဗမာစစ်တပ်ရဲ့ သေနတ်သံတွေ မီးလောင်တဲ့အတွက် ပေါက်ကွဲတဲ့
အသံတွေနဲ့ အတူထွက်လာတာဆိုတော့ ကျုပ်သားလေးရဲ့ရင်ထဲ ဘာတွေဖြစ်ကျန်ခဲ့မယ်ထင်သလဲ။
အမေငိုနေတာကို တွေ့လိုက်ရတဲ့ကလေးငယ်တစ်ယောက် ဘာလုပ်မယ်ထင်သလဲ။ သူ့အမေကိုပြေးဖက်ပြီး
ငိုပါလိမ့်မယ်။ ငိုနေတဲ့အမေ့ကို တွေတွေကလေးကြည့်ပြီး ရင်ထဲမှာငိုနေပါလိမ့်မယ်။ တသိမ့်သိမ့် ခံစားနေ
ရရှာပါလိမ့်မယ်။
ဗမာစစ်သားတွေ ရွာထဲကနေပြန်ထွက်သွားပြီးလို့ ရွာထဲပြန်ရောက်ပြီဆိုတာနဲ့ မီးလောင်ထားတဲ့ အိမ်တိုင်
မည်းမည်းကြီးတွေ ပြာတွေ မြေအိုးတွေ ထမင်းအိုးတွေ တွန့်လိန်နေတဲ့ သံသေတ္တာတွေ တငွေ့ငွေ့လောင်
နေတဲ့ စပါးပုံထဲက ထွက်လာတဲ့ မီးခိုးတွေ ညှော်နံ့တွေ အဲဒါတွေက ရုပ်ရှင်ထဲမှာမဟုတ်ဘူးလေဗျာ။
သားရေ မကြည့်နဲ့ မျက်စေ့ပိတ်ထားဆိုပြီး လက်ဝါးနဲ့ကာလို့ရတာမှ မဟုတ်တာ။
မီးလောင်လို့ ကောက်ကွေးမည်းသည်းနေတဲ့ လူသေအလောင်းကို ဘယ်လိုလုပ် ချက်ခြင်းဖျောက်ပစ်လို့
ရမှာလဲ။ မီးလောင်လို့ထွက်လာတဲ့ အသားစညှော်နံ့ကို ဘာနဲ့ဖျောက်ပစ်မလဲ။ မီးလောင်ထား တဲ့ငှက်ပျော
ပင် အုန်းပင် ကောက်ရိုးပုံ ဘူးပင် ဖရုံပင် သခွါးပင် ငရုပ်။
အဲဒီလို မြင်ကွင်းမျိုးကို မြင်ရတွေ့ရတဲ့ ကလေးတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒါဏ်ရာရတာမျိုးကို
ပျောက်ကင်းသွားအောင် လုပ်ဘို့ရာ လွယ်မယ်များထင်သလား။ ဗမာမုန်းတီးရေး ဆိုပြီး ကရင်ကလေး
ငယ်တွေကို သမိုင်းမှိုင်းတိုက်စရာမလိုအောင်ကို ဗမာတွေက လုပ်ပြနေတာမဟုတ်ပါလား။
ကရင်ကလေးတွေ ကြောက်သွားအောင် ဗမာ ဆိုတဲ့အသံကိုကြားရုံနဲ့ ကြောက်ချေးပါအောင်လုပ်ပြလိုက်နိုင်
လို့ ဗမာတွေကိုယ့်ကိုယ်ကို သိပ်ဟုတ်တဲ့ ငါပါလား လို့ စိတ်ကြီးဝင်ပြီး မြောက်ကြွမြောက်ကြွနဲ့ မိခင်တပ်ရင်း
ကိုပြန်အနားမှာ ပန်းကုံးတွေအစွပ်ခံရတာကို ဂုဏ်ယူနေဦးမလို့လား။
ဟိုးလွန်ခဲ့တဲ့ ကရင်ဗမာအဓိကရုဏ်းတုန်းကတော့ ဗမာဘက်နဲ့ကရင်ဘက် လက်နက်တွေသိပ်ကွာကြမယ်
မထင်ဘူး၊ အခုဟာက တဘက်သပ်ကြီး၊ ဘာလက်နက်မျှမရှိတဲ့ ကရင်ရွာသားတွေကို မောင်းပြန်သေနတ်
တွေနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး အမျိုးဖြုတ်နေတာ၊ ဗမာစကားပုံတော့ရှိသား ထင်းခွေမကြုံလျှင် ရေခပ်ကြုံမှာ
ပေါ့။
အဲဒါကြောင့် ကရင်မိခင်တွေအနေနဲ့ ကရင်ကလေးတွေကို အိပ်ယာဝင်ပုံပြင်လေးတွေပြောဖြစ်မယ် ဆိုလျင်
တောင် စောစောကပြောခဲ့သလို သူတို့(ကရင်မိခင်)တတွေရဲ့ ဘ၀ဖြတ်သန်းလာခဲ့ကြရပုံတွေကိုသာ ပြော
ဖြစ်ဘို့ များနေမှာအသေအခြာပါ။ ကရင်လေးရဲ့ အသည်းနှလုံးထဲမှာ မင်းတို့ဗမာတွေ မိုး ကောင်းတုန်းရွာ
ထားကြဟေ့ ငါကရင်ကြီးဖြစ်လာမှ မင်းတို့နဲ့တွေ့ကြသေးတာပေါ့ ဆိုတဲ့အမှတ်သညာကို ဘာနဲ့ဖျောက်ပစ်
မလဲ။
ဒါဆိုလျင် ကရင်နဲ့ဗမာ စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးလို့ ပြောပြော ငြိမ်းချမ်းသာယာစွာဖြင့်
အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးဆိုတာတွေက လူကြားကောင်းရုံလေးထက် ပိုကဲပြီး ထူးခြားလာမှာမဟုတ်
ပါဘူး။
ကျုပ်ပြောမှာက ကရင့်ရိုးရာကဒတ်မုန့်ပုံပြင်လေးပါ၊ ဘယ်လိုဖြစ်ပြီး ဗမာစစ်တပ်အကြောင်း အမှန်တွေ
ဟောမိသွား အဲလေ ပြောမိသွားလဲမသိဘူး။
ဒီလိုလုပ်မယ်ဗျာ။ ကဒတ်ဥ ပုံတွေ ကဒတ်မုန့်ပုံတွေကို ဓါတ်ပုံနဲ့ပြမယ်။
ပြီးတော့ပုံပြင်ကလေးဘတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်(ရီ)ကြတာပေါ့။ နောက်တပတ်ပေါ့နော်။ အခုလောလော
လတ်လတ် အချိန်ကလေးမှာ မေတ္တာရိပ် က ကူးယူထားတဲ့ ကဒတ်အကြောင်းလေး မြည်းစမ်းကြည့်ထား
ကြပါစို့လား။
မြန်မာအမည် - ကဒတ်
မွန်အမည် - KHAR GROPE
ဒေသန္တရအမည် - တောသင်္ဘော
ကဒတ်ပင်သည် ဥတက်ရှိသော နွယ်မျိုး ဖြစ်သည်။
ဥတက် အရောင်ကို လိုက်၍ အဖြူမျိုး၊ အနီမျိုး ဟူ၍ နှစ်မျိုးရှိသည်။
အရွက် ၀ိုင်းသည်။
ရွက်ထိပ် ချွန်၍ သွယ်သည်။
ရွက်ရင်းပိုင်း နှလုံး ပုံသဏ္ဌာန်ုရှိသည်။
ဥတက်မှာ ရှည်၍ အမွေးများရှိသည်။
ချွဲပျစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ကဒတ်ဥမှာ ချို၍ချွဲသည်။
ကဒတ်ဥကို ဟင်းချိုချက်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံးနိုင်သည်။
မိုးရာသီတွင် ပေါများစွာထွက်ရှိသည်။
Copy from http://myittaryaik.blogspot.com
ကျေးဇူးအများကြီးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
No comments:
Post a Comment