Sunday, June 23, 2013
စောဘာဘလူဂေး ဈာပန တနင်္ဂနွေနေ့တွင် ပြုလုပ်မည်။
စောဘာဘလုဂေး အသက်(၂၀)နှစ်သည်
ဧရာဝတီတိုင်း ပုသိမ်မြို့ ၊ှုငပုတောမြို့ နယ် ကျပဲဆင်ချောင်းအုပ်စု ရေတွင်းကုန်းကျေးရွာနေ ကမားလူအသင်းတော်မှ စောလှစိန်+နော်ဆဲဖေါ တို့၏ အကြီးဆုံးသားဖြစ်ပြီး မလေးရှားရောက်ပြီး(၃)ရက်မြောက်နေ့တွင် အစွန်းရောက်လူတစု၏ တိုက်ခိုက်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
သူ၏ နောက်ဆုံး ဈာပနအခမ်းအနားကို Kepong နာရေးကူညီမှုအဖွဲ့မှ ဦးဆောင်ဦးရွက်ပြုလုပ်မည်ဖြစ်ပြီး K4K အဖွဲ့မှ ပဒိုစောဖါးတို့အဖွဲ့လည်း စောဘာဘလူးဂေး၏ ရုပ်အလောင်းကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
Saw Bar Blu Gay
မလေးရှားရောက်သည့် ရက် ...............၂၉.၅.၂၀၁၃
အကြမ်းဖက်ခံရသည့် ရက် ...............၁.၆.၂၀၁၃ (ညနေ ၆နာရီ)
ခရစ်တော်တွင် ထာဝရအိပ်စက်သည့်ရက်..... ၈.၆.၂၀၁၃

ဈာပနအခမ်းအနား ......... ၂၁. ၆- ၂၀၁၃
တိုက်ခိုက်ခံရသည့်နေရာ....... Selanyang ဈေးအနီး
တက်ရောက်သည့်ဆေးရုံ - Selanyang hospital, KL

၁ ယာယီတဲဖြစ်သောငါတို့ မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ၊ ဘုရားသခင်ဖန် ဆင်းတော်မူသော နိစ္စထာဝရ အိမ်ရှိကြောင်းကို ငါတို့သိကြ၏။