Monday, June 28, 2010

မေတ္တာတရား (တောင်ကိုးရီးယား တခန်းရပ်ပြဇာတ်)

MYIT TAR TI TAR from yechit on Vimeo.

ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်း အနား သြစတြေးလျား ၌ ကျင်းပပြီးစီး

ဇွန်လ ၂၇ရက်။ စောကျော်ခွီး (ကေအိုင်စီ)

ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို သြစတြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ Villawood Senior Citizen Hall တွင် Australian Karen Organization (AKO) က ကြီးမှူးကျင်းပရာ ဧည့်ပရိဿတ်ပေါင်း ၂၅၀ကျော် တက်ရောက်ခဲ့ကြသည်။


အခမ်းအနားကို ထိုနေ့ နေ့လည် ၁နာရီမှ ညနေ ၅နာရီအထိ ကျင်းပရာ ဘားမားကဲမ်ပိန်း(သြစတြေးလျား)မှ ကိုယ်စား လှယ်များ၊ သြစတြေးလျား ယဉ်ကျေးမှုနှင့် ပြန်လည်နေရာချထားရေးရာ ပါလီမန်ကိုယ်စားလှယ်၊ နိုင်ငံခြားရေးရာ ပါလီမန် အမတ်များ၊ ရွှေ့ပြောင်းနိုင်ငံခြားသားများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် သြစတြေးလျား ရောက် မြန်မာဒုက္ခသည်များ တက်ရောက်ခဲ့ကြသည်။

သြစတြေးလျား ကရင်အမျိုးသားအဖွဲ့အစည်း(အေကေအို) ဥက္ကဌ စောလွင်ဦးက “ဒုက္ခသည်များအရေးဟာ မြန်မာ့နိုင်ငံ ရေးနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် လူမျိုးစု မျိုးတုန်းရေးပေါ် အခြေခံထားတဲ့ နအဖရဲ့ စနစ်ဆိုးတွေကြောင့် မြန်မာ ပြည်အရှေ့ဖက်ခြမ်းက ကရင်တိုင်းရင်းသားဒုက္ခသည်တွေဟာ ဌာနေမဲ့ ဘဝများရောက်နေကြပါတယ်။ နိုင်ငံတကာ အစိုးရ အနေနဲ့လည်း နိုင်ငံရေးအရ နအဖကို ဒီမိုကရေစီ အသွင်ဆောင်လာဖို့ တိုက်တွန်းဖိအားပေးဖို့ လိုအပ်ပါတယ်။ နအဖမှ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုများကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးကော်မရှင် အမြန်ဖွဲ့ပြီး စုံစမ်းအရေးယူပေးဖို့ လိုအပ်ပါတယ်။ နအဖရဲ့ လူသားချင်း မစာနာမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ စုံ စမ်းစစ်ဆေး အရေးယူမှုတွေကို နိုင်ငံတကာမှ ဝိုင်းဝန်းထောက်ခံဖို့ လိုအပ်ပါတယ်”ဟု အခမ်းအနား အဖွင့်မိန့်ခွန်း ပြောဆို ခဲ့သည်။

“ဒီနှစ်မှာ ဒုက္ခသည်ကရောက်လာတဲ့ လူသစ်တွေကိုတွေ့ရတော့ အများကြီး ဝမ်းသာမိပါတယ်။ နယ်စပ်မှာလည်း ဒုက္ခသည် တွေ အများကြီး ကျန်သေးတယ်။ သြစတြေးလျား အစိုးရကလည်း အဲဒီဒုက္ခရောက်နေသူတွေကို အမြန်ဆုံး ခေါ်ယူလာနိုင် ပါစေ”ဟု ဒုက္ခသည်များနေ့ အခမ်းအနားကို တက်ရောက်ခဲ့သူ မွန်အမျိုးသမီး ယုယုက ကေအိုင်စီကို ပြောသည်။

မြန်မာနိုင်ငံတွင် ဖိနှိပ်အနိုင်ကျင့်မှုများ၊ စစ်မက်ရေးရာများ၊ ပြည်တွင်းစစ်များ၊ လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် အတိဒုက္ခ ရောက်နေကြသော မြန်မာပြည် အရှေ့ဖက်အခြမ်းရှိ ရွာပုန်းရွာရှောင် အိုးအိမ်မဲ့ပြည်တွင်းဒုက္ခသည်များကို သြစတြေးလျား အစိုးရ၏ ဒုက္ခသည်များပြန်လည်နေရာချထားရေးရာ အစီအစဉ်နှင့် (IHSS)ခေါ် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားရေးအဖွဲ့အနေဖြင့် သြစတြေးလျားနိုင်ငံသို့ ပိုမိုခေါ်ဆောင်လာနိုင်ရန်နှင့် နယ်စပ်ဖြတ်ကျော်ကူညီမှုများ ပိုမိုပေး လာနိုင်ရန် ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်ဟု သိရသည်။

အခမ်းအနားတွင် ပြည်တွင်းအိုးအိမ်မဲ့(အိုင်ဒီပီ)များအတွက် စေတနာရှင်များ၏ ကူညီငွေများ၊ ဈေးရောင်းပွဲမှ ရရှိလာသည့် ရန်ပုံငွေများကို နယ်စပ်ရှိ အိုင်ဒီပီ ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့သို့ ပေးအပ်သွားမည် ဖြစ်သည်။

MP – Parliamentary Secretary for Multicultural Affairs and Settlement Services)မှ လော်ရီဖာဂူဆန်(Mr.Laurie Ferguson) သြစတြေးလျားအစိုးရအနေနှင့် မြန်မာပြည် အရှေ့ဖက်ခြမ်းက ဒုက္ခသည်များကို အဓိကထားဦးစားပေးပြီး စောင့်ရှောက်ကူညီ ခေါ်ယူမည်ဖြစ်ကြောင်း အသိပေးစကား ပြောဆိုခဲ့သည်။

သြစတြေးလျားနိုင်ငံတွင် အေကေအိုမှ ကြီးမှူး၍ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ် ကျင်းပ လာခဲ့ရာ ယခုဆိုလျှင် သုံးကြိမ်ရှိပြီး ဖြစ်သည်။

Step in DKBA Land

DKBA deserters (ဒီကေဘီအေ တပ်ပြေးများအကြောင်း)

မွှေးသည့်ပန်းများထဲမှ ဦးငြိမ်း

ရဲဘော် ကမ်ပူးခြား
Sunday, June 27, 2010

ဒီနေ့ ဒီအချိန်အထိ ဦးငြိမ်းအမည်ကို ကြားဖူးသူ နည်းပါလိမ့် မယ်။ နာမည်တူကတော့ များလှတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ ကျောင်းသားတပ်မတော် ရဲ့ ရဲရင့်တဲ့ တပ်သားကောင်းကြီးတယောက်ပါ။ မုတ္တမ ပုလဲ ရတနာ ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတပါးလည်း ဖြစ်ခဲ့ပါ တယ်။

မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းလို့ ကျောင်းသား ကျောင်းသူ တွေရဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်အောက်က ဘ၀ တွေလွတ် မြောက်ရေးအတွက် ဘုန်းတော်ကြီးဘ၀ကို စွန့်၊ မုတ္တမအထွေထွေသပိတ်စခန်းကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သပိတ်စခန်းက ညွှန်ကြားတဲ့ အလုပ်တွေကို အရွယ်နဲ့မလိုက် အောင် တက်တက်ကြွကြွ ဆက်သွယ်ဆောင်ရွက်ပေးနိုင်သူတဦးလည်း ဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ရက်ပိုင်းလောက်မှာပဲ ပြည်တွင်းအခြေအနေတွေရဲ့ တောင်းဆိုမှုအရ လက်နက်ကိုင်တော်လှန်ရေးလုပ် ဖို့ ကရင့်လွတ်မြောက်ရေးနယ်မြေ တပ်မဟာ (၆) ရှိ အဇင်းရွာကို အင်အား ၅၀ နီးပါးနဲ့ အကူအညီရယူဖို့ တက်လာခဲ့ကြပါတယ်။ အဇင်းရွာမှာခေတ္တကြာပြီးတော့၊ “ဝေါလေ”..၊ အဲဒီကတဆင့် သံလွင်မြစ်နဘေးရှိ KNU၊ KNLA တပ်ရင်း (၂၀) ကို ရောက်ခဲ့ကြပါတယ်။ တပ်မမှူး ရွှေဆိုင်းရဲ့ အထူးညွန်ကြားချက်နဲ့ တပ်ရင်း (၂၀) မှာ စစ်သင်တန်း အထူးကွန်မင်ဒို တိုက်ခိုက်ရေးသင်တန်း တလတက်ရပါ သေးတယ်။ ဦးငြိမ်းက သင်းတန်းတက်ရင်း စားဖိုမှူးတာဝန်ကိုယူခဲ့ပါသေးတယ်။ သင်တန်းပြီးတော့ မာနယ်ပလော ကရင့်တောလှန် ရေး ဗဟိုဌာနချုပ်ဆီ ရောက်သွားပြီး ရှေ့တန်းဆင်းဖို့ လက်နက်များအကူအညီတောင်းကြပါတယ်။

ဗိုလ်ချုပ်မြကြီးကိုယ်တိုင် လက်နက်ကြီးငယ် ၅၀ ကိုပေး သစ္စာရေသောက်ကြပြီး မိမိတို့အဖွဲ့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ ကျုံထော်၊ ကွီးလေးနယ်မြေဘက်သို့ ထွက်လာခဲ့ကြပါတယ်။ အဲဒီတုန်းက DAB စစ်ကြောင်းလဲ မဖွဲ့ရသေးပါဘူး..။ ကျောင်းသား၊ KNU မဟာမိတ် ပူးပေါင်းတဲ့.စစ်ကြောင်းတခုပဲ ရှိနေပါသေးတယ်။

ဒီစစ်ကြောင်းကြီးဟာ ကွီးလေးရွာနားရောက်ခဲ့ပါတယ်။ ကွီးလေးရွာထဲကို နံနက် ၉ နာရီရောက်ပါတယ်။ နံနက်စာစားဖို့ အမိန့်ရလာ တာကြောင့် ထမင်းချက်ကြ၊ ခေတ္တနားကြပါတယ်၊ ဦးငြိမ်းက ရွာထဲက မရမ်းသီးအစိမ်းတွေတောင်းပြီးတော့ ကျနော်တို့ကိုဝေပေးပါ တယ်။ မရမ်းထောင်းနဲ့ ပဲဟင်းက ပိုပြီးလိုက်တယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။

ရန်သူ နဝတ စစ်ကြောင်းဟာ မိမိတို့ရှိနေတဲ့ ကွီးလေးရွာ ထဲဝင်လာတော့မယ်လို့ ရွာသားကသတင်းပို့တော့ ခပ်မြန်မြန်ပဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။ ရွာအပြင်မျက်ကွယ်ကောင်းတဲ့နေရာ ရန်သူစစ်ကြောင်းကို အလစ်အငိုက်ရမဲ့နေရာကို တပ်မှူးတွေက နေရာယူဖို့ အမိန့်ပေးတော့ အဆင်သင့်နေရာယူပြီး စောင့်နေကြပါတယ်။

ရဲဘော်တို့ ကျည်ထိုးထား လုံခြုံရေးခလုတ်ပြန်ပိတ် ခပ်တိုးတိုးအမိန့်က ရဲဘော်တိုင်းဆီရောက်လာခဲ့တယ်။

ကျနော့်အနေနဲ့ ပထမဆုံးကြိမ်မို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ လုံခြုံရေးခလုတ်ကိုမပိတ်မိ။ ရန်သူကို မိမိကလက်ဦးမှုအရင်ယူချင်သည်။ မိမိအရင်ဆုံးပစ်မှတ်ကို ယူချင်နေသည်။ လူငယ်၊ စိတ်လှုပ်ရှားလွန်းလို့သေနတ်ကို အောက်သို့ပြန်ချလိုက်ပြီး အသင့်ပြင်ထားသည်။ ရန်သူလည်းတက်လာသည်။ ခြေသံများပင်ကြားနေရသည်။ သေနတ်ပြန်အချတွင် တစုံတခုနဲ့ ညိပြီး ရုတ်တရက် ကျနော့်သေနတ် AR မှ ကျည်များ ပေါက်ထွက်သွားသည်။

ရန်သူများက သေနတ်သံကြားတော့ နောက်ဆုတ်နေရာယူကာ ကာပစ်ပစ်ပြီး ဆုတ်သွားကြသည်။ ကျနော့်အတွက်နဲ့ အပိုင်တပွဲ လွတ်သွားသည်။

KNLA က ရဲဘော်တွေက မကျေနပ်ကြ။ ဒေါသထွက်ပြီး ဒါ ရန်သူလူဖြစ်ရမယ် သူအချက်ပေးလို့ ရန်သူတွေနောက်ဆုတ်သွားပြီ ဒီလိုလုပ်တဲ့ကောင်ကို သတ်ပစ်ရမယ်လို့ ကြိမ်းမောင်းပြီး ကျနော့်ဆီကိုလာဖို့ လုပ်နေကြတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရဲ့ ဒုရင်းမှူး ဦးရဲထွန်းနဲ့ တပ်ခွဲမှူးမောင်အေးက တားလိုက်ပြီး ဘယ်အချက်နဲ့သက်သေပြမလဲ ဒါကဖြစ်တတ်တာပဲ ပထမ ဆုံးပွဲပဲ။ မင်းတို့ခေါ်သွား ပြီး အပြစ်ပေးစရာမလိုဘူး…။ ငါတို့ ရဲဘော် ငါတို့အပြစ်ပေးမယ်ဆိုပြီး..။ ကျနော့်ကို မှောက်ခိုင်းပြီး ခါးကို ၀ါးကိုင်းနဲ့ ခပ်ပြင်းပြင်း ၂ ချက် ရိုက်လိုက်တယ်။ ပြီးတော့ ဒို့ဆက်လုပ်မယ်ပြောပြီး ခွဲမှူးနဲ့အတူ နောက်ဆုတ်သွားတဲ့ ရန်သူတွေနောက်ကို ခပ်ပြင်းပြင်းလေး လိုက်ကြတယ်…။

ရန်သူနောက်မြီးပိုင်းကို မီသွားတယ် ရန်သူက သတိထားပြီး စနစ်တကျဆုတ်နေတော့..။ အတော်လေးသတိထားပြီး လိုက်ကြရတယ်။ နယ်မြေကျွမ်း ဖြတ်လမ်းသိတဲ့ KNLA က ရဲဘော်တွေနဲ့ နောက်ကပိုင်းတယ်။ အတင့်ရဲလွန်းတဲ့ အန္တရာယ်များလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပေမဲ့ ကျောင်းသားရဲဘော်တွေက လွတ်သွားတဲ့ ရန်သူကို အမိအရ ပြန်ချေမှုန်းနိုင်ဖို့ စိတ်စောနေကြတယ်။ ရန်သူ့စစ်ကြောင်းကို အမြီးပိုင်းက ဖြတ်တောက်ချေမှုန်းဖို့ စဉ်းစားနေကြတယ်။ ဖြတ်တိုက်ပြီး အလျင်ဆုတ်ဖို့လည်း အမိန့်ပေးထားတယ်။ နဝတ မကြာခင်ပဲ လွတ်သွားတဲ့စစ်ကြောင်းကို မီလာတယ်။

လျှိုတခုရဲ့အဆင်း သတ်ကွင်းအနေအထားကောင်းတခုမှာ အပိုင်စောင့်ကြတယ်။ ရန်သူက စနစ်တကျဆုတ်နေတာမို့ သတ်ကွင်းက နဲနဲကျဉ်းလေးသွားတယ်။ ရန်သူ့ နောက်ဆုံးတပ်စိတ် တစိတ်လောက်အကျန်ခန့်မှန်းပြီး KNLA ရဲဘော်တွေက ဖြတ်တိုက်ပြီး ဆုတ် သွားကြတယ်။ အဲဒီအချိန်မှာ ဦးငြိမ်းက လက်ကျန် ဖရိုဖရဲဖြစ်တဲ့ ရန်သူ ၄ ယောက်လောက်ကို တက်ရှင်းနေတယ်။ ရန်သူ ၂ ယောက် လောက်ကျသွားတယ်။ ပါးစပ်ကလည်း …
“ကျောင်းသားတပ်ကွ” …ဟု
ဆက်တိုက်အော်ပြီး လိုက်ပစ်နေတယ်။
“ဦးငြိမ်း…ဦးငြိမ်း…ဆုတ်..ဆုတ်တော့”.. ဟု
ပြောနေသော တပ်ခွဲမှူးအမိန့်ကို မကြားတော့ပဲ အတင်းတက်ပစ်တော့တယ်။ သိပ်မကြာလိုက်ပါ ဦးငြိမ်းတယောက် နောက်လန်ကျ သွားတာကို တွေ့လိုက်ကြရတယ်။

တပ်ခွဲမှူးက ဦးငြိမ်းကို ပြန်ထမ်းလာခဲ့ပြီး ဦးငြိမ်းကျသွားပြီလို့ ပြောပါတယ်။ သေနတ်သံများလည်း တဖြည်းဖြည်းနဲ့ ဝေးသွားပါတယ်။ ဦးငြိမ်းရဲ့အလောင်းကို ကွီးလေးချောင်းဘေးနားက တောင်ကုန်းမို့မို့လေးမှာပဲ မြှုပ်နှံခဲ့ပါတယ်။

ကျနော် … တိတ်ဆိပ်စွာနဲ့ပဲ တယောက်တည်း မျက်ရည်ကျခဲ့ရတယ်။
ကျနော်တို့ ဦးငြိမ်းကို ဦးညွှတ်အလေးပြုခဲ့ကြတယ်။
နောက်ထပ် တိုက်ပွဲတွေရှိရာကို စစ်ကြောင်းဆက်ထွက်ခဲကြတယ်။

ခွင့်လွှတ်ပါ ဦးငြိမ်း…
ကျနော့် ဒီတသက်မေ့မရနိုင်တဲ့ ပထမဆုံးတိုက်ပွဲရဲ့အတွေ့အကြုံပါ…။

ကျနော် ကဗျာမရေးတတ်ပါ။ ၃ တန်းအောင်ပြီး ၄ တန်းနှစ်မှာ တောထဲရောက်ခဲ့ပါသည်။ တောထဲမှာပဲ တိုက်ရင်းခိုက်ရင်းနဲ့ အကိုကြီး တွေဆီက စာကို အချိန်ရသမျှ သင်ယူပါတယ်။ သူတို့ရေးသော ဖတ်သောကဗျာလေးများက နားထောင်ကောင်းပါတယ် ကျနော် လည်း ရေးချင်တယ်။ ရေးပါလို့အားပေးတဲ့ နောင်တော်ကြီးတွေဆီက ကဗျာရေးပို့တော့ သူတို့က တည်းဖြတ်ပေးကြပါတယ်။

ခုလည်း ကျနော်ခံစားနားလည်းသလို စပ်ဆိုပြီး ဦးငြိမ်းကို ဂုဏ်ပြုလိုက်ပါတယ်။

အတိတ်က ပုံရိပ်

ပုံရိပ်အထင်ရှားလျှက်
အကြင်နာတရားတွေက သူ့နှလုံးသားထဲ
စုပြုံ .. ။

ဒါပေမဲ့ သူဟာ သူမျက်လွှာကို မှိတ်ပစ်ခဲ့တယ်။
သူ့မျက်ဝန်းထဲက ပုံရိပ်တွေက
ပျိုမြစ်စိမ်းလန်းခြင်း။

သူ့အသိ အာရုံထဲမှာ အလွန်ရဲရင့်တဲ့
နီလွင်ရင့်ရင့်အရောင်တွေ…။

သူ့ရဲ့အကြားအရုံထဲမှာလည်း
ငရဲပွက်ထ
အသံတွေ ဆူဆူညံညံနဲ့။

ဒါကြောင့် သင်္ဃန်း ဝတ်ရုံဖယ်ရှား
စိတ်ပုတီးကို ဘုရားစင်ပေါ်မှာ ထားခဲ့ပြီ…။

နံရံက ဓား
အဓမ္မကိုရင်ဆိုင်ဖို့ ကိုင်ဆွဲ…။

မတရားမှုတွေ
သွေးတွေ..
မျက်ရည်စက်တွေ.. အတွက်
မောင်းပြန်ကိုကိုင် ဒေါင်းအလံအောက်မှာ
တော်လှန် အသက်ပေးလှူခဲ့တယ်။

ကောင်းကင်ထက်က ကြယ်တပွင့်ပါ ဦးငြိမ်း။

ရဲဘော် ကမ်ပူးခြား
(ABSDF)
2010
Photo by: http://burmeserebel.blogspot.com/

Listening to Voices from Inside: Ethnic People Speak

ဗမာပြည်တွင်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ ရင်ဖွင့်သံကို စုစည်းမှတ်တမ်းပြုစုထားတဲ့ စာတမ်းပါ။ ဗမာ့နိုင်ငံရေးကိုစိတ်ဝင်စားသူများ အချိန်ယူဖတ်ရှု လေ့လာသင့်သော စာအုပ်ဖြစ်ပါတယ်။
Listening to Voices from Inside: Ethnic People Speak

Friday, June 25, 2010

(၇)ကြိမ်မြောက်ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှီးနှောဖလှယ်ပွဲ

Saw Hla Ngwe.mpg ။Nant Bwa Bwa Phan.mpg။Saw Liston-1.mpg ။Mahn Myo Myint.mpg။

Saw Hla Ngwe.mpg


Nant Bwa Bwa Phan.mpg။

Saw Liston-1.mpg


Saw Kha Hsu Ngar.mpg

Mahn Myo Myint.mpg


Saw Hla Ngwe-2.mpg

DKBA to BGF 1.wmv။ DKBA to BGF 2.wmv။D K B A TO BGF ( 3)။karen DKBA to BGF4။karen DKBA to BGF 5။DKBA to BGF 06.wmv ။DKBA to BGF 07.wmv။DKBA to BGF 8.


DKBA to BGF 2.wmv

D K B A TO BGF ( 3)

karen DKBA to BGF 4

karen DKBA to BGF 5

DKBA to BGF 06.wmv

DKBA to BGF 07.wmv

DKBA to BGF 8.wmv

karen song

Hands With Love (စာနာမှုနဲ့ဖေးကူပါ)

ပေါ့ပေါ့ပါးပါး စကားစမြည်၊ (အတွင်း၊ အပြင်၊)


လမိုင်းမကပ်ပေမယ့် သမိုင်းမပြတ်အောင်
မြင်တာလေးတွေ တင်ကာရေးရကောင်းမလား တွေးနေတုန်း …

ပြုံးစရာ ဖုန်းလာလို့ကိုင်လိုက်တော့
ကျောအယားကို တောသားသခင် ဘလော့ပိုင်ရှင်ခမျာ
ကုတ်ဖို့တောင်မအားလို့ ကျုပ်ပို့စ်များ တစ်ပုဒ်လောက် ကူနိုင်မလားဆိုပဲကိုး …

ကြံရာမရ ဆန်ကာချပြီးတွေးလိုက်တော့
အတွေးမစိုက် ရေးလိုက်ကြတဲ့ စီပုံး (c-box) တွေဖက် ရောက်ဖြစ်ပြန်သဗျ၊

ထားတော့၊ ထားတော့၊ တော်ကြာ ရွှေမန်းတင်မောင်လိုလို၊
သရော်စာရေးတဲ့ ဆရာလေး ပေးထားတဲ့ ရွှေရွှေ ဆိုသလိုနံမည်တွေနဲ့
အမှားတော့ ခံလို့မဖြစ်ချေဖူး၊

ခုန်ဝင်လိုက်တဲ့ တိုင်းရင်းညီအကိုတွေရဲ့ စီပုံးကို ရှုလိုက်တော့ …

အားလုံးပဲ မင်္ဂလာပါ တဲ့ဗျား၊ ….. (မင်္ဂလာရှိလိုက်လေ)
အော့ဆွန့်လားဆိုက် တဲ့၊ ……... (ကျက်သရေ ရှိလှသဗျ)
စည်းလုံးကြဖို့ ချိန်တန်ပြီ၊ …….. (မှန်လိုက်လေ)
စုစည်းဆောင်ရွက်ကြ၊ ………… (ဟုတ်တာပေါ့)
နဝတ လူဟောင်းတွေ တို့ထဲရောက်နေတယ်၊ ...(ဘာကြီးဘာလိမ့်)
ပြောချည်းမနေနဲ့ မင်းလည်းလုပ်အုံး၊ … (ဟေ၊ ဟုတ်သားကွ)
ဆရာကြီးစတိုင်နဲ့ လာမလုပ်နဲ့၊ .......... (ဟာ၊ ဒီလိုတော့ မဟုတ်ဖူးလေ)
မင်းက ဘာကောင်မို့လို့လဲ၊ ………....... (ဟ ဟ နေကြပါအုံး)
ဟေ့ကောင်၊ မင်းအကြောင်းဖေါ်ပြစ်လိုက်မယ်၊ … (ဟေ့ တော်ကြပါကွာ)
ဒီတော့ မင်းက @#% ဖြစ်လားကွ၊ *&%# မသား၊ … (ဟိုက် …)

ဆက်နေရင် အသက်သေချင်ချင် ဖြစ်လာလို့ ခုန်ထွက်လာခဲ့မိတယ်၊

ဒါနဲ့ကျုပ်လဲ အညောင်းမိ ခေါင်းချိမှာစိုးလို့
လမ်းလျှောက်ထွက် လာရပြန်သည်ကတမုံ့ ဆိုကြပါစို့၊

အဲ၊ တွေ့ပြီ တွေ့ပြီ ဒါပဲ ဒါပဲ၊
သင်္ကြန်သံချပ်မဟုတ်ပါ၊ တိုင်းရင်းသားညီအကိုများအဖွဲ့ရဲ့
လပတ်အစည်းအဝေး ကျုပ်တို့လမ်းထဲ ကျင်းပနေတာနဲ့ ကြုံနေတော့တာကိုးဗျ၊

အတွင်းမှာ ရန်ဖြစ်ပေမယ့်၊ အပြင်မှာ မှန်ကန်စစ်သန့်တဲ့ သူတွေနဲ့တွေ့ရရင်
အမောပြေ ရကောင်းရဲ့ဗျာ၊ မဖိတ်လည်း ဝင်ပြီးထိုင်ပြစ်လိုက်တယ်။

စပြီဗျာ အစည်းအဝေးကြီး၊
ဘောပင်ပျောက်နေတဲ့ သဘာပတိအဖွဲ့ဝင်တစ်ယောက်
အပြင်မှာ မိန်းမဆီဖုန်းဆက်နေတဲ့ ဥက္ကဋ္ဌဆီက သွားချေးပြီးပြန်အဝင်မှာ
အစီအစဉ်စာရွက်ပျောက်နေတဲ့ အခမ်းအနားမှူးက
ဆေးလိပ်တိုကို အမှိုက်ပုံးထဲ ပြစ်ထည့်ရင်း ကဲ၊ စပြီဟေ့ တဲ့ …
အဲ၊ မုဒိတာ .. မုဒိတာ .. ပွား … ပွား …

တစ်ယောက်က ရဲရဲတောက် ထပြောတယ်၊
တို့တွေ ဒီကိုရောက်ဖို့ မရေတွက်နိုင်တဲ့ ညီအကိုမောင်နှမတွေ အသက်ပေး
ခဲ့ကြရတာ မေ့လို့ မဖြစ်ဖူး၊ တဲ့ ….. (ကြည့်ရတာ ကြိုးစားတော့မယ်ထင်တယ်)

နောက်တစ်ယောက်ကလည်း
တို့တတွေ စည်းစည်းလုံးလုံး ပူးပေါင်းလုပ်ကိုင်ကြရမယ်ကွ၊ ... (လေးစားစရာပဲ)

တက်တက်ကြွကြွ တစ်ယောက်က ထပြန်တယ်၊
တို့အသင်းကြီး ကမ္ဘာကျော်စေရမယ်၊ ….. (အားကျစရာပဲ)

ဒီမှာတင် ဖုန်းဆက်ပြီးသွားတဲ့ ဥက္ကဋ္ဌ ပြန်ဝင်လာပြီး ဗျန်း၊ ဗျန်း၊ ဗျန်း …
(ဒုံး၊ ဒုံး၊ ဒုံး … လို့ပြင်ဖတ်နိုင်ပါတယ်၊ တူမရှိပဲ လက်ဝါးနဲ့ စားပွဲရိုက်လိုက်လို့ပါ)

ဟုတ်ပြီ၊ ဟုတ်ပြီ စကြရအောင်ကွာ၊
ဟေ့ နေထူး၊ မင်းကိုရိုက်ဖို့ပေးလိုက်တဲ့ အဖွဲ့သားစာရင်းတွေကော ..
... မေ့လာတယ်ခင်မျ၊ ဆောရီး၊ ဆောရီး၊

ဒါနဲ့ ကျော်ခီ့၊ မင်း အဖွဲ့ရဲ့ လစဉ်ကြေးထည့်ပြီးပြီလား ..
... ဟဲဟဲ၊ ခဏနေပါအုံး ဥက္ကဋ္ဌကြီးရယ်၊

ဒါဆို ကဲ လေးကပေါ်၊ တို့အဖွဲ့ရဲ့ဘလော့ လုပ်တာပြီးပြီလား …
... အန် .. ခုမှပဲ သတိရတော့တယ်၊ ကန်တော့၊ ကန်တော့၊

မင်းတို့ကွာ … ၊ ကွာလာ တစ်ယောက်ကော၊ သူ့ကို သမိုင်းအကြောင်းတွေ
ရိုက်ဖို့ အရင်လက ပေးလိုက်တာ ဘယ်မလဲ၊
... သူ စာမေးပွဲရှိလို့ ဘီယာသောက်ရင်းလိမ့်ကျတာ လက်ခေါက်နေတယ်ခင်မျ၊
(အွန် … ကျုပ်လည်း အဓိပ္ပါယ် ပြန်ပေးလို့ မတတ်ဖူးဗျ)

ကဲ၊ ကဲ ဒီလောက်တောင် ဖြစ်နေကြတာ တော်ပြီကွာ၊ နောက်သုံးလပတ်
အစည်းအဝေးကျမှပဲ ဆက်ပြောကြတာပေါ့၊
ဟေ့၊ ဟေ့ မပြန်ကြနဲ့အုံးနော်၊ ဆိတ်တစ်ကောင် ပေါ်ထားတယ်၊

လုံးဖေါင်၊ လာ၊ လာ ငါတို့အပြင်းသမားတွေအတွက် ချေးခါးဖယ်ထားတယ်၊

ဟိုက်ရော … ပြီးသွားပြီဗျာ အစည်းအဝေး၊
ဟို .. အဲ .. ဟိုဒင်းက ဟိုဒါလည်း မရှိ၊ အဲ .. မဖြစ် …
ဟာ … ထားသာ ထားလိုက်ပါတော့ဗျာ …

ပြန်ထွက်လာချိန်မှာတော့ ကျုပ်လည်း
ဂေါ်ဇီလာနဲ့ ဒိုင်နိုဆောစပ်ထားတဲ့ အကောင်ကြီးလို
ကိုင်းကိုင်းကြီးကို ဖြစ်နေမိပါတော့တယ်၊

ရှေ့မှာက၊ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ရှေ့ရေးက
ရှင်းရှင်းလင်းလင်းကြီး မြင်နေရတယ်လေ …

အဲ၊ အင်မတန်ကိုရှင်းပြီး ဘာမှကို မတွေ့ရပါခင်ဗျား ….


စကားစမြည်ပဲနော၊ ေ ပ ါ ့ ေ ပ ါ ့ ပ ါ း ပ ါ း ေ ပ ါ ့ …………


စောဗညား
နောင်လုံ (ရှမ်းစု)

- လေပေါသွားတာ၊ ရေအရောများလို့ တေဇောအားတွေ နည်းကုန်တဲ့ B.E အရက်လို
ဖြစ်နေရင်တော့ … အဟမ်း … သည်းခံကြပါလေကုန်၊
- တိုက်ဆိုင်မှုများရှိရင်လည်း ထုံးစံအတိုင်း ဝိုင်းဖြဲကြပါလေသတည်း ပေါ့နော၊

karen leader

karen leader

Karenni song - သံလွင် ရာဇ၀င်