စကောကရင်ဘာသာအားဖြင့်
အဖကို------- ပါ
အမိကို------- မိုး
ဇနီးမောင်နှံစုံတွဲကို------- နော်ဒေါ်မိုးဝါး
လင်ကို------ ဝါး
မယားကို. မား
သားကို------ ဖိုးခွါး
သမီးကို------ ဖိုးမူ
သားကြီးကို------- ဖိုးဝယ်ကိုး
နို့ညှာကို------ ဖိုးဆိ
နို့စို့ကို------ ဖိုးအော်နု
အကိုကို------ ဝယ်
အမကို------- ဝယ်မူ
ညီငယ်ကို------ဒေးဖိုး
အဖွါးကို----- ဖီး
အဖိုးကို------ ဖူး
အဘေးကို------ ဖူးဖဒို
မြေးကို------ လီ
ယောက်ခမ(မိန်းမသူ) ကို----- မီပွားမှု
ယောက်ခမ(ယောက်ျားသူ)ကို-----မီးပွာခွား
သမက်ကို---- မ
ယောက်ဖကို---- ပူဒေးခွား
ခဲအိုကို----- ဝယ်ပဂါ
ခယ်မကို----- ပူဒေးမူ
ဦးလေးကို----- ဖားတီး
အဒေါ်ကို---- မူဂါ
မုဆိုးမ----- မူကမဲ
မုဆိုးဖို----- ခွားကမဲ
မြန်မာ--------စဝှော်(စကော)--------ရှို(ပိုး)
အဖ----- ပါ------ ဖါ
အမိ-------- မိုး------ မောဝ်
လင်------- ဝါး------ ဝါ
မယား------ မား --------- မာ့
သား------- ဖိုးခွား----- ဖိုခွာ
သမီး-------- ဖိုးမူ-------- ဖိုမူး
သားကြီး----- ဖိုးဝယ်ကိုး----- ဖိုခွာ့ဒါးဘူ
နို့ညှာ----- - ဖိုးစိ-------- ထောက်ဖါနု
နို့စို------- ဖိုးအော်နု---- အောင်းနု
အကို------- ဝယ်------- ဝယ်
အမ------ ဝယ်မူ----- နောင့်
ညီငယ်----- ဒေးဖိုး----- ဖူ့
အဖွား------ ဖီး------ ဖိ
အဖိုး------ ဖူး------ ဖု
အဘေး----- ဖူးဖဒို------ ဖုဖါဒို
မြေး---------၊၊၊ လီ-------- လီ
Wednesday, November 7, 2012
ကရင်လူမျိုးတို့သည် ကမ္ဘာပေါ်မှာ နေရာတော်တော်များများ ပြန့်ကြဲနေ
ပြန့်ကြဲနေတဲ့ မိသားစုဝင်များ...
ကရင်လူမျိုးတို့သည် ကမ္ဘာပေါ်မှာ နေရာတော်တော်များများ ပြန့်ကြဲနေတာကို တွေ့ရပါတယ်။သမိုင်းအထောက်ထားအရ...
ကရင်လူမျိုးတို့သည် ထြီ့ဆေမေံယွာဋ္ဋ ဟုခေါ်တဲ့ အရပ်မှ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ထိုအထဲတွင် ကရင်လူမျိုးတို့ရဲ့ ပြောင်းရွှေ့ရာနေရာဒေသကို ထိုင်း(ယိုးဒယား)နိုင်ငံလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
ဇင်းမယ် ခေါ် ချင်းမိုင်ဒေသတစ်လျှောက်မှာ ကရင်လူမျိုးအများအပြားနေထိုင်တာကို တွေ့ရပါတယ်။အောက်ကဓာတ်ပုံတွေကတော့ ချင်းမိုင်မြို့နဲ့ ကီလိုမိတာ ၂၀၀ ၀န်းကျင်လောက်ဝေးတဲ့ တောင်ခြေနားလေး တစ်ဝိုက်မှာ နေထိုင်တဲ့ ကရင်လူမျိုးများဖြစ်ပါတယ်။ရွာနာမည်ကတော့ ဖါ့ဘာခို့ လို့ ခေါ်ကြပါတယ်။ထိုင်းတွေကတော့ ကရင်လူမျိုးကို ကရီယမ် လို့ ခေါ်ကြပါတယ်။
ဘိုးစဉ်ဘောင်ဆက်က နေထိုင်လာတဲ့ ကရင်တွေ နေရာတော်တော်များများမှာ တွေ့ရပါတယ်။စကားပြောတာကတော့ စကောကရင်ဘာသာနဲ့ဖြစ်ပါတယ်။ နည်းနည်းပါးပါး ၀ဲတာကလွဲလို့ ပြည်မ စကောသံအတိုင်းပါပဲ။ကလေးတွေကလည်း ထိုင်းဘာသာ၊ စကောကရင်ဘာသာ ကောင်းကောင်းတတ်မြောက်ကြပါတယ်။ထူးခြားတာတစ်ခုက အိမ်ခြေ ၂၀၀၀ကျော်လောက် ရှိတဲ့ရွာထဲမှာ နေထိုင်တဲ့ ကရင်အားလုံးလိုလို ကရင်အ၀တ်အစားကို အမြတ်တနိုး ၀တ်ဆင်ကြတာကို တွေ့ရပါတယ်။အရမ်းဂုဏ်ယူစရာ ကောင်းပါတယ်။
ဒါပေမယ့် ကရင်တို့ရဲ့ အရိုးခံ စိတ်ဓာတ်အတိုင်း အေးအေးလူလူနဲ့ နေထိုင်ကြပါတယ်။ အသိပညာ အတတ်ပညာတွေကတော့ ထင်သလောက် ခရီးမပေါက်ခဲ့ဘူးထင်ပါတယ်။သူတို့က အဓိကအသက်မွေးဝမ်းကျောင်းပညာကတော့ ရိုးရာယက်ကန်း ယက်လုပ်ခြင်းနဲ့ စိုက်ပျိုးရေးတွေပဲ ဖြစ်ပါတယ်။ဒီဒေသမှာ သမိုင်းကြောင်းကို မေးခဲ့ပေမယ့်..သူတို့လည်း သေသေချာချာ သိပုံမရပါဘူး။ ရခဲ့သလောက် သူတို့ပြောတာနဲ့ပဲ ကျေနပ်ရပါတယ်။ဒါကြောင့် ဒီပို့စ်ကို နောက်တစ်ခေါက် အပြည့်အစုံပြန်တင်ပေးဖို့ စိတ်ကူးထားပါတယ်။လေ့လာသမျှ ကရင်အကြောင်းတွေကို တင်ချင်ဇောနဲ့ တင်လိုက်ရတာပါ။ဒီကြားထဲမှာ မအားတာလည်းပါ ပါတယ်။
အှ်ဆံင်းလာဆာ်...။

ဒါကတော့ စာသင်ကျောင်းက ပြန်လာတဲ့ ကရင်မျိုးဆက်သစ်တွေကို မုန်းဖိုးဝေပေးနေတာပါ။

Tuesday, November 6, 2012
ဖထီးကနဲမီအတွက် KNL-JAPANသတိယဆုတောင်းပေးလျှက်
ဖထီးကနဲမီအတွက် KNL-JAPAN
အဖွဲ့သူအဖွဲ့သားများမှ
သတိယဆုတောင်းပေးနေပါတယ်
ဖထီးကနဲမီဟာဟာ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး သြစတြေးလျ ဆရာဝန်က ရောဂါအခြေအနေကြောင့် ခရီးဝေးမသွားဖို့ သတိပေးတဲ့ကြားကနေ နယ်စပ်အစည်းအဝေးအတွက် မဖြစ်ဖြစ်အောင် ပြန်လာခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်ဆေးတက်ရောက်ကုသနေရပါတယ်။ အဲဒါကြောင့် ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက်
သတိယဆုတောင်းနေပါတယ်
MKO ဖခင်ကြီး ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် ဆုတောင်းပွဲပြုလုပ်မည်
ဖထီးကနဲမီဟာ MKO (Malaysia Karen Organization) အဖွဲ့အစည်း ဖြစ်ပေါ်လာဖို့အတွက် ဖွဲ့စည်းပုံကိုပါ ရေးဆွဲပြီး စတင်အကောင်အထည်ဖေါ်ခဲ့တဲ့သူပါ။
သူဟာ အမျိုးသားရေးအတွက် စိတ်အားထက်သန်ပြီး သြစတြေးလျ ဆရာဝန်က ရောဂါအခြေအနေကြောင့် ခရီးဝေးမသွားဖို့ သတိပေးတဲ့ကြားကနေ နယ်စပ်အစည်းအဝေးအတွက် မဖြစ်ဖြစ်အောင် ပြန်လာခဲ့ပါတယ်။
ယခုအချိန်မှာတော့ ဖထီးကနဲမီဟာ မဲဆောက်ဆေးရုံမှာ အရေးပေါ်ဆေးတက်ရောက်ကုသနေရပါတယ်။ အဲဒါကြောင့် ဖထီးကနဲမီ အမြန်ဆုံး ကျန်းမာလာဖို့အတွက် MKO ရုံးမှာ မနက်ဖြန် ၆-၁၂-၂၀၁၂၊ နေ့လည် ၁၂နာရီခွဲ အချိန်မှာ ၀တ်ပြုဆုတောင်းပွဲပြုလုပ်မှာ ဖြစ်တဲ့အတွက် မလေးရှားရောက် ကရင်အမျိုးသားများ တက်ရောက်လာကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Monday, November 5, 2012
KNU ညီလာခံ နှင့် အိမ်ကွင်း၊ အဝေးကွင်း
လာမည့် ကွန်ဂရက်ရဲ့အဖြေကို ထင်ဟပ်နေပြီလားရှင့်....အိမ်ကွင်းနဲ့ အဝေးကွင်း အားသာချက်အားနည်းချက်တွေကတော့ ရှိစမြဲပေါ့... ဘာပဲဖြစ်ဖြစ် သူများကွင်းမှာ ကော်တာအထက်ခ် ကစားတတ်တဲ့ နည်းပြ မော်ရင်ဟိုနဲ့ ဒီမက်တို တို့ ရဲ့ ဗျူဟာတွေကို လျော့တွက်လို့ တော့ မရဘူး... နာမည်ကြီး ဘာစီလိုနာကို ချက်ဆီးက ပညာပေးပြီး ယူရိုဖလားကို ရယူသွားဒါလည်း စိတ်ဝင်စားစရာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်အသင်းနိုင်နိုင် ရှုံးရှူံး ဖီဖာအက်အေရဲ့ စည်းမျည်းတွေနဲ့ အညီ ကစားကြမယ်ဆိုရင် ပွဲကောင်းတပွဲဖြစ်မည်ဖြစ်သလို ပရိသတ်တွေလည်း လက်ခံမှာပါ။ အိမ်ကွင်းပရိတ်သတ်အားကိုးနဲ့  လူချပြီးတော့ မကန်ကြနဲ့ ပေါ့......အဝေးကွင်းမှာရှူံးရင်လည်း တရားမျှတ မယ်ဆိုရင် အားကစားစိတ်ဓါတ်နဲ့ လက်ခံရပါမည်။
ကလီကမာတော့ မလုပ်ကြနဲ့  သောက်ရေသန့် ဘူးတွေနဲ့ အပေါက်ခံရရင် ပွဲပျက်သွားမယ်.. ပွဲကြည့်ပရိတ်သတ်က ဘော်လုံးမကန်တတ်ပေမယ့် ဘောလုံးစည်းမျည်းတွေနားလည်တယ်....
ဗဟိုကော်မတီအစည်းအဝေး (ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)

နယ်စပ်ဒေသမှ သက်တမ်းရင့် KNU အဖွဲ့ကြီးက ယခုလ ၂၆ ရက်နေ့တွင် ညီလာခံကျင်းပတော့မည်ဖြစ်သည်။
၁၅ ကြိမ်မြောက် ညီလာခံ ကျင်းပမည့်နေရာနှင့်ပတ်သက်၍ ခေါင်းဆောင်များအကြား ၀ိဝါဒကွဲပြားနေမှုကို မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
ညီလာခံလုပ်မည့်နေရာ ရွေးချယ်ခြင်းသည် အရေးပါသည့်ကိစ္စမဟုတ်ဟု ပြင်ပပုဂ္ဂိုလ်တို့က ယူဆဖွယ် ရှိကြောင်း၊ သို့သော်လည်း နေရာရွေးမှုသည် ဘော်လုံးစကားဖြင့်ပြောမည်ဆိုပါက အိမ်ကွင်း၊ အဝေးကွင်း သဘောမျိုး ရှိကြောင်း သိရသည်။
မဲခွဲရာတွင် ဘားအံခရိုင်ရှိ လေးဝါးတပ်စခန်းတွင် ကျင်းပမည့်ဘက်က ၁၅ မဲ၊ ဖာပွန်ခရိုင်ရှိ သေကော်ထာ့ တပ်စခန်းတွင် ပြုလုပ်လိုသည့်ဘက်က ၁၂ မဲ ရခဲ့သည်ဟု ခရိုင်ဥက္ကဋ္ဌတဦးက ပြောသည်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဘားအံဒေသတွင် ညီလာခံလုပ်လိုသူဖြစ်ကြောင်း သိရသည်။
မဲခွဲမှုကိုဗုဒ္ဓဟူးနေ့က စတင်ခဲ့သည့် အစည်းအဝေး ပထမနေ့တွင် သဘာပတိ KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောနှင့် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ရှေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဤအစည်းအဝေးသည် လက်ရှိ ဗဟိုကော်မတီ၏ နောက်ဆုံးအစည်းအဝေး ဖြစ်သည်။
ဗဟိုကော်မတီ ၃၆ ဦး ရှိသည့်အနက် အစည်းအဝေးသို့ ၂၇ ဦး တက်ရောက်နေကြသည်။ KNU လက်အောက်ခံ ဌာန ၁၄ ခု၏ အစီရင်ခံစာများကို တင်ပြ ဆွေးနွေးလျက်ရှိပြီး၊ အဖွဲ့၏ နိုင်ငံရေးအစီရင်ခံစာများနှင့် အခြေခံမူ လမ်းစဉ်များကို ဆွေးနွေး ညှိ နှိုင်းကြမည်ဖြစ်သည်။

Thursday, November 1, 2012
KNU အနေနဲ့ ကရင်မဟုတ်သူတွေရဲ့ စကားကို မယုံကြဖို့ ဦးပညာသာမိ မိန့်ကြား
(တောင်ကလေးဆရာတော် ဦးပညာသာမိကို ကေအိုင်စီမှ ဆက်သွယ်မေးမြန်းထားတာတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကရင်အမျိုးသားအစည်းအရုံးအပေါ် ထားရှိတဲ့ ဦးပညာသာမိရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာ ဖြစ်ပါတယ်။)
မေး- ဦးပဥင်းအနေနဲ့ လက်ရှိ KNU ရဲ့ လုပ်ဆောင်ချက်၊ ရပ်တည်ချက်ကို ဘယ်လိုမြင်ပါသလဲ၊ ဦးပဥင်းရဲ့ အမြင်သဘောထားကို သိချင်ပါတယ်။

ဖြေ- KNUရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဦးဇင်းရဲ့ သဘောထားအမြင်ကို ပြောရမယ်ဆိုရင်-
KNU ခေါင်းဆောင်တိုင်းဟာ ကရင်လူထုရဲ့ အသံကို နားစွင့်ဖို့လိုပါတယ်။ အဲလို ကရင်လူထုရဲ့အသံကို အလေးမထားဘူးဆိုရင်တော့ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးက အောင်မြင်မှုရဖို့ ခဲယဉ်းပါလိမ့်မယ်။
အဖွဲ့အစည်းအတွင်းမှာ ခေါင်းဆောင်ပိုင်း မညီမညွတ် ဖြစ်နေတာတွေ၊ အပြန်အလှန်လေးစားမှု အားနည်းနေတာတွေ၊ နိုင်ငံရေးအပိုင်းကို သိရှိနားလည်ဖို့ အားထုတ်မှုလျော့ရဲတာတွေဟာ ကရင်လူထုတရပ်လုံးအတွက် ရှေ့ဆက်သွားမဲ့ နိုင်ငံရေးလမ်းစဉ်(မူဝါဒ)ကို အဟန့်အတားဖြစ်ပြီးကြန့်ကြာစေပါတယ်။ နိုင်ငံအတွင်းပိုင်းကို ပြန်ဝင်လာဖို့ဆိုတာကလည်း ခက်ခဲပါလိမ့်မယ်။ ပြီးတော့ ဒီအခက်အခဲကြားမှာ KNU ဟာ သူများတွေထက် ပိုပြီး ခက်ခဲနေတာဟာလည်း ၀မ်းနည်းစရာပါ။
ကရင်အမျိုးသားအစည်းအရုံး KNU ဟာ နိုင်ငံရေးနည်းဗျူဟာတွေ ဘက်ပေါင်းစုံ သိရှိနားလည်ဖို့ လိုအပ်သလို နိုင်ငံရေးအခင်းအကျင်းတွေကို သိရှိနားလည်ဖို့ မျိုးဆက်သစ်လူငယ်တွေကိုလည်း ပြုစုပျိုးထောင်ပေးဖို့လည်း အထူးလိုအပ်ပါတယ်။ KNU အဖွဲ့အစည်းထဲမှာ မျိုးဆက်သစ်လူငယ်တွေ အနေနဲ့ ပူးပေါင်းပါဝင်မှုမရှိဘူး၊ နိုင်ငံရေးနဲ့ပတ်သက်ပြီး သင်ယူလေ့လာမှုမရှိဘူး၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ KNU အစည်းအရုံးကြီးရဲ့ နောက်ဆက်တွဲအဆင်တန်ဆာက ပြတ်တောက်သွားနိုင်တယ်။ ဒါကြောင့် ဦးဇင်းပြောချင်တာက ကရင်လူထုတွေ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ ကြီးကြီးငယ်ငယ် အရွယ်စုံပေါ့၊ အကြီးလည်းအကြီးအလျောက် အငယ်လည်းအငယ်အလျောက် ဘက်ပေါင်းစုံပူးပေါင်းပါဝင်ကူညီစေချင်တယ်။
ပြီးတော့ တို့လူမျိုးဟာ ကရင့်အမျိုးသားအစည်းအရုံးရဲ့ အစိုးရသော ဦးဆောင်မှုအောက်မှာ အေးအေးချမ်းချမ်း၊ သာယာဝပြောစွာနဲ့ နေနိုင်ဖို့အတွက် သက်ကြီးတွေရော သက်ငယ်တွေပါ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့နေရာမှာ ပြတ်ပြတ်သားသားနဲ့ ရဲရဲရင့်ရင့် လုပ်ဆောင်ဖို့လိုပါတယ်။
အဲလို ရဲရဲရင့်ရင့် လုပ်ဆောင်ကြမယ်ဆိုရင် ကရင်အမျိုးသားတို့ ရည်းမှန်းထားတာတွေ လက်ဝယ် မုချရောက်ရှိလာမှာဖြစ်တယ်။ ဒါကြောင့် ကရင်အမျိုးသားအားလုံးဟာ ယဉ်ကျေးမှုအမွေအနှစ်ပဲဖြစ်ဖြစ်၊
ကရင့်သမိုင်းကြောင်းပဲဖြစ်ဖြစ် သိရှိနားလည်ဖို့လည်း လိုပါတယ်။
နောက်ပြီးတော့ တို့ကရင်လူမျိုးတွေဟာ အချင်းချင်းရိုသေလေးစားရမှာကို ၀န်လေးကြတယ်။ ကရင်လူမျိုးမဟုတ်တဲ့ တခြားလူမျိုးတွေရဲ့ မဖြောင့်မှန်တဲ့ ဖျားယောင်းသွေးဆောင်မှုတွေကိုကျတော့ လိုက်ယုံတယ်၊ လိုက်စုဆောင်းတယ်၊ လိုက်ပြီးဖက်တွယ်နေတတ်တယ်။
အဲလို စိတ်ထားတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထဲမှာ မထားပါနဲ့တော့ ဦးဇင်းပြောချင်ပါတယ်။
နောက်ဆုံးKNU ကရင်အမျိုးသားအစည်းအရုံးကြီးကို မှာချင်တာကတော့ ကရင်အမျိုးသားတရပ်လုံးအတွက်
ရပ်တည်နေတယ်လို့ ကိုယ့်ကိုယ်ကို နားလည်ထားတယ်ဆိုရင် ကိုယ့်လူမျိုးမဟုတ်တဲ့ တခြားသူတွေလာပြီး
ဖျားယောင်းသွေးဆောင်နေတာတွေ၊ လာပြီးကြွးဝါနေတာတွေ၊လာပြီး လိမ်လည်နေတဲ့သူ တစ်ဦးတယောက်ကိုမှ မယုံကြည်မိပါစေနဲ့။
ကရင်အမျိုးသားတရပ်လုံး စည်းလုံးညီညွတ်ကြပြီးတော့ KNU ကရင်အစည်းအရုံးအနေဲ့ ရွှင်လန်းချမ်းမြေ့ခြင်း၊ အေးချမ်းသာယာခြင်း၊ သုခပေါင်းစုံနဲ့ ရင်ဝယ်ပိုက်နိုင်ပါစေလို့ ဦဇင်းစိတ်နေသဘောထားရှိကြောင်း မှာကြားချင်ပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်ထိ တိုး
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် သက်တမ်းကို အရင်က ၃ နှစ် သတ်မှတ်ခဲ့ရာက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေ၊ သက်တမ်းတိုး လျှောက်ထားသူတွေ အားလုံးကို ၅ နှစ်သက်တမ်း ရှိတဲ့ နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။
တချိန်က သင်္ဘောသားတွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်း ၅ နှစ်၊ အလုပ်သမားတွေအတွက် ၄ နှစ်နဲ့ အခြား နိုင်ငံကူး လက်မှတ် သက်တမ်း ၃ နှစ် သတ်မှတ်ထားရာက အခုတော့ အဆိုပါ အမျိုးအစား အားလုံး သက်တမ်း ၅ နှစ် သတ်မှတ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ယနေ့ထုတ် ကြေးမုံ သတင်းစာ မှာ ဖော်ပြထားပါတယ်။
အခုလို သက်တမ်း တိုး သတ်မှတ်ပေးလိုက်ပေမယ့် ပါ့စ်ပို့ လုပ်ရာမှာ ကုန်ကျစာရိတ်တွေကို တိုးမြှင့် ကောက်ခံသွားဖို့ မရှိဘူးလို့ လည်း ဆိုထားပါတယ်။
အခုဆိုရင် ပါ့စ်ပို့ လျှောက်ထားသူတွေဟာ တချိန်တုန်းကလို မြို့နယ်က အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နဲ့ ပြည်ပထွက်မယ့်သူတွေကို ထိုအခွန်ကင်းရှင်းကြောင်း ထောက်ခံသက်သေခံ ပုံစံ ၁၉ ဆိုတာတွေ မလိုအပ်တော့တဲ့အတွက် ပါ့စ်ပို့ လျှောက် ထားသူတွေအတွက် ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။
နိုင်ငံကူး လက်မှတ် လျှောက်ထားသူတွေအနေနဲ့ ထုံးစံအတိုင်း နိုင်ငံသားမှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းဝင် ( ပုံစံ- ၁၀ )၊ တက္ကသိုလ် ဘွဲ့ရ ဖြစ်ပါက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက်၊ အသက် ၁၀ နှစ်အောက် ကလေးများဖြစ်ပါ က မွေးစာရင်းပါရှိရမှာဖြစ်ပြီး အငြိမ်းစား ၀န်ထမ်းများ ဖြစ်ပါက အလုပ်မှ အလုပ်မှ နုတ် ထွက်စာ သို့မဟုတ် ပင်စင်စားများ ဖြစ်ပါက ပင်စင်စာအုပ်ယူဆောင်လာရမှာဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ်သတင်း
ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်
ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား
31 OCTOBER 2012

အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။
"၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။
" အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။
သတင်း-THE PUBLIC IMAGE

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ
Wednesday, 31 October 2012
အောက်တိုဘာလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ပျောက်ဆုံးသွားသူမှာ ၅၅နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ အလည်သွားပြီး G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာမလာတို့နှင့်အတူ လှော်လှေဖြင့် ပြန်လည်လှော်ခတ် လာရာ သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခုအရောက်တွင် လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။
တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်းမရောက်ခင် သောင်လေးတခု ရှိတယ်။ အဲဒီ သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့ ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူးတတ် ဘူး။ ဂျီသရီး(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ ရေထဲသို့ မျှောပါမသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင် သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက ဆက်လက်၍ ခန့်မှန်းပြောဆိုလိုက်သည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုး အား ယမန်နေ့ ညနေမှစ၍ ရှာဖွေခဲ့ရာ ယနေ့ ညနေအထိ မတွေ့ရှိရသေးကြောင်း သိရသည်။
“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံးနေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင် ပြောဆိုသည်။
တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူးအဖြစ် တာဝန်ယူလျှက်ရှိပြီး အသက် ၅၀အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။
Tuesday, October 30, 2012
30 Oct, 2012 9:54 AM
Sandy ဟာရီကိန်းကို ဂြိုလ်တုမှမြင်ရပုံ၊ ဓာတ်ပုံများ- Hurricane Sandy
လူဦးရေ သန်း ၆၀ ကျော်အတွက် စန္ဒီဟာရီကိန်း မုန်တိုင်းဒဏ် ခံရနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထုတ်ပြန်ခဲ့ ပါတယ်။ အခုဆိုရင် လေကြောင်း၊ ရထား၊ ကား ခရီးစဉ်များ အားလုံးလို ပိတ်ပင်ရပ်ဆိုင်းထားပြီး မြို့သူ မြို့သားတွေကို နေအိမ် အပြင်ကို မထွက်ပဲ နေရန် နှိုးဆော်မှုများ ရှိကြောင်းသိရပါတယ်။
"ရထားတွေ မသွားရဘူး- ကားတေါ မသွားရဘူး- အလုပ်သမားတွေ အားလုံးပိတ်တယ်- အောပရိတ်ရှင်း ရှိတဲ့  လူနာတွေလဲ ရက်ချိန်းပြန်လု
လမ်းမများပေါ်မှာတော့ သတင်းထောက်တွေပဲ ရှိနေပြီး သူတို့တွေကတော့ မုန်းတိုင်းသတင်းနဲ့ အခြေ အနေ၊ အပျက်အဆီး၊ ထိခိုက်မှုတွေကို အဆက်မပြတ် ပြည်သူကို အသိပေး ကြေညာနေပါတယ်။
စန္ဒီဟာရီကိန်း အဓိက ထိခိုက်မည့်နေရာကို ပြသထားပုံ
နယူးယောက်မြို့မှာလည်း မြန်မာတွေများစွာနေထိုင်ကြတာဖြစ်သလို လတ်တလော မြန်မာနိုင်ငံက စာရေးဆရာမ၊ နာရေး ကူညီမှု အသင်းက ဒေါ်သန်းမြင့်အောင်လည်း ရောက်နေပါတယ်။ စန္ဒီ ဟာရီကိန်း မုန်တိုင်းမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။
Atlantic City လည်း ရေအောက်မြို့ဖြစ်လုပြီ
ငါးမန်းတွေလည်း အခုလို ရေကူးနေတာ တွေ့ရတယ်
ကမ်းနားဘက်က အိမ်တွေလည်း အခုလို လှိုင်းလုံးတွေက ထိုးကြိတ်ရန်မှုနေတာကို အံတုနေရ
သတိပေးချက်တွေ ပြသထားတဲ့ ဓာတ်ပုံ
နယူးဂျာစီမှာလည်း လူပေါင်း ၃ သောင်းခွဲ ကျော် လေဘေးဒုက္ခသင့်ခဲ့တယ်လို့ အစိုးရ က ကြေညာထား တယ်
ဆာဖာသမားလည်း ကျောက်တုံးကို မြဲမြဲကိုင်ပြီး အံတုနေရတယ်
ရေထဲ၊ လေထဲ ဒီလို ဖြစ်နေကြတယ်။ တချို့နေရာတွေ လျှပ်စစ်မီးပျက်ကုန်ပြီ
ကရိန်းတွေလည်း ပြတ်ကျိုးကုန်တယ်
အရေးထဲ ဓာတ်ပုံရိုက်ကောင်းနေသေးတယ်
ကမ်းနားလမ်းမကြီးမှာလည်း ရေတွေ လွှမ်းပြီး ကျော်ခွလာနေတယ်
အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ခံနေရ
နယူးယောက်တွင်
နယူးယောက်မြို့ မန်ဟက်တန်ကျွန်းအောက်ပိုင်း (Downtown Manhattan) တွင် ရေလွှမ်းမိုးနေပြီး အခု သတင်းရေးနေချိန်တွင် ပင်လယ် ရေမျက်နှာပြင်ဟာ ပုံမှန်ထက် ၁၃ ပေခန့်အထိ မြင့်တက်နေပါတယ်။
ထိုသို့ မြင့်တက်မှုဟာ သမိုင်းတွင် အဆိုးဆုံး ရေကြီးမှု ဖြစ်ပါတယ်။ ထိုနည်းတူ ဘရွတ်ကလင်းဒေသရှိ ကော်နီအိုင်းလဲန်း၊ Sheephead Bay အရပ်များရှိ လမ်းများ အပါအ၀င် နယူးယောက် မြေနိမ့်ပိုင်း ဇုံ အေ အတွင်းရေလွှမ်းမိုးနေပါတယ်။
နယူးယောက်မြို့ ရေလွှမ်းမိုးနိုင်တဲ့ ဇုံအေအတွင်း ပါဝင်တဲ့ ဒေသများ အပါအ၀င် နယူးယောက်အနီးတ၀ိုက်တွင် နေအိမ်ပေါင်း သန်းနဲ့ချီကာ လျှပ်စစ်မီး ပြတ်တောက်လျက် ရှိပါတယ်။ မန်ဟက်တန်ကျွန်းအောက်ပိုင်း ရေလွှမ်းမိုးနိုင်တဲ့အတွက် နယူးယောက်ကို လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေတဲ့ ကွန် အက်ဒီဆင် ကုမ္ပဏီအနေနဲ့ ထရန်စ်ဖော်မာများကို ပိတ်ပစ်ကာ လျှပ်စစ်မီး ဖြတ်တောက်မှာ ဖြစ်ကြောင်း ညနေပိုင်းကတည်းက အသိပေးထားပါတယ်။
နယူးယောက်၊ နယူးဂျာစီ၊ ကော်နက်တစ်ကက်ပြည်နယ် သုံးခုပေါင်းတွင် အိမ်ပေါင်း ၂ သန်းကျော် မီးပြတ်နေပါတယ်။ လေပြင်းများ တိုက်ခတ်မှုကြောင့် နေရာအနှံ့တွင် သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားနေပြီး ထရန်စ်ဖော်မာ မီးလောင်မှု၊ ဓါတ်အားလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေပါတယ်။ နယူးယောက်မှာ လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော်ရှိနေပြီး မိုင် ၈၀ အထိရှိတဲ့ လေပြင်းတွေ တိုက်ခတ်နေပါတယ်။ နယူးယောက်မြို့အနီးက လေဆိပ်တွေ ပိတ်ထားပါတယ်။
နယူးယောက်က တံတားများကိုလည်း ပိတ်ထားပါတယ်။ ရထားနဲ့ ဘတ်စ်ကားလိုင်းများကို ဆက်လက် ပိတ်ထားပြီး အောက်တိုဘာ ၃၀ ရက်နေ့တွင် စာသင်ကျောင်းများ ပိတ်ထားမှာဖြစ်ကြောင်း အာဏာပိုင်များက ကြေငြာထားပါတယ်။ သတင်းရေးနေချိန် ပြင်းထန်တဲ့ လေတိုက်သံများ ကြားနေရသလို ရဲကားနဲ့ အရေးပေါ်ကား သွားလာနေသံများကိုလည်း ရံဖန်ရံခါ ကြားနေရပါတယ်။
ရုပ်သံမြင်ကွင်းမှာ လမ်းမပေါ်မှာ ရပ်ထားတဲ့ မော်တော်ကားတစီးပေါ် ရေတွေတဖြည်းဖြည်း မြင့်တက်
လာနေတာကို တွေ့နေရပါတယ်။ လေတိုက်မှုကြောင့် အောက်တိုဘာ ၂၉ ရက်နေ့ နေ့လည်ပိုင်းက အမှတ် ၁၅၇၊ အနောက် ၅၇ လမ်း (အမှတ် ၆ နဲ့ ၇ အဲဗဲနယူးအကြား) ရှိ အထပ်မြင့် လူနေအိမ် ဆောက်လုပ်ရေးလုပ်ငန်းခွင်က ကရိန်းတခု ကျိုးသွားခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်းတွင် အမှတ် ၉၂၊ အမှတ် ၈ အဲဗဲနယူး (၁၄ လမ်းနဲ့ ၁၅ လမ်းကြား) ရှိ လေးထပ်တိုက် အဆောက်အဦတခုရဲ့ ရှေ့ဘက်ပိုင်း ပြိုကျသွားခဲ့ပါတယ်။ လောလောဆယ်အထိ နယူးယောက်ဒေသတွင် မုန်တိုင်းကြောင့် လူ သုံးဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ ည ၁၀ နာရီ သတင်းစာ ရှင်းလင်းပွဲတွင် နယူးယောက်မြို့တော်ဝန် မိုက်ကယ်လ်ဘလွန်းဘတ်က အရေးပေါ်လိုင်း ၉၁၁ ကို တနာရီအတွင်း ဖုန်းခေါ်မှု ၁၀ သန်းကျော် ရှိနေပြီး အသက်အန္တရာယ် စိုးရိမ်ဘွယ်ရာ မရှိတဲ့ ကိစ္စဖြစ်ပါက ဖုန်းနံပါတ် ၃၁၁ ကိုသာ ခေါ်ဆိုရန် အကြံပြုထားပါတယ်။
လမ်းပေါ်မှာ ကားတွေ ရှင်းနေဖို့ လိုအပ်တဲ့အတွက် အိမ်မှာပဲ နေကြဖို့၊ အပြင် မထွက်ကြဖို့၊ တက္ကစီနဲ့ အငှားကားများအားလုံFးလည်း ရပ်ထားကြဖို့ နယူးယောက်မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။ ဟာရီကိန်း စဲန်ဒီဟာ ၂၀၁၂ အောက်တိုဘာ ၂၉ ရက် ည ၈ နာရီ ၅ မိနစ်တွင် အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းခြေ နယူးဂျာစီပြည်နယ် အတ္တလဲန်တစ် စီးတီးရဲ့ တောင်ဘက် ၅ မိုင်ခန့်ကနေ ကုန်းတွင်းပိုင်းကို ၀င်ရောက်သွားခဲ့ပြီး အပူပိုင်းမုန်တိုင်းတခုအဖြစ် အသွင် ပြောင်းသွားခဲ့ပါတယ်။
ထိုသို့ အသွင်ပြောင်းသွားသော်လည်း နယူးဂျာစီနဲ့ နယူးယောက်ဒေသများတွင် အောက်တိုဘာ ၃၀ ရက်နေ့ မနက် ၆ နာရီခန့်အထိ မိုးရွာသွန်းမှုနဲ့ လေပြင်းဒဏ်ကို ခံကြရဦးမှာ ဖြစ်ပါတယ်။ မုန်တိုင်း ဖြစ်ပေါ်တဲ့ ဧရိယာ ကြီးမားလွန်းတဲ့အတွက် အခု သတင်းရေးနေချိန် နယူးယောက် စံတော်ချိန် ည ၉ နာရီ ၂၅ မိနစ်တွင် နယူးယောက်မြို့၊ နယူးယောက်ပြည်နယ်၊ နယူးဂျာစီပြည်နယ်တွေမှာ မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသလို အမေရိကန်ပြည်ထောင်စု အတ္တလန်တစ် အလယ်ပိုင်းနဲ့ အရှေ့မြောက်ဘက် ပြည်နယ်များတွင်လည်း ပြင်းထန်စွာ ကြုံတွေ့နေပါတယ်။
burma today
Sunday, October 28, 2012
KNU အရေးပေါ် အစည်းအဝေးက ကြေညာချက်
27 Oct, 2012 8:36 PM
နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး(ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
မကြာသေးခင်က KNU အဖွဲ့အတွင်း သဘော ထား ကွဲလွဲမှုများ လူသိရှင်ကြားဖြစ်ခဲ့ပြီး အဖွဲ့အစည်းက ထိပ်တန်း ခေါင်းဆောင် ၃ ဦး ကို ထုတ်ပယ်သည်အထိ တင်းမာမှု ဖြစ်ခဲ့တာတွေအတွက် အခုဆိုရင် အားလုံး အေးအေးချမ်းချမ်း ညှိနှိုင်းဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်ကြောင်း KNU ကြေညာ
27 Oct, 2012
| နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး(ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ) |
ထိုင်း-မြန်မာနယ်စပ်တွင်ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့ ထိုင်းနှင့်မြန်မာ ဒေသခံသတင်းထောက်များ တက်ရောက်ခဲ့ကြသည်။
၎င်းက ”ကျွန်တော်တို့နှစ်ရက်တာ ဆွေးနွေးပြီး ဒီကြေညာချက်ကို ထုတ်တာပါ။ ဆွေးနွေးပွဲမှာ မဲခွဲစရာတောင်မလိုဘဲ မူလတာဝန်တွေကို ပြန်လည်ခန့်အပ်ခဲ့တာဖြစ်တယ်” ဟု သတင်းထောက်များကိုပြောသည်။
ပြီးခဲ့သည့် ၂ ရက်အတွင်း ဘားအံခရိုင်လေးဝါးတပ်စခန်းတွင် ပြုလုပ်သည့် KNU ဗဟိုအမြဲတမ်းကော်မတီ၏ အထူးအရေးပေါ် အစည်းအဝေးတွင် ကရင်တမျိုးသားလုံးအကျိုး၊ အဖွဲ့၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် စစ်ဦးစီးချုပ် အပါအ၀င် ထုတ်ပယ်ခံထားရသူများကို မူလတာဝန်များ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပဒိုမန်းငြိမ်းမောင်က ဖြည့်စွက် ပြောကြားသည်။
အထူးအရေးပေါ်အစည်းအဝေးသို့ ထုတ်ပယ်ခံများ အပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။
ဖြစ်ခဲ့ပြီးသည့် အဖွဲ့တွင်းပြဿနာများကို ပြည်ဖုံးကားချ ခွင့်လွတ်ကြရန် အစည်းအဝေးတွင် သဘောတူ ခဲ့ကြခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်းက ပြောသည်။
၎င်းက ”အားလုံးပဲ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးတာအဆင်ပြေသွားပြီ ဆိုတော့ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက် အလုပ်ဆက်လုပ်သွားဖို့ပဲ ရှိတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။
နှစ်ရက်တာပြုလုပ်သည့် စည်းဝေးဆုံးဖြတ်ချက်တွင် KNU ၏အခြေခံလမ်းစဉ်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်သွားကြမည်ဟု တက်ရောက်လာသူများ သဘောတူခဲ့ကြသည်ဟု KNU ၏ ယနေ့ထုတ် ပြန်သည့် ကြေညာချက်တွင်ဖေါ်ပြထားသည်။
ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနတာဝန်ခံပဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန် ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကို အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်ဖောက် ဖျက်မှုဖြင့် KNU ဗဟိုကယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခဲ့သည်။
အဆိုပါထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့်မထောက်ခံသူများအကြား သဘောထားတင်းမာမှု များဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုလ ၈ ရက်နေ့မှစတင်ကာ ကျင်းပမည့် KNU ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက်ညီလာခံကိုကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။
အထူးအရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၁၄ ကြိမ်မြောက် KNU ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟို ကော်မတီအစည်းအဝေးကို ယခုလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ၁၅ ကြိမ် မြောက်ညီလာခံကို လာမည့်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။
ထုတ်ပယ်ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့်ရန်ကုန်မြို့ရှိမင်္ဂလာစစ် ဆေးရုံကြီးတွင်ကွယ်လွန်ခဲ့သော်လည်း တာဝန်ပြန်လည်ပေးအပ်မှုတွင်အကျုံးဝင်သည်ဟု ဗဟိုကော်မတီဝင်တဦးက ပြောသည်။
| နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး |
| ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ |

Subscribe to:
Posts (Atom)