ကလို့ထူးဘော DKBA တပ်များ ကရင်ပြည်နယ် ဟတ်ကြီးရေကာတာစီမံကိန်းဒေသမှ မနက်ဖြန် စနေနေ့ကို နောက်ဆုံးထား၍ ထွက်ခွာပေးရန် မြန်မာ့တပ်မတော်က အကြောင်းကြားထားသည်။
ကချင်ဒေသ သေနတ်သံ တိတ်သွားချိန် ထွက်ပေါ်လာသော ဤရာဇသံကြောင့် အစိုးရတပ်တို့၏ ထိုးစစ်က ကရင်ပြည်နယ်ဘက် လှည့်လာတော့မည်လောဟု တွေးစရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းထားရန်မှာ သေနတ်ကိုင်ထားကြသည့် နှစ်ဘက်လုံးပေါ်တွင် မူတည်နေသည်။
အစိုးရတပ်၏ ရာဇသံကို DKBA ပယ်ချလိုက်ကြောင်း ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ပြောသည်။ “ဒီနယ်မြေကကိုယ့်နေရာပဲ။ ဖယ်ပေးစရာအကြောင်းမရှိဘူး။ ဒီက ဖယ်ပေးလိုက်ရင် ထိုင်းဘက်ရောက်ဘိဖို့ပဲ ရှိတော့မယ်” ဟု ဧရာဝတီသတင်းဌာနကို ယနေ့ နံနက်ပိုင်းက ပြောသည်။ “အတင်းအကြပ်ရွှေ့ခိုင်းမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဲ့ဆိုးကျိုးကိုပဲ ဖြစ်စေမယ်” ဟု ဆိုသည်။
ဒီကေဘီအေသည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ထားခြင်းဖြစ်သည့်အတွက် အောက်ခြေစစ်တပ်နှင့် စကားပြောရန်အကြောင်း လုံးဝ မရှိကြောင်း၊ မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံထုတ် လက်နက်များဖြင့် မိမိတို့ကို အကြမ်းဖက် တိုက်ခိုက်လာပါက ပြန်လည်ခုခံမည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
အစိုးရတပ်၏ ရာဇသံ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြိုင်ကြီးငူတွင် (ကရင်ပြည်နယ်)နယ်ခြားစောင့်တပ်နှင့် DKBA တို့ ဖြစ်ပွားခဲ့သည့် ၃ ရက်ကြာ တိုက်ပွဲ နှင့် ဆက်စပ်နေသည်ဟု ၎င်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။
“ဒီတိုက်ပွဲဖြစ်တာလည်း သူတို့ရဲ့အကြံအစည်ပဲ။ ကျွန်တော်တို့ဘက်ကတော့ တပ်တွေကို ဖယ်ပေးစရာမရှိဘူး။ အရင်ကလည်းမြိုင်ကြီးငူကနေ လက်ရှိနေရာကိုပြောင်လာခဲ့တာဘဲ ထပ်ပြီးဘယ်ကိုမှပြောင်းစရာမရှိတော့ဘူး” ဟု ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။
ဒေသတွင်း တုံ့ပြန်ချက်တချို့
----------------------------
DKBA ကို တိုက်လျှင် လက်ပိုက်ကြည့် နေမည်မဟုတ်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်မှူးကြီးတိုက်ဂါးက ဧရာဝတီသို့ ပြောသည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အနေနှင့် လက်ရှိအခြေအနေများကို ၀င်ရောက်ထိန်းသိမ်းပေးရန် DKBA အဖွဲ့က တောင်းဆိုလိုက်ပြီး ပြေလည်မှု မရပါက ဆိုးကျိုးများသာဖြစ်ပေါ်စေမည်ဟု ပြောသည်။ ၃ ရက်ကြာတိုက်ပွဲနောက်ပိုင်း ဒေသတွင်းတင်းမာမှု ဆက်လက်ကျန်ရှိနေသေးသည့်အတွက် တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်နိုင်သည်ဟု ဒေသခံတို့ကပြောသည်။
ဤအတောအတွင်း တပ်ရင်းတပ်ဖွဲ့များကိုတပ်လှန့်ထားသည်ဟု (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ် တပ်မှူးတဦးကပြောသည်။
ဟတ်ကြီးရေကာတာစီမံကိန်း
---------------------------
DKBA တို့ တပ်စွဲထားသည့်နေရာသည် ဟတ်ကြီးရေကာတာ စီမံကိန်း နယ်မြေ အနီးတွင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်အတန်ကြာက အစပြုခဲ့သည့် ဟတ်ကြီးရေကာတာစီမံကိန်းသည် သံလွင်မြစ်နှင့် ဒေသဝန်းကျင်၏ သဘာဝကို ထိခိုက်ပျက်စီးစေသည်ဟု ဆိုကာ ဒေသခံ အများအပြားက ကန့်ကွက်နေကြသည်။
စီမံကိန်းကို သဘောမတူသောကြောင့်လည်း DKBA က ထိုနေရာမှ ထွက်ခွာရန် ငြင်းဆန်နေခြင်းဖြစ်သည်ဟု ဆိုသည်။ “အများပြည်သူရဲ့ဆန္ဒမပါဘဲ လုပ်မယ့် ဟတ်ကြီးရေကာတာ စီမံကိန်းကို ကျွန်တော်တို့ လုံးဝ ခွင့်မပြုနိုင်သလို ဒီနေရာကနေလည်း ဘယ်ကိုမှာရွှေ့ပြောင်းပေးမှာ မဟုတ်ဘူး။
သံလွင်မြစ်အပါအ၀င် ကရင်ပြည်နယ်ရဲ့သဘာဝတော တောင်ရေမြေတွေနဲ့ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းသွားဖို့ တာဝန်ရှိတယ်” ဟု DKBA ဗိုလ်မှူးရှာထူးဝေါ်က ပြောသည်။ သေနတ်သံ အဆက်မပြတ် ထွက်ခဲ့သည့် ကရင်ပြည်နယ်သည် ကာလအတန်ကြာ ငြိမ်းချမ်းခဲ့ပြီး ယခုအခါ တိုက်ပွဲကြီးငယ်များ ပြန်ထွက်လာနိုင်သည့် အရိပ်အယောင်တချို့ တွေ့နေရသည်။ တိုက်ပွဲဖြစ်မည် သို့မဟုတ် ငြိမ်းချမ်းရေး ဆက်ထိန်းမည် ဆိုသည်တို့မှာ လက်နက်ကိုင်ထားကြသူတို့၏ ဆုံးဖြတ်ချက်အပေါ်တွင် အဓိက မူတည်နေသည်ဟု ဆိုရမည်ဖြစ်သည်။
Saturday, May 4, 2013
DKBA တပ်ရင်းများ ရွှေ့မပေးနိုင်
ဖနိဒါ | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၀၀ မိနစ် ချင်းမိုင်(မဇ္စျိမ)။ ။
အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။
“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။ အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။
ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင် နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။
“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့ နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။
ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။ ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။
အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။ DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှု ရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။
မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့ သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။
၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲခဲ့သည်။ ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်
ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်
ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်
May 1, 2013 Wednesday
By မင်းစိုးစံ
သည်တခါတော့ ကရင်ပုံပြင်လေးရေးပြချင်ပါတယ်။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ညစ်ပတ်စုတ်ပဲ့တာတွေ
လိမ်ညာရမ်းကားတာတွေ ရက်စက်ကြမ်းကြုတ်တာတွေ လူစိတ်ကင်းမဲ့တာတွေကိုရေးတာများလာတော့
ကျုပ်ကိုယ်တိုင် လူညစ်ပတ်ကြီးတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါလားဆိုတာ ခံစားမိလာလို့ အပြောင်းအ
လဲလေးဖြစ်သွားအောင်(ဖြစ်လိုဖြစ်ငြား)ကရင်ဟာသပုံပြင်လေးတပုဒ်လောက် ရေးရလျင်ကောင်းမှာပဲလေ
လို့တွေးမိတာနဲ့ ကျုပ်တို့ကရင့်ဘိုးဘွားတတွေ လက်ဆင့်ကမ်းပြောပြလာခဲ့တဲ့ ကရင်ပုံပြင်တွေထဲက တပုဒ်
ကိုလက်ဆင့်ကမ်းရေးပြပါရစေ။
လူထုဦးလှရေးတဲ့ ခလောက်နို့ပုံပြင်တွေထဲက ဖြစ်ကောင်းဖြစ်နိုင်သလို စာဖတ်သူတွေကြားနေကျ ပုံပြင်
လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကြားဘူးပြီးသူတွေလည်း မမေ့နိုင်အောင် ပိုပြီးမှတ်မိအောင် မကြားဘူးသေးသူ
တွေလည်း ကြားဘူးအောင်ရေးပြပါ့မယ်။ ပုံပြင်ဆိုတာ ကျုပ်တို့အားလုံးရဲ့ အမေ(မိခင်)တွေစီက အများဆုံး
ကြားခဲ့ကြရတာ။
ပုံပြင်တွေဆိုတာကလည်း မိခင်ဖြစ်သူတွေရဲ့ ဘ၀အတွေ့အကြုံတွေက အများဆုံးလာ တတ်ကြတာလေ။
ဗမာမေမေက ဗမာလေးတွေ ကို အိပ်ယာဝင်ပုံပြင်လေးတွေပြောပြတတ်ကြသလို ကရင်မေမေတွေက
လည်း ကရင်လေးတွေကို အိပ်ယာဝင်ပုံ ပြင်လေးတွေ ပြောပြကြမှာအသေအခြာပါ။
အကြောင်းအရာလေးတွေ တူနိုင်ပါ့မလားဆိုတာတော့ ကျုပ်လည်းမဆိုတတ်ဘူး။
ဘာကြောင့်လဲမေးလျင် ကရင်မေမေတွေဟာ ဗမာစစ်သားကြီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့်ပြေး
နေရ ပုန်းနေရတဲ့ ဘ၀မျိုး မဟုတ်လား။ ညဘက်တွေမှာ ကရင်ကလေးတွေကို ဘယ်လိုလုပ်ပြီးပုံပြောပြနိုင်
မှာတဲ့လဲ။ အိပ်ကောင်းအိပ်ခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ တဲ့အဖြစ်လေ။ ဆိုတော့ ငြိမ်းအေးလှပတဲ့
ပုံပြင်တွေ ဖြစ်လာဘို့က ကရင်မိခင်တွေအတွက် သိပ်တော့လွယ်မယ်မထင်ဘူး။
သာယာနာပျော်ဘွယ်ကင်းမဲ့တဲ့ ပုံ ပြင်ကိုသာ နားလည်လက်ခံရတဲ့ ကရင်ကလေးရဲ့ နုနယ်တဲ့နှလုံးသားထဲ
မှာ ဘာတွေဖြစ်ကျန်ခဲ့မလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားစရာလိုမယ်မထင်ပါဘူးနော်။
ကျုပ်ကိုယ်တွေ့လေး တစ်ခုရေးပြမယ်။ ကျုပ်တို့ရွာထဲကို ဗမာစစ်သားတွေရောက်လာတဲ့ ညတညပေါ့။
ကျုပ်ရဲ့ သားနဲ့ သမီးတွေအိပ်ပျော်နေတဲ့အချိန် (သက်ကြီးခေါင်းချချိန်) မှာ ဗမာလာပြီ ဗမာလာပြီ ဆိုတဲ့
တိုးပေမယ့် အင်မတန် လန့်စရာကောင်းတဲ့အသံကြောင့် သားတွေသမီးတွေကိုနှိုးပြီး ကိုယ်လွတ်ပြေးကြရ
တာပေါ့။
အဲဒီလို ပြေးနေကြတုန်း ကျုပ်သားက ဝေးပါ့ ငါတို့ဘယ်ကို သွားကြမလို့လဲ လို့မေးတယ်ဗျ။
ဟိုး ဘက်ရှေ့က လျှိုထဲကို သွားမယ်လေ သားရဲ့ လို့ပြန်ဖြေတော့ ဘာဖြစ်လို့ ငါတို့သွားရတာလဲ လို့ထပ်
မေးတယ်ဗျ။ ကျုပ်ဘာဖြေရမှန်းမသိတော့ဘူး။ အကောင်းဆုံးအဖြေကတော့ ဗမာတွေလာလို့ပေါ့ ဆိုတဲ့
အဖြေပဲထွက်လာတယ်။ ထပ်မေးပြန်တယ် ဘာကြောင့် ဗမာတွေလာတာနဲ့ ငါတို့ပြေးရတာလဲ တဲ့။
ကဲ အထိရောက်ဆုံး အမှန်ကန်ဆုံး အနီးစပ်ဆုံးအဖြေက ဗမာတွေက ငါတို့ကိုသတ်ဘို့လာတာ မပြေးလျင်
သေမှာပေါ့။ ဒီအဖြေတွေဟာ ကလေးငယ်လေးတစ်ယောက်ရဲ့ နူးညံ့တဲ့နှလုံးသားထဲကို ဘယ်လောက် ထိ
ခိုက်နာကျင်သွားလိုက်မလဲဆိုတာ တွေးကြည့်လိုက်လျင် ပြေးကြည့်စရာတောင်မလိုပါဘူး။
မကြာမတင်မှာပဲ ကျုပ်တို့တရွာလုံး မီးအရှို့ခံလိုက်ရတယ်။ မီးရောင်တွေဟာ ကျုပ်တို့ပုန်းနေတဲ့ လျှိုအထိ
လင်းထိန်နေလိုက်တာများ တစ်ယောက်မျက်နှာ တစ်ယောက် အထင်းသားမြင်ကြရတဲ့အထိပါ။
ကိုယ့်အိမ်မီးရှို့တာခံရပြီဆိုတာနဲ့ ဘယ်လိုကာယကံရှင်တွေကများ ၀မ်းသာအယ်လဲ ဖြစ်မှာတဲ့တုန်း။
ငိုတဲ့လုရှိတယ်။ တက်ခေါက်တဲ့သူရှိတယ်။ ဗမာနံမည်တပ်ပြီး ဆဲရေးတိုင်းထွာမယ် အဲဒါတွေက လက်နက်
မျိုးစုံကို အဆက်မပြတ်ပစ်ခတ်နေတဲ့ ဗမာစစ်တပ်ရဲ့ သေနတ်သံတွေ မီးလောင်တဲ့အတွက် ပေါက်ကွဲတဲ့
အသံတွေနဲ့ အတူထွက်လာတာဆိုတော့ ကျုပ်သားလေးရဲ့ရင်ထဲ ဘာတွေဖြစ်ကျန်ခဲ့မယ်ထင်သလဲ။
အမေငိုနေတာကို တွေ့လိုက်ရတဲ့ကလေးငယ်တစ်ယောက် ဘာလုပ်မယ်ထင်သလဲ။ သူ့အမေကိုပြေးဖက်ပြီး
ငိုပါလိမ့်မယ်။ ငိုနေတဲ့အမေ့ကို တွေတွေကလေးကြည့်ပြီး ရင်ထဲမှာငိုနေပါလိမ့်မယ်။ တသိမ့်သိမ့် ခံစားနေ
ရရှာပါလိမ့်မယ်။
ဗမာစစ်သားတွေ ရွာထဲကနေပြန်ထွက်သွားပြီးလို့ ရွာထဲပြန်ရောက်ပြီဆိုတာနဲ့ မီးလောင်ထားတဲ့ အိမ်တိုင်
မည်းမည်းကြီးတွေ ပြာတွေ မြေအိုးတွေ ထမင်းအိုးတွေ တွန့်လိန်နေတဲ့ သံသေတ္တာတွေ တငွေ့ငွေ့လောင်
နေတဲ့ စပါးပုံထဲက ထွက်လာတဲ့ မီးခိုးတွေ ညှော်နံ့တွေ အဲဒါတွေက ရုပ်ရှင်ထဲမှာမဟုတ်ဘူးလေဗျာ။
သားရေ မကြည့်နဲ့ မျက်စေ့ပိတ်ထားဆိုပြီး လက်ဝါးနဲ့ကာလို့ရတာမှ မဟုတ်တာ။
မီးလောင်လို့ ကောက်ကွေးမည်းသည်းနေတဲ့ လူသေအလောင်းကို ဘယ်လိုလုပ် ချက်ခြင်းဖျောက်ပစ်လို့
ရမှာလဲ။ မီးလောင်လို့ထွက်လာတဲ့ အသားစညှော်နံ့ကို ဘာနဲ့ဖျောက်ပစ်မလဲ။ မီးလောင်ထား တဲ့ငှက်ပျော
ပင် အုန်းပင် ကောက်ရိုးပုံ ဘူးပင် ဖရုံပင် သခွါးပင် ငရုပ်။
အဲဒီလို မြင်ကွင်းမျိုးကို မြင်ရတွေ့ရတဲ့ ကလေးတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒါဏ်ရာရတာမျိုးကို
ပျောက်ကင်းသွားအောင် လုပ်ဘို့ရာ လွယ်မယ်များထင်သလား။ ဗမာမုန်းတီးရေး ဆိုပြီး ကရင်ကလေး
ငယ်တွေကို သမိုင်းမှိုင်းတိုက်စရာမလိုအောင်ကို ဗမာတွေက လုပ်ပြနေတာမဟုတ်ပါလား။
ကရင်ကလေးတွေ ကြောက်သွားအောင် ဗမာ ဆိုတဲ့အသံကိုကြားရုံနဲ့ ကြောက်ချေးပါအောင်လုပ်ပြလိုက်နိုင်
လို့ ဗမာတွေကိုယ့်ကိုယ်ကို သိပ်ဟုတ်တဲ့ ငါပါလား လို့ စိတ်ကြီးဝင်ပြီး မြောက်ကြွမြောက်ကြွနဲ့ မိခင်တပ်ရင်း
ကိုပြန်အနားမှာ ပန်းကုံးတွေအစွပ်ခံရတာကို ဂုဏ်ယူနေဦးမလို့လား။
ဟိုးလွန်ခဲ့တဲ့ ကရင်ဗမာအဓိကရုဏ်းတုန်းကတော့ ဗမာဘက်နဲ့ကရင်ဘက် လက်နက်တွေသိပ်ကွာကြမယ်
မထင်ဘူး၊ အခုဟာက တဘက်သပ်ကြီး၊ ဘာလက်နက်မျှမရှိတဲ့ ကရင်ရွာသားတွေကို မောင်းပြန်သေနတ်
တွေနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး အမျိုးဖြုတ်နေတာ၊ ဗမာစကားပုံတော့ရှိသား ထင်းခွေမကြုံလျှင် ရေခပ်ကြုံမှာ
ပေါ့။
အဲဒါကြောင့် ကရင်မိခင်တွေအနေနဲ့ ကရင်ကလေးတွေကို အိပ်ယာဝင်ပုံပြင်လေးတွေပြောဖြစ်မယ် ဆိုလျင်
တောင် စောစောကပြောခဲ့သလို သူတို့(ကရင်မိခင်)တတွေရဲ့ ဘ၀ဖြတ်သန်းလာခဲ့ကြရပုံတွေကိုသာ ပြော
ဖြစ်ဘို့ များနေမှာအသေအခြာပါ။ ကရင်လေးရဲ့ အသည်းနှလုံးထဲမှာ မင်းတို့ဗမာတွေ မိုး ကောင်းတုန်းရွာ
ထားကြဟေ့ ငါကရင်ကြီးဖြစ်လာမှ မင်းတို့နဲ့တွေ့ကြသေးတာပေါ့ ဆိုတဲ့အမှတ်သညာကို ဘာနဲ့ဖျောက်ပစ်
မလဲ။
ဒါဆိုလျင် ကရင်နဲ့ဗမာ စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးလို့ ပြောပြော ငြိမ်းချမ်းသာယာစွာဖြင့်
အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးဆိုတာတွေက လူကြားကောင်းရုံလေးထက် ပိုကဲပြီး ထူးခြားလာမှာမဟုတ်
ပါဘူး။
ကျုပ်ပြောမှာက ကရင့်ရိုးရာကဒတ်မုန့်ပုံပြင်လေးပါ၊ ဘယ်လိုဖြစ်ပြီး ဗမာစစ်တပ်အကြောင်း အမှန်တွေ
ဟောမိသွား အဲလေ ပြောမိသွားလဲမသိဘူး။
ဒီလိုလုပ်မယ်ဗျာ။ ကဒတ်ဥ ပုံတွေ ကဒတ်မုန့်ပုံတွေကို ဓါတ်ပုံနဲ့ပြမယ်။
ပြီးတော့ပုံပြင်ကလေးဘတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်(ရီ)ကြတာပေါ့။ နောက်တပတ်ပေါ့နော်။ အခုလောလော
လတ်လတ် အချိန်ကလေးမှာ မေတ္တာရိပ် က ကူးယူထားတဲ့ ကဒတ်အကြောင်းလေး မြည်းစမ်းကြည့်ထား
ကြပါစို့လား။
မြန်မာအမည် - ကဒတ်
မွန်အမည် - KHAR GROPE
ဒေသန္တရအမည် - တောသင်္ဘော
ကဒတ်ပင်သည် ဥတက်ရှိသော နွယ်မျိုး ဖြစ်သည်။
ဥတက် အရောင်ကို လိုက်၍ အဖြူမျိုး၊ အနီမျိုး ဟူ၍ နှစ်မျိုးရှိသည်။
အရွက် ၀ိုင်းသည်။
ရွက်ထိပ် ချွန်၍ သွယ်သည်။
ရွက်ရင်းပိုင်း နှလုံး ပုံသဏ္ဌာန်ုရှိသည်။
ဥတက်မှာ ရှည်၍ အမွေးများရှိသည်။
ချွဲပျစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ကဒတ်ဥမှာ ချို၍ချွဲသည်။
ကဒတ်ဥကို ဟင်းချိုချက်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံးနိုင်သည်။
မိုးရာသီတွင် ပေါများစွာထွက်ရှိသည်။
Copy from http://myittaryaik.blogspot.com
ကျေးဇူးအများကြီးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ စိတ်ရင်းစေတနာအမှန်
DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောဆန်းအောင်
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ရဲ့ တိုင်းရင်းသားတွေအပေါ်ထားတဲ့ စိတ်ရင်းစေတနာအမှန်ကို သိရပြီဆိုမှ
တော့ ဘာဆက်လုပ်မလဲ။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့က ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့ပြီး မျောက်ပြဆန်တောင်းလုပ်နေတယ်။ မင်းအောင်လှိုင်တို့က တိုင်းရင်းသားတွေအပေါ် လူမျိုးတုံးသတ်ဖြတ်နေတယ်။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ထဲမှာ နှစ်ဖွဲ့ရှိနေသယောင်ယောင်လုပ်ပြနေတယ်။ အားလုံးဟာ တစ်ပေါက်
ထဲပဲ။ တကြိတ်ထဲတဉာဏ်ထဲ။
ကျေးဇူးတင်ပါသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Friday, May 3, 2013
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဘယ်သူနဲ့ တိုက်နေသလဲ
Thursday, May 2, 2013
လူမိုက်ရှိမှ လူလိမ္မာ စားရတယ်သူငယ်ချင်း မင်းတို့ သဘောပဲ။ နောက်ဆုံးတော့ မင်းတို့ အားလုံး လတ(လင်းတ)စာပဲဖြစ်သွားကြမယ်။ အဲဒီ လတ က မင်းတို့ ဘထွေး ဗမာစစ်တပ်ပဲ။
ကရင်ပြည်နယ်နဲ့ သေနတ်သံနဲ့က ခွဲခြားလို့မရဘူးဆိုသလို ဖြစ်နေပါပြီ။
၁။ ကရင်လက်နက်ကိုင်အဖွဲ့ကြီး KNU နဲ့ အစိုးရတပ်တွေ တိုက်ကြတယ်။
၂။ KNU ကနေ အဖွဲ့ကြီး၊ အဖွဲ့ငယ်တချို့ ခွဲထွက်ပြီး အပြန်အလှန်
တိုက်ကြတယ်။
၃။ ကရင်နယ်ခြားစောင့်တပ်တွေ ပေါ်ပေါက်လာ၊ ပြီးတော့ အဲဒီတပ်တွေကနေ ခွဲထွက်ပြီး တိုက်ကြတယ်။
အခု ရက်ပိုင်းအတွင်း ပေါ်ပေါက်နေတဲ့ တိုက်ပွဲများကတော့ အထက် ဖော်ပြပါ အမှတ် ၃ နဲ့ ဆက်စပ်ပါတယ်။
(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ် BGF နဲ့ ဗိုလ်ဘိ ဦးဆောင်တဲ့ လက်နက်ကိုင်တွေကြား ဖြစ်နေကြတာပါ။
ဗိုလ်ဘိ ဆိုတာကလည်း တပ်ရင်းမှူးကြီး တာဝန်နဲ့ နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကို ဦးဆောင်ခဲ့သူပါ။
၂ဝ၁၁ နှစ်လယ်ပိုင်းက စပြီး DKBA အဖြစ် ပြန်ရပ်တည်ခဲ့ကြတာပါ။
သို့သော်လည်း ဗိုလ်နှုတ်ခမ်းမွှေးရဲ့ DKBA ဌာနချုပ်အောက်ကို ခိုလှုံထားတာတော့ မဟုတ်ပါဘူး။
KNU လက်အောက်ခံလည်း မဟုတ်ပြန်ပါဘူး။ အဲဒီအဖွဲ့များနဲ့ မဟာမိတ်သဘောဆန်ဆန် ရပ်တည်နေတာ ဖြစ်ပါတယ်။
လက်တလော တိုက်ပွဲများအကြောင်း ဧရာဝတီသတင်းထောက် ပြည်တော်မြင့်က အခုလို သတင်းပေးပို့ထားပါတယ် ....
လှိုင်းဘွဲမြို့နယ်မြိုင်ကြီးငူအထူးဒေသမှာ ကလို့ထူးဘော(DKBA)နဲ့ ဒေသအခြေစိုက် ကရင်နယ်ခြားစောင့်တပ်တွေ ပြီးခဲ့တဲ့ ရက်တွေအတွင်း အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။
နေရာ ၃ ခုထက်မနည်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဒေသခံရွာသားများ သံလွင်မြစ်အနောက်ဘက်ခြမ်းမှာ သွားရောက်ခိုလှုံနေကြရပါတယ်။
ဒီလ ၂၆ ရက်နေ့ကစပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စီးလာတဲ့စစ်လှေကို DKBA အဖွဲ့က သေနတ် ပစ်ဖောက်ပြီး ရပ်တန့်ခိုင်းရာကနေ ဖြစ်ပွားခဲ့တဲ့ပြဿနာကြောင့် ဒေသအတွင်းမှာ ရက်ရှည်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
(ကရင်ပြည်နယ်)နယ်ခြားစောင့်တပ် BGF က တပ်အင်အား အလုံးအရင်းနဲ့ ခြေမှုန်းဖို့ စစ်ဆင်နေပါတယ်။
နယ်ခြားစောင့်တပ်ဟာ မြန်မာ့တပ်မတော်ရဲ့ လက်အောက်ခံအဖွဲ့အစည်းပါ။
အကျအဆုံး မသိရသေး
တနင်္ဂနွေနေ့က ဖြစ်တဲ့ တိုက်ပွဲတွေဆိုရင် လက်နက်ကြီးသံတွေကို အရင်နေ့တွေကထက် ပိုပြီးကြားရတယ် လို့ မြိုင်ကြီးငူမှာနေတဲ့ ဒေါ်နောင့်ပစ်ကပြောပါတယ်။
အင်အား ၁၀၀ အောက်ရှိတဲ့ မြိုင်ကြီးငူဒေသအခြေစိုက် ဗိုလ်ဘိဦးဆောင်တဲ့(DKBA)အဖွဲ့ဟာ အဲဒီ ဒေသအတွင်းမှာရှိတဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်ပြီး BGF အဖွဲ့က သူတို့ကိုဘ၀င်မကျဖြစ်နေတာကတော့ အတော်လေးကြာနေပြီလို့ ကရင်နိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တဦးက ဆိုပါတယ်။
”ဒီနေရာကစစ်ရေးအရ၊ စီးပွားရေးအရ အချက်အခြာကျတယ်၊ ခုဆိုရင် ကရင်အဖွဲ့အစည်းတွေ အစိုးရနဲ့ အပစ်အခတ်ရပ်စဲလိုက်တဲ့နောက်ပိုင်းမှာ သယံဇာတတွေ ထွက်တဲ့ ဒီဒေသမှာ စီးပွားရေးလုပ်ကြဘို့ပဲ အာသီသရှိကြတော့တယ်။ BGF က ဒီဒေသမှာ(DKBA)ကို ဖယ်ထုတ်လိုက်ပြီး အစိုးရနဲ့ ပူပူနွေးနွေး အပစ်ခတ်ရပ်စဲ ထားတဲ့ KNU အဖွဲ့နဲ့ပဲ စီးပွားတွဲလုပ်ချင်လို့ဖြစ်တယ်။ ဒီအချိန်မှာ KNU ကပျိုဆိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေတယ်လေ”
ဆိုပြီး သူ့ရဲ့ထင်မြင်ယူဆချက်ကိုပြောပါတယ်။
လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ စတဲ့ မြိုင်ကြီးငူဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ အသေအပျောက်ရှိသလို ရွာသားအချို့လည်း ထိခိုက်မှု တွေရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပြောပါတယ်၊
အခြေအနေတွေ ရှုတ်ထွေးနေဆဲဖြစ်တဲ့အတွက် ထိခိုက် ကျဆုံးမှုတွေကို စာရင်း အတိအကျမသိရသေးပါဘူး တဲ့။
ဝန်ကြီးဦးအောင်မင်း ဖြေရှင်းပေးခဲ့
ဒီဒေသမှာ မနှစ်ကလည်း BGF တပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်အလက် ၄၀ လောက်ကို ဗိုလ်ဘိအဖွဲ့က သိမ်း ဆည်းခဲ့တဲ့အတွက် နှစ်ဘက်အကြား တင်းမာမှုတွေဖြစ်ခဲ့ပါသေးတယ်။
အဲဒီပြဿနာကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ၀င်ရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့လို့ ပြေလည်မှုရရှိသွားကြပါတယ်။
အခုတခါတော့ ဦးအောင်မင်းတို့ နေပြည်တော်ဆီက ကြားဝင် ဖြေရှင်းတယ် ဆိုတဲ့ အနေအထားကို မတွေ့ရသေးပါ။
လတ်တလော တိုက်ပွဲတွေကြောင့် မြိုင်ကြီးငူဒေသမှာဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပြီး လုပ်ငန်းကိုင်ငန်းတွေကိုလည်း ရပ်နားထားရတယ်လို့ မြိုင်ကြီးငူမှာ ပရိဘောက လုပ်ငန်းရှင်တဦးကပြောပါတယ်။
ဗိုလ်ဘိတို့ကို အပြုတ်တိုက်မလား
အခုဆိုရင် DKBA ကို တိုက်ဘို့အတွက် BGF စစ်ကူတွေ ထပ်ရောက်လာတာကိုကြည့်ခြင်းအားဖြင့် ဒီတကြိမ်မှာတော့ ဗိုလ်ဘိတို့အဖွဲ့ကို အပြုတ်တိုက်တော့မယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်၊
ဒေသခံတဦးပြောတာက ထွက်ပေါက်ပိတ်နေတဲ့ ဗိုလ်ဘိတို့အဖွဲ့ဆီကို DKBA ဌာနချုပ်က စစ်ကူတွေ မလာရင်တော့ အခက်အခဲတွေနဲ့ကြုံတွေ့ရတယ်နိုင်လို့ပြောပါတယ်။
BGF ဘက်က စစ်ဆင်ရေး ကွပ်ကဲသူများ
BGF ရဲ့ထိုးစစ်ကို မခံနိုင်ရင်တော့ ဗိုလ်ဘိတို့အဖွဲ့အနေနဲ့ ထွက်ပေါက်လမ်းကြောက KNU ရဲ့ တပ်မဟာ အမှတ် ၁ နဲ့ ၅ နယ်မြေတွေပဲ ရှိပါတယ်၊
အကယ်၍ အဲဒီတပ်မဟာတွေကသာ သူတို့ကို လက်မခံခဲ့ဘူး ဆိုရင် သူတို့အတွက် ပြဿနာရှိနိုင်တယ်လို့လည်း ကရင်အရေး ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးကပြောပါတယ်။
သူ့အဆိုအရ မြိုင်ကြီးငူက ဗိုလ်ဘိတို့အဖွဲ့ကို ကိုင်တွယ်တဲ့ကိစ္စမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က တပ်မမှူးဖြစ်တဲ့ ဗိုလ်ချုပ်တင်မောင်ဝင်း ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲနေပါတယ်။
စစ်ဆင်ရေးကိုတော့ (ကရင်နယ်ခြားစောင့်တပ်) အမှတ် ၃ တပ်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူက ဦးဆောင်နေတယ်လို့လည်း ပြောပါတယ်။
တပ်မှူးများ ဖုန်းပိတ်ထား
ကလို့ထူးဘော(ဒီကေဘီအေ)ဌာနချုပ်ကို မြိုင်ကြီးငူမှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက မေးမြန်းခဲ့ပါတယ်၊
”ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားသိရပါတယ်။ လတ်တလော ဘာမှမပြောနိုင်သေးဘူးလို့” လို့ ထိပ်တန်းတပ်မှူးတဦးက ဆိုပါတယ်။
BGF တပ်ရင်းမှူးတွေ၊ တပ်မှူးတွေက သူတို့ရဲ့ တယ်လီဖုံးတွေ ပိတ်ထားကြပါတယ်။
DKBA ဌာနချုပ်က တစုံတရာ မှတ်ချက်မပေးသေးပေမယ့် နယ်စပ်မြ၀တီမြို့မှာနေထိုင်ကြတဲ့ ဒေသခံ အများအပြား စိတ်မသက်မသာဖြစ်နေကြပါတယ်၊
”တကယ်လို့ ဗိုလ်ဘိတို့အဖွဲ့ကို အပြတ်ရှင်းလိုက်မယ်ဆိုရင် DKBA ဌာနချုပ်က ဘယ်လိုလုပ်လက်ခံမှာလဲ၊ အဲဒါကိုမကျေနပ်လို့ မြ၀တီမြို့ကို တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုပြီး မြို့ခံတွေ စိုးရိမ်နေကြတယ်” လို့ အဲဒီ အစိုးရ၀န်ထမ်းတဦးက ပြောပါတယ်။
အလားတူ ကော့ကရိတ်မြို့ခံတွေကလည်း မြိုင်ကြီးငူပဋိပက္ခရဲ့ အကျိုးဆက်အနေနဲ့ သူတို့မြို့ကို DKBA က ဗိုလ်ကျော်သက်တို့ဗိုလ်ဆန်းအောင်တို့
ဝင်ရောက်တိုက်ခိုက်မှာကို ကြောက်လန့်နေကြတယ်လို့လည်း မြ၀ တီ-ကော့ကရိတ် ခရီးသည်တင်ကားမောင်းတဲ့မြို့ခံတဦးက ဆိုပါတယ်။
ကလို့ထူးဘော(DKBA)အဖွဲ့ဟာ ကရင်ပြည်နယ် ၄ မြို့နယ်ဖြစ်တဲ့ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြ၀တီတို့မှာ အဓိက အခြေစိုက်လှုပ်ရှားနေတာပါ။
ဌာနချုပ်ကိုတော့ မြ၀တီမြို့တောင်ဘက်မှာရှိတဲ့ ဝေါ်လေဒေသ ဆုံဆည်းမြိုင်ရွာမှာ အခြေစိုက်ပါတယ်။
ဗိုလ်ဘိတို့အဖွဲ့ KNU နယ်မြေထဲဆုတ်ခွာလာရင် လက်ခံမှာလားဆိုတဲ့ မေးခွန်းကို KNU တပ်မှူးကြီးတဦးက ..
”ဒီပဋိပက္ခနဲ့ပတ်သက်ပြီး လတ်တလော ဘာသဘောထားမှမပေးလိုဘူး”ဆိုပြီးပြန်ဖြေပါတယ်။
ဒီပြဿနာကိုကရင်ပြည်နယ်အစိုးရက ဘယ်လိုကိုင်တွယ်မှာလဲ ဆိုတာကိုတော့ ကရင်နိုင်ငံရေးပါတီတွေ၊ ကရင်အရေးဆောင်ရွက်နေတဲ့
NGO တွေ၊ လှိုင်းဘွဲ၊ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး နဲ့မြ၀တီမြို့နယ်ကဒေသခံတွေက စိုးရိမ်တကြီး စောင့်ကြည့်နေကြပါတယ်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ)
ကလောမြို့ ပလောင်ရွာများတွင် လေမုန်းတိုင်းတိုက်၍ လူ (၅၀) ကျော်သေဆုံး
၂ ရက် မေ ၂၀၁၃ ခုနှစ်
မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ညောင်ကုန်းရွာ (ပလောင်ရွာ) တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချသောကြောင့် လူနေအိမ် (၄၇) လုံးပျက်စီးပြီး တောင်ပါတ်ရွာတွင်လည်း အနည်းဆုံး (၅၀) ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
''ည လူတွေအိပ်ချိန်မှာ ဖြစ်တာဆိုတော့ ကျတော်တို့လန့်ကုန်ပြီးတော့ ကြောက်နေခဲ့တာ အသံမျိုးစုံပဲကြား ရတယ် ဘာတွေဖြစ်သွားမှန်းမသိလိုက်ဘူး၊ မိုးလင်းတော့သိလိုက်ရတာက အိမ်တွေလည်းပျက်စီး တချို့အိမ်များဆို သွပ်မိုးအကုန်ပျောက်ကုန်တော့တာ ရှာလို့တောင်မရတော့ဘူး'' ညောင်ကုန်းရွာသားတစ်ဦးမှ ပြောဆိုသည်။
သေဆုံးသွားသော ၅၀-ဦးခန့်တွင် အများစုမှာ တောင်ပါတ်ရွာတွင် ရွှေတူးရန်လာကြသည့် အခြားအရပ်က ရွှေလုပ်သားများဖြစ်ကြောင်းလည်း ရွာသားတစ်ဉ်ီးမှ အတည်ပြုပြောဆိုပါသည်။
ယင်းကိစ္စနှင့်ပါတ်သက်ပြီး ကလောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် လာရောက်လေ့လာပြီး ဓါတ်ပုံမှတ်တမ်းများ ရယူသွားကြောင်းနှင့် အကူအညီပေးရေးကိစ္စကိုမူ တစ်စုံတစ်ရာ ပြုလုပ်ပေးမည်ဟုပြော ဆိုခြင်း မရှိကြောင်းလည်း သိရသည်။
--------------------------
သတင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး
မှတ်ချက်။ ။ဤသတင်းနှင့်ပါတ်သတ်ပြီး မေးမြန်းစုံစမ်းလိုပါက 09-493 6505/ ကလောမြို့ညောင်ကုန်းရွာ ဦးကူးဆွေး ထံနှင့် 09-49609602 မအောင်ငဲထံသို့လည်းကောင်းမေးမြန်းစုံစမ်းနိုင်ပါသည်။
အင်ဒိုနီးရှားရှိ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက် မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။
ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ ဖမ်းဆီးရမိလိုက် တာဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။ မြန်မာသံရုံး ဗုံးခွဲရန် ကြံစဉ်သူ ၂ ဦးကို ဖမ်းမိ
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရှိတဲ့ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစဉ်တဲ့ အကြမ်းဖက် သမား ၂ ဦးကို အင်ဒိုနီးးရှား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
သူတို့ဟာ မြန်မာနိုင်ငံက ဘင်္ဂလီမွတ်ဆလင်တွေအပေါ် မြန်မာအစိုးရရဲ့ ဖိနှိပ်ခွဲခြားမှု၊ လုပ်ကိုင်ဆောင်ရွက် မှုတွေကို မကြေနပ်လို့ လက်စားချေဖို့ အခုလို လုပ်ဖို့ဖြစ်တယ်လို့ ပြောဆိုတာကို ဂျာကာတာပို့စ် သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သောကြာနေ့ နံနက်စောစောပိုင်းက Members of Densus 88 ဆိုတဲ့ အဖွဲ့က အိမ်လုပ် ဗုံးရဲ့ စနက်တံ ဖြုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။
ဒီလို ဗုံးခွဲဖို့ ကြံစဉ်တယ်လို့ သံသယဖြစ်သူ ၂ ဦးလုံးကို သူတို့ရဲ့ ကျောပိုးအိတ်ထဲမှာ ရေပိုက်ဗုံးအဖြစ် အသုံးပြုမယ့် ဗုံး ၅ ခုနဲ့အတူ အ၀တ်အစားတွေ၊ ၀ါယာကြိုးနဲ့ပါ ဆိုင်ကယ်တစီးပေါ်မှာ ဖမ်းဆီးရမိလိုက် တာဖြစ်တယ်လို့ သိရပါတယ်။
အခုတော့ အင်ဒိုနီးရှားက မြန်မာသံရုံးကို အင်ဒို လုံခြုံရေး တပ်ဖွဲ့တွေ ဒါဇင်နဲ့ချီပြီး လုံခြုံရေး ယူထားပေး တယ်လို့ သိရပါတယ်။
အရပ်ရပ် နေပြည်တော် ကြားလို့မျှ မတော်
အရပ်ရပ် နေပြည်တော် ကြားလို့မျှ မတော်
August 28. 2013
Sunday
By မင်းစိုးစံ
ကောင်းကြသေးရဲ့လား ဗျာတို့။
ပုံပြင်ထဲမှာ
ဟင်္သာ ကိုးသောင်းဇာတ်လမ်း
ပရမ်းပတာနဲ့
စိတ်ပျက်စရာ ကောင်းလိုက်ပါဘိခြင်း။
ကိုးဒီသားအချင်းချင်း
စစ်ခင်းနေလိုက်ကြတာများ
ဇာတ်တူသားချင်း စားလို့
ငြိမ်းချမ်းရေးရမယ်များ
ထင်နေကြသလားမသိ
ဗေချိဆိုတာနဲ့ သေနတ်မောင်းကွင်းက ခလုတ်
ဖြုတ်ဘို့ပဲစဉ်းစား။
ရန်သူနဲ့များဆို
ပြေလည်သလားမမေးနဲ့
ယောက်ဖ လို့တောင်ခေါ်လိုက်သေး။
အရေးကြီးလျင် သွေးနီးတယ်ဆိုပေမယ့်
အရေးကြီးနေတဲ့ခုချိန်ခါ
ကိုယ်စီမှာ သွေးတွေနီကုန်ပါပကော
သူးမွဲ တကြော အတောမသတ်နိုင်။
ဒေါန တလျှောက် သွေးနံ့မပျောက်သေး။
မင်းတို့ ပိုင်တဲ့လယ်မြေ
ခွေးတွေယူသွားကြပြီ
မင်းတို့ချစ်တဲ့ ညီမလေး
ခွေးတွေကိုက်ဖဲ့လွေးကြပြီ။
ဒါလား မင်းတို့ပြောပြောနေတဲ့
ကရင်မသေ တာဝန်မကျေ ဆိုတာ။
ငါမသေ ငါ့စခန်းမကျစေရ ဆိုတာ။
အပြောတော့ ရွှေမန်းတင်မောင်
ကတော့ ချိုမိုင်မိုင် လေးတောင် မပီပြင်
ပြောလျင် အောင်မင်း လွန်တယ်လို့ ထင်နေဦးမယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အားပေးကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Sunday, April 28, 2013
ဗမာစစ်အစိုးအလိုချင်ဆုံးသောအရာ ကရင်တပ်များအကြား ပစ်ခတ်မှုများ ဖြစ်ပွား
ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် ကရင်လက်နက်ကိုင်အဖွဲ့ ၂ ခု ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေသောကြောင့် တဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။
သောကြာနေ့က သံလွင်မြစ်အတွင်းမောင်နှင်လာသည့် ကရင်ပြည်နယ်ခြားစောင့်တပ်၏ စက်လှေတစင်းကို မြိုင်ကြီးငူဒေသ အခြေစိုက် ကလို့ထူးဘော DKBA တပ်ဖွဲ့ဝင်များက သေနတ်ဖောက်ပြီး ဟန့်တားရာမှ စတင်ကာ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လှိုင်းဘွဲ့မြို့နယ်အတွင်းအခြေစိုက်သည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
နှစ်ဘက်အကြား ကြိုကြားတိုက်ခိုက်မှုများမှာ ယနေ့နံနက်တိုင် ဆက်လက်ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်မှ တဦး ကျဆုံးကာ အများအပြားဒဏ်ရာရရှိကြောင်း၊
DKBA ဘက်မှလည်း ဒဏ်ရာရသူ တချို့ ရှိကြောင်း မြိုင်ကြီးငူဒေသခံများကပြောသည်။
”ဒီမနက်အထိတိုက်ပွဲကဖြစ်နေတုံးဘဲ ပစ်လိုက်နားလိုက်နဲ့ဘဲ၊ မဲဆောက်မှာနေတဲ့ ငါ့သမီး ဒီနေ့ပြန်လာမယ်ပြောလို့ မလာနဲ့အုံး၊
ဒီမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ အကြောင်းကြားလိုက်ရတယ်၊ တိုက်ပွဲက သေနတ်သံတွေအတိုင်းသားကြားနေရတယ်” ဟု မြိုင်ကြီးငူဒေသခံဒေါ်နောင့်ပစ်က ဧရာဝတီသတင်းဌာန ကိုပြောသည်။
လှိုင်းဘွဲမြို့နယ်နှင့်ဆက်စပ်တည်ရှိရာ ကရင်အမျိုးသားအစည်းအရုံး KNU ဘားအံခရိုင်ဥက္ကဌပဒိုအောင်မော် အေးက ”မြိုင်ကြီးငူမှာ DKBAက ဗိုလ်ဘိအဖွဲ့ အခြေစိုက်တယ်။
အခုဖြစ်တာက နယ်ခြားစောင့်တပ်ရင်း ၁၀၁၂ နဲ့ဖြစ်တာ။ သူတို့နှစ်ဘက်မှာအရင်ကလည်း ဒီလိုတင်းမာမှုရန်ညိုးရန်စတွေရှိခဲ့တယ်။
သူတို့ပစ်ခတ်မှုကအခုထိမ ပြီးသေးဘူး” ဟု ပဋိပက္ခဖြစ်ပွားနေမှုအကြောင်း ပြောပြသည်။
၎င်းတိုက်ခိုက်မှုများဒေသအတွင်း ရက်ရှည်ဖြစ်ပွားလာမည်ကို ဒေသခံများစိုးရိမ်ပူပန်နေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကပြောသည်။
ပဋိပက္ခနှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရ လာရောက်ဖြေရှင်းပေးခြင်းကို မတွေ့ရသေးကြောင်း ဒေသခံများကပြောသည်။
ဗမာစစ်အစိုးရ ငြိမ်းချမ်းရေးကို ဘန်းပြအဆင့်သာ လုပ်ပြ
ဗမာစစ်အစိုးရ ငြိမ်းချမ်းရေးကို ဘန်းပြအဆင့်သာ လုပ်ပြ
ဗမာစစ်အစိုးရ ငြိမ်းချမ်းရေးကို
ဘန်းပြအဆင့်သာ လုပ်ပြ
Saturday
အစိုးရဟာ ငြိမ်းချမ်းရေးကို ပီပီပြင်ပြင်မလုပ်ပဲ ငြိမ်းချမ်းရေးကို ဘန်းပြအဆင့်လောက်ပဲလုပ်နေတယ်လို့
ကရင်ပြည်နယ် က သြဇာကြီးမားတဲ့ တောင်ကလေးဆရာတော်က ဝေဘန်လိုက်ပါတယ်။
မြန်မာသံတော်ဆင့်ဂျာနယ်နဲ့ အင်တာဗျူးမှာ ဆရာတော် အရှင်ပညာသာမိက အခုလို မိန့်ကြားလိုက်တာ
ဖြစ်ပါတယ်။
တောင်ကလေးဆရာတော်ဟာ ၂၀၁၀ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့် အမတ် ၅ယောက်နဲ့ ပြည်နယ်
အဆင့် ၄ယောက် အရွေးချယ်ခံထားရတဲ့ ဖလုံစဝေါ်ပတီအပေါ် သြဇာညောင်းသလို ကရင်ပြည်နယ်က ဗုဒ္ဓ
ဘာသာဝင်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အချို့အပေါ်မှာလည်း သြဇာရှိတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။
Source News from http://www.dvb.no

Friday, April 26, 2013
ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း ဆရာ Azuma Konno ရုတ်တရက်ကွယ်လွန်သွားခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းခြင်း
ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း ဆရာ Azuma Konno ရုတ်တရက်ကွယ်လွန်သွားခဲ့သည့်အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်း၊ နှမျှောတသ ရပါကြောင်းနှင့် ဆရာကောင်းရာဘုံဘဝသို့ ရောက်နိုင်ပါစေရန် KNL-JAPANမှ အဖွဲ့ဝင်များအားလုံးမှ ဆရာ Azuma Konno အား ကျေးဇူးဥပါကာရအထူးတင်ရှိပါကြောင်းနှင့် ကောင်းရာဘုံဘဝသို့ ရောက်ပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Thursday, April 25, 2013
သခင်မျိုးဟေ့ တို့ဗမာ ကရင်မျိုးဟေ့ တို့စရာ
April 23, 2013 Tuesday
By မင်းစိုးစံ
ခေါင်းစည်းကိုမြင်လိုက်တာနဲ့ ပြူးသွားကြပြီလား။(မျက်လုံး)။
သည်ခေါင်းစည်းက ၁၉၄၂ခုနှစ် ကရင်ဗမာအဓိကရုဏ်းဖြစ်ခဲ့စဉ်တုန်းက ဗမာတွေ ကရင်တွေကိုသတ်
ဖြတ်တဲ့အချိန်မှာ တုတ်၊ဓါး၊လှံ၊မှိန်း၊သေနတ် စတာတွေကိုင်ဆောင်ရင်း ဘယ်သံညာသံပေးပြီးကြုံးဝါးခဲ့
တဲ့ ဆောင်ပုဒ်ထဲက အစအနလေးတစ်ခုသာဖြစ်ပါတယ်။
ကြာခဲ့ပါပြီ အတော်ကိုကြာခဲ့ပါပြီ။ အခုဆိုနှစ်ပေါင်း ၆၀ကျော်ပါပြီ နိုင်ငံရေးဇာတ်ခုံအပြောင်းအလဲတွေ အုပ်
စိုးသူဗမာအစိုးရ အဆက်ဆက်လက်ပြောင်းလက်လွှဲ လုပ်လာခဲ့တာကြောင့် ကျုပ်တို့ပြည်ထောင်စု ဗမာနိုင်
ငံကြီးလည်း လက်ရှိမှာ မြန်မာနိုင်ငံလို့ခေါ်နေတဲ့အထိ ပြောင်းလဲခဲ့ပါပြီ။
ဗမာစစ်အစိုးရ (မြန်မာအစိုးရ) အဆက်ဆက် ကရင်တွေအပေါ်ထားတဲ့သဘောထားကတော့ မယိမ်းမ
ယိုင် ကျောက်စာတိုင်လိုခိုင်မြဲနေလျှက်ဆိုတာကိုတော့ ဒီကနေ့လက်ရှိ ဖြစ်ပျက်နေသမျှအားလုံးဟာ ထင်
ရှားတဲ့သာဓကတွေပါ။
အဓိကရုဏ်းအတွင်း ဗမာတွေရဲ့ ကြွေးကျော်သံ အပြည့်အစုံကတော့
သခင်မျိုးဟေ့ တို့ဗမာ
ကရင်မျိုးဟေ့ တို့စရာ
ခွေးသားစားတဲ့ ကရင်တွေ
မင်းတို့တတွေ ဒီပြည်တန်လား
စိန်ကောင်းကျောက်ကောင်း အရောင်းအ၀ယ်လုပ်နေတဲ့အချိန်မှာ ဆေးရိုးသည်က လာရှုတ်နေပြီလို့ ထင်
ကြမှာလား။ စကားကြီးစကားကျယ်ပြောတာတော့မဟုတ်ဘူး။ ဗမာပြည် (မြန်မာပြည်) ပြည်ထောင်စု မြန်
မာနိုင်ငံ ဒါမှမဟုတ် ပြည်ထောင်စု ဗမာနိုင်ငံ လို့ ခေါ်ဆိုသမုတ်နေတဲ့ ဒီကနေ့ ဗမာပြည်ထောင်စု သမ္မတ
နိုင်ငံတော်ကြီးကို တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုလျင် ဦးစွာပထမ ဒီနိုင်ငံရဲ့နောက်ခံသမိုင်းကြောင်းအစစ်
အမှန်ကိုမသိသမျှ ဘယ်လိုနည်းနဲ့ပဲလုပ်ကြပါစေ ဘယ်သောအခါမျှ ရေရှည်တည်တံ့ခိုင်မြဲပြီး စစ်မှန်တဲ့ငြိမ်း
ချမ်းရေးမရနိုင်ပါဘူး။
မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်။ န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး)
ခေတ်။ နအဖ (နိုင်ငံတော်ဧချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး)ခေတ်။ အဲဒီခေတ်တွေအတွင်း ရေးသား
ဖေါ်ထုတ်ထားတဲ့ သမိုင်းကြောင်းတွေဟာ အမှန်အကန်တွေမဟုတ်တဲ့အတွက် အဲဒီခေတ်အဲဒီအချိန်က
ဗမာအစိုးရလက်ထက် ပညာရေးစနစ်အတွင်း သင်ကြားထားသမျှ နားလည်ထားသမျှတွေဟာ သမိုင်းအ
မှားချည်းသက်သက်ပါလို့မပြောနိုင်လျင်တောင်မှ အမှားကင်းတဲ့သမိုင်းကြောင်းတွေ မဟုတ်ခဲ့ဘူးဆိုတာ
ကိုတော့ ရှေးမီ နောက်မီ လူကြီး တွေအသိဆုံးဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်နေပါစေ၊ ဗမာပြည်သူလူထုအားလုံး လက်ခံနိုင်တာတစ်ခုကတော့ ဗမာစစ်အစိုးရ ဆိုတာ လူ
လိမ်လူညာ လူမသမာတွေ ခေါင်းဆောင်မှုအများစုနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူသတ်ဂိုဏ်းကြီး တစ်
ဂိုဏ်း လက်နက်ကိုင်အကြီးစားဓါးပြဂိုဏ်းတစ်ဂိုဏ်းထက် မပိုဘူးဆိုတာကိုတော့ မဆလ ခေတ်ကနေ ဒီက
နေ့ ဦးသိန်းစိန်အစိုးရ(ဗမာစစ်အစိုးရ) မြန်မာအစိုးရရဲ့ လုပ်ရပ်တွေက အထင်အရှားကို သက်သေခံနေတယ်
ဆိုတာ မျက်စေ့ နား ရှိသူတိုင်း သိကြမှာပါ။
မဆလ ခေတ်ကနေစပြီး ဒီကနေ့အချိန်အထိ ဗမာစစ်တပ်ကြီးဟာ ဘာကြောင့် လူသတ်ဓါးပြဂိုဏ်းအဆင့်
အထိ နိမ့်ဆင်းလျော့ကျသွားရပါသလဲ။ ဗိုလ်ချုပ်အာင်ဆန်း ဦးဆောင်ခဲ့တဲ့ ဗမာ့တပ်မတော်ဆိုတာ မိမိတိုင်း
ပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြပေမယ့်လို့ မဆလ ခေတ်ရောက်တဲ့အချိန်ကစပြီး ပျက်စီး
လာနေခဲ့လိုက်တာ သူခိုးဓါးပြ မုဒိန်းလူသတ်အဆင့်ထက် ပိုမတက်နိုင်တော့လောက်အောင် နိမ့်ဆင်းလျှော
ကျသွားခဲ့ပြီ ဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ တစ်ခုပဲရှိရမယ်ဆိုတာ လက်ခံနိုင်ပေမယ့် ဒီလိုအဆင့်အတန်းနဲ့စစ်တပ်
မျိုးကို ဘယ်မှာသွားသုံးမလဲ။ ပြည်ပရန်ကို ကာကွယ်ဘို့မပြောနဲ့ ကိုယ့်ပြည်သူကိုတောင်ပြန်ပြီး ဒုက္ခပေး
တဲ့စစ်တပ်မျိုး ဆိုမှတော့ မဆိုစကောင်းဆိုစကောင်း ပြည်ပက လာတိုက်ပြီဆိုလျင် ပြည်သူတွေက ဗမာ့
တပ်မတော်ကို ၀ိုင်းဝန်းကူညီပေးဘို့နေနေသာသာ ပြည်ပက တပ်တွေနဲ့ပေါင်းပြီးပြန်အသတ်မခံရလျှင် ကံ
ကောင်းပြီလို့သာမှတ်။
၁၉၄၂ခုမေလ ၁၂ရက်နေ့မှာ စောဖေသာ(စောဘဦးကြီး၏ ညီအစ်ကိုဝမ်းကွဲ) နဲ့မိသားစု ၉ယောက်အသတ်
ခံရလို့အပြီး ကရင်ဗမာ အဓိကရုဏ်းဖြစ်တော့ ဗမာတွေက အပေါ်ကရေးပြခဲ့တဲ့ သခင်မျိုးဟေ့ တို့ဗမာ က
ရင်မျိုးဟေ့ တို့စရာ ခွေးသားစားတဲ့ ကရင်တွေ မင်းတို့တတွေ ဒီပြည်တန်လားဆိုတဲ့ကြွေးကျော်သံတွေနဲ့
လူသတ်ပွဲကြီးဖြစ်လာတော့ ဒါဟာဟိုမရောက်သည်မရောက် သခင်ပေါက်စတွေရဲ့လုပ်ရပ်သာဖြစ်တယ်
ဆိုပြီး သမိုင်းအမှန်ကိုထိန်ချန်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက လူငယ်တစ်ယောက်ဖြစ်ခဲ့တဲ့သူတစ်ဦးက ဆိုပါ
တယ်။
စောဘဦးကြီးလို လယ်မြေဧကထောင်ချီပိုင်ဆိုင်ကြတဲ့ ကရင်သူဌေးတွေဆိုတာ ဧရာဝတီတိုင်းဘက်မှာ
အတော်များများရှိခဲ့ပါတယ်။
နောက်ပြီး စပါးကျီတွေကို ချစ်တီးကုလားတွေက ကရင်ဒေသတွေမှာထားကြပါတယ်၊ ချစ်တီးကုလားတွေ
ရဲ့ စပါးကျီထဲကစပါးတွေဆိုတာ ဆင်းရဲသားလယ်သမားတွေရဲ့ ဘ၀၊ချွေး၊မျက်ရည်တွေနဲ့ ရင်းနှီးထားတဲ့စ
ပါး တနည်းအားဖြင့်ငွေတိုးချပြီး အကြွေးနဲ့သိမ်းပစ်တဲ့စပါးဆိုတော့ သိတော်မူကြတဲ့အတိုင်းပါပဲ ချစ်တီးကု
လားရဲ့ နာကျည်းစရာလုပ်ရပ်တွေကို ဆန့်ကျင်တော်လှန်မှုလှိုင်းလုံးကြီးတွေကြား အနည်းနဲ့အများဆိုသ
လို ဘာမျှမဆိုင်တဲ့ကရင်အမျိုးသားတွေရဲ့အကျိုးစီးပွါးကို တစထက်တစထိခိုက်လာရာကနေ ကရင်ဗမာအ
ဓိကရုဏ်း စခဲ့ရတဲ့အကြောင်းအရင်းခံတွေထဲက ဒီအကြောင်းအရာကလည်း တစ်ခုအပါအ၀င်ဖြစ်တဲ့ အ
ကြောင်း ပြောပြပါတယ်။
အဲဒီကနေစလို့ ကရင်နဲ့ဗမာ သိပ်ပြီးတော့အစေးမကပ်ကြတာ ဒီကနေ့အထိပါပဲ။ ဗမာစစ်အုပ်စုက ကရင်မှန်
လျင် အစိပ်သားတောင်မချန်နဲ့ ဆိုတာတွေ၊ ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ စသည်ဖြင့်ပေါ့လေ။
နောက်ဆုံး ကရင်တွေကို ပြတိုက်ထဲထည့်ပစ်မယ်ဆိုတာတွေက လယ်ပြင်မှာဆင်သွားသလို လုပ်ပြနေတာ
ပဲမဟုတ်ပါလား။
ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလတုန်းကပဲ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် နဘူးကျေးနယ်က ကရင်
တွေပိုင်တဲ့ လယ်မြေဧက ၁၀၀၀(တထောင်)ကိုစစ်တပ်ကသိမ်းထားတဲ့အတွက် ကရင်အမယ်အိုက သူပိုင်
တဲ့မြေတွေထဲက တကွက်လောက်ပြန်ပေးပါလို့ တောင်းပန်ပြီးပြောတာကို တပ်ရင်းမှူးလုပ်တဲ့အရာရှိက
ဒီမြေတွေကို နိုင်ငံတော်ကပိုင်တယ် နိုင်ငံတော်မှာ လက်နက်ရှိတယ်၊ ငါက အာဏာရှိတယ် နင်တို့ကရင်
လူမျိုးတွေမှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူးလို့ပြောလွှတ်လိုက်တာကိုက ကရင်နဲ့ဗမာ အစေးမကပ်သေးဘူး
ဆိုတာ အင်မတန်ထင်ရှားနေပါတယ်။
ဗမာစစ်တပ်က အဲဒီလိုအောက်တန်းကျလာရခြင်းဟာ သူတို့ရဲ့ မဟာဗမာ ဆိုတဲ့ စိတ်ကြီးဝင်နေမှုနဲ့ တိုင်း
ရင်းသားတွေကို အမျိုးဖြုတ်ပစ်ရမယ်ဆိုတဲ့ အရိုးစွဲနေတဲ့အတွေးအခေါ်ကြောင့်ဆိုတာသိသာလှပါတယ်။
ဗမာစစ်တပ် လို့ပြောတော့ ဗမာစစ်တပ်လို့ မပြောနဲ့ တပ်ထဲမှာတိုင်းရင်းသားတွေအများကြီးကွလို့ပြောမ
လား။ ဟုတ်ပါတယ် တိုင်းရင်းသားလူမျိုးတွေပါပါတယ်၊ ဗိုလ်မှူးအဆင့်ထက်မပိုပါဘူး။
ဗိုလ်မှူးအဆင့်ရောက်နေတဲ့ တိုင်းရင်းသားစစ်ဗိုလ်ဆိုတာကလည်း ဘော်စတွန် မာရသွန်ဗုံးခွဲတဲ့ ညီအစ်ကို
နှစ်ယောက်ထဲက အရှင်ဖမ်းမိတဲ့ အသက် ၁၉နှစ်အရွယ် ဂျိုဟာဇနာရဖ် (Dzhokhar Tsarnaev) ဆိုတဲ့ချာ
တိတ်လို(Brian washed) ဦးဏှောက် အဆေးခံထားရတဲ့လူတွေချည်း သက်သက်ပါ။
ဗမာစစ်အစိုးရနဲ့ ကရင်တွေငြိမ်းချမ်းရေးလုပ်ထားပုံကိုလည်း ကြည့်ပါဦး၊ မင်းတို့ဧဧဆေးဆေးနေ လယ်ယာ
ဥယျာဉ်ခြံ မြေ ကိစ္စတွေမှာ ဘာမျှဝင်မစွက်နဲ့ဆိုတဲ့တားမြစ်ချက်ကလည်း ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးဖြစ်
လာနိုင်မှာလဲ။
ဒါကြောင့် ရွာထဲကိုစစ်ကြောင်းဝင်လာပြီဆိုလျင် ကရင်တွေက တယောက်နဲ့တယောက်ဗမာလာပြီ ဗမာ
လာပြီ လို့ အချင်းချင်းအော်ပြောရင်း ပြေးကြပါတယ်။ ဘယ်တော့မှ စစ်ကြောင်းလာပြီလို့ မပြောကြပါဘူး။
ဒါကိုကြည့် ခြင်းအားဖြင့်စစ်တပ်ထဲမှာတိုင်းရင်းသားတွေပါတယ်ကွဆိုတဲ့အပြောမျိုးနဲ့ ချွေးသိပ်လို့မရနိုင်
သေးပါဘူး။
တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမှုမခံရသေးသမျှကာလပတ်လုံး ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။
နောက်တခုက တိုင်းရင်းသားတွေခံစားခဲ့ရတဲ့ သေရာပါ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာဒါဏ်ရာဒါဏ်ချက်
တွေ နာကြင်ခံစားရမှုတွေ မသက်သာမပျောက်ကင်းသေးသရွေ့ ယုံကြည်မှုတည်ဆောက်နိုင်ဘို့ဆိုတာ
ထင်သလောက်မလွယ်ဘူးဆိုတာကို စစ်အုပ်စုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အဖွဲ့တွေ အမျိုးသားရင်ကြား
စေ့ရေးလို့ ဆိုနေကြသူတွေ သဘောပေါက်နားလည် သတိပြုမိလိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Published on Apr 23, 2013 Video click from Karen Internally Displaced People, Burma Solider, Villager unhappy about Italian-Thai EA in Kaw Htee lor 2, Company land confiscation in Noh Pa Doh. Source Audio from RFA (Burmese) BBC (Burmese) and Radio Kamar Yook.
သက်ဆိုင်တဲ့ မူရင်းပိုင်ရှင်တွေကို ခွင့်ပြုချက်တောင်းယူခြင်းမပြုပဲ ကူးယူမိတဲ့အတွက် စိတ်မကောင်းခြင်း
ကြီးစွာဖြစ်ရသလို မီဒီယာဥပဒေနဲ့ မကိုက်ညီမှာကိုလည်း အထူးစိုးရိမ်မိပါတယ်။
ဒါကြောင့် ခွင့်ပြုချက်တစ်စုံတစ်ရာ တောင်းဘို့လိုအပ်မယ်ဆိုလျင်ဖြင့် မူရင်းပိုင်ရှင်များအနေနဲ့ ကျေးဇူးပြုပြီး
ကောက်နုတ်ချက်ရေးပေးစေလိုပါတယ်။
ကြည့်ရူအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတစ်နေရာ မိုးရေထဲတွင် တွေ့ရပုံ
ဖြစ်ပါသည်။
Photo: Courtesy of Free Burma Rangers
ဗိုလ်မှူးကြီး အောင်လွင်နဲ့ မေးမြန်းချက်
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် ကရင်ပြည်နယ်အတွင်းမှာ ပြင်ဆင် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ ကရင်ပြည်နယ် အစိုးရအဖွဲ့က ပြော ပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်တလျောက် မြို့နယ်ခွဲ ၉ ခုကို သတ်မှတ်ထားပြီး၊ အဲဒီမြို့နယ်ခွဲတွေကတော့ ဘောဂလိ၊ လိပ်သို၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်၊ ကမမောင်း၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝေါလေမြိုင်နဲ့ ဆုခလိတို့ ဖြစ်ကြပါတယ်။
ပြန်လာသူတွေအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာစီမံချက်တွေ ရေးဆွဲထားတယ်လို့ ကရင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။-
ဒါ့အပြင် ဒုက္ခသည်တွေအတွက် နိုင်ငံတကာကူညီရေးအဖွဲ့တွေလည်း လာရောက်နေကြောင်း၊ လတ်တလောအနေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာကတဆင့် ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်း ၊ဂျိုက်ကာနဲ့ ဂျပန်ပလက်ဖောင်းအဖွဲ့တွေက စီမံကိန်းတွေ ချမှတ်ဆောင်ရွက်နေတယ်လို့ ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောပါတယ်။
"လတ်တလော ပြန်ရောက်မယ်ဆိုရင် သူတို့ယာယီ စားသောက်နေထိုင်ဖို့အတွက်က ထောက်ပံ့ပေးရမယ့် အပိုင်းကတစ်ပိုင်းပေါ့နော်၊ နောက်တစ်ခါ သူတို့ရေရှည်ရပ်တည်ဖို့က တစ်ပိုင်းပေါ့နော်၊ စိုက်ပျိုးမွေးမြူရေးတွေ အခြေခံလုပ်ရမယ်၊ ဒေသအလိုက် SME တွေဖြစ်အောင် ဘားအံစက်မှုဇုန်တို့ မြဝတီစက်မှုဇုန်တို့ ဘုရားသုံးဆူစက်မှုဇုန်တို့ ခရီးသွားလုပ်ငန်းတွေကို ဖန်တီးပေးရမှာပေါ့"
အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ ပတ်သက်ပြီး လူဦးရေ ၅ သောင်းဝန်းကျင်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်း လုံခြုံရေးတာဝန်ခံ စောအားမူက
"ပြန်ချင်တဲ့သူတစ်ယောက်မှ မရှိပါဘူး၊ ကိုယ့်တိုင်းပြည် အခြေအနေက ဘာမှန်းမသိတဲ့ အခြေအနေမှ မဟုတ်သေးတာ ဘယ်သူမှ မပြန်ချင်သေးပါဘူး"
မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးနဲ့ ထွက်ပြေးလာခဲ့ကြတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာ နှစ်ပေါင်း ၂၀ လောက် နေထိုင်နေပြီး၊ တရားဝင်စာရင်းအရ လူတစ်သိန်းနှစ်သောင်းလောက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။
ဒါပေမဲ့ NGO အဖွဲ့တွေအဆိုအရ ဒုက္ခသည်စခန်းတွေမှာ တရားမ၀င်နေထိုင်သူတွေလည်းရှိနေတဲ့အတွက် လူဦးရေစုစုပေါင်းဟာ တရားဝင်စာရင်းထက် အများကြီးပိုလိမ့်မယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကိစ္စနဲ့ ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Subscribe to:
Posts (Atom)