မောင်စူးစမ်းနှင့် သခင်တင်မြ — နိုင်ငံရေး ဆိုင်ရာ အယူအဆ ကွဲပြားမှု၊ တိုက်ပွဲ ပြင်းထန်သော ကာလ များတွင် တဘ၀စာ နှစ်မြုပ် ဖြတ်သန်း ခဲ့မှုတို့က မောင်စူးစမ်းနှင့် သခင်တင်မြကို လက်တွေ့ ဆန်သူများ အဖြစ်သို့ တွန်းပို့ပေးခဲ့ဟန်ရှိသည်။ အသက် ၈၀ ကျော်ကြပြီဖြစ်သော်လည်း နှစ်ဦးလုံးက လတ်တလော ဖြစ်ထွန်းမှုများအပေါ် ထက်ထက်သန်သန် လေ့လာနေကြဆဲ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် နှစ်ပေါင်းများစွာအတွင်း နိုင်ငံရေးအရောင် တခုပြီး တခု ပြောင်းလဲခဲ့သူများဖြစ်ကြသည်။ လာမည့် ၂၀၁၀ ရွေး ကောက်ပွဲသို့ ဦးတည်နေသော စစ်အစိုးရ၏ လမ်းပြမြေပုံသာလျှင် လက်တွေ့ကျသော နည်းလမ်းတခု အဖြစ် ရှုမြင်ကာ ပူးပေါင်းပါဝင်သင့်သည်ဟု ကောက်ချက်ချထားကြသူများလည်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးရေးသည် အဆင်တန်ဆာဖြစ်ပြီး အနှစ်သာရမဟုတ်ဟု ပြောဆိုသော စာရေးဆရာ မောင်စူးစမ်း (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
ရန်ကုန်ထုတ် အပတ်စဉ်ဂျာနယ်များပါ သုံးသပ်ချက်ဆောင်းများတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ရှေ့ဆက်လှမ်းရန်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည်ဟု မောင်စူးစမ်းက ပြောခဲ့သည်။ လူထုအကြားတွင် အခြားအစားထိုးနည်းလမ်းများ ချပြနေခြင်းသည် အချိန်ကုန် လူပင်ပန်းသာဖြစ်မည်ဟု သူက အကြံပြု တိုက်တွန်းခဲ့သည်။ "တွေ့ဆုံဆွေးနွေးရေးသည် တန်ဆာဆင်မှုသာ ဖြစ်သည်။ အနှစ်သာရ မဟုတ်" ဟု သူက ရေးသားခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သူ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူတဦးက စစ်အစိုးရကို ဗြောင်ကျကျ ထောက်ခံလိုက်သည့်အတွက် အံ့အားသင့်ကြရသည်။ အင်တာနက် ဘလော့ စာမျက်နှာများတွင် မောင်စူးစမ်းကို တိုက်ခိုက်ဝေဖန်မှုများ ပေါ်ထွက်လာသည်။ မောင်စူးစမ်း နာနာကျင်ကျင် ဖြစ်သွားပြီး " ဘလော့ဂါ၏ ဗီဇစိတ်"ဟု ပြန်လည် ရေးသား ချေပခဲ့သည်။ သုံးသပ်ချက်ဆောင်းပါးများ ရေးနေသူ ၀ါရင့်စာရေးဆရာမောင်စူးစမ်းက သူ့အပေါ် ဝေဖန်သူများကို မရိုးမသား စကားလုံးများ၊ အခြေအမြစ်မဲ့ စွပ်စွဲချက်များ၊ အလောတကြီး ကောက်ချက်ချခြင်းများ၊ ခြိမ်းခြောက်ခြင်းများ ပြုနေမည့်အစား "ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရန်" စိန်ခေါ်ခဲ့သည်။ မောင်စူးစမ်းဘ၀တလျှောက်တွင် ကြမ်းတမ်းသော၊ ကစဥ့်ကလျား နိုင်ငံရေးဘ၀များကို ဖြတ်သန်းခဲ့ဖူးပြီး ဖြစ်သည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကို ဆန့်ကျင်သော ၁၉၃၈ အထွေထွေသပိတ်တွင် ကျောင်းသားငယ်တဦး အဖြစ် ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ကွန်မြူနစ်ပါတီသို့ တောခိုကာ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မောင်စူစမ်းက အာဏာပိုင်များထံ လက်နက်ချခဲ့သည်။ ၁၉၈၈ လူထုအုံကြွမှု အရေးတော်ပုံ အပြီးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ပြီး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်မြင်စွာ အရွေးချယ်ခံခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။
၂၀၁၀ ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ် မရှိဟု ဆိုသော နိုင်ငံရေးသမားဟောင်းနှင့် စာရေးဆရာ သခင်တင်မြ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
၂၀၁၀ ရွေးကောက်ပွဲထက် ပိုကောင်းသည့် အစီအစဉ် မရှိဟု ဆိုသော နိုင်ငံရေးသမားဟောင်းနှင့် စာရေးဆရာ သခင်တင်မြ (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
သခင်တင်မြ၏ လက်တွေ့ကျကျ အမြင်သည်လည်း သူ၏ ဘ၀တသက်တာ အငြင်းပွားဖွယ် နိုင်ငံရေးဖြတ်သန်းမှုများမှ ဖြစ်ထွန်းပေါ်ထွက်လာခြင်း ဖြစ်တန်ရာသည်။ အသက် ၈၄ နှစ်ရှိပြီဖြစ်သော သခင်တင်မြသည် နိုင်ငံရေးဘက်အမျိုးမျိုး၊ အရောင်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ဖူးသည်။ ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ကွန်မြူနစ်ပါတီ၏ အဖွဲ့ဝင်တဦး ဖြစ်ခဲ့သည်။ ၁၉၄၆ ပါတီ နှစ်ခြမ်းကွဲသောအခါတွင် အလံနီပါတီဘက်သို့ ရပ်တည်ခဲ့သည်။ နှစ်အနည်းငယ်ကြာသောအခါတွင် အလံဖြူအုပ်စုဘက်သို့ ပြောင်းခဲ့ပြန်သည်။သခင်တင်မြသည် ၁၉၆၀ ပြည့်နှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လှုပ်ရှားမှုကို ရန်ကုန်မြို့၌ တာဝန်ခံ လုပ်ဆောင်နေစဉ် စစ်ထောက်လှမ်းရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းယူသော ၁၉၆၂ စစ်အာဏာသိမ်းပွဲကို သူက ထောက်ခံခဲ့ပြီး အာဏာရှင်၏ စစ်ကောင်စီကို ထောက်ခံခဲ့ပြန်သည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်ကို ခြေစုံပစ် လက်ခံခဲ့ပြန်သည်။ ၁၉၈၈ ခုနှစ်လူထုအရေးတော်ပုံကြီးတွင် သူ၏ နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲပုံကို တဖန် တွေ့ကြရပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ရွှေတို့ တည်ထောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ချုပ်နှင့် ပတ်သက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသည်။ ကျန်းမာရေး အခြေအနေကြောင့် ၃ နှစ်အကြာတွင် ထောင်မှ ပြန်လွတ်လာခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လက်တွေ့ကျသော တခုတည်းသော နည်းလမ်းဖြစ်သည် ဟူသော မောင်စူးစမ်း၏အမြင်ကို သခင်တင်မြက လက်ခံလိုက်ကာ နှစ်ပေါင်း ၉၀ ၀န်းကျင်ရှိ သူ၏ ဘ၀သက်တမ်းတွင် နောက်ထပ်တဖန် ရပ်တည်ချက် ပြောင်းခဲ့ပြန်သည်။ သခင်တင်မြက "ဘာမှမရှိတာထက်စာရင် တခုခုရှိတာက ပိုကောင်းတာပေါ့" ဟု သတင်းဌာနတခု၏ တွေ့ဆုံမေးမြန်းချက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ သတင်းထောက်များနှင့် ဘလော့ဂါများမြန်မာစစ်အစိုးရသည် တိုင်းပြည်အတွင်းနှင့် အပြင် သတင်း စီးဆင်းမှုကို ထိန်းချုပ်ရန်အတွက် အသည်းအသန် ဖြစ်နေချိန်တွင် ပြည်တွင်း သတင်းထောက်များနှင့် သာမန်ပြည်သူများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပကတိအခြေအနေများကို ပြင်ပကမ္ဘာမှ သိလာစေရန် အန္တရာယ်ကြားမှ အရဲကိုး ဆောင်ရွက်နေကြခြင်း ကြောင့်လည်း ဆက်လက်ပြီး အဖမ်းဆီးခံနေကြရ၊ ထောင်ချခံရ၊ အနှိပ်စက်ခံနေကြရ ပြန်သည်။
လက်ရှိ စစ်အစိုးရ အကျဉ်းထောင်တွင်း ထောင်ဒဏ် ကျခံနေရသော ဘလော့ဂါ ကိုနေဘုန်းလတ် နှင့် သတင်းထောက် မအိမ့်ခိုင်ဦး (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
လက်ရှိ စစ်အစိုးရ အကျဉ်းထောင်တွင်း ထောင်ဒဏ် ကျခံနေရသော ဘလော့ဂါ ကိုနေဘုန်းလတ် နှင့် သတင်းထောက် မအိမ့်ခိုင်ဦး (သရုပ်ဖော်ပန်းချီ - ဧရာဝတီ)
ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အီကိုဗွီးရှင်း (Ecovison) ဂျာနယ် သတင်းထောက်ဖြစ်သူ အသက် ၂၄ နှစ်ရှိ မအိမ့်ခိုင်ဦး ၏ အမှန်တရားကို ထုတ်ဖေါ်ပြောဆိုရဲသော သတ္တိကြောင့် အာဏာပိုင်များ၏ အမြင်တွင် ဆန့်ကျင်သူ သတင်းထောက်တဦး အဖြစ် အမျက်ရှခဲ့ကြသည်။ ဇွန်လ ၂၀ ရက်နေ့တွင် သူက ရန်ကုန်မြို့ ကုလသမဂ္ဂရုံးတရုံးရှေ့တွင် နာဂစ်မုန်တိုင်းမှ အသက်ရှင်ကျန်ရစ်သူ ၂၀ ခန့်၏ တောင်းဆိုဆန္ဒပြမှု အကြောင်းကို သတင်းရယူခဲ့သောကြောင့် အဖမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ၏ မီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်မှု အစီရင်ခံစာအရ ယခုနှစ် အစောပိုင်းမှစ၍ ထောင်ချခံရသော မြန်မာသတင်းထောက် အရေအတွက်သည် နိုဝင်ဘာလတွင် ၁၀ ဦးရှိခဲ့သည်။ စောင့်ကြည့် (News Watch) အပတ်စဉ်ဂျာနယ်မှ အယ်ဒီတာ ဦခင်မောင်အေး၊ သတင်းထောက် ကိုထွန်းထွန်းသိန်း တို့နှစ်ဦးက နိုင်ငံအတွင်းရှိ တရားရုံးများတွင် ဖြစ်ပျက်နေသည့် ခြစားမှု သတင်းဆောင်းပါးတပုဒ် ဖော်ပြမိခြင်းကြောင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။ ပုံနှိပ်မီဒီယာလုပ်ငန်းများကို ပိတ်ဆို့ထားရန် ဆက်လက်ကြိုးကိုင်ထားသည့် မတရားဆိုးဝါးသော စာပေ စိစစ်ရေး ဆင်ဆာစနစ်ကို ကျော်လွှားနိုင်ရန်အတွက် အင်တာနက်ကို အသုံးပြု၍ သတင်းရေးသားနေကြသော "နိုင်ငံသား သတင်းထောက်များ" ဟု ခေါ်ကြသည့် လူငယ်များကိုလည်း စစ်အစိုးရက ပစ်မှတ်ထား တိုက်ခိုက်နေပြန်သည်။ မြန်မာ့ဘလော့ လောက၏ ဦးစီးရှေ့ဆောင်တဦး ဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုနေဘုန်းလတ် ကို ၁၉၉၆ ခုနှစ် ကွန်ပျူတာသိပ္ပံ ဖွံ့ဖြိုးတိုးတက်မှု ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ် ခဲ့သည်။ ၎င်းဥပဒေက နိုင်ငံတော်လုံခြုံရေးကို ထိပါးစေသော မည်သို့သော လုပ်ဆောင်ချက်ကိုမဆို ကွန်ပျူတာများ အသုံးပြု၍ ဆောင်ရွက်ခြင်းကို တားမြစ်ထားသည်။ တချိန်တည်းတွင် နိုင်ငံတကာမိသားစုက အေပီ (Associated Press) သတင်းဌာန၏ သတင်းထောက် ဒေါ်အေးအေးဝင်း ကို ဂုဏ်ပြုခဲ့သည်။ နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေး ရှင်း (International Women's Media Foundation) ကပေးသည့် ၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် သတင်းထောက်တဦး အဖြစ် နှစ်ပေါင်း ၂၀ နီးပါး လုပ်ကိုင်နေသူ ဒေါ်အေးအေးဝင်းက သူ၏ စာဖြင့်ရေးထားသော ဆုလက်ခံမိန့်ခွန်း၌ မြန်မာပြည်တွင် သတင်းထောက်လုပ်ရခြင်းသည် အန္တရာယ်များသော လုပ်ငန်း ဖြစ်သည်ဟု ဆိုခဲ့သည်။ ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူများ
ကိုဘိုကြည် (ဓာတ်ပုံ - ဧရာဝတီ) နှင့် ဇိုရာဖန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)
ကိုဘိုကြည် (ဓာတ်ပုံ - ဧရာဝတီ) နှင့် ဇိုရာဖန်း (ဓာတ်ပုံ - အေအက်ဖ်ပီ)
အမိမြန်မာပြည်အတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးများ ဖြစ်ထွန်းလာစေရန်အတွက် လုပ်ဆောင်နေကြသော ပြည်ပရောက်တက်
ကြွလှုပ်ရှားသူ ၃ ဦးသည်လည်း ၂၀၀၈ ခုနှစ်အတွင်း သူတို့၏ အားထုတ်မှုများအတွက် နိုင်ငံတကာ၏ ဂုဏ်ပြုမှုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ကြသည်။ ဆုရရှိခဲ့သူ ထိုသုံးဦးမှာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (အေအေပီပီ) အသင်း၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ၊ မြန်မာနိုင်ငံဆိုင်ရာ အာရှ-ပစိဖိတ် ပြည်သူများကွန်ရက်အဖွဲ့ (Asia Pacific People's Partnership on Burma) ၏ တာဝန်ခံ ဒေါ်ခင်ဥမ္မာ နှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း (SWAN) မှ နန်းချမ်တောင်းတို့ဖြစ်သည်။မြန်မာနိုင်ငံတွင် နှစ်ရှည်ထောင်ဒဏ် ၂ ကြိမ်ကျခံခဲ့သူ ကိုဘိုကြည်သည် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) က ၂၀၀၈ ခုနှစ်အတွက် ပေးအပ်သော လူ့အခွင့်အရေး ခုခံ ကာကွယ်သူများဆိုင်ရာဆု (Human Rights Defender prize) ချီးမြှင့်ခံခဲ့ရသည်။ ကိုဘိုကြည်သည် ထင်ရှားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၏ သူငယ်ချင်းတယောက်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖေါ်ထုတ်ပေးနေသည့် သူ၏ လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ တရားမျှတမှုရရှိစေရန်အတွက် အန္တရာယ် အခက်အခဲကြားမှ ကြိုးပမ်းချက်များကြောင့် ဤ ဆုအတွက် ရွေးချယ်ခြင်းဖြစ်သည်ဟု ဆုပေးသည့်အဖွဲ့ က ဖော်ပြခဲ့သည်။ ကိုဘိုကြည်သည် လူ့အခွင့်ရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသော အေအေပီပီအသင်းတွင် ဦးဆောင်နေသူ တဦးဖြစ်သည်။
ဒေါ်ခင်ဥမ္မာနှင့် နန်းချမ်တောင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)
ဒေါ်ခင်ဥမ္မာနှင့် နန်းချမ်တောင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)
ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည်လည်း ၀ါ
ရှင်တန်အခြေစိုက် ကမ္ဘာ့ မိတ်ဖက်ပြုမှုအတွက် အရေးပါသော အသံများ (Vital Voices Global Partnership) အဖွဲ့မှ ပေးအပ်သော ဆု ရရှိခဲ့သည်။ ထိုအဖွဲ့သည် ကမ္ဘာ့တလွှားရှိ အမျိုးသမီး ခေါင်းဆောင်များနှင့် အတူတကွ လက်တွဲလုပ်ကိုင်နေသော စေတနာ့ဝန်ထမ်းအဖွဲ့ ဖြစ်သည်။ ၎င်းအဖွဲ့က ဒေါ်ခင်ဥမ္မာ၊ နန်းချမ်တောင်းတို့ နှစ်ဦးသည် သာမန်ပြည်သူများအကြား ဒီမိုကရေစီပြန့်ပွားရေး၊ ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးတို့ လုပ်ဆောင်နေကြသူများဖြစ်သည်ဟု ဖော်ပြခဲ့သည်။ဒေါ်ခင်ဥမ္မာသည် ၁၉၈၈ လူထုအရေးတော်ပုံကြီးတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ဖြစ်သည်။ နန်းချမ်တောင်းသည် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားအမျိုးသမီးများအပေါ် မြန်မာစစ်တပ်က ကျူးလွန်သော အဓမ္မပြုကျင့်မှုများနှင့် အခြားရာဇ၀တ်မှုများကို မှတ်တမ်းတင်ထားသော "မုဒိမ်းကျင့်ခွင့်လိုင်စင်" အမည်ရ အစီရင်ခံစာတခုကို ထုတ်ဝေခဲ့သူ ဖြစ်သည်။ ၂၀၀၈ ခုနှစ်အတွင်း ဒီမိုကရေစီအရေးအတွက် အားသွန်ခွန်စိုက် လှုံ့ဆော်ခဲ့သည့် ပြည်ပရောက် လှုပ်ရှား တက်ကြွသူ အခြားတဦးမှာ အင်္ဂလန်အခြေစိုက် Burma Campaign (UK) ၏ နိုင်ငံတကာ တာဝန်ခံဖြစ်သည့် ကရင်တိုင်းရင်းသူ နန့်ဇိုရာဖန်း ဖြစ်သည်။ ဥရောပတိုင်းပြည်များအနှံ့သို့သွားပြီး မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုများ ချမှတ်ကြရန် အစိုးရများကို အကြံပြု လှုံ့ဆော်ခဲ့သည်။ ဖဒိုမန်းရှာ၂၀၀၈ ခုနှစ်တွင် ကရင်တိုင်းရင်းသားများအတွက် သူရဲကောင်းတဦး ဆုံးရှုံးခဲ့ရသည်။ အသက် ၆၄ နှစ်အရွယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဖဒိုမန်းရှာသည် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည်။ ထိုလူသတ်မှုအတွက် မည်သူ တဦးတယောက်ကမှ တာဝန်ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခြင်း မပြုခဲ့သော်လည်း လူအများအပြားက “တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)” ကဲ့သို့သော ကရင်ခွဲထွက်အုပ်စုများအပေါ်တွင် သင်္ကာမကင်း ရှိခဲ့ကြသည်။
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ပါ ဆုံးရှုံးသွားရသည့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ (ဓာတ်ပုံ - ဧရာဝတီ)
မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက်ပါ ဆုံးရှုံးသွားရသည့် ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာ (ဓာတ်ပုံ - ဧရာဝတီ)
၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို ဖြိုခွင်းချေမှုန်းမှုများအပြီး တောတွင်းသို့ ထွက်ပြေးလာသော ကျောင်းသားများကို မည်ကဲ့သို့ စုစည်းရမည်၊ မည်သို့ ပြောက်ကျားစစ်ပွဲ ဆင်နွှဲရမည်နှင့် ပတ်သက်၍ ဖဒိုမန်းရှာက အဓိက ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ကူညီပေးခဲ့သည်။ ဖဒိုမန်းရှာသည် သတင်းမီဒီယာဌာနများနှင့် အဆင်ပြေ ရင်းနှီး ကျွမ်းဝင်သူ ကရင်ခေါင်းဆောင်တဦးလည်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုအတွင်း KNU၏ အခန်း ကဏ္ဍကို လူသိများလာစေရန် ပြည်ပရောက် မြန်မာရေဒီယိုသတင်းဌာနများ၏ ထုတ်လွှင့်ချက်များမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်သည်။ ဖဒိုမန်းရှာသည် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ စဉ်းစားချက်ကို အင်တိုက်အားတိုက် မြှင့်တင် ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည့်အပြင် မူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကိုလည်း ထောက်ခံ အားပေးခဲ့သည်။ ဒီမိုကရေစီ အတွေးအခေါ်များ မြှင့်တင်ပေးခြင်း၊ လွတ်လပ်သော သတင်းမီဒီယာကို အားပေးခြင်းနှင့် လူထု အခြေပြု အဖွဲ့အစည်းများအကြား လွတ်လပ်သော ဆွေးနွေးငြင်းခုန်မှုများ ဖြစ်ပေါ်လာစေရန်လည်း သူက တွန်းအားပေးခဲ့သည်။သို့သော်ငြားလည်း ဖဒိုမန်းရှာသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတခုလုံး ညီညွှတ်လာစေရန်အတွက် မစွမ်းဆောင်နိုင်ခဲ့ပါ။ တခါတရံတွင် သူ၏ ယုံကြည်မှုအပေါ် အပေးအယူ လုပ်ရခက်သောသူတဦးဖြစ်သည်။ အထူးသဖြင့် စစ်အစိုးရနှင့် ပတ်သက်လာလျှင် လုံးဝ အလျှော့အတင်း မရှိခဲ့သူဖြစ်သည်။ နိုင်ငံရေး ကိစ္စရပ် များစွာတွင်လည်း သူ၏ ပြင်းထန်သည့် ရပ်တည်ချက်များကြောင့် မကြာခဏဆိုသလို ဝေဖန်ပြောဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
No comments:
Post a Comment